သေခြင်း
Vol. 5 Ch. 90
အလယ်ပိုင်းလွင်ပြင်၏ အပြင်ဘက် မြောက်ပိုင်းနယ်မြေ အစွန်ပိုင်းတွင် ထိုနေရာက အလွန်အေးပြီး သိုင်းသူတော်စင်အဆင့်များပင် ထိုအအေးဓာတ်ကို ခံနိုင်မည်မဟုတ်ပေ။ ထိုနေရာက သက်ရှိများအတွက် တားမြစ်နယ်မြေတစ်ခုပင် ဖြစ်၏။ နှစ်တစ်သောင်းအတွင်း မည်သည့်သက်ရှိမှ ထိုနေရာသို့ မလာကြပေ။
သို့သော် ယနေ့တွင် လူတစ်ယောက်က ထိုနေရာသို့ ဖြည်းညင်းစွာ ဝင်ရောက်လာသည်။ ထိုလူ၏ ဆယ်မီတာကျော်အတွင်း အပူချိန်က နွေးထွေးနေသည်။
" ဒီနေရာဖြစ်မယ်။ " လင်းယွမ်က ရပ်ပြီး လှည့်ပတ်ကြည့်လိုက်သည်။
ထိုနေရာက နတ်လက်နက်များ၏ မှတ်ဉာဏ်များအရ ရှေးဟောင်းနတ်ဘုရား နောက်ဆုံး ပျောက်ကွယ်သွားသော နေရာဖြစ်လေသည်။
" ဟင်းလင်းပြင်အက်ကြောင်းလား " လင်းယွမ် ရှေ့ဆက်လျှောက်သွားပြီး ဟင်းလင်းပြင်အက်ကြောင်း၏ အော်ရာကို ခံစားနေရသည်။
မကြာမီ လင်းယွမ်က အော်ရာ၏ အရင်းအမြစ်ကို တွေ့လိုက်ရသည်။ ၎င်းက ပန်းချီကားတစ်ချပ်ကို ဖြဲထားသကဲ့သို့ ဖြစ်သည်။ အထဲတွင် မီးခိုးရောင်အငွေ့များရှိနေ၏။
" ရှေးဟောင်းနတ်ဘုရားက ဒီထဲကို ဝင်ရောက်သွားတာလား။ " လင်းယွမ်က တိတ်ဆိတ်သွားမိသည်။ ထိုအက်ကြောင်းကို ကြည့်ရုံနှင့် အန္တရာယ်အာရုံကို ခံစားမိနေသည်။ ၎င်းက အထဲသို့ ဝင်သွားသည်နှင့် အသက်ရှင်ရန် မျှော်လင့်ချက်မရှိသကဲ့သို့ ဖြစ်သည်။
လင်းယွမ်က ခနစဉ်းစားပြီးနောက် ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။ ရှေးဟောင်းနတ်ဘုရားက အထဲသို့ မည်သည့်နည်းလမ်းကို အသုံးပြုပြီး ဝင်ရောက်သွားသည်ကို သူမသိသော်လည်း သူ အထဲသို့ မဝင်နိုင်သည်ကတော့ သေချာလေသည်။
လင်းယွမ်က သူ၏ ကျန်ရှိသော သက်တမ်း ၂၀ကို အလောင်းအစားမလုပ်နိုင်ပေ။ သူက အသက်ရှင်ရန် လုံးဝ မျှော်လင့်ချက် မရှိသောကြောင့်သာ ထိုသို့ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ နှစ်နှစ်ဆယ်က သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဤကမ္ဘာကြီးကို လေ့လာပြီး တိုးတက်မှုများ ရှိနိုင်လေသည်။
အချိန်များက ဖြည်းညင်းစွာ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်နှစ်ဆယ်ကြာသွားခဲ့သည်။ ထိုနှစ်များတွင် လင်းယွမ်က ကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့သည်။
မဟာယန်နိုင်ငံက သူလက်ဆင့်ကမ်းပေးခဲ့သော ကျင့်ကြံခြင်းစနစ်ဖြင့် ကြီးမားစွာတိုးတက်လာသည်ကို သူက မြင်တွေ့ခဲ့ရသည်။
နာမည် - လျိုယွမ် ( လင်းယွမ်)
အဆင့်အတန်း -အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်
စွမ်းရည် - ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်း
လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း
လက်ကျန်အချိန် - တစ်နာရီ
ကန့်သတ်အချိန်နှင့် နီးကပ်လာသောအခါ လင်းယွမ်က မြောက်ပိုင်းရှိ ဟင်းလင်းပြင်အက်ကြောင်းဆီသို့ ပြန်လာခဲ့သည်။
" ငါ မကြာခင် ပြန်ရတော့မှာဆိုတော့ အထဲကို တစ်ချက်လောက် သွားကြည့်ရမယ်။ " လင်းယွမ်က တွေးလိုက်ပြီး ထိုက်ကျိနယ်ပယ်ကို သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းခြုံလိုက်သည်။ ၎င်းက ထိုက်ကျိကိုယ်ထည်ဖြစ်ပြီး လင်းယွမ်၏ အသန်မာဆုံး ခုခံမှုလည်း ဖြစ်သည်။
" သွားမယ်။ " လင်းယွမ်က ရှေ့တစ်လှမ်းတိုးပြီး ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်ရောက်သွားသည်။
လင်းယွမ်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
" ဒါက သေခြင်းလား။ "
ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသောမြင်ကွင်းက ဘာအရောင်အဆင်းမှ မရှိသော လေဟာနယ်တစ်ခုဖြစ်သည်။ လင်းယွမ်က ဘာမှမတုန့်ပြန်နိုင်မီ သူ၏ ခန္ဓာကိုယ်က စတင်ပြိုကျလာသည်။ သူ၏ ထိုက်ကျိနယ်ပယ်၊ အသွေးအသားများနှင့် ဝိညာဉ်များ အားလုံးက ပျက်ဆီးသွားသည်။
" ကံကောင်းတာ ငါ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က မသွားခဲ့တာပဲ။ မဟုတ်ရင် အချိန်တွေ ဆုံးရှုံးသွားတာပဲ အဖတ်တင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ပထမဆုံး ဝင်ရန် ပြင်လိုက်ချိန်တွင် လင်းယွမ်က အလွန်အားကောင်းလှသော အန္တရာယ်အာရုံကို ခံစားမိခဲ့သည်။ ထို့နောက် သူက ချက်ချင်း ထွက်သွားရန် ဆုံးဖြတ်ခဲ့သည်။
သူက ထိုနှစ်နှစ်ဆယ်ကို ကမ္ဘာအနှံ့ လျှောက်သွားခဲ့သည်။ လမ်းတစ်လျှောက် ဉာဏ်အလင်းများကို ရှာဖွေခဲ့ပြီး မဟာယန်နိုင်ငံ၏ ဘေးအန္တရာယ်များစွာကို ဖြေရှင်းပေးခဲ့သည်။
သိုင်းနတ်ဘုရားအချို့ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး လျိုမိသားစု၏ အုပ်ချုပ်မှုကို ခိုင်မာစေခဲ့သည်။
" လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ရှေးဟောင်းနတ်ဘုရား ဘယ်လိုထွက်သွားခဲ့တာလဲ မသိဘူး။ " လင်းယွမ်က အနည်းငယ် သိချင်သွား၏။
လင်းယွမ်၏ ထင်မြင်ချက်အရ ရှေးဟောင်းနတ်ဘုရားက စတုတ္ထအလွှာတွင် အများဆုံး ဖြစ်နိုင်ပြီး သေချာသည်မှာ စတုတ္ထအလွှာကို မကျော်နိုင်ပေ။ လေဟာနယ်လှိုင်းများကို ရင်ဆိုင်ရာတွင် ပဉ္စမအလွှာများပင် ကြာကြာ အသက်ရှင်နိုင်မည်မဟုတ်ပေ။
" ထားလိုက်တော့ " လင်းယွမ်က ဆက်မတွေးရန် ဆုံးဖြတ်လိုက်သည်။
သူက ဤခရီး၏ အကျိုးအမြတ်များကို စတင်စဉ်းစားလိုက်သည်။ အကြီးမားဆုံး အကျိုးအမြတ်မှာ တတိယအလွှာနှင့် စတုတ္ထအလွှာတို့၏ လမ်းကြောင်းများကို ရှာတွေခဲ့ခြင်း ဖြစ်သည်။
ဆင်းသက်ခြင်း မစမီကတည်းက လင်းယွမ်မှာ တတအလွှာ စဦးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ယခု အလယ်အဆင့် နှောင်းပိုင်းအဆင့် အထွတ်အထိပ်အဆင့် အားလုံးက နတ်လက်နက်ကမ္ဘာတွင် ပြည့်စုံသွားခဲ့ပြီဖြစ်သည်။ နောက်ဆုံး စတုတ္ထအလွှာကိုပင် ခြေချနိုင်ခဲ့သည်။
ထို့အပြင် လင်းယွမ်ရွေးချယ်ခဲ့သော လမ်းစဉ်က အခက်ခဲဆုံးလမ်းစဉ်တစ်ခုဖြစ်သော နိယာမများ၏ အနှစ်သာရလမ်းစဉ်ဖြစ်လေသည်။ သာမန် စတုတ္ထအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က လင်းယွမ်၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
" နိယာမတွေရဲ့ အနှစ်သာရ..." လင်းယွမ်က အားဖြည့်ဆေးအိုးထဲမှ ထွက်လိုက်ပြီး ကြယ်စကြာဝဠာ၏ နိယာမအနှစ်သာရများကို ခံစားကြည့်လိုက်သည်။
နတ်လက်နက်ကမ္ဘာနှင့်ယှဉ်လျှင် မူလကမ္ဘာမှ နိယာမများ၏ အနှစ်သာရက ပို၍ စွမ်းအားကောင်းလေသည်။ မူလကမ္ဘာထဲမှ နိယာမများ၏ အနှစ်သာရကို ရှေးဟောင်းနတ်ဘုရားကဲ့သို့ အတင်းအကျပ်ဆွဲထုတ်လျှင် မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။ ခွန်အားမလုံလောက်ပါက မူလကမ္ဘာ၏ စွမ်းအားဖြင့် ဖျက်ဆီးခြင်း ခံရပေလိမ့်မည်။
" နှစ်ရက်ကြာသွားတယ်။ သိပ်တော့မဆိုးလှဘူး။ "
လင်းယွမ်က အချိန်ကို တစ်ချက်ကြည့်ပြီး တွေးလိုက်သည်။ နတ်လက်နက်ကမ္ဘာတွင် နှစ်ပေါင်း ၁၆၀က မူလကမ္ဘာတွင် နာရီငါးဆယ်သာ ကြာမြင့်လေသည်။
" ငါ့ရဲ့ လက်ရှိအဆင့်က စတုတ္ထအလွှာ အဆင့်ကိုးနဲ့ ညီမျှလောက်တယ်။ " လင်းယွမ်က သူ့ကိုသူ စစ်ဆေးလိုက်သည်။ နေလလှံကို ဆယ်နှစ်ဖိနှိပ်ပြီးသောအခါ သူက စတုတ္ထအလွှာသို့ ချိုးဖျက်နိုင်ခဲ့သည်။
နတ်လက်နက် ၃၆လက်ကို နှိမ်နှင်းရန် တောင်ထိပ်ငါးခု စစ်မြေပြင်တွင် ဆုံမှတ်များကို နေရာချပြီး ထိုက်ကျိမီးပြင်းဖိုကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် ဉာဏ်အလင်းရရှိရန် နှစ်နှစ်ဆယ် ကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့သည်။ ထိုနှစ်နှစ်ဆယ်တွင် စတုတ္ထအလွှာ အဆင့်တစ်မှ အဆင့်ကိုးထိ ရောက်သွားခဲ့သည်။
သို့သော် မူလကမ္ဘာတွင် လင်းယွမ်၏ ခွန်အားက တတိယအလွှာ အစောပိုင်းအဆင့်တွင် ရှိနေဆဲ ဖြစ်၏။
" ဝိညာဉ်ပစ္စည်းတွေ ဝယ်ပြီး ခွန်အားကို မြန်မြန်ပြန်ရအောင်လုပ်ရမယ်။ " လင်းယွမ်က လိုင်းပေါ်မှ စျေးဝယ်စင်တာကို ဖွင့်ပြီး ပစ္စည်းများကို ရှာဖွေလိုက်သည်။
" ဒီနှစ်ခုက အဆင်ပြေလောက်တယ်။ " လင်းယွမ်က ခနရှာဖွေပြီးနောက် သူ၏ ရွေးချယ်မှုများကို အတည်ပြုလိုက်သည်။
သူ၏ ကျင့်ကြံခြင်းက ထိုက်ယင်နှင့် ထိုက်ယန်ပေါင်းစပ်ထားသော ထိုက်ကျိလမ်းစဉ်ဖြစ်သောကြောင့် သူက သဘာဝအတိုင်း ယင်ယန်စွမ်းရည်ရှိသော အရာများကို ရွေးချယ်ရန်သာ လိုအပ်လေသည်။
" ဆယ့်ဘီလီယံ " လင်းယွမ်က စျေးနှုန်းကို ကြည့်လိုက်သည်။ သူ၏ တတိယအလွှာ အစောပိုင်းအဆင့်မှ စတုတ္ထအလွှာ အဆင့်ကိုးသို့ ရောက်ရန် အဆင့်ငယ် ဆယ်ဆင့်ကျော် ဖြတ်ကျော်ရမည်ဖြစ်သည်။
ထို့ကြောင့် ယခုတစ်ကြိမ် သူရွေးချယ်လိုက်သော ဝိညာဉ်ပစ္စည်းများကလည်း ပုံမှန်အတိုင်း ပို၍ အဆင့်မြင့်လေသည်။ သူက အဆင့်လေးနိုင်ငံသားတစ်ယောက်သာမဟုတ်လျှင် သူမည်မျှ ချမ်းသာသည်ဖြစ်စေ ထိုကဲ့သို့ အရည်အသွေးရှိသော ပစ္စည်းများကို မြင်ခွင့်ရမည်မဟုတ်ပေ။
" ပိုက်ဆံက မလောက်တုန်းပဲ။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
သာမန်အတိုင်းပြောရလျှင် ဆင့်ကဲပြောင်းလဲသူတစ်ယောက်က တတိယအလွှာ အစောပိုင်းအဆင့်မှ စတုတ္ထအလွှာ အဆင့်ကိုးသို့ ရောက်ရန် မည်သည့်အတားအဆီးမှမရှိလျှင်တောင် အနည်းဆုံး နှစ်ရာချီမှ နှစ်ထောင်ချီကြာနိုင်လေသည်။ ၎င်းက သူတို့ကို လမ်းညွှန်ပေးနိုင်သည့် ပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ရှိပြီးသား ဖြစ်၏။
တတိယအလွှာသို့ ရောက်ရန် ဆယ်နှစ်ဘီလီယံအသုံးပြုပြီး နှစ်ရာချီသက်သာစေခြင်းက လင်းယွမ်အတွက် ထိုက်တန်လေသည်။ ထိုကဲ့သို့ အချိန်တိုအတွင်း လျင်မြန်စွာ တိုးတက်လာခြင်းက လင်းယွမ်အတွက် သူ၏ ချမ်းသာကြွယ်ဝမှုကို မထိန်းသိမ်းနိုင် ဖြစ်သွားစေသည်။
" အဆင့်လေးနိုင်ငံသားတစ်ယောက်ရဲ့ ချေးငွေအကန့်အသတ်က ဆယ်ဘီလီယံပဲ ရှိတယ်။ ငါပြိုင်ပွဲရဲ့ ဆုကြေးငွေရောပေါင်းရင်တော့..." လင်းယွမ်က သူ၏ အထောက်အထားများကို အတည်ပြုပြီး ဝိညာဉ်ပစ္စည်းနှစ်ခုကို ဝယ်ယူလိုက်သည်။
အုပ်စုလိုက်ပြိုင်ပွဲတွင် လင်းယွမ်က ဆုငွေ ဆယ်ဘီလီယံနီးပါး ရရှိခဲ့သည်။ တစ်ဦးချင်းပြိုင်ပွဲက မပြီးဆုံးသေးသောကြောင့် ဆုကြေးငွေများကို မသတ်မှတ်ရသေးပေ။
" ဒီခရီးကရလာတဲ့ တတိယအလွှာ ကဏ္ဍကို ဆက်တင်လိုက်မယ်။ " သူ၏ အကောင့်လက်ကျန်ငွေ ကျဆင်းသွားသောကြောင့် လင်းယွမ်က စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက် နောက်ထပ်အလွှာများကို တင်ပြခြင်းက လင်းယွမ်အတွက် အကျိုးကျေးဇူးများသာ ရှိပြီး အရှုံးမရှိပေ။ ပထမဆုံး ၎င်းက ကောင်းမှုအမှတ်များ ရရှိပေလိမ့်မည်။
စကြာဝဠာလူသားမဟာမိတ်တွင် ကောင်းမှုအမှတ်များက အလွန်အရေးပါလှသည်။ သာမန်နိုင်ငံသားများအတွက် ကောင်းမှုအမှတ်များ ရရှိရန် နည်းလမ်းသုံးမျိုး ရှိ၏။ တစ်ခုက စစ်တပ်တွင် စာရင်းသွင်းပြီး နယ်စပ်တွင် မျိုးနွယ်ခြားများနှင့် တိုက်ခိုက်ခြင်း ဖြစ်သည်။ မျိုးနွယ်ခြားများကို သတ်ဖြတ်ခြင်းက လူသားမျိုးနွယ်တစ်ခုလုံးကို ထောက်ပံ့ပေးခြင်းဖြစ်သောကြောင့် ကောင်းမှုအမှတ်များ ရရှိမည်ဖြစ်သည်။
နောက်ထပ်နည်းလမ်းက လူသားမျိုးနွယ်တွင် တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။ လူသားမျိုးနွယ်တွင် တာဝန်ထမ်းဆောင်ခြင်းက နတ်ဘုရားသုံးပါး၏ အကဲဖြတ်မှုကို ခံရပြီး ကောင်းမှုအမှတ်များ ရရှိနိုင်လေသည်။
ဥပမာ ကန်လန်ကြယ်၏ အုပ်ချုပ်သူဖြစ်၏။ သူအု