အရမ်းအားနည်းတယ်
Vol. 5 Ch. 78
ထိုကပ်ဘေးကြီးက နတ်လက်နက်များကြောင့် ဖြစ်သည်ကို လူအနည်းစုသာ သိကြလေသည်။ အလယ်ပိုင်းလွင်ပြင် ၃၆ နိုင်ငံမှာ တော်ဝင်မိသားစုများပင် အနည်းငယ်သာ သိခဲ့ကြသည်။ မဟာယန်နိုင်ငံတွင် ၎င်း၏ မှတ်တမ်းများ မရှိပေ။
လင်းယွမ်က ထိုအမှောင်သမိုင်းကြောင်းကို နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ ရှေးဟောင်းမှတ်တမ်းများထဲမှ သိခဲ့ရသည်။
နတ်လက်နက် ၃၆လက် နိုးထလာလျှင် သက်ရှိများစွာကို စားသောက်ပြီး ကမ္ဘာပျက်ကပ်ဘေးတစ်ခုကဲ့သို့ ဖြစ်သွားနိုင်သည်။
" ကျွန်တော်လည်း သေချာမသိဘူး။ " စစ်ခုန်လွန်လည်း စိတ်ရှုပ်ထွေးသွား၏။
သူက လင်းယွမ်ကို သေချာနားမလည်သော်လည်း နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းနှင့် မိစ္ဆာလက်နက်စစ်သည်များက နိုင်ငံ ၃၆ နိုင်ငံ၏ ပြိုင်ဘက်မဟုတ်သည်ကိုတော့ သူသိလေသည်။
နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက လင်းယွမ်၏ ထောက်ပံ့မှုနှင့် လွန်ခဲ့သော နှစ်ငါးဆယ်အတွင်း ကြီးထွားလာသော်လည်း သူတို့ကြားမှ ကွာဟမှုက ကြီးမားနေဆဲ ဖြစ်သည်။
နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းက နိုးထလာသော နတ်လက်နက် ၃၆လက်ကို ရင်ဆိုင်ရန် ဘာကိုအသုံးပြုရမှာလဲ။
သူတို့မလုပ်နိုင်လျှင် လွန်ခဲ့သော နှစ်သုံးလေးထောင်မှ နတ်လက်နက်ကပ်ဘေးက တစ်ကျော့ပြန်လာပေလိမ့်မည်။
" ဖြစ်နိုင်တာ..." လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
စစ်ခုန်လွန်ပင် တစ်ခုခု လွဲချော်နေသည်ကို ခံစားမိသောကြောင့် မိစ္ဆာလက်နက်စစ်သည်များကလည်း သိကြပေလိမ့်မည်။
မိစ္ဆာလက်နက်စစ်သည်များက မိစ္ဆာစစ်သည်များကို နာခံကြလျှင်တောင် မိစ္ဆာစစ်သည်များကလည်း အရူးများမဟုတ်ကြပေ။ နတ်လက်နက်ကပ်ဘေး ဖြစ်လာလျှင် သူတို့က ကြီးမားသော ဆုံးရှုံးမှုကို ခံစားရမည်ဖြစ်ပြီး သူတို့၏ စိတ်အသိများပင် ဖျက်ဆီးခံရနိုင်လေသည်။ သူတို့က ခိုင်လုံသော အကြောင်းရင်းမရှိလျှင် စစ်ပွဲကို စတင်ရဲမည်မဟုတ်ပေ။
လင်းယွမ်က ဖြစ်နိုင်ချေနှစ်ခုကို တွေးမိလေသည်။ တစ်ခုမှာ မိစ္ဆာစစ်သည်များက သူတို့၏ စွမ်းအားများကို ပြန်လည်ရရှိပြီး စစ်မှန်သော နတ်လက်နက်များကို ရင်ဆိုင်ရန် ယုံကြည်မှုရှိသောကြောင့် ဖြစ်ပေလိမ့်မည်။ နောက်တစ်ခုမှာ မိစ္ဆာစစ်သည်များက ယခု စစ်ပွဲမစခဲ့လျှင် နောက်တစ်ချိန် အခွင့်အရေးမရှိတော့မည်ကို သတိပြုမိသောကြောင့် ဖြစ်ပေလိမ့်မည်။
ဥပမာ အချိန်တစ်ခုအတွင်း နတ်လက်နက် ၃၆လက်က အသွင်ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာခြင်းမျိုးဖြစ်၏။ ထိုအသွင်ပြောင်းလဲခြင်းပြီးဆုံးလျှင် မိစ္ဆာစစ်သည်များက ရှင်သန်ရန် အခွင်းအရေး လုံးဝ မရှိနိုင်ပေ။
" အသွင်ပြောင်းလဲခြင်းလား။ " လင်းယွမ်က အတွေးနက်နေသည်။
လွန်ခဲ့သော နှစ်ပေါင်းရှစ်ထောင်ကတည်းက နတ်လက်နက် ၃၆လက်က စတုတ္ထအလွှာနှင့် နီးကပ်နေပြီဖြစ်သည်။ နှစ်ရှစ်ထောင် အိပ်စက်ပြီး သက်ရှိများ၏ စွမ်းအားနှင့် ဝိညာဉ်များကို အဆက်မပြတ်စားသုံးပြီးနောက် ထိုလက်နက်များက စတုတ္ထအလွှာကို တက်နိုင်တော့မည် ဖြစ်ပေလိမ့်မည်။
ထိုအကြောင်းရင်းကြောင့်သာ မိစ္ဆာစစ်သည်များက အရာအားလုံးကို လျစ်လျူရှုပြီး ပြတ်ပြတ်သာသာ တိုက်ခိုက်စေနိုင်ခြင်း ဖြစ်နိုင်လေသည်။
နတ်လက်နက် ၃၆လက်က စတုတ္ထအလွှာသို့ တက်ရောက်သွားပါက မိစ္ဆာစစ်သည်များက မည်သည့်အခွင့်အရေးမျှ ရှိတော့မည်မဟုတ်ပေ။ ထိုတိုက်ပွဲက နတ်လက်နက်များကို အနိုင်မယူနိုင်လျှင်တောင် သူတို့၏ အသွင်ပြောင်းလဲမှုကို ရပ်တန့်ရန် ဖြစ်လေသည်။
" အဲ့ဒါ ဖြစ်နိုင်တယ်။ အဲ့ဒီ မိစ္ဆာလက်နက်စစ်သည်တွေနဲ့ သွားတွေ့ကြစို့။ " လင်းယွမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။
သူက နတ်လက်နက်အပိုင်းအစများကို လိုအက်သည်ဖြစ်စေ အထက်ပါအကြောင်းရင်းများကြောင့် ဖြစ်စေ သူက မိစ္ဆာလက်နက်စစ်သည်များနှင့် တွေ့ဆုံရန် လိုအပ်လေသည်။
တစ်လကြာပြီးသောအခါ တောင်ဘက်နယ်မြေအစွန်ပိုင်း။
ထိုနေရာက အဆိပ်များနှင့် ပြည့်နှက်နေပြီး သာမန်မုဆိုးများပင် အနားမကပ်ရဲဘဲ အဝေးမှသာ ကြည့်နိုင်ကြသည်။ နှစ်ပေါင်းများစွာအတွင်း မရေတွက်နိုင်သော လူများ ထိုတောထဲတွင် သေဆုံးခဲ့ကြပြီး ထိုအဆိပ်များကို ရှုမိသည်နှင့် သေဆုံးရန် သေချာသလောက် ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် ထိုနေရာက သာမန်မုဆိုးများအတွက် တာမြစ်နေရာတစ်ခု ဖြစ်ခဲ့လေသည်။
သို့သော် သစ်တော၏ အောက်ခြေတွင် ခန်းမကြီးတစ်ခု ရှိနေပြီး ထိုခန်းမက ချင်းရှီခန်းမဖြစ်လေသည်။ ခန်းမ၏ အလယ်တွင် ကျောက်ထိုင်ခုံ ၁၈ခုပေါ်တွင် လူ ၁၈ယောက် ရှိနေ၏။ ထိုလူများက အေးစက်သော အမူအရာများနှင့် သူတို့၏ နက်ရှိုင်းသော အော်ရာများက သွေးသန့်စင်ခြင်း သိုင်းသူတော်စင်အဆင့်များကို အလွယ်တကူ ဖိနှိပ်နိုင်လေသည်။ ထိုလူဆယ့်ရှစ်ယောက်က မိစ္ဆာလက်နက်စစ်သည်များ ဖြစ်ကြသည်။
သူတို့၏ နောက်တွင် မိစ္ဆာစစ်သည် နတ်လက်နက်အပိုင်းအစ တစ်ခုစီ ရှိကြလေသည်။
" အဲ့ဒီ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းရဲ့ အရှင်က ဘယ်သူလဲ။ သူတို့က သူ့ကို ဘာလို့ဒီလောက်နာခံနေကြတာလဲ။ " အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ယောက်က စကားပြောလိုက်သည်။
ထိုလူပေါ်မလာမီ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက မိစ္ဆာစစ်သည်များနှင့် မိစ္ဆာလက်နက်စစ်သည်များကို အလွန်ရိုသေကြလေသည်။ သို့သော် ထိုလူပေါ်လာပြီးနောက် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။ နတ်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းက သူတို့နှင့် ညှိနှိုင်းရန်ပင် သတ္တိရှိလာကြသည်။
" နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းရဲ့ အရှင်က နတ်လက်နက် အပိုင်းအစတွေကို ဖိနှိပ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်တယ်။ သူက နတ်လက်နက်တွေနဲ့တောင် ယှဉ်နိုင်တယ်လို့ ပြောကြတယ်။ " နောက်ထပ်တစ်ယောက်က ပြောလိုက်သည်။
" အဓိပ္ပါယ်မရှိလိုက်တာ။ " ထိုစကားပြောလိုက်သည်နှင့် မိစ္ဆာလက်နက်စစ်သည်များ၏ မျက်နှာများက လှောင်ပြောင်လိုသော အမူအရာများ ပေါ်လာကြ၏။
ရှေးခေတ်ကတည်းက နတ်လက်နက်များ၏ စွမ်းအားသည် သတ္တဝါအားလုံးထက် သာလွန်ခဲ့ပြီး နတ်လက်နက်အပိုင်းအစများပင် ခြွင်းချက်မရှိပေ။
လူသားတစ်ယောက်၏ စွမ်းအားက နတ်လက်နက်များ၏ စွမ်းအားကို မည်သို့ယှဉ်နိုင်မည်နည်း။
" နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းရဲ့ နောက်ကွယ်ကလူက မိစ္ဆာစစ်သည်တစ်ယောက်နဲ့ ရပ်တည်ပြီး မိစ္ဆာလက်နက်စစ်သည်တစ်ယောက် ဖြစ်နိုင်တယ်။ " နောက်တစ်ယောက်က ဝင်ပြောလိုက်သည်။
" ဘာပဲဖြစ်ဖြစ်..." ထိုအချိန်တွင် ပင်မထိုင်ခုံပေါ်တွင် ထိုင်နေသော လူက စကားပြောလာသည်။
" ငါတို့ အဲ့ဒီလူနဲ့ တွေ့တဲ့အချိန်မှာ သူက မိစ္ဆာလက်နက်စစ်သည်တစ်ယောက် မဟုတ်ရင်တောင် စစ်ပွဲကို သူနောက်က မိစ္ဆာစစ်သည်က ငြင်းမှာမဟုတ်လို့ ငါတို့ ဆွေးနွေးလို့ရနိုင်တယ်။ "
" သူလက်မခံရင်တော့...." ထိုအချိန်တွင် ပင်မပလ္လင်ပေါ်ရှိ လူ၏ အသံက အေးစက်သွား၏။
မိစ္ဆာလက်နက်စစ်သည်များက လူသားများသာ ဖြစ်ကြသော်လည်း မိစ္ဆာစစ်သည်များ၏ လွှမ်းမိုးမှုအောက်တွင် သူတို့က လူသားများကို ပုရွတ်ဆိတ်များကဲ့သို့ တဖြည်းဖြည်း မြင်လာကြသည်။
" ပြဿနာမရှိဘူး။ "
" အကိုချင်းဝူပြောတာမှန်တယ်။ "
" အကိုချင်းဝူပြောတာ နားထောင်ကြတာပေါ့။ "
အဓိကနေရာမှ ချင်းဝူ၏ စကားများကို အခြားမိစ္ဆာလက်နက်စစ်သည်များက မငြင်းကြပေ။ မိစ္ဆာလက်နက်စစ်သည်များကြားတွင်ပင် သန်မာခြင်း၊ အားနည်းခြင်းရှိလေသည်။
မိစ္ဆာစစ်သည်များ၏ အဆင့်က နတ်လက်နက်အပိုင်းအစပေါ်တွင် မူတည်ပြီး မူလနတ်လက်နက်၏ အစိတ်အပိုင်း အရွယ်အစားပေါ်မူတည်ပြီး မိစ္ဆာစစ်သည်များ၏ စွမ်းအားကို ဆုံးဖြတ်ပေးလေသည်။
ထို့ကြောင့် မိစ္ဆာလက်နက်စစ်သည်များတွင်လည်း အဆင့်ငါးဆင့် ရှိ၏။
သုံးဆယ်ရာခိုင်နှုန်း ပြည့်စုံသော မိစ္ဆာစစ်သည်။
လေးဆယ် ရာခိုင်နှုန်း ပြည့်စုံသော မိစ္ဆာစစ်သည်။
ငါးဆယ်ရာခိုင်နှုန်း ပြည့်စုံသော မိစ္ဆာစစ်သည်။
ခြောက်ဆယ်ရာခိုင်နှုန်း ပြည့်စုံသော မိစ္ဆာစစ်သည်။
ရှစ်ဆယ်ရာခိုင်နှုန်း ပြည့်စုံသော မိစ္ဆာစစ်သည်။
ပို၍ ပြည့်စုံသော နတ်လက်နက်အပိုင်းအစများက မူလနတ်လက်နက်၏ စွမ်းအားကို ပို၍ အသုံးပြုနိုင်ကြလေသည်။
ချင်းဝူ၏ မိစ္ဆာစစ်သည်က ကိုးဆယ်ရာခိုင်နှုန်း ပြည့်စုံသွားပြီဖြစ်သည်။ ထိုမိစ္ဆာစစ်သည်က မူလနတ်လက်နက်၏ စွမ်းအားနှင့် နီးကပ်နေပြီဖြစ်သည်။ ထို့ကြောင့် အခြားမိစ္ဆာလက်နက်စစ်သည်များက ချင်းဝူ၏ စကားကို မငြင်းဆန်ရဲကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် မိစ္ဆာလက်နက်စစ်သည်များက စစ်ပွဲကို စတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် နတ်လက်နက် ၃၆လက်က နောက်ဆုံးခြေလှမ်းကို ကျော်ဖြတ်နိုင်တော့မည်ဖြစ်သည်။
သို့သော ချင်းဝူမိစ္ဆာစစ်သည်က ကိုးဆယ်ရာခိုင်နှုန်း ပြည့်စုံသွားပြီး သူတို့က တိုက်ပွဲတွင် အတိုင်းအတာတစ်ခုထိ သူတို့ကိုသူတို့ ကာကွယ်နိုင်ကြလေသည်။
အဆုံးတွင် သူတို့က စစ်ပွဲကို စတင်ရခြင်း၏ ရည်ရွယ်ချက်မှာ နတ်လက်နက်များကို အနိုင်ယူရန် မဟုတ်ဘဲ သူတို့၏ အဆင့်တက်ခြင်းကို ဝင်ရောက်နှောက်ယှက်ရန်သာ ဖြစ်၏။ တိုက်ပွဲစတင်သည်နှင့် သူတို့၏ အသက်ကို ကာကွယ်နိုင်ရန်သာ အဓိကဖြစ်လေသည်။
ရုတ်တရက် မိစ္ဆာလက်နက်စစ်သည် ၁၈ ယောက်၏ အမူအရာများက အနည်းငယ် ပြောင်းလဲသွားသည်။ ချင်းရှီခန်းမဆီသို့ အော်ရာတစ်ခု ဖြည်းညင်းစွာ ဝင်ရောက်လာသည်ကို သူတို့ ခံစားမိလိုက်ကြသည်။
" အဲ့ဒါ နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းရဲ့ အရှင်လား။ "
" ဒီကို တစ်ယောက်တည်းလာရဲတာ ဘယ်လောက်တောင် သတ္တိကောင်းလိုက်သလဲ။ "
မိစ္ဆာလက်နက်စစ်သည် ၁၈ယောက်က အနည်းငယ် အံ့ဩသွားကြပြီး လှောင်ပြုံးများ ပြုံးလိုက်ကြသည်။
ခနကြာသောအခါ ချင်းရှီခန်းမ၏ ဝင်ပေါက်တွင် လူငယ်တစ်ယောက် ပေါ်လာသည်။
" မင်းက နန်ဘုရားဆန့်ကျင်ခြင်းအဖွဲ့အစည်းရဲ့ အရှင်လား။ " မိစ္ဆာလက်နက်စစ်သည် ၁၈ ယောက်က ထိုင်ခုံပေါ်တွင် ရှိနေကြဆဲ ဖြစ်ပြီး သူတို့၏ ဧည့်သည်ကို ထပင် မနှုတ်ဆက်ကြပေ။
ဝုန်း......
ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ စုစည်းသွားကြသည်။ ကြီးမားသော တူကြီးတစ်လက်က လေထဲတွင် ထွက်ပေါ်လာပြီး လင်းယွမ်ဆီသို့ ထိုးဆင်းသွားသည်။
မိစ္ဆာလက်နက်စစ်သည်တစ်ယောက်က သည်းမခံနိုင်တော့ဘဲ လင်းယွမ်ကို စတင်စမ်းသပ်လိုက်သည်။
" အရမ်းအားနည်းတယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
မိစ္ဆာလက်နက်စစ်သည် ၁၈ယောက်၏ အံ့အားသင့်သော အကြည့်များအောက်တွင် သူက သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး အနက်ရောင်တူ၏ အရိပ်က ပြိုကွဲသွားသည်။
" မင်းတို့ မိစ္ဆာလက်နက်စစ်သည်တွေက တော်တော် ယဉ်ကျေးမှုမရှိကြတာပဲ။ "
မည်သူမှ မတုန်ပြန်နိုင်မီ လင်းယွမ်က ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကျောက်တုံးထိုင်ခုံ ဆယ့်ရှစ်ခု၏ ရှေ့တွင် ပေါ်လာသည်။ ထို့နောက် သူက နောက်တစ်ကြိမ် လှမ်းလိုက်သောအခါ ကိုးဆယ်ရာခိုင်နှုန်း ပြည့်စုံနေသော မိစ္ဆာစစ်သည်၏ မိစ္ဆာလက်နက်စစ်သည် ချင်းဝူက မမြင်ရသော စွမ်းအားတစ်ခု၏ ဆွဲယူခြင်းခံလိုက်ရပြီး အမှိုက်တစ်စကဲ့သို့ ချင်းရှီခန်းမ၏ ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခြင်း ခံလိုက်ရသည်။
" ထိုင်နေတုန်းလား။ " လင်းယွမ်က ကျန်နေသော မိစ္ဆာလက်နက်စစ်သည် ၁၇ယောက်ကို ကြည့်လိုက်သည်။
မိစ္ဆာလက်နက်စစ်သည် ၁၇ယောက်ပေါ်သို့ တွန်းအားတစ်ခု ကျရောက်လာသည်။ အချို့က မိစ္ဆာစစ်သည်များကိုပင် ဆင့်ခေါ်ပြီး ခုခံရန် ကြိုးစားကြသော်လည်း ကြောက်စရာကောင်းသော စွမ်းအားတစ်ခု၏ တွန်းကန်ခြင်းကို ခံနေရဆဲ ဖြစ်သည်။
ကျောက်ထိုင်ခုံပေါ်မှာ မိစ္ဆာစစ်သည်များအားလုံးက မတ်တပ်ရပ်လိုက်ရသည်။
၎င်းကို မြင်သောအခါ လင်းယွမ်က ပင်မထိုင်ခုံတွင် ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း