အရူးလို ခွင့်ပြုချက်များပေးခြင်း (၂)
Vol. 42 Ch. 628
ဆိုနီကိုယ်စားလှယ်သည် မည်သည့် ဆင်ခြေမှ မပေးနိုင်မှီမှာပင် လုံခြုံရေး အစောင့် (၂)ယောက်က ဆွဲထုတ်သွားလိုက်သည်။ ဆိုနီမှ ကျန်လူများလည်း မတ်တပ် ရပ်လိုက်ကြသည်။ ဆိုနီ ကိုယ်စားလှယ် တစ်ယောက်မှ..
“မြို့တော်ဝန်လျို.. ဝန်ကြီးကျောင်း.. ဒါ.. ခင်ဗျားတို့ရဲ့ ဧည့်သည်တွေအပေါ် ဆက်ဆံတဲ့ ပုံစံလား..”
ဒု-မြို့တော်ဝန်လျို လှမ်းကြည့်လိုက်သည့်အခါ ဖုန်းယွီ၏ မျက်လုံးများမှ သဘောထားကို ချက်ချင်းသိလိုက်သည်။ ဝန်ကြီးကျောင်း မည်သည့်စကားမှ မပြောခင် ဒု-မြို့တော်ဝန်လျို ထရပ်ကာ..
“ကျုပ်တို့က ပွဲစီစဉ်သူတွေ မဟုတ်ဘူးလေ.. ဒီ တင်ဒါကို စီစဉ်တာက လေနဲ့မိုးလျှပ်စစ်ကပါ.. ပြီးတော့ မင်းတို့ ကုမ္ပဏီက မူပိုင်ခွင့်တွေအတွက် ခွင့်ပြုချက် ယူဖို့ စိတ်မဝင်စားဘူးဆို.. မင်းတို့တွေ ဒီမှာ ဘာလို့ရောက်နေ ကြတာလဲ.. ဒီနေရာမှာ ပြဿနာ ဖန်တီးနေကြတာလား.. မင်းတို့ကို ထွက်သွားခိုင်းဖို့တော့ ငါတို့မှာ လုပ်ပိုင်ခွင့် ရှိတယ်နော်..”
ကျန်ကိုယ်စားလှယ်များ အံ့ဩသွားတော့သည်။ တရုတ်အရာရှိများသည် နိုင်ငံခြားသားများကို သဘောကျကြောင်း ပြောထားဖူးသည် မဟုတ်ပေလော။ မည်သည့်အတွက် ဤမျှလောက် တင်းမာနေကြသနည်း။
ကျန်းဝမ်မင်မှလည်း..
“ဆိုနီက ကိုယ်စားလှယ်တော်တွေ ထွက်သွားပေးလို့ ရမလား.. ကျန်တဲ့ ကုမ္ပဏီတွေ လေလံဆွဲဖို့ အချိန် ကျန့်ကြာအောင် မနှောက်ယှက်ပါနဲ့တော့..”
အခြားကုမ္ပဏီမှ ကိုယ်စားလှယ်များသည် ဆိုနီ၏လူများကို ဒေါသတကြီး ကြည့်လိုက်ကြသည်။ အမြန်ဆုံး ထပြန်ကာ မိမိတို့အချိန်မျတား ဖြုန်းတီးမှု ရပ်ဆိုင်းစေချင်နေကြသည်။ တိုရွှဘာမှ ကိုယ်စာလှယ်များပင် ၎င်းတို့ကို ကြည့်နေကြပေသည်။
ဆိုနီ ကိုယ်စားလှယ်များသည်လည်း ဒေါသတကြီး ဖြစ်နေကြပေသည်။ သူတို့သည် ဤဒုတိယမျိုးဆက် နည်းပညာကိုသာ လိုချင်ကြသည်။ အခန်းအတွင်းရှိလူတိုင်းသည် နောက်ဆုံးပေါ် နည်းပညာကို လိုချင်ကြပြီး ထုတ်ဖော် ပြောဆိုသည့်သူများ ထုတ်ပယ်ခံလိုက်ရသည်။ လေနှင့်မိုးသည် နောက်ဆုံးပေါ် နည်းပညာအတွက် ခွင့်ပြုချက် ပေးမည်ဆိုပါက အားလုံး အကျိုးရှိမည် ဖြစ်သည်။ အခြားကုမ္ပဏီများသည်လည်း ကူညီရင် မည်သည့် စကားတစ်ခွန်းမှ ဝင်မပြောခဲ့ကြချေ။
အထူးသဖြင့် တိုရှီဘာပင်။ စက်မှုလုပ်ငန်း စံနှုန်းများ သတ်မှတ်ရန် ဆိုနီနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိပေသည်။ အဘယ့်ကြောင့် ဤသို့ ဆက်ဆံခဲ့ရသနည်း။
ဆိုနီမှလွဲ၍ အခြားကုမ္ပဏီများ ခွင့်ပြုချက်ရသွားပါက အဆင့်အတန်းမှ ထုတ်ပယ်ခံရမည်ကို ဆိုနီကိုယ်စားလှယ်များ သိနေပေသည်။ လုပ်ငန်း နယ်ပယ်တွင်ပင် နာမည်ပျက်စာရင်း သွင်းခံရကာ ဇာတ်သိမ်းသွားပေပြီ။
ဆိုနီမှ ကိုယ်စားလှယ်များ ထွက်ခွာသွားပြီးနောက် ကျန်းဝမ်မင်မှ..
“ကျုပ်တို့ကို စိတ်ဝင်စားတဲ့ ကုမ္ပဏီအားလုံးကို လုပ်ပိုင်ခွင့်တွေ ပေးမှာပါ.. ဒါပေမယ့် နောက်ထပ် သတ်မှတ်ချက် တစ်ခုတော့ ရှိပါသေးတယ်.. နိုင်ငံတစ်ခုတည်းက ကုမ္ပဏီ(၂)ခုဟာ ကျုပ်တို့ဆီက တရားဝင်ခွင့်ပြုချက် လဲရချင်တယ်.. ကုမ္ပဏီတစ်ခုတည်း သီးသန့် ခွင့်ပြုချက် ရချင်ရင်တော့ ခွင့်ပြုမှုအတွက် (၁၀)ကန်ဒေါ်လာ တိုးသွားမှာပါ.. ကုမ္ပဏီ (၃)ခု ယှဉ်ပြိုင်မယ်ဆိုရင်တော့ (၂၀)ကန်ဒေါ်လာ တိုးသွားမှာပါ.. ခွင့်ပြုချက် စိတ်ဝင်စားတဲ့ ကုမ္ပဏီ အရေအတွက်အပေါ် မူတည်ပြီး ပမာဏ တိုးလာပါလိမ့်မယ်..”
“မစ္စတာကျန်း.. တစ်ယူနစ်အတွက် ကန်ဒေါ်လာ (၅၀)က အရမ်း မြင့်မနေဘူးလား.. ပြီးတော့ ဒီပုံစံအတိုင်းဆိုရင် အရေအတွက်အပေါ် မူတည်လိမ့်မယ်.. အရောင်း ကိန်းဂဏန်းတွေပေါ်မှာ အခြေခံမှာ မဟုတ်ဘူးလား..”
ပိုင်အိုနီးယား ကိုယ်စားလှယ် တစ်ယောက်က မေးလိုက်သည်။
“ကျုပ်တို့တွေ သုတေသနအတွက် ငွေကြေး အမြောက်အများ သုံးခဲ့ရတယ်ဆိုတာ အစောပိုင်းက ပြောခဲ့ပြီးပါပြီ.. ခွင့်ပြုချက် တန်ကြေးက ချိုသာမှာ မဟုတ်ပါဘူး.. ဒီနည်းပညာကနေ အမြတ်ဘယ်လောက် ရမယ်ဆိုတာ အားလုံး သိထားလောက်ပါတယ်.. ခင်ဗျားတို့ ကုမ္ပဏီအားလုံး ကိုယ်ပိုင် vcd စက်တွေ တီထွင်ဖို့ ကြိုးစားခဲ့လိမ့်မယ်လို့ ကျုပ်ယုံကြည်ပါတယ်.. ဒီခွင့်ပြုချက်အတွက် ပေးသွင်းငွေ မြင့်မားလွန်းလို့ လက်မခံနိုင်စာဆိုပြီး ခံစားရမယ်ဆိုလဲ ကျုပ်တို့အတွက် ဘာမှ မဖြစ်ပါဘူး.. ခင်ဗျားတို့အားလုံး လွတ်လွတ်လပ်လပ် လျှောက်မယ့်လမ်း ရွေးလို့ရပါတယ်..”
ကျန်းဝမ်မင်သည် ဖုန်းယွီထံမှ ညှိနှိုင်းရေး ပုံစံများ သင်ယူခဲ့ပေသည်။ စိတ်မချမ်းသာပါက လမ်းကြောင်းမှ ထွက်သွားနိုင်ပေသည်။ ဤနေရာတွင် ကုမ္ပဏီ (၁၀၀)ကျော် ရှိပေသည်။ ခွင့်ပြုချက် မလိုလားပါက ပူးပေါင်းလိုသည့် အခြားသော ကုမ္ပဏီများစွာ တန်းစီစောင့်ဆိုင်းနေကြပေသည်။
ဈေးကြီးသည်ဟု ထင်နေသည်လော။ မဝယ်ယူရန် ရွေးချယ်နိုင်ပေသည်။
ဆိုနီသည် ဥပမာတစ်ခု ဖြစ်နေသဖြင့် ပိုင်အိုနီးယာကိုယ်စားလှယ်က ချက်ချင်းပင်..
“ကျုပ်တို့ ဒါကို လက်ခံနိုင်ပါတယ်.. ငါတို့ ကုမ္ပဏီကတော့ မင်းတို့ သတ်မှတ်ချက်ကို လက်ခံသွားမှာပါ..”
ကိုယ်စားလှယ်အသီးသီး၏ စိတ်အတွင်း ကြိတ်၍ ကျိမ်ဆဲလိုက်ကြသည်။ ဤသည်က ရူးနှမ်းခြင်းပင်။ ဤဈေးနှုန်းအား လက်မခံနိုင်ကြောင်း ပြောကြားပါက မိမိတို့ သေချာပေါက် ထောက်ခံမည်ပင်။ အခကြေးငွေ လျော့ချနိုင်ရန် အားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ပေသည်။
ယခု ထိုကုမ္ပဏီမှ ဤဈေးနှုန်းကို လက်ခံမည်ဟု ပြောနေပေသည်။ ဈေးဆစ်နိုင်ရန် နည်းလမ်းတော့ ရှိနေသေးပေသည်။
စကားလမ်းကြောင်း ချောသွားတော့သည်။ ပိုင်အိုနီးယား ကိုယ်စားလှယ်သည် ထိုင်ချလိုက်ကာ ဒေါသတကြီး အကြည့်များကို သတိပြုမိသွားကာ သူ့အမှားကို နားလည်သွားတော့သည်။ အကြောရှည်ကား စကားကျွံခဲ့မိသဖြင့် သူ့ကိုယ်သူ ပါးရိုက်မိမတတ်ပင်။ ကျန်ကိုယ်စားလှယ်များကလည်း ဈေးနှုန်းနှင့် ပတ်သက်၍ သေချာပေါက် ထုတ်ပြောကြပေလိမ့်မည်။ ဤသည်ကို သူမည်သည့်အတွက် အရင်ဆုံး မေးမိလိုက်သနည်း။
“အခကြေးငွေကို လက်ခံနိုင်တယ်လား.. ကောင်းတယ်.. ကုမ္ပဏီအသီးသီးက ကိုယ်စားလှယ်တော်ကြီးတွေ ဆုံးဖြတ်သင့်ပါတယ်.. လေနှင့်မိုးရဲ့ ခွင့်ပြုချက် လိုချင်သူတွေ ဒီကိုလာနိုင်ပါတယ်.. စည်းလုံးညီညွတ်မှုကို မလိုချင်တဲ့ ကုမ္ပဏီတွေအနေနဲ့ကတော့ ပုံမှန်ခွင့်ပြုချက် တစ်ခုပဲ ခင်ဗျားတို့ကို စောင့်နေနိုင်တော့မှာပါ..”
ကိုယ်စားလှယ်အချို့ မတ်တပ်ရပ်ချင်သော်လည်း ထိုင်လျှက် ကျန်နေသူများကိုမြင်သဖြင့် စိတ်ပြောင်း သွားကြ သည်။ ကိုယ်စားလှယ်အများစုသည် ဤခွင့်ပြုချက် ပုံစံကို ၎င်းတို့စိတ်ထဲမှ ကြိတ်၍ ရယ်မောနေကြ ပေသည်။
ဤသည်က မည်သည့် မော်ဒယ်နည်း။ မိမိတို့ နိုင်ငံတွင် vcd စက်များ ထုတ်လုပ်သည့် တစ်ခုတည်းသော လုပ်ငန်းရှင်များ ဖြစ်ပါက မည်သို့ အသုံးပြုနိုင်မည်နည်း။ အခြားနိုင်ငံမှ ထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရန် လိုအပ်သေးသည်။ နောက်ဆုံး၌ ၎င်းသည် လေနှင့်မိုး လျှပ်စစ်ပစ္စည်းများအတွက် အကျိုးကျေးဇူးများ ဖြစ်ပေလိမ့်မည်။ ပြည်တွင်၌ပင် ပူးပေါင်းဆောင်ရွက်၍ ရနိုင်ပေသည်။
ခွင့်ပြုချက်ရပြီးနောက် ဖက်စပ် စက်ရုံတစ်ခု တည်ထောင်ပြီး အတူတကွ ငွေရှာနိုင်ပေသည်။ ကုန်ပစ္စည်းတွင် ၎င်းတို့၏ အမှတ်တံဆိပ်တင်လိုသော ကုမ္ပဏီသည် ၎င်းတို့၏ အစုရှယ်ယာ တစ်ချို့ စွန့်လွှတ်ရမည်ဖြစ်သည်။
ဂျပန်နှင့် အမေရိကန်ကဲ့သို့သော နိုင်ငံများတွင် လျှပ်စစ် ကုမ္ပဏီ အများကြီး ရှိနေပေသည်။ ကုမ္ပဏီ တစ်ခုလျှင် (၁၀)ကန်ဒေါ်လာအပေါ် အခြေခံတွက်ချက်ပါက သီးသန့်ခွင့်ပြုချက်ရရှိသော ကုမ္ပဏီသည် ထုတ်လုပ်သူတိုင်း အတွက် အနည်းဆုံး ကန်ဒေါ်လာ (၂၀၀) ပေးရပေလိမ့်မည်။
လေနှင့်မိုး လျှပ်စစ်သို့ အခကြေးငွေ အများအပြား ပေးသွင်းပြီးပါက အမြတ်မည်မျှ ကျန်တော့နိုင်မည်နည်း။ ထို့အပြင် သူတို့နိုင်ငံတွင် လေနှင့်မိုး VCD စက်များ ရောင်းချမှု ရှိပေသေးသည်။ ဖိလိတို့နှင့်လည်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဤကုမ္ပဏီများသည် သီးသန့် ခွင့်ပြုချက်အတွက် ရွေးချယ်ရန် မမိုက်မဲချေ။
သို့ရာတွင် ထိုကုမ္ပဏီများသည် ဖုန်းယွီ၏ အကြံအစည် ဖြစ်ကြောင်း မသိခဲ့ကြချေ။ သူသည် VCD ကိုအသုံးပြုကာ တိတ်ခွေဗွီဒီယိုစက်များကို ဈေးကွက်အတွင်းမှ ပထုတ်ချင်နေခြင်း ဖြစ်သည်။
အရေးကြီးသည့် မူပိုင်ခွင့် နည်းပညာမှာ ဖုန်းယွီ လက်အတွင်း ရှိနေပေသည်။ သူသည် အခြားကုမ္ပဏီများထက် သာနေပေသည်။ လေနှင့်မိုးနှင့် ဖိလစ်သာလျှင် အနာဂတ် DVD စက်များ ထုတ်လုပ်နိုင်ပေသည်။ ဖိလစ်သည်လည်း ထိုနည်းပညာကို အခြားကုမ္ပဏီများအား အသုံးပြုခွင့်ပြုနိုင်သည့် လုပ်ပိုင်ခွင့် မရှိချေ။ အမြတ်အစွန်းများ သိသာ ထင်ရှားသည့် အမြတ်စွန်းပမာဏများသည် ဖုန်းယွီ၏ အိပ်ကပ်အတွင်းသို့ ရောက်သွားပေလိမ့်မည်။
ထိုလူများသည် အမြတ်အစွန်း တစ်ချို့ ရနိုင်သော်လည်း လေနှင့်မိုး လျှပ်စစ်မှ သတ်မှတ်ထားသည့် တရားဝင်ခွင့်ပြုချက် အခကြေးငွေမှာ နည်းသည့် ပမာဏမဟုတ်ချေ။ ထို့အပြင် လေနှင့်မိုး လျှပ်စစ်နှင့် ဖိလစ်တို့သည် မကြာမီ စွမ်းအားမြင့် VCD မိတ်ဆက်ပေးတော့မည်ဖြစ်သည်။ ဤကုမ္ပဏီအားလုံးသည် လေနှင့်မိုး လျှပ်စစ်နှင့် ဖိလစ်တို့အတွက် လမ်းခင်းပေးရမည် ဖြစ်ပေသည်။
“ဘယ်ကုမ္ပဏီမှ သက်ဆိုင်ရာနိုင်ငံမှာ နည်းပညာဆိုင်ရာ သီးသန့်အခွင့်အရေး မလိုချင်ဘူးပေါ့.. ဒါဟာ စက်မှုလုပ်ငန်း စံစနစ်ဆိုင်ရာ စာချုပ်တစ်ခုပါ.. စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေအနေနဲ့ မိတ္တူတွေ ယူနိုင်ပါတယ်.. မေးစရာ မရှိတော့ရင် စာချုပ်မှာ လက်မှတ်ရေးထိုးနိုင်ပါတယ်.. ကြိုတင်ငွေ ပေးချေမှုတွေ ပြီးတာနဲ့ ဆက်စပ်နည်းပညာတွေကို ခွင့်ပြုချက် ရမှာပါ..”
ကျန်းဝမ်မင် စိတ်ပျက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ သို့တိုင်အောင် ၎င်းသည်မှာ ဟန်လုပ်နေခြင်းသာ ဖြစ်ပေသည်။
ဖုန်းယွီသည် သီးသန့်ခွင့်ပြုချက် တောင်းရန် မည်သူမှ မိုက်မဲမည်မဟုတ်ကြောင်း အစကတည်းက ပြောထားပေသည်။ ကျန်းဝမ်မင်ကလည်း ဤသည်ကို မျှော်လင့်ထားခြင်းပင်။ ထို လျှပ်စစ် ကုမ္ပဏီ အားလုံးသည် တစ်ခုနှင့်တစ်ခု အပြိုင်အဆိုင် ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း အကြီးမားဆုံး အကျိုးအမြတ် ရရှိသူမှာ လေနှင့်မိုး လျှပ်စစ်သာ ဖြစ်ပေသည်။
ကမ္ဘာကျော် လျှပ်စစ်ကုမ္ပဏီပေါင်း (၁၀၀)ကျော် တက်ရောက်ခဲ့ပေသည်။ ထို့အထဲမှ တစ်ဝက်လောက်မှာ စာချုပ် ချုပ်ထားလျှင်ပင် နှစ်စဉ်ထုတ်လုပ်သည့် VCD စက် (၁)သန်းကျော် ရှိပေလိမ့်မည်။ ဗွီဒီယို တိတ်ခွေစက်များ မကြာမှီ ဈေးကွက်ဝေစု ဆုံးရှုံးက အသုံးပြုနိုင်တော့မည် မဟုတ်ချေ။
ဈေးကွက်အတွင်း vcd စက်များ ပိုမိုများပြားလာသည့်အခါ VCD အခွေ ဝယ်လိုအား တိုးလာပေလိမ့်မည်။ လေနှင့်မိုး လျှပ်စစ်နှင့် ဖိလစ်တို့သည် ထိုကိစ္စအတွက် ကြိုတင်စီစဉ်ထားပေသည်။ VCD အခွေ ထုတ်ယုံမျှနှင့် များပြားသည့် အမြတ်အစွန်းများ ရနိုင်ပေသည်။ သိုလှောင်နိုင်စွမ်း ပိုမိုမြင့်မားသည့် DVD အခွေထုတ်လုပ်မှုအတွက် VCD အခွေအားလုံး ဖယ်ရှားပစ်ရမည်ပင်။
ထိုကုမ္ပဏီများ ခွင့်ပြုချက်ရပြီးနောက် လေနှင့်မိုး လျှပ်စစ်သည် ၎င်းတို့၏ မူပိုင်ခွင့်ကို အသုံးပြု၍ လုပ်ပိုင်ခွင့်များ ဝယ်ယူထားသည့် ကုမ္ပဏီအရေအတွက်ကို ကြေညာမည်ဖြစ်သည်။ ဤသည်မှာ လေနှင့်မိုး လျှပ်စစ်သည် ကမ္ဘာ့ထိပ်တန်း လျှပ်စစ်ကုမ္ပဏီဖြစ်ကြောင်း သက်သေပြပေလိမ့်မည်။ စက်မှုလုပ်ငန်းမှာ သူတို့ အဆင့်အတန်းနှင့် ကုန်အမှတ်တံဆိပ်တန်ဖိုးက အဆပေါင်းများစွာ တိုးလာပေလိမ့်မည်။
စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် အချင်းချင်း တီးတိုး ပြောဆိုနေကြပေသည်။ ကုမ္ပဏီအချို့သည် VCD စက်များကို အတူတကွ ပူးပေါင်း ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ပြီး အချို့က မပူးပေါင်းကြချေ။ ၎င်းတို့သည် ကုမ္ပဏီငယ်များဖြစ်သည်။ ကုမ္ပဏီကြီးများနှင့်မတူဘဲ ၎င်းတို့တွင် ကျော်ကြားသော အမှတ်တံဆိပ်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ် ကြီးမြင့်မှု မရှိချေ။ ဖြန့်ဖြူးရေးလမ်းကြောင်းများလည်း အားနည်းပေသည်။ စာချုပ် ချုပ်ဆိုမည် ဆိုပါက ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားရပေလိမ့်မည်။
နောက်ဆုံး၌ ကုမ္ပဏီ (၄၆)ခုသာ လက်မှတ်ရေးထိုးခဲ့သည်။ ထိုအထဲမှာ ကုမ္ပဏီ(၄)ခုမှာ တရုတ်ကုမ္ပဏီများ ဖြစ်သည်။
ခွင့်ပြုချက် မဝယ်သည့် ကုမ္ပဏီများ တိတ်ဆိတ်စွာ ငြိမ်သက်နေကြပေသည်။ တရားဝင် ခွင့်ပြုချက် ရထားသူများလည်း သိပ်မပျော်ရွှင်ကြချေ။ ဤလုပ်ငန်းတွင် ပြိုင်ဆိုင်မှု ပြင်းထန်နေပေသည်။
ပြုံးနေသည့် တစ်ဦးတည်းသောသူမှာ ဖုန်းယွီသာပင်။ နည်းပညာဟောင်းမှ ပိုက်ဆံရှာနိုင်ခဲ့ပေသည်။ အမှတ်တံဆိပ်နှင့် နည်းပညာများသည် ကုမ္ပဏီတစ်ခု၏ အသက်သွေးကြောပင် ဖြစ်တော့သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)