← Chapters

ယဇ်ပူဇော်ရန်

Vol. 5 Ch. 80

ယဇ်ပူဇော်ရန်

Vol. 5 Ch. 80

ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်ကဲ့သို့ မိစ္ဆာစစ်သည်များအတွင်း ပါဝင်သော နိယာမများ၏ အနှစ်သာရများက လင်းယွမ်ကို စတုတ္ထအလွှာနှင့် ပို၍ နီးကပ်သွားသည်။

နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ ခွန်အားကို တိုးမြှင့်ရန် လင်းယွမ်က မိစ္ဆာလက်နက်စစ်သည်များကို ဖန်တီးရန် သူယခင်ရရှိထားသော နတ်လက်နက် အပိုင်းအစများကို အသုံးပြုခဲ့သည်။ ၎င်းတို့က လင်းယွမ် လုံးဝ နားလည်ဆင်ခြင်ပြီးသော နတ်လက်နက်အပိုင်းအစများ ဖြစ်ပြီး သူ့ဆီတွင်ထားလည်း အသုံးဝင်မည်မဟုတ်ပေ။ ထို့အပြင် ထိုနတ်လက်နက်အပိုင်းအစများက သန့်စင်ပြီးဖြစ်ပြီး အားလုံးက သူ၏ အမိန့်ကို နာခံကြလေသည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ငါးနှစ်ကုန်သွားခဲ့သည်။

မဟာယန်နိုင်ငံ ပန်းတစ်ရာ ခန်းမ။

ထိုနေရာက ယခင်ဧကရာဇ်၏ ကြင်ယာတော်နေသော နေရာဖြစ်လေသည်။ ယခု သူမက ဧကရာဇ်မယ်တော်အဖြစ် ပိုအဆင့်မြင့်သော နေရာသို့ ပြောင်းရွေ့နိုင်သော်လည်း ဝမ်ရှန်းဖုန်းက ထိုသို့ မလုပ်ခဲ့ပေ။ သူမက ပန်းတစ်ရာခန်းမတွင် ဆယ်နှစ်ကျော်နေထိုင်ခဲ့ပြီးနောက် နေသားကျနေပြီဖြစ်သည်။

ယနေ့တွင် လင်းယွမ်က သူ၏ မိခင်ထံ အလည်လာခဲ့သည်။ သူက နန်းတက်ချိန်မှစ၍ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့ပြီး သူ၏ မိခင်ထံ ခြောက်လတစ်ကြိမ် သို့မဟုတ် တစ်နှစ်တစ်ကြိမ်သာ လာတွေ့ခဲ့လေသည်။

" ယွမ်အာ အမေ သားအတွက် ရွေးချယ်ပေးခဲ့တဲ့ ကိုယ်လုပ်တော်တွေကို ဘယ်လိုသဘောရလဲ။ " ဝမ်ရှန်းဖုန်းက အသက်ကိုးဆယ်ကျော်ပြီဖြစ်သော်လည်း လေးဆယ်အရွယ်ဟုသာ ထင်ရပြီး သူမက ကျန်းမာနေဆဲ ဖြစ်သည်။

ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်တွင် သွေးသန့်စင်ခြင်း သိုင်းသူတော်စင်အဆင့်က ဒုတိယအလွှာ အထွတ်အထိပ်နှင့် ညီမျှပြီး သက်တမ်းကို ဆွဲဆန့်ပေးနိုင်သော အရာများ အသုံးမပြုလျှင်တောင် နှစ်တစ်ရာကျော် အသက်ရှည်နိုင်လေသည်။

၎င်းက နတ်လက်နက်များ၏ လွှမ်းမိုးမှုကြောင့်ဟု လင်းယွမ်က ခန့်မှန်းလေသည်။

အသက်ပိုရှည်သည်နှင့် သိုင်းသူတော်စင်အဆင့်ထက် သာလွန်သော အဆင့်ကို ရှာတွေ့နိုင်ချေပိုများလေသည်။ နတ်လက်နက်များက အမြဲတမ်းလိုလို အိပ်စက်နေကြသောကြောင့် ထိုဖြစ်ရပ်မျိုးကို ဖြစ်ခွင့်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် လူသားများ၏ သက်တမ်းက ကန့်သတ်ချက် ရှိလေသည်။

အများစုမှ အသက် ခုနှစ်ဆယ်၊ ရှစ်ဆယ်ရောက်မှ သိုင်းသူတော်စင်အဆင့်သို့ ရောက်ကြပြီး သူတို့၏ အသက်ဓာတ်များက အားနည်းနေပြီး သက်တမ်းက ကုန်ဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သိုင်းသူတော်စင်အဆင့်ထက် ကျော်လွန်သော အဆင့်ကို စူးစမ်းရှာဖွေရန် ခွန်အား မည်သို့မှရှိနိုင်မည်မဟုတ်ပေ။

ဝမ်ရှန်းဖုန်းက သိုင်းသူတော်စင်တစ်ယောက် မဟုတ်သော်လည်း လင်းယွမ် လျို့ဝှက်စွာ ပေးထားသော ခြင်ဆီသန့်စင်ပေးခြင်းကြောင့် အသက်ရှည်နိုင်ဆဲ ဖြစ်သည်။

ဝမ်ရှန်းဖုန်းအတွက် လင်းယွမ်၏ လက်ရှိစွမ်းအားဖြင့် ဖန်တီးထားသော ခြင်ဆီသန့်စင်ခြင်းက အင်မော်တယ်ဆေးကဲ့သို့ ဖြစ်လေသည်။ သူမ၏ ယခုအသက်ဓာတ်များအရ သက်တမ်းနှစ်ရာ နေနိုင်ရန် ပြဿနာရှိမည် မဟုတ်ပေ။

" အဆင်ပြေပါတယ်။ " လင်းယွမ်က သာမန်အတိုင်း ပြန်ဖြေလိုက်သည်။

နန်းတက်သည်မှာ နှစ်ငါးဆယ်ကျော်ပြီဖြစ်သော်လည်း လင်းယွမ်တွင် သားသမီးမရှိပေ။ လင်းယွမ်က ဧကရာဇ်ဟောင်း လျိုရှစ်မဟုတ်ပေ။

ဧကရာဇ်တစ်ပါးသည် ထီးနန်းကို အမွေဆက်ခံရန်အတွက် အိမ်ရှေ့စံတစ်ယောက် လိုအပ်လေသည်။ သို့သော် လင်းယွမ်အတွက် မလိုအပ်ပေ။ သူ၏ သက်တမ်းနှင့် သူက ကလေးများ ရှိလျှင်တောင် ဧကရာဇ်ထက် အရင်သေဆုံးသွားသော အိမ်ရှေ့စံဖြစ်ပေလိမ့်မည်။

ဤကမ္ဘာတွင် သွေးသန့်စင်ခြင်း သိုင်းသူတော်စင်မှန်သမျှ နှစ်ပေါင်း ၁၆၀ သာ အသက်ရှင်ကြလေသည်။ နောက်ဆုံး သူတို့က သက်တမ်းတိုးနိုင်လျှင်ပင် နှစ်နှစ်ဆယ်၊ သုံးဆယ်က အများဆုံး ဖြစ်လေသည်။

လင်းယွမ်၏ တုန့်ပြန်မှုကြောင့် ထိုကိစ္စများအား စိတ်မဝင်စားသည်ကို ဝမ်ရှန်းဖုန်းက သိလိုက်သည်။ သို့သော် သူမက လင်းယွမ်ကို ဖိအားမပေးချင်ပေ။

လင်းယွမ်၏ အုပ်ချုပ်မှုအောက်တွင် မဟာယန်နိုင်ငံက နိုင်ငံ ၃၆ နိုင်ငံထဲမှ စွမ်းအားအကောင်းဆုံး နိုင်ငံများနှင့် ယှဉ်နိုင်လုနီးပါး ဖြစ်လာခဲ့သည်။

" ဒါနဲ့ သား ခမည်းတော်က အခု နေလို့သိပ်မကောင်းဘူး။ ယွမ်အာ သားအချိန်ရရင် ခမည်းတော်ဆီ အလည်သွားသင့်တယ်။ "

" ကောင်းပြီ။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။

ပန်းတစ်ရာခန်းမမှ ထွက်လာပြီးသောအခါ တော်ဝင်မိသားစုဝင်တစ်ယောက်က သူ့ကို လာရောက်တွေ့ဆုံခဲ့သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ မဟာယန်နိုင်ငံက နတ်လက်နက်စစ်သည်တစ်ယောက် မထုတ်ပေးနိုင်တာ ဆယ်စုနှစ်ကျော် ကြာပါပြီ။ " ထိုလူက တော်ဝင်မိသားစုထဲမှ လင်းယွမ်၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။

အလယ်ပိုင်းနိုင်ငံ ၃၆ နိုင်ငံတွင် အရေးကြီးဆုံးတာဝန်မှာ နတ်လက်နက်စစ်သည်တစ်ယောက် မွေးထုတ်ပေးရန် ဖြစ်သည်။ ယခင် နတ်လက်နက်စစ်သည်ဖြစ်သော လင်းယွမ်၏ အမခုနှစ်က လွန်ခဲ့သော ဆယ်စုနှစ်က သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူမက နတ်လက်နက်ကို တစ်ကြိမ်မှ အသက်မသွင်းခဲ့သောကြောင့် အခြားနတ်လက်နက်စစ်သည်များနှင့်ယှဉ်လျှင် ပို၍ အသက်ရှည်ခဲ့သည်။

" နတ်လက်နက်စစ်သည် "

လင်းယွမ်၏ စိတ်ထဲတွင် လွန်ခဲ့သော နှစ်ငါးဆယ်ကျော်မှ သူဆီသို့ နောက်ဆုံးအကြိမ် လာနှုတ်ဆက်ခဲ့သော သူ၏ အမကို မြင်ယောင်မိသွားသည်။

နတ်လက်နက်စစ်သည်ဖြစ်လာပြီးနောက် သူတို့က နတ်လက်နက်နှင့် ချည်နှောင်ခြင်းခံရပြီး လင်းယွမ်က စွမ်းအားအကုန်မသုံးပါက ၎င်းတို့ကြားရှိ ဆက်နွယ်မှုကို ဖြတ်တောက်ရန် ခက်ခဲလေသည်။

" ဒီကိစ္စက အရေးမကြီးသေးပါဘူး။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။

" ဟုတ်ကဲ့ " တော်ဝင်မိသားစုဝင်က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောခဲ့ပေ။

ထိုလူထွက်သွားပြီးသောအခါ လင်းယွမ်က ဧကရာဇ်ဟောင်း လျိုရှစ်နှင့် တွေ့ဆုံခဲ့သည်။

ဝမ်ရှန်းဖုန်းနှင့်ယှဉ်လျှင် ဧကရာဇ်လျိုရှစ်က အခြေအနေ သိပ်မကောင်းပေ။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်မွေးများက ဖြူနေပြီး အရေပြားများက တွန့်နေသည်။

လင်းယွမ်က လျိုရှိအပေါ်သို့ ခြင်ဆီသန့်စင်ပေးခြင်း မရှိပေ။ ယခင် ဧကရာဇ်တစ်ပါးအနေဖြင့် သူက နိုင်ငံကာကွယ်ရေးနတ်လက်နက်နှင့် ထိတွေ့မှုများစွာ ရှိသည့်အပြင် ၎င်း၏ အမှတ်အသားကလည်း သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေပြီဖြစ်သည်။

လင်းယွမ်က လျိုရှစ်ကို ခြင်ဆီသန့်စင်ပေးရန်အတွက် သူ၏ စွမ်းအားကို ထုတ်ဖော်လိုက်ပါက နိုင်ငံကာကွယ်ရေးနတ်လက်နက်ကို အသိပေးသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

" ခမည်းတော် " လင်းယွမ်က ဧကရာဇ်ဟောင်း လျိုရှစ်နှင့် အချိန်အတော်ကြာ စကားပြောခဲ့လေသည်။

အဓိကအားဖြင့် လျိုရှစ်ကပြောပြီး လင်းယွမ်က နားထောင်ခြင်းသာ ဖြစ်သည်။ သူက မဟာယန်နိုင်ငံ၏ လက်ရှိအခြေအနေကို ကြားခဲ့လေသည်။ သူ၏ သားတော်က သမိုင်းတွင် အအောင်မြင်ဆုံး ဧကရာဇ်တစ်ပါး ဖြစ်လေသည်။ လျိုရှစ်က သူ၏ သားအတွက် အလွန်ပင် ဂုဏ်ယူမိလေသည်။

" ယွမ်အာ ငါထွက်သွားရမှာ ကြောက်နေမိတယ်။ ဒီဘဝမှာ ငါ လျိုရှစ် နောင်တအရဆုံး အရာက မဟာယန်ကို မင်းဆီ လွှဲပေးခဲ့တာပဲ။ " လျိုရှစ်က ခနစကားပြောပြီးနောက် အိပ်စက်သွားခဲ့သည်။

" အချိန်ကျပြီ။ " ဧကရာဇ်ဟောင်း နေထိုင်ရာ နန်းတော်ထဲမှ ထွက်လာပြီး​နောက် လင်းယွမ်က မြောက်ဘက်သို့ မျှော်ကြည့်လိုက်သည်။

ထိုနေရာက မဟာယန်နိုင်ငံ၏ နတ်လက်နက်ထားရှိရာ နတ်လက်နက်ဘိုးဘေးနယ်မြေဖြစ်လေသည်။

လွန်ခဲ့သော ငါးနှစ် ခြောက်နှစ်ကတည်းက လင်းယွမ်က စတုတ္ထအလွှာ၏ အစွန်းသို့ ရောက်နေပြီဖြစ်ပြီး နတ်လက်နက်များထက် အားနည်းခြင်း မရှိတော့ပေ။

ယခု ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်ကဲ့သို့သော နတ်လက်နက် အပိုင်းအစများထံမှ နိယာမများကို လေ့လာပြီး သူ၏ ခွန်အားက နောက်တစ်ကြိမ် တိုးတက်လာခဲ့သည်။

နောက်တစ်နေ့ တရားရုံးတော်တွင် မဟာယန်နိုင်ငံ၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက စိတ်လှုပ်ရှားနေကြသည်။ အကြောင်းမှာ ယနေ့နံနက်တွင် လင်းယွမ်က ညီလာခံတွင် ပါဝင်မည်ဖြစ်သည်။

ယခု မဟာယန်နိုင်ငံ၏ ဧကရာဇ်၏ အရည်အချင်းများက ယခင်ဧကရာဇ်များကို ကျော်လွန်ခဲ့ပြီး သူ၏ တစ်ခုတည်းသော အပြစ်ပြောစရာမှာ လူအများရှေ့တွင် ထွက်ပေါ်လာရန် ဝန်လေးခြင်း ဖြစ်သည်။

နန်းတွင်းရှိ ဝန်ကြီးအသစ်များပင် ဧကရာဇ်ကို လူကိုယ်တိုင် မမြင်ဖူးကြပေ။

မဟာယန်နိုင်ငံ၏ ပြည်သူများ၏ ရင်ထဲတွင်လည်း လင်းယွမ်က အလေးစားရဆုံး ပုဂ္ဂုလ်ဖြစ်လာခဲ့သည်။

နဂါးပလ္လင်ပေါ်တွင် လင်းယွမ်က ပေါ့ပေါ့ပါးပါး ထိုင်နေသည်။ အောက်မှ ဝန်ကြီးများက နိုင်ငံရေးကိစ္စများကို အသီးသီး တင်ပြလိုက်ကြသည်။

ညီလာခံပြီးဆုံးခါနီးတွင် သာသနာရေးဝန်ကြီးက ရှေ့တိုးလာသည်။

" အရှင်းမင်းကြီး နန်းတက်တာလည်း နှစ်ငါးဆယ်ကျော်ပါပြီ။ ဘိုးဘေးများရဲ့ ဓလေ့ထုံးတမ်းအရ အရှင်မင်းကြီး နတ်လက်နက်ဘိုးဘေးနယ်မြေကို သွားသင့်ပါပြီ။ " သာသနာရေးဝန်ကြီးက တိုက်ရိုက်လျှောက်တင်လိုက်သည်။

လင်းယွမ်နန်းတက်ပြီးနောက် သာသနာရေးဝန်ကြီး သုံးယောက် ရှိခဲ့လေသည်။ သုံးယောက်လုံးက ဧကရာဇ်ကို နတ်လက်နက်ဘိုးဘေးနယ်မြေသို့ သွားရန် တိုက်တွန်းခဲ့ကြသည်။ သို့သော် ဧကရာဇ်က အချိန်တိုင်း ရှောင်လွှဲပြီးသာ နေခဲ့လေသည်။

၎င်းမှာ သာသနာရေးဝန်ကြီး သုံးယောက်အတွက် အကျင့်တစ်ခုကဲ့သို့ ဖြစ်လာသည်။

ထိုအချိန်တွင် နဂါးပလ္လင်ပေါ်မှ လင်းယွမ်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ " ဒါပေါ့။ ပူဇော်ဖို့အတွက် ဘိုးဘေးနယ်မြေကို သွားရမယ့် အချိန်ပဲ။ "

သာသနာရေးဝန်ကြီးက ၎င်းကို ကြားသောအခါ မှင်သက်သွား၏။ သူ၏ မျက်လုံးများက နီရဲလာသည်။ နှစ်ငါးဆယ်ကြာပြီးနောက် အမြဲတမ်း နေမကောင်းခဲ့သော ဧကရာဇ်က နတ်လက်နက်ဘိုးဘေးနယ်မြေသို့ သွားရန် သဘောတူခဲ့လေသည်။

ကမ္ဘာအမျိုးမျိုးတွင်ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters