← Chapters

စစ်သည်များ၏ အရှင်သခင်

Vol. 5 Ch. 84

စစ်သည်များ၏ အရှင်သခင်

Vol. 5 Ch. 84

လင်းယွမ်က နေလလှံကို အောင်မြင်စွာ ဖိနှိပ်ပြီးချိန်တွင် အလယ်ပိုင်းလွင်ပြင် နိုင်ငံ ၃၅နိုင်ငံရှိ နတ်လက်နက် ဘိုးဘေးနယ်မြေများတွင် ကြီးမားသော စိတ်ဝိညာဉ်လှိုင်းများ ထွက်ပေါ်လာသည်။

" ဆယ့်ရှစ် ဘယ်ရောက်သွားတာလဲ။ "

" ဆယ့်ရှစ်ရဲ့ တည်ရှိမှုက ဘာလို့ပျောက်ကွယ်သွားတာလဲ။ "

" ဘာဖြစ်သွားတာလဲ။ ဆယ်ရှစ်က သူ့ရဲ့ တည်ရှိမှုကို ခွဲထုတ်ခဲ့တာလား။ "

" တစ်ခုခုဖြစ်သွားတာလား။ "

" ငါတို့နတ်လက်နက်တွေက သက်ရှိအားလုံးထက် သာလွန်တယ်။ ဘာလို့တစ်ခုခုဖြစ်ရမှာလဲ။ "

နတ်လက်နက် ဆယ်ခုကျော်က တစ်ခုနှင့်တစ်ခု ဆက်သွယ်ပြောဆိုနေကြသည်။ နတ်လက်နက်များက ကောင်းကင်နှင့်မြေကြီး၏ နိယာမများမှ ဆင်းသက်လာသောကြောင့် သူတို့ဆန္ဒရှိသရွေ့ အခြားနတ်လက်နက်များကို အာရုံခံနိုင်ကြလေသည်။

" ဘာပဲဖြစ်ဖြစ် ဒီအချိန်က ငါတို့ အဲ့ဒီအဆင့်ကို ရောက်ဖို့ အရေးကြီးဆုံးအချိန်ဖြစ်နေပြီ။ မင်းတို့ ယဇ်ကောင်တွေကို စားသောက်ရင်တောင် ဂရုစိုက်ကြ။ မင်းတို့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်မပြကြနဲ့။ " စွမ်းအားကောင်းလှသော စိတ်ဝိညာဉ်လှိုင်းတစ်ခုက မျှော်စင်သဏ္ဍန် နတ်လက်နက်ထံမှ ထွက်ပေါ်လာသည်။

ထိုမျှော်စင်သဏ္ဍန် နတ်လက်နက်က ရှေးဟောင်းနတ်ဘုရား ပထမဆုံး ဖန်တီးခဲ့သော နတ်လက်နက်ဖြစ်ပြီး နတ်လက်နက်များကြားတွင် အသန်မာဆုံးဟု ပြော၍ရပေသည်။

အချိန်များက တဖြည်းဖြည်း ရွေ့လျားနေပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်ကုန်သွားခဲ့သည်။ အတိတ်နှင့်ယှဉ်လျှင် ထိုဆယ်နှစ်က အမှန်ပင် မုန်တိုင်းထန်နေခဲ့သည်။

နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းနှင့် နိုင်ငံ ၃၆ နိုင်ငံကြား ပဋိပက္ခက ပိုမိုပြင်းထန်လာခဲ့သည်။ ထိုအချိန်တွင် သက်ရှိတိုင်းက နတ်လက်နက်များ၏ ယဇ်ကောင်များအဖြစ် ကြီးပြင်းလာရသည့် အမှန်တစ်ရားက တစ်ကမ္ဘာလုံး ပျံ့နှံ့သွားခဲ့သည်။ နတ်လက်နက်များက သက်ရှိများကို အစားအစာအဖြစ် အသုံးပြုခြင်းက အများစုကို မကျေမနပ် ဖြစ်စေခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့က ခြံခတ်မွေးမြူထားသော တိရစ္ဆာန်များနှင့် ကွာခြားတော့မည်မဟုတ်ပေ။

သို့သော် နိုင်ငံအားလုံး၏ ပြင်ထန်သော ဖိနှိပ်မှုအောက်တွင် ထိုမကျေနပ်မှုများက သူတို့၏ စိတ်ထဲတွင်သာ နစ်မြှုပ်သွားကြသည်။ ခေါင်းဆောင်တစ်ယောက်မရှိလျှင် သူတို့က မည်မျှမကျေနပ်သည်ဖြစ်စေ ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

သို့သော် ယခု နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက ခေါင်းဆောင်အဖြစ် အစပြုပြီး သက်ရှိများအားလုံးကို တိရစ္ဆာန်များကဲ့သို့ မနေဘဲ ဆန့်ကျင်ရန် တောင်းဆိုခဲ့သည်။

မဟာရှနိုင်ငံ၏ မြို့တော် စားသောက်ဆိုင်တစ်ခုထဲတွင် ပုံပြောသူတစ်ယောက်က စိတ်အားထက်သန်စွာ ပြောဆိုနေသည်။

" ဂုဏ်သရေရှိဧည့်သည်တော်တို့ အလယ်ပိုင်းလွင်ပြင် နိုင်ငံ ၃၆ နိုင်ငံက ကျုပ်တို့ကို နတ်လက်နက်တွေ မွေးမြူထားတဲ့ တိရစ္ဆာန်တွေအဖြစ် မှတ်ယူကြတယ်။ ဒါပေမယ့် ဘာလို့ ဒီလိုဖြစ်ရမှာလဲ။ "

" ကျုပ်တို့ ဂရုမစိုက်ဘူး။ ကျုပ်တို့က အသက်ကြီးနေပေမယ့် ကျုပ်တို့ ကလေးတွေ ကျုပ်တို့ မြေးတွေ ကျုပ်တို့ မြစ်တွေ သူတို့ကရော ဒီလိုပဲ ရှင်သန်သွားသင့်လား။ "

" ကျုပ်တို့က အစားအစာအဖြစ် သတ်မှတ်ခံနေရပြီး နတ်လက်နက်တွေက ဘာလို့ အထက်ဆုံးမှာ ရပ်နေရမှာလဲ။ "

" ဘာလို့ နတ်လက်နက်တွေကပဲ အရာအားလုံးကို ဆုံးဖြတ်နေရတာလဲ။ ကျုပ်တို့ရဲ့ ရွေးချယ်မှုကို ကျုပ်တို့ကိုယ်တိုင် ဆုံးဖြတ်သင့်တယ်မဟုတ်လား။ "

ပုံပြောသူက နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းမှဖြစ်ပြီး သူက ဝါဒဖြန့်ကျက်ရန်နှင့် လူသားများ၏ မခံလိုစိတ်ကို မြှင့်တင်ပေးရန် ဤနေရာသို့ ရောက်လာခြင်း ​ဖြစ်သည်။

" ကောင်းတယ်။ "

" ဟုတ်တယ် ဘာကအမှန်လဲ။ "

" ငါက လူသားတစ်ယောက်အဖြစ် မွေးဖွားလာတယ်။ ဘာလို့ငါက အစားအစာတစ်ခု အဖြစ်ခံရမှာလဲ။ "

စားသောက်ဆိုင်ရှိ ဧည့်သည်များက ရုတ်တရက် လှုပ်ရှားလာကြသည်။ သူတို့သာဆိုလျှင် ဘာမှမဖြစ်သော်လည်း သူတို့၏ သားမြေးများက သူတို့လို့ ကျွဲနွားများအဖြစ် ရှင်သန်ရမည်ကို သူတို့ လက်မခံနိုင်ပေ။

" ငါတို့ခုခံရမယ်။ "

" နတ်လက်နက်တွေကို တော်လှန်ကြ။ "

လူငယ်တစ်ယောက်က စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်သည်။ သူ၏ နာမည်က ရှုချုံးဖြစ်၏။ မကြာသေးမီက သူ၏ ဖခင်မှာ မဟာရှနိုင်ငံ၏ အတင်းအကျပ် စုဆောင်းခြင်း ခံရပြီး ယဇ်ကောင်တစ်ကောင် ဖြစ်လာခဲ့သည်။ အမှန်တော့ သူက ယဇ်ပူဇော်ခြင်း ခံရမည်ဖြစ်သော်လည်း သူ၏ ဖခင်က သူ့နေရာကို အစားထိုးသွားခဲ့သည်။

ယခု စကားများကို ကြားလိုက်ရသောအခါ သူက ဒေါသစိတ်နှင့် မတ်တပ်ရပ်ပြီး ပြောလိုက်ခြင်းဖြစ်သည်။

ရှုချုံးသာမဟုတ် အခြားသူများလည်း အလားတူ ခံစားနေရလေသည်။ နှစ်ရှည်လများတိုင်အောင် နတ်လက်နက်များအပေါ် မကျေနပ်ချက်များက စုစည်းနေကြသည်။

ထိုအချိန်တွင် စင်မြင့်ပေါ်မှာ ပုံပြောသူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ခုနှစ်ဆယ်ရာခိုင်နှုန်း ပြည့်စုံသော မိစ္ဆာစစ်သည်က ပတ်ဝန်းကျင်ကို လျင်မြန်စွာ အာရုံခံနေသည်။

" အဲ့ဒီလူက မွေးရာပါ သန်မာတဲ့ ဝိညာဉ်ရှိတယ်။ သူက မိစ္ဆာလက်နက်စစ်သည်တစ်ယောက်ဖြစ်လာဖို့ သင့်တော်တယ်။ " မိစ္ဆာစစ်သည်၏ အာရုံက ရှုချုံးအပေါ်တွင် ရှိနေသည်။

" ကောင်းပြီ။ " ပုံပြောသူက ခေါင်းငြိမ့်ပြီး ရှုချုံး၏ အသွင်အပြင်ကို မှတ်သားထားလိုက်သည်။

" မကောင်းတော့ဘူး။ "

" အရာရှိတွေလာပြီ။ "

ထိုအချိန်တွင် လူတစ်ယောက်က စားသောက်ဆိုင်ထဲသို့ ပြေးဝင်လာသည်။

" အားလုံး စိုးရိမ်ဖို့မလိုပါဘူး။ " ပုံပြောသူက ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ " ဒီစင်မြင့်အောက်မှာ လျို့ဝှက်လမ်းကြောင်းတစ်ခု ရှိပါတယ်။ အရာရှိတွေနဲ့ တွေ့မှာ စိုးရိမ်ရင် ဒီလမ်းကြောင်းအတိုင်း ထွက်သွားနိုင်ပါတယ်။ "

ပုံပြောသူ၏ လက်ဝှေ့ရမ်းခြင်းနှင့်အတူ တစ်မီတာ ရှည်သော ဝင်ပေါက်တစ်ခု ပေါ်လာသည်။

ရုတ်တရက် ဧည့်သည်များစွာက လျို့ဝှက်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားကြသည်။ နတ်လက်နက်များအား ဆန့်ကျင်သော ကြွေးကျော်သံများက အမှန်ပင် ကြည်နူးဖွယ်ကောင်းလှသည်။ သို့သော် အရာရှိများ၏ ဖမ်းဆီးခြင်းခံရလျှင် သူတို့က နောက်တစ်ကြိမ်အတွက် ယဇ်ကောင်များဖြစ်လာပြီး နတ်လက်နက်များ၏ စားသောက်ခြင်း ခံရမည်မှာ သံသယဝင်စရာပင် မလိုပေ။

" ငါ တော်တော် စိတ်လိုက်မာန်ပါ လုပ်တာပဲ။ " ရှုချုံးက လျို့ဝှက်လမ်းကြောင်းမှ ထွက်လာပြီး သူ၏ နဖူးမှ ချွေးစေများ ကျနေလေသည်။ ယခုမှ ပုံပြောသူ၏ တုန့်ပြန်မှုက ပညာမဲ့ကြောင်း နားလည်လိုက်သည်။

နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက မည်မျှသန်မာသည်ဖြစ်စေ ယခုအချိန်တွင် နိုင်ငံ ၃၆ နိုင်ငံကသာ စစ်မှန်သော အုပ်ချုပ်သူများ ဖြစ်ကြလေသည်။

သူ၏ လုပ်ရပ်များသာ ပေါက်ကြားသွားလျှင် သူ၏ တစ်မိသားစုလုံး ဒုက္ခရောက်ပေလိမ့်မည်။

" ငါသေလို့မရသေးဘူး။ ငါက ငါ့အမေကို လုပ်ကျွေးရဦးမယ်။ ငါညီမလေးကလည်း လက်မထပ်ရသေးဘူး။ " ရှုချုံးက စိတ်ထဲမှ တတွတ်တွတ် ရေရွတ်နေသည်။

သို့သော်....

" ငါ အခုပြောလိုက်တဲ့စကားတွေက တော်တော် စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ။ " ရှုချုံးက ရုတ်တရက် ထိုသို့ တွေးမိသွား၏။

သူ၏ စိတ်ကို တည်ငြိမ်စေပြီး အိမ်ပြန်ရန် ပြင်လိုက်ချိန်တွင် အမှောင်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ရှုချုံးက သေချာကြည့်လိုက်သောအခါ ပုံပြောသူဖြစ်နေသည်ကို တွေ့လိုက်ရသည်။

" မိတ်ဆွေလေး။ " ပုံပြောသူက ပြုံးလိုက်သည်။

" နတ်လက်နက်တွေရဲ့ အုပ်စိုးမှုကို ဖြုတ်ချဖို့ မင်းငါတို့နဲ့ ပူးပေါင်ချင်လား။ "

မြေအောက်နန်းတော် ဝင်ပေါက်တွင် စစ်ခုန်လွန်က ရှုချုံးကို ကြည့်လိုက်သည်။ " ငါနဲ့အထဲကို လိုက်ခဲ့။ "

" ကောင်းပြီ။ " ရှုချုံးက ခေါင်းငြိမ့်လိုက်သည်။

သူက ယခုအချိန်ထိ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ ပုံပြောသူက သူ့ကို တားပြီး နတ်လက်နက်များ၏ အုပ်စိုးမှုကို ဖြုတ်ချရန် ဆန္ဒရှိလားဟု မေးသောအခါ ရှုချုံးက မိစ္ဆာဝင်ပူးခံလိုက်ရသကဲ့သို့ ချက်ချင်း သဘောတူခဲ့လေသည်။ ထို့နောက် သူက ပုံပြောသူနှင့် အတူ လိုက်လာပြီး ထိုနေရာသို့ ရောက်လာခြင်း ဖြစ်သည်။

" ကျုပ်အမေနဲ့ ညီမလေးရော..." စစ်ခုန်လွန်၏ နောက်မှ လမ်းလျှောက်နေသော ရှုချုံးက ရုတ်တရက် မေးလိုက်သည်။

" စိတ်မပူနဲ့။ မင်းအမေနဲ့ မင်းညီမကို ကောင်းကောင်းစောင့်ရှောက်ပေးမှာပါ။ အခု မင်းက နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းကို ဝင်လိုက်ပြီဖြစ်လို့ အဲ့ဒီစိုးရိမ်မှုအားလုံးကို ဖြေရှင်းပေလိမ့်မယ်။ "

" အနာဂတ်မှာတောင်..." စစ်ခုန်လွန်က ခနရပ်လိုက်သည်။ " နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက ရှုံးနိမ့်ပြီး အားလုံး သတ်ခံရရင်တောင် မင်းရဲ့မိသားစုက ဘာထိခိုက်မှုမှ ရှိမှာမဟုတ်ဘူး။ "

" အဲ့ဒါ ကောင်းတယ်။ " ရှုချုံးက စိတ်သက်သာရာ ရသွား၏။

အချို့အကြောင်းရင်းများကြောင့် သူက စစ်ခုန်လွန်ပြောသမျှ ယုံကြည်နေသည်။ သူတို့က မြေအောက်နန်းတော်၏ မှောင်နေသော လမ်းကြောင်းအတိုင်း ဆင်းသက်လာကြသည်။

" ဆရာ ကျွန်တော်တို့ ဘယ်သွားနေတာလဲ။ " ရှုချုံးက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

ပုံပြောသူက အရေးပါဆုံးလူနှင့် တွေ့ရမည်ဟု သူ့ကို ပြောခဲ့သော်လည်း ဘယ်သူဟု အတိအကျမပြောခဲ့ပေ။

" ငါမင်းကို လူတစ်ယောက်နဲ့ တွေ့ဖို့ ခေါ်သွားနေတာ။ " စစ်ခုန်လွန်က ဖုံးကွယ်မထားပေ။ " နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းရဲ့ အရေးပါဆုံး လူတစ်ယောက်ပဲ။ သူမရှိရင် ငါတို့က ကြွက်တွေလိုပဲ အမြဲတမ်း ပုန်းကွယ်နေရမှာ။ "

" အာ " ရှုချုံးက ထိတ်လန့်သွား၏။ " ဒါဆို သူက အရမ်းစွမ်းအားကောင်းတာပေါ့။ "

" အင်း အရမ်းစွမ်းအား​ကောင်းတယ်။ " စစ်ခုန်လွန်က ပြောလိုက်၏။ ကောင်းကင်တစ်ခုလုံးအောက်တွင် စစ်ခုန်လွန်က လင်းယွမ်လောက် သန်မာသူကို တစ်ခါမှမတွေ့ဖူးခဲ့ပေ။

" ကျွန်တော်သိပြီ။ " ရှုချုံးက ခေါင်းငြိမ်ပြီးနောက် ထပ်မေးလိုက်သည်။ " သူက လက်နက်စစ်သည်တစ်ယောက်လား။ "

ရှုချုံး၏ နားလည်မှုအရ နိုင်ငံ ၃၆နိုင်ငံတွင် နတ်လက်နက်များမှ လွ၍ နတ်လက်နက်စစ်သည်များသာ အသန်မာဆုံး ဖြစ်ကြလေသည်။ နတ်လက်နက်စစ်သည်များက နတ်လက်နက်များကို ဆင့်ခေါ်နိုင်ကြပြီး သွေးသန့်စင်ခြင်း သိုင်းသူတော်စင်အဆင့်ပင် သူတို့၏ ရှေ့တွင် ပုရွတ်ဆိတ်များကဲ့သို့ ဖြစ်နေပေလိမ့်မည်။

" လက်နက်စစ်သည် " စစ်ခုန်လွန်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

စစ်ခုန်လွန်၏ အမြင်တွင် နတ်လက်နက်များနှင့် မိစ္ဆာစစ်သည်များက လင်းယွမ်အတွက် အရေးမပါသော အရာများ ဖြစ်ကြသည်။ လင်းယွမ်က နတ်လက်နက် သို့မဟုတ် မိစ္ဆာစစ်သည်များနှင့် ပေါင်းစပ်ရမည်ဆိုလျှင် သူက ကောင်းကင်နှင့်မြေကြီးအောက်တွင် စစ်သည်များ၏ အရှင်သခင်တစ်ယောက်သာ ဖြစ်လာပေလိမ့်မည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters