← Chapters

နတ်လက်နက်များ၏ တိုက်ပွဲ

Vol. 5 Ch. 76

နတ်လက်နက်များ၏ တိုက်ပွဲ

Vol. 5 Ch. 76

" ဒီလက်နက်တစ်ရာကျော်အားလုံးက နတ်လက်နက်တွေလား။ " လင်းယွမ်က သေချာကြည့်နေပြီး သူ၏ အမူအရာက မှင်သက်နေသည်။

သူတော်စင်စိတ်နှလုံးကြေးမုံ အစိတ်အပိုင်း၏ မှတ်ဉာဏ်များကို ကြည့်ပြီး သူက လက်နက်အရေအတွက်ကို အတည်ပြုလိုက်နိုင်သည်။ လင်းယွမ်၏ လက်ရှိရှုထောင့်က ပြည့်စုံသော နတ်လက်နက် သူတော်စင်စိတ်နှလုံးကြေးမုံပင် ဖြစ်၏။

" ဒါဆို လွန်ခဲ့တဲ့ နှစ်တစ်သောင်းက နတ်လက်နက်အရေအတွက်က တစ်ရာအတိအကျလား။ " လင်းယွမ်က တွေးလိုက်၏။

နှစ်နှစ်ဆယ် ကြာပြီးနောက် သူက နတ်လက်နက်များ၏ အချက်အလက်များကို သိခဲ့ရသည်။ အချက်အလက်များအရ ရှေးခေတ်အချိန်များတွင် နတ်လက်နက်များ၏ အရေအတွက်က ၃၆လက်ထက် ပိုခဲ့လေသည်။ နောက်ပိုင်း အချို့အကြောင်းရင်းများကြောင့် နတ်လက်နက်အများစုက ပျောက်ကွယ်သွားခဲ့သည်။ သို့သော် လက်နက်အရေအတွက် မည်မျှရှိသည်ကို တိကျသော အချက်အလက်များ မရှိပေ။

ယခု လင်းယွမ်က သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစ၏ မှတ်ဉာဏ်များကို ကြည့်ပြီး နတ်လက်နက်အရေအတွက် အတိအကျကို အတည်ပြုနိုင်ခဲ့သည်။

တစ်ရာ။ နတ်လက်နက် တစ်ရာ။

လင်းယွမ်က ထိုနတ်လက်နက်များကို ဆက်လက်လေ့လာနေသည်။

ဝုန်း....

အလယ်ရှိ မျှော်စင်တစ်ခုနှင့် တူသော နတ်လက်နက်က လှုပ်ခါသွားသည်။ ၎င်း၏ ကြီးမားသော စွမ်းအားက ပေါက်ကွဲထွက်လာပြီး အခြားနတ်လက်နက်များကို ထိခိုက်သွားခဲ့သည်။ ၎င်းက အခြားနတ်လက်နက်များကို အတင်အကျပ် လှုပ်ရှားသွားစေခဲ့သည်။

နေနှင့်လကို ရေးထွင်းထာယသော လှံက ရှေ့သို့ ညင်သာစွာ ထိုးစိုက်သွားပြီး ၎င်း၏ ထက်ရှသော အော်ရာက ယပ်တောင်သဏ္ဍန် နတ်လက်နက်ကို တိုက်ရိုက် ထိုးဖောက်သွားသည်။

နတ်လက်နက်များကြားတွင် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်နှင့်မြေပြင်ကြားတွင် ဝရုန်းသုန်းကား ဖြစ်နေ၏။ ထိုတိုက်ပွဲက မြေပြင်နှင့် ဝေးသော ကောင်းကင်ဘုံကိုးခုမှာ မဖြစ်ခဲ့လျှင် အလယ်ပိုင်းလွင်ပြင် ၃၆နိုငံက ယခုထိ ရှိနေတော့မည်မဟုတ်ပေ။

တိုက်ပွဲက လများစွာ ကြာခဲ့လေသည်။ အဆုံးတွင် နတ်လက်နက်အများစုက အပိုင်းအစများအဖြစ် ပျက်ဆီးသွားပြီး ကမ္ဘာ၏ အရပ်လေးမျက်နှာသို့ ပျံ့ကြဲသွားသည်။ နတ်လက်နက် ၃၆လက်သာ တိုက်ပွဲတွင် ကျန်ရစ်ခဲ့သည်။

ထိုနတ်လက်နက် ၃၆လက်ထဲတွင် မဟာယန်နိုင်ငံ၏ နိုင်ငံကာကွယ်ရေးလက်နက် နေလလှံလည်း အပါအဝင်ဖြစ်၏။ နေလလှံ၏ အော်ရာက အနည်းငယ် မတည်ငြိမ်သော်လည်း ၎င်းက အောင်နိုင်သူဖြစ်သည်မှာ ထင်ရှားနေသည်။

" နတ်လက်နက်တွေကြားက တိုက်ပွဲ..." လင်းယွမ်က တွေးနေသည်။

နတ်လက်နက်များက ဖြည်းညင်းစွာ ကြီးထွားလာရန် လူသားမျိုးနွယ်ကို စားသုံးရန်လိုအပ်လေသည်။ သို့သော် လူသားများ၏ အရေအတွက်က အကန့်အသတ် ရှိ၏။

အလယ်ပိုင်းလွင်ပြင် ၃၆နိုင်ငံ၏ လူသားမျိုးနွယ်က နတ်လက်နက်တစ်ရာ၏ စားချင်စိတ်ကို မကျေနပ်စေနိုင်ပေ။ ၎င်းက ထိုမဟာတိုက်ပွဲကြီးကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။

စွမ်းအားအကောင်းဆုံး နတ်လက်နက်များက စားတော်ပွဲကို တည်းခင်းကြပြီး အားနည်းသော နတ်လက်နက်များကတော့ အပိုင်းအစများအဖြစ် ပျက်ဆီးသွားကြသည်။

လင်းယွမ်က သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစကို ကိုင်ပြီး ထိုင်နေသည်။ ယခုတစ်ကြိမ်တွင် သူက မြို့တော်နှင့်ဝေသော ဝူယွမ်မြို့သို့ ရောက်လာခြင်းမှာ တကယ်မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်လေသည်။

သူက နိယာမများ၏ အနှစ်သာရကို ထင်ရှားစွာ ဖော်ပြနိုင်သော နတ်လက်နက်ကို ရရှိခဲ့ရုံသာမက လွန်ခဲ့သော နှစ်ရှစ်ထောင်မှ နတ်လက်နက်များ၏ မဟာတိုက်ပွဲကိုလည်း တွေ့ခဲ့ရသည်။

" သခင် သခင် ကျုပ်အသက်ကို ချမ်းသာတပးပါ။ " သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစက စိတ်ဝိညာဉ်လှိုင်းများ ထုတ်ဖော်လိုက်သည်။

လင်းယွမ်က ဝိညာဉ်ရှာဖွေရုံသာမက ကြေးမုံအပိုင်းအစကိုလည်း သန့်စင်ခဲ့သည်။ ၎င်းက ပြည့်စုံသော နတ်လက်နက်တစ်ခုဖြစ်လျှင် သူက သန့်စင်နိုင်မည်မဟုတ်သော်လည်း နတ်လက်နက်အပိုင်းအစတစ်ခုက သူ့ကို ဆန့်ကျင်နိုင်မည်မဟုတ်ပေ။

သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစကို သန့်စင်ပြီးနောက် လင်းယွမ်က ၎င်း၏ စိတ်အသိကို ထိန်းချု​ပ်နိုင်သွားပြီဖြစ်သည်။ သူက အပိုင်းအစကို မဖျက်ဆီးချင်လျှင်တောင် ၎င်း၏ စိတ်အသိကို ဖျက်ဆီးရန် အတွေးတစ်ချက်သာ လိုလေသည်။

သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစက အခြေအနေကို နားလည်ပြီးနောက် ညှိနှိုင်းခြင်းမှ လင်းယွမ်ကို သခင်ဟု တိုက်ရိုက်ခေါ်ခဲ့လေသည်။

" မင်းကို အသက်ချမ်းသာပေးရမှာလား။ " လင်းယွမ်က ကြေးမုံအပိုင်းအစကို စိုက်ကြည့်လိုက်သည်။

သူက ၎င်း၏ စိတ်အသိနှင့် မဆိုင်သည့် သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစအတွင်းရှိ နိယာမများ၏ အနှစ်သာရကို နားလည်ခဲ့သည်။ စိတ်အသိပျောက်ကွယ်သွားလျှင်တောင် ကြေးမုံအပိုင်းအစတည်ရှိနေသရွေ့ လင်းယွမ်က ၎င်းကို လေ့လာနိုင်လေသည်။

သို့သော် စိတ်အသိ၏ တည်ရှိမှုက သူ၏ အတွေးပေါ်တွင် မူတည်သောကြောင့် လင်းယွမ်က ၎င်းကို လျင်မြန်စွာ ဖယ်ရှားရန် မလိုပေ။ နောက်ထပ် စိတ်အသိဖြစ်ပေါ်ရန် နှစ်ပေါင်းမည်မျှလိုသည်ကို ဘယ်သူမှမသိပေ။

ထို့အပြင် ကိုယ်ပိုင်စိတ်အသိရှိသော နတ်လက်နက်တစ်ခုက လင်းယွမ်အတွက် အသုံးဝင်မှုများ ရှိပြီး သူမပါလျှင်တောင် နတ်လက်နက်က သူ့ဟာသူ လှုပ်ရှားနိုင်မည်ဖြစ်သည်။

ခန်းမ၏ အပြင်ဘက်တွင် စစ်ခုန်လွန်က စိတ်ဓာတ်ကျနေ၏။ သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစက ခန်းမထဲသို့ အတင့်အကျပ် ဆွဲသွင်းခြင်းခံလိုက်ရသည်နှင့် သူ၏ တစ်ခုတည်းသော အထောက်အပံ့က ကျရှုံးသွားပြီကို နားလည်လိုက်သည်။

ထိုအခိုက်တွင် စစ်ခုန်လွန်က ပျော်ရွှင်မှုရော စိုးရိမ်မှုပါ ခံစားလိုက်ရသည်။

လင်းယွမ်၏ မိစ္ဆာစစ်သည်ကို ဖိနှိပ်ခြင်းက စစ်ခုန်လွန်၏ မဖြစ်နိုင်သေယ ရည်မှန်းချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နှစ်ထောင်ချီကြာအောင် လူသားမျိုးနွယ်က နတ်လက်နက်များ၏ အစားအစာ ဖြစ်ခဲ့ပြီး နတ်လက်နက် သို့မဟုတ် အပိုင်းအစဆိုလျှင်တောင် ဘယ်သူမှ မဆန့်ကျင်နိုင်ခဲ့ပေ။ လင်းယွမ်က ထိုအခြေအနေကို ဖျက်ဆီးခဲ့သည်။

သို့သော် လင်းယွမ်က မည်သည့်ဘက်တွင် ရပ်မည်ကို စစ်ခုန်လွန် သေချာမသိသေးပေ။

အချိန်များက ကုန်ဆုံးလာပြီး စစ်ခုန်လွန်က အတွေးနက်နေစဉ် အသံတစ်သံ ထွက်ပေါ်လာသည်။

" ဝင်ခဲ့ "

" ဟုတ်ကဲ့ " စစ်ခုန်လွန်က အသက်ပြင်းပြင်းရှုလိုက်သည်။

သူက ခန်းမထဲသို့ ဝင်လိုက်သည်နှင့် လင်းယွမ်၏ ရှေ့ရှိ စားပွဲပေါ်တွင် ကြေးမုံအပိုင်းအစတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။

ကြေးမုံအပိုင်းအစ....

စစ်ခုန်လွန်က တံတွေးများ မျိုချလိုက်သည်။ ကြေးမုံအပိုင်းအစကို မြင်သည်နှင့် သူတို့ ပူဇော်ပသခဲ့သော မိစ္ဆာစစ်သည်ဖြစ်သည်ကို ချက်ချင်း သိလိုက်သည်။

" အရှင် " စစ်ခုန်လွန်က ဒူးထောက်ချလိုက်သည်။

" ဟမ် " လင်းယွမ်က တစ်ဖက်လူကို ကြည့်လိုက်သည်။ " ဒီနေ့ကစပြီး မင်းရဲ့ နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက ငါ့ကို လုံးဝ လက်အောက်ခံစေချင်တယ်။ မင်းလုပ်နိုင်လား။ "

နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းက အလယ်ပိုင်လွင်ပြင် ၃၆နိုင်ငံလုံးတွင် ပျံ့နှံ့နေသည်။ စစ်ခုန်လွန်က မဟာယန်နိုင်ငံအတွင်းမှ ဌာနချုပ်တစ်ခု၏ ခေါင်းဆောင်တစ်ယောက်သာ ဖြစ်လေသည်။ ၎င်းက ဌာနချုပ် ၃၆လက်ထဲမှ တစ်ခုသာ ဖြစ်လေသည်။

စစ်ခုန်လွန်၏ အကူအညီနှင့် လင်းယွမ်က အခြားဌာနချုပ် ၃၅ခုလုံးကိုပါ ထိန်းချုပ်နိုင်လျှင် နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းတစ်ခုလုံးက သူ၏ အမိန့်အောက် ကျရောက်သွားမည်ဖြစ်သည်။

လင်းယွမ်၏ စကားများ ကြားသောအခါ စစ်ခုန်လွန်က တိတ်ဆိတ်သွား၏။ အခြားသူများက သူ့ကို ထိုကဲ့သို့ ပြောလျှင် သူက ချက်ချင်း ငြင်းဆိုပေလိမ့်မည်။

နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက နတ်လက်နက်များ၏ လွှမ်းမိုးမှုကို ဆန့်ကျင်ရာတွင် နောက်ဆုံးစည်းတစ်ခု ဖြစ်လေသည်။ သူတို့က မိစ္ဆာစစ်သည်များကို ပူဇော်ကြသော်လည်း ၎င်းက နတ်လက်နက်များကို ဆန့်ကျင်သည့် သူတို့၏ သတ္တိများကို လှုံ့ဆော်ရန်သာ ဖြစ်သည်။

စသ်ခုန်လွန်က သေနိုင်သော်လည်း နန်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းက ပျောက်ကွယ်၍ မရပေ။ မဟုတ်လျှင် အလယ်ပိုင်းလွင်ပြင် ၃၆နိုင်ငံလုံးရှိ လူသားမျိုးနွယ်အားလုံးက နတ်လက်နက်များ၏ အစားအစာများ ထာဝရဖြစ်သွားပေလိမ့်မည်။

" ကျွန်တော် သိချင်တာ တစ်ခုရှိပါတယ်။ " စစ်ခုန်လွန်က လင်းယွမ်ကို ကြည့်ပြီး စိတ်အားတင်းကာ မေးလိုက်သည်။ " အရှင်က လူသားလား။ ပြီးတော့ နတ်လက်နက်တွေကို ဘယ်လိုမြင်လဲ။ "

" လူသား " အပြုံးတစ်ပွင့်က လင်းယွမ်၏ မျက်နှာပေါ်တွင် ပေါ်လာသည်။ သူက စစ်ခုန်လွန်ကို ကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

" ငါက တကယ် လူသားတစ်ယောက်ပဲ။ ပြီးတော့ အဲ့ဒီနတ်လက်နက်တွေ... ငါသူတို့ကို သဘောမကျတာ တော်တော်ကြာပြီ။ "

၎င်းကို ကြားသောအခါ စစ်ခုန်လွန်က စိတ်သက်သာရာရသွား၏။

" ဒီနေ့ကစပြီး နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက အရှင်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပါမယ်။ " စစ်ခုန်လွန်က ရိုသေစွာ ပြောလိုက်သည်။

လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်မီးတောက်တစ်ခု ရှိနေစေရန် နန်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းက မူလနတ်လက်နက်၏ အပိုင်းအစတစ်ခုကိုပင် ကိုးကွယ်ခဲ့ကြသည်။

လူသားဖြစ်သော လင်းယွမ်ကို မည်သည့်အတွက်ကြောင့် သစ္စာမခံဘဲ နေမှာလဲ။ ထို့အပြင် လင်းယွမ်၏ စွမ်းရည်များက နတ်လက်နက်များကို ဆန့်ကျင်ရန် ပို၍ မြင့်မားသော မျှော်လင့်ချက်ကို ပေးစွမ်းနိုင်လေသည်။

စစ်ခုန်လွန်ကို သိမ်းသွင်းပြီးနောက် လင်းယွမ်က ပထမဆုံး အမိန့်ကို ပေးခဲ့လေသည်။ ၎င်းက နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းမှ ပိုင်ဆိုင်သော မိစ္ဆာစစ်သည်များ၏ အချက်အလက်များကို တင်ပြရန် ဖြစ်သည်။

လင်းယွမ်အတွက် မိစ္ဆာစစ်သည်တိုင်းက ကမ္ဘာအနှစ်သာရ နိယာမများ၏ ပြင်ပအသွင်အပြင်များ ဖြစ်ကြလေသည်။ သူတို့၏ အနှစ်သာရများကို လေ့လာခြင်းဖြင့် သူ၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆင့်မြှင့်နိုင်ပြီး မကြာမီ စတုတ္ထအလွှာသို့ပင် ရောက်သွားနိုင်လေသည်။

" အရှင်က အဲ့ဒီမိစ္ဆာစစ်သည်တွေကို ဖိနှိပ်ဖို့ ရည်ရွယ်ထားတာလား။ " စစ်ခုန်လွန်က လင်းယွမ်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

" အရှင် သတိထားမှ ရလိမ့်မယ်။ အဲ့ဒီမိစ္ဆာစစ်သည်တွေက ဖိနှိပ်ဖို့ မလွယ်ဘူး။ "

လင်းယွမ်က သူတော်စင်စိတ်နှလုံးကြေးမုံ အပိုင်းအစကို ဖိနှိပ်နိုင်ခဲ့သော်လည်း နတ်လက်နက်အပိုင်းအစများကြားတွင်လည်း ကွာခြားမှုရှိလေသည်။

အချို့အပိုင်းအစများက ပို၍ ကြီးမားပြီး နတ်လက်နက်၏ စွမ်းအားများ ပို၍ ပိုင်ဆိုင်ကြလေသည်။ သူတို့က လင်းယွမ်ကို အနိုင်မယူနိုင်လျှင်တောင် အပိုင်းအစတစ်ခု လွတ်သွားသည်နှင့် အနာဂတ်တွင် ပြဿနာများ ဖြစ်လာနိုင်လေသည်။

" ကိစ္စမရှိဘူး။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

သူ၏ လက်ရှိစွမ်းအားဖြင့် နတ်လက်နက်များ ထွက်ပေါ်မလာလျှင် သူက အပိုင်းအစများ မည်သည့်အရေအတွက်ကိုမဆို ဖိနှိပ်နိုင်လေသည်။

အချိန်များ တရွေ့ရွေ့နှင့် ကုန်ဆုံးလာပြီး နောက်ထပ် နှစ်ငါးဆယ် ကြာသွားခဲ့သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters