နေလလှံကို တိုက်ခိုက်ခြင်း
Vol. 5 Ch. 81
နတ်လက်နက်ဘိုးဘေးနယ်မြေ...ထိုနေရာက နိုင်ငံကာကွယ်ရေးနတ်လက်နက်ကို ပူဇော်သည့် နေရာဖြစ်လေသည်။ အလယ်ပိုင်းလွင်ပြင်၏ နိုင်ငံ ၃၆ နိုင်ငံလုံးတွင် နတ်လက်နက်ဘိုးဘေးနယ်မြေ ၃၆ နေရာ တည်ရှိလေသည်။
တော်ဝင်မိသားစုများက နတ်လက်နက်များကို ပူဇော်ရပြီး ဘိုးဘေးများ သို့မဟုတ် ယခင်ဧကရာဇ်များထက် ပိုမိုလေးစားရလေသည်။
လင်းယွမ်က မရေရာသော ဆုံးဖြတ်ချက်များနှင့် တရားရုံး၏ ဖိအားကို ဆန့်ကျင်ပြီး နတ်လက်နက်များ ပူဇော်ခြင်းကို နှစ်ငါးဆယ်မှ နှစ်ခြောက်ဆယ်အထိ နှောင့်နှေးစေခဲ့သည်။
ထိုသို့ဆိုလျှင်တောင် သက်ရှိယဇ်ကောင်များကို နှစ်တိုင်း နတ်လက်နက်ဘိုးဘေးနယ်မြေသို့ ပို့ဆောင်ပေးရပြီး အနည်းငယ်မျှ လျော့၍ မရေပ။
လင်းယွမ်က ၎င်းကို မျက်ကွယ်ပြုထားခဲ့သည်။ ထီးနန်းလွှဲပြောင်းခြင်းကိစ္စများကို နတ်လက်နက်များက ဂရုမစိုက်ပေ။ သို့သော် ယဇ်ကောင်အရေအတွက် လျော့သွားသည်နှင့် နတ်လက်နက်များက သတိပြုမိပေလိမ့်မည်။ ထိုအချိန်တွင် နတ်လက်နက်များက နိုးထလာပြီး အလိုအလျောက် ယဇ်ပူဇော်ခြင်းကို စတင်ပေလိမ့်မည်။ အကျိုးဆက်က မဟာယန်နိုင်ငံ၏ ခံနိုင်ရည်ထက် ကျော်လွန်လေသည်။
ထို့အပြင် နတ်လက်နက်များကိုယ်တိုင် နိုးထလာလျှင် လိုအပ်သော ယဇ်ကောင်အရေအတွက်က သူတို့ အိပ်စက်နေသည်ထက် များစွာ ပိုပေလိမ့်မည်။
ထို့ကြောင့် နတ်လက်နက်များကို ဖိနှိပ်ရန် လုံလောက်သော ခွန်အား မရှိသေးမီ အချိန်ဆွဲနိုင်ခြင်းက အကောင်းဆုံး ဖြစ်လေသည်။ အနည်းဆုံး လင်းယွမ်က ခွန်အားလုံလောက်သည်နှင့် အချိန်မရွေး လှုပ်ရှားနိုင်ပေလိမ့်မည်။ ယခုကဲ့သို့ပင် ဖြစ်၏။
လင်းယွမ်က ယခု လှုပ်ရှားရန် မဟာအခွင့်အရေးကြီးဟု တွေးမိလေသည်။ ပူဇော်ခြင်းကို အခွင့်အရေးယူပြီး နတ်လက်နက်များ စားသောက်သော အချိန်မှ လှုပ်ရှားနိုင်လေသည်။
" နတ်လက်နက် "
လင်းယွမ်က နတ်လက်နက်များအား ပူဇော်ခြင်းကို လက်ခံသောအခါ သာသနာရေးဝန်ကြီးနှင့် အခြားဝန်ကြီးများက လိုအပ်သောအရာများကို စတင်ပြင်ဆင်ကြလေသည်။
အခြားတစ်ဖက်တွင် လင်းယွမ်က ချန်ထျန်းခန်းသို့ ပြန်သွားပြီး နတ်လက်နက်၏ ကိစ္စကို စဉ်းစားနေသည်။ နတ်လက်နက်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သောကြောင့် သူက ပြင်ဆင်ပြီးပြီဖြစ်သည်။
မိစ္ဆာစစ်သည်များစွာ၏ မှတ်ဉာဏ်များကို ရှာဖွေပြီးသောအခါ လင်းယွမ်က နတ်လက်နက် ၃၆လက်ကို နက်ရှိုင်းစွာ နားလည်လာခဲ့သည်။ တိုက်ခိုက်ရေးစွမ်းအားတစ်ခုတည်းဆိုလျှင် သူက နတ်လက်နက်များထက် သာလွန်သည်ဟု ယုံကြည်ချက်မရှိပေ။
လင်းယွမ် သတိထားရမည့်အရာမှာ နတ်လက်နက်များ၏ နောက်ဆုံး ဝှက်ဖဲဖြစ်လေသည်။
ကောင်းကင်နှင့်မြေကြီးနှင့် ပေါင်းစပ်ခြင်း။ နတ်လက်နက်ဖြစ်စေ မိစ္ဆာစစ်သည်ဖြစ်စေ အားလုံးက ကောင်းကင်နှင့် မြေကြီး၏ နိယာမများ၏ ပြင်ပအသွင်အပြင်များ ဖြစ်ကြသည်။ ၎င်းတို့က ပြင်ပအသွင်အပြင်များ ဖြစ်ကြသောကြောင့် လိုအပ်လျှင် ပြန်လည်ပေါင်းစပ်နိုင်လေသည်။ မိစ္ဆာစစ်သည်များ၏ အနှစ်သာရများက ပျက်ဆီးသွားပြီဖြစ်သောကြောင့် သူတို့က ကောင်းကင်၊ မြေကြီးတို့နှင့် မပေါင်းစပ်နိုင်ကြတော့ပေ။
သို့သော် နတ်လက်နက်များကတော့ ကွဲပြားလေသည်။ နတ်လက်နက်များက ဆန္ဒရှိလျှင် ကောင်းကင်နှင့်မြေကြီးတို့ထဲသို့ ပေါင်းစပ်နိုင်ကြလေသည်။ ထိုအခြေအနေတွင် လင်းယွမ်က အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင် သန်မာလျှင်တောင် သူက ကောင်းကင်နှင့် မြေကြီးကို မဖျက်ဆီးနိုင်ပါက ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
နတ်လက်နက်များကလည်း နောက်ဆုံးအခြေအနေ မရောက်ခင်အထိ ကောင်းကင်နှင့်မြေကြီးသို့ ပြန်သွားရန် မရွေးချယ်ကြပေ။ ထိုသို့လုပ်လိုက်သည်နှင့် နတ်လက်နက်များ၏ ကိုယ်ပိုင်စိတ်အသိက ကောင်းကင်နှင့်မြေကြီး၏ အသိကြောင့် ပျောက်ကွယ်သွားကြပေလိမ့်မည်။
ရာစုနှစ်များစွာ ကြာပြီးနောက် ၎င်းတို့က ကောင်းကင်နှင့်မြေကြီးမှ ပြန်လည်ခွဲထွက်လာလျှင်တောင် မူလနတ်လက်နက်များ ဟုတ်တော့မည် မဟုတ်ပေ။ ၎င်းတို့၏ စိတ်အသိကလည်း ပြောင်းလဲသွားပြီ ဖြစ်၏။
မည်သို့ပင်ဆိုစေ နတ်လက်နက်များကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သောကြောင့် လင်းယွမ်က ၎င်းတို့ကို ကောင်းကင်နှင့်မြေကြီးသို့ ပြန်သွားရန် ခွင့်ပြုမည်မဟုတ်ပေ။
သူ လှုပ်ရှားရခြင်း၏ အဓိကရည်ရွယ်ချက်များထဲမှ တစ်ခုမှာ နတ်လက်နက်များကို ဖိနှိပ်ပြီး ၎င်းတို့ထဲတွင် ပါဝင်သော နိယာမများ၏ အနှစ်သာရများကို လေ့လာဆင်ခြင်ရန် ဖြစ်လေသည်။
ဆယ်စုနှစ်များအတွင်း နတ်လက်နက်အပိုင်းအစများထဲမှ နိယာမများ၏ အနှစ်သာရများက လင်းယွမ်အတွက် ကြီးမားသော အထောက်အကူ ဖြစ်ခဲ့လေသည်။
ပြည့်စုံသော နတ်လက်နက်တစ်လက်ဖြစ်လျှင် လင်းယွမ်အတွက် အလွန်ကြီးမားသော အကျိုးကျေးဇူးများ ရရှိပေလိမ့်မည်။
အနည်းဆုံး ၎င်းတို့က သူ့ကို စတုတ္ထအလွှာသို့ ပို့ပေးလိမ့်မည်ဖြစ်သည်။ သာမန် စတုတ္ထအလွှာ မဟုတ်ပေ။ နိယာမများ၏ အနှစ်သာရများဖြင့် တည်ဆောက်ထားသော စတုတ္ထအလွှာ ဖြစ်၏။
" နတ်လက်နက်တွေက ကောင်းကင်မြေကြီးတို့နဲ့ ပေါင်းစပ်နိုင်တာလို့ ငါက ကောင်းကင်နဲ့ မြေကြီးကို ဖြတ်တောက်ပစ်မယ်။ " လင်းယွမ်၏ မျက်လုံးများက တည်ငြိမ်နေသည်။
ထိုကမ္ဘာတွင် နှစ်ပေါင်းရှစ်ဆယ်ကြာပြီးနောက် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်က နတ်လက်နက်အပိုင်းအစများကို လေ့လာပြီး သူက ကောင်းကင်နှင့်မြေကြီးကို သီးခြားခွဲထုတ်နိုင်သော လျို့ဝှက်နည်းစနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။
မိစ္ဆာစစ်သည် အပိုင်းအစ ၈၁ခုကို အမြုတေအဖြစ် အသုံးပြုပြီး သူက တိကျသော ဧရိယာတစ်ခုကို ချိတ်ပိတ်ပစ်နိုင်လေသည်။ ၎င်းက ကောင်းကင်နှင့်မြေကြီးမှ ဖြတ်တောက်ခြင်း ဖြစ်သည်။ သို့သော် ထိုချိတ်ပိတ်မှုက အကန့်အသတ် ရှိလေသည်။ ကောင်းကင်နှင့်မြေကြီးက အလိုအလျောက် ပြန်လည်ပြုပြင်နိုင်စွမ်းရှိသောကြောင့် လင်းယွမ်က တစ်နာရီသာ ချိတ်ပိတ်နိုင်လေသည်။
ဧကရာဇ်က နတ်လက်နက်များကို ပူဇော်ရန် ဘိုးဘေးနယ်မြေသို့ သွားမည့်ကိစ္စက တရားရုံး၏ အဓိကဦးစားပေးကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ ပူဇော်ခြင်းအခမ်းအနားဖြစ်သောကြောင့် ယဇ်ကောင်များကို အများအပြား ပြင်ဆင်ထားရမည်ဖြစ်သည်။
နတ်လက်နက်များကို ပူဇော်ရန်အတွက် ယဇ်ကောင်များမှာ သွေးနှင့်စွမ်းအားပြည့်ဝသော လူများ ဖြစ်ကြလေသည်။
လင်းယွမ်နန်းတက်ချိန်တွင် ယဇ်ကောင်အရေအတွက်ကို မလျှော့ချခဲ့သော်လည်း သူက သေဒဏ်ပေးခံရသူများ သို့မဟုတ် တစ်သက်တစ်ကျွန်းကျသူများကို အဓိက ရွေးချယ်ခဲ့လေသည်။ ၎က မလုံလောက်လျှင်တောင် လူထုဆီမွ စုဆောင်းရမည့် အေရအတြက္ကို လျော့နည်းစေလေသည်။ ယဇ်ပူဇော်ရန် ဆန္ဒရှိသူများ၏ မိဘများနှင့်ကလေးများကို နိုင်ငံက စောင့်ရှောက်ပေးလေသည်။
မဟာယန်နိုင်ငံ၏ ဝန်ကြီးအချို့က ထိုလူမ်ား၏ သားမြေးများကို ပညာသင်ကြားပေးခြင်း၊ အရာရှိနေရာများ ပေးခြင်းနှင့် စစ်တပ်အတွင်းသို့ ဝင်ရောက်စေခြင်းတို့ကို ခွင်းပြုပေးခဲ့ကြသည်။
ထိုမူဝါဒကြောင့် တရားရုံးတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။ ဝန်ကြီးအချို့က နတ်လက်နက်အတွက် စွန့်လွှတ်ခြင်းမှာ သူတို့အတွက် ဂုဏ်ယူစရာဖြစ်ပြီး ၎ကို မလိုအပ်ဟု ပြောဆိုခဲ့ကြသည်။
ထိုမူဝါဒကို အကောင်အထည်ဖော်လျှသ် နိုင်ငံ၏ ဘဏ္ဍာရေးကို အသုံးပြုရမည်ဖြစ်သည်။ သို့သော် လင်းယွမ်၏ ခိုင်မာသော ဆုံးဖြတ်ချက်အောက်တွင် ထိုမူဝါဒကို ကျင့်သုံးနေကြဆဲ ဖြစ်သည်။
နတ်လက်နက်ပူဇော်ခြင်းက အလွန်ခက်ခဲနက်နဲလေသည်။ ပူဇော်ခြင်းကို မစမီ ဝန်ကြီးများက တစ်နေ့လုံး အလုပ်ရှုပ်နေကြသည်။
ဧကရာဇ် လင်းယွမ်က နတ်လက်နက်ဘိုးဘေးနယ်မြေ၏ မြေအောက်နန်းတော် အလယ်သို့ ဦးတည်သွားခဲ့သည်။
နာရီများကြာသောအခါ လင်းယွမ်၏ အကြည့်က လေးနက်သွားပြီး ယဇ်ပလ္လင်၏ အလယ်သို့ ကြည့်လိုက်သည်။ သူက စွမ်းအားကောင်းသော အော်ရာတစ်ခုကို ခံစားနေရသည်။
ထိုအော်ရာက ပြင်းထန်ပြီး ထက်ရှကာ လင်းယွမ် တွေ့ကြုံဖူးသော နတ်လက်နက်များထက် သာလွန်လေသည်။ ကိုးဆယ်ရာခိုင်နှုန်း ပြည့်စုံနေသော ကောင်းကင်ခွဲခြမ်းခြင်းပုဆိန်ပင် ထိုအော်ရာနှင့် နှိုင်းယဉ်လျှင် အရောင်မှိန်သွားပေလိမ့်မည်။
နှစ်ရှစ်ထောင်အတွင်း မိစ္ဆာလက်နက်စစ်သည်များက တိုးတက်မှုမရှိခဲ့သော်လည်း နိုင်ငံကာကွယ်ရေးနတ်လက်နက် ၃၆လက်က သက်ရှိများ၏ အသက်စွမ်းအား၊ သွေးနှင့် ဝိညာဉ်များစွာကို စားသုံးပြီး သူတို့၏ စွမ်းအားများက အတိတ်ကထက် ကျော်လွန်သွားကြသည်။
" နေလလှံ " လင်းယွမ်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။
မဟာယန်မင်းဆက်၏ ကာကွယ်ရေးနတ်လက်နက် နေလလှံက နတ်လက်နက် ၃၆လက်တွင် ထိုးစစ် အကောင်းဆုံး နတ်လက်နက်များထဲမှ တစ်ခု ဖြစ်လေသည်။
နတ်လက်နက်များ၏ စစ်ပွဲတွင် နေလလှံက နတ်လက်နက် ရှစ်ခုကျော်ကို ထိုးဖောက်ခဲ့ပြီး ၎င်း၏ ရက်စက်မှုက အံ့ဩစရာကောင်းအောင် ပြင်းထန်လှသည်။
" ကောင်းပြီ မင်းတို့ အခုထွက်သွားကြတော့။ ငါ နတ်လက်နက်နဲ့ ပြောစရာရှိတယ်။ "
လင်းယွမ်က နေလလှံနှင့် ပေါ်လာတော့မည်ကို ခံစားမိသောကြောင့် ဝန်ကြီးနှင့် အရာရှိများကို လှည့်ကြည့်လိုက်သည်။
" ဟုတ်ကဲ့ ကျွန်တော်မျိုးတို့ အရင်ထွက်သွားပါမယ်။ "
အားလုံးက အသက်ရှုမှားနေကြပြီဖြစ်သည်။ နေလလှံ၏ အော်ရာက တဖြည်းဖြည်း ရွေ့လျားနေပြီး ကောင်းကင်နှင့် မြေကြီးကဲ့သို့ သန်မာသော အော်ရာက သာမန်လူများ သည်းခံနိုင်သောအရာ မဟုတ်ပေ။
လင်းယွမ်၏ အကြောင်းပြချက်က လုံလောက်သည်ထက် ပိုလေသည်။ မဟာယန်နိုင်ငံ၏ တော်ဝင်မိသားစုက နတ်လက်နက် ရွေးချယ်ထားသော ကိုယ်စာလှယ်များ ဖြစ်ကြလေသည်။ တော်ဝင်မိသားစုတွင် အမြင့်ဆုံးဖြစ်သည့် ဧကရာဇ်က နတ်လက်နက်ဖြင့် သီးသန့်ဆွေးနွေးခြင်းမှာ သာမန်သာဖြစ်၏။
မကြာမီ လင်းယွမ်မှလွဲ၍ အားလုံးက ရိုရိုသေသေနှင့် ထွက်ခွာသွားကြသည်။
ခနကြာသောအခါ ကျယ်ပြောလှသော ယဇ်ပလ္လင်ကြီးနှင့် ဒူးထောက်ထားသော ယဇ်ကောင်များသာ ကျန်နေခဲ့သည်။ ထိုအကျဉ်းသားအများစုက နေရာအသီးသီးမှ အကျဉ်းသားများ ဖြစ်ကြလေသည်။ ယဇ်ပူဇော်ခြင်းကို ချောမွေ့စေရန်အတွက် ယဇ်ကောင်များကို သတိမေ့အောင် လုပ်ထားကြသည်။
လင်းယွမ်က မတ်တပ်ရပ်နေပြီး နတ်လက်နက်ထွက်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ ယခုအချိန်တွင် သူက သူ၏ အော်ရာကို ကန့်သတ်ထားပြီး နတ်လက်နက်များပင် မူမမှန်မှုကို ရှာတွေ့နိုင်မည်မဟုတ်ပေ။
မဟုတ်လျှင် လင်းယွမ်၏ သွေးနှင့် အသက်စွမ်းအားကြောင့် နေလလှံက ရူးသွပ်နေလောက်ပြီ ဖြစ်သည်။
ဝုန်း....
လင်းယွမ်၏ အကြည့်အောက်တွင် နေနှင့်လ လှည့်ပတ်နေသော ကျန့်တစ်ရာကျော်ရှည်သည့် နတ်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။
" နဂါးတစ်ကောင်လား။ " လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ထိုအရာက နဂါးတစ်ကောင် မဟုတ်ပေ။ ထိုနတ်နဂါးက နတ်လက်နက်၏ အော်ရာမှ အသွင်ပြောင်းလဲထားသော ပုံရိပ် ဖြစ်လေသည်။
နတ်နဂါး၏ အမြုတေနေရာတွင် လှံရှည်တစ်လက် ရှိနေသည်ကို လင်းယွမ်က မြင်လိုက်ရသည်။
နတ်လက်နက် နေလလှံ။
လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်လာသည်။ သူက နတ်လက်နက်တစ်ခုကို ပထမဆုံး မြင်ဖူးခြင်းမဟုတ်ပေ။ မိစ္ဆာစစ်သည်များ၏ မှတ်ဉာဏ်များထဲတွင် သူက နတ်လက်နက်များစွာကို မြင်ခဲ့ရသည်။
သူက နေလလှံ တိုက်ခိုက်သည့် မြင်ကွင်းများကိုပင် မြင်ဖူးခဲ့လေသည်။ သို့သော် ထိုမြင်ကွင်းများက ပုံရိပ်များသာ ဖြစ်ကြသည်။
စစ်မှန်သော နေလလှံနှင့် နှိုင်ယှဉ်လျှင် ထိုအရာများက လရောင်အောက်မှ ပိုးစုန်းကြူးငယ်များသဖွယ် ဖြစ်နေကြပေလိမ့်မည်။
ဝူး....
နေလလှံက အနည်းငယ် တုန်ခါသွား၏။ ကြီးမားသော နဂါးကြီးက ပါးစပ်ကို ဟပြီး ယဇ်ကောင်များရှိရာသို့ အနည်းငယ် စုပ်ယူလိုက်သည်။
ရုတ်တရက် များပြားသော အသက်စွမ်းအားများနှင့် ဝိညာဉ်များက နဂါး၏ ပါးစပ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
" ဒီယဇ်ကောင်တွေက မဆိုးဘူး။ " နေလလှံက ကျေနပ်သော စိတ်ဝိညာဉ်လှိုင်းများ ထုတ်လွှတ်လိုက်သည်။
" မင်းက ဧကရာဇ်အသစ်လား။ " နေလလှံက တစ်စုံတစ်ခုကို အာရုံခံမိပြီးနောက် နောက်ထပ် စိတ်ဝိညာဉ်လှိုင်းအချို့ ထုတ်လွှတ်လိုက်သည်။
" မှန်တယ် " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
" ဒါဆိုရင်..... " နေလလှံ၏ ကိုယ်ထည်က တုန်ခါသွား၏။ ဖော်မပြနိုင်သော အော်ရာတစ်ခု ဆင်းသက်လာသည်။
ဧကရာဇ်တိုင်းက ပူဇော်နေစဉ် နတ်လက်နက်၏ အမှတ်အသား ပြုလုပ်ခြင်းကို ခံရလေသည်။ ၎င်းက ကန့်သတ်ချက်တစ်ခု ဖြစ်၏။
လင်းယွမ်က ထိုနတ်ဘုရားလက်နက်၏ အမှတ်အသားကို သတိထားနေသောကြောင့် ဧကရာဇ်ဟောင်းကို ခြင်ဆီသန့်စင်ပေးရန် မကြိုးစားခြင်း ဖြစ်သည်။
" ခနနေဦး " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
လင်းယွမ်က စကားပြောပြီးသည်နှင့် ညာခြေကို မြှောက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။ ယဇ်ပလ္လင်ကို ဗဟိုပြု၍ ပတ်ဝန်ကျင်မှ ကောင်းကင်နှင့်မြေကြီးတို့က ခွဲခြားခြင်း ခံလိုက်ရသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း