← Chapters

စက်မှု စံချိန်စံညွှန်း ပြိုင်ပွဲ

Vol. 42 Ch. 626

စက်မှု စံချိန်စံညွှန်း ပြိုင်ပွဲ

Vol. 42 Ch. 626

လေနှင့်မိုး လျှပ်စစ်သည် နှစ်လွှာတစ်ဖက် ပုံစံဖြင့် နည်းပညာ မိတ်ဆက်ခဲ့သည်။ နှစ်လွှာတစ်ဖက် ချပ်ပြားသည် တိုရှီဘာ၏ နှစ်လွှာနှစ်ဖက်စက် နည်းပညာနှင့် အလွန်ကွာခြားပေသည်။ နှစ်လွှာနှစ်ဖက် သည် နှစ်လွှာတစ်ဖက် နည်းပညာထက် သိုလှောင်မှု ပိုများပေသည်။

သိုရာတွင် တစ်ဖက်မှ နှစ်လွှာတစ်ဖက် နည်းပညာ လျှို့ဝှက်ကုတ်နည်းပညာသည် ရိုးရှင်းကာ ဈေးကွက်သို့ မိတ်ဆက်ရန် ပိုမိုလွယ်ကူပေသည်။ ဖုန်းယွီနှင့် ဖိလိတို့သည် ချပ်ပြားအတွက် သိုလှောင်မှုသည် ဤမျှ မြင့်မားရန် မလိုအပ်ဟု လက်ခံထားကြသည်။ နှစ်လွှာတစ်ဖက် ဖွဲ့စည်းပုံသည် ယခုအခြေအနေအတွက် လုံလောက်ပေသည်။

နောင်တွင် ရုပ်ရှင်၊ ဂီတ၊ ဂိမ်းများ စသည်တို့အတွက် ချပ်ပြားများကို တစ်ထပ်တစ်လွှာ စနစ်ကိုသာ အသုံးပြုကြသည်။ အလွှာတစ်ခုတည်းဖြင့် ဖွဲ့စည်းသိုလှောင်မှုသည် (၅)GB ထက် ကျော်လွန်သွားမည် ဖြစ်ခြင်းကြောင့်ပင်။ စံချိန်မီ ရုပ်ရှင် သို့တည်းမဟုတ် အရည်အသွေးမြင့်မားသော ရုပ်ရှင်တစ်ကားကို သိမ်းဆည်းရန် လုံလောက်ပေသည်။

ရုပ်ရှင် စုစည်းမှုများလော။ (၂၀၀၀)ခုနှစ် နောက်ပိုင်းတွင် အချို့ ရုပ်ရှင်များသည် ရေပန်းစားလာပြီး အပိုင်း (၂)၊(၃) စသည်ဖြင့် ရိုက်ကူးခဲ့ကြသည်။ ထိုအချိန်တွင် ရုပ်ရှင်များ စုစည်းမှု ပေါ်လာတော့သည်။ သို့ရာတွင် ခိုးကူးမှု များစွာရှိခဲ့ပြီး ထိုခိုးကူရုပ်ရှင် အများစုကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ခဲ့ပေသည်။

DVD သည် ဇာတ်လမ်းတွဲများအတွက် အသုံးမဝင်သေးချေ။ DVD သုံးချင်သည်မှာ ရုပ်ရှင်ကုမ္ပဏီ များပင်။ ၎င်းတို့၏ ရုပ်ရှင်များကို ဖြန့်ဝေရန်အတွက် DVD လိုအပ်ပြီး ကြည့်ရှုသူများက သူတို့၏ ထုတ်ကုန်များကို ဝယ်ယူချင်ကြပေသည်။ ရုပ်ရှင်ကုမ္ပဏီများသည် များသောအားဖြင့် ဇာတ်လမ်းများအတွက် မူပိုင်ခွင့် မရှိကြချေ။

ဇာတ်လမ်းအများစုကို ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။ ပြဇာတ် ကြည့်ရှုသူများ ကြိုက်နှစ်သက်ပါက ရုပ်မြင်သံကြားဌာနမှ ဇာတ်လမ်းများကို ပြန်လည်ထုတ်လွှင့်မည် ဖြစ်သည်။ ဇာတ်ကားများသည် မူပိုင်ခွင့်များ အလွန်ဈေးကြီးသဖြင့် ရုပ်မြင်သံကြားတွင် ပြသခဲပေသည်။ မူပိုင်ခွင့်များသည် ဇာတ်လမ်းတွဲများနှင့် တူညီသည်ဟု ဆိုရမည် ဖြစ်သော်လည်း ရုပ်ရှင်သည် တိုတောင်းလွန်းပေသည်။ ရုပ်မြင်သံကြားဌာနသည် ရုပ်ရှင်အတွက် ပေးချေခဲ့သည့် ပမာဏကိုပင် ပြန်မရနိုင်ချေ။

နောင်တွင် CCTV ရုပ်ရှင်လိုင်းသည် ရုပ်ရှင်မူပိုင်ခွင့်များကို အများဆုံးဝယ်ယူသူ ဖြစ်လာပေလိမ့်မည်။ လူတော်တော် များများက သူတို့သည် အခွင့်အရေးကို ရောင်းစားချင်သဖြင့် ရုပ်ရှင်များ ရိုက်ကူးကြပေသည်။ VCD ကုမ္ပဏီများ၊ CCTV ရုပ်ရှင်လိုင်း စသည်တို့ကို ရောင်းချနိုင်သောကြောင့် ထုတ်လုပ်သူများသည် ရုပ်ရှင်ရုံတွင် ပြသသည့်တိုင် ငွေမရှာနိုင်ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ဖုန်းယွီသည် နှစ်လွှာနှစ်ဖက် ဖွဲ့စည်းပုံသည် အမှိုက်သာ ဖြစ်ကြောင်း သောမတ်စ်ကို ပြောခဲ့ပေသည်။ ကုန်ကျစရိတ် ပိုမိုမြင့်ကာ နည်းပညာလိုအပ်ချက် ပိုများပေသည်။ အကောင်အထည် ဖော်ရန်လည်း ခက်ပေသည်။ နှစ်လွှာတစ်ဖက် ဖွဲ့စည်းပုံတွင် ထိုသို မလိုအပ်ချေ။ ကုမ္ပဏီ နှစ်ခုစလုံးသည် လတ်တလောတွင် နှစ်လွှာတစ်ဖက် ချပ်ပြားကို သုတေသနလုပ်သည့်အခါ ၎င်းတို့သည် ဝှက်စာ နည်းပညာ ဆက်လက်မြှင့်တင်သင်ကြောင်း တွေ့ရှိသွားသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရုပ်ရှင် ကုမ္ပဏီများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် နှစ်လွှာတစ်ဖက် ချပ်ပြားကိုသာ သုံးသင့်ပေသည်။

၎င်းတို့သည်လည်း သိုလှောင်မှုမြင့်မားသည့် ချပ်ပြားကို သုတေသန လုပ်ဖို့ လိုအပ်ပေသည်။ နောင်တွင် Blue Ray ဖြင့် ရုပ်ရှင်များကို အဆင့်အတန်းရှိသည့် ချပ်ပြားတစ်ခုပေါ်တွင် သိမ်းဆည်းနိုင်ရန် အရေးတကြီး လိုအပ်ပေလိမ့်မည်။ Blue Ray သည် ရုပ်ရှင်ကားကို (၂၀)GB ကျော်ပေသည်။

သို့ရာတွင် လက်ရှိအချိန်၌ ရုပ်ရှင်ကောင်းကောင်း ကမ်းကမ်း မရှိသေးချေ။ ထိုကဲ့သို့သော် သိုလှောင်မှုမြင့်မားသည့် အခွေကို မည်သူ့ထံသို့ ရောင်းချမည်နည်း။ VCD သို့တည်းမဟုတ် DVD စက်များကို TV နှင့် ချိတ်ဆက်ရပေမည်။ ဤခေတ်တွင် TV ၏ ပုံဖော်စွမ်းအားက ထိုမျှလောက်သာ ရှိသေးသည်။ ကြည်လင်ပြတ်သားမှု မြင့်မားသည့် ရုပ်ရှင်အခွေများ ရှိလျှင်ပင် TV မှ ပြသနိုင်မည် မဟုတ်ချေ။

သောမတ်စ်သည် ဟော်လန်သို့ ရောက်ပြီးနောက် ဖိလစ်သည် VCD ဈေးကွက်သို့ ဝင်ရောက်ရန်အတွက် လေနှင့်မိုး လျှပ်စစ်၏ နှစ်လွှာတစ်ဖက် အခွေနှင့် နည်းပညာများ အသုံးပြုမည်ဖြစ်ကြောင်း ကြေငြာရန် သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်တော့သည်။

ထိုသတင်းသည် လျှပ်စစ်ပစ္စည်းသုံးဆွဲသူများနှင့် လုပ်ငန်းရှင်များအား ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့စေတော့သည်။

ကုမ္ပဏီအများအပြားသည် ထိုပုံစံဖြင့် နည်းပညာကို မိတ်ဆက်လာသည့်အခါ လေနှင့်မိုး လျှပ်စစ်အား ရယ်မောနေကြပေသည်။ တရုတ်နိုင်ငံမှ အသေးစား လျှပ်စစ်ကုမ္ပဏီတစ်ခုသည် စက်မှုလုပ်ငန်း စံနှုန်းများကို သတ်မှတ်လိုသည်လော။ မည်သူ လိုက်နာမည်နည်း။ မိမိတို့သည် စံနှုန်းများကို ချမှတ်ပေးမည့်သူ ဖြစ်ပြီး သင်သည်သာ စံနှုန်းများကို လိုက်နာရပေလိမ့်မည်။

တိုရှီဘာသည် ထိုသို့သော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်ပြီး ဆိုနီသည် DVD စက်များကို စံသတ်မှတ်ရန် တိုရှီဘာနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကြောငြာခဲ့ပေသည်။

သို့ရာတွင် ယခုအခါ ကမ္ဘာကျော် လျှပ်စစ်ကုမ္ပဏီ ဖိလစ်မှ ၎င်းတို့သည် လေနှင့်မိုး လျှပ်စစ်၏ စံနှုန်းများကို လိုက်နာမည်ဖြစ်ကြောင်း ကြေငြာခဲ့ပေသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အမြတ်အစွန်း ရှာဖွေရန် လေနှင့်မိုးအား ကူညီပံ့ပိုးပေးခဲ့ခြင်းပင်။

လုပ်ငန်း စံညွှန်း သတ်မှတ်သူသည် လုပ်ငန်း၏ ခေါင်းဆောင်ဖြစ်မည်ကို လူတိုင်းသိပေသည်။ ဖိလစ်သည် လေနှင့်မိုး လျှပ်စစ်ကို စက်မှုလုပ်ငန်း ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုသည်လော။

သို့ရာတွင် လူတိုင်းသည် လေနှင့်မိုး လျှပစ်စစ်သည် ဖိလိ၏ မူပိုင်ခွင့်ကို သုံးစွဲရန် တရားဝင်ခွင့်ပြုထားကြောင်း ချက်ချင်း သိလိုက်ကြသည်။ ဖိလစ်သည် စက်မှုလုပ်ငန်း စံနှုန်းများကို သတ်မှတ်ရာတွင် ကူညီပေးခြင်းဖြင့် အခြားကုမ္ပဏီများကလည်း ဤသည်ကို လိုက်နာရန် သဘောတူမည် ဖြစ်ပေသည်။

ဖိလစ် လက်အောက်ရှိ စံနှုန်း အမှတ်တံဆိပ်တစ်ခုဖြစ်သည် ပိုလီဂရမ်သည် လေနှင့်မိုး လျှပ်စစ်နှင့်နှင့် စတင်ပူးပေါင်းခဲ့သည်။ ၎င်းတို့သည် တေးဂီတအခါင့်အရေးကို ဈေးသက်သာသာဖြင့် လေနှင့်မိုး လျှပ်စစ်သို့ ရောင်းချခဲ့ပြီး လေနှင့်မိုး လျှပ်စစ်မှ တေးဂီတနှင့် VCD ပုံစံအသစ် ထုတ်လုပ်မည် ဖြစ်သည်။

ယခင်က ဖိလစ်နှင့် လက်တွဲခဲ့ဖူးသည့် ရုပ်ရှင်ကုမ္ပဏီများ၊ နာမည်ကြီး ဓာတ်ပြား များ အပါအဝင် အခြားကုမ္ပဏီများသည် လေနှင့်မိုး လျှပ်စစ်၏ စံနှုန်းများကို အသုံးပြုမည်ဖြစ်ကြောင်း ကြောငြာခဲ့ပေသည်။

တိုရှီဘာနှင့် ဆိုနီတို့သည်လည်း စတင်လှုပ်ရှားလာသည်။ စက်မှုလုပ်ငန်း စံချိန်စံညွှန်းများ သတ်မှတ်ရန် ပူးပေါင်းခဲ့ကြသည်။ ၎င်းတို့တွင် သိုလှောင်မှု ပိုမိုမြင့်မားကာ ပိုမိုအဆင့်မြင့်သည့် နည်းပညာများ ရှိသည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။ ၎င်းတို့၏ အခွေမှာ စက်မှုလုပ်ငန်းအတွက် ပိုမိုသင့်လျော်နိုင်ပေသည်။ ၎င်းတို့၏ ပုံစံကို မိတ်ဆက်ရန် ရုပ်ရှင်နှင့် တေးဂီတ ကုမ္ပဏီများဣှင့်လည်း ဆက်သွယ်တော့သည်။

တိုရှီဘာသည် ဆိုနီနှင့် ပူးပေါင်းကာ လေနှင့်မို လျှပ်စစ်ကို နှိမ်နင်းနိုင်မည်ဟု ယူဆထားကြသည်။ ၎င်းတို့သည် စက်မှုလုပ်ငန်း စံနှုန်းများကို သတ်မှတ်ပြီးနောက် ၎င်းတို့၏ ဆက်စပ်နည်းပညာများ၏ တန်ဖိုးများ တိုလာပေလိမ့်မည်။ လေနှင့်မိုး လျှပ်စစ်ပစ္စည်းများသည် အဆိုပါ နည်းပညာများကို တီထွင်ရန်အတွက် အချိန်နှင့် ရန်ပုံငွေများ ဖြုန်းတီးသလို ဖြစ်သွားပေလိမ့်မည်။

သို့ရာတွင် တိုရှီဘာနှင့် ဆိုနီတို့သည် ဖိလစ် ပါဝင်ပတ်သက်လာပြီး လေနှင့်မိုး လျှပ်စစ်နှင့် ပူးပေါင်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။

တိုရှိဘာအတွက်မူ စိတ်ပျက်စရာပင်။ တိုရှိဘာသည် အိုက်ဝါ၊ လေနှင့်မိုး လျှပ်စစ်သို့ VCD စနစ်နည်းပညာ ခွင့်ပြုချက်ရယူရန် ကြိုးပမ်းခဲ့တော့သည်။ သို့ရာတွင် တောင်းဆိုချက်ကို ပယ်ချခဲ့ပေသည်။

NCE ၊ ဖူဂျစ်စု၊ ပန်နက်ဆိုးနစ် စသည်ဖြင့် အခြားကုမ္ပဏီများကလည်း ဆက်သွယ်ခဲ့ပေသည်။ ၎င်းတို့အားလုံးကို ပယ်ချကာ တရားဝင်ခွင့်ပြုချက် မရခဲ့ချေ။

ကုမ္ပဏီကြီးများသည် အခြားသူများ၏ မူပိုင်ခွင့်ကို တရားဝင်မသုံးဝံ့ကြချေ။ ဖမ်းမိသွားပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပေလိမ့်မည်။ ကုမ္ပဏီသည် အခြားကုမ္ပဏီတစ်ခု၏ နည်းပညာကို အသုံးပြုထားသည့် ထုတ်ကုန်များမှ ၎င်းတို့၏ အမြတ်ငွေများ လက်လွှတ်ရမည်ဖြစ်သည်။ ကုမ္ပဏီ၏ ဂုဏ်သိက္ခာလည်း ထိခိုက်ရပေလိမ့်မည်။

ဖုန်းယွီ မည်သည့်အတွက် ထိုကုမ္ပဏီများအား တရားဝင် ခွင့်ပြုချက် မရောင်းချသနည်း။ အခွင့်အာဏာပေးခြင်းဖြင့် ထိုကုမ္ပဏီများသည်လည်း အမြတ်အစွန်း များခဲ့ပေသည်။

အကြောင်းပြချက် နှစ်ခုရှိပေသည်။ ပထမအချက်မှာ ဖုန်းယွီသည် MPEG-2 နည်းပညာကို တီထွင်ရန် စောင့်နေပေသည်။ အခြားကုမ္ပဏီများက သူ့ထက်စော၍ မတီထွင်စေလိုချေ။

နောက်တစ်ချက်မှာ ထိုကုမ္ပဏီများသည် ဂျပန်ကုမ္ပဏီများပင်။

ဖုန်းယွီ ဂျပန်များထံမှ ထိုနည်းပညာဖြင့် အမြတ်မယူလိုချေ။

ယခုမူ ဖုန်းယွီက ကျန်းဝမ်မင်းကို တခြားကုမ္ပဏီများနှင့် ဆက်သွယ်ခိုင်းပေသည်။ ထိုကုမ္ပဏီတို့သည် MPEG နည်းပညာ၏ ပထမ မျိုးဆက်နှင့် VCD စက်နည်းပညာအတွက် မူပိုင်ခွင့် သုံးစွဲခွင့်ရရန် ပြင်ဆင်နေပေသည်။

ဖုန်းယွီသည် သူ့လက်ထဲတွင် အဆင့်မြင့်ဆုံးနည်းပညာများ ရှိပြီး သူ့နည်းပညာများထဲမှ အကောင်းဆုံးကို အသုံးချလိုပေသည်။ ဤသည်က ကုမ္ပဏီကြီးတော်တော်များများ လုပ်နည်းလုပ်ဟန်ပင်။ ဤနည်းဖြင့် ကုမ္ပဏီသည် ငွေပိုရှာနိုင်ပြီး အခြားကုမ္ပဏီများ ကျော်တက်သွားခြင်းကို တားဆီးနိုင်ပေသည်။

ကုမ္ပဏီများသည် နည်းပညာအသစ်များကို တီထွင်ဖန်တီးကာ ၎င်းတို့ကို မူပိုင်ခွင့်တင်ရန် အာရုံစိုက်နေကြသည်။ ဤကုမ္ပဏီများသည် မည်သည့်ထုတ်ကုန်ကိုမှ ထုတ်လုပ်မည်မဟုတ်သော်လည်း ဝင်ငွေရှာရန် ၎င်းတို့၏ မူပိုင်ခွင့်များကို အခွင့်အာဏာပေးကာ အသုံးပြုခွင့်ပေးမည်ဖြစ်သည်။ ဥပမာအားဖြင့် အီရစ်စင်သည် နောင် လက်ကိုင်ဖုန်းများ ထုတ်လုပ်ခြင်း ရပ်သွားပေလိမ့်မည်။ သို့ရာတွင် အီရစ်စင်သည် လက်ကိုင်ဖုန်းလုပ်ငန်းတွင် မူပိုင်ခွင့် များစွာ ပိုင်ဆိုင်ထားပြီး ငွေရှာရန် အသုံးပြုခဲ့ပေသည်။ ၎င်းတို့၏ နှစ်စဉ် အမြတ်ငွေသည် အချို့သော လက်ပိုင်ဖုန်း ကုမ္ပဏီများထက်ပင် ပိုများပေသည်။

တိုရှီဘာနှင့် ဆိုနီတို့သည် သူတို့၏ နည်းပညာစနစ်များကို အသုံးပြုရန် ကုမ္ပဏီများ ရှာဖွေနေချိန်၌ ပိုင်အိုနီးယားနှင့် ဝေါလက်ပါကာ တို့ပူးပေါင်းကာ ပြန်လည် ရေးသားနိုင်သည် DVD စံနှုန်းအသစ်ကို မိတ်ဆက်မည် ဖြစ်ကြောင်း ကြေငြာခဲ့သည်။

နောက်ထပ် လျှပ်စစ် ကုမ္ပဏီကြီး (၂)ခု ပူးပေါင်း ဆောင်ရွက်ပြီး DVD လုပ်ငန်းအတွက် စံနှုန်းအသစ် ချမှတ်ချင်နေကြပေသည်။

ဝှက်စာ စံညွှန်းများအတွက် နှစ်လွှာတစ်ဖက်နှင့် နှစ်လွှာနှစ်ဖက် ဖွဲ့စည်းပုံများကို လျှို့ဝှက်ကုတ် စံချိန်စံညွှန်း သတ်မှတ်ရန် တိုက်ပွဲဝင်နေသည်လော။ ပြန်လည်ရေးသားနိုင်သည့် ဝှက်စာ စံနှုန်းအသစ်ကို မိမိတို့ ဖော်ထုတ်ရပေမည်။ ထိုကိစ္စမှ ငွေရှာ၍ ရပေသည်။

ယခုအခါ ဈေးကွက်တွင် DVD စံနှုန်း အမျိုးအစား (၃)မျိုးရှိပေသည်။ ၎င်းတို့အားလုံးကို ကမ္ဘာ့အဆင့်မီ ကုမ္ပဏီများမှ မိတ်ဆက်ခဲ့ပြီး ၎င်းသည် ရှေ့မတိုး နောက်မဆုတ် ဖြစ်ခဲ့ပေသည်။

ရယ်စရာ အကောင်းဆုံး အပိုင်းမှာ ဈေးကွက်ထဲတွင် DVD စက်များ မရှိသေးချေ။ စက်မှုလုပ်ငန်း စံချိန်စံညွှန်းများအတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး DVD ကို လူကြိုက်များလာမည် မဟုတ်ချေ။

ဖုန်းယွီသည် ထိုကိစ္စအား စိတ်ဆိုးနေကြောင်း ဝန်ခံရပေမည်။ ထိုကုမ္ပဏီများသည် ငွေမရှာနိုင်သလို အခြားသူများကိုလည်း ငွေမရှာစေချင်ကြချေ။ အဆုံးအထိ မည်သူများ ဆက်လက်သွားနိုင်မည်ဖြစ်ကြောင်း စောင့်ကြည့်ရပေတော့မည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters