← Chapters

အဲ့ဒီတော့ဘာဖြစ်လဲ

Vol. 6 Ch. 71

အဲ့ဒီတော့ဘာဖြစ်လဲ

Vol. 6 Ch. 71

“မင်းရဲ့ တပည့်က ငါ့တပည့်ကို သတ်ဖို့ ကြိုးစားခဲ့တယ်”

ဘုန်…….

“မင်းရဲ့ သားလည်း အတူတူပဲ ငါက သူတို့ကို ဒီအတိုင်း သင်ခန်းစာလေး နဲနဲလောက်ပေးပြီး ထွက်သွားတော့မလို့ကို မင်းသာ ရောက်မလာခဲ့ရင် ငါက ခုချိန် ငါ့လမ်းကြောင်းမှာ ငါပြန်ရောက်

နေလောက်ပြီ”

ဘုန်…….

“မင်းကြောင့် ငါ နောက်ကျနေခဲ့ရတာ ငါ့အချိန်တွေက ဘယ်လောက်အထိ တန်ဖိုးရှိလဲဆိုတာကိုကော မင်းသိရဲ့လား”

ဘုန်…….

“အဲဒီအပြင် မင်းက ငါ့ချစ်စရာ အိမ်မွေးတိရစ္ဆာန်လေးကိုလည်း သတ်ဖို့ ကြိုးစားခဲ့သေးတယ်”

ဘုန်…….

“ငါ့တပည့်ရှေ့မှာ ဟန်ဆောင်ရတာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာကိုကော မင်းသိရဲ့လား”

ဘုန်…….

“အဲဒီစနစ်စုတ်ရဲ့ ရွေးချယ်ခိုင်းတာတွေကို လိုက်ဖြည့်ဆည်းပေးရတဲ့အတွက် ငါ့ရဲ့ နာကျင်မှုတွေကိုကော မင်း နားလည်နိုင်ရဲ့လား”

ဘုန်…….

“ငါက အမှိုက်စာအုပ်မို့ အမှိုက်စာအုပ်လို့ ခေါ်ခဲ့တာ ဘာဖြစ်လဲ အဲဒါလေးကိုပဲ ဒီလောက် စော်ကားခံရဖို့ လိုအပ်လို့လား ငါ့ကို ဒီထိတောင် ဆွဲခေါ်လာခဲ့ရသလား”

ဘုန်…….

“ငါက ဒီကို ဆွဲခေါ်မခံရခင်က ငါကင့ါအလုပ်မှာ ရာထူးတိုးဖို့လည်း ရှိနေခဲ့တာ အခု ငါက လစာမရတဲ့ ခွင့်ယူထားခဲ့ရတယ် ငါမှာ ဘယ်လောက်တောင် ဆုံးရှုံးမှုတွေများခဲ့သလဲ ဆိုတာကိုကော မင်း သိရဲ့လား”

ဘုန်…….

“ငါ့ရဲ့ ပျက်ရက်မရှိတဲ့စံချိန်ကို ချိုးဖျက်ခဲ့ရတာ ဘယ်လို ခံစားခဲ့ရလဲ ဆိုတာကိုကော မင်းသိရဲ့လား”

ဘုန်…….

“လွန်ခဲ့တဲ့ သုံးနှစ်က...”

အာရန်သည် သူ၏စိတ်ထဲမှ စိတ်ပျက်စရာများအားလုံးကို ဖွင့်ထုတ်လိုက်ရင်း အသူရာဂိုဏ်းချုပ်၏ ဦးခေါင်းကို ဆက်တိုက်ပင် ထိုးကြိတ်ရိုက်နှက် နေလေတော့သည်။

ယင်းသည် ဤကမ္ဘာနှင့် သက်ဆိုင်သော အရာများမှ စတင်ကာ ပြောရင်းပြောရင်း ဖြင့် မကြာခင်တွင် ဤကမ္ဘာနှင့်လုံးဝ မသက်ဆိုင်သော အရင်ကမ္ဘာမှ အကြောင်းအရာများ အထိပါ ရောက်ရှိသွားလေသည်။

အသူရာဂိုဏ်းချုပ်သည် အာရန် ပြောနေသော အရာများ၏ တစ်ဝက်ကိုပင် နားမလည်နိုင်ခဲ့ပါ။

သူက နားလည်နိုင်ခဲ့လျှင်ပင် သူသည် နောက်ထပ်သွေးတစ်လုတ် ထပ်မံ အန်ထွက်ရုံသာရှိလိမ့်မည်ဖြစ်သည်။

“လွန်ခဲ့တဲ့ သုံးနှစ်က မင်းဖာ့မင်းလက်ကမြင်းပြီး မင်းဖုန်း ပြုတ်ကျတာလေ အဲ့မှာမှန်လဲရလို့ ငွေအမြောက်အမြား သုံးခဲ့ရတာ ငါနဲ့ ဘာဆိုင်လို့လဲ မင်းက အဲဒီအတွက် ငါ့ကို ဘာလို့ ရိုက်နေတာလဲ” ဟု ပြန်လည်မေးမိလိမ့်မည်ဖြစ်သည်။

သူသည် အလွန်အကျွံ အရိုက်နှက်ခံခဲ့ရသောကြောင့် သူ၏ အသူရာကိုယ်ခံအား ကျင့်စဉ်နှင့်ပင် အလွန် နာကျင်နေခဲ့လေသည်။

သူသည် နောက်ထပ်တောင့်မခံ နိုင်တော့ဘဲ သတိလစ်သွားခဲ့လေသည်။

သူ၏မျက်နှာကိုပင် သူပြန်မှတ်မိနိုင်တော့မည် မဟုတ်ပါ။

အာရန်သည် အသူရာဂိုဏ်းချုပ်၏ သတိလစ်နေသော အခြေအနေကို မြင်သောအခါ အံ့အားသင့်သွား၍ ထိုနေရာတွင်ပင် ရပ်လိုက်မိလေသည်။

“မင်းက ငါ့ရဲ့ နာကျင်မှုကို ကြားရုံနဲ့တင် သတိလစ်သွားတာလား ငါခံစားခဲ့ရတဲ့ အခြေအနေကို မင်းစဉ်းစားကြည့်ပါဦး”

ဘုန်…….

“အ-ဖေ...”

လူငယ်တစ်ဦးသည် အပြင်ဘက်မှထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် ကြောက်လန့်တုန်လှုပ်စွာဖြင့် ပြတင်းပေါက်များအနီးတွင် ရပ်နေခဲ့လေသည်။

သူသည် အိမ်ရှေ့မင်းသား သေဆုံးသည်ကို မြင်ခဲ့ရလေသည်။

မိစ္ဆာဂိုဏ်းမှ အကြီးအကဲတစ်ဦးသည် ဤမျှလောက် ရူးသွပ်လိမ့်မည်ဟု သူပင် မမျှော်လင့်မိခဲ့ပါ။

သူ့ဖခင် ရောက်လာသောအခါတွင်မူ အရာအားလုံးက ပြီးဆုံးသွားတော့မည်ဟု သူ တွေးခဲ့မိလေသည်။

သို့သော် သူ့ဖခင်မှာလည်း သူ့မျက်လုံးများရှေ့တွင်ပင် အရိုက်နှက်ခံနေရပြီမဟုတ်ပါလား…. ယင်းက မဖြစ်နိုင်စရာကိစ္စပင်ဖြစ်သည်။

အသူရာဂိုဏ်းချုပ်၏သား ယန်ကွမ်းသည် ကြောက်လန့်တုန်လှုပ်စွာဖြင့် ထိုနေရာတွင်ပင် ရပ်၍ ကြည့်နေမိလေသည်။

သို့သော် မကြာခင်တွင် သူသည် သတိလစ်လုမတတ် သာယာနာပျော်ဖွယ်ရှိလှသော အသံတစ်သံကိုကြာလိုက်ရလေသည်။

“ကျွန်မရဲ့ ယောင်္ကျားက တကယ့်ကို မယုံနိုင်စရာပဲ ဟုတ်တယ်မလား”

သူသည် နောက်သို့ လှည့်ကြည့်လိုက်သောအခါ တစ်နေရာတွင် ထိုဖြစ်ရပ်အား ရပ်၍ကြည့်နေသော အလွန်တရာလှပလွန်းသည့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရလေသည်။

သူမတွင် သူမ၏ မျက်နှာကို ဖုံးအုပ်ထားသော မျက်နှာဖုံးတစ်ခု ရှိမနေတော့ပါ။

ထို့ကြောင့် သူမ၏ ဆွဲဆောင်မှုရှိလွန်းသောအလှတရားများကို ဖုံးကွယ်ရန် မဖြစ်နိုင်တော့ပါ။

တစ်ချက်ကြည့်မိရုံဖြင့်ပင် လူငယ်လေးယန်ကွမ်းသည် ၎င်း၏ ပတ်ပတ်လည်မှ ကမ္ဘာတစ်ခုလုံးကိုပင် မေ့သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

သူ့ဖခင်က အရိုက်နှက်ခံနေရတာလား။ အဲ့ဒါ ဘာအရေးလဲ။

တစ်စုံတစ်ယောက်က သေဆုံးသွားတာလား။ အဲ့ဒါကော ဘာအရေးလဲ။

ခုအချိန် အရေးကြီးတာက သူ့ရှေ့က အမျိုးသမီး ပင် ဖြစ်လေသည်။

သူသည် သူမကို ချစ်မိသွားပြီဖြစ်သည်။ ယင်းသည် သာမန်အချစ်တစ်ခု မဟုတ်ခဲ့ပါ။

သူမက တောင်းဆိုမည်ဆိုပါက မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် ဆန္ဒရှိနေသော လုံးဝ ရူးသွပ်သည့်အဆင့် ကမ်းကုန်အောင် ချစ်ခြင်းမျိုးဖြစ်လေသည်။

“မင်းကို ကိုယ် ချစ်တယ် မင်းအတွက် ကိုယ် ဘာကိုမဆို လုပ်ပေးနိုင်တယ် ကျေးဇူးပြုပြီး ကိုယ့်ရဲ့ချစ်သူ ဖြစ်ပေးပါနော်”

“ရှင်က ကျွန်မကို တကယ် ချစ်တာလား”

“ကိုယ့် ဘဝထက်ကို ပိုချစ်တယ်”

“ဒါဆိုကျွန်မ တောင်းဆိုတဲ့အရာကို ရှင်တကယ်လုပ်ဆောင်နိုင်မှာလား”

ယန်ကွမ်းသည် ဗလာကျင်းနေသောမျက်လုံးများဖြင့် ခေါင်းညိတ်ပြလိုက်သည်။

သူသည် အသိစိတ်များလွတ်သွားပြီဖြစ်သည်။

သူသည် အရာရာကို ရှင်းလင်းစွာပင် မတွေးတောနိုင်တော့ပါ။

“ဒါဆို ခုပဲ ရှင့်ကိုယ်ရှင် သတ်သေလိုက်ပါ”

ရှုယင်သည် ယန်ကွမ်းကို ဓားမြှောင်တစ်ချောင်း ပေးလိုက်လေသည်။

လူငယ်လေး သည် အနည်းငယ်မျှပင် မတွန့်ဆုတ်ဘဲ သူ့ကိုယ်သူ ထိုဓားဖြင့်ပြန်လည် ထိုးစိုက်လိုက်လေသည်။

သူသည်ထိုသို့ထိုးစိုက်လိုက်သော်လည်း နာကျင်မှုကို မခံစားခဲ့ရပါ။

သူ၏ ရင်ဘတ်မှ သွေးများ စီးကျနေသော်လည်း သူ၏မျက်နှာတွင်မူ အပြုံးတစ်ခုသာ ရှိနေခဲ့လေသည်။

သူ၏ စိတ်ထဲတွင် သူ၏ရှေ့ရှိ အမျိုးသမီးအတွက် ချစ်ခြင်းမေတ္တာများဖြင့်သာ ပြည့်နှက်နေလေတော့သည်။

သွေးများ ဆုံးရှုံးမှုကြောင့် သူ၏အမြင်အာရုံမှာ တဖြည်းဖြည်းအားနည်းလာကာ သူသည် ရပ်တည်နိုင်စွမ်းပင် မရှိတော့ပါ။

ထို့နောက်သူသည် ဒူးထောက်ကျ သွားခဲ့လေသည်။

သူသည်သေဆုံးသွားချိန်ထိပင် ထိုနတ်သမီးနှင့်တူသော အမျိုးသမီးထံသို့ အကြည့်များပို့လွှတ်လျက်ရှိနေခဲ့လေသည်။

………………………………………………….

Xxxxxxxxx

ဘုန်း……….

အာရန်သည် ဂိုဏ်းချုပ်၏ ဦးခေါင်းကို အဆက်မပြတ်ထိုးနှက်နေမှုကြောင့် မြို့တော်မှာလည်း ဆက်တိုက်တုန်လှုပ်နေခဲ့လေသည်။

အာရန်၏ ခွန်အားသည် ဤလျှို့ဝှက်ဆန်းကြယ်သော ခွန်အားမြင့်လည်ဆွဲ ၏ အစွမ်းကြောင့် နဂိုရှိရင်းစွဲထက်အဆပေါင်းများစွာ ပိုမိုတိုးပွားနေခဲ့လေးသည်။

ထိုအချိန်တွင် ရှုယင်သည် အာရန်၏ နောက်တွင် ပေါ်လာခဲ့လေသည်။

သူမသည် ထိုဂိုဏ်းချုပ်မှာ သေဆုံးပြီးဖြစ်ကြောင်းကို သိနေခဲ့သည်။

ထိုအသူရာဂိုဏ်းချုပ်မှာ တုန်လှုပ်မှု၊ သွေးဆုံးရှုံးမှု သို့မဟုတ် ရှက်ရွံ့မှုတို့တွင် မည်သည့်အရာကြောင့် သေဆုံးသွားရသည်ကိုပင် သူမ သေခြာစွာမဝေခွဲတတ်တော့ပါ။

“သူသေသွားပြီထင်တယ်”

“သိတယ်”

ဘုန်း…..

အာရန်သည် ထိုဂိုဏ်းချုပ်၏ ဦးခေါင်းကို ထပ်မံ ထိုးနှက်လိုက်ပြန်သည်။

သူသည် အသူရာဂိုဏ်းချုပ်ကို အမှန်တကယ်သတ်နိုင်ခဲ့ကြောင်းကို ယခုအချိန်ထိ မယုံကြည်နိုင်ဖြစ်နေသေးသည်။

ခွန်အားမြင့်လည်ဆွဲသည် သူ၏ နားလည်နိုင်စွမ်းများအားလုံးကို အမှန်တကယ်ပင် ကျော်လွန်နေခဲ့လေသည်။

ယင်းသည် ဤကမ္ဘာတွင် မတည်ရှိသင့်သော ရတနာပစ္စည်းတစ်ခု ဖြစ်လေသည်။

သူသည် ဤ ခွန်အားမြင့်လည်ဆွဲဖြင့် အရှင်သခင်တစ်ယောက်ကို အနိုင်ယူနိုင်ပ့ါမလားဆိုသည်ကိုမူ မသေချာနေခဲ့ပါ။

သို့သော်ခွန်အားအရာသက်သက်၌မူ သူသည် ခွန်အားမြင့်လည်ဆွဲကို အသုံးပြုသောအခါ အရှင်သခင်အဆင့်၏ အကန့်အသတ်ကိုပင် ကျော်လွန်သွားနိုင်သည်ဟုလည်း ရေးတေးတေးတွေးမိလိုက်သည်။

ကံမကောင်းစွာဖြင့် အရှင်သခင်တစ်ဦးတွင် သူ့ကို သတ်ရန် နည်းလမ်းပေါင်း များစွာရှိနေလေသည်။

အကာအကွယ်လည်ဆွဲ မရှိပါဘဲ သူသည် မည်မျှခွန်အားကြီးမားလာသည်ဖြစ်ပါစေ များစွာလုပ်ဆောင်နိုင်မည်မဟုတ်ပါ။

အရှင်သခင်အဆင့်များသည် ဤအသူရာဂိုဏ်းချုပ်ကဲ့သို့ ရုပ်ပိုင်းဆိုင်ရာသက်သက် တိုက်ခိုက်မည့်သူများ မဟုတ်ကြပါ။

‘သူ သေဆုံးသွားပြီဆိုတာကို ငါသိနေတယ် သူကအထိုးခံရပြီး တစ်မိနစ်အကြာ မှာပဲသေဆုံးသွားခဲ့တယ် ဒါပေမယ့် သူက ငါ့ကို ခွန်အားမြင့်လည်ဆွဲ အသုံးပြုစေခဲ့တယ် အဲ့လိုဆိုတော့ နောက်ထပ်ကျန်တဲ့ လေးမိနစ်အတွက် ငါက ဘာလုပ်ရမှာလဲ’

အာရန်သည် သူက ခွန်အားမြင့်လည်ဆွဲအသုံးပြုမှုကြောင့် ကျန်ရှိနေသောအချိန် တစ်စက္ကန့်ကိုပင် မဖြုန်းတီးလိုသဖြင့် ယင်းသို့ ပြုလုပ်ခဲ့မိကြောင်းကို ရှုယင်ကို မရှင်းပြနိုင်ပါ။

ဤဒုတိယအကြိမ်မြောက် ခွန်အားမြင့်လည်ဆွဲ အသုံးပြုမှုကို အသက်သွင်းပြီး သောအခါ သူသည် အချိန်ငါးမိနစ် ရရှိခဲ့လေသည်။

သူသည် ဤပိုနေသော အချိန်လေးမိနစ်စာကို အနာဂတ်အတွက် ချန်ထား၍မရပါ။

ထို့ကြောင့် သူသည် အချိန်အချို့ကို ကုန်ဆုံးစေရန် ဤကဲ့သို့ ထပ်ပြန်တလဲလဲထိုးနှက်ခြင်းကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် သူသည် ဤအသူရာဂိုဏ်းချုပ်၏ ဦးခေါင်းခွံကို ကွဲကြေသွားစေရန် အချိန်မည်မျှကြာမည် ဆိုသည်ကိုလည်း ကြည့်ချင်နေခဲ့သေးသည်။

သို့သော် အံ့အားသင့်စရာပင် ဤဂိုဏ်းချုပ်၏ ဦးခေါင်းခွံသည် ယင်းသို့အကြိမ်ပေါင်းများစွာ ထိုးကြိတ်ပြီးသည့်အခါတွင်ပင် ကွဲကြေသွားခဲ့ခြင်းမရှိခဲ့ပါ။

သူသည် သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း သူ၏ အသူရာကိုယ်ခံအားကျင့်စဉ်သည် အမှန်တကယ်ပင်အစွမ်းထက်လွန်းနေခဲ့လေသည်။

“သူက ဘယ်လိုတွေတောင်လေ့ကျင့်ခဲ့ရသလဲ ဆိုတာငါသိချင်မိတယ် အဲဒီလိုမျိုး အစွမ်းတစ်ခုလောက် ပိုင်ဆိုင်ထားရရင် တကယ်ကောင်းလိမ့်မှာပဲ”

နောက်ဆုံးတွင် ခွန်အားမြင့်လည်ဆွဲ ၏ သတ်မှတ်ချိန်ငါးမိနစ်သည် ကုန်ဆုံးသွားခဲ့လေသည်။

ထိုလည်ဆွဲမှလာသော ခွန်အားများသည် အာရန်၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားကာ သူသည် စတင်၍ ပင်ပန်းနွမ်းနယ်မှုကို ခံစာလိုက်ရကာ ထိုင်ချလိုက်မိလေသည်။

သူသည် အသူရာဂိုဏ်းချုပ်ထံမှ လက်စွပ်ကို ချွတ်ယူလိုက်သည်။

သူသည် အနာဂတ်အတွက် မည်သည့် အစွမ်းမျိုးကိုမှ ထပ်မံရရှိနိုင်တော့မည်မဟုတ် လျှင်ပင် ဤလူတွင် ကြွယ်ဝချမ်းသာမှုများစွာ ကျန်ရှိနေလိမ့်ဦးမည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။

သူကဲ့သို့ ဆင်းရဲသော အကြီးအကဲ တစ်ဦးသည် ဤရှည်လျားသော ခရီးစဉ်အတွက် ကြွယ်ဝချမ်းသာမှုအချို့ကို အမှန်တကယ်ပင် လိုအပ်နေလေသည်။

လက်စွပ်ကို ယူပြီးနောက် အာရန်သည် လှည့်ထွက်သွားရန် ပြင်ဆင်လိုက်သည်။

“ဒီနေ့ပြီးရင် ရှင့်ရဲ့ ဂုဏ်သတင်းဟာ အကြီးအကဲကျန်း ထက် မနည်းတော့ဘူးလို့ ကျွန်မထင်တယ်မဟုတ်ဘူး ပိုတောင်ကျော်ချင်ကျော်သွားဦးမယ် ရှင်က အသူရာဂိုဏ်းချုပ်ကို သတ်ခဲ့တာလေ

ရှင့်နာမည်က မကြာခင် ဒီတိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွားလိမ့်မယ်”

#Catfoot

All Chapters