← Chapters

အမှတ်တံဆိပ်ကို ပြုစုပျိုးထောင်ခြင်း

Vol. 42 Ch. 630

အမှတ်တံဆိပ်ကို ပြုစုပျိုးထောင်ခြင်း

Vol. 42 Ch. 630

“အစ်ကိုဖုန်း ဘာလို့ စွမ်းအားမြင့် vcd စက် ချမပြသေးတာလဲ.. စွမ်းအားမြင့် VCD နည်းပညာ၊ မင်းရဲ့ MPEG-9၊ အသံလိုင်း (၄)ခု၊ အချိန်မှတ်စနစ်တွေအားလုံး တီထွင်ထားတယ်လို့ ကျန်းဝမ်မင် ဆီက ငါကြားထားတယ်.. မင်းဘာကို စောင့်နေတာလဲ..”

ဖူကွမ်းကျန့် စိတ်မရှည်တော့ချေ။ ပြည်ပ VCD အမှတ်တံဆိပ်များသည် တရုတ်ဈေးကွက်သို့ စတင်ဝင်ရောက် လာကာ လေနှင့်မိုး လျှပ်စစ် ပစ္စည်း အမြတ်အစွန်းများ လျော့နည်းလာပေသည်။

ဖူကွမ်းကျန့်သည် ယခုပင် စွမ်းအားမြင့် VCD စက်ကို မိတ်ဆက်ပေးချင်ပေသည်။ နည်းပညာ ပြီးပြည့်စုံမှု မရှိသေးသော်လည်း အသွင်းကူးပြောင်းရေး ထုတ်ကုန်ကို အရင်ဆုံး မိတ်ဆက်နိုင်ပေသည်။ လအနည်းငယ်ကြာတွင် ပို၍ကောင်းမွန်သည့် ထုတ်ကုန်တစ်ခုအား မိတ်ဆက်ပေးနိုင်ပေသည်။

အခြားသူများ၏ အိတ်အတွင်းသို့ ငွေများစီးဆင်းနေသည်ကို မြင်ရသည့်အခါ နာကျင်ရပေသည်။

“အစ်ကိုဖူ ဘာဖြစ်နေတာလဲ.. ဈေးကွက်က မငြိမ်သေးဘူး.. သာမန် ဗွီဒီယို တိတ်ခွေတွေ ဈေးကွက်ထဲမှာ မကုန်သေးဘူး.. လေဆာအခွေကနေ အမြတ်အစွန်းတွေ ရနေတုန်းပဲ.. ခဏ စောင့်ရအောင်ပါ..”

ဖုန်းယွီ ကောက်ဖီ တစ်ငုံသောက်ကာ အေးအေးဆေးဆေးသာ ပြန်ဖြေလိုက်သည်။

“ဈေးကွက်ကြီးဖို့ စောင့်နေတာလား.. တရုတ်နိုင်ငံ အပြင်မှာ ဈေးကွက် ကြီးလာနေပါပြီကွာ.. နိုင်ငံခြား အမှတ်တံဆိပ် များစွာသည် ဈေးကွက်ဝေစုအတွက် တိုက်ပွဲဝင်နေကြပြီ.. ငါတို့က မူပိုင်ခွင့်အတွက် ငွေတွေ ရနေပေမယ့် ကိုယ်တိုင် ထုတ်လုပ်မယ်ဆိုရင် အမြတ်တွေ နှိုင်းယှဉ်ကြည့်.. ရတာက နည်းလွန်းတယ်..”

VCD စက်အတွက် ကန်ဒေါ်လာ (၅၀) ဖြစ်ပေသည်။ သို့ရာတွင် ကိုယ်ပိုင် VCD စက်များအား ထုတ်လုပ်ပါက အမြတ်ငွေသည် ကန်ဒေါ်လာ (၃၀၀)ကျော်ပေလိမ့်မည်။ ယခုအချိန်တွင် အမှတ်တံဆိပ်များ ပိုများလာကာ အမြတ်ငွေ ကျဆင်းနေချိန်၌ပင် အမြတ်ငွေ အနည်းဆုံး ကန်ဒေါ်လာ(၂၀၀) ရှိပေသည်။

ဖုန်းယွီ မည်သည်ကို တွေးနေသနည်း။ အမြတ်ငွေများအား လက်လွှတ်ထားသည်လော။

ဖုန်းယွီသည် စက်မှုလုပ်ငန်း စံနှုန်းသတ်မှတ်ရန် သုတေသန ရန်ပုံငွေများကို တိုးမြှင့်ကာ ဒုတိယမျိုးဆက် နည်းပညာကို အောင်မြင်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ဖိလစ်နှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည့်အခါ ဖူကွမ်းကျန့် အလွန်ပျော်ရွှင်ခဲ့ပေသည်။

ကုမ္ပဏီတစ်ခုသည် စက်မှုလုပ်ငန်း တစ်ခုအတွက် စံနှုန်း သတ်မှတ်မည် ဆိုပါက ကုမ္ပဏီသည် စက်မှုလုပ်ငန်းတွင် ထိပ်တန်း ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုလိုပေသည်။

သို့ရာတွင် စက်မှုလုပ်ငန်း စံနှုန်းများကိုသာ သတ်မှတ်၍ မရချေ။ ယခုအခါ ကုမ္ပဏီအများ အပြားသည် ၎င်းတို့၏ ကုတ်နံပတ်များ တီထွင်ရန် အပြိုင်အဆိုင် လုပ်ဆောင်လာကြသည်။ သင်၏ ကုတ်နံပါတ် နည်းပညာကို တီထွင်အောင်မြင်ပါက အဆင်ပြေသွားမည် ဖြစ်သည်။ သို့ရာတွင် မိမိကျရှုံးပါက မိမိသည် အခြားကုမ္ပဏီတစ်ခု၏ ကုတ်နံပတ် နည်းပညာကို လိုက်နာရမည် ဖြစ်သည်။ သူများနောက်လိုက် ဖြစ်ရပေလိမ့်မည်။

ဖူကွမ်းကျန့်သည် ၎င်းတို့၏ အမှတ်တံဆိပ် အားသာချက်ကို ထိန်းသိမ်းထားလိုပြီး လေနှင့်မိုး VCD ကို ကမ္ဘာ့အကြီးဆုံး VCD စက်ထုတ်လုပ်သူ အဖြစ် ဆက်လက်ထားရှိစေသည်။ သူတို့သည် လုပ်ငန်းကို ဦးဆောင်ပြီး တစ်ချိန်တည်းတွင် အမြတ်အစွန်းများ ရရှိမည်ဖြစ်သည်။ သို့ရာတွင် ဖုန်းယွီ သူ့စကား နားမထောင်ချေ။

ဖူကွမ်းကျန့်သည် သမားရိုးကျ ဗွီယိုတိတ်ခွေနှင့် လေဆာချပ်ပြားကို အနိုင်ယူခြင်း၏ အရေးပါမှုကို နားလည်သဘော ပေါက်ခဲ့သည်။ သို့ရာတွင် တစ်နှစ်စောသည်နှင့် တစ်နှစ်နောက်ကျခြင်းမှာ မည်သို့ကွာခြားသနည်း။ ဤသည်မှာ ယခင်က ဖုန်းယွီ ပြောခဲ့သည့်စကားများပင်။ ယခုမူ မည်သည့်အတွက် ဤသို့ပြုလုပ်နေပေသနည်း။

“အစ်ကိုဖူ စိတ်မပူပါနဲ့.. မကြာချင်ပဲ အဲ့ကုမ္ပဏီတွေ ကျုပ်တို့နောက်မှာ ပြတ်ကျန်ခဲ့ကြလိမ့်မယ်.. ငါတို့ စွမ်းအားမြင့် VCDစက်ရဲ့ စွမ်းဆောင်ရည်ကိုလဲ တွေ့ပြီးကြပြီ.. ဒါပေမယ့် စွမ်းအားမြင့် VCDစက်က မပြည့်စုံသေးဘူး.. တော်တော် လေးပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ချလို့ မရသေးဘူး.. အပူငွေ့ပျံခြင်းက နောက်ပြဿနာ တစ်ခုပဲ။ အဲဒါတွေ ဖြေရှင်းဖို့ လိုတဲ့အပြင် သိပ်မကြာခင် ပြီးတော့မှာ.. ထုတန်ကုန်အသစ် တစ်ခု မိတ်ဆက်ပေးတော့မယ်ဆိုရင် လုံးဝ မတူတဲ့ ထုတ်ကုန်တစ်ခု ငါတို့ မိတ်ဆက်ပေးရမှာပေါ့.. တခြားကုန်အမှတ်တံဆိပ်တွေကို ငါတို့ရဲ့ စားကြွင်းစားကျန် စားခွင့် ပေးမှ ရမယ်..”

“မင်းရဲ့ စွမ်းအားမြင့် VCD စက်ကို ဘယ်လောက်တောင် ကွာခြားချင်တာလဲ.. တော်လောက်ပါပြီ.. နောက်ထပ် နည်းပညာအသစ်က DVD စက်အတွက် မို့လား.. ငါတို့ရဲ့ နောက်ဆုံးထွက် ပစ္စည်း မိတ်ဆက်တဲ့အခါ ဈေးကွက်မှာ ပြည့်နှက်နေရင် ဘယ်လိုဖြစ်သွားမလဲ..”

ဖူကွမ်းကျန့် စိတ်ပူသွားပေသည်။

မိသားစု တစ်ခုသည် VCD စက်တစ်လုံးသာ တတ်နိုင်ပေသည်။ မိသားစုတစ်ခုလျှင် ဘယ်နှလုံး ဝယ်နိုင်မည်နည်း။ မိသားစု အများစု၊ အထူးသဖြင့် တရုတ်နိုင်ငံတွင် ဝင်ငွေတိုးလာသော်လည်း ဤVCD စက်သည် TV ကဲ့သို့ပင်။ မိသားစု များစွာသည် TV ဝယ်ပြီးနောက် (၁၀)နှစ်ကျော်ကြာအောင် သုံးဆွဲမည်ဖြစ်သည်။ ထို TV အလုပ် ကောင်းကောင်း လုပ်နေသရွေ့ ပြောင်းလဲမည် မဟုတ်ချေ။

လေနှင့်မိုး စွမ်းအားမြင့် VCD ကို မိတ်ဆက်သည့်အချိန်တွင် လူအများစုသည် ပုံမှန် VCD စက်များ ဝယ်ယူကြပေလိမ့်မည်။ စက်အသစ်များသည် ပိုကောင်းသော်လည်း ထိုလူများသည် အသစ်ကို ချက်ချင်း ပြောင်းမည် မဟုတ်ချေ။ ဈေးကွက် ကြီးပွားလာလျှင်ပင် ဈေးကွက်သည် လေနှင့်မိုးလျှပ်စစ်၊ အိုက်ဝါလျှပ်စစ်တို့နှင့် သက်ဆိုင်လိမ့်မည် မဟုတ်ချေ။

ထို VCD ကုမ္ပဏီ အများစုသည် ကမ္ဘာ့အဆင့်မှီ လူသုံးလျှပ်စစ် အမှတ်တံဆိပ်များ ဖြစ်ပေသည်။ ဒေသများစွာတွင် သစ္စာရှိ ဖောက်သည်များ ရှိပေသည်။ ၎င်းတို့ထုတ်ကုန်များသည် အခြားအမှတ်တံဆိပ်များလောက် မကောင်း လျှင်ပင် စားသုံးသူများသည် ဆက်လက်သုံးစွဲနေမည်ပင်။

အဆိုပါ ထိပ်တန်း လူသုံးလျှပ်စစ် အမှတ်တံဆိပ်များသည် ၎င်းတို့၏ ကိုယ်ပိုင် နယ်မြေများ ရှိပေသည်။ အခြား အမှတ်တံဆိပ်တစ်ခုသည် ၎င်းတို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်ရန် ခက်ခဲပေသည်။ ဆိုနီ လမ်းလျှောက် သီချင်း ဖွင့်စက်မှာ နမူနာပင်။ အိုက်ဝါမှ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဆိုနီ လမ်းလျှောက် သီချင်းဖွင့်စက်မှာ ကမ္ဘာ့ နံပတ်(၂) နေရာတွင် ရှိနေမြဲပင်။ ဆိုနီသည် သစ္စာရှိ ဖောက်သည် များစွာ ရှိနေသောကြောင့်ပင်။

ထို့အပြင် အိုက်ဝါ ကြီးထွာလာရန် ဆိုနီ ခွင့်ပြုခဲ့ပေသည်။ ယခုအခါ ဖုန်းယွီသည် ဤစက်မှုလုပ်ငန်းတွင် ယှဉ်ပြိုင်သည့် အမှတ်တံဆိပ် အရေအတွက်ကို တိုးမြှင့်ခဲ့သည်။ လေနှင့်မိုး VCD စက်များကို ဈေးကွက်မှ ထုတ်ပယ်ခြင်း မပြုသော်လည်း ဈေးကွက်ဈေစုနှင့် ရောင်းအား ကျဆင်းသွားခဲ့သည်။ ယခုအခြေအနေအတိုင်း ဆက်လက် လုပ်ဆောင်ပါက ဤVCD အမှတ်တံဆိပ်သည် အသုံးပြုနိုင်တော့မည် မဟုတ်ချေ။

“အစ်ကိုဖူ တခြား တံဆိပ်တွေ မပေါ်ခင်က ငါတို့ VCD စက်ရောင်းရငွေက ဘယ်လောက်လဲ.. လေနှင့်မိုး၊ အိုက်ဝါနဲ့ နိုင်ငံခြားပို့ အမှတ်တံဆိပ်တွေ ပေါင်းလိုက်ရင် ထောင်ဂဏန်းလောက်ရှိမယ်.. ရလဒ်က ကျေနပ်စရာ မရှိဘူး.. ဒါပေမယ့် အခုအချိန် အမှတ်တံဆိပ် တော်တော်များများ ဈေးကွက်ထဲကို ရောက်လာပြီ… ရောင်းနိုင်လိုက်တဲ့ vcd စက် အလုံးရေ ဘယ်လောက်လဲဆိုတာ ငါသိတယ်.. တစ်လတောင် မပြည့်သေးဘူး VCD စက်အလုံးရေ (၅)သိန်းကျော် သွားပြီ.. ပြီးခဲ့တဲ့ (၂)နှစ်ကထက် ပိုရောင်းရတယ်..”

ဖူကွမ်းကျန့် မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းယွီ မည်သည့်အတွက် အလွန်ပျော်နေသနည်း။ စိတ်ပူနေ သင့်ပေသည် မဟုတ်လော။

“အစ်ကိုဖူ မင်းငယ်ငယ်တုန်းက အိမ်တိုင်းမှာ TV တစ်လုံးပိုင်လား မှတ်မိသေးလား..”

ဖုန်းယွီ မေးလိုက်သည်။

“ဟောင်ကောင်က တရုတ်ထက် ပိုအဆင့်မြင့်ပေမယ့် ငယ်ငယ်တုန်းက အိမ်တိုင်း TV မပိုင်ဘူး.. အခုချိန်ထိအောင် TV မတတ်နိုင်တဲ့ အိမ်ထောင်စုတွေ ရှိသေးတယ်.. ဆင်းရဲတဲ့သူတွေဆိုတာ နေရာဒေသတိုင်းမှာ ရှိတယ်လေ..”

“အစ်ကိုဖူ.. ငါပြောချင်တာ အဲ့ဒါမဟုတ်ဘူး.. TV ကို လူကြိုက်များမှုနှုန်း.. ဟောင်ကောင် အကြောင်းတော့ မသိဘူး.. တရုတ်အကြောင်းတော့ ငါသိတယ်.. ပြီးခဲ့တဲ့ (၁၀)နှစ်က အဖြူအမည်း TV ခေတ်.. အဲ့တုန်းက တရုတ်နိုင်ငံက အိမ်ထောင်စု တော်တော်များများ မဝယ်နိုင်ကြဘူး.. TV ကို မင်္ဂလာဆောင်တွေမှာလောက်ပဲ ဝယ်ကြတယ်.. ပြီးခဲ့တဲ့ (၅)နှစ်က အဖြူအမည်း TV နိဂုံးချုပ်ပြီး ရောင်စုံ TV တွေ အစားထိုးလာတယ်.. အခုဆို ရောင်စုံTV မှာတောင် လူတွေက ပိုကြည်လင်မယ်.. ပိုကြီးမယ့် မျက်နှာပြင်တွေ လိုချင်ကြတယ်.. အဲ့ဒါ ခေတ်ရေစီးကြောင်းပဲ..”

“ဒါပေမယ့် နည်းပညာက တိုးတက်ပြောင်းလဲနေပြီ.. သုံးတဲ့သူအရေအတွက် တိုးလာတယ်ဆိုတာ သဘောပေါက်လား.. TV နည်းပညာ တိုးတက်ပြောင်းလဲလာတိုင်း သုံးစွဲတဲ့သူ အရေအတွက် တိုးလာတယ်.. TV တွေ အဖြူအမည်းကနေ ရောင်စုံကို ပြောင်းလဲတဲ့အချိန် ဖြစ်သွားတာပဲ.. TV မျက်နှာပြင် (၁၀)လက်မကနေ လက်မ(၂၀)အထိ တိုးလာတော့လဲ အတူတူပဲ.. အရင်ဆုံး TV ဈေးကွက်ကို အဖြူအမည်း TV တွေ ဖန်တီးခဲ့ပြီး ဈေးကွက်ကို ကြီးပွားတိုးတက်စေတာက ရောင်စုံTV တွေ.. နောက်ဆုံးကျ ဈေးကွက်ဝေစု အများစုရထားတာ မျက်နှာပြင်ကျယ် TV ထုတ်လုပ်တဲ့ ကုမ္ပဏီတွေပဲ..”

ဖူကွမ်းကျန့် စိတ်ရှုပ်သွားတော့သည်။

“ငါတို့က အဖြူအမည်း TV တွေ.. ဟိုကုမ္ပဏီတွေက ရောင်စုံTV တွေလို့ ပြောချင်တာလား.. အရည်အသွေး ပိုကောင်းတဲ့ ရောင်စုံTV တွေ ထုတ်လုပ်မယ့် အမှတ်တံဆိပ်တွေ လား..”

ဖုန်းယွီ ခေါင်းညိတ်ကာ..

“VCD ရဲ့ အနာဂတ်က TV နဲ့အတူတူပဲ.. အိမ်ထောင်စုတိုင်း (၁)လုံးဝယ်ကြတော့ ဈေးကွက်က အရမ်းကျယ်တယ်.. ငါတို့ အခု စိတ်ပူစရာ မလိုဘူး.. နည်းပညာအသစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဈေကွက် ချဲ့ထွင်ဖို့ပဲ အာရုံစိုက်.. အဲ့ကုမ္ပဏီတွေ ငါတို့အတွက် ဈေးကွက် ဖွင့်ပေးလိမ့်မယ်..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters