← Chapters

ရှုပ်ထွေးသော အခြေအနေများ

Vol. 5 Ch. 77

ရှုပ်ထွေးသော အခြေအနေများ

Vol. 5 Ch. 77

နှစ်တစ်သောင်းကျော် သက်တမ်းရှိသော အလယ်ပိုင်းလွင်ပြင်တွင် နှစ်ငါးဆယ်က မများလှပေ။

သာမန်လူများအတွက် ယခင်နှင့် ကွဲပြားမှုရှိမည်မဟုတ်ပေ။ သို့သော် နိုင်ငံ ၃၆ နိုင်ငံမှ တော်ဝင်မိသားစုများအတွက် လွန်ခဲ့သော နှစ်ငါးဆယ်အတွင်း မူမမှန်မှုများ တွေ့လာရသည်။

အဓိကမှာ လှုပ်ရှားမှုများ ပို၍ ရဲတင်းလာသော နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ အကြွင်းအကျန်များနှင့် ပက်သက်၍ ဖြစ်၏။ နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက လျို့ဝှက်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး နိုင်ငံအားလုံးက အလိုရှိနေကြသည်။ ​

သို့သော် သူတို့က အဖွဲ့ဝင်အသစ်များ စုဆောင်းရန်အတွက် အမြဲတမ်း လျို့ဝှက်စွာ လုပ်​ဆောင်ခဲ့ကြသည်။ လွန်ခဲ့သော နှစ်များတွင် နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့ဝင်များက လမ်းမပေါ် တက်ဝံ့သည်အထိ ရဲတင်းလာကြသည်။

တော်ဝင်မိသားစုများအတွက် တုန်လှုပ်စရာအကောင်းဆုံးမှာ သူတို့ ဝန်းရံလိုက်သည့်အချိန်တိုင်း နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့ဝင်များက တိုက်တိုက်ဆိုင်ဆိုင် လွတ်မြောက်သွားကြလေသည်။

ရလဒ်အနေဖြင့် နိုင်ငံအားလုံးက နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းကို ပို၍ အရှိန်မြှင့်ပြီး နှိမ်နှင်းလာကြသည်။

ထို့နောက် အလယ်ပိုင်းလွင်ပြင် နိုင်ငံအားလုံးက နတ်လက်နက်စစ်သည်များကို လေ့ကျင့်ပေးခဲ့ကြသည်။ လွန်ခဲ့သော ၃၆နှစ် နှင့် ၁၉နှစ်တွင် နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့ဝင်များကို ဖမ်းဆီးရန်အတွက် နတ်လက်နက်များ၏ စွမ်းအားကို အသုံးပြုရန် နတ်လက်နက်စစ်သည်များကို စေလွှတ်ခဲ့ကြသည်။

ကံမကောင်းစွာဖြင့် နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ မိစ္တာလက်နက်စစ်သည်များကလည်း လျင်မြန်စွာ ရောက်လာကြပြီး သူတို့၏ နတ်လက်နက်စစ်သည်များကို တားဆီခဲ့ကြသည်။

နိုင်ငံ ၃၆ နိုင်ငံတွင် နတ်လက်နက်စစ်သည်များကို ပြုစုပျိုးထောင်ပေးနိုင်သော နတ်လက်နက်များ ရှိကြလေသည်။ နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းတွင် ပြည့်စုံသော နတ်လက်နက်မရှိသော်လည်း နတ်လက်နက်အပိုင်းအစများစွာ ရှိကြလေသည်။ ၎င်းတို့ကို မိစ္ဆာစစ်သည်များဟု ခေါ်ဆိုကြလေသည်။

မိစ္ဆာစစ်သည်များ၏ မူလက ပြည့်စုံသော နတ်လက်နက်များ ဖြစ်ကြလေသည်။ ၎င်းတို့က သတ်မှတ်ထားသော စံနှုန်းနှင့် ကိုက်ညီပါက နတ်လက်နက်စစ်သည်များကို ပျိုးထောင်ပေးနိုင်ကြလေသည်။

မှန်၏။ နိုင်ငံ ၃၆ နိုင်ငံကတော့ သူတို့ကို မိစ္ဆာလက်နက်စစ်သည်များဟု ခေါ်ဆိုကြလေသည်။ တိုက်ခိုက်ရာတွင် မိစ္ဆာလက်နက်စစ်သည်များက သဘာဝအတိုင်း နက်လက်နက်စစ်သည်များကို မယှဉ်နိုင်ကြပေ။

သို့သော် နောက်ပိုင်းတွင် သူတို့က ပို၍ စိတ်အနှောက်အယှက် ဖြစ်လာရသည်။ နတ်လက်နက်များကို အပြည့်အဝ အသက်သွင်းခြင်းမရှိပါက သူတို့မှာ မိစ္ဆာလက်နက်စစ်သည်များကို ဖမ်းဆီးရန် ခက်ခဲလေသည်။

ပုံမှန်အားဖြင့် နတ်လက်နက်စစ်သည်များက နတ်လက်နက်များကို အသက်မသွင်းချင်ကြပေ။ အကြောင်းမှာ ထိုသို့ လုပ်ဆောင်လိုက်သည်နှင့် သူတို့၏ သက်တမ်းက သိသိသာသာ လျော့ကျသွားမည်ဖြစ်သည်။

နတ်လက်နက်ကို အပြည့်အဝ နိုးထလာစေရန် ဝိညာဉ်အဆီအနှစ်ကို ကြောက်စရာကောင်းအောင် ကျွေးမွေးရလေသည်။ နတ်လက်နက်တစ်ခုကို တစ်ကြိမ် အပြည့်အဝ အသက်သွင်းလိုက်သည်နှင့် လက်နက်စစ်သည်၏ သက်တမ်းက ဆယ်နှစ်ထက်မနည်း လျော့ကျသွားပေလိမ့်မည်။

လျို့ဝှက်မြေအောက်အခန်းတစ်ခုတွင် လူတစ်ယောက်က ထိုင်နေပြီး သူ၏ ဘေးပတ်လည်တွင် လက်နက်အပိုင်းအစ ဆယ်ခုကျော် ရှိနေသည်။

ထိုလူက နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ မိစ္ဆာလက်နက်စစ်သည်ဖြစ်ပြီး သူ၏ ဘေးမှ အပိုင်းအစများက မိစ္ဆာစစ်သည် နတ်လက်နက်များ၏ အပိုင်းအစများပင် ဖြစ်သည်။

နတ်လက်နက်များလောက် သန်မာခြင်းမရှိသော်လည်း သူတို့က ကန့်သတ်ချက်များထက် ကျော်လွန်နေဆဲ ဖြစ်သည်။

ယခုအချိန်တွင် မိစ္ဆာစစ်သည်များက သာမန်အရာများကဲ့သို့ ကြမ်းပြင်တွင် ပြန့်ကျဲနေကြလေသည်။

" နှစ်ငါးဆယ်။ " လင်းယွမ်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

နှစ်ငါးဆယ်အတွင်း သူက ကျင့်ကြံနေပြီး နတ်လက်နက်အပိုင်းအစများအတွင်းမှ နိယာမများကို လေ့လာနေခဲ့သည်။ မဟာယန်နိုင်ငံ၏ ကိစ္စများအတွက် လွန်ခဲ့သော နှစ်လေးဆယ်ခန့်က လင်းယွမ်မှာ ပါးနပ်ပြီး သစ္စာရှိသော အရာရှိများကို ရွေးချယ်ပြီး အတွင်းရေးတရားရုံး တည်ထောင်က ဧကရာဇ်ကိုယ်စား နိုင်ငံရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းစေခဲ့သည်။ သူက အချိန်တစ်ခုကြာတိုင်း စစ်ဆေးပေးရန်သာ လိုအပ်လေသည်။

ဧကရာဇ်တစ်ပါးအနေဖြင့် အရာအားလုံးကို အသေးစိတ် စီမံရန် မလိုအပ်ပေ။ သူက အချိန်တစ်ခုအထိ ထွက်ပေါ်မလာလျှင်တောင် သူ၏ ခွန်အားကြောင့် ဘယ်သူမှ ပြဿနာရှာရဲကြမည်မဟုတ်ပေ။

" စတုတ္ထအလွှာ " လင်းယွမ်က သူ၏ ဘေးမှ နတ်လက်နက်အပိုင်းအစများကို ကြည့်ပြီး အတွေးနက်နေသည်။

သူ၏ ကျင့်ကြံခြင်းအရှိန်နှင့် လွန်ခဲ့သော နှစ်နှစ်ဆယ်ကတည်းက ကောင်းကင်ဖြစ်တည်မှုအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ သို့သော် လင်းယွမ်က စတုတ္ထအလွှာသို့ ချိုးဖျက်ရန် တုန့်ဆိုင်းနေမိသည်။

မူလကမ္ဘာတွင် တတိယအလွှာမှ စတုတ္ထအလွှာသို့ တက်ရောက်ခြင်းက ပိတ်ဆို့မှုတစ်ခု ဖြစ်လေသည်။ တတိယအလွှာထိ လေ့ကျင့်နိုင်သူများက လူပေါင်းများစွာထဲမှ အရည်အချင်းရှိသူများ ဖြစ်ကြသည်။ သို့သော် ထိုပိတ်ဆို့မှုကို ချိုးဖျက်ရန် နှစ်ပေါင်းရာချီအချိန်ယူရပြီး အများစုမှာ တတိယအလွှာ အထွတ်အထိပ်တွင် သေဆုံးကြရသည်။ ၎င်းက ပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် တိကျသော လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးနေသော လင်းယွမ်အတွက် သူမသိနိုင်သော လမ်းကို လျှောက်လှမ်းခြင်းက ပုံမှန်ထက် အဆတစ်ထောင် အဆတစ်သောင်း ပိုမို ခက်ခဲသွားစေခဲ့သည်။

ထိုကဲ့သို့ ခက်ခဲစေသည့်အကြောင်းရင်းတစ်ခုမှာ လင်းယွမ်၏ လက်ရှိခွန်အားကလည်း တတိယအလွှာ အထွတ်အထိပ်တွင် ရှိနေသောကြောင့် ဖြစ်သည်။ သူက ပဉ္စမအလွှာ သို့မဟုတ် ဆဋ္ဌမ အလွှာတွင် ရှိနေပါက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖန်တီးခြင်းက ပိုမိုလွယ်ကူပေလိမ့်မည်။

ယခု လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ထိုအခက်အခဲများကို ကျော်ဖြတ်ပြီး စတုတ္ထအလွှာသို့ အဆင့်တက်နိုင်ပြီဖြစ်သည်။ သို့သော် လင်းယွမ်က တုန့်ဆိုင်းနေဆဲ ဖြစ်သည်။

စတုတ္ထအလွှာချင်းပင် မတူညီသော အရာများ ရှိလေသည်။ ဥပမာ ကောင်းကင်သခင်အဆင့်သို့ ချိုးဖျက်ရာတွင် ထိုက်ယင်နှင့် ထိုက်ယန်တို့ကို အသုံးပြုခြင်းနှင့် ထိုက်ကျိတာအိုကို အသုံးပြုခြင်းတို့က မတူညီကြပေ။

ဤအချိန်တွင် လင်းယွမ်က စတုတ္ထအလွှာသို့ ချိုးဖျက်ရာတွင် နတ်လက်နက်များအတွင်းမျိ နိယာမများ၏ အနှစ်သာရနှင့် အဆင့်တက်ချင်နေသည်။

စတုတ္ထအလွှာသို့ ထိုနည်းလမ်းဖြင့် အဆင့်တက်ခြင်းက အစွမ်းထက်ဆုံး ဖြစ်မည်မှာ သေချာလေသည်။ နှစ်ငါးဆယ်ကျော်အတွင်း လင်းယွမ်က နတ်လက်နက်အပိုင်းအစ ဆယ်ခုကျော်ကို စုဆောင်းခဲ့ပြီး ၎င်းတို့၏ အခြေခံနိယာမများကို သူ၏ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ထဲသို့ ပေါင်းစပ်ခဲ့သည်။ သို့သော် လင်းယွမ်အတွက် နိယာမများ၏ အနှစ်သာရများက နည်းပါးလှပြီး စတုတ္ထအလွှာသို့ ချိုးဖျက်ရန် မထောက်ပံ့ပေးနိုင်ပေ။

" နတ်လက်နက်စစ်သည် " လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။

လွန်ခဲ့သော နှစ်များတွင် နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက နတ်လက်နက်အပိုင်းအစများ စုဆောင်းနိုင်ရန် ကူညီပေးခဲ့သည်။ နတ်လက်နက်အပိုင်းအစများက ကိုယ်ပိုင်စိတ်အသိရှိကြလေသည်။

စစ်ခုန်လွန်၏ အကူအညီနှင့် သူက သာမန်နတ်လက်နက်အပိုင်းအစများကိုသာ အရူးလုပ်နိုင်ခဲ့သည်။

စွမ်းအားကောင်းသော နတ်လက်နက်အပိုင်းအစများက သူတို့၏ ကိုယ်ပိုင် လက်နက်စစ်သည်များကို လေ့ကျင့်ပေးထားပြီး သူတို့၏ ခန္ဓာကိုယ်အတွင်း နစ်မြှုပ်နေကြသည်။

နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းနှင့် မိစ္ဆာလက်နက်သခင်များက တစ်ယောက်နှင့်တစ်ယောက် အမိန့်ပေးနိုင်ခြင်းမရှိဘဲ ပူးပေါင်းသော ဆက်ဆံရေးသာ ရှိကြလေသည်။

နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက ထိုမိစ္ဆာလက်နက်စစ်သည်များကို လှုပ်ရှားစေချင်လျှင် ကြီးမားသော တန်ကြေးကို ပေးဆပ်ရလေသည်။ သို့သော် နိုင်ငံ ၃၆ နိုင်ငံ၏ ဖိနှိပ်မှုအောက်တွင် သူတို့က တစ်ဘက်တည်း ရပ်တည်နေကြဆဲ ဖြစ်သည်။

မိစ္ဆာလက်နက်စစ်သည်များက လွန်ခဲ့သော နှစ်ရှစ်ထောင်မှ နတ်လက်နက်တစ်ရာစစ်ပွဲကြီးတွင် ရှုံးနိမ်ခဲ့သော အကြွင်းအကျန်များ ဖြစ်သည့် မိစ္ဆာစစ်သည်များကို နာခံကြလေသည်။ သူတို့က အသန်မာဆုံး နတ်လက်နက် ၃၆လက်ကြောင့် အပိုင်းအစများ ဖြစ်သွားကြပြီး ကမ္ဘာအနှံ့ ပြန့်ကျဲသွားခဲ့သည်။ ထို့ကြောင့် နတ်လက်နက်အပိုင်းအစများက နတ်လက်နက် ၃၆လက်ကို ဆန့်ကျင်နေကြခြင်းဖြစ်သည်။

နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းကတော့ နတ်လက်နက်များ၏ အုပ်ချုပ်မှုကို ပုန်ကန်ချင်ကြသော လူများဖြစ်သည်ယာ သူတို့က နတ်လက်နက် ၃၆လက်၏ ဆန့်ကျင်ဘက်တွင် ရပ်နေကြသည်။ ရန်သူ၏ ရန်သူက မိတ်ဆွေဖြစ်၏။ ထို့ကြောင့် သူတို့က သဘာဝအတိုင်း မဟာမိတ်များ ဖြစ်လာကြသည်။

လင်းယွမ်က စဉ်းစားနေစဉ် ခြေသံများကို ကြားလိုက်ရသည်။

" အရှင် " ရောက်ရှိလာသူက စစ်ခုန်လွန် ဖြစ်၏။ နှစ်ငါးဆယ်ကြာပြီးနောက် သူလည်း အသက်ကြီးနေပြီဖြစ်ပြီး ခေါင်းတွင် ဆံပင်ဖြူများစွာ ရှိနေခဲ့သည်။

" အင်း " လင်းယွမ်က စစ်ခုန်လွန်ကို တစ်ချက်ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

စစ်ခုန်လွန်၏ အားထုတ်မှုနှင့်အတူ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ ဌာနချုပ်များက လင်းယွမ်ကို အညံ့ခံခဲ့ကြသည်။

" ဘာကိစ္စရှိလို့လဲ ပြောပါ။ " လင်းယွမ်က တည့်မေးလိုက်သည်။

နှစ်ငါးဆယ်ကြာ ရင်းနှီလာပြီးနောက် သူက စစ်ခုန်လွန်အကြောင်း ကောင်းစွာ နားလည်ထားခဲ့သည်။ သူက အရေးကြီးသော အကြောင်းရင်မရှိဘဲ ဤနေရာသို့ လာမည်မဟုတ်ပေ။

" အရှင် အဲ့ဒီ မိစ္ဆာလက်နက်စစ်သည်တွေက အရှင်နဲ့တွေ့ပြီး နိုင်ငံ ၃၆ နိုင်ငံနဲ့ စစ်ပွဲအတွက် အရှင်နဲ့ ဆွေးနွေးချင်​နေကြတယ်။ " စစ်ခုန်လွန်က ခနတုန့်ဆိုင်းသွားပြီးနောက် ညင်သာစွာ ပြောလိုက်သည်။

" စစ်ပွဲ သူတို့က နောင်ထက်ကပ်ဘေးတစ်ခု ဖြစ်လာမှာကို မကြောက်ကြဘူးလား။ " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

ကပ်ဘေးဆိုသည်မှာ လွန်ခဲ့သော နှစ်ရှစ်ထောင်မှ နတ်လက်နက်များကြား တိုက်ပွဲ ဖြစ်လေသည်။

နတ်လက်နက် ၃၆လက်က နိုင်ငံတစ်ခုစီကို အုပ်စိုးကြပြီး သက်ရှိများကို စားသောက်ကြလေသည်။

သို့သော် မဟာယန်နိုင်ငံ၏ သမိုင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၆၀၀မှ အချက်အလက်များသာ ရှိလေသည်။ မဟာယန်နိုင်ငံသာမက အခြားနိုင်ငံ ၃၅နိုင်ငံများ၏ သမိုင်းကလည်း လွန်ခဲ့သော နှစ်သုံးလေးထောင်အတွင်းသာ ရှိလေသည်။

လွန်ခဲ့သော နှစ်သုံးလေးထောင်အတွင်း မိစ္ဆာစစ်သည်များနှင့် နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းတို့က ပူးပေါင်းပြီး မဟာစစ်ပွဲ စတင်ခဲ့ကြသည်။ ၎င်းက နတ်လက်နက် ၃၆လက်ကို ဒေါသထွက်သွားစေခဲ့သည်။

ထိုအချိန်တွင် နတ်လက်နက် ၃၆လက်လုံးက နိုးထလာပြီး နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းကို နှိမ်နင်းခဲ့လေသည်။ သူတို့၏ တိုက်ပွဲများက အလယ်ပိုင်းလွင်ပြင်၏ နယ်မြေများကို ထိခိုက်သွားစေခဲ့သည်။

နတ်လက်နက်များက တစ်ဖက်တွင် လှုပ်ရှားပြီး အခြားတစ်ဖက်တွင် လူသားများ၏ သွေး၊ စိတ်နှင့် ဝိညာဉ်များကို စုပ်ယူကြလေသည်။ ၎င်းက နှစ်ပေါင်းတစ်ရာ သို့မဟုတ် တစ်ထောင်အတွင်း ပြန်လည်ကောင်းမွန်လာကြသော လူသားမျိုးနွယ်အတွက် ကြီးမားသော ကပ်ဘေးကြီးတစ်ခု ​ဖြစ်လေသည်။

သို့သော် တိုက်ပွဲ၏ သက်ရောက်မှုက နယ်မြေများကို ပျက်ဆီးစေခဲ့ပြီး နိုင်ငံ ၃၆ နိုင်ငံကို ပြန်လည် ထူထောင်ခဲ့ကြသည်။ ၎င်းက နိုင်ငံ ၃၆ နိုင်ငံ၏ မူလသမိုင်းကြောင်း ဖြစ်လေသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

နိုင်လေသည်။

All Chapters