← Chapters

အမှတ်တံဆိပ်များ

Vol. 42 Ch. 629

အမှတ်တံဆိပ်များ

Vol. 42 Ch. 629

တရားဝင်ခွင့်ပြုချက် ဝယ်ယူထားသည့် ကုမ္ပဏီများသည် လွန်ခဲ့သော နှစ်များမှာကတည်းက VCD စက်များ ထုတ်လုပ်နိုင်ခဲ့သည်။ သို့ရာတွင် မူပိုင်ခွင့် အကာအကွယ်မရှိသဖြင့် VCD စက်များ မထုတ်လုပ်နိုင်ခဲ့ချေ။

ကုမ္ပဏီများသည် ခွင့်ပြုချက်အတွက် အခကြေးငွေ ကြီးကြီးမားမား ပေးဆောင်နေကြသော်လည်း အမြတ် အစွန်းများ ကျန်နေသေးသဖြင့် လက်ခံနိုင်ကြသေးသည်။ အရေးအကြီးဆုံးမှာ ကုမ္ပဏီများသည် ထိုအခွင့်အရေးကို လက်လွှတ်မခံချင်ကြချေ။ ၎င်းတို့သည် VCD စက်များကိုလည်း ထုတ်လုပ်နိုင်ပြီး တစ်ချိန်တည်းမှာပင် နည်းပညာ အသစ်များကို သုတေသန ပြုလုပ်နိုင်ပေသည်။ နည်းပညာအသစ်များကို တီထွင်နိုင်ပါက နောင်တွင် အမြတ်အစွန်း များ ပိုမိုရရှိနိုင်ပေသည်။

တိုရှီဘာသည်လည်း မူပိုင်ခွင့် ခွင့်ပြုချက် ဝယ်ယူခဲ့ပေသည်။ နိုင်ငံတကာ လျှပ်စစ်ကုမ္ပဏီကြီးများ အားလုံးနီးပါး ခွင့်ပြုချက် ရခဲ့ပေသည်။ ၎င်းတို့ထဲမှာ အချို့သည် ခွင့်ပြုချက်ကို ကိုယ်တိုင်ဝယ်ယူခဲ့ပြီး၊ တစ်ချို့မှာ တခြားကုမ္ပဏီနှင့် ပူးပေါင်းခဲ့ကြပေသည်။ ဆိုနီမှာ ထူးထူးခြားခြားပင်။ မစခင်ကတည်းမှ ဖယ်ထုတ်ခံခဲ့ရပေသည်။

နိုရီရိုအိုဂါသည် ဆိုနီ၏ ကိုယ်စားလှယ်များ ဂျပန်သို့ ပြန်ရောက်သည့်အခါ ဆူပူကြိမ်းမောင်းတော့သည်။ ဆိုနီသည်လည်း ၎င်းတို့၏ VCDစက်များဖြင့် တရုတ်ဈေးကွက်သို့ ဝင်ရောက်ချင်ခဲ့ကြသည်။ သူတို့စက်ရုံများတွင် ထုတ်လုပ်ရေးလိုင်းများပင် ပြင်ဆင်ထားပြီး အလဟသ ဖြစ်ရပေတော့မည်။

ဆိုနီသည် VCDစက်မှ ရရှိမည့် အမြတ်အစွန်းများကို စိတ်ဝင်စားခြင်းမရှိချေ။ နောင်လာမည့် DVD စက်များအတွက် ကြိုတင်ပြင်ဆင်ရန် ၎င်းတို့၏ ဝန်ထမ်းများကို လေ့ကျင့်ပေးလိုခြင်း ဖြစ်သည်။ DVD ၏ အဓိက နည်းပညာသည် ဖုန်းယွီ ပိုင်ဆိုင်ထားသော်လည်း ဆိုနီသည် စက်မှုလုပ်ငန်း စံနှုန်းများ အောင်မြင်စွာ သတ်မှတ်နိုင်ပါက လေနှင့်မိုး လျှပ်စစ်သည် ခက်ခက်ခဲခဲ စွန့်စားရပေလိမ့်ဦးမည်။ DVD အခွေတွင် သိုလှောင်မှု ပိုမြင့်ကာ ရုပ်ပုံအရည်အသွေး ပိုမို ကောင်းမွန်ပေသည်။ ကွန်ပျူတာများတွင်ပင်လျှင် သုံး၍ ရနိုင်ပေသည်။ ၎င်းသည်က ဆိုနီ၏ အနာဂတ် ရည်မှန်းချက်ပင် ဖြစ်သည်။

ဆိုနီသည် VCD စက်များ မထုတ်လုပ်နိုင်ဘဲ၊ DVD လုပ်ငန်းဆိုင်ရာ စံမှုန်းများအတွက် စစ်ပွဲ ဆက်လက်ဖြစ်ပွား နေပေတော့သည်။ အများအပြား ရင်းနှီးမြုပ်နှံထားရကာ အကျိုးအမြတ် သိပ်မရချေ။ ဤသည်မှာ ကုမ္ပဏီအတွက် ကြီးမားသည့် ဆုံးရှုံးမှု တစ်ခုဖြစ်ပေသည်။

သို့ရာတွင် ဆိုနီသည် တိုရှီဘာနှင့် ပူးပေါင်းကာ DVD လုပ်ငန်းဆိုင်ရာ စံနှုန်းများ သတ်မှတ်ခဲ့ပေသည်။ ထို့ကြောင့် နိုရီရိုအိုဂါသည် VCD စက်ထုတ်လုပ်ရန် အတူပူးပေါင်း နိုင်မည်လော ဆွေးနွေးရန် တိုရှီဘာ ဥက္ကဋ္ဌကို ကိုယ်တိုင်ကိုယ် သွားရောက် တွေ့ဆုံခဲ့ပေသည်။

ဆိုနီသည် ထုတ်လုပ်မှုလှိုင်းများကို ပြင်ဆင်ထားပြီး VCD စက်များ ထုတ်လုပ်ရန်အတွက် အသုံးချနိုင်ပေသည်။ အမြတ်ဝေစုကိုသာ လိုချင်ပေသည်။ DVD စက်များကို အတူတကွ တီထွင်နိုင်ပါက ၎င်းတို့၏ ဝင်ငွေသည် လေနှင့်မိုး လျှပ်စစ်ပစ္စည်းများထက်ပင် မြင့်မားနေပေလိမ့်မည်။

တိုရှိဘာသည့် အချိန်အတော်ကြာအောင် စဉ်းထားပြီး ဆိုနီနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့သည်။ တိုရှီဘာသည် ဆိုနီနှင့် ဆက်ဆံမှု များစွာရှိခဲ့ပြီး မစော်ကားလိုချေ။

သို့ရာတွင် ကုမ္ပဏီ (၂)ခုစလုံးသည် ထို VCD စက်အတွက် အမှတ်တံဆိပ်အမည်နှင့်ပတ်သက်၍ အငြင်းပွားခဲ့ ကြပေသည်။ တိုရှီဘာသည် အမည်အား တိုရှိဘာ -ဆိုနီ ဟု အမည်ပေးရန် သဘောမတူချေ။ တိုရှိ-ဆိုနီ ဟူသော အတိုကောက် အမည်ကိုပင် ပယ်ချခဲ့ပေသည်။ တိုရှီဘာသည် သူ့အမှတ်တံဆိပ်ကိုသာ သုံးရန် တောင်ဆိုထားသည်။ ဆိုနီမှာ စွန့်စားရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။ ဆိုနီသည် တိုရှီဘာVCD စက်များ၏ (၄၀)ရာခိုင်နှုန်း ပိုင်ဆိုင်မည် ဖြစ်ပြီး ထုတ်လုပ်ရေးဆိုင်ရာ စက်ရုံများ၊ အလုပ်သမားများနှင့် ရန်ပုံငွေများကိုလည်း ပံ့ပိုးပေးရမည် ဖြစ်သည်။

တိုရှီဘာ VCD စက်များ ဈေးကွက်သို့ ဝင်ရောက်ခဲ့ကြသည်။ သို့ရာတွင် ဂျပန်နိုင်ငံတွင် ၎င်းတို့သည် ရှစ်ပ်၊ ဖူဂျစ်စု၊ ပန်နက်စိုးနစ်။ NEC စသည်တို့၏ ပြင်းထန်သော ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ဤထိပ်တန်း လျှပ်စစ် ကုမ္ပဏီများအားလုံးသည် ၎င်းတို့၏ VCD စက်များကို ဈေးကွက်သို့ မိတ်ဆက်ပေးခဲ့သည်။

တိုရှီဘာ VCD စက်များအတွက် ထုတ်လုပ်မှုစွမ်းရည်နှင့် စွမ်းဆောင်ရည် မြင့်မားမှုကြောင့် ထုတ်လုပ်မှု နည်းပါးခဲ့ပေသည်။ သို့ရာတွင် ကျန်ကုမ္ပဏီများက အားကောင်းပေသည်။ ကုမ္ပဏီများ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်က အတူတူသာပင်။ ၎င်းတို့အားလုံးသည် စားသုံးသူများကို ဆွဲဆောင်ရန် ၎င်းတို့၏ လက်လီဈေးနှုန်း များကို လျော့ချရန် လုပ်နိုင်ကြပေသည်။

ထိုအချိန်တွင် ဂျပန် VCD ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားသည့် အိုက်ဝါ ကုမ္ပဏီသည် တိတ်ဆိတ် ငြိမ်သက်နေပေသည်။ လက်လီဈေးပင် မလျော့ချခဲ့ချေ။

ဂျပန်နိုင်ငံတွင်သာမက VCD အမှတ်တံဆိပ်များစွာကိုလည်း ဥရောပ၊ အမေရိကနှင့် အခြားဒေသများတွင် ပေါ်ထွက်ခဲ့သည်။ တရုတ်နိုင်ငံတွင်ပင် VCD အမှတ်တံဆိပ် အသစ်များ ပေါ်လာတော့သည်။

ဖုန်းယွီသည် နိုင်ငံရပ်ခြားများကို ဂရုမစိုက်ချေ။ သို့ရာတွင် တရုတ်နိုင်ငံ စက်ရုံ (၄)ရုံကို ရှင်းလင်း ပြောပြခဲ့ပေသည်။ ၎င်းတို့သည် VCD စက်များကို ထုတ်လုပ်နိုင်သော်လည်း ဈေးနှုန်းစစ်ပွဲအတွက် လက်လီဈေးနှုန်းများ လျော့ချလိုပါက လေနှင့်မိုးနှင့် အိုက်ဝါ VCD သည်လည်း ဈေးနှုန်း စစ်ပွဲအတွင်း ဝင်ရောက်ရပေလိမ့်မည်။ သို့မှသာ ထိုအဖြစ်အပျက်များ နိဂုံးချုပ်သွားတော့သည်။

ဖုန်းယွီသည် လက်လီဈေးနှုန်းများ တိုးမြှင့်ရန် မတောင်းဆိုခဲ့ချေ။ ဖုန်းယွီက လေနှင့်မိုး လျှပ်စစ်နှင့် အိုက်ဝါ လျှပ်စစ်တို့၏ အဓိက ပစ်မှတ်သည် နိုင်ငံရပ်ခြားဖြစ်ကြောင်း အသိပေးခဲ့သည်။ သို့ရာတွင် သူတို့ထဲမှ တစ်ယောက် ယောက်သည် အိမ်နောက်ဖေး ပြဿနား ဖန်တီးချင်ပါက မိမိအား အပြစ်မတင်သင့်ကြောင်း သတိပေးခဲ့သည်။

ဖုန်းယွီသည် ၎င်းတို့၏ VCD စက်များကို စင်ပေါ်တွင် ဆက်လက်ထားရှိစေပြီး ၎င်းတို့၏ အသိုက်အမြုံကို ဆုံးရှုံးစေမည် ဖြစ်ပေသည်။

VCD ခွင့်ပြုချက် ဝယ်ယူသည့် ကုမ္ပဏီများသည် အပ်ငွေများ ပေးသွင်းရမည် ဖြစ်သည်။ ကုမ္ပဏီများသည် တစ်နှစ်လျှင် အနည်းဆုံး ယူနစ်(၁၀၀၀၀) ရောင်းချခဲ့ရသည်။ လေနှင့်မိုး လျှပ်စစ်သည် ၎င်းကို စံသတ်မှတ်ချက်အဖြစ် သတ်မှတ်ပြီး ကုမ္ပဏီတိုင်းမှ စုဆောင်းထားသော အပ်ငွေများသည် မည်သည့် ကုမ္ပဏီမဆို ရည်မှန်းချက် မဖြည့်ဆည်းနိုင်ပါ စပေါ်ငွေ ဆုံးရှုံးသွားမည် ဖြစ်ပေသည်။ ဒုတိယနှစ်အတွက် တရားဝင်ခွင့်ပြုချက် ကုန်ဆုံးတော့မည် ဖြစ်သည်။

ကုမ္ပဏီ တစ်ခုစီအတွက် စပေါ်ငွေမှာ ကန်ဒေါ်လာ (၅၀၀၀၀၀)ဖြစ်သည်။ ကုမ္ပဏီပေါင်း (၄၆)ခုရှိပေသည်။ စပေါ်ငွေ တစ်ခုနတည်းတွင် လေနှင့်မိုး လျှပ်စစ်သည် အမေရိကန်ဒေါ်လာ (၂၃)သန်း စုဆောင်းနိုင်ခဲ့သည်။ ပိုမို အဆင့်မြင့်သော စွမ်းအားမြင့် VCD များ ထုတ်လုပ်ရန်အတွက် ထုတ်လုပ်ရေးလိုင်းများ ချဲ့ထွင်ရန် အသုံးပြု လိုက်သည်။

လေနှင့်မိုး လျှပ်စစ်၊ အိုက်ဝါ လျှပ်စစ်နှင့် အိုက်ဝါ ကုမ္ပဏီ၏ စက်ရုံများအားလုံးကို အဆင့်မြှင့်တင်ပြီး ၎င်းတို့သည် ထုတ်လုပ်ရေးလိုင်းများ တိုးချဲ့လျှက်ရှိပေသည်။

ယခုမူ အားလုံးသည် VCD ခေတ် ရောက်ပြီဖြစ်ကြောင်း ဖုန်းယွီနှင့်အတူ သဘောတူလိုက်ကြတော့သည်။ ဖုန်းယွီ၏ အဆင့်မြင့် VCD စက်ကို သုံးဆွဲသူများက သာ၍ပင် အလွယ်တက လက်ခံနိုင်ကြပေလိမ့်မည်။ စွမ်းအားမြင့် VCD စက်တွင် ပိုမိုသိမ်းဆည်းနိုင်ခြင်း၊ ပုံရိပ်ဖော် အရည်အသွေး ပိုမိုကောင်းမွန်ခြင်းနှင့် လုပ်ဆောင်ချက် ပိုမိုများပြားစွာ ပါဝင်ပေသည်။ လေနှင့်မိုးသည် စက်မှုလုပ်ငန်းကို ဦးတည်ကာ အထူးခြားဆုံးသော ဈေးကွက်ဝေစုကို ရယူရန် ဦးတည်နေမည် ဖြစ်သည်။

VCD ဈေးကွက်ဝေစုကို အခြားကုန်အမှတ်တံဆိပ်များစွာက ရယူထားသော်လည်း ဈေးကွက်ဝေစု ယှဉ်ပြိုင်နေကြပေသည်။ လေနှင့်မိုး လျှပ်စစ်၏ အမြတ်ငွေများ ပိုမို များပြားလာပေသည်။

VCD စက်များကို ထုတ်လုပ်သည့် ကုမ္ပဏီများစွာသည် လေနှင့်မိုး လျှပ်စစ်နှင့် ပူးပေါင်းဆောင်ရွက်နေသော ဖိလစ်သည် ၎င်းတို့၏ VCD စက်များကို အဘယ့်ကြောင့် မိတ်ဆက်မပေးခဲ့သည်ကို သိချင်နေကြသည်။ ၎င်းတို့တွင် မူပိုင်ခွင့် ခွင့်ပြုချက် ရှိရပေလိမ့်မည်။

တရုတ်နိုင်ငံမှလွဲ၍ အခြားဈေးကွက်များတွင် VCD စက်များ၏ ဈေးနှုန်းများ ကျဆင်းလာသည်။ လေနှင့်မိုး VCD စက်နှင့် အိုက်ဝါ VCD စက်များ ရောင်းအား ကျဆင်းခဲ့သည်။ ထိုဈေးကွက်များအား စွန့်လွှတ်လိုက်ကြခြင်းလော။

ဤသည်က မဖြစ်နိုင်ချေ။ ကုမ္ပဏီများသည် လေနှင့်မိုး လျှပ်စစ်သည် ဈေးကွက်ကို အထင်အမြင်လွှဲမှားစေကာ ခွင့်ပြုချက်များစွာကို ထုတ်ပေးသည်ဟု ကုမ္ပဏီများက ယူဆကြသည်။ ထို့ကြောင့် ၎င်းတို့၏ VCD စက်များ၏ အမှတ်တံဆိပ် စွမ်းဆောင်ရည် ညံ့ဖျင်းမှုကို ဖြစ်စေပေသည်။

လေနှင့်မိုး လျှပ်စစ်ပစ္စည်းများသည် အမှားတစ်ခု ပြုလုပ်ခဲ့ပေသည်။ မူပိုင်ခွင့် ခွင့်ပြုချက် အခကြေးငွေ အနည်းငယ် အတွက် VCD စက်များမှ အမြတ်ငွေများ ဆုံးရှုံးသွားကြသည်။

အပျော်ဆုံး ကုမ္ပဏီမှာ ဆိုနီဖြစ်သည်။ သင့်အမှုထမ်းအဖြစ်နှင့် ဈေးကွက်ရှယ်ယာများကို မိမိတို့ထံမှ လုယူနိုင်မည် ထင်နေသည်လော။ မိမိတို့သည် ရုပ်ရှင်နှင့် ဂိမ်းလုပ်ငန်းကို အာရုံစိုက်နေသောကြောင့် လေနှင့်မိုး၊ ဖိလစ်တို့အနေဖြင့် မိမိထံမှ သီချင်းဖွင့်စက် ဈေးကွက်ကိုသာ သိမ်းပိုက်နိုင်ပေလိမ့်မည်။

ယခု မိမိတို့သည် VCD ဈေးကွက်ဝေစုကို သိမ်းပိုက်ထားပြီး ဖြစ်သည်။ ကြွားဝါထားသည့် စွမ်းအားမြင့် VCD မည်သည့်နေရာတွင်နည်း။ အချောမသတ်ရသေးသည်လော။

VCD ဈေးကွက် ပိုမို ရှိလာလေလေ ဆိုနီ ပို၍ ပျော်လေလေဖြစ်သည်။ ဆိုနီသည် VCD စက်များမှ ငွေမရှာသော်လည်း ဆိုနီသည် ကိုလံဘီယာ ရုပ်ရှင်၏ လုပ်ပိုင်ခွင့် တန်ဘိုးမှာ မြင့်တက်လာခဲ့ပေသည်။

ဆိုနီသည် VCD စက်များအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ပေသည်။ သို့ရာတွင် ဆိုနီက VCD အခွေများကို ကိုယ်တိုင်ထုတ်လုပ်ခဲ့ပေသည်။ ဆိုနီသည် ၎င်းတို့ VCD အခွေရောင်းချမှုမှ အမြတ်အစွန်းများစွာ ရခဲ့ပေသည်။ သူတို့သည် ရုပ်ရှင်ကုမ္ပဏီများနှင့် ဓာတ်ပြား တံဆိပ်များစွာကိုလည်း ပိုင်ဆိုင်ထားပေသည်။ ဆိုနီသည် ဤ VCD စစ်ပွဲတွင် အမှန်တကယ် အောင်နိုင်သူဖြစ်သည်။

ဖုန်းယွီက ဖူကွမ်းကျန့်ကို ရုပ်ရှင် လုပ်ပိုင်ခွင့်များ တတ်နိုင်သမျှ ဝယ်ပေးရန် တောင်းဆိုခဲ့သည်။ သို့ရာတွင် အချို့သော အခွင့်အရေးများကို ဝယ်ယူ၍ မရနိုင်ချေ။ ဆိုနီနှင့် နီးစပ်သည့် ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ပိုင်ခွင့် များကို ဖူကွမ်းကျန့်အား ရောင်းချရန် ငြင်းဆိုခဲ့သည်။

သို့ရာတွင် ဖုန်းယွီမှာ သိပ်စိတ်မပူချေ။ သူ့လက်တွဲဖော်မှာ ဖိလစ် ဖြစ်ပေသည်။ ဖိလစ်တွင် ၎င်း၏ကိုယ်ပိုင် အမှတ်တံဆိပ်များနှင့် အဆက်အသွယ်များစွာ ရှိပေသည်။ ဖုန်းယွီ ဤသည်ကို သုံးနိုင်ပေသည်။

ကမ္ဘာ့အကြီးဆုံး VCD အခွေထုတ်လုပ်သူမှာ လေနှင့်မိုး လျှပ်စစ်သာ ဖြစ်ပေသည်။ စက်ရုံများသည် VCD အခွေများ ထုတ်လုပ်ရန်သာမက DVD စက်စနစ်နှင့် ကိုက်ညီမည့် စွမ်းအားမြင့် VCD စက်များကိုလည်း ထုတ်လုပ်ရန် လိုအပ်ပေသည်။

စွမ်းအားမြင့် VCD စက်ကို ကြေညာလိုက်သည့်အခါ ဤကုမ္ပဏီများသည် သူတို့ နှလုံးသားများမှပင် အော်ဟစ် နေကြပေလိမ့်မည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters