← Chapters

ပိုသန်မာသောဗီလိန်

Vol. 6 Ch. 63

ပိုသန်မာသောဗီလိန်

Vol. 6 Ch. 63

“ဘာလို့ဒီလောက်ကြာနေရတာလဲ ဒီအတိုင်းဆို သူမက မကြာခင် နောက်တစ်မြို့ ကိုတောင် ရောက်တော့မယ် သူတို့ လာဦးမှာလား မလားတော့ဘူးလား”

အာရန်သည် သူ၏ တပည့်မလေးဖြစ်လာမည့် ထိုမိန်းကလေး၏နောက်သို့ အချိန်အတော်ကြာအထိ လိုက်နေခဲ့ကာ သူမ တိုက်ခိုက်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့လေသည်။

ထို့မှသာ သူက သူမ၏ ရှေ့တွင် ရဲရင့်သောသူရဲကောင်းတစ်ယောက်အသွင်ဖြင့် ပွဲထွက်နိုင်မည် မဟုတ်ပါလား။

“သူတို့ လာနေကြပြီ”

ရှုယင်ကထိုသို့ ရုတ်တရက် ပြောလိုက်စဉ်တွင် ကျင့်ကြံသူများစွာသည် ၎င်းတို့၏ ဦးတည်ရာဆီသို့ ပျံသန်း၍ လိုက်လာလေသည်။

အာရန်သည် အိမ်ရှေ့မင်းသား၏ အလေးအနက် မထားမှုကို ကျိန်ဆဲတော့မလို ဟန်ပြင်လိုက်ပြီးမှ ရှုယင်၏စကားကို ကြားလိုက်သောအခါ သူသည် သူ့လျှာကိုပင် ပြန်ကိုက်မိတော့မလို ဖြစ်သွားခဲ့လေသည်။

အားကောင်းသော ကျင့်ကြံသူတစ်ဦးသည် ဝေးကွာသောနေရာမှ လာနေသော လူများကို အာရုံခံစားနိုလေသည်။

သူက ၎င်းတို့မရောက်လာသေးသည့် အကြောင်းကိုသာ မြည်တွန်းတောက်တီး နေခဲ့ပြီး ရှုယင်က ၎င်းတို့ကို အရင်ကတည်းက သတိထားမိနေခဲ့ပြီးဖြစ်သည်။

သူသည် ရှုယင်ကို မသိမသာတစ်ချက်ကြည့်လိုက်ကာ သူမသည် သူ၏ ခွန်အားအစစ်အမှန် အကြောင်း သံသယဝင်နေပြီလားဟုပင် တွေးလိုက်မိသည်။

သူသည် ပုံမှန်အကြီးအကဲတစ်ဦးတွင် ရှိသင့်သလောက်သန်မာမှုမျိုးပင် ရှိမနေကြောင်း သူမကို အခြေခံအားဖြင့် အရိပ်အမြွက်ပြောလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီးဖြစ်လေသည်။

ကံကောင်းစွာဖြင့် သူမသည် ၎င်းကို သတိထားမိပုံပေါ်မနေခဲ့ချေ။

....

“သူမ ဒီမှာပဲ”

မြို့စားမင်းသည် သူ၏ လက်အောင်ငယ်သား အစောင့်များနှင့်အတူ ထိုမိန်းကလေး၏ နောက်မှ အမှီလိုက်ပါပျံသန်းလျက်ရှိသည်။

သူနှင့်အတူ ခေါ်လာခဲ့သော အစောင့်တိုင်းသည် သူ၏ကိုယ်ပိုင် အစောင့်များ ဖြစ်သော်လည်း ၎င်းတို့သည် အမှန်တကယ်တွင် အိမ်ရှေ့မင်းသားအတွက် အလုပ်လုပ်နေကြသူများဖြစ်ကြောင်းကိုမူ လူအနည်းငယ်သာ သိထားလေသည်။

မြင်းနှင့်ခရီးသွားသူသည် မည်မျှပင်မြန်ဆန်အောင်ပြေးနိုင်သည့်မြင်းဖြစ်နေပါစေ အားကောင်းသော ကျင့်ကြံသူတစ်ဦးထက် ပိုမိုမြန်ဆန်အောင်သွားနိုင်မည် မဟုတ်ပါ။

မကြာခင်တွင် ကျိလင်းမြို့စားသည် သူမကိုလိုက်၍မှီသွားပြီး မိန်းကလေးသည် သူတို့ကိုတွေ့သောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။

“ရှင်တို့က ဒီကို ဘာလို့လိုက်လာကြတာလဲ”

သူမသည် ကျိလင်းမြို့စားက သူမ၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်ကို မြင်သောအခါ မြင်းကို ရပ်တန့်လိုက်သည်။

သူမသည် ထိုမြို့စားနှင့်အတူ ပါလာသော အစောင့်များမှာ သူမကို ဖြည်းဖြည်းချင်း ဝိုင်းရံနေကြကြောင်းကို လည်းရိပ်မိလိုက်လေသည်။

အရှေ့ပိုင်းတိုက်ကြီးတွင် လူများသိသော ကျင့်ကြံခြင်းနယ်ပယ် အဆင့်ခြောက်ဆင့် ရှိလေသည်။

အားအနည်းဆုံးကျင့်ကြံခြင်းအဆင့်မှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဖြစ်လေသည်။

ထို့နောက် ဝိညာဉ်သန္ဓေသားအဆင့်၊ စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်၊ ဝိညာဉ်ဗဟိုချက်အဆင့်၊ ကမ္ဘာမြေအဆင့် နှင့် နောက်ဆုံးအဆင့်မှာ ကောင်းကင်ဘုံထူထောင်ခြင်းအဆင့် တို့ဖြစ်ကြလေသည်။

ကောင်းကင်ဘုံထူထောင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သူမှာ လေးဦးသာ ရှိခဲ့လေသည်။ ၎င်းတို့မှာအခြားမဟုတ်။

တိုက်ကြီးလေးခုကိုအုပ်စိုးသော အရှင်သခင် လေးဦးပင် ဖြစ်လေသည်။

သူမသည် ဝိညာဉ်သန္ဓေသားအဆင့် တွင်သာ ရှိသေးသော်လည်း မြို့စားနှင့်အတူ ပါလာသော အစောင့်များအားလုံးသည် စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့်တွင် ရှိနေကြသည်။

တစ်ချိန်တည်းတွင် ကျိလင်းမြို့စားသည် ဝိညာဉ်ဗဟိုချက်အဆင့်၏ နောက်ဆုံးအကန့်အသတ်အဆင့်သို့ပင် ရောက်ရှိနေသူဖြစ်လေသည်။

စိတ်ဝိညာဉ်တည်ဆောက်ခြင်းအဆင့် သို့ရောက်ရှိပြီးသူများသာလျှင် ပျံသန်း၍ သွားလာနိုင်လေသည်။ သူမသည် ထိုအဆင့်သို့ပင် မရောက်ရှိသေးပါ။

သူမသည် သူမထက် အဆင့်ကြီးတစ်ဆင့်ပိုမြင့်သည့် လူကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။

သို့သော် ယခုရောက်လာလူများသည် အရေအတွက်အားဖြင့်များပြားသည့်အပြင် ကျင့်ကြံခြင်းအဆင့်များတွင်လည်း သူမထက် ပိုမိုမြင့်မားကြသူများချည်းသာ ဖြစ်လေသည်။

“ရှင်က ကျွန်မကို တိုက်ခိုက်ဖို့အတွက် ဒီကို ရောက်လာတယ်လို့ ကျွန်မ ယူဆလိုက်ရမှာလား အကျိုးဆက်တွေကို ရှင်တွေးထားပြီးပြီလား”

သူမသည် မြင်းပေါ်မှ ဆင်းကာ ကျိလင်းမြို့စားအား တိုက်ရိုက်ပင် စကားပြောလိုက်သည်။

“မင်းက မတိုက်ခိုက်သင့်တဲ့ လူတစ်ယောက်ကို တိုက်ခိုက်မိခဲ့တယ်” ကျိလင်းမြို့စားက တင်းမာသောလေသံဖြင့် ပြန်ပြောလိုက်သည်။

“ကျုပ်က မင်းကို ဧည့်သည်အဖြစ် တလေးတစား ဖိတ်ခေါ်ခဲ့တယ် ဒါပေမယ့် မင်းက အဲဒီလိုကိစ္စမျိုးကို ပြုလုပ်ခဲ့တယ် မင်းရဲ့ မောက်မာလွန်းတဲ့ အပြုအမူတွေအတွက် မင်းကိုယ်မင်းပဲ အပြစ်တင်နိုင်မယ်”

....

“ရှင် သူမကို အခု သွားကူညီတော့မလား”

ကောင်းကင်အမြင့်တစ်နေရာတွင် ရှုယင်နှင့် အာရန်တိုသည် မြေပြင်တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို အပေါ်စီးမှနေ၍ စောင့်ကြည့်နေခဲ့လေသည်။

အာရန်သည် ထိုမိန်းကလေးအား ကူညီရန် ဘယ်အချိန်တွင် ဆင်းသွားမည်နည်းဟု ရှုယင်က တွေးတောနေလေသည်။

“ကိုယ်သာ အခုနေ ဆင်းသွားလိုက်ရင် အဲဒီလောက် ထိရောက်မှုရှိမှာ မဟုတ်တော့ဘူး ပြီးတော့သူမကို အားနည်းခြင်းဟာ စော်ကားခံရသင့်တယ်လို့ မဆိုလိုကြောင်းကိုလည်း သင်ခန်းစာပေးချင်သေးတယ် ဘာလို့လဲဆိုတော့ ခုချိန်မှာ သူမဟာလည်း အားနည်းသူတစ်ယောက်ဖြစ်နေမှာ မို့လို့ပဲ”

“ကိုယ်က ဒါကို သူမအတွက် သင်ခန်းစာတစ်ခုအဖြစ်လည်း တွေးထားသေးတယ်။

တပည့်က သင်ခန်းစာတစ်ခုကို သင်ယူဖို့ ကြိုးစားနေတဲ့အခါ ဆရာဖြစ်သူက ဝင်ရောက်နှောက်ယှက်သင့်မှာမဟုတ်ဘူးလေ “

အာရန်သည် မျှော်လင့်ချက်များနှင့်အတူ တိုက်ပွဲကို စိတ်ရှည်စွာဖြင့် ထိုင်၍ကြည့်နေခဲ့လေသည်။

အာရန်သည် သူ၏ တပည့်မှာ မည်မျှ အားကောင်းသနည်း ဟူ၍လည်း သိချင်နေခဲ့လေသည်။

သူမသည် သူမထက် များစွာပို၍ အားကောင်းသော လူများနှင့် ရင်ဆိုင်နေရသည်။

သူမသည် ၎င်းတို့ကို အမှန်တကယ်ပင်ပြန်လည်ရင်ဆိုင်နိုင်ပါ့မလား ဆိုသည်ကို သိချင်နေခဲ့သည်။

မြို့စားသည် ထိုအမျိုးသမီးကို စတင်တိုက်ခိုက်ရန် သူ၏ အစောင့်များကို အမိန့်ပေးလိုက်သည်။

မြို့စားသည် မမျှောင်လင့်သောဖြစ်ရပ်များ မဖြစ်ပွားရန် စောင့်ကြည့်နေလိုသောကြောင့် မလိုအပ်ပါက တိုက်ပွဲတွင် ကိုယ်တိုင် ဝင်ပါရန် မလိုလားခဲ့ပေ။

မိစ္ဆာဂိုဏ်းမှထိုမိန်းမပျိုထက် ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားသော အစောင့်နှစ်ဆယ်ကျော်သည် သူမကို အခွင့်အရေးတစ်ခုပင်မပေးဘဲ အတူတကွ စုပေါင်း တိုက်ခိုက်လေတော့သည်။

ထိုကြောင့် မိန်းကလေးသည်လည်း သူမ၏ ဓားကို ဆွဲထုတ်ကာ ပြန်လည် တိုက်ခိုက်ရလေတော့သည်။

“အင်း.. ဂိုဏ်းထဲက အတွင်းစည်းတပည့်တွေအားလုံးက ဒီလောက် တောင် အားကောင်းကြတာလား”

ကောင်းကင်အမြင့်တွင်စောင့်ကြည်လျက်ရှိသော အာရန်သည် မျက်မှောင်ကြုတ်၍ တွေးလိုက်မိလေသည်။

မိန်းကလေးသည် ပြန်လည်တိုက်ခိုက်နိုင်ရုံသာမက ထိုအစောင့်များကို ပင် တစ်ယောက်ပြီးတစ်ယောက်ပြန်လည် အနိုင်ယူနေလိုက်သေးသည်။

သူမသည် သူမထက် ပိုအားကောင်းသော လူများနှင့် တိုက်ခိုက်နေသည့်ပုံ မပေါ်ခဲ့ပါ။

ယင်းအစား သူမသည် တူညီသောကျင့်ကြံခြင်းအဆင့်တွင် ရှိသူခြင်း တိုက်ခိုက်နေသကဲ့သို့ပင် ဖြစ်နေသည်။

အစောင့်များစွာကိုတစ်ပြိုင်တည်း ရင်ဆိုင်တိုက်ခိုက်နေရသောအခါတွင်ပင် သူမသည် တိုက်ပွဲမြေပြင်ကို ဆက်လက်အသာစည်းရယူထားနိုင်ခဲ့လေသည်။

အာရန်သည် စာအုပ်များထဲတွင်သာ ဖတ်ရှုခဲ့ဖူးသော ယခုမိန်းမပျို အသုံးပြုနေသည့် တိုက်ခိုက်သည့်ဟန်ပန်များ တိုက်ကွက်များကို တအံ့တဩ ဖြင့်စောင့်ကြည့်နေမိလေသည်။

သူသည် ဤကဲ့သို့ ဓားရေးတိုက်ခိုက်မှုများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သော တစ်စုံတစ်ယောက်ကို မြင်ဖူးသည်မှာ ယခုအကြိမ်သည် ပထမဆုံးပင်ဖြစ်လေသည်။

ဂိုဏ်းရွေးရွေးချယ်ပွဲအတွင်း အစမ်းတိုက်ခိုက်မှုများတွင် လူငယ်များသည် သူတို့၏ ကျွမ်းကျင်မှုအချို့ကို ထုတ်သုံးခဲ့ကြသော်လည်း ၎င်းတို့သည် အခြေခံအကျဆုံး တိုက်ကွက်များသာ ဖြစ်ကြလေသည်။

ယခုမိန်းကလေးမှာမူ သင့်လျော်သော ဓားရေးကျွမ်းကျင်မှုများကို အသုံးပြုလျက် ရှိပြီး ဓားချက်တစ်ချက်ခြင်းစီတိုင်းမှာ သူမ၏ ပတ်ဝန်းကျင်တွင် နက်နဲသော ဓားခုတ်ရာအမှတ်အသားများကို ချန်ထားရစ်လေသည်။

“သူမက ဒီနှုန်းအတိုင်းဆို တိုက်ပွဲကို အနိုင်မရနိုင်ဘူးလား”

အာရန်သည် ရှုယင်ကို ကြည့်ရင်းပြောလိုက်သည်။

သူသည် ထိုမိန်းကလေးကို သင်ခန်းစာတစ်ခုပေးကာ သူ့ကို သူမ၏ ဆရာအဖြစ် လက်ခံလာစေရန် ထိုကဲ့သို့ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။

သို့သော် မိန်းကလေးမှာ သူ့ကိုပင် လိုအပ်သေးရဲ့လားဟူသည်ကို သူသည် စတင်စိုးရိမ်လာပြီဖြစ်သည်။

သူမသည် ယခင်ဂိုဏ်းရွေးချယ်မှု အစမ်းတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူများထက် များစွာပို၍ ကျွမ်းကျင်သန်မာလေသည်။

သူမသည် သူ၏ ဖီးနစ်ငှက်ကို အနိုင်ယူနိုင်လောက်သည်အထိ မသန်မာသေးသော်လည်း သူပင် သူမကို အနိုင်ယူနိုင်ပါ့မလားဟုတွေးလိုက်မိလေသည်။

သူ့တွင် လျှင်မြန်မှုအရှိန်အတွက် မည်သည့် လည်ဆွဲအဆောင်မျှရှိမနေပါ။ သူ့တွင် အကာအကွယ်လည်ဆွဲ နှင့် ခွန်အားမြင့်လည်ဆွဲနှစ်ခုသာရှိလေသည်။

ထိုအင်အာဖြင့် လက်သီးကို ပိတ်ဆို့ထားနိုင်သော်လည်း ဓားဖြင့်တိုက်ခိုက် လာခြင်းကိုမူ ပိတ်ဆို့၍ ရနိုင်ပါမည်လား။

ထို့အပြင် သူ၏ အကာအကွယ် အသုံးပြုမှုမှာလည်း အကန့်အသတ် ရှိလေသည်။

ထိုကျွမ်းကျင်မှုများအရ သူမသည် သေချာပေါက် အရည်အချင်းရှိသူ တစ်ဦး ဖြစ်သည်။ ထိုကြောင့် သူမ ထိုမျှမောက်မာနေသည်မှာလည်း မောက်မာ ထိုက်ပေသည်။

“သူမက ဒီလောက် အရည်အချင်းရှိနေရင် ဘာလို့ အကြီးအကဲတွေရဲ့ တပည့်အဖြစ် အရွေးမခံခဲ့ရတာလဲ”

“သူမက သာမန်ပဲလို့ ကျွန်မတော့ ထင်တယ် သူမကို ဒါ့ထက် အများကြီးပိုမျှော်လင့်ထားခဲ့တာ”

“ဒီအရည်အချင်းက သာမန်ပဲပေါ့ဟုတ်လား”

အာရန်သည် ရှုယင်၏မှတ်ချက်စကားလုံးများကြောင့် လုံး၀မှင်သက်သွားခဲ့ လေသည်။

ဤမိန်းကလေးကိုသာ မိစ္ဆာဂိုဏ်း၏တပည့်များကြားတွင် သာမန်ဟု သတ်မှတ်ပါက တခြား အတွင်းစည်းတပည့်များမှာ မည်မျှအထိ အားကောင်း ကြသနည်။

အဓိကတပည့်များဆိုပါကကော မည်မျှအထိ အားကောင်းကြမည်နည်း။

သူသည် အကြီးအကဲအဆင့်ဆိုပါက ဤတိုက်ကြီးတွင် လွတ်လပ်စွာ လျှောက်သွားနိုင်ရန် လုံလောက်စွာ အားကောင်းလိမ့်သည်ဟု ထင်ထား ခဲ့သော်လည်း သူသည် မိစ္ဆာဂိုဏ်းကို လျှော့တွက်ခဲ့ကြောင်း တွေးမိလိုက်သည်။

အကြီးအကဲများသာမက အဓိကတပည့်တစ်ဦးပင်လျှင် ဘုရင့်နိုင်ငံတစ်ခုကို ပျက်စီးခြင်းကပ်ဘေးတစ်ခု သယ်ဆောင်လာရန်လုံလောက်လေသည်။

“ကိုယ် နောက်ထပ် ထပ်မစောင့်နိုင်တော့ဘူး သူမသာ အနိုင်ရသွားရင် ကိုယ်က ဘာကိုမှ လုပ်စရာကျန်တော့မှာမဟုတ်ဘူး အဲ့ဒီအတွက် ပိုအားကောင်းတဲ့ ဗီလိန်တစ်ယောက် လိုအပ်နေတယ်”

အာရန် သည် ရှုယင်ကို နောက်ထပ် မျက်နှာဖုံးတစ်ခုထပ်မံပေးလိုက်လေသည်။

“မင်းက ဒီပွဲမှာ ဗီလိန် လုပ်ပေးရလိမ့်မယ် ကိုယ်နဲ့အတူ ပြဇာတ်တစ်ခု လိုက်ကပေးဖို့ ကူညီပေးရလိမ့်မယ်”

#Catfoot

All Chapters