← Chapters

ရှေးဟောင်းနတ်ဘုရား

Vol. 5 Ch. 82

ရှေးဟောင်းနတ်ဘုရား

Vol. 5 Ch. 82

ကောင်းကင်နှင့်မြေကြီးကို ဖြတ်တောက်ခြင်း။

လင်းယွမ်အတွက် ၎င်းက နတ်လက်နက် ကောင်းကင်နှင့်မြေကြီးသို့ ပြန်သွားခြင်းကို တားဆီးရန်သာမက ပို၍ အရေးကြီးသည်မှာ သူနှင့် နတ်လက်နက်တို့၏ တိုက်ပွဲမှ စွမ်းအားလှိုင်းများ အပြင်သို့ မထွက်နိုင်အောင် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

အလယ်ပိုင်လွင်ပြင် နိုင်ငံ ၃၆ နိုင်ငံတွင် လွန်ခဲ့သော နှစ်ရှစ်ထောင်မှ တိုက်ပွဲကြီးတွင် ပါဝင်ခဲ့သော နတ်လက်နက်တစ်ခုစီ ရှိနေကြသည်။ သူတို့က အလယ်ပိုင်းလွင်ပြင်ကို နိုင်ငံ ၃၆ နိုင်ငံအဖြစ် ပိုင်းခြားထားကြသည်။

ထိုနတ်လက်နက် ၃၆လက်က အေးချမ်းစွာ ရှိနေကြပြီး သဘောတူညီမှုအချို့ ပြုလုပ်ထားရပေမည်။ ဥပမာ အကျပ်အတည်းအခြေအနေတွင် တစ်ယောက်နှင့်တစ်ယောက် ကူညီခြင်းကဲ့သို့ ဖြစ်သည်။

လင်းယွမ်က နေလလှံအား ဖိနှိပ်နေသည်ကို သူတို့ အာရုံခံမိလျှင် သူက နတ်လက်နက် ၃၆လက်လုံး၏ ဝန်းရံခြင်းကို ခံရပေလိမ့်မည်။ အချင်းချင်း ကူညီရန် သဘောတူညီမှုများ မရှိလျှင်တောင် ထိုကဲ့သို့ လူသားမျိုးနွယ်၏ အစွမ်းထက်သော လူတစ်ယောက်ကို မြင်လျှင် လုယူစားသောက်ရန် သို့မဟုတ် မျှဝေရန် လှုပ်ရှားကြပေလိမ့်မည်။

လင်းယွမ်က လွတ်မြောက်သွားလျှင်တောင် နတ်လက်နက် ၃၆လက်က လင်းယွမ်၏ ခွန်အားကို မြင်သည်နှင့် ခြိမ်းခြောက်မှုကို ခံစားရပြီး အသက်ပေါင်းများစွာကို စားသောက်ကာ စတုတ္ထအလွှာသို့ လျင်မြန်စွာ တက်ရောက်ကြပေလိမ့်မည်။

အခြားမိစ္ဆာစစ်သည်များ၏ စကားများအရ နတ်လက်နက် ၃၆လက်က စတုတ္ထအလွှာနှင့် အလွန်နီးစပ်နေပြီဖြစ်သည်။

" ဘာကို နေရမှာလဲ။ " နေလလှံက ကောင်းကင်နှင့်မြေကြီးကြားမှ ပြောင်းလဲမှုကို သတိမပြုမိပေ။ ၎င်းက ယခုမှ နိုးထလာသောကြောင့် အာရုံခံစားမှုက အနည်းငယ် ဝေဝါးနေ၏။

" မကြာသေးခင်က ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်လို့ခေါ်တဲ့ မိစ္ဆာစစ်သည်တစ်လက် ပေါ်လာတယ်။ " လင်းယွမ်က နေလလှံကို အာရုံလွှဲရန် ခေါင်းစဉ်တစ်ခုကို ပေါ့ပေါ့တန်တန် ရွေးချယ်လိုက်၏။

" အဲ့တစ်ခုလား။ " နေလလှံက အနည်းငယ် အံ့ဩသွားပြီး ၎င်း၏ အသံက လှောင်ပြောင်မှုများ ပါဝင်နေသည်။ ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်က ယခုမပြောနှင့် လွန်ခဲ့သော နှစ်ရှစ်ထောင်ကပင် ၎င်း၏ ပြိုင်ဘက်မဟုတ်ခဲ့ပေ။

" အဲ့ဒါ..." နေလလှံက လင်းယွမ်နှင့် ဆွေးနွေးရန် ပြင်လိုက်သော်လည်း လင်းယွမ်၏ ညာလက်က ၎င်းရှိရာသို့ ဖမ်းဆုပ်လိုက်သည်ကို မြင်လိုက်ရသည်။

ဝုန်း....

ကြောက်စရာကောင်းသော ဖိအားက လေထုထဲတွင် ပြည့်နှက်သွားသည်။ နေလလှံ၏ အော်ရာနှင့် ဖန်တီးထားသော နတ်နဂါးက တိုက်ရိုက် ပျက်ဆီးသွား၏။

လင်းယွမ်၏ ခန္ဓာကိုယ်က ပေတစ်ထောင်နီးပါး ကြီးထွားလာသကဲ့သို့ နေလလှံ၏ ရှေ့တွင် ပေါ်လာပြီး သူ၏ ညာလက်နှင့် လှံ၏ ကိုယ်ထည်ကို ဆုပ်ကိုင်လိုက်သည်။

" မင်း ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ။ " နေလလှံက လွန်စွာ ဒေါသထွက်သွား၏။ ၎င်းကို ဆုပ်ကိုင်ရန် မပြောနှင့် လွန်ခဲ့သော နှစ်ရှစ်ထောင်မှ တိုက်ပွဲတွင်ပင် မည်သည့်နတ်လက်နက်မှ ၎င်း၏ အနီးသို့ မလာရဲကြပေ။ ၎င်းကို ဖန်တီးခဲ့သော ဖခင်နတ်ဘုရားမှ လွဲ၍ ဘယ်သူမှ ထိုကဲ့သို့ မလုပ်ဖူးပေ။

နတ်လက်နက်၏ ကြောက်စရာကောင်းသော အော်ရာက ရုတ်တရက် ပေါက်ကွဲလာပြီး အလွန်ထက်ရှသော စွမ်းအားတစ်ခုက လင်းယွမ်အပေါ်သို့ ကျရောက်လာသည်။

" အရမ်းနောက်ကျသွားပြီ..." လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါပြီး ပြုံးလိုက်သည်။

နတ်လက်နက်က ပြင်းထန်သော စွမ်းအားနှင့် ရုန်းကန်နေသော်လည်း လင်းယွမ်က နေလလှံ၏ ကိုယ်ထည်ကို ချိတ်ပိတ်ပစ်လိုက်သည်။ ၎င်းက ​မည်မျှ ရုန်းကန်သည်ဖြစ်စေ အသုံးမဝင်တော့ပေ။

၎င်းက လင်းယွမ်၏ အဆုံးစွန်သော အကြံအစည်ဖြစ်၏။

သူက နေလလှံပေါ်သို့ တိုက်ရိုက် လှုပ်ရှားလိုက်လျှင် သူက ၎င်းကို ကိုယ်တွယ်နိုင်မလား ဆိုသည့်အပြင် ၎င်း၏ အစစ်အမှန် ခန္ဓကိုယ်၏ တည်နေရာအတိအကျကိုလည်း မသိခဲ့ပေ။

ထို့အပြင် သူ၏ ခွန်အား ထွက်ပေါ်လာသည်နှင့် နေလလှံက အပြည့်အဝ နိုးထလာပြီး ပို၍ ခက်ခဲသွားပေမည်။

ယဇ်ပူဇော်ခြင်းကို အခွင့်ကောင်းယူပြီး နေလလှံကို သတိပေါ့လျော့စေခဲ့သည်။ ထို့နောက် ကိုယ်စားလှယ်အနေဖြင့် လင်းယွမ်က နေလလှံအနီးသို့ ချဉ်းကပ်နိုင်ခဲ့သည်။ ထိုနည်းလမ်းဖြင့် သူက နေလလှံ၏ အသက်ကို ဆုပ်ကိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။

" တကယ်ကို စတုတ္ထအလွှာနဲ့ နီးကပ်နေပြီပဲ။ " နေလလှံ၏ ရုန်းကန်မှုကို ခံစားမိပြီး လင်းယွမ်၏ အမူအရာက ပို၍ လေးနက်လာသည်။

ထိုခနတွင် သူက နှစ်မီတာ ရှည်သော လှံတစ်ချောင်းထက် တိမ်များကြားတွင် ပျံသန်းသွားလာသော နဂါးတစ်ကောင်ကို ဖိနှိပ်နေရသကဲ့သို့ ခံစားနေရသည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

" ဒီလိုခွန်အားမျိုးကို ပိုင်ဆိုင်တာ မင်းက တကယ်ဘာလဲ။ " နေလလှံက အလွန်ထိတ်လန့်နေလေသည်။

အကြိမ်များစွာ ပြန်လည်တိုက်ခိုက်ပြီးနောက် လင်းယွမ်က အားလုံးကို ဖိနှိပ်ခဲ့လေသည်။ နေလလှံက သူ၏ အကျပ်အတည်းကို လျင်မြန်စွာ သဘောပေါက်သွား၏။

၎င်း၏ အစစ်အမှန်ကိုယ်ထည်ကို ဖိနှိပ်ထားခြင်းဖြင့် မည်သည့်နတ်စွမ်းရည်များဖြစ်စေ အသုံးပြုရန် အလွန်ခက်ခဲသွားလေသည်။

" ထိုက်ကျိ..." လင်းယွမ်၏ မျက်လုံးများထဲတွင် အဖြူအနက်ဝဲတစ်ခု ပေါ်လာသည်။

ထိုခနတွင် နေလလှံက ကောင်းကင်ပြိုကျလာသကဲ့သို့ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ ထိုက်ယင်နှင့် ထိုက်ယန် အစွန်းရောက်စွမ်းအားများက လှံ၏ ကိုယ်ထည်ထဲသို့ စီးဆင်းလာပြီး ၎င်း၏ အသိထဲသို့ ကျူးကျော်လာကြသည်။

" မင်းက ငါ့ကို တွန်းအားပေးနေတာပဲ..." နေလလှံ၏ စိတ်ဝိညာဉ်လှိုင်းများက ပေါက်ကွဲသွား၏။ လှံ၏ ကိုယ်ထည်က စတင်ဝေဝါးလာပြီး ကောင်းကင်နှင့်မြေကြီးဆီသို့ ပြန်ချင်နေသည်မှာ ထင်ရှားလေသည်။ ထိုနည်းလမ်းက ၎င်း၏ စိတ်အသိပျောက်ကွယ်သွားမည်ဖြစ်သော်လည်း လင်းယွမ်၏ လက်ထဲသို့ ကျရောက်သည်ထက် ပိုကောင်းလေသည်။

ထို့အပြင် လင်းယွမ်၏ အလွန်ဟန်ချက်ညီသော ထိုက်ကျိစွမ်းအား၏ ဖိအားနှင့် ရင်ဆိုင်ရသောအခါ ၎င်း၏ စိတ်အသိကလည်း ကြာရှည်ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်နှင့်မြေကြီးထဲသို့ ပေါင်းစပ်လိုက်ခြင်းက ပိုကောင်းလေသည်။

" နှစ်ရာပေါင်းများစွာတိုင်အောင် မဟာယန်နိုင်ငံရဲ့ သားစဉ်မြေးဆက်က နေနဲ့လရဲ့ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရပါစေ..." နေလလှံက ကျိန်စာတစ်ခုကို ဖန်တီးပြီး ၎င်း၏ ခန္ဓာကိုယ် အနက်ရှိုင်းဆုံးသို့ မြှုပ်နှံထားလိုက်သည်။

ထိုနည်းလမ်းဖြင့် အနာဂတ်တွင် နေလလှံ ပြန်လည်ထွက်ပေါ်လာပြီး စိတ်အသိ အသစ်ဖြစ်ပေါ်လာလျှင်တောင် မဟာယန်နိုင်ငံ၏ မျိုးဆက်များကို မုန်းတီးပေလိမ့်မည်ဖြစ်သည်။

သို့သော် နေလလှံက ပေါင်းစပ်ခြင်းဖြစ်စဉ် လမ်းတစ်ဝက်တွင် ဝေဝါးနေသော လှံရိုးက တစ်ဖန် အထည်ဒြပ်ဖြစ်လာသည်။

" ဘာ " နေလလှံက တုန်လှုပ်သွားသည်။ ကောင်းကင်နှင့်မြေကြီးထဲသို့ ပေါင်းစပ်သော ဖြစ်စဉ်က နှောက်ယှက်ခြင်း ခံလိုက်ရသည်။

" မင်း မင်းက ကောင်းကင်နဲ့မြေကြီးကို ပိုင်းခြားနိုင်တာလား။ " နေလလှံက အလွန်ထိတ်လန့်သွား၏။

ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားခြင်း။ ၎င်းက ရိုးရှင်းသည်ဟု ထင်ရသော်လည်း အောင်မြင်ရန် ကောင်းကင်ကို တက်သည်ထက် ပိုမိုခက်ခဲလေသည်။

ဝုန်း ဝုန်း ဝုန်း.....

ထိုက်ကျိဖိအား၏ ဖျက်ဆီးမှုအောက်တွင် နေလလှံ၏ စိတ်အသိက အမှောင်ထဲသို့ တဖြည်းဖြည်း ကျရောက်သွားသည်။

" မဟာအောင်မြင်မှုတစ်ခုပဲ။ " လင်းယွမ်က အနည်းငယ် သက်ပြင်းချလိုက်သည်။

ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားထားသော အချိန်အကန့်အသတ်သို့ နီးကပ်လာချိန်တွင် သူက အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

" ပြည့်စုံတဲ့ နတ်လက်နက် " လင်းယွမ်က သူ၏ ရှေ့မှ လက်ဝါးအရွယ်ထိ ဖိနှိပ်ခံထားရသော နေလလှံကို ကြည့်လိုက်သည်။ ထိုသို့ဆိုလျှင်တောင် နေလလှံမှ ဆန်းကျယ်သော စွမ်းအားတစ်ခု ထွက်ပေါ်နေဆဲ ဖြစ်သည်။

" လာခဲ့ " လင်းယွမ်၏ အတွေးတစ်ချက်နှင့်အတူ ဘိုးဘေးနယ်မြေ၏ ပတ်လည်တွင် နေရာချထားခဲ့သော မိစ္ဆာစစ်သည်အပိုင်းအစများက လင်းယွမ်ဆီသို့ ပြန်ရောက်လာကြသည်။ မိစ္ဆာစစ်သည်များ ပျောက်ကွယ်သွားခြင်းနှင့်အတူ ကောင်းကင်နှင့်မြေကြီးမှ ပိုင်းခြားထားမှုက ပြန်လည်ကောင်းမွန်သွားခဲ့သည်။ တိုက်ပွဲပြီးဆုံးသည်အထိ မည်သည့်ပြဿနာမှ မဖြစ်ခဲ့ပေ။

နေလလှံကို ဖိနှိပ်ပြီးနောက် လင်းယွမ်က သူ၏ မြေအောက်နန်းတော်သို့ ပြန်လာခဲ့သည်။ ထိုနေရာက မဟာယန်နိုင်ငံ၏ အစွန်အဖျားတွင် တည်ဆောက်ထားပြီး အပြင်လူများရှာတွေ့နိုင်ရန် ခက်ခဲလေသည်။

" နေလလှံ " လင်းယွမ်က ထိုင်နေရင်း နေလလှံကို စူးစိုက်ကြည့်နေသည်။

နတ်လက်နက်ကို ကြည့်ရင်း လင်းယွမ်၏ ပထမဆုံး ခံစားမှုက ပြီးပြည့်စုံခြင်း ဖြစ်၏။ နေ၊ လ၊ ကြယ်များကဲ့သို့ ကောင်းကင်နှင့်မြေကြီး၏ ပြင်ပအရာရာတိုင်းက အတားအဆီးမရှိ ပေါင်းစပ်ထားသကဲ့သို့ ပြီးပြည့်စုံးခြင်း ဖြစ်လေသည်။

ရက်အနည်းငယ် ကြာပြီးနောက် စစ်ခုန်လွန်က မြေအောက်နန်းတော်သို့ ရောက်လာခဲ့သည်။ သူ၏ လက်ထဲမှ သစ်သားသေတ္တာထဲတွင် လက်နက်အပိုင်းအစတစ်ခု ရှိနေသည်။ ၎င်းက မိစ္ဆာစစ်သည်ဖြစ်၏။

လင်းယွမ်က မိစ္ဆာစစ်သည်အမျိုးမျိုးကို စုဆောင်းရန် နတ်​ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းကို အမိန့်ပေးထားခဲ့သည်။ သေတ္တာထဲရှိ မိစ္ဆာစစ်သည်မှာ လင်းယွမ်၏ လိုအပ်ချက်နှင့် ကိုက်ညီသော စိတ်အသိမမွေးဖွားသေးသည့် နတ်လက်နက် အပိုင်းအစတစ်ခု ဖြစ်လေသည်။

စစ်ခုန်လွန်က နန်းတော်ထဲသို့ ရောက်ချိန်တွင် လင်းယွမ်နှင့် သူ၏ ရှေ့တွင် မျောလွင့်နေသော လှံတစ်လက်ကို တွေ့လိုက်ရပြီး မှင်သက်သွား၏။

" အဲ့ဒီလှံ အဲ့ဒါ ဘယ်မိစ္ဆာစစ်သည်လဲ။ " စစ်ခုန်လွန်က စိတ်ရှုပ်သွား၏။ သူ လင်းယွမ်ကို စုဆောင်းပေးသော မိစ္ဆာစစ်သည်များထဲတွင် လှံနှင့်တူသော အပိုင်းအစ အနည်းငယ်သာ ပါဝင်လေသည်။ ထို့အပြင် လင်းယွမ်၏ ရှေ့မှ လှံက အလွန်ပြည့်စုံနေသည်ဟု ထင်ရလေသည်။

စစ်ခုန်လွန်၏ အကြည့်များက တဖြည်းဖြည်း ငေးငိုင်သွားပြီး သူ၏ စိတ်ထဲတွင် တုန်လှုပ်ခြင်းနှင့် မယုံကြည်နိုင်ခြင်းများ ပြည့်နက်သွားသည်။ သူက ထိုလှံမှာ မိစ္ဆာစစ်သည်မဟုတ်ဘဲ နတ်လက်နက်တစ်လက်ဟု ခံစားမိနေသည်။

ပြီးပြည့်စုံသော နတ်လက်နက်။ သို့သော် ဤကမ္ဘာကြီးတွင် နတ်လက်နက် ၃၆လက်အပြင် ပြည့်စုံသော နတ်လက်နက် နောက်တစ်ခု မရှိနိုင်ပေ။

" အဲ့ အဲ့ဒါ မဟာယန်နိုင်ငံရဲ့ နေလလှံလား။ " စစ်ခုန်လွန်၏ စိတ်က ဗလာဖြစ်သွား၏။

ကြီးမြတ်သော နတ်လက်နက်တစ်လက်က ယခု လင်းယွမ်၏ ရှေ့တွင် အညံ့ခံနေရလေသည်။ လင်းယွမ်က မိစ္ဆာစစ်သည်များအား အလွယ်တကူ ဖိနှိပ်နိုင်သည်ကို သူသိသော်လည်း မိစ္ဆာစစ်သည်များက မိစ္ဆာစစ်သည်များသာ ဖြစ်ပြီး ပြည့်စုံသော နတ်လက်နက်များနှင့် မနှိုင်းယှဉ်နိုင်ပေ။

" အရှင် " စစ်ခုန်လွန်၏ ခြေထောက်များက အားနည်းသွားပြီး ရှေ့ဆက်မတိုးရဲတော့ပေ။

လင်းယွမ်က နေလလှံကို ဖိနှိပ်ပြီးနောက် ၎င်း၏ မှတ်ဉာဏ်များကို ရှာဖွေရန် ကြိုးစားနေသည်။ စိတ်ဝိညာဉ်စွမ်းအားများက ကျူးကျော်လာပြီး လွန်ခဲ့သော နှစ်တစ်သောင်းမှ နေလလှံ၏ မှတ်ဉာဏ်များက ဖြည်းညင်းစွာ ထွက်ပေါ်လာကြသည်။ မိစ္ဆာစစ်သည်များနှင့် မတူဘဲ နေလလှံက ပြည့်စုံသော နတ်လက်နက်တစ်ခု ဖြစ်သောကြောင့် ၎င်း၏ မှတ်ဉာဏ်များကလည်း ပြည့်စုံစွာ ရှိနေလေသည်။

လင်းယွမ်၏ အမူအရာက လေးနက်နေပြီး လွန်ခဲ့သော နှစ်တစ်သောင်းမှ မှတ်ဉာဏ်များကို ရှာဖွေရန် အချိန် သိပ်မယူလိုက်ရပေ။

ဝုန်း....

နေလလှံ၏ မှတ်ဉာဏ်များနှင့် လင်းယွမ်က လွန်ခဲ့သော နှစ်တစ်သောင်းကို ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းက ကျယ်ပြောလှသော ကမ္ဘာကြီးဖြစ်ပြီး လင်းယွမ်က လှည့်ပတ်ကြည့်လိုက်သည်။ သူက တောက်ပသော အလင်းတန်းများနှင့် လွှမ်းခြုံထားသော ကြီးမားသည့် ပုံရိပ်တစ်ခုကို လျင်မြန်စွာ တွေ့လိုက်ရသည်။ ထိုလူက ရှေးဟောင်းနတ်ဘုရားပင် ဖြစ်၏။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters