← Chapters

အိမ်အကူတစ်ယောက်တောင် မဟုတ်ဘူး

Vol. 6 Ch. 62

အိမ်အကူတစ်ယောက်တောင် မဟုတ်ဘူး

Vol. 6 Ch. 62

အာရန်သည် ဟိုတယ်ခန်းအပြင်ဘက်တွင် ရှုယင်ကို စောင့်နေခဲ့လေသည်။ ဆီလက်စ်လေးသည် သူ့ပခုံးပေါ်တွင် ထိုင်နေပြီး ပို၍ ပျော်ရွှင်နေပုံရသည်။

သူမသည် နောက်ထပ် ပုန်းအောင်းနေစရာမလိုတော့ပါ။ သူမသည် ပတ်ဝန်းကျင်ရှိ အရာများကို ပို၍ ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီဖြစ်သည်။

သူမသည် ဤကမ္ဘာကို မတူညီသော အခြားရှုထောင့်မှ ကြည့်နေရသကဲ့သို့ ဖြစ်သည်။ သူမသည် များစွာ ပို၍ လွတ်လပ်သွားပြီဖြစ်သည်။

သူမသည် အလွန်ပျော်ရွှင်နေသောကြောင့် အာရန်၏ ပါးကို အနမ်းတစ်ပွင့် ပေးလိုက်လေသည်။

“မင်းက ဒီလောက် အခွင့်အရေးနဲနဲလေးပိုရလိုက်တာတောင် ဒီလောက်ပျော်နေရသလား မင်းက တကယ့်ကလေးလေးတစ်ယောက်လိုပဲ ဒါပေမယ့် အခြားသူတွေကိုပြောလို့မရတဲ့စကားတွေ မင်းကိုရင်ဖွင့်ခွင့်ရတဲ့အတွက် ကျေးဇူးတကယ်တင်မိပါတယ်”

သူသည် ဆီလက်စ်ကို သူ့လက်ချောင်းဖြင့် ညင်သာစွာ ပုတ်လိုက်သည်။

“ရှင်ကအရူးတစ်ယောက်လား အခုလည်း ကိုယ့်ကိုကိုယ် ပြန် စကားပြောနေတာလား”

အာရန်သည် ဆီလက်စ်လေးကို စကားပြောနေစဉ် အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

မိန်းကလေးတစ်ဦး သည် သူနှင့် တူညီသော တည်းခိုဆောင်မှ ထွက်လာခြင်း ဖြစ်သည်။ သူမသည် အခြားသူမဟုတ်ပေ။

သူ ဒုတိယမြောက် တပည့်အဖြစ် လက်ခံရန် လိုအပ်နေသော သူပင်ဖြစ်လေသည်။

“မင်းက ငါနဲ့ ပြဿနာတစ်ခုခုရှိနေလို့လား” အာရန်က မေးခဲ့သည်။

“ရှင်နဲ့ပြဿနာမရှိပါဘူး ကျွန်မက ကိုယ့်အမျိုးသမီးကိုတောင် ကိုယ်ပြန်မကာကွယ် နိုင်လောက်အောင် အားနည်းပျော့ညံ့တဲ့သူတွေနဲ့ပဲ ပြဿနာရှိတာပါ”

“ပြီးတော့ မင်းကကော မင်းကိုယ်မင်းအတော်သန်မာတယ်လို့ ထင်နေတာလား စကားပုံတစ်ခုကို မင်းမကြားဖူးဘူးလား တောင်တစ်လုံးရဲ့နောက်မှာ သူ့ထက်မြင့်တဲ့ တောင်တစ်လုံးရှိတယ်တဲ့ အဲဒီလိုတောင်တစ်လုံးနဲ့ မင်းတွေ့ရင် ဘာလုပ်မှာလဲ”

“ဟွန့် ကျွန်မအထက်က တောင်တွေက ကျွန်မဂိုဏ်းက စီနီယာတွေ၊ အကြီးအကဲတွေပဲ ပြီးတော့ ရှင်တို့လိုလူမျိုးတွေက သူတို့ရဲ့ ခြေမှုန့်တစ်မှုန့်စာတောင် ယှဉ်လို့ရမှာမဟုတ်ဘူး”

“အိုး ဒါနဲ့ ကျုပ်က မိစ္ဆာဂိုဏ်းက တပည့်တစ်ဦး ဖြစ်နေခဲ့ရင်ကော ဘယ်လိုလုပ်မလဲ”

အနည်းငယ် တင်းမာနေပုံပေါက်သော ထိုအမျိုးသမီးသည် နောက်ဆုံးတွင် ဟက်ဟက်ပက်ပက်ပင် ရယ်မောခဲ့တော့သည်။

“ မိစ္ဆာဂိုဏ်းက တပည့်တစ်ယောက်ဆိုပါလား အင်း အပြင်စည်းတပည့်တွေကို ခစားရတဲ့ အိမ်အကူတစ်ယောက်အဖြစ် ရွေးချယ်ခံရရင်တောင် ရှင့်အတွက် တကယ်ကံကောင်းတယ်လို့ပြောရလိမ့်မယ်”

အမျိုးသမီးသည် သူမ၏ ဘဝတွင် အရယ်ရဆုံးဟာသတစ်ခုကို ကြားခဲ့ရသကဲ့သို့ အာရန်ဆီမှ ထွက်ခွာလာသည့်တိုင် ဆက်လက်ရယ်မောသွားခဲ့လေသည်။

‘ငါက အိမ်အကူတစ်ဦးဖြစ်ဖို့တောင် မထိုက်တန်ဘူးပေါ့ ဟုတ်လား အေးပါ မင်းက မင်းကိုယ်မင်း ဒီလောက် ဂုဏ်ယူနေမှတော့ မင်းကို တပည့်အဖြစ် လက်ခံပြီးရင် မင်းအတွက် အလုပ်တစ်ခုကို ငါ တွေးကြိုတွေးထားလိုက်ပြီ’

အာရန်သည် ထိုအမျိုးသမီး ဤမြို့မှ ထွက်သွားသည်ကို ကြည့်ခဲ့သည်။ သူသည် အထင်သေးခံရသောကြောင့် အတော်လေး စိတ်ပျက်မိနေလေသည်။

သူသည် မသန်မာလျှင်ပင် ၎င်းက ပြဿနာတစ်ခုဟုယူဆ၍ရ၏လော။

သူသည် ထိုအမျိုးသမီးငယ်ကို မည်သည့် မှားယွင်းမှုတစ်စုံတစ်ရာမျှ မပြုမိခဲ့သော်လည်း သူမသည် သူ့ကို အမြဲတစေ ကဲ့ရဲ့ရှုတ်ချကာ အထင်သေးလေ့ရှိလေသည်။

“ ငါ့ရဲ့ ချစ်တပည့်လေးရေ မင်းရဲ့ ဆရာတစ်ယောက်အနေနဲ့ မင်းဘ၀တစ်သက်လုံး မှတ်မိနေမယ့် ကောင်းမွန်တဲ့ သင်ခန်းစာအချို့ကို ငါက သေချာပေါက် သင်ပေးပါ့မယ်ကွယ် “

“မင်း ပြီးသွားပြီလား”

အာရန်သည် သူ၏နောက်မှ ပြန်ရောက်လာသူတစ်ယောက်ကို ခံစားမိသောကြောင့် ရုတ်တရက် မေးလိုက်လေသည်။

“သူတို့က ရှင်အလိုရှိတဲ့အတိုင်း သူမကို တိုက်ခိုက်ကြလိမ့်မယ်”

“ကောင်းတယ် အဲဒီလိုဆိုရင် ဆန်းကြယ်တဲ့သူရဲကောင်းလေးကလည်း အဆင်သင့်ဖြစ်နေဖို့ အချိန်တန်ပြီပေ့ါ”

.....

ကျိလင်းမြို့စားသည် သူ့ကိုယ်ပိုင်အိမ်တော်၏ မြေအောက်ထပ်ရှိ အကျဉ်းထောင်တွင် သံကြိုးများဖြင့် ချည်နှောင်ခြင်းခံထားရလေသည်။

သူသည် ထိုကဲ့သို့ အထူးဧည့်သည်တစ်ဦးကို ခေါ်လာပေးသောကြောင့် အိမ်ရှေ့မင်းသားက သူ့ကို မျက်နှာသာပေးတော့မည်ဟု တွေးထားခဲ့သည်။

သို့သော် ဧည့်သည်များအားလုံး ထွက်သွားပြီးနောက်တွင် အိမ်ရှေ့မင်းသားသည် အစောင့်များအား သူ့ကို ဖမ်းဆီးရန်အမိန့်ပေးခဲ့လေသည်။

ထိုအချိန်မှစ၍ သူသည် မည်သည့်မှားယွင်းမှုမျိုးပြုလုပ်မိခဲ့သနည်းဟု တွေးတောနေမိခဲ့သည်။

သူသည် နေ့အလင်းရောင်ကို ဘယ်တော့မှ မမြင်ရတော့ဟူ၍ပင် တွေးနေမိခဲ့သည်။ သူသည် သေဒဏ်ပင် အပေးခံရနိုင်လေသည်။

အိမ်ရှေ့မင်းသားကို နှစ်သက်စေရန် ကြိုးစားရင်း သူသည် အိမ်ရှေ့မင်းသားအား မတော်တဆ ဒေါသထွက်စေခဲ့သည်။

သူသည်ထိုသို့ အတွေးများထဲတွင် လမ်းပျောက်နေစဉ်အကျဉ်းထောင်တံခါး ဖွင့်သော အသံတစ်ခုကို ကြားလိုက်ရသည်။

လူတစ်ဦးသည် အခန်းထဲသို့ ဝင်လာလေသည်။

ကျိလင်းမြို့စားလည်း ခေါင်းကို မော့၍ကြည့်လိုက်သည်။

“မင်း…မင်းသား”

“ကျွန်တော်မျိုး မှားသွားတယ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါနော် နောက်ထပ် ကျွန်တော်မျိုး ဘယ်တော့မှ ဒီလိုအမှားမျိုး ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်”

“မင်းကြောင့် ငါ့ဂျူနီယာညီတော်လေးအရိုက်နှက်ခံခဲ့ရတာ မင်းသာ အဲဒီကောင်မ ကို ဒီကို ခေါ်မလာခဲ့ရင် ဒီကိစ္စတွေ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ဒါက ခွင့်လွှတ်လို့ရတဲ့ အမှားလို့ မင်းထင်နေသေးတာလား”

မြို့စားသည် ဒါက ဘယ်လိုလုပ် သူ့အမှားဖြစ်နိုင်မှာလဲဟု မေးလိုက်ချင်သည်။

ထိုလူငယ်သာ မိန်းကလေးအား တိုက်ပွဲအတွက် စိန်မခေါ်ခဲ့ရင် ယခုကဲ့သို့ ခွေးတစ်ကောင်လို မည်သို့အရိုက်နှက်ခံရမည်နည်း။

ကိုယ့်အဆင့်ကိုယ် မသိပဲ ဖျင်ထယားမိသော ထိုလူငယ်၏ အမှားပင်မဟုတ်ပေဘူးလား။

ထိုအတွေးများကိုပြောပြချင်နေခဲ့သော်လည်း လက်တွေ့တွင်မူ အသံထွက် ၍ပင် မဖော်ပြရဲခဲ့ပါ။

“ကျွန်တော်မျိုး သဘောတူပါတယ် ကျွန်တော်မျိုး မိုက်မဲခဲ့မိပါတယ် ဒါပေမယ့် အရှင့်သားက ကျွန်တော်မျိုးကို နောက်ထပ် အခွင့်အရေးလေးတစ်ခုလောက် ပေးရင် ကျွန်တော်မျိုးက….”

“အခွင့်အရေးပေမယ်”

“ဟမ်”

“မင်းက နောက်ထပ် အခွင့်အရေးတစ်ခု လိုချင်နေတာမလား ငါက မင်းကို အခွင့်အရေးတစ်ခု ထပ်ပေးလိုက်မယ် မင်းရဲ့ လူတွေကို ခေါ်ပြီး အဲဒီမိန်းကလေးကို တွေ့အောင်ရှာပြီး သွား သတ်လိုက် မင်းသာ အောင်မြင်ရင် ငါက မင်းကို ခွင့်လွှတ်ရုံတင်မကဘူး ဆုလာဒ်တွေလည်း ထပ်ချီးမြင့်လိုက်ဦးမယ်”

“သူမကို သတ်ရမှာလား ဒါပေမယ့် သူမက မိစ္ဆာဂိုဏ်းကတပည့်လေ ကျွန်တော်မျိုး သူမကို သတ်လိုက်ရင်...”

မိန်းကလေးသည် မည်မျှပင် အားကောင်းနေပါစေ သူမက ငယ်ရွယ်သူသာ ဖြစ်နေသေးသည်။

သူမသည် အဆင့်တစ်ခုလုံးကိုကျော်၍ တိုက်ခိုက်နိုင်သော်လည်း မြို့စားနှင့် သူ၏ အစောင့်များမှာ များစွာပို၍ ရင့်ကျက်ကာ အသက်အရွယ်လည်းပိုမို ကြီးကြလေသည်။

အင်အားကွာဟချက်မှာ များပြားလွန်းသဖြင့် ထိုမိန်းကလေးအနေဖြင့် ခုခံရန်မဖြစ်နိုင်ဟုသူတွေးမိလိုက်လေသည်။

ဒါကြောင့် သူသည် သူမကို မသတ်နိုင်ဟု မယုံကြည်ခဲ့ပါ။ သို့သော် သူအဓိကစိုးရိမ်သည့်အရာမှာ အကျိုးဆက်များပင်ဖြစ်လေသည်။

“မိစ္ဆာဂိုဏ်းအနေနဲ့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး လူအများအပြားက သူမ ဒီမြို့ကနေပြီး ဘေးကင်းစွာနဲ့ ထွက်ခွာသွားတာကို မြင်ခဲ့ကြတယ် သူမက လမ်းမှာ သူ့ဖာ့သူ ပျောက်ဆုံးသွားရင် ငါတို့နဲ့ ဘာမှ မဆိုင်ဘူးလေ”

အိမ်ရှေ့မင်းသားက မိမိသည် ၎င်းကို ချဲ့ကားပြောနေခြင်းဖြစ်ကြောင်း သိနေခဲ့လေသည်။

မိမိတို့လုပ်သည်ဟု ဆက်စပ်ရန် သက်သေအထောက်အထား မရှိရင်တောင် မိစ္ဆာဂိုဏ်းသည် ဤကိစ္စကို စုံစမ်းရန် ဆုံးဖြတ်ခဲ့လျှင် ၎င်းက များစွာ ပိုရှုပ်ထွေးသွားနိုင်သည်။

သို့သော် သူသည် ဂိုဏ်းမှ ထိုသို့စုံစမ်းမည် မဟုတ်ဟုလည်းတစ်ဖက်တွင် ယုံကြည်နေခဲ့သည်။ သူမသည် သာမန်အတွင်းစည်းတပည့်တစ်ဦးသာ ဖြစ်သည်။ မိစ္ဆာဂိုဏ်းတွင် အတွင်းစည်းတပည့် ထောင်ပေါင်းများစွာ ရှိလေသည်။

သူမသည် အဓိကတပည့်ရင်း သို့မဟုတ် အကြီးအကဲတစ်ဦး၏ တပည့် ဖြစ်နေခဲ့လျှင်မူ ဂိုဏ်းက ၎င်းကို သေခြာပေါက်စုံစမ်းလိမ့်မည်ဖြစ်သည်။ သို့သော် သာမန် အတွင်းစည်းတပည့်တစ်ဦးအတွက်မူက ထိုသို့ပြုလုပ်ရန် ဖြစ်နိုင်ချေ နည်းပါးလွန်းလေသည်။

အကယ်၍ မိစ္ဆာဂိုဏ်းမှ စုံစမ်းမှုများပြုလုပ်ခဲ့လျှင်ပင် ကျိလင်းမြို့စားသည် သူ ဖိတ်ကြားခဲ့သော ဧည့်သည်က မွေးနေ့ပွဲအတွင်း ထိုကဲ့သို့ ရှုပ်ထွေးမှုတစ်ခု ကို ဖန်တီးခဲ့သောကြောင့် ဒေါသထွက်ကာ အိမ်ရှေ့မင်းသား သို့မဟုတ် တခြားသူများကို အသိမပေးဘဲ သူ့ဘာသာသူ လုပ်ဆောင်ခဲ့သည်ဟုလည်း လွှဲချပြောဆိုနိုင်သေးသည်။

ထို့ကြောင့် ဤကိစ္စတစ်ခုလုံးကို တာဝန်ယူ တာဝန်ခံစေရန် မြို့စားကိုသာ တာဝန် ပေးအပ်လိုခြင်းဖြစ်လေသည်။ ဤအချက်မှာ မည်သည့်အရာပင်ဖြစ်လာပါစေ ကျိလင်းမြို့စား၏ ခေါင်းပေါ်သို့သာ ကျရောက်မည်ဖြစ်သည်။

“မင်းမှာ မိသားစုလည်း ရှိသေးတယ်မလား ငါ့လူတွေက မင်းရဲ့ မိသားစုကို ဧည့်သည်တွေအဖြစ်စောင့်လျှောက်ထားဖို့ တော်ဝင်မြို့တော်ကို ခေါ်သွားလိုက်ပြီ အဲဒါက ဘာကို ဆိုလိုသလဲဆိုတာကို မင်းသိမယ်လို့ ငါမျှော်လင့်တယ်”

အိမ်ရှေ့မင်းသားသည် အခန်းမှ ထွက်သွားခဲ့သော်လည်း သူပြောချင်သည့် အဓိပ္ပာယ်မှာ ရှင်းလင်းလေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် အစောင့်အချို့သည် အခန်းထဲသို့ ဝင်လာကာ မင်းသား၏ အမိန့်ဖြင့် မြို့စား၏ သံကြိုးများကို ဖွင့်ပေးလိုက်လေသည်။

....

မိစ္ဆာဂိုဏ်း ၏ အတွင်းစည်းတပည့်ဖြစ်သူ ထိုမိန်းကလေးသည် ကျိလင်းမြို့မှ မြင်းတစ်ကောင်ကို ငှားရမ်းခဲ့လေသည်။

သူမသည် နောက်မြို့ဆီသို့ ဆက်လက်ချီတက်လျက်ရှိနေပြီး ကောင်းကင်အမြင့် တိမ်တိုက်များကြားတစ်နေရာတွင် သူမ၏အနောက်သို့ ဖီးနစ်ငှက်တစ်ကောင် လိုက်ပါနေကြောင်းကိုတော့ သူမသတိထားမိခဲ့မည် မဟုတ်ပါချေ။

#Catfoot

All Chapters