← Chapters

ကျွန်မ ဆရာက...

Vol. 6 Ch. 66

ကျွန်မ ဆရာက...

Vol. 6 Ch. 66

“...”

ဟန်ဆောင်နေသော ရှုယင်ပင် အာရန်၏ စကားများကြောင့် တုန်လှုပ်သွားခဲ့လေသည်။

သူမထက် ထိုမိန်းကလေးငယ်မှာ ပို၍ပင် တုန်လှုပ်သွားခဲ့ရလေသည်။ သူမ၏ ရှေ့မှ ပုဂ္ဂိုလ်သည် မိစ္ဆာဂိုဏ်းချုပ်၏ ဖခင်ဖြစ်သည် ဆိုပါလား။

သူမသည် ဂိုဏ်းချုပ်၏ မိသားစုအကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ပါ။

လူအများစုပြောကြသည်မှာ သူမ၏ မိဘများသည် လွန်ခဲ့သည့် အချိန်ကြာမြင့်စွာ ကာလတစ်ခုကတည်းကပင် သေဆုံးသွားခဲ့ကြပြီးဖြစ်သည်ဟု သိခဲ့ရလေသည်။

သို့သော် ၎င်းသူမဖခင်ဆိုသူမှာ ယခုအချိန်အထိ အသက်ရှင်နေသေးပြီး သူမထက်ပင် ပိုမိုအားကောင်းနေသည်တဲ့လား။

သူမ၏ အာရန်ကို ကြည့်သော အကြည့်များသည် ချက်ချင်း ပြောင်းလဲသွားခဲ့လေသည်။

အရင်က သူသည် သန်မာပုံပေါ်သော်လည်း သူမ၏ ကယ်တင်ရှင်အဖြစ်သာသိထားခြင်းဖြစ်လေသည်။

သို့သော် ယခုမူ ထိုပုဂ္ဂိုလ်သည် အရှင်သခင်လေးဦးထက်ပင် ပို၍ ခွန်အားကြီးသော

တစ်စုံတစ်ယောက် ဖြစ်နေလေသည်။

ထို့ကြောင့်သူသည် အခြေခံအားဖြင့်တွေးကြည့်ပါက မိစ္ဆာဂိုဏ်း၏ အစစ်အမှန် ဝါအကြီးဆုံး ဆရာသမားတစ်ယောက်ပင်မဟုတ်ပါလား။

ထို့အပြင် သာမန်အတွင်းစည်းတပည့်တစ်ဦးအနေဖြင့် သူမသည် ထိုကဲ့သို့ အားကောင်းသော ဖြစ်တည်မှုတစ်ဦးနှင့် အမှန်တကယ်ပင် တွေ့ဆုံခွင့်ရခဲ့လေသည်။

“ရှင်…ရှင်ကက သူလား ရှင်က သူမကို လေ့ကျင့်ပေးပြီး ခုရောက်ရှိခဲ့တဲ့ နယ်ပယ်ကို ရောက်အောင် ကူညီပေးခဲ့တဲ့သူလား”

အဓိပ္ပာယ်မရှိမှန်းသိသော်လည်း ရှုယင်မှာ အာရန်အလိုကျ အလိုက်တသိပင် လိုက်ပါပြောပေးခဲ့လေသည်။

“သူမက အရည်အချင်းအဲ့လောက်ကြီး မရှိပေမယ့် သူမက ကျုပ်သမီးတော့ ဖြစ်နေသေးတယ်လေ ဒါကြောင့်ကျုပ်က သူမကို အနည်းအကျဉ်းတော့ ပြန်သင်ပြပေးခဲ့ရသေးတာပေ့ါ”

‘ဂိုဏ်းချုပ်က အရှေ့ပိုင်းတိုက်ကြီးမှာ အရည်အချင်းအရှိဆုံးလူတစ်ယောက်လို့ လူတိုင်းက ပြောကြတယ်။ ဒါပေမယ့် ခုပုဂ္ဂိုလ်ရဲ့ မျက်လုံးထဲမှာတော့သူမဟာ ဖော်ပြရလောက်တောင်တောင် မထိုက်တန်ဘူးတဲ့လား သူ့ရဲ့ စံနှုန်းတွေက ဘယ်လောက်တောင် မြင့်မားနေလို့လဲ’

မိန်းကလေးသည် သူမကိုယ်သူမ ပင်အလွန်တရာအံ့အားသင့်သွားခဲ့မိလေသည်။ အရာအားလုံးသည် အိပ်မက်တစ်ခုကဲ့သို့ ခံစားလိုက်ရလေသည်။

“မဖြစ်နိုင်ဘူး ရှင်က အဲ့ပုဂ္ဂိုလ်လုံး၀ မဖြစ်နိုင်ဘူး”

ရှုယင်၏ မျက်နှာကို မျက်နှာဖုံးတစ်ခုဖြင့် ဖုံးထားခဲ့သော်လည်း သူမ၏ အသံမှာ တုန်ယင်နေသောကြောင့် သူမ၏ ကြောက်ရွံ့မှုကို ခံစားသိရှိနိုင်လေသည်။

သူမသည် ပြန်လည်တိုက်ခိုက်ရန် သူမ၏ ဆန္ဒကိုပင် ဆုံးရှုံးသွားသကဲ့သို့ ဖြစ်နေလေသည်။

သူမသည် ဖြည်းဖြည်းချင်း နောက်ဆုတ်သွားခဲ့လေသည်။

“မင်း ဘယ်ကို သွားမလို့လဲ”

အာရန်သည် ရှုယင်ကို လျှို့ဝှက်စွာ မျက်စပစ်ပြလိုက်ရင်း ညာဘက်လက်ကို မြှောက်လိုက်လေသည်။

ရှုယင်သည် နေရာတွင် ရပ်တန့်သွားခဲ့ပြီး သူမ၏ ပုံစံမှာ ဖြူဖျော့သွားခဲ့လေသည်။

သူမသည် အာရန်ရောက်မလာခင်မှာပင် သူမ၏လည်ပင်းကို အာရန်အား ဆုပ်ကိုင်ထားနိုင်ရန် ရှေ့သို့ ပျံသန်းကာ အာရန်၏လက်အတွင်းသို့ သက်ဆင်းပေးလိုက်လေသည်။

“အကြီးတန်းတစ်ဦးအနေနဲ့ မင်းက လူငယ်တွေကို တိုက်ခိုက်တာက ရှက်စရာတစ်ခုလို့ မင်းက မထင်မိဘူးလား”

“ကျွန်မ…ကျွန်မ မှားသွားပါတယ် နောက်ထပ် ဒီလို ဘယ်တော့မှ မလုပ်တော့ပါဘူး ကျွန်မကိုကျေးဇူးပြုပြီး ထွက်သွားခွင့်ပေးပါနော်”

“ကျုပ် တစ်စုံတစ်ယောက်ကို သတ်ခဲ့ရတာတောင် အတော်ကြာသွားခဲ့ပြီ ပြီးတော့ ဒါက မင်းရဲ့ ပထမဆုံး အမှားလို့ ကျုပ်ယူဆခဲ့တာကြောင့် မင်းကို သွားခွင့်ပြုလိုက်မယ် ဒါပေမယ့် နောက်တစ်ကြိမ် ရှိခဲ့မယ်ဆိုရင်တော့...”

အာရန်သည် ဆက်လက်ဟန်ဆောင်ရင်း ရှုယင်ကို အားနည်းသော အရုပ်တစ်ရုပ်ကဲ့သို့ ဘေးသို့ ပစ်ချလိုက်လေသည်။

ရှုယင်သည် အားနည်းနေဟန်ဖြင့် ဖြည်းညှင်းစွာထရပ်ခဲ့ရလေသည်။

သူမသည် ကြောက်ရွံ့စွာ ပျံသန်းထွက်ခွာမသွားခင် နောက်ဆုံးတစ်ကြိမ်အဖြစ် အာရန်အား စိုက်ကြည့်ခဲ့လေသည်။

သူမသည် မကြာခင် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

“ရာစုနှစ်တွေအများကြီး ကုန်လွန်သွားခဲ့ပေမယ့် ဒီကမ္ဘာကြီးက ဘာမှ ပြောင်းလဲမသွားသေးဘူးပဲ”

အာရန်သည် ပို၍ ထူးဆန်းသောပုံ ပေါ်နေစေရန် ခေါင်းကို အနည်းငယ်မော့ ကာ ကောင်းကင်သို့မော့ကြည့်နေခဲ့လေသည်။

သူသည် မိန်းကလေးငယ်ထံသို့ လှည့်ကာ

“မင်းနာမည်က ဘယ်လိုခေါ်လဲ” ဟု မေးလိုက်သည်။

“ကျိုး-ကျိုးရန်မေ ပါရှင်”

မိန်းကလေးသည် ရိုသေစွာ ခေါင်းကိုငုံ့ထားခဲ့လေသည်။

သူမ၏ ရှေ့ရှိ ပုဂ္ဂိုလ်သည် အလွန် အားကောင်းသောကြောင့် သူမသည် အနည်းငယ်မျှပင် မရိုမသေ မပြုမူဝံ့ပေ။

“မင်း ထိခိုက်မိသွားသေးလား”

“ဆရာဘိုးဘိုးကြီး ရဲ့ ကျေးဇူးကြောင့် ကျွန်မ အဆင်ပြေခဲ့ပါတယ်ရှင့်”

“ဟမ် ဘာလို့ မင်းက ငါ့ကို ဆရာဘိုးဘိုးကြီးလို့ ခေါ်နေရတာလဲ”

“ဆရာဘိုးဘိုးက မသိပေမယ့် ကျွန်မက မိစ္ဆာဂိုဏ်းချုပ်ရဲ့ တပည့်တစ်ဦးပါ သူမက ကျွန်မရဲ့ ဆရာဖြစ်ပြီးတော့ ဆရာဘိုးဘိုးက သူမရဲ့ ဖခင်ပါ ဒါကြောင့် ဆရာဘိုးဘိုးလို့ ရိုသေလေးစားသမှုနဲ့ သုံးနှုန်းလိုက်မိတာပါ”

“ကျုပ် သိပြီ”

အာရန်သည် အပြင်ပိုင်းတွင် ခေါင်းညိတ်နေခဲ့သော်လည်း သူ၏စိတ်ထဲတွင် ဤအချက်အလက်အားလုံးကို ပြန်လည်စဥ့်စားမိလိုက်သောအခါ ထိုနေရာမှာပင် ငူငူကြီး ရပ်တန့်သွားလေတော့သည်။

‘ဘာလဲဟ...’

သူသည် အသံထွက် မကျိန်ဆဲမိစေရန် သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်ရသည်။

သူသည် သူမက ထိုအဆောင်ပစ္စည်းကို ဖော်ထုတ်ပြသခဲ့သောအချိန်ကတည်းက ဤမိန်းကလေးတွင် ဆရာတစ်ဦး ရှိနေနိုင်သည်ဟု တွေးထားခဲ့ပြီးဖြစ်သည်။

သို့သော် သူမ၏ ဆရာမှာ သူလုံး၀မမျှော်လင့်ထားမိသူ တစ်ဦးဖြစ်နေမည်ဟု လုံး၀မထင်ထားခဲ့မိပါ။

အာရန်သည် ဖန်းယု၏ ဖခင်အဖြစ်ဟန်ဆောင်နေခဲ့မိချိန်တွင် သူမမှာ ဖန်းယု၏ တပည့်ဖြစ်နေသည်တဲ့လား။

‘ဖန်းယု …. သူမက ငါ့ကို သတ်လိမ့်မယ် ငါက ငါ့ကိုယ်ငါ သူမရဲ့ အဖေဖြစ်တယ်လို့ ပြောခဲ့တာကိုသာ သူမပြန်ကြားခဲ့ရင် သူမက သေချာပေါက် ငါ့ကို သတ်လိမ့်မယ်’

“ဆရာဘိုးဘိုးရှင် အဆင်ပြေရဲ့လား”

ကျိုးရန်မေသည် အာရန်က မည်သည့်အတွက်ကြောင့် တိတ်ဆိတ်သွားခဲ့သည် ဆိုခြင်းကို မသိနိုင်ခဲ့ပါ။

ကံကောင်းစွာဖြင့် သူ၏မျက်နှာဖုံးကြောင့် သူမသည် သူ၏ ပြောင်းလဲသွားသော အမူအရာများကို မမြင်နိုင်ခဲ့ပါ။

“ဘာမှ မဟုတ်ပါဘူး ငါက တစ်ခုခုအကြောင်းကို တွေးမိသွားလို့ပါ”

အာရန်သည် ကျောက်တုံးတစ်တုံးနှင့်အပေါက်၀ကို အပိတ်ခံထားရသကဲ့သို့ ခံစားလိုက်ရသည်။

သူသည် သူ ပြုလုပ်ခဲ့သော ရွေးချယ်မှုကို မပြီးမြောက်မချင်း အခြားရွေးချယ်မှုများကို ထပ်မံမရရှိနိုင်ပါ။

သို့သော် ဖန်းယုထံမှ တပည့်တစ်ဦးကို ခိုးယူရန်..... ယင်းသည် မည်သို့မျှ အဓိပ္ပာယ်မရှိသော ကိစ္စတစ်ခုပင်မဟုတ်ပါလော။

သူသည်ခုချိန်မှ လက်လျှော့ရန် အလွန်နောက်ကျနေခဲ့ပြီဖြစ်လေသည်။

သူက ယခု လက်လျှော့လိုက်လျှင်ပင် ယနေ့ ပြုလုပ်ခဲ့သော အရာများသည် မကြာခင် သို့မဟုတ် အချိန်တစ်ခုရောက်သောအခါတွင်

ဖန်းယု၏ နားသို့ရောက်သည် အထိပြန့်နှံ့သွားလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူသည် သူ့ကိုယ်သူ ကာကွယ်ရန်အတွက် လိမ်လည်မှုများကို နှစ်ဆထပ်မံ လုပ်ဆောင်ရန် သာကျန်တော့လေသည်။

“ဒါဆို မင်းက အဲဒီကလေးမလေးရဲ့ တပည့်လား မင်းမှာ အရည်အချင်းရှိပါလျက်နဲ့ ဘာလို့ ဒီလောက် အားနည်းနေတာလဲလို့တွေးမိနေတာ အံ့သြစရာ မရှိတော့ပါဘူး ငါ့ကလေးမလေးက တခြားသူတွေကို သင်ကြားပေးတဲ့နေရာမှာ ဘယ်တော့မှ အရည်အချင်းမပြည့်မှီခဲ့ဘူး ဘယ်လောက် ဖြုန်းတီးရာကျလိုက်သလဲ...”

‘အားနည်းတယ်…’

ကျိုးရန်မေသည် ယင်းကို မည်သို့ အဓိပ္ပါယ်ကောက်ယူရမည်ကိုပင်မသိနိုင်ခဲ့ပါ။

သူမသည် သူမ၏ ရွယ်တူများထဲတွင် အလွန် အားကောင်းနေခဲ့ပြီးဖြစ်သည်။

သူမသည် ဂိုဏ်း၏ အဓိက တပည့်များလောက် မတော်သော်လည်း ယင်းသည်လည်း သူမသည် ကလေးဘဝကတည်းက ထိုတပည့်များကဲ့သို့ လေ့ကျင့်ထားခြင်းမရှိခဲ့သောကြောင့်ဖြစ်လေသည်။

ဂိုဏ်းချုပ်မှ သူမအား ကယ်တင်ကာ တပည့်အဖြစ် လက်ခံသောအခါ လွန်ခဲ့သည့် လအနည်းငယ်ကမှသာ သူမ၏ ကျင့်ကြံခြင်း ခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

ဤလအနည်းငယ်အတွင်း သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ ဘာမှမတတ်သည့် သုံညအဆင့်မှသည် ယခုကဲ့သို့ အးကောင်းသောတပည့်များထဲမှ တစ်ဦးအဆင့်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“ငါက င့ါကလေးမလေးကို တပည့်တစ်ဦး ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ ဒါတောင် မင်းက ဘယ်လိုလုပ် သူမရဲ့ တပည့်တစ်ဦး ဖြစ်လာခဲ့တာလဲ”

သူမ၏ ဆရာမှာ ဂိုဏ်းချုပ်ဖန်းယုကိုယ်တိုင်ဖြစ်နေသောအခါ သူမသည် အဘယ့်ကြောင့် အတွင်းစည်းတပည့်အဖြစ်သာ ရှိနေသေးလဲဆိုသည်ကို သူမအား မေးချင်နေခဲ့လေသည်။

သူမ၏ အရည်အချင်းကိုခဏမေ့ထားဦးတော့ သူမဆရာ၏ အထောက်အပံ့နှင့်ပင် သူမသည် ဂိုဏ်း၏ အဓိကတပည့်တစ်ဦး အလွယ်တကူ ဖြစ်လာနိုင်ခဲ့ မည်ဖြစ်သည်။

ဤသို့ဆိုလျှင် သူမသည် အဘယ်ကြောင့် ရှုယင်ကပင် သတိမထားမိလောက် အောင် ဤမျှသာမန်ဆန်စွာနေထိုင်ခဲ့ရသနည်။

အာရန်သည် မိစ္ဆာဂိုဏ်းချုပ်တွင် တပည့်တစ်ဦးရှိခဲ့ကြောင်းကိုပင် မမှတ်နေမိခဲ့ပါ။

သူ ဖတ်ခဲ့ရသော မူလဝတ္ထုတွင်ပင် ယင်းအကြောင်းကို တစ်ခါမျှ ဖော်ပြထားခြင်းမရှိခဲ့ပါချေ။

....

‘ငါ သိပြီ အဲ့ဒီ ခံစားချက်မရှိတဲ့ဂိုဏ်းချုပ်မက ကျေးဇူးဆပ်ဖို့ သက်သက်နဲ့ တပည့်တစ်ဦးကို လက်ခံခဲ့တယ် ဒါပေမယ့် ဒါက သူ့ရဲ့ အတိုင်းအတာပဲ’

‘သူမက သူမရဲ့ တပည့်ကို အမှန်တကယ်မှာ ဂရုမစိုက်ခဲ့ဘူး သူမက ဂိုဏ်းထဲမှာ ပဲ သူမကိုယ်သူမ ကာကွယ်ဖို့ ပစ်ထားခဲ့တယ် ဒါတောင် ဒီမိန်းကလေးက သူမအပေါ်အလွန် ကျေးဇူးတင်နေပြီး ဒီကိစ္စလေးကိုတောင် သတိမထားခဲ့တာထင်တယ်’

မိန်းကလေးမှာ သူမ မည်ကဲ့သို့ ဂိုဏ်းချုပ်၏ တပည့် ဖြစ်လာခဲ့ရသည့် အကြောင်းအရင်းကို ပြောပြသော အခါ အာရန်မှ တွေးမိလိုက်ခြင်းဖြစ်သည်။

အာရန်သည် ယင်းကို ကြားပြီးနောက် သူသည် နှစ်ဦးက သိပ်မရင်းနှီးသေးကြောင်းကို သိလိုက်ရသောအခါ အနည်းငယ် အသက်ရှုချောင်သွားသလိုခံစားလိုက်ရသည်။

တစ်ခါတစ်ရံတွင် ဖန်းယုက သူမကို လာရောက်တွေ့ဆုံကာ သူမ၏ တိုးတက်မှုများကို စစ်ဆေးလေ့ရှိသော်လည်း သူမက ကျိုးရန်မေကို သူမကိုယ်တိုင် မည်သည့်အရာမျှ သင်ကြားမပေးခဲ့ပါ။

“ဘယ်လောက် ဖြုန်းတီးမှုလဲကွာ မင်းကိုကောင်းမွန်အောင် သင်ပြပေးနိုင်ခဲ့ရင် မင်းက အများကြီး ပိုသန်မာလာနိုင်ချေရှိတယ် အဲဒီကလေးမလေးက အဖိုးတန် ကျောက်စိမ်းတစ်တုံးကို ဘယ်လို တန်ဖိုးထားရမလဲဆိုတာကို တကယ် မသိဘူးပဲ”

“အဖိုးတန် ကျောက်စိမ်းတစ်တုံးတဲ့လား ကျွန်မကလား”

ဤမျှ အားကောင်းသော ပုဂ္ဂိုလ်မှ သူမကို ထိုကဲ့သို့ ချီးမွမ်းသည်ကို ကြားရသောအခါ ကျိုးရန်မေတစ်ယောက် အလွန်အံ့အားသင့်သွားခဲ့ရလေသည်။ သူမက တကယ်ပင် ဤမျှ အရည်အချင်းရှိသည်တဲ့လား…။

ထိုပုဂ္ဂိုလ်သည် သူမ၏ ဂိုဏ်းချုပ်ကိုပင် အရည်အချင်းမရှိဟု ခေါ်ခဲ့သော သူဖြစ်သော်လည်း သူက သူမကို ချီးမွမ်းနေသည်တဲ့လား။

“မင်းမှာ ကြီးမြတ်တဲ့ ကျင့်ကြံသူကောင်းတစ်ဦး ဖြစ်လာဖို့ ပြီးပြည့်စုံတဲ့ အရိုးဖွဲ့စည်းပုံနဲ့ ကံကြမ္မာရေစက်တွေ ရှိနေတယ်”

အာရန်သည် မိန်းကလေးကို လှည့်စားရန် အစွမ်းကုန်ကြိုးစားနေလေတော့သည်။

အာရန်ကိုယ်တိုင်ပင် မိမိ၏အပြောများကြောင့် အနည်းငယ် ရှက်ရွံ့နေသည်ဟု ခံစားခဲ့ရပြီး ၎င်းက ဘာမျှမသိသေးသောကလေးများထံသို့ ရှေးဟောင်း ကိုယ်ခံပညာ စာအုပ်များကို လိမ်လည်ရောင်းချနေသူတစ်ဦးကဲ့သို့ ဖြစ်နေကြောင်း ခံစားလိုက်ရသည်။

#Catfoot

All Chapters