← Chapters

သူမကငါ့သမီးပဲ

Vol. 6 Ch. 65

သူမကငါ့သမီးပဲ

Vol. 6 Ch. 65

မိန်းကလေးသည် အာရန်၏ နောက်ကျောကို ကြည့်ကာ မျက်မှောင်ကြုတ်မိလိုက်သည်။

သူမသည် ထိုလူကို အနည်းငယ် ရင်းနှီးသည်ဟု ခံစားနေရသည်။

ဤနောက်ကျော... သူမသည် ဤမနက်တည်းခိုခန်းမှ စတင်ထွက်ခွာလာစဉ်က မြင်ခဲ့သော နောက်ကျောနှင့် ဆင်တူနေသည်ဟုတွေးလိုက်မိသည်။

‘ငါဘာတွေလျောက်တွေးမိတာလဲ မဖြစ်နိုင်တာတွေ အဲဒီလူက အရမ်း အားနည်းလွန်းတယ်။

သူ့လိုလူက ကောင်းကင်ပေါ်ပျံသန်းပြီး ဒီကို ဒီလောက်မြန်မြန် ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး’

သူမသည် သူမ အထင်သေးခဲ့သော ထိုသူနှင့် သူမ၏ ရှေ့တွင်ရောက်နေသော ယခုပုဂ္ဂိုလ်သည် တူညီသော လူဖြစ်နိုင်သည်ကို မည်သို့မျှမယုံကြည်နိုင်ပါ။

ကံကောင်းစွာဖြင့် ဤပုဂ္ဂိုလ်၏ ဆံပင်အရောင်မှာ သိသာစွာကွဲပြားနေ သောကြောင့် သူသည် တူညီသော လူ မဟုတ်ကြောင်းကို သူမကို ပို၍ သေခြာသွားစေခဲ့သည်။

“ရှင် ဘယ်သူလဲဆိုတာကို ကျွန်မ မသိဘူး ဒါပေမယ့်တကယ်လို့ ရှင်ကသာ တခြားလူရဲ့ ကိစ္စမှာ ဝင်ရောက်စွက်ဖက်ဖို့ကြိုးစားမယ်ဆိုရင် ရှင်လဲ ဒီမှာ ထာဝရတူတူလိုက်နေသွားရလိမ့်မယ် ဘယ်လိုလဲ”

ရှုယင်သည် သူမ၏ ဗိလိန်အဖြစ်သရုပ်ဆောင်သည့် ကဏ္ဍကို ကောင်းစွာ ကစားပြနိုင်ခဲ့သည်။ လုံး၀ပြီးပြည့်စုံသည့်အဆင့်ဖြစ်သည့်အပြင် အနည်းငယ် ပင် အလွန်အကျွံ ဖြစ်နေသည်ဟုပင် ပြော၍ရလေသည်။

အာရန် မတုံ့ပြန်နိုင်ခင်မှာပင် ရှုယင်က သူမ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေသည်။

ယင်းသည် ရှုယင်အတွက် အားနည်းသော တိုက်ခိုက်မှုလေးတစ်ခုသာ ဖြစ်သည်။

သို့သော် ၎င်းသည် အာရန်အတွက်မူ သေစေနိုင်သည်အထိ ပြင်းထန်သော တိုက်ကွက်တစ်ခုပင်ဖြစ်လေသည်။

‘သူမက သူမရဲ့ ဇာတ်ကောင်အဖြစ် အလွန်အကျွံ စိတ်နှစ်မိသွားတာများလား ပြီးတော့ သူမက တကယ်ကြီး င့ါကို တိုက်ခိုက်တော့မှာလား’

အာရန်၏ နောက်ကျောသည် ချွေးစေးများဖြင့် စိုရွှဲသွားခဲ့သည်။ ကံကောင်းစွာဖြင့် သူမ၏ တိုက်ခိုက်မှုသည် သူ့ကို ဆံချည်မျှင်တစ်မျှင်စာမျှ လွဲချော်သွားခဲ့လေသည်။

‘ဒီမိန်းမ... သူမက သေချာပေါက် ဟန်ဆောင်နေတာပဲ ဒါပေမယ့် အမှားလေး တစ်ခုလုပ်မိလိုက်တာနဲ့ ငါ့ရဲ့ အကာအကွယ်လည်ဆွဲက အသက်ဝင်သွားလိမ့်မယ် ဒါဆိုရင် သက်သက်ဖြုန်းတီးမှုတစ်ခု ဖြစ်မသွားပေဘူးလား’

အာရန်၏ နောက်ရှိ မိန်းကလေးပင် တုန်လှုပ်သွားခဲ့ရလေသည်။

တိုက်ခိုက်မှုသည် ထိုအမျိုးသမီးမှ သိပ်အားမစိုက်ထားကြောင်း ပေါ်လွင်နေခဲ့သော်လည်း ယင်းသည် တစ်မိုင်ကျော်အထိရှည်လျားသောမြေပြင်တွင် ဆယ်ပေခန့် နက်ရှိုင်းသော ချောက်ကမ်းပါးတစ်ခုကိုပင် ဖန်တီးနိုင်သည်အထိ အလွန် ဖျက်အား ပြင်းထန်လှလေသည်။

ဤအမျိုးသမီးသည် သာမန်နားလည်နိုင်စွမ်းများကို ကျော်လွန်သည်အထိ ပြင်းထန်သောခွန်အားများကို ပိုင်ဆိုင်ထားသူဖြစ်လေသည်။

သူမ၏ သာမန်တစ်ကြိမ်မျှ တိုက်ခိုက်မှုသည်ပင် မြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်ရန် လုံလောက်စွာ အားကောင်းလေသည်။ သို့သော် ထိုမိန်းကလေးသည် မည်သို့မျှ နားမလည်နိုင်ခဲ့ပါ။

သူမလို အားကောင်းသည့် ပုဂ္ဂိုလ်တစ်ဦး၏ တိုက်ခိုက်မှုမှာ အဘယ်ကြောင့် လွဲချော်သွားခဲ့ရသနည်။ တစ်ခုခုတော့ လွဲမှားနေပုံရလေသည်။

“ရှင်….ရှင်က ကျွန်မရဲ့ တိုက်ခိုက်မှု လမ်းကြောင်းကို ဘယ်လိုလုပ် ပြောင်းလဲလိုက်တာလဲ”

ရှုယင်က တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

“ဒါက မဖြစ်နိုင်ဘူး”

အာရန်မှာ ပို၍အားကောင်းသူတစ်ယောက်ပုံပေါက်နေစေရန် ရှုယင်၏ ဟန်ဆောင်နေမှုကို မြင်ရသောအခါ အာရန်၏မျက်နှာတွင် အသိအမှတ်ပြုသည့် အပြုံးတစ်ခုပေါ်လာခဲ့လေသည်။

သို့သော် ကံကောင်းစွာဖြင့် သူ၏နောက်တွင် ရှိနေသော မိန်းကလေးမှာ သူ၏ မျက်နှာကို မမြင်နိုင်ခဲ့ပါ။

မိန်းကလေးသည် တစ်ခုခုကိုသဘောပေါက်သွားသဖြင့် သူမ၏ မျက်နှာသည် မျှော်လင့်ချက်အလင်းရောင်များ ပြန်လည်လင်းလက်လာခဲ့လေသည်။

‘ဒါဆို သူက သူမ တိုက်ခိုက်မှု လွဲချော်သွားရတဲ့ အကြောင်းရင်းလား ဒီလို အားကောင်းတဲ့ တိုက်ခိုက်မှုမျိုးကိုတောင် ကာကွယ်နိုင်တယ်ဆိုတော့ သူက ဘယ်လောက်တောင် ခွန်အားကြီးတဲ့သူဖြစ်နေမလဲ’

သူမသည် ထိုကဲ့သို့ အားကောင်းသော လူများနှင့် မည်သို့မည်ပုံ တွေ့ဆုံခဲ့ရသနည်း ဆိုသည်ကိုပင်မတွေးတတ်အောင်ဖြစ်နေမိလေသည်။

ထိုအမျိုးသမီးတစ်ဦးတည်းကပင် သူမအတွက် အလွန်ခွန်အားကြီးလွန်းနေပြီ ဖြစ်သော်လည်း ဤသူမရှေ့ရှိပုဂ္ဂိုလ်မှာ ပို၍ ပင် မယုံကြည်နိုင်စရာ ကောင်းနေသေးသည်။

သူမကို ကယ်တင်ရန်အတွက် ဤပုဂ္ဂိုလ်နှင့် ဆုံတွေ့ခဲ့ရခြင်းမှာ သူမ၏ ကံကောင်းမှုတစ်ခုပင်လော။

သူမသည် သူမ၏ ဘဝတစ်လျှောက်လုံးတွင် အဆိုးရွားဆုံး ကံဆိုးမှုများနှင့်သာ ကြုံတွေ့ခဲ့ရသော်လည်း ဤတစ်ကြိမ်တွင်မူ သူမ၏ ကံသည် အလွန်ကောင်းနေသည်ဟု ခံစားမိလိုက်လေသည်။

သူမသည် အမှန်တကယ် အသက်ရှင်နိုင်လိမ့်မည်ဟုခံစားလိုက်ရသည်။

အဟွတ်….

“မင်းက အားနည်းလွန်းသေးတယ်”

အာရန်သည် လက်ပိုက်လျက်ပင် အနည်းငယ် ပြုံး၍ ပြန်ပြောလိုက်သည်။

“ဒါပေမယ့် စိတ်မပူပါနဲ့ လေ့ကျင့်မှုနဲနဲလောက်လုပ်လိုက်မယ်ဆို မင်းသည့်ထက်ပို သန်မာလာနိုင်ပါသေးတယ် “

“ရှင်ကျွန်မကို သတ်ချင်သတ်လိုက်လို့ရတယ် ဒါပေမယ့် ရှင်ကျွန်မကို အရှက်ခွဲနိုင်မယ်တော့မထင်နဲ့”

ရှုယင်သည် ဒေါသတကြီးပြန်လည် ပြောဆိုလိုက်ပြီးသောအခါ သူမ၏ ပုံရိပ်သည် နဂို တည်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။

မိန်းကလေးသည် သူမပျောက်ကွယ်သွားပုံကို မမြင်နိုင်ခဲ့ပါ။ သို့သော် ရှုယင်သည် သူမ၏ မြင်ကွင်းထဲသို့ တစ်ဖန်ပြန်ရောက်ရှိလာသောအချိန်တွင် အရာရာနောက်ကျသွားပြီဖြစ်သည်။

သူမသည် သူမရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်၏ နောက်ကျောတွင် ရုတ်တရက်ပေါ်လာသော ထိုအမျိုးသမီးကို မြင်တွေ့လိုက်ရလေသည်။

သူမသည် အာရန်၏ နောက်ကျောတွင် အပေါက်တစ်ခုကို ဖောက်ကာ နှလုံးသားကိုဆွဲထုတ်ပစ်နိုင်သည်အထိ ပြင်းထန်စွာတိုက်ခိုက်လိုက်လေသည်။

အာရန်သည် အလွန် နှေးကွေးနေခဲ့လေသည်။ သူသည် ရှုယင်က မည်သို့ ပျောက်ကွယ်သွားသည် ဆိုခြင်းကိုပင်ခုထိ ရှုပ်ထွေးနေဆဲ ဖြစ်သည်။

“အား…”

သူသည် သူ၏နောက်ကျောဘက်မှ နာကျင်စွာ ညည်းညူလိုက်သံတစ်ခုကို ကြားလိုက်ရသောအခါမှ လှည့်ကြည့်မိလိုက်ရာ သွေးတစ်လုပ်အန်ကာ နောက်ပြန်ပြန်ကန်ထွက်သွားသော ရှုယင်ကိုတွေ့လိုက်ရလေသည်။

အာရန်၏ နှုတ်ခမ်းများသည်တစ်စုံတစ်ခုပြောရန် ပြင်လိုက်မိသော်လည်း သူသည် အမြန်အဆန်ပင်ပြန်လည်ထိန်းချုပ်ထားလိုက်လေသည်။ ယင်းသည် အမှန်တကယ်မှာမူ ရှုယင်၏ သရုပ်ပြပွဲတစ်ခုသက်သက်သာ ဖြစ်ခဲ့လေသည်။

သူမသည် သူ့ကို အမှန်တကယ် မတိုက်ခိုက်ခဲ့ကြောင်းကို သိလိုက်ရလေသည်။

အကယ်၍ သူမသာ အမှန်တကယ်တိုက်ခိုက်ခဲ့ပါက သူ၏ အကာအကွယ်လည်ဆွဲ မှာ အသက်ဝင်ခဲ့လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဤတိုက်ခိုက်မှု အားလုံးသည် ဟန်ပြသက်သက်သာ ဖြစ်ခဲ့လေသည်။

သူသည် အမှန်တရားကိုရိပ်မိလိုက်သော်လည်း ထိုမိန်းကလေးမှာမူ လုံး၀လှည့်စားခံလိုက်ရလေသည်။

သူမသည် ထိုအမျိုးသမီးမှ လျှို့ဝှက်ဆန်းကြယ်သောပုဂ္ဂိုလ်ကို တိုက်ခိုက်ခဲ့သည် ကို မြင်ခဲ့မိသော်လည်း အမျိုးသမီးမှ ထိုပုဂ္ဂိုလ်အား မထိတွေ့နိုင်ခင်မှာပင် သူမသည် နောက်ပြန်ပြန်ကန်ထွက်သွားခဲ့ရလေသည်။

မိန်းကလေးသည် သူမ၏ ဂိုဏ်းမှ အကြီးအကဲတစ်ဦးဆိုလျှင်ပင် ထိုကဲ့သို့ မြန်ဆန်သော တိုက်ခိုက်မှုမျိုးတွင် အသက်ရှင်နိုင်မလားဆိုတာကို အတတ်မပြောနိုင်ပါ။

သို့သော် ဤထူးဆန်းသောပုဂ္ဂိုလ်မှာ မည်သည့် လှုပ်ရှားမှုမှမလုပ်ခဲ့ပဲ ထိုကဲ့သို့သော အမျိုးသမီးကျင့်ကြံသူကိုပင် ပြန်လည်ထိခိုက်စေခဲ့တာလား။

ဆိုလိုသည်မှာ ယင်းပုဂ္ဂိုလ်သည် သူမ၏ ဂိုဏ်းမှ အကြီးအကဲတစ်ဦးထက်ပင် ပို၍အားကောင်းနေသည်မဟုတ်ပါလား။

ဤသည်မှာ သူမ ၏မျှော်လင့်ချက်ပန်းတိုင်ဖြစ်သော ခွန်အားအစစ်အမှန်၏ အထွတ်အထိပ်ပုံစံမျိုးလား။

ခွန်အားအစစ်အမှန်ဆိုတာကော မည်သည့်အရာနည်း။ ယင်းမှာ တခြားသူများကို ရိုက်နှက်နိုင်စွမ်း သက်သက်ပဲလား။ ထိုသို့မဟုတ်ပေ။

သင်သည် လွန်စွာ သန်မာလွန်းနေခဲ့ပါက ရန်သူတိုင်းသည် သင့်ရှေ့၌ ပုရွက်ဆိတ်တစ်ကောင်နှင့်ထူးမခြားနားပင် ဖြစ်နေပေလိမ့်မည်။

ယင်းသည် သူမ ယခုမြင်ခဲ့သော အရာနှင့် တူညီသည်။ ထိုပုဂ္ဂိုလ်သည် မည်သည့် ကျွမ်းကျင်မှုကို အသုံးပြုခဲ့သည် ဆိုသည်ကိုပင် သူမ မမြင်နိုင်ခဲ့ပါ။

သူသည် မည်သည့်စွမ်းအင်မှ အသုံးမပြုခဲ့ပုံ ပေါ်နေခဲ့သော်လည်း ၎င်းကပင် သူ့အားပိုမို၍ ထူးခြားသွားစေခဲ့သည်။

သူမသည် ၎င်းကဲ့သို့စွမ်းအားကြီးမှုမျိုးကို လေ့လာသင်ယူလိုခဲ့သည်။ သူမသည် ဤပုဂ္ဂိုလ်ကဲ့သို့ အားကောင်းလာချင်ခဲ့သည်။

သူမသည် ထိုလူ၏ မျက်နှာကို မမြင်နိုင်ခဲ့သော်လည်း မျက်နှာဖုံးနောက်မှ သူ၏နက်ရှိုင်းသော မျက်လုံးများကို မြင်နိုင်ခဲ့ပြီး ယင်းတို့သည် အမှန်တကယ် ပင် တည်ငြိမ်လျက် ရှိနေသည်။

ရှုယင်သည် သူမ၏ နှုတ်ခမ်းပေါ်မှ သွေးများကို သုတ်ကာ ထရပ်လိုက်သည်။

“ရှင်က ဘယ်လိုလုပ် ဒီလောက် အင်အားကြီးမားနေရတာလဲ မိစ္ဆာဂိုဏ်းရဲ့ မဟာအကြီးအကဲတစ်ယောက်ဆိုရင်တောင် ဒီလောက်အင်အားကြီးမှာ မဟုတ်ဘူး မိစ္ဆာဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆိုရင်သာ ဒီလောက်အင်အားကြီးနိုင်လိမ့်မယ် ရှင့်ရဲ့ နောက်ခံအဆင့်အတန်းက ဘာလဲ”

မိန်းကလေး၏ မျက်လုံးများတွင် အာရန်သည် လုံးဝ ငြိမ်သက်နေဆဲ ဖြစ်သည်။

သို့သော် ရှုယင်က ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုလိုက် သည်ကို ကြားသောအခါ သူ၏အမူအရာများကို ထိန်းချုပ်ရန် မည်မျှ ခက်ခဲသွားခဲ့သည် ဆိုခြင်းကိုမူ သူကိုယ်တိုင်သာ သိနေခဲ့လေသည်။

သူမ၏အလွန်အကျူးသရုပ်ဆောင်မှုအောက်တွင် သူပင် အနည်းငယ် ရှက်ရွံ့နေရပြီ ဖြစ်သော်လည်း သူသည် ယခုယခုအချိန်ရောက်မှ လက်လျှော့၍ မရနိုင်တော့ပါ။

သူသည် ဇာတ်ကောင် မပျက်စီးစေရန် သူ့၏ ရှက်ရွံ့မှုအားလုံးကို ခဏတာဘေးချိတ်ထားရရန်သာ ကျန်လေတော့သည်။

“မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဆိုတာ မင်းက အဲဒီကလေးမလေး ဖန်းယုအကြောင်းကို ပြောနေတာလား”

မိစ္ဆာဂိုဏ်းချုပ်သာ သူ၏စကားများကို ကြားခဲ့လျှင် မည်သို့ တုံ့ပြန်မလဲဆိုသည်ကို အာရန်သည် စိတ်ကူးကြည့်နိုင်လေသည်။

သို့သော် ဘယ်သူက သူမကို သွားပြောမည်နည်း။

သူမ ရှိမနေသော ယခုလိုအခါမျိုးတွင် သူသည် သူမ၏ နာမည်ကို သူလိုချင်သည့်ပုံစံအတိုင်း အသုံးပြု၍ရနိုင်လေသည်မဟုတ်လား။

“ကလေးမလေးဟုတ်လား သူမနဲ့ ရှင့်ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ”

ရှုယင်သည် အာရန်၏ ဖောလုံးအတွင်း ၌လိုက်ပါ၍ ပင့်ပေးလိုက်လေသည်။

“အဲ့တစ်ယောက်ဆိုရင်တော့ ထပ်မတွေးနဲ့တော့ သူကကျုပ်ရဲ့ သမီးပဲ သူမအခု အစွမ်းထက်တယ်လို့ထင်ရတဲ့ အရာတွေအားလုံးကို အခြားဘယ်သူက များ သင်ပေးခဲ့တယ်လို့ များ မင်းကထင်နေလို့လဲ”

သူသည် အဓိပ္ပာယ်မရှိသော ပေါက်ကရ စကားများကို ဆက်ပြောနေရင်း သူကပြ ကစားပေးနေသော လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်ကြီး၏ နောက်ခံဇာတ်လမ်း တစ်ခုကို ထပ်မံ၍နောက်တစ်ဆင့်တက်ကာ လုပ်ကြံဖန်တီးလိုက်လေသည်။

“မင်းတို့ ကလေးတွေက ဒီနာမည်တွေကို အရမ်းလေးစားကြတယ်ထင်တယ် င့ါလို လူအိုကြီးတစ်ယောက်သာ မပေါ်လာခဲ့ရင် သူမဟာ ဒီအရှေ့ပိုင်းတိုက်ကြီးမှာ အားအကောင်းဆုံးလို့ မင်းက တကယ် ထင်နေတာလို့ မပြောနဲ့နော်”

#Catfoot

All Chapters