အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် လုပ်ဆောင်ခြင်း
Vol. 42 Ch. 625
ညှိနှိုင်းမှုများ ချောမွေ့သွားတော့သည်။ သောမတ်စ်သည် လေနှင့်မိုး၏ စွမ်းအားကို အထင်ကြီးပြီး လိုက်လျောမှုများ ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။
အမှတ်တံဆိပ်နှင့် လျှပ်စစ်လုပ်ငန်းနယ်ပယ်တွင် ဖိလစ်သည် လေနှင့်မိုး လျှပ်စစ်နှင့် လေနှင့်မိုး အိမ်သုံးပစ္စည်း များထက် ပို၍ အားကောင်းပေသည်။
သို့ရာတွင် ဖုန်းယွီ ဤသည်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပေသည်။ အကယ်၍ ဖိလစ်သည် လေနှင့်မိုးနှင့် တွဲ၍ အလုပ်လုပ်ပါက ၎င်းတို့သည် ကမ္ဘာကြီးကို ပြောင်းလဲစေမည့် လျှပ်စစ်ပစ္စည်းများ တီထွင်ဖန်တီး နိုင်မည်ဖြစ်သည်။ VCD၊ စွမ်းအားမြင့် VCD နှင့် ကွန်ပျူတာများအတွက် နောင်လာမည့် DVD ၊ ရေး/ဖတ်စက် နှင့် ဖုန်စုပ်စက်၊ အနီအောက် ရောင်ခြည် နည်းပညာ စသည်ကဲ့သို့ အိမ်သုံးပစ္စည်းများကို ဖိလစ်အတွက် အကျိုးအမြတ်အဖြစ် ယူဆောင်နိုင်ပေလိမ့်မည်။
ဤအကျိုးအမြတ်များကြောင့် သောမတ်စ်နှင့် ဖိလစ်တို့သည် ဖုန်းယွီ၏ စည်းကမ်းချက်များကို သဘောတူ ခဲ့ကြသည်။ ၎င်းတို့သည် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ငန်းဆိုင်ရာ စံချိန်စံညွှန်းများ ချမှတ်ပေးမည် ဖြစ်သည်။ ၎င်းတို့သည် VCD နှင့် DVD တွင် အတူတကွပူးပေါင်း၍ ရေပန်းစားလာမည်ြဖစ်ပြီး ကျန်အိမ်သုံး ပစ္စည်းများကိုလည်း မိတ်ဆက်ပေးမည်ဖြစ်သည်။
လေနှင့်မိုး လျှပ်စစ်ပစ္စည်းများနှင့် လေနှင့်မိုး အိမ်သုံးပစ္စည်းများ၊ ဖိလစ်သည် ၎င်းတို့ နည်းပညာများကို အသုံးပြုခွင့် ပေးမည် ဖြစ်သည်။ ဖိလစ်သည် ရေး/ဖတ်စက် နည်းပညာ၊ တီဗွီနည်းပညာများ၊ LCD မျက်နှာပြင် နည်းပညာများနှင့် လေနှင့်မိုး ၏ အလင်းချိတ်ဆက်မှုနည်းပညာတို့ မျှဝေမည်ဖြစ်သည်။ နည်းပညာများကို ကုမ္ပဏီနှစ်ခုအကြား ကုန်ကျစရိတ်မရှိဘဲ မျှဝေမည် ဖြစ်သည်။
ကုမ္ပဏီများသည် ၎င်းတို့ပိုင်ဆိုင်သည့် မူပိုင်ခွင့်များကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း တခြားကုမ္ပဏိမှ အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ ဆက်စပ်နည်းပညာများမှ တီထါင်ထားသည့် မူပိုင်ခွင့်အသစ် အားလုံးကို ကုမ္ပဏီက ဆက်လက်ပိုင်ဆိုင်မည် ဖြစ်သည်။
ဖုန်းယွီသည် ဖိလစ်နှင့် VCD နည်းပညာ မလဲလှယ်မှီ လေးလေးနက်နက် စဉ်းစားခဲ့ပေသည်။ VCD တိုးတက်မှုသည် သူ့ယခင်ဘဝမှကဲ့သို့ မည်သည့်အတွက် တိုးတက်မှု မမြန်ဆန်သည်ကို တွေးခဲ့ပေသည်။ အကြောင်းပြချက် တစ်ခုသာ တွေ့ရှိခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ဈေးကွက်တွင် ကုမ္ပဏီ (၂)ခုသာရှိ၍ VCD စက်များ ထုတ်လုပ်ကာ ထိုကုမ္ပဏီ(၂)ခုစလုံးက သူပိုင်ထားသောကြောင့်ဖြစ်သည်။
ဖုန်းယွီ ယခင်ဘဝက VCD စက်များကို မိတ်ဆက်ရာတွင် အတူတကွလုပ်ဆောင်ခဲ့သည့် ကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိပေ။ သူ၏ ဈေးကွက်ရှာဖွေရေးနှင့် ဖြန့်ဖြူရေးလမ်းကြောင်းများသည် ဤထုတ်ကုန်ကို လူကြိုက်များစေရန် မလုံလောက်ချေ။ သူ့အရင်ဘဝက ဂျပန်ထိပ်တန်း လျှပ်စစ်ကုမ္ပဏီအများစုသည် VCD နည်းပညာ ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့သည် ဤနည်းပညာကို မူပိုင်ခွင့်မရရှိကြောင်း တွေ့ရှိကြပြီး မူပိုင်ခွင့်လျှောက်ထားရန် အလျင်စလိုပြုမူခဲ့ကြပေသည်။
ထို့ကြောင့် နောင်တွင် တရုတ် VCD ကုမ္ပဏီများသည် ထိုဂျပန် ကုမ္ပဏီများအား မူပိုင်ခွင့် အခကြေးငွေ ပေးဆောင်ကြရသည်။ ဂျပန်ကုမ္ပဏီများသည် ပိုမိုကောင်းမွန်သည့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန် ကောက်ခံရရှိသော အခကြေးငွေများကို သုံးကာ စက်မှုလုပ်ငန်းတွင် အကောင်းဆုံး ဖြစ်လာခဲ့တော့သည်။
ဤမူပိုင်ခွင့်သည် ယခုဘဝ၌ ဖုန်းယွီ ပိုင်ဆိုင်ပေသည်။ ဂျပန်ကုမ္ပဏီများထံ မျှဝေ စားသောက်စေမည် မဟုတ်ချေ။ သို့ရာတွင် VCD သည် ဖုန်းယွီ ယခင်ဘဝတွင်ကဲ့သို့ ကြီးထွားမလာချေ။ သို့ရာတွင် သမိုင်ကြောင်း အတူတူသာပင်။ ကုမ္ပဏီအားလုံးသည် VCD ကိုအစားထိုးရန် DVD စက်များ တီထွင်ရန် ကြိုးစားလာကြတော့သည်။
DVD သည် နောင်ကာလတွင် VCD ကိုအစားထိုးမည်ဖြစ်သည်။ နည်းပညာနှင့် အသုံးပြုသူ အတွေ့အကြုံများသည် VCD ထက် ပိုကောင်းပေသည်။ ကုမ္ပဏီများသည် လျင်မြန်စွာ လုပ်ဆောင်ခဲ့သော်လည်း လေနှင့်မိုး လျှပ်စစ်သည် ၎င်းတို့ လက်စမသတ်နိုင်ခင် DVD နည်းပညာကို တီထွင်နိုင်သေးသည်။
ဂိမ်းစက်နှင့်တူပေသည်။ နစ်တန်ဒိုနှင့် ဆိုနီတို့ကို ဖျက်သိမ်းခဲ့ပြီး ဆိုနီသည် PS ဂိမ်းစက်များ တီထွင်ရန် နောက်ထပ် (၂)နှစ် ကုန်ဆုံးရပေမည်။ နောက်ဆုံးတွင် ဆိုနီသည် ဈေးကွက်ဝေစုနှင့် အမြတ်ငွေ အများစုကို သိမ်းပိုက်ခဲ့သည်။
အိုက်ဝါသည် လမ်းလျှောက်သီချင်းဖွင့်စက် နယ်ပယ်တွင် ဆိုနီကို အနိုင်ယူခဲ့သော်လည်း ထိုအချိန်တွင် ဆိုနီ၏ အာရုံစိုက်မှုသည် ကိုလံဘီယာ ရုပ်ရှင်များတွင် ရှိနေခြင်းကြောင့်ဖြစ်သည်။ လီလံဘီယာ ရုပ်ရှင်များသည် (၁၉၉၀)ပြည့် လွန်နှစ်များအတွင်း ၎င်းတို့၏ အထင်ရှားဆုံး ရင်းနှီးမြုပ်နှံမှု ဖြစ်သည်။ နိုင်ငံရပ်ခြား ရင်းနှီးမြုပ်နှံမှု ဖြစ်နေဆဲပင်။ ထိုရင်းနှီးမြုပ်နှံမှုမှာ မည်သို့မျှ မမှားခဲ့ချေ။
ကိုလံဘီယာ ရုပ်ရှင်များနှင့် ငွေရှာပြီးသည်နှင့် ဆိုနီသည် အိုက်ဝါကို တိုက်ခိုက်ရန် အချိန်နှင့် အရင်းအမြစ်များ ပိုရလာ ပေလိမ့်မည်။ သို့ရာတွင် ဖုန်းယွီ စိတ်မပူခဲ့ချေ။ ကိုလံဘီယာ ရုပ်ရှင်များမှ အမြတ်အစွန်းရရှိချိန်တွင် လမ်းလျှောက် သီချင်းဖွင့်စက်သည် အသုံးမပြုတော့ချေ။ အကယ်၍ ဆိုနီသည် ထိုအချိန်တွင် လမ်းလျှောက် စကားပြောစက် ဈေးကွက် ပြန်လည်ရယူလိုပါ သဘောရှိ၊ ကလောဟိပင်။
ယခုမူ ဆိုနီနှင့် တိုရှီဘာတို့ ပူးပေါင်း၍ စက်မှုလုပ်ငန်း စံနှုန်းများကို သတ်မှတ်လိုပေသည်။ ထို DVD မှာ VCD ထက်ပိုကောင်းကြောင်း သူတို့ သဘောပေါက်ပေသည်။ ၎င်းတို့သည် ရိုးရာ အိမ်တွင်း ဗွီဒီယို စနစ်ကို နောက်ဆုံး၌ အစားထိုးမည် ဖြစ်သည်။ ထို့အပြင် ဆိုနီမှ သူတို့၏ ကိုလံဘီယာ ရုပ်ရှင်များအတွက် လိုချင်သည် အရာပင်။ ဤနည်းပညာဖြင့် ၎င်းတို့၏ ရုပ်ရှင်များကို DVD တွင် ရောင်းချနိုင်မည် ဖြစ်သည်။
ကိုလံဘီယာ ပုံရိပ်သည် ရုပ်ရှင်သည် ရုပ်ရှင်လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့် ပမာဏများစွာ ပိုင်ဆိုင်ထားပေသည်။ ဆိုနီသည် DVD စက် ကောင်းကောင်းနှင့် ထိုရုပ်ရှင်များကို DVD စနစ်ဖြင့် မိတ်ဆက်နိုင်ပါက ကိုလံဘီယာ ရုပ်ရှင်၏ အမြတ်ငွေများ တိုးလာမည်ဖြစ်သည်။ ဤသည်က ရုန်းကန်နေရသည့် ထုတ်လုပ်ရေး ကုမ္ပဏီကို ပြန်လည် ရှင်သန်စေမည် ဖြစ်သည်။
ထို့ကြောင့် ဆိုနီသည် သူတို့၏ DVD သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုများတွင် ၎င်း၏ ရင်းနှီးမြုပ်နှံမှုများကို သေချာပေါက် တိုးလာမည်ဖြစ်သည်။ ဖုန်းယွီသည် ဆိုနီနှင့် ထိပ်တိုက် ယှဉ်ပြိုင်ရပါက အဆုံးတွင် သူအနိုင်ရမည်ကို သိထားပေသည်။ သူလုပ်ရမည်မှာ အိုက်ဝါနှင့် လေနှင့်မိုး လျှပ်စစ်များတွင် သူ့ရင်းနှီးမြုပ်နှံမှုများ တိုမြှင့်ရန်ပင်။ သို့ရာတွင် ထိုသို့လုပ်ရမည်မှာ မတန်ချေ။
ဖိလစ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရှိပေသည်။ အထူးသဖြင့် စာချုပ်တွင် သတ်မှတ်ထားသည့် သက်တမ်း တစ်ခုဖြစ်သည်။ ကုမ္ပဏီ နှစ်ခုစလုံးသည် တစ်ဖက်မှ ထုတ်ကုန်များ ထုတ်လုပ်ရာတွင် ကူညီပေးမည်ဖြစ်သည်။
အိုက်ဝါသည် လန်ဒန်တွင် စက်ရုံတစ်ရုံသာရှိပြီး လမ်းလျှောက်သီချင်းဖွင့်စက်များ ထုတ်လုပ်ခဲ့သည်။ ထိုစက်ရုံသည် အနောက် ဥရောပ တစ်ခုလုံးအတွက် အမှာစာများ ဖြည့်ဆည်းခဲ့ရပြီး VCD စက်များ ထုတ်လုပ်ရန် နေရာမရှိချေ။ အိုက်ဝါနှင့် လေနှင့်မိုး အမှတ်တံဆိပ် VCD စက်များအားလုံးကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ခဲ့သည်။ ဥရောပနှင့် အမေရိကန်ဈေးကွက်သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းကြောင့် ကုန်ကျစရိတ် ကြီးမြင့်ခဲ့သည်။
တိတ်ခွေဗွီယို စက်ထုတ်လုပ်သူများသည် VCD စက်များနှင့် ယှဉ်ပြိုင်ရန်အတွက် ၎င်းတို့၏ လက်လီဈေးနှုန်းများ လျော့ချခဲ့သည်။ တိတ်ခွေဗွီယိုစက် ထုတ်လုပ်သူ အားလုံးသည် အနောက်နိုင်ငံများတွင် VCD စက်လူကြိုက်များ လာခြင်းကို တားဆီးရန် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ဖုန်းယွီသည် ထိုကုမ္ပဏီများမှ VCD များကို နိုင်ငံရပ်ခြား၌ ရေပန်းစားလာခြင်းအား တားဆီးမှုကို လွှမ်းမိုးနိုင်ကြောင်း ဝန်ခံခဲ့ရသည်။ အမြန်ရနေ ရှိသော်လည်း ဈေးကွက်ဝေစု လက်ဝါးကြီးအုပ်ထားခြင်းမှာ မတူညီသည့် ခံစားမှု တစ်ခု ဖြစ်ပေသည်။
ဖုန်းယွီ၏ ယခင်ဘဝတွင် VCD ဈေးကွက်သည် အလွန်ကောင်းမွန်ခဲ့သည်။ ထုတ်လုပ်သူသည် ဈေးကွက်၌ VCD စက်များကို နှစ်စဉ် ရောင်းချပေသည်။ ယခုမူ ဖုန်းယွီသည် VCD စက်ကို လက်ဝါးကြီးအုပ်ပြီးနောက် စက်များ၏ ရောင်းအားမှာ နိမ့်ကျနေသည်ကို စိုးရိမ်နေမိသည်။
ယခုမူ ဖိလစ်သည် ပါဝင်လာသည်နှင့်အမျှ VCD စက်များသည် ဥရောပနှင့် အမေရိကန်ရှိ သူတို့ ဖြန့်ချီရေး လမ်းကြောင်းများကြောင့် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။ သောမတ်စ်သည်လည်း ဖုန်းယွီနှင့် အတူတူသာပင်။ စွမ်းအားမြင့် VCD ကို ချက်ချင်း မိတ်ဆက်ပေးချင်နေတော့သည်။ VCD စက် အဟောင်းများကို မိတ်ဆက်မပေးချင်ချေ။ ဤနည်းအားဖြင့် VCD နှင့် သမားရိုးကျ တိတ်ခွေဗွီယိုစက် အကြား ကွာဟချက် ချဲ့ကားနိုင်မည် ဖြစ်သည်။ ၎င်းတို့ကို ဈေးကွက်မှ ထုတ်ပစ်ရန် ပိုမို လွယ်ကူပေလိမ့်မည်။
ဖုန်းယွီသည် ဖိလစ်၏ နည်းပညာကို အသုံးပြုရန်သာ ခွင့်ပြုထားသည်။ ဖုန်းယွီသည် နည်စပညာအသစ် ဖော်ထုတ်နိုင်သည်နှင့် ၎င်း၏ VCD နည်းပညာများ၏ ခွင့်ပြုချက်သည် ကုမ္ပဏီများစွာကို ပေးအပ်နိုင်မည် ဖြစ်ပြီး VCD ဈေးကွက် ပေါ်ပေါက်လာရန် စုပေါင်းကြိုးပမ်းမှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။ သို့ရာတွင် အခန်းနားဆုံး ကဏ္ဍကို လေနှင့်မိုး လျှပ်စစ်မှ ပိုင်ဆိုင်ထားဆဲပင်။
စက်မှုလုပ်ငန်း စံချိန်စံညွှန်း သတ်မှတ်ခြင်းမှ ပြန်လည်ရရှိမှုသည် မကြာမီ အချိန်မရွေး မြင်တွေ့ရနိုင်ပေသည်။ သို့ရာတွင် စွမ်းအားမြင့် VCD ထုတ်လုပ်ခြင်းမှ အမြတ်အစွန်းများ ချက်ချင်းရရှိခဲ့သည်။ သောမတ်စ်သည် သူ့အတွက် လေနှင့်မိုး လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရန်အတွက် ဖုန်းယွီ၏ တောင်းဆိုမှုကို လက်ခံပေသည်။ ၎င်းသည် လေနှင့်မိုး VCD နှင့် အိုက်ဝါ VCD စက်များအတွက် ကုန်ကျစရိတ် သက်သာစေမည် ဖြစ်သည်။ ၎င်းသည် မော်ဒယ်အသစ်များ မိတ်ဆက်ရန်နှင့် ဈေးကွက်ဖွင့်လှစ်ရန် အချိန်ကုန်သက်သာစေလိမ့်မည်။
တရုတ်နိုင်ငံတွင် ဖုန်းယွီ၏ အဓိက အာရုံမှာ လေနှင့်မိုး VCD စက်များနှင့် အိုက်ဝါ VCD စက်များသာ ဖြစ်သည်။ နိုင်ငံခြားတွင် ဖုန်းယွီသည် အိုက်ဝါ VCD နှင့် လေနှင့်မိုး VCD စက်များကို အသုံးပြုမည် ဖြစ်သည်။ အိုက်ဝါ အမှတ်တံဆိပ်ကို တရုတ်နှင့် အရှေ့တောင်အာရှ ဈေးကွက်များသို့ ပစ်မှတ်ထားရန် အသုံးပြုခဲ့ပေသည်။
ဖိလစ်သည်လည်း ဤသဘောတူညီချက်မှ အကျိုးအမြတ်ရရှိမည်ဖြစ်သည်။ စွမ်းအားမြင့် VCD စက်များနှင့် အနာဂတ် DVD စက်များမှ အကျိုးအမြတ်များ ရရှိပေလိမ့်မည်။ ထို့အပြင် အခြားသော ဆန်းသစ်တီထီထားသည့် အိမ်သုံးပစ္စည်းများမှလည်း အကျိုးအမြတ် ရရှိမည် ဖြစ်သည်။
ဤမျှလောက် အကျိုးအမြတ်များစွာ ထွက်ပေါ်လာသဖြင့် ဖိလစ်သည် ၎င်းတို့၏ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ များအတွက် သုနေသန ရန်ပုံငွေများ တိုးမြှင့်နိုင်မည် ဖြစ်သည်။ ၎င်းတို့သည် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း လုပ်ငန်းတွင် စီးမန်းကို ကျော်ဖြတ်နိုင်ပေလိမ့်မည်။
ဖုန်းယွီသည် အိုက်ဝါ အမှတ်တံဆိပ်အောက်တွင် ပေဂျာ ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုရှိသည်ကို သိရှိပြီးနောက် ဖိလစ်မှ ၎င်းတို့သည် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပြီး လက်ကိုင်ဖုန်းများ တီထွင်နိုင်ကြောင်း ခံစားခဲ့ရသည်။ ဖိလစ်သည် အနာဂတ်တွင် လက်ကိုင်ဖုန်းများသည် ပေဂျာများ နေရာတွင် အစားထိုး လာမည်ဟု ခံစားမိသည်။
ပေဂျာများကို အစားထိုးရန် လက်ကိုင်ဖုန်းများအတွက် အနည်းဆုံး (၁၀)နှစ်ခန့် အချိန်ပေးရမည်ဟု ဖိလစ် ယူဆထားသော်လည်း ဖုန်းယွီသည် ပေဂျာများကို (၃)နှစ်အတွင်း နေဝင်မည့် လုပ်ငန်းအဖြစ် ခံစားထားပေသည်။ လာမည့် (၅)နှစ်အတွင် လက်ကိုင်ဖုန်းများ အစားထိုးတော့မည် ဖြစ်သည်။
ဖုန်းယွီသည် အစွန်းရောက်နေသည်ဟု သောမတ်စ် ခံစားမိသည်။ (၃)နှစ်အကြာတွင် ပေဂျာဝယ်လိုအား ကျဆင်းလာပြီးနောက် (၅)နှစ်အတွင်း လက်ကိုင်ဖုန်းများ အစားထိုးသွားပါက ဖုန်းယွီ၏ မှတ်ချက်ပြုထားသည့် အခြေအနေတစ်ရပ်ကို သဘောတူမည်ဟု ဖုန်းယွီနှင့် လောင်းကြေးထပ်ခဲ့ပေသည်။
သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် သောမတ်စ်သည် ဟော်လန်သို့ ချက်ချင်းပြန်သွားတော့သည်။ DVD လုပ်ငန်း စံချိန်စံညွှန်းများ သတ်မှတ်ရေး ပြိုင်ဆိုင်ရန်အတွက် အချိန်မရှိတော့ချေ။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)