ကယ်တင်ရှင်
Vol. 6 Ch. 64
မြို့စားသည် သူ၏ အစောင့်များကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူကာ သတ်ပစ်နေသော ထိုမိန်းကလေး ၏ အင်အားကို နားမလည်နိုင်အောင် တုန်လှုပ်ခြောက်ခြားနေမိလေသည်။
၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကြားရှိ ကြီးမားသော ကွာဟချက်သည် ထိုကဲ့သို့ စွမ်းဆောင်မှုရလာဒ်တစ်ခုကို မပေါ်ပေါက်လာစေသင့်ပေ။
“ မိစ္ဆာဂိုဏ်း ထဲက လူတိုင်းဟာ ဒီလောက်တောင် အားကောင်းကြတာလား”
မြို့စားသည်စောစောက အာရန် ၏မေးခွန်းနှင့် တူညီသော မေးခွန်းကိုပင် သူသည်လည်း ထပ်ခါတလဲလဲ ပြန်လည်မေးနေမိလေသည်။
သူမကို ဆက်လက်လွှတ်ပေးထားမည်ဆိုလျှင် သူမသည် သူ၏အစောင့်များကို တစ်ယောက်မကျန် ဖယ်ရှားပစ်တော့မည်မှန်းကို သိလိုက်ရသောအခါ မြို့စားသည် ကိုယ်တိုင်ဝင်ပါရန်သာ ဆုံးဖြတ်လိုက်လေသည်။
မိန်းကလေးသည် တိုက်ပွဲတွင် သူမ၏ ကျင့်ကြံဆင့်ကို ကျော်လွန်ကာ တိုက်ခိုက်နိုင်သည်ဆိုလျှင်ပင် သူမသည် နယ်ပယ်နှစ်ခုလောက် ကွာဟချက်ကို မူ ရင်ဆိုင်နိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်သေးပါ။
သူ၏ အစောင့်များ အလဟသတ်သေဆုံးခြင်းမှ ကာကွယ်ရန် မြို့စားသည် သူ၏ အစောင့်များက မိန်းကလေးနှင့်အတူတိုက်ပွဲပြင်းထန်နေစဉ်တွင် မိမိ အနေနှင့် ဝင်ရောက်တိုက်ခိုက်လိုက်ခြင်းသည် ပို၍ အားသာချက် ရရှိနိုင်မည်ဖြစ်သည်။
သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ဓားတစ်ချောင်းကို ထုတ်ယူကာ သူသည် တိုက်ပွဲထဲသို့ ရုတ်တရက် ခုန်ဝင်သွားခဲ့လေသည်။
“ရှင် ခုလိုဝင်လာတာကို ကျွန်မ စောင့်နေခဲ့တာ”
မိန်းကလေးသည် အံ့အားသင့်ခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း အနည်းငယ်မျှ ရှိပုံမရပဲ မြို့စားမင်း မျှော်လင့်ထားခဲ့သည်များနှင့် ဆန့်ကျင်နေခဲ့လေသည်။
“ကျွန်မအနေနဲ့ ဒါကို တစ်ကြိမ်သာ အသုံးပြုနိုင်တယ် ဒါပေမယ့် ဒါက ရှင့်လို ပုဂ္ဂိုလ်တစ်ယောက်ကို ဖယ်ရှားနိုင်လိမ့်မယ်ဆိုရင် ဒါက ထိုက်တန်တဲ့ စတေးမှုတစ်ခု ဖြစ်ပါလိမ့်မယ်”
သူမက သူမ၏ သိုလှောင်ခန်းအတွင်းမှ အဆောင်ပစ္စည်းတစ်ခုကို ထုတ်ယူရင်း ပြောလိုက်သည်။
“ဒါက...”
ကောင်းကင်အမြင့်တစ်နေရာတွင် ရပ်ကြည့်နေသော အာရန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားမိလေသည်။
သူသည် ထိုအဆောင်ပစ္စည်းကို မှတ်မိလေသည်။ ယင်းသည် ရှုယင်မှ သူ့အား ပေးအပ်ခဲ့သော အရာတစ်ခုလည်း ဖြစ်ပေသည်။
“အဲဒီမြို့စားတော့ သေချာပေါက် သေပြီပဲ ဒါပေမယ့်နေပါဦး သူမက အဲဒီလိုအဆောင်တစ်ခုကို ဘယ်လိုက ဘယ်လို ရခဲ့တာပါလိမ့်”
အာရန်သည် ထိုအဆောင်ပစ္စည်းသည် ဂိုဏ်းတွင် ရောင်းချသော အဆောင်ပစ္စည်း တစ်ခုဖြစ်ကြောင်းကို သိနေခဲ့သော်လည်း သာမန်လူတစ်ဦး ဝယ်ယူရရှိရန်မှု မဖြစ်နိုင်ပါ။
၎င်းအဆောင်သည် အကုန်အကျအများဆုံးသော အဆောင်ပစ္စည်းတစ်ခုလည်း ဖြစ်လေသည်။ ထို့ပြင် ထိုအဆောင်ပစ္စည်းသည် အဓိကတပည့်များကိုသာ သီးသန့်ရောင်းချပေးခြင်းဖြစ်သည်။
အဓိကတပည့်များအပြင် အကြီးအကဲများ၏ တပည့်အဖြစ် စတင်ခေါ်ယူ ခံရစဉ်အချိန်၌သာ ဤအဆောင်ပစ္စည်း တစ်ခုကို အခမဲ့ ရရှိနိုင်ခြင်းဖြစ်သည်။
“သူမရဲ့ နောက်ခံက ဘာလဲဟ သူမမှာ ဆရာတစ်ဦး ရှိနှင့်ပြီးသားလို့တော့ ငါ့ကို မပြောနဲ့နော် ငါက ဒီကိစ္စမှာ အလှည့်စားခံခဲ့ရတာများလား”
တပည့်တစ်ဦးကို လက်ခံခြင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ သို့သော် အခြားတစ်ယောက် ၏ တပည့်ကို ခိုးယူခြင်းမှာတော့ လုံးဝ ကွဲပြားခြားနားသော အရာတစ်ခုပင်ဖြစ်လေသည်။
သူသည် ဤရွေးချယ်မှုကို လက်ခံပြီးသားဖြစ်နေသည်။ ၎င်းကို မပြီးမြောက်ခဲ့လျှင် အာရန်သည် သူ့ဘဝ၏ ကျန်ရှိသောအချိန်များတွင် အခြားရွေးချယ်မှုများကို ထပ်မံပြုလုပ်နိုင်ရန်မသေခြာတော့ပေ။
“ငါက သူမကို အခြားအကြီးအကဲတစ်ဦးဆီကနေ ခိုးယူရမယ်ဆိုရင်တောင် ငါက အဲ့ဒီကိစ္စကို လုပ်ကိုလုပ်ရလိမ့်မယ်”
.....
မိန်းကလေးသည် သူ၏ အဆောင်ပစ္စည်း ကို သူမ၏ ဓားပေါ်တွင် တင်လိုက်လေသည်။
ထိုအဆောင်ပစ္စည်း သည် အချိန်တခဏခန့် သူမ၏ ဓားမှ ဓားစွမ်းအင်များကို ပိုမိုမြှင့်တင်ပေးနိုင်လေသည်။
အဆောင်ပစ္စည်းသည် ဓားကို အနှစ်သာရကို ပိုမိုနားလည်စေခဲ့ပြီး ယင်းက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သက်ရောက်နေသောဖိအားများကို တခဏခန့် သက်သာသွား စေခဲ့သည်။
ထိုအဆောင်ပစ္စည်း၏အစွမ်းဖြင့် သူမသည် သူမ၏ ကျင့်ကြံခြင်း အဆင့်ထက်ကျော်လွန်သော အင်အားတစ်ခုကို အသုံးပြုနိုင်ပြီဖြစ်လေသည်။
မြို့စားသည် သူသည် အန္တရာယ်တွင်ကျရောက်နေပြီဖြစ်ကြောင်းကို သိရှိလိုက်ပြီဖြစ်သည်။ သူသည် သူမက မိစ္စာဂိုဏ်းမှ အတွင်းစည်း တပည့်တစ်ဦးဖြစ်ကြောင်းသာ သိထားခဲ့လေသည်။
သူသည် သူမ၏ အင်အားကြောင့် ခဏတာအာရုံပျံ့လွင့်သွားခဲ့ရာ မိစ္ဆာဂိုဏ်း တွင် ထူးခြားသော အခြားအကူအညီပစ္စည်းများစွာ ရှိသေးကြောင်းကို လုံးဝ မေ့လျော့သွားခဲ့သည်။
မိစ္ဆာဂိုဏ်း၏ တပည့်များသည် ပြင်ပအင်အားကို ငှားရမ်းခြင်းကို မလိုလားကြသောကြောင့် ထိုကဲ့သို့ အရာများကို အသုံးပြုခြင်းမှာ ရှားပါးလေသည်။ သို့သော် ၎င်းတို့ကို မသုံးနိုင်ဘူးဟူ၍ မဆိုလိုပါ။
“သူမကို အတူပေါင်း တိုက်ကြ”
မြို့စားသည် သူ၏အစောင့်များကို မိမိထွက်ပြေးနေစဉ်အတွင်း အချိန်ဆွဲထား နိုင်ရန် ထိုသို့ အမိန့်ပေးလိုက်လေသည်။
သို့သော် သူမ၏ တိုက်ခိုက်မှုသည် သူ၏ ထွက်ပြေးသွားသောအရှိန်ထက်ပင် ပိုမြလေသည်။
မျက်စိတစ်မှိတ်ကြာချိန်၏ လေးပုံတစ်ပုံခန့် အချိန်လေး အတွင်းမှာပင် သူမ၏ ဓားချက်တစ်ချက်သည် မြို့စားဆီသို့ တည့်မက်စွာ ထိမှန်သွားလေသည်။
မြို့စားသည် ထိုဓားချက်မှာ သူ၏ခန္ဓာကိုယ် ကို ဖြတ်သန်းသွားခဲ့ သည်ကိုသိရှိလိုက်လေသည်။
သူသည် ယင်းဓားချက်ကို မခံစားခဲ့ရပေ။ သို့သော် အောက်ကို ပြန်လည် ငုံ့ကြည့်လိုက်သောအခါတွင် သူ့ခန္ဓာကိုယ် အောက်ပိုင်းမှာ ပျောက်ဆုံးနေကြောင်းကို သတိထားမိလိုက်သည်။
ထို ခန္ဓာကိုယ်အောက်ပိုင်းမှာ သူ၏နောက်ဘက်တွင်ကျန်ရစ်ခဲ့ပြီဖြစ်သည်။
ဤသို့ဖြင့် ကျိလင်းမြို့စားမင်း၏ ခန္ဓာကိုယ်သည် နှစ်ပိုင်း ပြတ်သွားခဲ့လေသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်၏ အပေါ်ပိုင်းမှာလည်း မြေပြင်ပေါ်သို့ထပ်မံပြုတ်ကျ သွားခဲ့လေသည်။ သူသည် နာကျင်မှုကို ခံစားရသောအချိန်တွင် အချိန်လွန်သွားခဲ့ ပြီဖြစ်သည်။
ထို့အပြင် သူ၏အစောင့်များအားလုံးမှာလည်း သူနှင့်အတူ သေဆုံးသွားခဲ့ ကြပြီဖြစ်သည်။
“မိစ္ဆာမ..”
သူသည် သွေးအိုင်တစ်ခုအတွင်းရပ်တန့်သွားသောအခိုက် စကားလုံးတစ်လုံးကိုသာ ရွတ်ဆိုလိုက်နိုင်ခဲ့သည်။ သူသည် မျက်လုံးများကို မပိတ်ခင် သူမ၏ အရိပ်ကိုသာ နောက်ဆုံး မြင်ခဲ့ရလေသည်။
မိန်းကလေးသည် သူမ၏ ဓားကို ပြန်လည်သိမ်းလိုက်ကာ သက်ပြင်းချလိုက်သည်။
ထိုတိုက်ပွဲအတွင်း သူမ၏ မြင်းမှာ သေဆုံးသွားခဲ့ရလေသည်။ သူမတွင် နောက်ထပ် စီးရန်မြင်းတစ်ကောင်ရှိမနေပါ။
ယင်းသည် သူမ၏ စိုးရိမ်ပူပန်မှု အဖြစ်စေဆုံးအရာဖြစ်သည်။
သူမကို သတ်ရန် တစ်စုံတစ်ယောက်က ကြိုးစားခဲ့သည့်အကြောင်းကို သူမက ဂရုမစိုက်ခဲ့ပါ။
သူမသည် သူမထက် အားကောင်းသော လူများကို သတ်ခဲ့ရသည်ကို လည်း ဂုဏ်ယူမနေခဲ့ပါ။
သူမသည် ထိုအဆောင်ပစ္စည်းကို ဖြုန်းတီးခဲ့ရသည်ကို လည်း နောင်တမရနေပါ။
သူမသည် နောက်တစ်မြို့သို့ရောက်သည်အထိ လမ်းလျှောက်သွားရမည်ဆိုသော အချက်ကိုသာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့လေသည်။
“ဒီစိတ်ပျက်ဖို့ကောင်းတဲ့လူတွေ သူတို့ကြောင့် ငါက နောက်မြို့ကိုရောက်အောင် လမ်းလျှောက်ပြီးပဲသွားရတော့မယ် ခွန်အားနည်းလွန်းတဲ့သူတွေက စိတ်ပျက်ဖို့ ကောင်းလိုက်တာ”
“မင်းက လမ်းလျှောက်သွားရမှာ မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ မင်းက ဘယ်ကိုမှ သွားခွင့်မရှိတော့လို့ပဲ”
မိန်းကလေးသည် သူမ၏ ညာဘက်ဘေးမှ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရလေသည်။ သူမသည် ထိုနေရာတွင် ထိုပုဂ္ဂိုလ်၏ တည်ရှိမှုကိုပင် မခံစားမိခဲ့ပါ။
သူမသည်အလွန်တုန်လှုပ်သွားသောကြောင့် အကွာအဝေးတစ်ခုကို အမြန်ဖန်တီးလိုက်ရလေသည်။
“ရှင်က ဘယ်သူလဲ”
သူမသည် မျက်နှာတစ်ခုလုံးကို မျက်နှာဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရလေသည်။
သူမသည် ထိုအမျိုးသမီး၏ အင်အားကို မခန့်မှန်းနိုင်ခဲ့သော်လည်း သူမသည် အန္တရာယ်ကြီးမားကြောင်းကိုမူ ခံစားသိနိုင်လေသည်။
သူမတွင် နောက်ထပ် အဆောင်ပစ္စည်းတစ်ခု ရှိလျှင်ပင် ဤအမျိုးသမီးကို အနိုင်ယူနိုင်ပ့ါမလားဆိုတာကို သူမ မသိနိုင်ပါ။
“ငါက နင့်ရဲ့ အသက်ကို ယူမယ့်သူပဲ”
“မြို့ငယ်လေးတစ်မြို့ရဲ့ မြို့စားက အမလိုပုဂ္ဂိုလ်မျိုးကို မငှားနိုင်တာသေခြာတယ် အသူရာဂိုဏ်းရဲ့ အမွေဆက်ခံသူက စေလွှတ်လိုက်တာလား”
“နင်က ဒီမေးခွန်းတွေကို ငရဲမင်းနဲ့တွေ့တဲ့အခါ မေးကြည့်နိုင်တယ်”
ရှုယင်သည် အာရန် ဖန်တီးခဲ့သော အဆုံးစွန်ဆိုးသွမ်းသော ဗီလိန်တစ်ယောက် အဖြစ် ပြဇာတ်ကနေခြင်းဖြစ်လေသည်။
သူမသည် သူမ၏ ဆံပင်ပုံစံသာမက သူမ၏ အရပ်ကိုပင် ပြောင်းလဲထားခဲ့ပြီး သူမကို မမှတ်မိနိုင်အောင် သေချာစွာ ပြုလုပ်ထားခဲ့လေသည်။
“အမလို အကြီးတန်းကျင့်ကြံသူတစ်ဦးက ကျွန်မတို့လိုကလေးတွေရဲ့ ရန်ပွဲတွေမှာ ဝင်ပါပေးနေတာလား အမ ရှက်တယ်လို့ မခံစားရဘူးလား”
“ငါက ပုရွက်ဆိတ်လို အားနည်းတဲ့သူတစ်ယောက်ကို ဖိသတ်မိတာလေးအတွက်နဲ့ ဘာများရှက်ရွံ့စရရှိလို့လဲ”
မိန်းကလေးသည် မခံမရပ်နိုင်ဖြစ်လွန်းသဖြင့် သူမ၏ နှုတ်ခမ်းများပင် လှုပ်ခါနေခဲ့လေသည်။
သူမသည် အစောပိုင်းကလေးကမှ တခြားများကိုကို အားနည်းသူဟု ခေါ်နေခဲ့သူ ဖြစ်လေသည်။ ယခု သူမသည် ဤစကားလုံးများအတိုင်း ပြန်ခံနေရပြီဖြစ်သည်။
ဖီးနစ်ငှက်ပေါ်ရှိ အာရန်သည် အားရစွာ ရယ်မောနေခဲ့သည်။
“ငါက အဲဒီကလေးမကို ပြောခဲ့တယ် တောင်တွေရဲ့နောက်မှာ နောက်ထပ် တောင်တွေ ရှိသေးတယ်လို့ ရိုးရိုးသားသားပြောရရင် ရှုယင်က ငါမျှော်လင့်ထားတာ ထက်တောင် ပိုကောင်းတဲ့ ဗီလိန်တစ်ယောက် ဖြစ်နေသေးတာပဲ”
“အမက ဘယ်လောက် အားကောင်းနေပါစေ မိစ္ဆာဂိုဏ်းက တပည့်တစ်ယောက်ကို ထိခိုက်ခြင်းရဲ့ အကျိုးဆက်တွေကို ခံနိုင်ရည်ရှိတာသေခြာရဲ့လား ကျွန်မတို့ရဲ့ ဂိုဏ်းချုပ်က ဘယ်သူလဲဆိုတာကို အမ မေ့သွားတာလား”
“အရှေ့ပိုင်း အုပ်စိုးသူလား သူမအကြောင်းကို ငါ ကြားဖူးပါတယ် ဒါပေမယ့် ဘာဖြစ်လဲ သူမက မင်းကို ဒီနေ့ ကယ်တင်နိုင်မှာမို့လို့လား”
“သူမက သိသွားရင် အမရဲ့ မျိုးဆက်ခုနှစ်ဆက်လုံးကို ဖျက်ဆီးပစ်လိမ့်မယ်”
“ဘယ်သူက သူမကို သွားပြောမှာလဲ မင်းက သရဲအဖြစ်နဲ့လား”
မိန်းကလေးသည် ထွက်ပြေးရန် နည်းလမ်းများကို တွေးတောရင်း ဖြည်းဖြည်းချင်း နောက်ဆုတ်သွားခဲ့လေသည်။
သို့သော် မည်သည့်နည်းလမ်းမျှ ရှာမတွေ့ခဲ့ပါ။
သူမသည် ဤနေရာတွင် တစ်ယောက်တည်းသာ ရှိသည်။ ထိုအချိန်တွင် ကယ်တင်ရှင်တစ်ဦး ရောက်လာလိမ့်မည်ဟု မျှော်လင့်ရန်မှာ မဖြစ်နိုင်ပါ။
“ဒါက ဘာလဲဟေ့ အကြီးတန်းစီနီယာတစ်ဦးက ဂျူနီယာတစ်ဦးကို အနိုင်ကျင့်နေတာလား”
မိန်းကလေးသည် သူမ၏ ပတ်ဝန်းကျင်မှ ကမ္ဘာကြီးသည် ပိတ်သွားပြီဖြစ်သကဲ့သို့ ခံစားလိုက်ရပြီး ယခုတစ်ကြိမ်တွင် သေဆုံးခြင်းမှ
လွတ်မြောက်ရန်မှာ မဖြစ်နိုင်တော့ဟု သိလိုက်မိချိန်တွင် အခြားအသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ပုံရိပ်တစ်ခုသည် ကောင်းကင်မှ သူမ၏ ရှေ့ တည့်တည့်တွင် ဆင်းသက်လိုက်သည်။ သူမ မြင်ခဲ့ရသည်မှာ ထိုအန္တရာယ်ရှိသော အမျိုးသမီးကို မျက်နှာမူနေသည် ထိုပုဂ္ဂိုလ်၏ နောက်ကျောကိုသာ ဖြစ်လေသည်။
#Catfoot