ငါမင်းတို့ကို စောင့်နေတာ အတော်ကြာပြီ
Vol. 5 Ch. 86
" ဖြစ်နိုင်တာက..." ရှုချုံး၏ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီး သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
နိုင်ငံ ၃၅ နိုင်ငံက စစ်ပွဲကို ရဲဝံ့စွာ စတင်ရဲခြင်းက သူတို့၏ နတ်လက်နက်များ ပြန်ရောက်လာတော့မှာလား။
" ကိစ္စမရှိဘူး။ နိုင်ငံ ၃၅ နိုင်ငံက တိုက်ခိုက်ရဲရင် ငါတို့လည်း တိုက်ခိုက်ရဲတယ်။ " စစ်ခုန်လွန်က ခနတိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
" ကောင်းပြီ။ ဒါဆို တိုက်ခိုက်ကြတာပေါ့။ " အခြားသူများကလည်း မတ်တပ်ရပ်ပြီး နိုင်ငံ ၃၅ နိုင်ငံရှိရာဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေ၏။ သူတို့က ထိုနေ့ကို စောင့်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
တောင်ထိပ်ငါးခု စစ်မြေပြင်တွင် နှစ်ဖက်လုံးက ရုတ်တရက် ပြင်းထန်စွာ စတင်တိုက်ခိုက်လိုက်ကြသည်။
ညှိနှိုင်းစရာမလိုသော စည်းမျဉ်းတစ်ခုမှာ သာမန်စစ်သားများက တိုက်ခိုက်ကြသည်။ ကျင့်ကြံသူများက ကျင့်ကြံသူများနှင့် တိုက်ခိုက်ကြသည်။ နတ်လက်နက်စစ်သည်များက နတ်လက်နက်စစ်သည်များနှင့် တိုင်ခိုက်ကြလေသည်။
" သေစမ်း " ရှုချုံးက ကြီးမားသော အနက်ရောင်ပုဆိန်ကြီးတစ်လက်ကို ဆွဲကိုင်ပြီး ရက်စက်စွာ ဝှေ့ရမ်းလိုက်သည်။
သူ့ကို ဝန်းရံထားသော နတ်လက်နက်စစ်သည်များကို နောက်ဆုတ်ရန် ဖိအားပေးပြီးနောက် သူ၏ အနက်ရောင်ပုဆိန်က သူတို့ထဲမှတစ်ယောက်ကို ရက်စက်စွာ ပိုင်းဖြတ်သွားသည်။
အမှန်တော့ နိုင်ငံ ၃၅ နိုင်ငံမှ နတ်လက်နက်စစ်စည်များကို ဖမ်းဆီးရန် ခက်ခဲလှပြီး သူတို့ သိမ်းပိုင်နိုင်ခဲ့သော နိုင်ငံရှစ်နိုင်ငံမှ ဧကရာဇ်များနှင့် နတ်လက်နက်စစ်သည်များက အချိန်မီလွတ်မြောက်သွားခဲ့ကြသည်။
အခြားအချိန်များတွင် နတ်လက်နက်စစ်သည်များက ပြိုင်ဘက်ကင်းလေသည်။ သို့သော် ယခုစစ်မြေပြင်တွင် နိုင်ငံ ၃၅ နိုင်ငံဘက်က နောက်သို့ ဆက်တိုက်ဆုတ်နေရလေသည်။
အခြားတစ်ဖက်တွင် နိုင်ငံ ၃၅ နိုင်ငံမှ ဧကရာဇ်များက အဝေးမှ စစ်မြေပြင်ကို ကြည့်နေကြပြီး သူတို့ဘက်က ဆက်တိုက်နောက်ဆုတ်နေရသည်ကို မြင်လျှင်တောင် သူတို့၏ အမူအရာများက မပြောင်းလဲကြပေ။
" အချိန်ရောက်ခါနီးပြီ။ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းမှာ နောက်ထပ် လှည့်ကွက်တွေ မရှိလောက်တော့ဘူး။ နတ်လက်နက်တွေ လှုပ်ရှားရမယ့်အချိန်ပဲ။ " ဧကရာဇ်များက တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။
စစ်မြေပြင်တွင်....
" စိတ်လှုပ်ရှားဖို့ကောင်းတယ်။ " ရှုချုံးက အနက်ရောင်ပုဆိန်ကြီးကို ကိုင်ဆောင်ထားပြီး ပုဆိန်မှ စွမ်းအားများက ဆူပွက်နေလေသည်။
ရုတ်တရက်...
" မကောင်းတော့ဘူး။ "
" ဟိုကောင်တွေရောက်လာပြီ။ "
ရှုချုံးကလည်း ထိတ်လန့်သွားသည်။ " မင်းက နိုင်ငံကာကွယ်ရေးနတ်လက်နက် ၃၅ခုကို ပြောတာလား။ "
" သူတို့ဘယ်မှာလဲ။ " ရှုချုံးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီး အလွယ်တကူ နောက်မဆုတ်ပေ။
နှစ်များကြာပြီးနောက် သူကိုင်ဆောင်ထားသော ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်က အစစ်အမှန် နတ်လက်နက်တစ်ခုနီးပါး အစွမ်းထက်ပြီး နတ်လက်နက် ၃၆လက်ထက် များစွာ မနိမ့်ကျသည်ကို သိခဲ့လေသည်။ သူတို့နှင့် ရင်ဆိုင်ရလျှင်တောင် သူက ကြောက်လန့်ပြီး ထွက်ပြေးမည်မဟုတ်ပေ။
" ဘယ်လိုလုပ် သူတို့က ဒီလောက်သန်မာနေတာလဲ။ ပြဿနာပဲ။ သူတို့က အဲ့ဒီအဆင့်ကို ရောက်သွားပြီနေမယ်။ " ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်က စိတ်ပျက်သော စိတ်ဝိညာဉ်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။
" သူတို့ဘယ်မှာလဲဟ။ " ရှုချုံးက မြေပြင်တွင် ရပ်နေပြီး ဘယ်သူမှ သူ့ကို မတိုက်ခိုက်ရဲကြပေ။
" သူတို့က ကောင်းကင်မှာ။ " ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်က ရှုချုံးကို ပြောလိုက်သည်။
" ကောင်းကင်မှာလား။ " ရှုချုံးက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
မည်သည့်အချိန်ကတည်းကမှန်းမသိ ကောင်းကင်မှ တိမ်များထက်တွင် နတ်လက်နက်များက တစ်ခုပြီးတစ်ခု ရပ်နေကြသည်။
ကောင်းကင်တွင် ကြီးကျယ်ခမ်းနားလှသော နတ်လက်နက် ၃၅ခုက ကောင်းကင်နှင့်မြေကြီးကဲ့သို့ နက်နဲသော အော်ရာကို ထုတ်လွှတ်နေကြသည်။ သူတို့၏ လွှမ်းမိုးနိုင်စွမ်းက ကြီးမားလွန်းသောကြောင့် ရှုချုံးက သတိမထားမိခဲ့ခြင်း ဖြစ်သည်။
" သူတို့ သူတို့...." ရှုချုံးက တုန်ယင်သွား၏။ သူက ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်ကို သူ၏ စွမ်းအားနှင့် ကိုင်တောင်လျှင် နတ်လက်နက် ၃၅ ခုနှင့် မယှဉ်နိုင်လျှင်တောင် ကွာခြားချက် ကြီးမားလိမ့်မည်မဟုတ်ဟု ထင်ခဲ့သည်။
ယခု နတ်လက်နက် ၃၅ခုကို မြင်လိုက်ရချိန်တွင် သူတို့နှင့် ကောင်းကင်ခွဲခြမ်းခြင်း ပုဆိန်ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသည်ကို သိလိုက်ရသည်။
ရှုချုံး၏ အကြည့်နှင့်အတူ စစ်မြေပြင်မှ လူများက ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
" အဲ့ဒါ နတ်လက်နက်တွေပဲ။ "
" ငါ့ရဲ့ မဟာချီနိုင်ငံက နတ်လက်နက်..."
" ပြီးတော့ မဟာချူးနိုင်ငံ..."
" ဟားဟားဟား နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းရဲ့ အဆုံးသတ်ကို ရောက်လာပြီ။ "
နိုင်ငံ ၃၅ နိုင်ငံမှ မရေတွက်နိုင်သော လူများက ပျော်ရွှင်သွားကြသည်။ အချို့လူများက မြေပြင်တွင် ဒူးထောက်ပြီး နတ်လက်နက်များကို ကြိုဆိုကြလေသည်။
နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းဘက်တွင်တော့ စိတ်ပျက်အားငယ်ခြင်းများ ပြည့်နှက်နေသည်။
အထူးသဖြင့် မိစ္ဆာလက်နက်စစ်သည်များက တိမ်များကြားမှ အလွန်ပြင်းထန်သော ဖိအားကို ခံစားနေကြရသည်။
တိမ်များထက်တွင် နတ်လက်နက် ၃၅ခုကလည်း စိတ်ဝိညာဉ်လှိုင်းများကို ထုတ်လွှတ်လိုက်ကြသည်။
" လတ်ဆတ်တဲ့ အသွေးအသားနဲ့ ဝိညာဉ်တွေ အများကြီးပဲ။ "
" ဒီတစ်ခါ အဲ့ဒီ အရှုံးသမားတွေကို အမြတ်ဖြတ်သုတ်သင်ပစ်ရမယ်။ "
" ဒီအဆင့်တက်တာက အောင်မြင်ခဲ့ပေမယ့် ငါ့ရဲ့ မူလချီတွေ အတော်လျော့နည်းသွားတယ်။ ပြန်ဖြည့်တင်းဖို့အတွက် အသွေးအသားနဲ့ ဝိညာဉ်တွေ အများကြီး လိုအပ်တယ်။ "
" နေဦး ငါတို့ ဘာလို့ ဆယ့်ရှစ်ကို မတွေ့ရသေးတာလဲ။ "
" ဆယ့်ရှစ်က အသွင်ပြောင်းလဲဖို့ တစ်နေရာရာမှာ ပုန်းအောင်းနေတာနေမှာပေါ့။ သူ့ကို လွှတ်ထားလိုက်။ ငါ ဒီအသွေးအသားနဲ့ ဝိညာဉ်တွေရဲ့ အရသာကို မြည်းစမ်းချင်နေပြီ။ "
နတ်လက်နက် ၃၅လက်က အဘက်ဘက်သို့ ပျံသန်းသွားပြီး သူတို့၏ ကြောက်စရာကောင်းသော စွမ်းအားက စစ်မြေပြင်တစ်ခုလုံး လွှမ်းခြုံသွားသည်။
" စားသောက်ပွဲ စကြစို့။ "
နတ်လက်နက်များက ညင်စာစွာ ဆုပ်ယူလိုက်သောအခါ နိုင်ငံ ၃၅ နိုင်ငံဘက်မှ မရေတွက်နိုင်သော စစ်သည်များက အရိုးစုများအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။
နတ်လက်နက်များအတွက် နိုင်ငံ ၃၆ နိုင်ငံဖြစ်စေ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းဖြစ်တစ အားလုံးက အစားအစာများပင် ဖြစ်သည်။
ယခု သူတို့၏ အဆင့်တက်ခြင်းကြောင့် သူတို့က အသွေးအသားနှင့် ဝိညာဉ်များစွာ လိုအပ်နေပြီး သူ့ဘက်ကိုယ့်ဘက် ခွဲခြားမည်မဟုတ်ပေ။
" ဘာ...." ရှုချုံးက ကောင်းကင်မှ နတ်လက်နက် ၃၅လက်ကို စိတ်ပျက်အားငယ်စွာ ကြည့်လိုက်သည်။
လက်ရှိအချိန်တွင် နတ်လက်နက် ၃၅လက်က အရပ်မျက်နှာ အနှံ့ ဖြန့်ကျက်နေရာယူထားကြသဖြင့် စစ်မြေပြင် တစ်ခုလုံးကို ချိတ်ပိတ်ပစ်ခဲ့သည်။
" ပြီးသွားပြီ....." ရှုချုံးက ယနေ့ သူ့အတွက် လွတ်လမ်းမရှိတော့သည်ကို နားလည်သွားသည်။ သူ၏ စိတ်ကို လွတ်ချလိုက်သည်နှင့် သူ၏ ဘဝအကြောင်းများကို တွေးမိသွားသည်။
သူ၏ ဘဝထဲတွင် အဖေ၊ အမေနှင့် ညီမလေးတို့ ရှိခဲ့လေသည်။ ကံဆိုးစွာပင် သူက နတ်လက်နက်များကို ဆန့်ကျင်ရန် ရွေးချယ်ခဲ့သည်။
အချို့အကြောင်းရင်းများကြောင့် ရှုချုံးက လွန်ခဲ့တသာ ဆယ်နှစ်မှ နေ့တစ်နေ့ကို သတိရသွား၏။ စစ်ခုန်လွန်၏ ဦးဆောင်မှုဖြင့် သူက မြေအောက်နန်းတော်သို့ သွား၍ လင်းယွမ်နှင့် တွေ့ခဲ့ပြီး ကောင်းကင်ခွဲခြမ်းခြင်း ပုဆိန်ကို ရရှိခဲ့လေသည်။
ရှုချုံး၏ မှတ်ဉာဏ်များက ပို၍ ရှင်းလင်းလာပြီး နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်း၏ ခေါင်းဆောင် နောက်ဆုံး ပြောခဲ့သော စကားများကို ပြန်သတိရသွားသည်။ မခုခံနိုင်သော အင်အားနှင့် ရင်ဆိုင်ရလျှင် ယန်ဧကရာဇ်ဟု အော်လိုက်ရန် ဖြစ်သည်။
၎င်းကို တွေးပြီး ရှုချုံးက ကောင်းကင်မှ နတ်လက်နက် ၃၆လက်ကို တိုက်ရိုက်ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
" ယန်....ဧကရာဇ်...." ထိုစကားနှစ်ခွန်း အော်ရန်အတွက် ရှုချုံးက သူ၏ သွေးအဆီအနှစ်ကို လောင်ကျွမ်းစေပြီး ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်၏ စွမ်းအားကိုပင် အသုံးပြုခဲ့လေသည်။
ချက်ချင်း ယန်ဧကရာဇ်ဟူသော အသံက အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး စစ်မြေပြင်တွင် ပဲ့တင်ထပ်သွား၏။
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။
" ဘာတွေလောနေတာလဲ။ " ထိုခနတွင် နောက်ဖပ် အသံတစ်သံ ထွက်ပေါ်လာသည်။
နဂါးဝတ်ရုံနှင့် ဧကရာဇ်ငယ်တစ်ပါးက တည်ငြိမ်သော အမူအရာနှင့် လေပေါ်တွင် လမ်းလျှောက်လာပြီး ထက်ရှသော အကြည့်နှင့်အတူ ကြီးကျယ်ခမ်းနားသော အော်ရာတစ်ခု ထွက်ပေါ်နေသည်။
ဧကရာဇ်ငယ်က ကောင်းကင်မှ တစ်လှမ်းချင်း ဆင်းသက်လာပြီး နတ်လက်နက် ၃၅လက်နှင့် တန်းတူ အနေအထားသို့ ရောက်လာခဲ့သည်။
လင်းယွမ်က လေထဲတွင် ရပ်တန့်လိုက်ပြီး နတ်လက်နက် ၃၅လက်ကို ကြည့်လိုက်သည်။
" ငါမင်းတို့ကို စောင့်နေတာ တော်တော်ကြာပြီ။ "
ကမ္ဘာအမျိုးမျိုးတွင်တာအိုများကိုလေ့လာဖန်တီးခြင်း