အရူးလို ခွင့်ပြုချက်များပေးခြင်း (၁)
Vol. 42 Ch. 627
လုပ်ငန်းဆိုင်ရာ စံနှုန်းများ သတ်မှတ်ရန် အခြားသူများက လက်ခံရမည်ဖြစ်သည်။ စံချိန်စံညွှန်းများကို မည်သူမှ အသိအမှတ်မပြုပါက အသုံးဝင်မည် မဟုတ်ချေ။
DVD လုပ်ငန်း စံနှုန်းမှာလည်း အလားတူပင်။ DVD ကို အရင်ထုတ်လုပ်ရန်နှင့် ဖော်သည်များ ရှိရပေလိမ့်မည်။ ဤနည်းအားဖြင့် DVD ဈေးကွက် ဖွင့်လှစ်နိုင်ပေလိမ့်မည်။
MPEG ပညာသည် ဖုန်းယွီ ပိုင်ဆိုင်ထားသည်။ အခြားကုမ္ပဏီများ မည်သို့ တိုးတက်နေသည်ဖြစ်စေ ထိုနည်းပညာကို မသုံးနိုင်ချေ။ ငွေရှာရန် ဤနည်းပညာကို အသုံးပြုပါက ချိုးဖောက်မှု တစ်ခု ဖြစ်လိမ့်မည်။
ဖုန်းယွီသည် မူပိုင်ခွင့်မပါဘဲ အခြားကုမ္ပဏီများက စက်မှုလုပ်ငန်း စံနှုန်းများကို မည်သို့ ချမှတ်မည်ကို မြင်ချင်နေသည်။ ၎င်းတို့အားလုံး DVD စံနှုန်း သတ်မှတ်ပြီးမှသာ မြှားတစ်စင်းတည်းနှင့် ပစ်ထည့်လိုက်မည် ဖြစ်သည်။ အမှိုက်ကဲ့သို့ လှည်းထုတ်ခံချင်နေသည်လော ကြည့်ချင်သေးသည်။
လေနှင့်မိုးလျှပ်စစ်နှင့် ဖိလစ်တို့သည် စွမ်းအားမြင့် VCD စက် တီထွင်ပြီးနောက် ဖုန်းယွီသည် သူ့လူများအား နည်ပညာ အသုံးချခွင့်အတွက် တင်ဒါ(လေလံ) ခေါ်ယူရန် ပြောပေလိမ့်မည်။
ဆိုနီ၊ တိုရှီဘာနှင့် အခြားကုမ္ပဏီများမှာမူ ယခုအချိန်တွင် ဂုဏ်တာနေကြပေလိမ့်မည်။ မိမိတို့သည် ဤစက်မှု လုပ်ငန်းအတွက် နည်းပညာအသစ်များကို မိတ်ဆက်သွားမည် ဖြစ်သည်။ အကြပ်အတည်း ရောက်နေပါက မူပိုင်ခွင့်အတွက် ခွင့်ပြုချက် ထုတ်ပေးရန် အတင်းအကြပ် ဖိအားပေးမည် ဖြစ်ပေသည်။
မိမိတို့သည် ပိုမိုအဆင့်မြင့်သည့် တတိယမျိုးဆက် နည်းပညာကို ဖွံ့ဖြိုးတိုးတက်လာပါက ဤစက်မှုလုပ်ငန်းတွင် နောက်ဆုံးစကား ပြောနိုင်သူမှာ မိမိတို့သာ ဖြစ်ပေလိမ့်မည်။
ထိုကုမ္ပဏီများသည် MPEG နည်းပညာကို စိတ်ဝင်စားနေကြဆဲပင်။ အကယ်၍ ၎င်းတို့သည် VCD ထုတ်လုပ်နိုင်သည် သို့တည်းမဟုတ် MPEG နည်းပညာကို အသုံးပြု၍ MPEG-2 နည်းပညာကို ထုတ်ဖော်နိုင်ပါက ၎င်းတို့သည် DVD ထုတ်လုပ်နိုင်ပေလိမ့်မည်။ အမြတ်အစွန်း များစွာရပေလိမ့်မည်။
လေနှင့်မိုး လျှပ်စစ်သည် MPEG-2 နည်းပညာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ပါက အဆင်ပြေပေသည်။ မိမိတို့သည် ဆက်စပ်နည်းပညာများအားလုံးအတွက် စံနှုန်း သတ်မှတ်ပေးမည် ဖြစ်ပြီး မိမိနှင့် လဲလှယ်ရန် MPEG-2 နည်းပညာများကို သုံးရန်မှတပါး ရွေးချယ်စရာ မရှိတော့ချေ။ မိမိတို့သည် အမြတ်အစွန်းများစွာ ကျန်ပေလိမ့်မည်။
လေနှင့်မိုး လျှပ်စစ်ပစ္စည်းများသည် ၎င်းတို့၏ VCD လုပ်ငန်းကို ကြီးထွားအောင်မလုပ်နိုင်သည်မှာလည်း ထိုကုမ္ပဏီများကြောင့် ဖြစ်ပေသည်။ ထိုကုမ္ပဏီများသည် VCD စက်များ ရေပန်းစားမှု ရပ်တန့်ရန် အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပေသည်။ သူတို့ပါ VCD စက်များထုတ်လုပ်နိုင်မည်ဆိုပါက ဈေးကွက် ဖွင့်ပေးမည် ဖြစ်ပေသည်။
ထိုကုမ္ပဏီများသည် စည်းကမ်း လိုက်နာပေသည်။ အမြတ်အစွန်း အရင်မြင်လိုကြသည်။ ကုမ္ပဏီများ၏ ဘုံရည်မှန်းချက် တစ်ခုသာရှိပြီး အမြတ်အစွန်းရမည်ဆိုပါက အတိတ်မှ အရာအားလုံးကို မေ့ထားကာ အမြတ်များများ ရယူနိုင်ရန်အတွက် အတူတကွ လုပ်ဆောင်နိုင်ကြပေသည်။
******
“ဖုန်းယွီ… အာ.. လေနှင့်မိုး လျှပ်စစ်နည်းပညာဆိုင်ရာ ခွင့်ပြုချက် တင်ဒါခေါ်နေကြပြီး နိုင်ငံတကာ လျှပ်စစ်ကုမ္ပဏီ အများကြီး ပါမယ်လို့ ကြားတယ်.. ပမ့်မြို့တော်မှာ ဘာလို့ မကျင်းပတာလဲ..”
ကျန်းလွေ့ချမ်း ထိုသတင်းကြားပြီးနောက် ဖုန်းယွီကို ခေါ်လိုက်သည်။
“ဒါတွေက နိုင်ငံတကာ လျှပ်စစ်ကုမ္ပဏီတွေလို့ ခင်ဗျားပြောတယ်နော်.. ဒီနည်းပညာက ပမ့်မြို့တော်နဲ့ မဆိုင်ဘူးလေ.. လေနှင့်မိုး လျှပစစ် ရုံးချုပ်က ဟယ်ဖေးမှာ ရှိတယ်.. ပေကျင်းမှာ နေရာသတ်မှတ်တာ ပိုအဆင်ပြေလို့ပါ.. ပြီးတော့ ဗဟိုအစိုးရက ခေါင်းဆောင်တွေလဲ ပါလာအုံးမှာ.. စိတ်ဝင်စားတယ်ဆိုရင် ဖိတ်စာ ပို့လိုက်မယ်လေ.. လာကြည့်လို့ရပါတယ်..”
ပေကျင်းသည် အလွန်ကြီးမားသည့် မြို့ကြီးတစ်မြို့ဖြစ်ပြီး ၎င်းသည် တရုတ်နိုင်ငံ၏ ပုံရိပ်ကို ကိုယ်စား ပြုပေသည်။ ပမ့်မြို့တော်သည် ကျေးလက်ဆန်ကာ သွားလာရ လွယ်ကူခြင်းမရှိချေ။ နောက်ဆုံးအကြိမ်တွင် ပမ့်မြို့တော်တွင် တက္ကစီ စီးရသည်မှာ ခက်ခဲကြောင်း စောဒက တက်ခဲ့ကြပေသည်။
“မေ့လိုက်.. မေ့လိုက်.. ငါအရမ်းအလုပ်များနေတယ်.. နောက်တစ်ခါဆို မင်း မွေးရပ်မြေကို မမေ့နဲ့..”
“အဆင်ပြေပါတယ်.. စောင်ကျင်း မော်တာက တတိယမျိုးစက် ဆိုင်ကယ် မိတ်ဆက်အုံးမှာ.. စောင်ကျင်းရဲ့ အရှိန်အဝါနဲ့ ပမ့်မြို့တော်ကို စဖွင့်လိုက်တာနဲ့ စည်ကားသိုက်မြိုက်နေမှာ သေချာပါတယ်..”
ကျန်းလွေ့ချန်း ဖုန်းချလိုက်သည်။ သူကျေနပ်ပေသည်။ ပမ့်မြို့တော်၏ တိုးတက်မှုများအတွက် သူသည် တခါတရံ အရှက်မရှိသူ ဖြစ်ရပေလိမ့်မည်။
****
ဒု-မြို့တော်ဝန်လျို ဖုန်းယွီကို လက်ဆွဲ နှုတ်ဆက်ရင်း…
“မန်နေဂျာဖုန်း.. ကျေးဇူးအများကြီးတင်ပါတယ်.. မင်းရဲ့ တင်ဒါပွဲက နိုင်ငံတကာ ကုမ္ပဏီ တော်တော်များများကို ငါတို့မြို့ထိ ဆွဲဆောင်နိုင်လိုက်တယ်..”
“မြို့တော်ဝန်လျို သူတို့ဆီက ရင်းနှင်းမြုပ်နှံမှုတွေရဖို့ ခင်ဗျားကို အများကြီး မကူညီနိုင်ဘူး.. ရင်းနှီးမြုပ်နှံဖို့ဆိုတာ သူတို့ အပေါ်မှာပဲ မူတည်လိမ့်မယ်.. ကျုပ်တို့ ကုမ္ပဏီ ရုံးချုပ်က ဟယ်ဖေးမှာလေ.. အဲ့က ခေါင်းဆောင်တွေဆို ကျုပ်ကို တကျီကျီနဲ့ ကြိမ်းမောင်းနေကြတာ..”
“ခေါင်းဆောင်တွေ များလွန်းပါတယ်ကွာ.. မင်းရဲ့ လေနှင့်မိုး လျှပ်စစ် ရုံးချုပ်ကို ပေကျင်းရွှေ့ခဲ့ပါလား.. စာရွက်စာတမ်း ကိစ္စအားလုံး ငါသေချာလုပ်ပေးမယ်.. တစ်နှစ်စာ အခွန်ကင်းလွှတ်ခွင့်ရမယ်ကွာ.. မင်း ဘယ်လိုမြင်လဲ..”
ဒု-မြို့တော်ဝန်လျို အရွှန်းဖောက်လိုက်သည်။
ဖုန်းယွီ ပြုံးပြီး ထိုကမ်းလှမ်းချက်ကို ယဉ်ကျေးစွာ ငြင်းလိုက်သည်။ နောက်ပြောင်နေပုံ ပေါ်နေသည့်တိုင် ဖုန်းယွီ သဘောတူလိုက်ပါက ဒု-မြို့တော်ဝန်လျို သူ့စားအတိုင်း လုပ်မှာ သေချာပေသည်။ လေနှင့်မိုး လျှပ်စစ်မှ ပေးဆောင်သော အခွန်များမှာ သိသာထင်ရှားသည့် ပမာဏဖြစ်သည်။
သူ့မြို့အတွက် ရင်းနှီးမြုပ်နှံမှုများ ရနိုင်ပါက ဒု-မြို့တော်ဝန်လျို၏ အရည်အချင်းပင်။ မည်သည့်မြို့မှ ရင်းနှီးမြုပ်နှံမှုများ လုယူသွားမည်ကို သူဂရုမစိုက်ချေ။
“မြို့တော်ဝန်လျို.. အဲ့နိုင်ငံခြားသား လုပ်ငန်းရှင်တွေ တော်တော် မာန်တက်ကြတယ်.. ဒါပေမယ့် သူတို့တွေအားလုံး ကျုပ်တို့ရဲ့ နည်းပညာ ဝယ်ဖို့ ခရီးထွက်လာကြရတာ.. ဒါ့ကြောင့် စေ့စပ်ညှိနှိုင်းတဲ့ ကာလအတွင်း သူတို့ကို အကျိုးကျေးဇူး များများ မပေးသေးဘဲ သဘာဝပတ်ဝန်းကျင်ကို သေချာ ကာကွယ်ရမှာ.. သူတို့ စက်ရုံတွေကြောင့် ကျုပ်တို့ မြို့တော် ညစ်ညမ်းအောင် လုပ်ခွင့်ပေးလို့မဖြစ်ဘူး..”
“ငါသိပါတယ်.. တကယ်တော့ ပေကျင်းမှာ စက်ရုံတွေ တည်ဆောက်ဖို့ မသင့်တော်ဘူး.. သူတို့ကို အခြေအနေအနေ ကောင်း မပေးပါဘူး.. ဒါပေမယ့် ပေကျင်းမှာ သူတို့ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ရုံးခွဲတွေ တည်ဆောက်ချင်တယ် ဆိုရင်တော့ ဦးစားပေး မူဝါဒ နည်းနည်း ပေးရမှာပေါ့..”
ဖုန်းယွီ အတွေးလွန်နေပေသည်။ ဒု-မြို့တော်ဝန်လျိုသည် ဤရာထူးအထိ တက်လှမ်းနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် မိုက်မဲသူ တစ်ယောက် မဟုတ်ချေ။ ထက်မြက်သူ တစ်ယောက်ပင်။ သူလိုချင်သည်မှာ ကုမ္ပဏီများနှင့် ရုံးများသာပင်။
“တင်ဒါ စတော့မယ် သွားကြရအောင်..”
ဖုန်းယွီ ပြောလိုက်သည်။
ဒု-မြို့တော်ဝန်လျိုမှ အဖွင့်အမှာစကား ပြောခဲ့ပေသည်။ သူသည် လေနှင့်မိုး လျှပ်စစ်၊ တရုတ်နိုင်ငံ၏ လျှပ်စစ်လုပ်ငန်းကို ချီးကျူးခဲ့ပြီး တရုတ်နိုင်ငံသည် စီပွားရေးနှင့် လိုက်လျောညီထွေ ဖြစ်ကြောင်းများပါ ပြောလိုက်သည်။ တင်ဒါမစတင်မီ ကုမ္ပဏီများ တရုတ်နိုင်ငံ၌ လာရောက်ရင်းနှီးမြုပ်နှံကြမည်ဟု မျှော်လင့်ထားပေသည်။
အမှန်တကယ်တွင် ဒု-မြို့တော်ဝန်လျိုသည် ထိုတင်ဒါပွဲသို့ တက်ရောက်ခြင်း မတက်ရောက်ခြင်းမှာ အရေးမကြီးချေ။ ဖုန်းယွီ သူ့အပေါ်တွင် အကြွေးအနည်းငယ် တင်ရန်နှင့် အကူအညီရနိုင်ရေးအတွက် ပိုမိုကောင်းမွန်သည့် ဆက်ဆံရေး တည်ထောင်ရန်သာ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
တင်ဒါ အနိုင်ရမည့် ကုမ္ပဏီကို ဆုံးဖြတ်သူမည့်သူမှာ ဖုန်းယွီသာပင်။
ကျန်းဝမ်မင် စင်မြင့်ပေါ်သို့ တက်ကာ ပရိတ်သတ်ကို ကြည့်လိုက်သည်။ သူသည်လည်း အလွန်စိတ်လှုပ်ရှား နေပေသည်။ ၎င်းတို့သည် ထိပ်တန်း လျှပ်စစ် နည်းပညာ ကုမ္ပဏီများမှ ကိုယ်စားလှယ်များဖြစ်ပြီး ၎င်းတို့သည် သူ့ဟောပြောချက်ကို နားထောင်နေကြပေသည်။
ကျန်းဝမ်မင်သည် လေနှင့်မိုး VCD စက်များ ထုတ်လုပ်ကာ လုပ်နိုင်စွမ်းအားများ ပြသခဲ့သည်။ ဤ VCD စက်သည် လျှပ်စစ်ပစ္စည်းပြပွဲတွင် ပြသခဲ့သည့် မော်ဒယ်အသစ်ဖြစ်သည်။ ထပ်မံ ဖြည့်စွက်ထားသည့် အပိုင်းများရှိပြီး ပေါ့ပါးကာ သေးငယ်ပေသည်။
“အရင်တုန်းက ကျုပ်တို့နိုင်ငံမှာ ကမ္ဘာလျှပ်စစ်ပစ္စည်းသုံးဆွဲသူများအတွက် ပြပွဲကျင်းပပြီး တော်တော်များများက ကျုပ်တို့ထုတ်ကုန်တွေကို သတိထားမိသွားပါတယ်.. ကျုပ်တို့ရဲ့ မူပိုင်ခွင့်အတွက် တရားဝင်ခွင့်ပြုချက် ဝယ်နိုင်အောင် ဆက်သွယ်လာကြပါတယ်.. ဒါပေမယ့် အဲ့အချိန်တုန်းက ကျုပ်တို့ကုမ္ပဏီဟာ ဒီထုတ်ကုန်ကို စပြီး မိတ်ဆက်ကာစမို့ အများစုကို ငြင်းခဲ့ပါတယ်.. အခုတော့ ကုမ္ပဏီ (၁)ခု၊ (၂)ခုနဲ့ ဒီဈေးကွက်ဖွင့်ဖို့ မလုံလောက်ဘူး ဆိုတာ ကျုပ်တို့ သဘောပေါက်ပါတယ်.. ကျုပ်တို့ကုမ္ပဏီ တိုးတက်မှုနဲ့ သုံးစွဲသူတွေ ဒီထုတ်ကုန်ကို ပိုနှစ်သက်ဖို့အတွက် ကျုပ်တို့ရဲ့ မူပိုင်ခွင့်ဆိုင်ရာ ခွင့်ပြုချက်တွေကို တခြားကုမ္ပဏီတွေကို ရောင်းပေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်..
ခွင့်ပြုချက်က ရှင်းပါတယ်.. ကျုပ်တို့ လေနှင့်မိုး လျှပ်စစ်က VCDစက်တိုင်းအတွက် အနည်းဆုံး (၅၀)ကန်ဒေါ်လာ မူပိုင်ခွင့်ကြေး ကောက်ရပါလိမ့်မယ်.. ဒါကလဲ သုတေသနနဲ့ နည်းပညာတွေအတွက် ငွေကြေး အမြောက်အများ ရင်းနှီးမြုပ်နှံထားရလို့ပါ..”
ဆိုနီ ကိုယ်စားလှယ်က လက်မြှောက်ပြကာ..
“MPEG-2 နည်းပညာကို ခင်ဗျားတို့ မတီထွင်ခဲ့ဘူးလား.. ဘာလို့ အဲ့နည်းပညာကို ခွင့်ပြုချက် မပေးတာလဲ.. ပထမ မျိုးဆက် နည်းပညာကို ကျုပ်တို့ စိတ်မဝင်စားပါဘူး..”
ကျန်းဝမ်မင် ခေါင်းညိတ်ပြလိုက်သည်။
“အဆင်ပြေပါတယ်.. လုံခြုံရေး.. ဆိုနီက ကိုယ်စားလှယ်တော်ကြီးကို တံခါးပေါက် ပြပေးလိုက်ပါအုံး… ခွင့်ပြုချက်ရဖို့အတွက် အခွင့်အရေး စွန့်လွှတ်လိုက်တာပဲ… စိတ်မဝင်စားတဲ့ တခြားကုမ္ပဏီ ရှိသေးလားဗျာ.. အခုနေ ထွက်သွားလို့ ရပါသေးတယ်..”
ဆိုနီ၏ ကိုယ်စားလှယ် အံ့အားသင့်သွားတော့သည်။ မိမိအား ဤသို့နှင်ထုတ်ခဲ့သည်လော။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)