မင်းရဲ့ တတိယမြောက် အမှားတစ်ခု
Vol. 6 Ch. 70
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် လေဟာနယ်အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး ၎င်း၏ တည်ရှိမှုကပင် အမှောင်နှင့် သွေးဆာမှုများဖုံးလွှမ်း လျက်ရှိသော အော်ရာတစ်ခုကိုထုတ်လွှတ်နေခဲ့လေသည်။
၎င်းပုဂ္ဂိုလ်မှာအခြားမဟုတ် အိမ်ရှေ့မင်းသား၏ ဆရာသခင်ဖြစ်သော အသူရာဂိုဏ်း၏ ဂိုဏ်းချုပ်ပင်ဖြစ်လေတော့သည်။
“ရပ်လိုက်စမ်း”
သူသည် ဒေါသတကြီးဖြင့် အမိန့်ပေးလိုက်လေသည်။
“ကျုပ်တပည့်ကို ခုချက်ချင်း လွှတ်ပေးလိုက်”
အာရန်သည် တုန်ယင်နေသော အိမ်ရှေ့မင်းသားဆီသို့ ဆန့်ထုတ်ထားသော သူ၏လက်ကို ရပ်တန့်လိုက်သည်။
ထို့နောက်သူသည် ကောင်းကင်ရှိ အသူရာဂိုဏ်းချုပ်ကြီးဆီသို့ အကြည့်ကိုရွှေ့သွားလိုက်သည်။
ယင်းသည် လွန်ခဲ့သောအတိတ်နေ့ရက်များတွင်ဖြစ်ခဲ့ပါမူ အာရန်သည် လွန်စွာပင် ကြောက်လန့်တကြားဖြစ်နေမိလိမ့်မည်ဖြစ်သည်။
သို့သော် လက်ရှိတွင် သူသည် ထိုသို့ကြောက်လန့်တကြား အရှုံးပေးလိုက်ရန် စိတ်ဖြစ်မလာတော့ပါ။
“သူ ဘာတွေလုပ်ခဲ့လဲဆိုတာကို မင်း သိလို့လား”
အသူရာဂိုဏ်းချုပ်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး သူ၏အသံမှာ အနည်းငယ် ဒေါသသံပါဝင်နေခဲ့သည်။
“ကျုပ်က ဒီကိစ္စကို ဂိုဏ်းကိုပြန်ရောက်တာနဲ့ကောင်းကောင်း ဖြေရှင်းလိုက်မယ် ဒါပေမဲ့ မင်းက ကျုပ်တပည့်ကို ခုချိန်ထိစရာမလိုဘူး”
အာရန်သည် ဤရူးသွပ်ဖွယ်ကောင်းသော ကမ္ဘာကြီးဆီသို့အတင်းအဓ္ဓမ ပို့ဆောင်ခြင်း ခံခဲ့ရသည်ကိုပင် အလွန်စိတ်ပျက်လက်ပျက်ဖြစ်နေပြီဖြစ်သည်။
ထို့ပြင် ယခု ဤပုဂ္ဂိုလ်မှ သူ့အား ထိုကဲ့သို့ အရှက်မရှိသောစကားလုံးများ အသုံးပြုကာထိုးနှက်နေသည်တဲ့လား။
သူသည် ဤဤပုဂ္ဂိုလ်အား စော်ကားမိသလိုဖြစ်သွားမည်ကိုပင် ဂရုမစိုက်ချင်တော့ပေ။
“မင်းက ငါ့ကို ဘယ်လို တားဆီးမလဲဆိုတာကို ငါ ကြည့်ချင်သေးတယ်” အာရန်သည် သူ၏ လက်ကို ဆန့်ထုတ်ကာ အိမ်ရှေ့မင်းသား၏ ခေါင်းပေါ်တွင် ထပ်မံတင်ထားလိုက်သည်။
ဖီးနစ်ငှက်၏ မီးတောက်များမှာ ချက်ချင်း ပျံ့နှံ့သွားခဲ့လေသည်။
မျက်တမှိတ်အတွင်းမှာပင် ဖီးနစ်၏ မီးတောက်များသည် အိမ်ရှေ့မင်းသား၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားကာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် အိမ်ရှေ့မင်းသား၏ အော်ဟစ်ညီးတွားသံများဖြင့်ဖုံးလွှမ်းသွားလေတော့သည်။
အိမ်ရှေ့မင်းသား၏ အော်သံများသည် သူ၏ခန္ဓာကိုယ်မှ ပြာအဖြစ် ပြောင်းလဲသွားသောအခါမှသာ ရပ်တန့်သွားခဲ့လေသည်။
“မင်း….”
အသူရာဂိုဏ်းချုပ်သည် ယခုဖြစ်ရပ်ကို မယုံကြည်နိုင်စွာဖြင့်ခေတ္တမျှ ကြောင်၍ ကြည့်နေမိလေသည်။
ယင်းသည် အတိတ်မှဖြစ်ရပ်တစ်ခုနှင့် တူညီနေခဲ့လေသည်။
မိစ္ဆာဂိုဏ်းချုပ် ဖန်းယုမှ သူ၏ မျက်လုံးရှေ့တွင်ပင် သူ၏ဖခင်အား သတ်ဖြတ်ပစ်ခဲ့သည့်ဖြစ်ရပ် နှင့်တူညီနေခဲ့လေသည်။
ထိုဖြစ်ရပ်အတွင်း သူသည် မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ခဲ့ပါ။
ထိုအချိန်မှစ၍ သူသည် လက်စားချေရန်သာ အချိန်တိုင်းစောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်လေသည်။
သို့သော် နောက်တစ်ကြိမ် တူညီသော အခြေအနေတစ်ခုထပ်မံ ဖြစ်ပေါ်လာခဲ့ချေပြီ။
ထို့ပြင် ဤတစ်ကြိမ်တွင် ထိုသို့လုပ်ဆောင်လိုက်သောသူမှာ သာမန် အကြီးအကဲတစ်ဦးသာဖြစ်နေသည်တဲ့လား။
“မင်းက သေခြင်းတရားကို ဖိတ်ခေါ်နေမှတော့လည်း…”
အသူရာဂိုဏ်းချုပ်သည် သူ၏ယခင်အကြိမ်များမှ ထွက်ပေါ်ခဲ့ဘူးသော ဒေါသများထက် ယခုအချိန်တွင် ပိုမိုပြင်းထန်သောဒေသများဖြင့် ပြည့်နှက်နေခဲ့လေသည်။
ယင်းသည် သူ၏တပည့်ကို ဆုံးရှုံးရခြင်းကြောင့်သာမက သူသည် ကြာမြင့်စွာ ကတည်းက သူ၏ အတွင်းစိတ်အတွင်း နက်နက်ရှိုင်းရှိုင်းခံစားနေခဲ့ရသော သူ၏ ဖခင်ကို ဆုံးရှုံးခဲ့ရခြင်း၏ ဒေါသများလည်းပါဝင်နေလေသည်။
ယခုအကြိမ်တွင်မူ ထိုဒေါသများ၏ ပစ်မှတ်မှာ ၎င်းရှေ့တွင် ရှိနေခဲ့ပြီ ဖြစ်လေသည်။ ထိုပစ်မှတ်မှာ အခြားမဟုတ် အာရန်ပင် ဖြစ်သည်။
အသူရာဂိုဏ်းချုပ်၏ ဒေါသသည် မည်သူမျှ ခံနိုင်ရည်ရှိသော အရာ မဟုတ်ခဲ့ပါ။
ကောင်းကင်ပင် အနီရောင်အဖြစ် အရောင်ပြောင်းသွားခဲ့ပြီး ဖြစ်လေသည်။
ထိုအချိန်တွင် ကောင်းကင်မှ ဧရာမ လက်ဖဝါးကြီးတစ်ခုမှာ တိုက်ရိုက် ကျဆင်း လာခဲ့လေသည်။
ယင်းသည် အာရန်ကိုချေမှုန်းရန်အတွက် ကျဆင်းလာခဲ့ခြင်း လည်းဖြစ်လေသည်။
ဖီးနစ်ငှက်သည် ခမ်းနားထည်ဝါသောအသံဖြင့် တစ်ချက် အော်ဟစ်လိုက်ပြီး သူမ၏ အတောင်များမှာ မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာကာ ထိုမီးတောက်များဖြင့် ကျဆင်းလာသောလက်ကြီးအား ပြန်လည်ပစ်ခတ် တိုက်ခိုက်လေတော့သည်။
ဖီးနစ်ငှက်၏ မီးတောက်များမှာ ဧရာမ လက်ဖဝါးကြီးကို ဝါးမျိုနိုင်ခဲ့သဖြင့် ထိုဖြစ်ရပ်မှာ အသူရာဂိုဏ်းချုပ်ကို အလွန်အံ့အားသင့်စေခဲ့လေသည်။
“ ဒါဆို ဒီငှက်စုတ်လေးက မင်းကိုပြန်တိုက်ရဲတဲ့ သတ္တိတွေပေးနေတာပေ့ါလေ ကောင်းပြီလေ ဒီတော့လည်း ငါက အဲ့ငှက်ကို အရင် သတ်ပေးရမှာပေ့ါ”
အသူရာဂိုဏ်းချုပ်သည် ဖီးနစ်ငှက်ဆီသို့ သူ၏ အာရုံကို ပြောင်းလိုက်သည်။
သူသည် ဤလူမှာ အဘယ်ကြောင့် သူ့ရှေ့တွင် ဤမျှ ရဲရင့်နေလဲဆိုသည်ကို တွေးတောနေခဲ့လေသည်။
သို့သော် ယခု သူသည် ယင်းမှာ ဒဏ္ဍာရီလာ သားရဲတစ်ကောင်၏ အကူအညီကို ရရှိထားခြင်းကြောင့်သာ ဖြစ်ကြောင်းကို နားလည်သွားခဲ့လေသည်။
အသူရာဂိုဏ်းချုပ်သည် ဖမ်းမိရန် ခက်ခဲသော အရှိန်ဖြင့် ဖီးနစ်ငှက်ဆီသို့ ပျံသန်းသွားလိုက်လေသည်။
ဖီးနစ်ငှက်သည် သူမ၏ မီးတောက်များကို ထပ်မံ၍ အသုံးပြုခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ အသူရာဂိုဏ်းချုပ်က တိုက်ရိုက် ပြန်လည်၍ တိုက်ခိုက်လိုက်လေသည်။
သူ၏ လက်ဝှေ့ယမ်းမှုလေးတစ်ခုဖြင့်ပင် သူသည် သူ့ဆီသို့ ရောက်လာသော ထိုမီးတောက်များအားလုံးကို ဖယ်ရှားပစ်ခဲ့လေသည်။
“ဒီ ဖီးနစ်သာ အပြည့်အဝဖွင့်ဖြိုးပြီးသား ဒဏ္ဍာရီလာသားရဲတစ်ကောင် ဖြစ်နေခဲ့မယ်ဆိုရင်တော့ ရလာဒ်တွေ ကွဲပြားသွားလိမ့်မယ် ဒါပေမယ့် ခုလို ကလေးသာသာအဆင့်လေးနဲ့တော့ ငါ့ကို နောက်တစ်ကြိမ်ထပ်ပြီး တားဆီးနိုင်လိမ့်မယ်လို့ မင်း တကယ် ထင်နေခဲ့တာလား”
အသူရာဂိုဏ်းချုပ်သည် တစ်စုံတစ်ယောက်ကို ကာကွယ်နေဟန်ဖြင့် မြေပြင်ပေါ်တွင် ရှိနေဆဲဖြစ်သော ဖီးနစ်ငှက်ဆီသို့ ရောက်ရှိသွားလေသည်။ ဖီးနစ်ငှက်သည် ပျံသန်း၍ထွက်မသွားခဲ့ပါ။
“မင်းရဲ့ ခုလိုသေဆုံးမှုအတွက် မင်းရဲ့ မိုက်မဲတဲ့ သခင်ကိုပဲ အပြစ်တင်နိုင်မယ်” သူသည် တစ်စုံတစ်ယောက်ကြောင့် မြေပြင်ပေါ်တွင်သာ ရှိနေဆဲဖြစ်သော ဖီးနစ်ငှက်၏ ရှေ့ တည့်တည့်တွင် ပေါ်လာခဲ့ကာ သူ့လက်နှစ်ဖက်ဖြင့် ထိုဖီးနစ်ငှက်၏ ပါးစပ်ပေါက်ကိုပိတ်ပစ်လိုက်လေသည်။
အသူရာဂိုဏ်းချုပ်သည် ဖီးနစ်ငှက်၏ ဦးခေါင်းခွံကို ကြိတ်ချေမည်ပြုတော့မည့် အချိန်တွင် သူ၏နောက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“သူမက မင်းကို မတားဆီးနိုင်ဘူးဆိုတာနဲ့ သူမရဲ့ သခင်ကကော မတားနိုင်တော့ဘူးလို့ မင်းထင်နေတာလား”
အသူရာဂိုဏ်းချုပ်သည် သူရုတ်တရက် ပြန်မတုံ့ပြန်နိုင်ခင်မှာပင် တစ်စုံတစ်ယောက်က သူ၏ လည်ပင်းကို ဆုပ်ကိုင်ထားလိုက်လေသည်။
အသူရာဂိုဏ်းချုပ်သည် ရုတ်တရက်တုန်လှုပ်ခြောက်ခြား သွာမိလေသည်။
ထိုသို့ဆုပ်ကိုင်ထားမှု၏ နောက်တွင် သူ၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသည့် အလွန်ကြီးမားသောအင်အားတစ်ခုပါဝင်နေသည်ကို သတိထားမိလိုက်လေသည်။
အသူရာဂိုဏ်းချုပ်သည် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။
အချွန်ထက်ဆုံး ဓားတစ်ချောင်းပင် သူ၏ အကာအကွယ်လွှာကို မချိုးဖောက်နိုင်ပါ။
သူသည် မီးတောင်တစ်ခုထဲသို့ ပစ်ချခံခဲ့ရလျှင်ပင် ၎င်းဆီမှ ဘေးကင်းစွာ ပြန်လည်ထွက်ခွာနိုင်ဆဲ ဖြစ်သည်။
တောင်ကြီးတစ်ခုလုံး သူ့ခန္ဓာကိုယ်ပေါ်သို့ ဖိချခံခဲ့ရလျှင်ပင် သူသည် သူ့ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ အသက်ရှင်လွတ်မြောက်နိုင်ဆဲ ဖြစ်လေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် နာကျင်မှု၏ အရသာကို ခံစားလိုက်ရလေသည်။
သူသည် သူ၏ မချိုးဖျက်နိုင်သော အသူရာကိုယ်ခံအားကျင့်စဉ်ကို ကျွမ်းကျင်သွား ပြီးကတည်းက မခံစားခဲ့ရသော နာကျင်မှုဝေဒနာကို ပြန်လည်ခံစားလိုက်ရသဖြင့် တုန်လှုပ်ခြောက်ခြားသွားမိလေသည်။
ဤသို့ တုန်လှုပ်သွားမှုကြောင့် ဖီးနစ်ငှက်၏ လည်ပင်းပတ်လည်ရှိ သူ၏ ဆုပ်ကိုင်ထားမှုမှယ အားပျော့သွားရလေသည်။
ထိုအချိန်တွင်ပင် သူသည် နောက်သို့ ဆောင့်ဆွဲခြင်းကိုခံခဲ့ရလေသည်။
အသူရာဂိုဏ်းချုပ်သည် မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် သူ၏မျက်နှာသည် မြို့တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သော ခွန်အားဖြင့် ကြမ်းပြင်ပေါ်သို့ ရိုက်ခတ်ခံလိုက်ရလေသည်။
“ငါ့မှာ ငါးမိနစ်သာအချိန်ရတဲ့အတွက် ငါက ဒါကို အပြည့်အဝ အသုံးချရလိမ့်မယ်”
အာရန်သည်သူ၏ အမြင်အာရုံ ထောင့်ဘက်တွင် အကြောင်းကြားချက်တစ်ခု ပေါ်ပေါက်နေခဲ့သည်။
[ခွန်အားမြင့်လည်ဆွဲ]
[ကျန်ရှိသောအသုံးပြုနိုင်မှု : ၁ ကြိမ်]
“အသူရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်က လူကိုယ်တိုင်ဒီကိုရောက်လာလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ခဲ့ဘူး အနည်းဆုံး ဒီလောက်မြန်မြန်တော့ မဟုတ်ဘူးလေ ဒါပေမယ့် မင်းက အမှားသုံးခု လုပ်ခဲ့တယ်…..”
“မင်းရဲ့ ပထမဆုံး အမှားက”
အာရန်သည် သူ၏လက်ကို မြှောက်ကာ အသူရာဂိုဏ်းချုပ်၏ ဦးခေါင်းကို ကြမ်းပြင်ပေါ်သို့ ထိုးချလိုက်လေသည်။
ဘုန်း………
“ဒီကို လာခဲ့တာပဲ”
“မင်းရဲ့ ဒုတိယမြောက် အမှားက...”
ဘုန်း………
“ငါ့ရဲ့ ချစ်စရာ ငှက်ကလေးကို ထိခိုက်ဖို့ ကြိုးစားမိခဲ့တာပဲ”
ဘုန်း………
“ပြီးတော့ မင်းရဲ့ တတိယမြောက် အမှားက”
“ငါ့ကို ဒီလိုရှက်စရာကောင်းတဲ့ ဖန်တရာတေစကားတွေ ငါဆိုလိုတာက သေခြင်းကို ဖိတ်ခေါ်တဲ့ ဒီလိုစကားလုံးအစုတ်ပလုပ်တွေ ဘယ်သူက ပြောခိုင်းနေလို့လဲ မင်းက မင်းကိုယ်မင်း အရှေ့တိုင်းက စိတ်ကူးယဉ် ရှန်းရှဝတ္ထုတစ်ခုထဲကို ရောက်နေတယ်များ ထင်နေတာလား”
ဘုန်း……….
အာရန်သည် အသူရာဂိုဏ်းချုပ်၏ ဦးခေါင်းခွံကို ထပ်မံ၍ ထိုးနှက်နေခဲ့လေသည်။
မချိုးဖျက်နိုင်သော အသူရာကိုယ်ခံအားကျင့်စဉ်နှင့်ပင် အသူရာဂိုဏ်းချုပ်သည် သွေးများ အလွန်အကျွံ စီးကျလာလေတော့သည်။
“ နေပါဦး တကယ်တော့ မင်းလည်း အရှေ့တိုင်းက စိတ်ကူးယဉ်ဝတ္ထုတစ်ခုထဲ မှာရှိနေတာပဲဟာ အဟွတ်… အဲဒီနောက်ဆုံး စကားကိုတော့ မေ့လိုက်ပါ မင်းရဲ့ တတိယမြောက် အမှားက ငါ့ကို ခြိမ်းခြောက်တာ ဒါမှမဟုတ် တစ်ခုခုလို့ပဲသတ်မှတ်လိုက်ပေ့ါ…”
“ပြီးတော့အရေးကြီးတာက ဆရာတစ်ဦးက သူ့တပည့်အတွက် လက်စားချေဖို့ ကြိုးစားနေတဲ့အချိန် သူရဲကောင်းဆန်တဲ့ အခိုက်အတန့်လေးကိုမှာ မင်းက ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားမိတာဆိုတော့ ဒါကလဲ လုံလောက်တဲ့ ပြစ်မှုတစ်ခုပါပဲ”
အသူရာဂိုဏ်းချုပ်က ယခုဖြစ်ရပ်ကို မယုံကြည်နိုင်သေးပါ။
သူသည် အသူရာဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး ဖြစ်ပြီး သူသည် ယခုမူ သဲအိတ်တစ်အိတ်ကဲ့သို့ ဆက်ဆံခံနေရသည်တဲ့လား။
“အား….. မင်းက စစ်သည်တော်တစ်ဦးကို သတ်နိုင်တယ် ဒါပေမယ့် စော်ကားလို့ တော့မရဘူး”
အသူရာဂိုဏ်းချုပ်သည် သူ့ခန္ဓာကိုယ်ကို ပြန်လည်ထူမတ်နိုင်ရန် သူ၏ ကျန်ရှိသည့် ခွန်အားအားလုံးကို အသုံးပြုလိုက်လေသည်။
သို့သော်…
ဖြန်း……
သူသည် ပြန်လည်ထရပ်နိုင်တော့မည့်အချိန်တွင် သူ၏ လက်နှစ်ဖက်အား ရောက်ရှိလာသော လက်ဝါးရိုက်ချက်တစ်ခုကြောင့် သူသည်ထိုအခွင့်အရေးကိုလည်း ဆုံးရှုံးလိုက်ရလေတော့သည်။
#Catfoot