← Chapters

ရန် နစ်ခရိုလိုင်း...

Vol. 6 Ch. 72

ရန် နစ်ခရိုလိုင်း...

Vol. 6 Ch. 72

“ကိုယ်စောစောက အလွန်အကျွံ လုပ်မိသွားတယ်လို့ မင်း ထင်လား”

အာရန်သည် ဖီးနစ်ငှက်မှ တောင်တန်းများကို အနောက်တွင် ချစ်ထားရစ်ကာ အဝေးသို့ ပြန်သန်းသွားသောအချိန်တွင် ရှုယင်အား လှမ်းမေးလိုက်လေသည်။

“ရှင့်ပုံက နောင်တရနေတဲ့ပုံလဲမပေါ်ပါဘူး ရှင်ပြုံးနေတာ အတော်လေးကြာနေပြီလေ”

ရှုယင်သည် အာရန်ကို တစ်ချက်ပြုံးပြရင်း ပြောလိုက်သည်။

အာရန်သည် အသူရာဂိုဏ်းချုပ်ကို သတ်ပြီးကတည်းက အလွန် ပျော်ရွှင်နေကြောင်းကို သူမ မြင်နိုင်လေသည်။

ဤသည်မှာ လက်လွန်သွားသည်ဟု နောင်တရနေသော လူတစ်ယောက်၏ ပုံစံမျိုးမဟုတ်ပါ။

“ကိုယ်က ဒီလောက်တောင် သိသာလွန်းနေခဲ့တာလား”

အာရန်သည် အနည်းငယ် ရှက်ရွံ့သွားသဖြင့် သူ၏ ခေါင်းကိုပြန်လည် ကုတ်လိုက်သည်။

သူသည် ပျော်ရွှင်နေခဲ့မိသည်မှာ အမှန်ပင် ဖြစ်သည်။

စိတ်ပျက်မှုအချို့ကို ကြုံတွေ့ခဲ့ရသော်လည်းတန်သည်ဟုခံစားလိုက်ရသည်။

ထို့ပြင် သူ၏ ပျော်ရွှင်နေမှုမှာနောက်ထပ် အကြောင်းပြချက်တစ်ခုလည်းရှိသေးသည်။

ယင်းမှာ သူ၏ရှေ့တွင် မြင်နေရသော စနစ်မျက်နှာပြင်ကြောင့်လည်း ဖြစ်ပေသည်။

[တတိယမြောက် ရွေးချယ်မှုကို ပြီးမြောက်ပြီးသည့်အတွက် ဂုဏ်ယူပါသည်။]

ရှုယင်သည် အာရန်မှာ ခဏတာစိတ်လွတ်သွားသောကြောင့်သာထိုသို့ပြုမူခဲ့ခြင်း ဖြစ်သည်ဟု ရိုးရှင်းစွာတွေးခဲ့လေသည်။

ဤသည်မှာ အာရန်ထိုသို့ပြုမူရသည့် အကြောင်းအရင်းတစ်ခုမှန်သော်လည်း အဓိကထိုသို့ပြုမူမိသည့် အကြောင်းအရင်းမှာ ကိစ္စတစ်ခုသက်သက်ရှိလေသည်။

အသူရာဂိုဏ်းချုပ်က ထိုနေရာသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ရွေးချယ်မှုလေးခုသည် သူ့ရှေ့တွင် ထပ်မံပေါ်ပေါက်လာခဲ့သည်။

ဤရွေးချယ်မှုများ မရှိလျှင်ပင် သူသည် ထိုဂိုဏ်းချုပ်အား သတ်ပစ်ရလိမ့်မည် မှန်သော်လည်း ဤရွေးချယ်မှုများက သူ၏လုပ်ရပ်များအတွက် ပို၍ချိုမြိန်သော အကြောင်းပြချက်တစ်ခု ထပ်မံရသွားစေခဲ့သည်။

သူသည် အသူရာဂိုဏ်းချုပ်ကို သတ်ရန် ရွေးချယ်မှုကို သေချာပေါက် ရွေးချယ်ခဲ့မည်ဖြစ်သည်။

ယင်းသည် အကောင်းဆုံး ဆုလာဘ်ပါသော ရွေးချယ်မှုသာမက သူ မဖြစ်မနေလုပ်ဆောင်ရန်လိုအပ်သော အရာတစ်ခုလည်း ဖြစ်လေသည်။

အခြားရွေးချယ်မှုများ အားလုံးသည်အလွန် ရှက်ရွံ့ဖွယ် ကောင်းလွန်းနေခဲ့ လေသည်။

အခြားရွေးချယ်မှု၏ စကားလုံးများမှာ တောင်းပန်ခြင်း၊ အသူရာဂိုဏ်းချုပ်မှ သနားညှာတာပေးစေရန်အတွက် မျက်နှာချိုသွေး၍တောင်းပန်ရခြင်း သို့မဟုတ် သူ့အားခွင့်လွှတ်ပေးရန်အတွက် သူပိုင်သည့်အဖိုးတန်တစ်ခုအား စွန့်လွှတ်စေခြင်း တို့နှင့် သက်ဆိုင်ခဲ့သည်။

ထိုရွေးချယ်မှုများထဲတွင် မည်သည့်ရွေးချယ်မှုမျှ သူ့အတွက် အဓိပ္ပာယ်ရှိမနေခဲ့ပါ။

သူသည် ယောင်္ကျားတစ်ယောက် ဖြစ်သည်။

သူ၏ မိန်းကလေးဟုသတ်မှတ်၍ရသော ရှုယင်မှာလည်း သူ့အား စောင့်၍ ကြည့်နေသည့်အချိန်တွင်ဖြစ်သည်။

သူသည် မည်သည့် မျက်နှာနှင့် ထိုရွေးချယ်မှုများကို ပြုလုပ်နိုင်မည်နည်း။

ထို့ပြင် သူသည် ယခုအချိန်တွင် ကျိုးရန်မေ ၏ ဆရာတစ်ဦးလည်း ဖြစ်သွားပြီဖြစ်သည်။

ဤကိစ္စများကို သူ့တပည့်ကိုယ်စား အဆုံးသတ်ပေးရန်မှာ လည်း ဆရာတစ်ယောက်၏ တာဝန်ပင်မဟုတ်ပါလော။

[သင်သည် မွေးရာပါစွမ်းရည်တစ်ခုဖြစ်သော ‘ခွဲခြားသတ်မှတ်ခြင်း’ အစွမ်းအား ဆုအဖြစ်ချီးမြှင့်ခံခဲ့ရပါပြီ]

[ခွဲခြားသတ်မှတ်ခြင်းအစွမ်း သည် လူ သို့မဟုတ် ပစ္စည်းတိုင်း၏ အခြေအနေ ကို စစ်ဆေးရန် ခွင့်ပြုထားသည်။]

ဆုလာဘ်၏ ဖော်ပြချက်သည် ရိုးရှင်းနေခဲ့သော်လည်း ယင်းသည် အာရန်ကို အလွန် စိတ်လှုပ်ရှားသွားစေသော အရာတစ်ခု ဖြစ်လေသည်။

သူတွင် စနစ်တစ်ခု ရှိသော်လည်း ထိုစနစ်၏ လုပ်ဆောင်နိုင်သော အရာအများစုမှာ သူ့ကို ရွေးချယ်မှုများ ပေးခြင်းသာ ဖြစ်သည်။

သူတွင် အခြား စွမ်းရည်များ မရှိနေခဲ့ပါ။ သူသည် သူ၏ကိုယ်ပိုင် အချက်အလက်များကိုပင် စစ်ဆေး၍ မရနိုင်ခဲ့ပါ။

ဤ ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ဖြင့် သူသည်ပြဿနာများစွာကို ဖြေရှင်း နိုင်မည်ဖြစ်သည်။

ယခင်က သူသည် မည်သူ့ကို သတိထားရမည်ဆိုသည်ကို သိရှိရန် ယခင်စာအုပ်မှဖတ်ခဲ့ရသည့်အချက်အလက်များနှင့် သူ၏ ပင်ကိုယ်သိစိတ် အသိဉာဏ်အချက်အလက်များပေါ်တွင်သာ အားကိုးနိုင်ခဲ့လေသည်။

သို့သော် ဤကမ္ဘာတွင် သူ မသိသေးသော အန္တရာယ်များစွာ ရှိနေခဲ့လေသည်။

သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားသော ကျွမ်းကျင်ပညာရှင် မွန်းစတားပုဂ္ဂိုလ်ကြီးများမှာလည်း များစွာ ရှိနေနိုင်သေးသည်။

သို့သော် ဤစွမ်းရည်အသစ်ဖြင့်ဆို သူသည် ၎င်းတို့၏ အချက်အလက်များကို စစ်ဆေးကာ မည်သည့် အန္တရာယ်ကိုမဆို ရှောင်ရှားနိုင်မည်ဖြစ်သည်။

သူသည် ၎င်းတို့ကို ရှောင်ရှား၍ မရလျှင်ပင် သူသည် သင့်လျော်သော ပြင်ဆင်မှုများပြုလုပ်နိုင်မည်ဖြစ်သည်။

သူသည် သူ၏လက်ကို စိုက်ကြည့်ကာ သူ့ကိုယ်သူ စစ်ဆေးရန် ထိုအစွမ်းကို အသက်သွင်းလိုက်လေသည်။

“ခွဲခြားသတ်မှတ်ခြင်း”

သူသည် ထိုစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာပြင်တစ်ခု သူ့ရှေ့တွင် ပေါ်ပေါက်လာပြီး သူ၏ အချက်အလက်များစွာ ကိုဖော်ပြ ပေးနေခဲ့သည်။

……………………………………..

[အမည်: အာရန် (ရန် နစ်ခရိုလိုင်း)]

[အဆင့် : ၁]

[အချက်အလက် : မိစ္ဆာဂိုဏ်း ၏ အကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ]

[မျိုးဆက်သွေး: ဝါးမြိုသူ ၊ မသိ]

[အသက်: ၂၁]

[စရိုက်လက္ခဏာများ : တည်ငြိမ်]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား : ၂]

[သွက်လက်မှု : ၃]

[ခံနိုင်ရည် : ၅]

[ဉာဏ်ရည် : ၂၅]

[မန်နာ : ၅၀]

[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]

[သူရဲကောင်း အဆင့် : အဆင့်မသတ်မှတ်ထား]

[နတ်ဘုရားမ၏အကာအကွယ် : မရှိ]

[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : အကာအကွယ်လည်ဆွဲ ၊ ခွန်အားမြင့်လည်ဆွဲ]

[ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုသူ (တစ်ဝက်မှာ ချိတ်ပိတ်ထားပါသည်)]

…………………

ပထမစာကြောင်းမှ နောက်ဆုံးစာကြောင်းအထိဖတ်ကြည့်ပြီးသောအခါ အာရန်သည် အလွန်တုန်လှုပ်သွားခဲ့ရသည်။

သူသည် သူပိုင်ဆိုင်ထားသော ဤပုဂ္ဂိုလ် ၏အမည်မှာ ရန်ဖြစ်ကြောင်းကို သိနေခဲ့ပြီးဖြစ်သည်။

သို့သော် ဤလူ၏ အမည်အပြည့်အစုံကိုမူ မသိခဲ့ရပါ။

စာအုပ်တွင် ဤပုဂ္ဂိုလ်ကို အမြဲတမ်း အကြီးအကဲရန်ဟုသာ ဖော်ပြထားခဲ့ပြီး သူ၏ မျိုးရိုးအမည်အကြောင်းကိုပင် အသေးစိတ် မပြောပြခဲ့ပါ။

သို့သော် ခွဲခြားသတ်မှတ်ခြင်းစွမ်းရည်ဖြင့်မူ သူသည် ထိုသူ၏ မျိုးရိုးအမည်ကို သဲကွဲစွာ မြင်နိုင်ခဲ့ပြီဖြစ်သည်။

သူ၏ နာမည်အပြည့်အစုံမှာ ရန် နစ်ခရိုလိုင်း ပင်ဖြစ်သည်။

ယင်းထက် ပို၍ တုန်လှုပ်စရာကောင်းသည့်အချက်မှာ အချက်အလက်ခွဲခြားခြင်း ကဏ္ဍတွင်ဖြစ်သည်။

သူသည် မိစ္ဆာဂိုဏ်း၏ အကြီးအကဲတစ်ဦးဖြစ်သကဲ့သို့ သူရဲကောင်း အကယ်ဒမီ၏ သူလျှိုတစ်ဦးဖြစ်ကြောင်းကိုမူ သိရှိခဲ့ပြီးဖြစ်သည်။

သူသည် သူ၏စနစ်ကြောင့် ဝါးမြိုသူမျိုးဆက်သွေး၏ ပိုင်ရှင်ဖြစ်သွားပြီ ဖြစ်ကြောင်းကိုလည်း သိရှိပြီးဖြစ်သည်။

သို့သော် စတုတ္ထမြောက် အချက်ကမှာ…။

သူသည် မှားယွင်းဖတ်မိတာများလားဟုပင်တွေးလိုက်မိ၍ ပိုမိုသေချာစေရန် သူ၏မျက်လုံးများကိုပင်ပြန်လည် ပွတ်သပ်လိုက်သေးသည်။

သို့သော် ၎င်းသည် မျက်နှာပြင်ပေါ်တွင် အမှန်တကယ်ပင် ပြသနေခဲ့သည်။

‘နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူဆိုပါလား’

နစ်ခရိုမန်ဆာမျှော်စင်က ဘာကြီးလဲ။ ယင်းသည် အရှင်သခင်များထဲမှ တစ်ဦး ၏ အုပ်စိုးသောနယ်မြေဖြစ်သည်။

၎င်းသည် မြောက်ပိုင်းတိုက်ကြီး၏ အရှင်သခင် ဖြစ်ပြီး မိစ္ဆာဂိုဏ်းမှ အရှေ့ပိုင်းတိုက်ကြီး၏ အရှင်သခင်ဖြစ်သကဲ့သို့ပင် ဖြစ်သည်။

နစ်ခရိုမန်ဆာမျှော်စင်၏ မျှော်စင်သခင်သည် မည်သည့်နယ်မြေအဆင့်သတ်မှတ်ချက်တွင်မဆို အရှင်သခင်အဆင့် သတ်မှတ်ချက်များတွင် ထိပ်ဆုံးနီးပါးအဆင့်တွင် အမြဲတစေ သတ်မှတ်ခံထားရသူဖြစ်လေသည်။

သူ၏ အင်အား တစ်ခုတည်းဖြင့်ပင် ဤနယ်မြေများအားလုံးကို လုံး၀ပရမ်းပတာ ဖြစ်ရပ်များ ဖြစ်သွားစေရန် လုံလောက်လေသည်။

ထိုစဉ် သူမှာ ထို နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူတဲ့လား။ ဒါကြီးကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

အကြီးအကဲရန်သည် ဒီလောက်ထူးခြားတဲ့ နောက်ခံမျိုးကိုပိုင်ဆိုင်ထားပြီး ဘယ်လို လုပ် သူရဲကောင်း အကယ်ဒမီရဲ့ စပိုင်အဖြစ်နဲ့ အဆုံးသတ်သွားရတာလဲ။

ထိုကဲ့သို့ နောက်ခံရှိသည့် ဇာတ်ကောင်မျိုးသည် သူဖတ်ခဲ့သော ၀တ္ထုတွင် ဤမျှ သနားစရာကောင်း လောက်အောင် အားနည်းလွန်းနေခဲ့ပြီး အရေးမပါသော ဇာတ်ကောင်တစ်ဦးအဖြစ်အဘယ်ကြောင့် ပုံဖော်ထားခြင်းခံခဲ့ရသနည်း။

နောက်ထပ် အံ့အားသင့်စရာ စာကြောင်းတစ်ခုလည်းထပ်မံရှိနေသေးသည်။

သူတွင် ဝါးမျိုသူမျိုးဆက်သွေးတစ်ခုရှိနေသည့်အပြင် အခြားမသိရသေးသော မျိုးဆက်သွေးတစ်ခုလည်း သူ့တွင်ရှိနေကြောင်းကို ပြသထားလေသည်။

ယင်းသည် နစ်ခရိုမန်ဆာမျှော်စင်နှင့် သက်ဆိုင်သော မျိုးဆက်သွေး တစ်ခုများလား။ သူသည်၎င်းကို မသေခြာနေခဲ့ပါ။

ပထမစာကြောင်းအနည်းငယ်မှာ သူ့ကို တုန်လှုပ်သွားစေသည်ဆိုလျှင်ပင် နောက်စာကြောင်းအနည်းငယ်မှာမူ သူ့ကို ပြန်လည်စိတ်ပျက်သွားစေရန် လုံလောက်နေခဲ့လေသည်။

သူ၏ ခွန်အား၊ သွက်လက်မှုနှင့် အခြားအချက်အလက်များအားလုံးမှာမူ ရယ်စရာကောင်းလောက်အောင်ပင် သာမန်မျှသာ ဖြစ်လေသည်။

ဤကမ္ဘာရှိ သာမန်သေမျိုးလူတစ်ဦးပင်လျှင် ခွန်အားအရာ၌ အမှတ် သုံးမှတ် ရှိနေခဲ့ကြလေသည်။

တစ်ချိန်တည်းတွင် သူ့ခွန်အားမှာမူ အမှတ် နှစ်မှတ်သာ ရှိခဲ့သည်တဲ့လား။

သူသည် စာအုပ်က ယင်းအကြောင်းကို တစ်ခုခု ဖော်ပြခဲ့ကြောင်းကို မှတ်မိနေသေးသည်။

အဓိကဇာတ်လိုက်သည် သူ၏ အချက်အလက်များပြသသည့် မျက်နှာပြင်ကို ပထမဦးဆုံးအကြိမ် ဖွင့်ခဲ့စဉ်အခါက သူသည် မည်သည့် ကျင့်ကြံခြင်း အဆင့်မျှမရှိသော သာမန်လူတစ်ဦးသာ ဖြစ်နေခဲ့လေသည်။

သို့သော် သူတွင် ခွန်အားအရာ၌မူ အမှတ် ဆယ်မှတ်အထိ ရှိနေခဲ့လေသည်။

သို့သော် မိမိတွင်မူ အမှတ် နှစ်မှတ် သာရှိနေခဲ့လေသည်။

အာရန်သည် သူ့တွင် တစ်ခုခု ပြဿနာရှိနေခဲ့၍ဖြစ်မည်ဟု တွေးနေမိခဲ့သည်။

သူသည် အကြီးအကဲရန်၏ အစစ်အမှန် ခွန်အားကို အသုံးပြု၍ မရနိုင်သည်မှာ သူ၏ မှတ်ဉာဏ်များပျောက်ဆုံးနေ၍ ဖြစ်မည်ဟု တွေးခဲ့မိခြင်းဖြစ်သည်။

သို့သော် ယခုအမှတ်များသည် သူ၏ အစစ်အမှန်ခွန်အားတဲ့လား။

အကြီးအကဲ ရန်သည် အမှန်တကယ်ပင် ဤမျှအထိ အားနည်းလွန်းနေရသလာ။

သို့မဟုတ် ယခုလိုဖြစ်စဉ်အအတွက် အခြား အကြောင်းပြချက်တစ်ခုခုများ ရှိနေသေး၍လား။

ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်ခံထားရလျှင်ပင် သူ၏ခွန်အားအချက်အလက် များမှာ အဘယ်ကြောင့်ဤမျှ ဆိုးရွားလွန်းနေခဲ့ရသနည်း။

လူတစ်ယောက်သည် ကျင့်ကြံခြင်းအဆင့်မြင့်မားလာသည်နှင့်အမျှ ၎င်း၏ ခန္ဓာကိုယ်သည် ကောင်းကင်စွမ်းအားများဖြင့် အဆက်မပြတ် တိုးပွားလာမည် ဖြစ်လေသည်။

၎င်းသည် အရိုးများနှင့် ကြွက်သားများကိုသာမက အဓိက ခွန်အားကိုလည်း သက်ရောက်မှုရှိစေမည်ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်ကို ချိတ်ပိတ်ထားလျှင်ပင် အစွမ်းများတိုက်ခိုက်နည်းများကို အသုံးပြုခြင်းမှ ရပ်တန့်ထားနိုင်သော်လည်း အခြေခံခွန်အားအချက်အလက်များ မှာ ဤမျှဆိုးရွားနေစရာအကြောင်းမရှိပါချေ။

အထူးသဖြင့် ဤအကြီးအကဲရန် ဇာတ်ကောင်နှင့်ပတ်သက်လာလျှင် သူ့အတွက် အဓိပ္ပာယ်မရှိသော အရာများစွာ ရှိနေခဲ့သည်။

#Catfoot

All Chapters