← Chapters

နတ်လက်နက်များ ပျက်ဆီးခြင်း

Vol. 5 Ch. 88

နတ်လက်နက်များ ပျက်ဆီးခြင်း

Vol. 5 Ch. 88

နတ်လက်နက် ၃၆လက်က သာမန်လက်နက်များ မဟုတ်ကြပေ။ သူတို့အားလုံးက နိယာမများ၏ အနှစ်သာရများ ဖြစ်ကြသည်။

အခြားတစ်ယောက်ဆိုလျှင် သူတို့က နတ်လက်နက်များကို နှိမ်နှင်းနိုင်သည့် ခွန်အားရှိလျှင်တောင် သူတို့ဆီမှ အကျိုးကျေးဇူးများ ရရှိရန် ခက်ခဲလေသည်။

အတိအကျပြောရလျှင် ဤကမ္ဘာ၏ နိယာမများကို သာမန်လူများ နားလည်ရန် ခဲယဉ်းလှသည်။

လွန်ခဲ့သော နှစ်တစ်သောင်းတွင် ရှေးဟောင်းနတ်ဘုရားက နတ်လက်နက်တစ်ရာကို ကောင်းကင်နှင့်မြေကြီးမှ ခွဲထုတ်ပြီး ၎င်းတို့ကို ဆင်ခြင်က အကျိုးကျေးဇူး ကြီးစွာ ရခဲ့လေသည်။

သို့သော် လင်းယွမ်က မတူပေ။ သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ၎င်းတို့ကို နားလည်ရန် မခက်ခဲပေ။

" ဒီတစ်ခါ ငါ အမြတ် ကြီးကြီးမားမား ရလိုက်တာပဲ။ " လင်းယွမ်၏ စိတ်အသိက ထိုက်ကျိမီးပြင်းဖိုထဲသို့ ဝင်ရောက်လာသည်။

ဤဆင်းသက်မှုတွင် သူ၏ အကြီးမားဆုံး အမြတ်က ဤကမ္ဘာ၏ နတ်လက်နက်များ ဖြစ်၏။

" ဒီနတ်လက်နက်တွေက ဒီကမ္ဘာက ဖြစ်လာတာဆိုတော့ ယူသွားလို့မရတာ စိတ်မကောင်းစရာပဲ။ " လင်းယွမ်က အနည်းငယ် စိတ်ပျက်သွား၏။

မူလကမ္ဘာတွင် နတ်လက်နက်ထက် အစွမ်းထက်သော လက်နက်များစွာ ရှိသောကြောင့် သူက နတ်လက်နက်များကို မမက်မောပေ။

နတ်လက်နက်များတွင် ကမ္ဘာ၏ နိယာမများ ပါဝင်နေသည်။ အကယ်၍ သူက ၎င်းတို့ကို မူလကမ္ဘာသို့ ပြန်ယူသွားနိုင်လျှင် ၎င်းတို့ကို ရောင်းစားခြင်း သို့မဟုတ် ဉာဏ်ပညာနတ်ဘုရားထံသို့ အပ်နှံလိုက်ပါက သေချာပေါက် အမြတ်အစွန်းများစွာ ရပေလိမ့်မည်။

အခြားနိုင်ငံသားများက လင်းယွမ်ကဲ့သို့ နတ်လက်နက်များကို နားမလည်နိုင်လျှင်တောင် ထိုနတ်လက်နက်များ၏ စွမ်းအားကို မြင်သည်နှင့် သေချာပေါက် စျေးကြီးပေးဝယ်ကြပေလိမ့်မည်။

သို့သော် နတ်လက်နက်များက ဤကမ္ဘာ၏ နိယာမအသွင်အပြင်များဖြစ်သောကြောင့် ဤကမ္ဘာကြီးမှ ထွက်မသွားနိုင်ပေ။ ထိုသို့မဟုတ်လျှင် လင်းယွမ်က သေချာပေါက် ကြိုးစားကြည့်ပေလိမ့်မည်။

သူက ဤကမ္ဘာသို့ စိတ်အသိနှင့် ဆင်းသက်လာသော်လည်း အနန္တကမ္ဘာများ၏ ဂိတ်တံခါးက စွမ်းအားများ စုဆောင်းပြီး ဤကမ္ဘာမှ ပစ္စည်းများကို ပြန်ယူသွားနိုင်လေသည်။ သို့သော် စွမ်းအားမည်မျှလိုအပ်သည်ကို လင်းယွမ်မသိပေ။

" ထားလိုက်တော့။ နတ်လက်နက်တွေရဲ့ နိယာမတွေကို အရင်ဆင်ခြင်ရမယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး သေချာလေ့လာလိုက်သည်။

ထိုက်ကျိမီးပြင်းဖိုတစ်ခုလုံးက လင်းယွမ်၏ စိတ်အသိကို ငါးခုခွဲ၍ ဖန်တီးထားခြင်း ဖြစ်ပြီး သူက အတွင်းမှ နတ်လက်နက် ၃၆လက်၏ တည်နေရာကို အတွေးတစ်ချက်နှင့် သိနိုင်လေသည်။ လင်းယွမ်က နတ်လက်နက်များကို စတင်လေ့လာလိုက်သည်။

ထိုအချိန်တွင် စစ်မြေပြင်တစ်ခုလုံးက ဖရိုဖရဲ ဖြစ်နေသည်။

" ယန်ဧကရာဇ်က ဘယ်လိုလုပ် ဒီလောက်သန်မာနေတာလဲ။ "

" အားလုံးက ပြည့်စုံတဲ့ နတ်လက်နက်​တွေ..."

" နတ်လက်နက်တွေက ယန်ဧကရာဇ် နှိမ်နှင်းတာ ခံလိုက်ရတော့ ငါတို့က နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းနဲ့ ဆက်တိုက်ရမှာလား။ "

နိုင်ငံ ၃၅ နိုင်ငံဘက်တွင် မရေတွက်နိုင်သော လူများက ကောင်းကင်နှင့်မြေကြီးကြားမှ မိုင်တစ်ရာကျော် ကြီးမားသော မီးပြင်းဖိုကြီးကို ငေးကြည့်နေကြသည်။

ထိုမြင်ကွင်းက အလွန်တုန်လှုပ်စရာကောင်းလှသည်။ ယန်ဧကရာဇ်က နတ်လက်နက်အားလုံးကို အနိုင်ယူသွားခြင်းမှာ သူတို့ စိတ်ကူးနိုင်သည်ထက် ကျော်လွန်သွားခဲ့သည်။

" တကယ်တော့ မဟာယန်နိုင်ငံကို အညံ့ခံတာလည်း ဆိုးရွားတဲ့အရာမဟုတ်ဘူး။ အနည်းဆုံးတော့ ငါတို့မျိုးဆက်တွေ အနာဂတ်မှာ နတ်လက်နက်တွေရဲ့အစာ မဖြစ်တော့ဘူးပေါ့။ " လူတစ်ယောက်က ရုတ်တရက် ထိုအတွေးကို တွေးမိသွားသည်။

အတိတ်က နတ်လက်နက်များ အုပ်စိုးနေချိန်တွင် သူတို့က အလွန်သတ္တိကောင်းလျှင်တောင် ထိုအတွေးမျိုး တွေးရဲကြမည်မဟုတ်ပေ။

သို့သော် ယခု သူတို့၏ ဦးခေါင်းအထက်တွင် နတ်လက်နက်များက နှိမ်နှင်းခံလိုက်ရပြီး အနာဂတ်တွင် သူတို့က အသုံးချခံရလျှင်တောင် နတ်လက်နက်များ၏ အစာ ဖြစ်လာတော့မည်မဟုတ်ပေ။

" မဖြစ်နိုင်ဘူး။ "

" ငါ အဲ့ဒါကို မယုံဘူး။ "

" ဒါပုံရိပ်ယောင်ပဲ။ အားလုံးက ပုံရိပ်ယောင်တွေပဲ။ " နိုင်ငံ ၃၅ နိုင်ငံမှ ဧကရာဇ်များက ဂယောင်ချောက်ခြား ဖြစ်သွားကြသည်။ သူတို့အားလုံးက နတ်လက်နက်များအပေါ်တွင် အားလုံး ပုံအောထားကြခြင်း ဖြစ်သည်။

သူတို့က နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းနှင့် အဆုံးအဖြတ်တိုက်ပွဲကို တက်ကြွစွာပင် တိုက်ခိုက်ခဲ့ကြပြီး အဆုံးတွင် နတ်လက်နက်များ ထွက်လာကာ အရာအားလုံးကို သုတ်သင်ရှင်းလင်းမည်ကို စောင့်ဆိုင်းနေကြသည်။

သို့သော် ယခု နတ်လက်နက်များသာ နှိမ်နှင်းခြင်းခံလိုက်ရလေသည်။ ထို့အပြင် နတ်လက်နက်တစ်ခုမှ လွတ်မြောက်ခြင်းမရှိဘဲ အနာဂတ်မျှော်လင့်ချက်များပါ ပျောက်ကွယ်သွားလေသည်။

" ဧကရာဇ်တို့ " ထိုအချိန်တွင် ဧကရာဇ်တစ်ပါးက ဖြည်းညင်းစွာ ပြောလိုက်သည်။

" အခု ငါတို့ နတ်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းနဲ့ မဟာယန်နိုင်ငံကို ဘယ်လိုကိုင်တွယ်မလဲ အရင်စဉ်းစားသင့်တယ်။ " သူက ပြောလိုက်သည်။

ထိုစကားများ ကြားသောအခါ ဧကရာဇ်များက သက်ပြင်းချပြီး တိတ်ဆိတ်သွားကြသည်။

" ငါတို့ လက်နက်ချကြမလား။ " မဟာချူးနိုင်ငံ၏ ဧကရာဇ်က မေးလိုက်သည်။

အမှန်တော့ ဧကရာဇ်တိုင်းက ၎င်းကို တွေးနေကြသည်။ သူတို့ ဘိုးဘွားစဉ်ဆက် ဆက်ခံခဲ့သော နိုင်ငံကို မစွန့်ပစ်သင့်သော်လည်း ယခု မဟာယန်နိုင်ငံနှင့် နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းကို ရင်ဆိုင်ရချိန်တွင် သူတို့မှာ ဝှက်ဖဲများ မကျန်တော့ပေ။

အခြားဘာမှပြောစရာမလိုပေ။ မဟာယန်နိုင်ငံ၏ ဧကရာဇ်တစ်ပါးတည်းနှင့် နိုင်ငံ ၃၅ နိုင်ငံလုံးကို နှိမ်နှင်းရန် လုံလောက်လေသည်။ ၎င်းထက် သူတို့က ပိုမိုသက်သာသော လက်နက်ချခြင်းက ပိုကောင်းလေသည်။

" အရှင်မင်းကြီး " စစ်ခုန်လွန်က ကောင်းကင်မှ မီးပြင်းဖိုပေါ်ရှိ ပုံရိပ်ကို ကြည့်လိုက်သည်။ ထိုပုံရိပ်က သေးငယ်သော်လည်း သူ့အတွက်တော့ ကောင်းကင်တစ်ခုလို ဖြစ်နေခဲ့သည်။

" ကောင်းပြီ။ အားလုံးပဲ အရှင်မင်းကြီးက ငါတို့အတွက် နတ်လက်နက်တွေကိစ္စကို ဖြေရှင်းပေးသွားပြီ။ "

" အခု နိုင်ငံ ၃၅ နိုင်ငံက နတ်လက်နက်တွေရဲ့ အုပ်ချုပ်မှုကို ဖျက်ဆီးပစ်ကြစို့။ " စစ်ခုန်လွန်က စိတ်ဓာတ်တက်ကြွနေသော လူများကို ကြည့်ပြီး တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

လင်းယွမ်က နတ်လက်နက်များကို ဖိနှိပ်ပြီးနောက် နိုင်ငံ ၃၅ နိုင်ငံဘက်က ခုခံရဲခြင်းမရှိတော့ဘဲ မဟာယန်နိုင်ငံနှင့် နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းတို့က စစ်ျမြပြင်ကို ထိန်းချုပ်လာနိုင်ကြသည်။ ဧကရာဇ်များထဲတွင် သုံးယောက်လွတ်မြောက်သွားပြီး ကျန်သူများ အဖမ်းခံခဲ့ရသည်။

စစ်ခုန်လွန်က သူတို့ကို သတ်ရန် အမိန့်မပေးခဲ့ပေ။ သူတို့က အနာဂတ်တွင် နိုင်ငံ ၃၅ နိုင်ငံ၏ အုပ်ချုပ်ရေးအတွက် အသုံးဝင်လာနိုင်လေသည်။

" မင်း ရှင်းရှင်းလင်းလင်း မြင်လိုက်လား။ "

" အဲ့ဒီယန်ဧကရာဇ်က ဖခင်နတ်ဘုရားရဲ့ အဆင့်ကို ရောက်သွားပြီလား။ "

တောင်ထိပ်ငါးခု၏ အပြင်ဘက်တွင် မိစ္ဆာစစ်သည်များက သူတို့၏ အော်ရာကို ဖုံးကွယ်ပြီး စုစည်းနေကြသည်။

ထိုမိစ္ဆာစစ်သည်များက ယခင်က အမြဲတမ်း ပုန်းကွယ်နေခဲ့ကြပြီး နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းနှင့် နိုင်ငံ ၃၅ နိုင်ငံတို့၏ စစ်ပွဲကို လာကြည့်ခဲ့ခြင်းကြောင့် ထိုတုန်လှုပ်စရာမြင်ကွင်းကို မြင်ခဲ့ရခြင်း ဖြစ်သည်။

" သူက ဖခင်နတ်ဘုရားလောက် မသန်မာရင်တောင် သိပ်မဝေးတော့ဘူး..." ထီးနတ်လက်နက်က စိတ်ဝိညာဉ်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

၎င်းက ၉၅ ရာခိုင်နှုန်း ပြန်လည်ပြည့်စုံနေပြီး မှတ်ဉာဏ်များကလည်း ပြန်လည်ကောင်းမွန်လာသောကြောင့် ရှေးဟောင်းနတ်ဘုရား၏ အံ့ဩးရာကောင်းသော စွမ်းအားကို ရှင်းလင်းစွာ မှတ်မိနေပြီဖြစ်သည်။

" ဖခင်နတ်ဘုရား။ " အခြားနတ်လက်နက်များ၏ လွန်ခဲ့သော နှစ်တစ်သောင်းမှ မှတ်ဉာဏ်များက ဝေဝါးနေပြီး သူတို့ကို ဖခင်နတ်ဘုရားက ဖန်တီးခဲ့သည်ကိုသာ မှတ်မိကြလေသည်။ သူတို့အတွက် ဖခင်နတ်ဘုရားကို ဘယ်သူမှမယှဉ်နိုင်ပေ။

သို့သော် ယခု သူတို့၏ ဖခင်နတ်ဘုရားနှင့် ယှဉ်နိုင်သော လူတစ်ယောက် ထွက်ပေါ်လာလေသည်။ အစပိုင်းတွင် ထီးနတ်လက်နက်က ထိုလူကို နတ်လက်နက် ၃၆လက်ထဲမှ တစ်လက်ဖြစ်မည်ဟု ထင်ခဲ့သည်။

အဆုံးတွင် ထိုနတ်လက်နက် ၃၆လက်က နှစ်ပေါင်းရှစ်ထောင်ကြာအောင် သက်ရှိများကို ဝါးမျိုခဲ့သည်။ ထို့ကြောင့် ဖခင်နတ်ဘုရားနှင့် ယှဉ်နိုင်သော တစ်စုံတစ်ယောက် ထွက်ပေါ်လာလျှင် ၎င်းက သူတို့သာ ဖြစ်ပေလိမ့်မည်။

မမျှော်လင့်ပဲ ယန်ဧကရာဇ်က သက်ရှိအားလုံးထက် ကျော်လွန်က ထိုအဆင့်သို့ ရောက်လာပြီး နတ်လက်နက် ၃၆လက်ကို နှိမ်နှင်းခဲ့လေသည်။

ကောင်းကင်ထက်တွင် လင်းယွမ်က သတ္တဝါအားလုံးကို ငုံ့ကြည့်နေသကဲ့သို့ ထိုက်ကျိမီးပြင်းဖိုပေါ်တွင် ထိုင်နေသည်။ ယခု မဟာယန်နိုင်ငံနှင့် နန်ဘုရားဆန့်ကျင်ခြင်း အဖွဲ့အစည်းက အခြားနိုင်ငံ ၃၅ နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့လေသည်။

သာမန်အားဖြင့် နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်နိုင်ရန် ကြီးမားသော ကုန်ကျစရိတ် လိုအပ်လေသည်။ အချိန်၊ မူဝါဒ၊ စွမ်းအား စသည်ဖြင့် များစွာရှိ၏။ ထို့အပြင် ရန်သူ၏ မြို့တော်သို့ ရောက်သည်အထိ သူတို့၏ ပိုင်နက်များကို တစ်ခုပြီးတစ်ခု တိုက်ခိုက်ရပေလိမ့်မည်။ ထိုမြို့တော်ရှိ လူများအသက်ရှင်နေသရွေ့ ခွန်အားများ စုဆောင်းပြီး ပြန်လည်တိုက်ခိုက်နိုင်လေသည်။

ယခု သင်က မယုံကြည်လျှင်

သင်က သင်၏နိုင်ငံကို ပြန်လည်ထူထောင်ချင်လျှင်

သင်က ကောင်းကင်သို့ မော့ကြည့်နိုင်လေသည်။

နတ်လက်နက် ၃၆လက်ကို နှိမ်နှင်းခဲ့သည့် ယန်ဧကရာဇ်ကို မြင်ရပေလိမ့်မည်။

ယန်ဧကရာဇ်က ကောင်းကင်တွင် ထိုင်ပြီး သက်ရှိအားလုံးကို ငုံ့ကြည့်နေခဲ့သည်။

ထိုသို့ဖြင့် နှစ်နှစ်ဆယ် ကြာသွားခဲ့သည်။

ထိုက်ကျိမီးပြင်းဖိုပေါ်တွင် လင်းယွမ်က နောက်ဆုံး သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။

" နောက်ဆုံးတော့ ပြီးသွားပြီ..." သူ၏ မျက်လုံးများက တောက်ပနေသည်။

နှစ်နှစ်ဆယ်လေ့လာပြီးနောက် ထိုက်ကျိမီးပြင်းဖို၏ အကူအညီဖြင့် လင်းယွမ်က နတ်လက်နက် ၃၆ လက်၏ အနှစ်သာရကို နားလည်နိုင်ခဲ့သည်။

ရှေးခေတ်အချိန်ကတည်းက ရှေးဟောင်းနတ်ဘုရားတစ်ပါးသာ ၎င်းကို အောင်မြင်ခဲ့သည်။

" အခြေခံ..."

" နက်ရှိုင်းတယ်..."

လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ခံစားနေသည်။

နတ်လက်နက် ၃၆ လက်နှင့် များစွာသော မိစ္ဆာစစ်သည်များမှ နိယာများ၏ အနှစ်သာရများကို ထိုက်ကျိတာအိုထဲသို့ ပေါင်းထည့်ပြီးနောက် လင်းယွမ်က စတုတ္ထအလွှာတွင် ရှိနေဆဲ ဖြစ်သော်လည်း ပဉ္စမအလွှာ၏ လမ်းကြောင်းကို ဝေဝါးစွာ မြင်နေရပြီဖြစ်သည်။

မူလကမ္ဘာတွင် တတိယအလွှာကို မြို့ဖျက်ဆီးသူများဟု ခေါ်ပြီး ခွန်အားအပြည့်တိုက်ခိုက်မှုတစ်ခုက မြို့တစ်ဝက်ကို ဖျက်ဆီးနိုင်လေသည်။

ပဉ္စမအလွှာကို နယ်မြေမြှုပ်နှံခြင်းအဆင့်ဟု ခေါ်ပြီး တိုက်ခိုက်မှုတစ်ခုက နယ်မြေများကိုပင် ပျောက်ကွယ်စေနိုင်လေသည်။ ထိုအဆင့်၏ အထက်က ဆဋ္ဌမအလွှာ ကြယ်ဖျက်ဆီးခြင်းအဆင့် ဖြစ်၏။

" အလျင်မလိုနဲ့ အလျင်မလိုနဲ့။ "

လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်ပြီး ပဉ္စမအလွှာနှင့် ပက်သက်သော အတွေးများကို ဘေးဖယ်ထားလိုက်သည်။

သူက စတုတ္ထအလွှာတွင် အ​ခြေမကျသေးဘဲ ပဉ္စမအလွှာအကြောင်း စိုးရိမ်ရန် မလိုပေ။

" ရှေးဟောင်းနတ်ဘုရား " လင်းယွမ်က စဉ်းစားလိုက်သည်။

နတ်လက်နက် ၃၆လက်ကို နားလည်ပြီး ၎င်းတို့ကို သန့်စင်ပြီးသောအခါ လင်းယွမ်က နတ်လက်နက်များ၏ ပိုများသော မှတ်ဉာဏ်များကို ရရှိခဲ့သည်။

နေလလှံ၏ ရှေးဟောင်းနတ်ဘုရားနှင့် ပက်သက်သော မှတ်ဉာဏ်များက ၎င်းမွေးဖွားပြီးမှဖြစ်လေသည်။ သို့သော် ပထမဆုံး မျှော်စင်နတ်လက်နက်နှင့် အခြားအဆင့်မြင့် နတ်လက်နက်များတွင် ရှေးဟောင်းနတ်ဘုရားနှင့်ပက်သက်ပြီး ပိုများသော မှတ်ဉာဏ်များ ရှိကြလေသည်။

အထူးသဖြင့် မျှော်စင်နတ်လက်နက်က ရှေးဟောင်းနတ်ဘုရား နောက်ဆုံး ပျောက်ကွယ်သွားသည့်နေရာကို သိခဲ့လေသည်။

" အဲ့ဒီနေရာပဲ။ " လင်းယွမ်က ထိုက်ကျိမီးပြင်းဖိုပေါ်မှ မြောက်ပိုင်းသို့ လှမ်းကြည့်လိုက်သည်။

မျှော်စင်နတ်လက်နက်၏ မှတ်ဉာဏ်များအရ ရှေးဟောင်းနတ်ဘုရား ပျောက်ကွယ်မသွားမီ အချို့အရာများ ပြောခဲ့လေသည်။

ထိုအကြောင်းများမှာ ရှေးဟောင်းနတ်ဘုရားက ဤကမ္ဘာမှ မဟုတ်ပေ။ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် အခြားကမ္ဘာမှ ရောက်လာခြင်းဖြစ်သည်။ သူ၏ ဒဏ်ရာများ ကုသပြီးနောက် မွေးရပ်မြေကမ္ဘာသို့ ပြန်သွားရန် စီစဉ်ခဲ့သည်။

ဤကမ္ဘာသို့ မကျလာမီ သူက နောက်ဆုံးခွန်အားဖြင့် ကမ္ဘာကြီး၏ အစွန်ဆုံးတွင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲခဲ့လေသည်။ ထိုဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားလျှင် ရှေးဟောင်းနတ်ဘုရား၏ ကမ္ဘာကို ရှာတွေ့နိုင်ပေလိမ့်မည်။

ရှေးဟောင်းနတ်ဘုရားကတော့ နည်းစနစ်တစ်ခု အသုံးပြုရန်သာ လိုအပ်ပြီး ထိုဟာက သူ၏ ကမ္ဘာသို့ လမ်းပြခေါ်ဆောင်သွားပေလိမ့်မည်။

" အခြားကမ္ဘာတွေ..." လင်းယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။

ကမ္ဘာများက အပြန်အလှန်ဆက်စပ်နေကြသည်။ လင်းယွမ်က လုံဟုကမ္ဘာကို ပြန်သတိရသွား၏။ ထျန်းရှီဂိုဏ်း၏ ကျန်းဝူဓားက အခြားကမ္ဘာမှဖြစ်ပြီး မူလနတ်ဆိုးဝိညာဉ်လည်း အတူတူပင် ဖြစ်၏။

" ငါ ရှေးဟောင်းနတ်ဘုရားရဲ့ ကမ္ဘာကို သွားနိုင်ရင် ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်သလို ဖြစ်မသွားဘူးလား။ " လင်းယွမ်က ရုတ်တရက် တွေးလိုက်သည်။

ရှေဟောင်းနတ်ဘုရား၏ ကမ္ဘာက ယခုကမ္ဘာထက် ပိုအဆင့်မြင့်မည်မှာ သေချာလေသည်။ မဟုတ်လျှင် ရှေးဟောင်းနတ်ဘုရားက ဤကမ္ဘာ၏ နိယာမများကို ဆွဲထုတ်ပြီး အသုံးပြုနိုင်မည်မဟုတ်ပေ။

လင်းယွမ်က ထိုကမ္ဘာသို့ သွားနိုင်လျှင် ကြီးမားသော အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်ပေလိမ့်မည်။

အမှန်တော့ ကမ္ဘာများကြား သွားလာခြင်းက အလွန်အန္တရာယ်များလေသည်။ ရှေးဟောင်းနတ်ဘုရားက ဤကမ္ဘာထဲသို့ ကျလာချိန်တွင် သေဆုံးလုနီးပါး ဖြစ်ခဲ့လေသည်။

သို့သော် ယခုအချိန်တွင် လင်းယွမ်က စိတ်အသိဆင်းသက်ခြင်းသာ ဖြစ်ပြီး သူသေလျှင်တောင် မူ့ကမ္ဘာသို့ ပြန်ရောက်သွားရုံသာ ရှိလေသည်။

နတ်လက်နက်များနှင့် မိစ္ဆာစစ်သည်များစွာကို သန့်စင်ပြီးနောက် သူက အကျိုးအမြတ်များစွာ ရနေပြီဖြစ်ပြီး ထိုခရီးက ကျရှုံးခဲ့လျှင်တောင် အရှုံးမရှိပေ။

" အခုတော့ အလျင်မလိုသေးဘူး။ နောက်ဆုံး နှစ်နှစ်ဆယ်ရောက်မှ အဲ့ဒါကို စဉ်းစားတာပေါ့။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်၏ နေထိုင်ချိန် နှစ် ၁၆၀ က နှစ်သုံးဆယ် ကျန်နေသေးသည်။ ကျန်ရှိသော အချိန်များကို လင်းယွမ်က လိုအပ်သော ကိစ္စများကို ကိုင်တွယ်ရန် စီစဉ်ထားသည်။

" မင်းတို့ကတော့..." လင်းယွမ်က သူ၏ အောက်မှ မီးပြင်းဖိုကို ငုံ့ကြည့်လိုက်သည်။

နှစ်နှစ်ဆယ်ကြာ သန့်စင်ပြီးနောက် နတ်လက်နက်များ၏ စိတ်အသိများက ပျောက်ကွယ်သွားပြီဖြစ်သည်။ နောက်ထပ် စိတ်အသိမွေးဖွားရန် နှစ်ရာချီ သို့မဟုတ် နှစ်ထောင်ချီ ကြာပေလိမ့်မည်။

" ပျက်စီးစမ်း " လင်းယွမ်က စိတ်ထဲမှ အမိန့်ပေးလိုက်သည်။

အက်ကြောင်းများက နတ်လက်နက် ၃၆ လက်ပေါ်တွင် ပေါ်လာသည်။ အက်ကြောင်းများက တဖြည်းဖြည်း ပျံ့နှံ့လာပြီး ကွဲထွက်သွားကြသည်။ နတ်လက်နက်များအားလုံးကို အပိုင်းအစများဖြစ်အောင် လုပ်လိုက်သည်။

နတ်လက်နက်များက ကမ္ဘာကြီးမှ နိယာမများ၏ ပြင်ပအသွင်အပြင်များဖြစ်ကြသောကြောင့် ဖျက်ဆီး၍ မရနိုင်သော်လည်း လင်းယွမ်က ၎င်းတို့ကို အပိုင်းအစများဖြစ်အောင် ပြုလုပ်ခဲ့သည်။ ထိုနည်းဖြင့် အနာဂတ်တွင် နတ်လက်နက်များက စိတ်အသိများ မွေးဖွားလာလျှင်တောင် ပြည့်စုံသော နတ်လက်နက်များထက် အဆပေါင်းများစွာ အားနည်းနေပေလိမ့်မည်။

တောင်ထိပ်ငါးခုစစ်မြေပြင်။

မဟာယန်ဧကရာဇ်က နတ်လက်နက်များကို နှိမ်နှင်းပြီးသောအခါ လွန်ခဲ့သော နှစ်နှစ်ဆယ်မှစ၍ ကမ္ဘာကြီးက သန့်ရှင်းသောနယ်မြေဖြစ်လာခဲ့သည်။

မဟာယန်နိုင်ငံက အလယ်ပိုင်းလွင်ပြင်တစ်ခုလုံးကို စုစည်းပြီး ကြီးမားသော နိုင်ငံကြီးတစ်ခုကို ထူထောင်ခဲ့သည်။

မရေတွက်နိုင်သော လူများက ထိုနေရာသို့ လေးစားစွာဖြင့် နေ့စဉ်လာရောက်ကြလေသည်။ ဤနေရာတွင် ဒဏ္ဍာရီလာ မဟာယန်ဧကရာဇ်ကို တွေ့မြင်နိုင်လေသည်။

မိုင်တစ်ရာကျော်ကြီးမားလှသော အဖြူအနက် မီးပြင်းဖိုကြီးက ပျောက်ကွယ်မသွားဘဲ မဟာယန်ဧကရာဇ်က ၎င်းပေါ်တွင် ထိုင်နေခဲ့သည်။

သို့သော် ယနေ့ မရေတွက်နိုင်သော အကြည့်များအောက်တွင် အဖြူအနက်မီးပြင်းဖိုက ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters