နေနှင့်လ
Vol. 5 Ch. 83
လွန်ခဲ့သော နှစ်တစ်သောင်းတွင် နိုင်ငံဟူ၍ မရှိပေ။ ထိုအချိန်က လူသားမျိုးနွယ်များက မျိုးနွယ်စုများအလိုက် ကမ္ဘာကြီး၏ အစွန်းပိုင်းများတွင် နေထိုင်ခဲ့ကြသည်။
ထိုရှေးခေတ်ကာလတွင် နတ်ဘုရားတစ်ပါး ထွက်ပေါ်လာခဲ့သည်။ ထိုနတ်ဘုရားက ကမ္ဘာအနှံ့ လှည့်လည်သွားလာပြီး အရာအားလုံးကို လေ့လာခဲ့သည်။ နောက်ဆုံးတွင် သူက တောင်များနှင့် မြစ်များကို စတေးပြီး ပင်လယ်လေးစင်းကို သန့်စင်ကာ ကောင်းကင်နှင့် မြေကြီးအတွင်းမှ လက်နက်တစ်ရာကို ဖန်တီးခဲ့သည်။
ထိုလက်နက်တစ်ရာက ကမ္ဘာကြီး၏ နိယာမအသွင်အပြင်များဖြစ်ပြီး နတ်ဘုရား၏ အတင်းအကျပ် ထုတ်ယူခြင်းကို ခံခဲ့ရသည်။ ရှေးဟောင်းနတ်ဘုရားမရှိဘဲ ထိုလက်နက်တစ်ရာက ကောင်းကင်နှင့်မြေကြီး၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ထိုလက်နက်တစ်ရာက နောက်ပိုင်းတွင် နတ်လက်နက်တစ်ရာ ဖြစ်လာခဲ့သည်။
" မင်းက တစ်၊ မင်းက နှစ်၊ မင်းက သုံး...." ရှေးဟောင်းနတ်ဘုရား၏ မျက်နှာက ဝေဝါးနေပြီး သူက ကောင်းကင်နှင့်မြေကြီးကြားတွင် မျောလွင့်နေသော နတ်လက်နက်များကို ကြည့်နေခဲ့သည်။
ယခုအချိန်တွင် လင်းယွမ်၏ အမြင်က လှံရှည်တစ်လက်၏ ရှုထောင့်မှ ဖြစ်၏။
နေလလှံ.... ၎င်းက ရှေးဟောင်းနတ်ဘုရား ဖန်တီးခဲ့သော နတ်လက်နက်များကြားတွင် ဆယ့်ရှစ်လက်မြောက် ဖြစ်လေသည်။ ထို့ကြောင့် ၎င်း၏ နာမည်ကိုလည်း ဆယ်ရှစ်ဟု ခေါ်လေသည်။
အချိန်များစွာ ကုန်ဆုံးသွားပြီး ရှေးဟောင်းနတ်ဘုရားက နတ်လက်နက်များရှေ့တွင် တဖန် ပြန်ပေါ်လာသည်။
" ငါထွက်သွားတော့မယ်။ အခုကစပြီး ဒီကမ္ဘာမှာ မင်းတို့ပဲ ကျန်နေခဲ့လိမ့်မယ်။ " ထိုစကားများကို ပြောပြီးနောက် ရှေးဟောင်းနတ်ဘုရားက ပျောက်ကွယ်သွားခဲ့သည်။
နှစ်များ တဖြည်းဖြည်း ကုန်လာပြီး ရှေးဟောင်းနတ်ဘုရားက နောက်တစ်ကြိမ် ပေါ်မလာခဲ့ပေ။ နတ်လက်နက်တစ်ရာ၏ စိတ်အသိကလည်း တဖြည်းဖြည်း ပြည့်စုံလာခဲ့သည်။
တစ်ရက်တွင် လူသားများ၏ သွေးနှင့် ဝိညာဉ်က သူတို့ ကြီးထွားမှုအတွက် များစွာ အကျိုးပြုသည်ကို သူတို့က ရှာတွေ့ခဲ့ကြသည်။ ထို့နောက် သူတို့က လူသားများကို စတင်စားသောက်ကြသည်။
သို့သော် နောက်ပိုင်းတွင် မျှော်စင်သဏ္ဍန် နတ်လက်နက်က သူတို့သာ လူသားများကို ထိုကဲ့သို့ အထိန်းအကွပ်မရှိ စားသောက်နေပါက မကြာခင် လူသားများ မျိုးသုဉ်းသွားမည်ကို နားလည်လာခဲ့သည်။ လူသားများ မျိုးသုဉ်ပျောက်ကွယ်သွားလျှင် သူတို့၏ တိုးတက်မှုကလည်း ယခင်ကဲ့သို့ ပြန်လည်နှေးကွေးသွားပေလိမ့်မည်။
ထို့ကြောင့် မျှော်စင်သဏ္ဍန်နတ်လက်နက်က အခြားနတ်လက်နက်များကို စတင်တားဆီးခဲ့သည်။ ထိုလုပ်ရပ်ကို နတ်လက်နက်အချို့က လက်ခံကြပြီး အချို့က ဆန့်ကျင်ခဲ့ကြသည်။
အဆုံးတွင် နတ်လက်နက် တစ်ရာက သဘောတူညီမှုတစ်ခု ရယူခဲ့ကြသည်။ သူတို့က လူသားများကို တစ်နေရာတည်းတွင် ချုပ်နှောင်ထားပြီး အချို့ကို စားသုံးရန် အခါအားလျော်စွာ ရွေးချယ်မည်ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းက အလယ်ပိုင်းလွင်ပြင် နိုင်ငံ ၃၆ နိုင်ငံဖြစ်လာခဲ့သည်။
နောက်ထပ် နှစ်ပေါင်း တစ်ထောင်၊ နှစ်ထောင် ကြာသွားခဲ့သည်။ နတ်လက်နက် အချို့က လူသားများအား ပို၍ စားသုံးနေကြသည်ကို အခြားနတ်လက်နက်များ သိလာကြသည်။ ထိုတရားမျှတမှုမရှိသော ဝေမျှမှုက နတ်လက်နက်များကြား စစ်ပွဲကို ဖြစ်စေခဲ့သည်။ ထိုစစ်ပွဲတွင် နတ်လက်နက် ၆၄ခု ပျက်စီးသွားခဲ့သည်။ စွမ်းအားအကောင်းဆုံး နတ်လက်နက် ၃၆လက်က လူသားများကို အုပ်ချုပ်ခဲ့သည်။
မြေအောက်နန်းတော်ထဲတွင် လင်းယွမ်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ နေလလှံ၏ မှတ်ဉာဏ်များကို ရှာဖွေပြီးနောက် လင်းယွမ်က ရှေးဟောင်နတ်ဘုရားကို အတော်လေး နားလည်လာခဲ့သည်။
ရှေးဟောင်းနတ်ဘုရား၏ စွမ်းအားက စတုတ္ထအလွှာ နှောင်းပိုင်းအဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့်ပင် ဖြစ်နိုင်လေသည်။ သူက ကမ္ဘာအနှံ့ လျှောက်သွားပြီး နတ်လက်နက်တစ်ရာကို ဖန်တီးခဲ့သည်။
ထိုရှေးဟောင်းနတ်ဘုရားမှာ ဤကမ္ဘာ၏ နိယာမများအား ဖမ်းဆုပ်ထားနိုင်မည်ကို လင်းယွမ်က ခန့်မှန်းမိလေသည်။ နတ်လက်နက်တစ်ရာကို ဖန်တီးနေစဉ် ရှေးဟောင်းနတ်ဘုရားက နတ်လက်နက်များအတွင်းမှ နိယာမအမျိုးမျိုးကို လေ့လာဆင်ခြင်ခဲ့၏။
ရှေးဟောင်းနတ်ဘုရား၏ နားလည်နိုင်စွမ်းက လင်းယွမ်ကို မယှဉ်နိုင်လျှင်တောင် သူ့တွင် အချိန်များစွာ ရှိလေသည်။ နိယာမများကို နားလည်နိုင်ရန် အချိန်တစ်ခုသာ လိုပေလိမ့်မည်။
" အစစ်အမှန် နတ်လက်နက်..." အတွေးများနှင့်အတူ လင်းယွမ်၏ အကြည့်က နေလလှံပေါ်သို့ ကျရောက်သွားပြန်သည်။
နေလလှံက လင်းယွမ်၏ ဖိနှိပ်မှုကြောင့် ၎င်း၏ စိတ်အသိက အိပ်မောကျနေလျှင်တောင် ၎င်း၏ အလိုအလျောက် ခုခံမှုက သွေးသန့်စင်ခြင်း သိုင်းသူတော်စင် တစ်သောင်းကျော်ကို တစ်ချက်တည်း ပျက်ဆီးသွားရန် လုံလောက်လေသည်။ သို့သော် ထိုခုခံမှုက လင်းယွမ်အတွက် ဘာမှမဟုတ်ပေ။
" နေနဲ့လ..." လင်းယွမ်က လှံကို ထိလိုက်သကဲ့သို့ ၎၏ နိယာမများကို ခံစားလိုက်ပြီး သူ၏ စိတ်ထဲတွင် မရေတွက်နိုင်သော အသိအမြင်များ ထွက်ပေါ်လာသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဤကမ္ဘာကြီး၏ နိယာမများကို ထိတွေ့ပြီး နေနဲ့လရဲ့ နိယာမ အသိအမြင်တွေကို ရရှိခဲ့ပါတယ်။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဤကမ္ဘာကြီး၏ နိယာမများကို ထိတွေ့ပြီး နေနဲ့လရဲ့ နိယာမ အသိအမြင်တွေကို ရရှိခဲ့ပါတယ်။ ]
လင်းယွမ်က သူ၏ ရှေ့မှ လမ်းမှာ ပို၍ ရှင်းလင်းသွားသည်ကို ခံစားလိုက်ရသည်။
" တကယ်ကို အစစ်အမှန်နတ်လက်နက်ပဲ။ " လင်းယွမ်က အနည်းငယ် ချီးကျူးလိုက်၏။
ထိခိုက်ထားသော မိစ္ဆာစစ်သည်များနှင့် ယှဉ်လျှင် နတ်လက်နက်များက သူ့ကို အရည်အသွေးပြောင်းလဲမှုများ ဖြစ်ပေါ်စေသည်ဟု ပြောလို့ရပေသည်။
အထူးသဖြင့် လှံအတွင်း ပါရှိသော နေနှင့်လ၏ အနှစ်သာရက လင်းယွမ်၏ ထိုက်ကျိတာအိုနှင့် လုံးဝ လိုက်ဖက်နေသည်။
နေနှင့်လက ထိုင်ယင်နှင့် ထိုက်ယန်ပင် ဖြစ်ပြီး နေနှင့်လ၏ အနှစ်သာရက ထိုက်ကျိတာအိုကို ပို၍ သန်မာလာစေခဲ့သည်။
" နတ်လက်နက်တစ်ခုပဲရှိတာ စိတ်မကောင်းစရာပဲ။ " လင်းယွမ်က နေလလှံကို ကြည့်နေသော်လည်း သူ၏ စိတ်က နတ်လက်နက် ၃၆လက်ဆီသို့ ရောက်နေသည်။
နတ်လက်နက်အားလုံးက သူ့ကို ဉာဏ်အလင်းရရန် ကူညီပေးလျှင် ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်မလဲ။သို့သော် ၎င်းက စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်၏။
နေလလှံကို ဖိနှိပ်ခဲ့သည့် နည်းလမ်းကို အခြားနတ်လက်နက်များအပေါ်သို့ အသုံးပြုရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
နတ်လက်နက် ၃၆လက်က အချင်းချင်း အပြန်အလှန် တုန့်ပြန်မှုရှိကြလေသည်။ လင်းယွမ်က ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားပြီး နေလလှံကို ဖိနှိပ်နေစဉ် အခြားနတ်လက်နက်များ၏ ထောက်လှမ်းမှုကို ရှောင်ရှားနိုင်ခဲ့သည်။
သို့သော် နေလလှံ၏ အော်ရာက ပျောက်ကွယ်သွားပြီး အခြားနတ်လက်နက်များက ၎င်း၏ တည်ရှိမှုကို အာရုံမခံနိုင်ကြလျှင် နိုးနိုးကြားကြား ဖြစ်သွားကြမည်မှာ သေချာလေသည်။
လင်းယွမ်က ဆက်လက်လှုပ်ရှားခဲ့လျှင် လက်ဗလာနှင့် ပြန်လာနိုင်လျှင် မဆိုးသော်လည်း အခြားနတ်လက်နက် ၃၅ခု၏ ထောင်ချောက်ထဲသို့ပင် ကျသွားနိုင်လေသည်။
နတ်လက်နက်များ၏ စိတ်အသိကို အထင်သေး၍မရပေ။ သူတို့က နှစ်ပေါင်းတစ်သောင်းကျော် ကြီးထွားလာသောကြောင့် သူတို့၏ ဉာဏ်ရည်က မူလကမ္ဘာမှ ဉာဏ်ကြီးရှင်များနှင့် မယှဉ်နိုင်လျှင်တောင် သာမန်လူများထက် ပို၍ အားကောင်းနေမည်မှာ သေချာလေသည်။
" ဒါပေမယ့် နတ်လက်နက်တစ်ခုက လုံလောက်တယ်။ "
" ဒီထဲမှာ ပါတဲ့ နိယာမတွေရဲ့ အနှစ်သာရက ငါ့ကို စတုတ္ထအလွှာကို တွန်းပို့ပေးနိုင်လောက်တယ်။ " လင်းယွမ်က အလွန်ကျေနပ်နေ၏။ နေလလှံကို အောင်မြင်စွာ ဖိနှိပ်နိုင်ခဲ့ခြင်းက သူ၏ မျှော်လင့်ချက်များကို ပြည့်မီစေခဲ့သည်။
ခနစဉ်းစားပြီးသောအခါ လင်းယွမ်က နေလလှံကို သိမ်းဆည်းလိုက်ပြီး နန်းတော်အပြင်ဘက်သို့ ကြည့်လိုက်သည်။
စစ်ခုန်လွန်က လင်းယွမ်၏ အမိန့်မရှိဘဲ နန်းတော်ထဲသို့ မဝင်ရဲသောကြောင့် အပြင်တွင် လေးစားစွာ ရပ်စောင့်နေသည်။
" ဝင်ခဲ့ " လင်းယွမ်၏ အသံက စစ်ခုန်လွန်၏ နားထဲသို့ ဝင်ရောက်လာသည်။
" ဟုတ်ကဲ့။ " စစ်ခုန်လွန်က အသက်ပြင်းပြင်းရှုလိုက်ပြီး နန်းတော်ထဲသို့ ဝင်ရောက်သွားသည်။
" အရှင် ဒါက မိစ္ဆာစစ်သည်တစ်ခုပါ။ အရှင်ရဲ့ အမိန့်အတိုင်း မိစ်ဆာစစ်သည်တွေကို ရသမွ် စုဆောင်းနေပါတယ်။ " စစ်ခုန်လွန်က လင်းယွမ်ကို သစ်သားသေတ္တာ ပေးလိုက်သည်။
" ငါနားလည်ပြီ။ " လင်းယွမ်က အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။
ယခု သူ၏ လက်ထဲတွင် နတ်လက်နက်တစ်ခု ရှိသောကြောင့် သာမန်မိစ္ဆာစစ်သည်များကို ဂရုမစိုက်ဘဲ နေလို့ရပေသည်။ သို့သော် အသေးဆုံး ခြင်တစ်ကောင်ကပင် အသားဖြစ်နေဆဲပင်။ နတ်လက်နက်အစိတ်အပိုင်းများတွင် ပါဝင်သော နိယာမ အနှစ်သာရများက ပြိုကွဲသွားလျှင်တောင် လင်းယွမ်အတွက် အသုံးဝင်နေဆဲ ဖြစ်သည်။
" ဒါဆို ကျွန်တော် ထွက်သွားပါတော့မယ်။ " စစ်ခုန်လွန်က သစ်သားသေတ္တာကို ပေးပြီး ရိုသေစွာ နောက်ဆုတ်သွားသည်။
" ဒီနှစ်တွေမှာ ငါ ဘယ်သူလဲဆိုတာ မင်းသိနေပြီမဟုတ်လား။ " လင်းယွမ်က ရုတ်တရက် ပြောလိုက်သည်။
စစ်ခုန်လွန်က သူနှင့် ရှိနေသည်မှာ ဆယ်စုနှစ်အချို့ ရှိပြီဖြစ်သော်လည်း လင်းယွမ်က သူ၏ အဆင့်အတန်းကို ထုတ်မပြခဲ့ပေ။
၎င်းကို ကြားသောအခါ စစ်ခုန်လွန်က တုန်လှုပ်သွား၏။ ယခင် သူက သံသယအချို့ ရှိခဲ့သော်လည်း ယခု လင်းယွမ်က မဟာယန်နိုင်ငံ၏ နိုင်ငံကာကွယ်ရေးနတ်လက်နက် နေလလှံအား ကိုင်ထားသည်ကို မြင်သောအခါ သူ၏ သံသယက ကိုးဆယ်ရာခိုင်နှုန်း သေချာသွားခဲ့သည်။ ထို့ကြောင့် သူ၏ သခင်မှာ မဟာယန်နိုင်ငံ၏ ဧကရာဇ် ဖြစ်သည်ကို အတည်ပြုလိုက်သည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " စစ်ခုန်လွန်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး ရိုသေစွာ ပြောလိုက်သည်။
" မှန်တယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
စစ်ခုန်လွန်က သူ၏ အဆင့်အတန်းကို ခန့်မှန်းရန် ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ပေ။ နှစ်အချို့ကြာပြီးနောက် နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက မဟာယန်နိုင်ငံနှင့် မကြာခန လျို့ဝှက်စွာ ပူးပေါင်းခဲ့ကြသည်။ အခြားသူများက ထိုကိစ္စကို သတိမထားမိနိုင်သော်လည်း ခေါင်းဆောင်တစ်ယောက်ဖြစ်သော စစ်ခုန်လွန်က အချို့ကို သတိပြုမိပေလိမ့်မည်။
" နောက်တစ်ကြိမ်မှာ အဲ့ဒီမိစ္ဆာစစ်သည်တွေ ပြောသလို အဆုံးအဖြတ်တိုက်ပွဲကို စတင်မယ်။ " လင်းယွမ်က ပေါ့ပါးစွာ ပြောလိုက်သည်။
ကျန်ရှိသော နတ်လက်နက် ၃၆လက်ကို ဖြေရှင်းရန် လင်းယွမ်က သူတို့အားလုံးကို ရင်ဆိုင်ရန် လိုအပ်လေသည်။ တစ်ခုပြီးတစ်ခု ဖြေရှင်းနေလျှင် အခြားနတ်လက်နက်များက သူ၏ ခွန်အားကို သိသွားပြီး ပုန်းကွယ်သွားကြပေလိမ့်မည်။ ပုန်းကွယ်နေသော နတ်လက်နက်များကို ရှာဖွေနိုင်သော်လည်း ကောင်းကင်နှင့်မြေကြီးထဲသို့ ပေါင်းစပ်သွားသော နတ်လက်နက်များအတွက် လင်းယွမ်တွင် အဖြေမရှိပေ။
ဤကမ္ဘာတွင် သူ၏ အချိန်က အကန့်အသတ်ရှိလေသည်။ သူက နတ်လက်နက်များကို အချိန်ကန့်သတ်ချက်မရှိ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
လင်းယွမ်၏ အစီအစဉ်မှာ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းနှင့် မိစ္ဆာစစ်သည်များကို အလယ်ပိုင်းလွင်ပြင် ၃၅နိုင်ငံကို တိုက်ခိုက်ပြီး နတ်လက်နက် ၃၅ခုကို အတင်းအကျပ် လှုပ်ရှားလာစေရန် ဖြစ်၏။
အလယ်ပိုင်းလွင်ပြင် နိုင်ငံ ၃၅ နိုင်ငံက နတ်လက်နက်များ ကြီးထွားလာရန်အတွက် အဓိက အထောက်အကူများ ဖြစ်ကြလေသည်။ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက တိုက်ခိုက်ခဲ့လျှင် ၎ကို တားဆီးမည့်သူများမှာ နတ်လက်နက်များပင် ဖြစ်ပေလိမ့်မည်။
" ကောင်းပြီ။ " စစ်ခုန်လွန်က ခေါင်းငြိမ့်လိုက်သည်။
၎င်းက အတိတ်တွင်ဖြစ်လျှင် သူက ထိုအဆုံးအဖြတ်တိုက်ပွဲအတွက် မည်သည့်မျှော်လင့်ချက်မှ ထားမည်မဟုတ်ပေ။ သို့သော် လင်းယွမ်က နေလလှံကို ကိုင်ထားသည်အား မြင်သောအခါ စစ်ခုန်လွန်၏ စိတ်ထဲတွင် မျှော်လင့်ချက် အလင်းရောင် ထွက်ပေါ်လာခဲ့သည်။
" ဒါနဲ့ သန်မာတဲ့ ဝိညာဉ်ရှိတဲ့ လူအချို့ကို ခေါ်လာခဲ့။ ငါ ကိုယ်တိုင် မိစ္ဆာလက်နက်စစ်သည်အချို့ကို လေ့ကျင့်ပေးမယ်။ " လင်းယွမ်က ပြောလိုက်သည်။
ဤတစ်ကြိမ်တွင် သူလေ့ကျင့်ပေးမည့် မိစ္ဆာလက်နက်စစ်သည်များက ကိုးဆယ်ရာခိုင်နှုန်း ပြည့်စုံသော မိစ္ဆာစစ်သည်များနှင့် ထိပ်သီးအဆင့်များ ဖြစ်ကြသည်။ နတ်လက်နက်များ၏ အစိတ်အပိုင်း မိစ္ဆာစစ်သည်များက သူတို့ကို သူတို့ ပြန်လည် ကုသနိုင်ခြင်း မရှိပေ။ မဟုတ်လျှင် သူတို့က နှစ်ရှစ်ထောင်အတွင်း ပြည့်စုံသော နတ်လက်နက်တစ်ခု မရှိသည်မှာ မဖြစ်နိုင်ပေ။
သို့သော် မိစ္ဆာစစ်သည်များက သူတို့ကို သူတို့ ပြန်မကုသနိုင်လျှင်တောင် လင်းယွမ်က သူတို့၏ အစိတ်အပိုင်းများကို ပြန်လည်ပေါင်းစည်းနိုင်လေသည်။ ယခု လင်းယွမ်၏ လက်ထဲရှိ မိစ္ဆာစစ်သည်များစွာတွင် ပြည့်စုံသော နတ်လက်နက် နှစ်ခုသုံးခု ရှိလာပြီဖြစ်သည်။
ပြန်လည်ပေါင်းစည်းထားသော နတ်လက်နက်များက နတ်လက်နက် ၃၆ ခုမပြောနှင့် လွန်ခဲ့သော နှစ်ရှစ်ထောင်မှ သူတို့၏ အထွတ်အထိပ် အခြေအနေနှင့်ပင် မယှဉ်နိုင်ကြသေးပေ။ ထို့အပြင် နတ်လက်နက် ၃၆လက်က နှစ်ရှစ်ထောင်အတွင်း မရေတွက်နိုင်သော အသက်များကို စားသုံးခဲ့ပြီး သူတို့၏ ခွန်အားကလည်း ကြီးစွာ တိုးတက်လာကြသည်။
သို့သော် ပြည့်စုံသော မိစ္ဆာစစ်သည်များက နတ်လက်နက်များအောက်မှ လူအားလုံးကို သုတ်သင်နိုင်လေသည်။ ထို့ကြောင့် သူတို့ပေါ်ထွက်လာစေရန် တွန်းအားပေးနိုင်ပေလိမ့်မည်ဖြစ်သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း
ာင်းမှုအမှတ်များ ရရှိ