← Chapters

ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်

Vol. 5 Ch. 79

ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်

Vol. 5 Ch. 79

ချင်းရှီခန်းမထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ မိစ္ဆာလက်နက်စစ်သည်အားလုံးက မတ်တပ်ရပ်နေကြပြီး ပင်မထိုင်ခုံတွင် ထိုင်နေသော လူငယ်ကို ကြည့်နေကြသည်။

" ဒီလိုမှပေါ့။ မင်းတို့ ထိုင်နိုင်ပြီ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

မိစ္ဆာလက်နက်စစ်သည်များကို မတ်တပ်ရပ်ရန် တွန်းအားပေးခဲ့သော စွမ်းအားက ချက်ချင်း ပျောက်ကွယ်သွားသည်။

ချင်းရှီခန်းမတစ်ခုလုံးကလည်း ပုံမှန်ပြန်ဖြစ်သွားပြီး ပင်မထိုင်ခုံတွင် ထိုင်နေသော လူငယ်ကို မတွေ့ပါက သူတို့က ထင်ယောင်ထင်မှား ဖြစ်ခဲ့သည်ဟုပင် ထင်ကြပေလိမ့်မည်။

" ဒါ..." မိစ္ဆာလက်နက်စစ်သည်များက အချင်းချင်း ကြည့်လိုက်ကြပြီး အေးစက်သော ချွေးများက သူတို့နဖူးမှ စီးကျလာသည်။ ထိုခနတွင် သူတို့က ဘာလုပ်ရမှန်းမသိတော့ပေ။

" မထိုင်ကြဘူးလား။ " လင်းယွမ်က ပြုံးပြီး မိစ္ဆာလက်နက်စစ်သည်များကို ကြည့်လိုက်သည်။

ချက်ခြင်း တောင်ကြီးတစ်လုံက သူတို့ပေါ်ကို ပိကျလာသကဲ့သို့ ခံစားလိုက်ကြရသည်။ မိစ္ဆာလက်နက်စစ်သည်များက သူတို့၏ ပခုံးပေါ်သို့ ကြီးမားသော စွမ်းအားတစ်ခု ကျဆင်းလာသောကြောင့် သူတို့၏ မျက်နှာများက ဖြူရော့သွားပြီး ခြေထောက်များက တုန်ယင်သွားသကဲ့သို့ ကျောက်ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကြရသည်။

" ဒီလိုမှပေါ့။ " လင်းယွမ်၏ မျက်နှာပေါ်တွင် ကျေနပ်သော အမူအရာ ပေါ်လာသည်။

သို့သော် မိစ္ဆာလက်နက်စစ်သည်များ၏ စိတ်ထဲတွင်​တေ့ မုန်တိုင်းထန်နေကြသည်။ လင်းယွမ် ချင်းရှီခန်းမထဲသို့ ဝင်လာသည့်အချိန်မှ ယခုအထိ အသက်ရှုချိန်အနည်းငယ်သာ ကြာလေသည်။

သို့သော် ထိုအချိန်တိုလေးအတွင်း သူက မိစ္ဆာလက်နက်စစ်သည်များကို ခုခံနိုင်စွမ်းရှိအောင် ဖိနှိပ်ခဲ့သည်။ သူတို့က ခုခံရန် မ​ကြိုးစားခြင်းမဟုတ်ပေ။ သူတို့၏ ခုခံမှုများက အသုံးမဝင်ခဲ့ခြင်း ဖြစ်သည်။

မိစ္ဆာလက်နက်စစ်သည်များအတွက် ပို၍ မယုံကြည်နိုင်စရာကောင်းသည်မှာ လင်းယွမ်ဆီမှ နတ်လက်နက်တစ်လက်၏ အငွေ့အသက်ကို နည်းနည်းလေးမှ မခံစားကြရပေ။ ထို့ကြောင့် လင်းယွမ်က နတ်လက်နက်စစ်သည်မဟုတ်သည်မှာ သေချာလေသည်။ သူက နတ်လက်နက်စစ်သည်တစ်ယောက်မဟုတ်သော်လည်း မိစ္ဆာလက်နက်စစ်သည်များကို ဖိနှိပ်နိုင်လေသည်။

" မင်းက တကယ်ဘယ်သူလဲ။ "

ပင်မမှ ထိုင်ခုံမှ လင်းယွမ်၏ လွင့်ပစ်ခြင်းခံခဲ့ရသော ချင်းဝူက ကုန်းရုန်းထလာပြီး သူ၏ မျက်လုံးများထဲတွင် ကြောက်လန့်ခြင်းများနှင့် လင်းယွမ်ကို ကြည့်လိုက်သည်။ ထိုပစ်ပေါက်ချက်က သူ၏ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများကို ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့သည်။

" ငါမင်းကို စကားပြောခိုင်းလို့လား။ မင်းဘာလို့ ဖြတ်ပြောတာလဲ။ " လင်းယွမ်က ချင်းဝူကို ကြည့်လိုက်သည်။

ဝုန်း....

ကြီးမားသော စွမ်းအားတစ်ခု ကျဆင်းလာသည်။ ချင်းဝူ၏ မျက်နှာက နီမြန်းသွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွား၏။

ထိုကြောက်စရာကောင်းသော မြင်ကွင်းက အခြားမိစ္ဆာလက်နက်စစ်သည်များကို ကျောစိမ့်သွားစေခဲ့သည်။

ချင်းဝူက ဒူးထောက်နေပြီး အနည်းဆုံးတော့ သူတို့က ထိုင်ခုံပေါ်တွင် ထိုင်နိုင်ကြသေးသည်။ ဖိအားပေးခြင်းခံရသော်လည်း သိက္ခာအနည်းငယ်တော့ ကျန်နေသေးသည်။

" ငါ မေးရင် မင်းတို့ ဖြေ။ ထပ်ပြောချင်ရင် လွတ်လွတ်လပ်လပ်ပြော။ " လင်းယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" မင်းတို့က ဘာလို့ ဒီစစ်ပွဲကို စချင်တာလဲ။ " လင်းယွမ်က သူတို့၏ အ​တွေးကို ဂရုမစိုက်ဘဲ တိုက်ရိုက်မေးလိုက်သည်။ သူ၏ စိတ်ထဲတွင် သံသယများ ရှိနေသော်လည်း သူတို့ပြောသည့်စကားများကို ကြားချင်သေးသည်။

" ဒီလိုပါ။ " ဖိအားကို သည်းမခံနိုင်သော မိစ္ဆာလက်နက်စစ်သည်တစ်ယောက်က စကားပြောလိုက်သည်။

ယခု သူတို့ ဆယ်ရှစ်ယောက်လုံး အသက်ရှင်နေကြသည်။ သို့သော် လင်းယွမ်ယခု ပြသခဲ့သော စွမ်းအားက သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်သည်မှာ ထင်ရှားလေသည်။ ထိုအခြေအနေတွင် ဘယ်သူမှ သေသည်အထိ ဆန့်ကျင်နေကြမည်မဟုတ်ပေ။

အချို့မိစ္ဆာလက်နက်စစ်သည်များက မိစ္ဆာစစ်သည်များကို အသက်သွင်းရန် ကြိုးစားကြသော်လည်း သူတို့က မိစ္ဆာလက်နက်စစ်သည်များ၏ တောင်းဆိုမှုကို လျစ်လျူရှုထားကြသည်။

" အဲ့ဒါက မိစ္ဆာစစ်သည်အရှင်ရဲ့ ဆန္ဒပါ။ "

" အဲ့ဒီ နတ်လက်နက် ၃၆လက်က နှစ်တစ်ရာအတွင်း ရှေးဟောင်းနတ်ဘုရားအဆင့်ကို တက်ရောက်နိုင်လိမ့်မယ်လို့ မိစ္ဆာစစ်သည်အရှင်တွေက ပြောတယ်။ "

" ဒါကြောင့် ဒီလိုဖြစ်ရပ်မျိုး မဖြစ်အောင် ငါတို့က အစွမ်းကုန်တားဆီးဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ မဟုတ်ရင် ကောင်းကင်နဲ့ မြေကြီးကြားမှာ ငါတို့နေစရာရှိတော့မှာ မဟုတ်ဘူး။ "

မိစ္ဆာလက်နက်စစ်သည်များက သူတို့သိသမျှကို အကြမ်းဖျင်း ထုတ်ပြောလိုက်ကြသည်။ အားလုံးက လင်းယွမ်၏ ထင်မြင်ချက်နှင့် အတော်လေး ကိုက်ညီလေသည်။

နှစ်ရှစ်ထောင်အိပ်စက်ပြီးနောက် ထိုနတ်လက်နက် ၃၆လက်က စတုတ္ထအလွှာသို့ ရောက်ရန် အမှန်ပင် ဖြစ်လေသည်။ ၎င်းက တတိယအလွှာမှ စတုတ္ထအလွှာသို့ တက်ရောက်ရန် မည်မျှခက်ခဲသည်ကို ပြသနေသည်။

ထိုနတ်လက်နက် ၃၆လက်က ဤကမ္ဘာမှ နိယာမများ၏ ပြင်ပအသွင်အပြင်များ ဖြစ်ကြလေသည်။ သို့သော် စတုတ္ထအလွှာသို့ တက်ရောက်ရန် ခက်ခဲနေကြဆဲ ဖြစ်သည်။ လူသားများအတွက် ပြောစရာပင် မလိုပေ။

" ရှေးဟောင်းနတ်ဘုရား..." လင်းယွမ်က လေးနက်စွာ စဉ်းစားနေသည်။

လွန်ခဲ့သော နှစ်တစ်သောင်းတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါးက တောင်များနှင့် မြစ်များကို စတေးပြီး ပင်လယ်လေးစင်းကို သန့်စင်ကာ နတ်လက်နက်တစ်ရာကို ဖန်တီးခဲ့သည်။ ၎င်းက နတ်လက်နက်များ၏ မူလဖြစ်၏။

ထို့ကြောင့် နတ်လက်နက်များ ဖြစ်စေ အပိုင်းအစများဖြစ်စေ သူတို့အားလုံးက လွန်ခဲ့သော နှစ်တစ်သောင်းမှ ရှေးဟောင်းနတ်ဘုရားကို ဖခင်နတ်ဘုရားဟု ရည်ညွှန်းကြလေသည်။

ဆယ်စုနှစ်များအတွင်း လင်းယွမ်က ရှေးဟောင်းနတ်ဘုရားအကြောင်းကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း အနည်းငယ်သာ ရှာတွေ့ခဲ့သည်။

မိစ္ဆာစစ်သည်များ၏ မှတ်ဉာဏ်များကို ရှာဖွေရာတွင်လည်း သူတို့က အပိုင်းအစများ ဖြစ်နေကြသောကြောင့် သူက လွန်ခဲ့သော နှစ်တစ်သောင်းမှ အဖြစ်အပျက်များကို အရိပ်အယောင် အနည်းငယ်သာ သိနိုင်ခဲ့သည်။

လွန်ခဲ့သော နှစ်တစ်သောင်းမှ ရှေးဟောင်းနတ်ဘုရားနှင့် ပက်သက်သော မှတ်ဉာဏ်များနှင့် နတ်လက်နက်များအား ဘယ်လိုဖန်တီးခဲ့သည်ကို လုံးဝ မတွေ့ခဲ့ရပေ။ မိစ္ဆာစစ်သည်များက ဖခင်နတ်ဘုရားမှာ ကြီးမြတ်သည်ဟုသာ သိကြလေသည်။

လင်းယွမ်က ရှေးဟောင်းနတ်ဘုရားအကြောင်းကို အလွန်ပင် သိချင်နေမိသည်။

သူ၏ အမြင်တွင် ရှေးဟောင်းနတ်ဘုရားဆိုသည်မှာ စတုတ္ထအလွှာသာ ဖြစ်ပြီး အများဆုံး ထိုအဆင့်ထက် အနည်းငယ်သာ ပိုသာနိုင်လေသည်။

သို့သော် ထိုကဲ့သို့သော စွမ်းအားကြီးသူတစ်ယောက်က နှစ်တစ်သောင်းအသက်မရှင်နိုင်လျှင်တောင် ဘယ်လိုလုပ် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားခဲ့တာလဲ။

သူ၏ အတွေးများကို စုစည်းပြီး လင်းယွမ်က မိစ္ဆာလက်နက်စစ်သည်များကို ကြည့်လိုက်သည်။

" ငါ မင်းတို့ရဲ့ အကူအညီလိုတယ်။ " လင်းယွမ်က ညင်သာစွာ ပြောပြီး ပြုံးလိုက်သည်။

မိစ္ဆာလက်နက်စစ်သည်များက စိတ်ရှုပ်သွားကြသည်။ လင်းယွမ် ပြသခဲ့သော စွမ်းအားက နတ်လက်နက်များနှင့် မယှဉ်နိုင်လျှင်တောင် အလွန်သန်မာလှလေသည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို သူတို့က ဘယ်လိုကူညီနိုင်မှာလဲ။

" ကျေးဇူးပြုပြီး ပြောပါ။ " မိစ္ဆာလက်နက်စစ်သည်တစ်ယောက်က ပြန်ဖြေလိုက်သည်။

" ငါ မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲက မိစ္ဆာစစ်သည်တွေကို တစ်ချက်ကြည့်ဖို့ ငှားချင်တယ်။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားကြောင့် လူအုပ်က တိတ်ဆိတ်သွားကြပြန်သည်။

" မောက်မာလှချည်လား။ "

" သေမျိုး မင်းက သေချင်နေတာပဲ။ "

မိစ္ဆာလက်နက်စစ်သည် အသီးသီးဆီမှ ဒေါသထွက်နေသော စိတ်ဝိညာဉ်စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ မိစ္ဆာစစ်သည်များ၏ ပုံရိပ်များ ထွက်ပေါ်လာပြီး အထူးသဖြင့် ချင်းဝူ ဒူးထောက်နေသော နေရာတွင် ပြည့်စုံလုနီးပါး ဖြစ်နေသော ပုဆိန်ကြီးတစ်လက် ထွက်ပေါ်လာသည်။

နတ်လက်နက် ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်...

လင်းယွမ်၏ အကြည့်က ထိုပုဆိန်ကြီးပေါ်တွင် ကျရောက်နေသည်။

လွန်ခဲ့သော နှစ်ပေါင်းရှစ်ထောင်က နတ်လက်နက်တစ်ရာတိုက်ပွဲကြီးတွင် ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်က အစွမ်းထက်ဆုံး နတ်လက်နက် ၃၆လက် ပြီးလျှင် ဒုတိယဖြစ်လေသည်။ ရှုံးနိမ့်ခဲ့သည့်တိုင် ၎င်း၏ ကိုယ်ထည်အများစုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

အစပိုင်းတွင် မိစ္ဆာစစ်သည်များက လင်းယွမ်၏ ကြောက်စရာကောင်းသော စွမ်းအားကို အာရုံခံမိပြီးနောက် ဘေးထွက်နေရန် ရည်ရွယ်ပြီး သူတို့၏ မိစ္ဆာလက်နက်စစ်သည်များကိုပင် လျစ်လျူရှုထားခဲ့ကြသည်။

သို့သော် ထိုလင်းယွမ်က သူတို့ကို တစ်ချက်လောက် ကြည့်ရန် ငှားချင်သည်ဟု ပြောခဲ့လေသည်။

" အားလုံး မဆိုးဘူး။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

သူက ဤနေရာသို့ လာခြင်းမှာ သူ၏ သံသယများကို အတည်ပြုရန်သာမက အဓိကရည်ရွယ်ချက်မှာ ပို၍ ပြည့်စုံသော မိစ္ဆာစစ်သည်များကို ရယူရန် ဖြစ်သည်။

လင်းယွမ်က နိယာမများ၏ အနှစ်သာရဖြင့် စတုတ္ထအလွှာသို့ အဆင့်တက်ချင်လျှင် သူက များပြားသော မိစ္ဆာစစ်သည်များကို နားလည်ဆင်ခြင်ရန် လိုအပ်လေသည်။ ပိုပြီး အစွမ်ထက်လေ ပိုကောင်းလေဖြစ်သည်။

ချင်းရှီခန်းမ၏ အပြင်ဘက်တွင် စစ်ခုန်လွန်က စိုးရိမ်လျက်ရှိနေသည်။

" အရှင်ကတော့ စိတ်လိုက်မာန်ပါ လုပ်ပြန်ပြီ။ " စစ်ခုန်လွန်က လန့်သွား၏။

သူတို့က လမ်းညွှန်မှုအတိုင်း ထိုနေရာသို့ ရောက်ပြီးနောက် စစ်ခုန်လွန်က လင်းယွမ်နှင့်အတူ ခန်းမထဲသို့ ဝင်ရန် စီစဉ်ခဲ့သည်။

လင်းယွမ်နှင့် ယှဉ်လျှင် သူက မိစ္ဆာစစ်သည်များနှင့် ပြောဆိုဆက်ဆံရာတွင် အတွေ့အကြုံရှိလေသည်။ ညှိနှိုင်းခြင်း ပျက်ဆီးသွားလျှင်တောင် သူနှင့်လင်းယွမ်က ထွက်သွားရန် အခွင့်အရေးရှိနေဆဲ ဖြစ်သည်။ အဆိုးဆုံး သူတို့ တန်ကြေးတစ်ခု ပေးဆပ်ရန်သာ ရှိလေသည်။

သို့သော် လင်းယွမ်က သူ့ကို အပြင်တွင် စောင့်နေရန် ပြောခဲ့လေသည်။ ၎င်းက စစ်ခုန်လွန်ကို ပို၍ စိုးရိမ်စေလေသည်။ သူက လင်းယွမ်၏ ခွန်အားကို သိ၏။ လုံလောက်စွာ သန်မာလျှင် မိစ္ဆာစစ်သည်များကို အလွယ်တကူ ဖိနှိပ်ပစ်နိုင်သည်။ သို့သော် ခန်းမထဲမှ မိစ္ဆာလက်နက်စစ်သည်များက ယှဉ်ပြိုင်ရန် လွယ်ကူသော ပြိုင်ဘက်များ မဟုတ်ကြပေ။

ထိုနေရာတွင် ပို၍ ပြည့်စုံသော နတ်လက်နက် အပိုင်းအစများ စုဝေးနေကြသည်။ ကိုးဆယ်ရာခိုင်နှုန်း ပြည့်သုံသော နတ်လက်နက်တစ်လက်ပင် ရှိနေသေးသည်။

စစ်ခုန်လွန်က လင်းယွမ် သန်မာသည်ကို ဝန်ခံသော်လည်း စွမ်းအားကောင်းသော မိစ္ဆာစစ်သည်များ၏ ရှေ့တွင် အားသာချက် ရယူနိုင်လိမ့်မည်ဟု မယုံကြည်ပေ။

" တိုက်ပွဲတော့ မဖြစ်လောက်ပါဘူး။ " စစ်ခုန်လွန်က သက်ပြင်းချလိုက်သည်။

လင်းယွမ်နှင့် မိစ္ဆာလက်နက်စစ်သည်များ၏ ခွန်အားအရ တိုက်ပွဲသာ ဖြစ်လာပါက ကမ္ဘာမြေပျက်ဆီးသကဲ့သို့ ဖြစ်ပေလိမ့်မည်။ ယခု တိတ်ဆိတ်နေသောကြောင့် တိုက်ပွဲမဖြစ်သည်မှာ ထင်ရှားလေသည်။

သို့သော် လင်းယွမ်က ထွက်မလာသေးသောကြောင့် အခြေအနေက ခန့်မှန်း၍ မရပေ။ တိုက်ပွဲက ဖြစ်လာနိုင်သေးသည်။

မကြာမီ လူတစ်ယောက်က ခန်းမထဲမှ ထွက်လာခဲ့သည်။

" အရှင် " စစ်ခုန်လွန်က ဝမ်းသာသွား၏။

" အင်း " လင်းယွမ်က ခေါင်းငြိမ့်ပြီး အနည်းငယ် ပြုံးနေသည်။

" ငါ့နောက်က ထွက်လာတဲ့ လူတွေကို ဂရုစိုက်လိုက်ဦး။ " လင်းယွမ်က ပြောပြီး ထွက်ခွာသွားသည်။

" ဘာတွေကို ဂရုစိုက်ရမှာ..." စစ်ခုန်လွန်က စိတ်ရှုပ်သွားသည်။

ဘယ်လူတွေလဲ။ လင်းယွမ်က တစ်ယောက်တည်းဝင်သွားခဲ့ခြင်း ဖြစ်လေသည်။ ချင်းရှီခန်းမထဲတွင် လင်းယွမ်နှင့် မိစ္ဆာလက်နက်စစ်သည်များမှလွဲ၍ ဘယ်သူမှမရှိသည်မှာ သေချာလေသည်။

ထိုအချိန်တွင် ချင်းဝူ ဦးဆောင်သော မိစ္ဆာလက်နက်စစ်သည်များက ဝင်ပေါက်မှ ထွက်လာကြပြီး သူတို့၏ မျက်နှာများက ဖြူရော်နေသကဲ့သို့ သူတို့၏ ခန္ဓာကိုယ်များကလည်း တုန်ယင်နေကြသည်။

မိစ္ဆာစစ်သည်များကို အတင်းအကျပ် ထုတ်ယူခြင်းက သူတို့၏ ခန္ဓာကိုယ်ထဲမှ ခြင်ဆီနှင့် ကြွက်သားများ ထုတ်ယူခြင်းနှင့် တူလေသည်။ သူတို့၏ သန်မာသော စိတ်နှင့် ဝိညာဉ်များက နောက်ပိုင်းတွင် အသုံးဝင်လာမည်ဟု လင်းယွမ်က မတွေးခဲ့လျှင် သူတို့ အသက်ရှင်နိုင်မည် မဟုတ်ပေ။

" မင်းတို့ " မိစ္တာစစ်သည်များကို မြင်သောအခါ လင်းယွမ်က သူတို့အား ဂရုစိုက်ရန် မှာကြားခဲ့ခြင်း ဖြစ်သည်ကို စစ်ခုန်လွန်က နားလည်လိုက်သည်။

" ဒါ " စစ်ခုန်လွန်က တံတွေးများ ခက်ခဲစွာ မျိုချလိုက်သည်။

သူက ဉာဏ်မကောင်းလျှင်တောင် ထိုမိစ္ဆာလက်နက်စစ်သည်များက လင်းယွမ်ဆီသို့ အညံ့ခံခဲ့သည်ကို သိနိုင်လေသည်။

စစ်ခုန်လွန်က ထိတ်လန့်တုန်လှုပ်နေမိသည်။ သူက လင်းယွမ်အတွက်ပင် စိုးရိမ်နေခဲ့သေးသည်။ ယခု ဖြူဖတ်နေသော မိစ္ဆာလက်နက်စစ်သည်များကို မြင်သောအခါ စစ်ခုန်လွန်က ထွက်သွားသော လင်းယွမ်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကြည့်လိုက်သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters