← Chapters

အချစ်ရဲ့နေ့လေးတစ်နေ့

Vol. 6 Ch. 73

အချစ်ရဲ့နေ့လေးတစ်နေ့

Vol. 6 Ch. 73

“ယင်အာရေ နစ်ခရိုမန်ဆာ မျှော်စင်နဲ့ သူ့ရဲ့ ခေါင်းဆောင်အကြောင်းကို မင်း ဘယ်လောက်ထိ သိထားလဲ”

အာရန်သည် သူယခုပိုင်ဆိုင်ထားသော ဤခန္ဓာကိုယ်ပိုင်ရှင်၏ အချက်အလက်များ အကြောင်းကို အမှန်တကယ်ပင် ပိုမိုစူးစမ်းလိုနေခဲ့သည်။

ယခုအချိန်တွင်မူ သူသည် မူရင်းဝတ္ထုကို အဆုံးထိ မဖတ်ခဲ့မိသည့်အတွက် ပြန်လည်နောင်တရနေမိပြီဖြစ်သည်။

အခြားတိုက်ကြီးများအကြောင်း သူ၏ သိရှိထားမှုမှာ အလွန်ပင်နဲပါးလွန်းလှပေသည်။

နစ်ခရိုမန်ဆာမျှော်စင်အကြောင်း ကို သူဖတ်ခဲ့သော ထိုဝတ္ထုတွင် အကြိမ်များစွာ ဖော်ပြခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်းမရှိပါချေ။

နစ်ခရိုမန်ဆာ မျှော်စင်အကြောင်း သူထားသိသော အရာမှာ ၎င်းမျှော်စင် အရှင်သခင်၏ ဂုဏ်ပုပ်နှင့် ၎င်း၏ သေခြင်းနှင့်ပတ်သတ်သည့် မှော်အစွမ်းများကို အသုံးပြုနိုင်သည်ဟူသော အချက်ကိုသာ ဖြစ်လေသည်။

၎င်းမြောက်ပိုင်း တိုက်ကြီးကို မှော်ပညာများထွန်းကားရာဒေသဟုလည်း ခေါ်ဆိုကြလေသည်။

“ရှင်က အဲဒီက မှော်ဆရာတွေအကြောင်းကို စိတ်ဝင်စားမိသွားလို့လား”

“မင်းရဲ့ ရန်သူအကြောင်းတွေကို ပိုသိထားတာက အကောင်းဆုံးပဲမဟုတ်လား” အာရန်သည် ရှုယင်၏ ပြန်လည်မေးသော မေးခွန်းကို ဝန်ခံလိုက်လေသည်။

တစ်ချိန်တည်းတွင် သူသည် ရှုယင်အကြောင်းကိုလည်း ပို၍ လေ့လာရန် သူ၏ “ခွဲခြားသတ်မှတ်ခြင်း” စွမ်းရည်ကို သူမအပေါ် ၌ အသုံးပြုလိုက်လေသည်။

“နစ်ခရိုမန်ဆာ မျှော်စင်ဆိုတာ တကယ်တော့ ရူးသွပ်နေတဲ့လူတွေနဲ့ ပြည့်နှက်နေတဲ့နေရာတစ်ခုပဲ”

ရှုယင်သည် အာရန်၏အမေးကို ပြန်ပြောလိုက်သည်။

“သူတို့က သေခြင်းမှော်အတတ် တွေကို အသုံးပြုကြတဲ့အတွက် ရူးသွပ်တယ်လို့ပြောချင်တာလား”

အာရန်သည် ရှုယင်၏ အချက်အလက် မျက်နှာပြင်ကို ကြည့်ရင်း ပြန်လည်မေးလိုက်လေသည်။

..................

[အမည်: ရှုယင်]

[အဆင့်: ၅၀]

[အချက်အလက် : မိစ္ဆာဂိုဏ်း၏ မဟာအကြီးအကဲ]

[မျိုးဆက်သွေး : မရှိ]

[အသက်: ၃၃]

[စရိုက်လက္ခဏာများ : အကြီးအကဲရန်အား ရူးသွပ်စွာ ချစ်မြတ်နိုးနေခြင်း]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား: ၆၅၂]

[သွက်လက်မှု: ၉၃၃]

[ခံနိုင်ရည်: ၉၉၅]

[ဉာဏ်ရည်: ၁၃]

[မန်နာ : ၀]

[ကျင့်ကြံခြင်းအဆင့်: ကမ္ဘာမြေအဆင့်၏ အထွတ်အထိပ်]

[သူရဲကောင်း အဆင့်: မရှိ]

[နတ်ဘုရားမ၏ ကာကွယ်မှု : မရှိ]

[ပိုင်ဆိုင်သော ထူးခြားသည့် ပစ္စည်းများ : နတ်သမီးတောင်၏ မျက်နှာဖုံး]

[အပြင်းထန်ဆုံး ကျွမ်းကျင်မှုများ : စွမ်းအားမြင့်ဓား ၊ သွေးဆောင်ခြင်းဓား၊ ဆွဲဆောင်ဖြားယောင်းမှု]

....

သူမ၏ အချက်အလက်များကို ကြည့်ခြင်းဖြင့် သူသည် သူ၏ အချက်အလက်များ မှာ မည်မျဘယ်လောက် သနားစရာကောင်းနေသည် ဆိုခြင်းကို မြင်နိုင်ခဲ့လေသည်။

သူမ၏ အချက်အလက်များမှာ ဤမျှ မြင့်မားနေသည်ကိုကြည့်ခြင်းဖြင့် အသူရာဂိုဏ်းချုပ်၏ အချက်အလက်များဆိုရင်ကော မည်မျှမြင့်မားခဲ့မည်ဆိုခြင်း ကို သူသည် စိတ်ကူးကြည့်နိုင်ပြီဖြစ်သည်။

ထို့နောက် အရှင်သခင်လေးဦးထဲမှ တစ်ဦးဖြစ်သော ဖန်းယု၏ အချက်အလက်ဆိုလျှင်ကော….။

တစ်ချိန်တည်းတွင် သူ၏ ကိုယ်ပိုင်အချက်အလက်များအရ သူ၏ ပျမ်းမျှ အမှတ်များသည် ဆယ်မှတ်ပင် မကျော်ခဲ့ပါ။

သူ မချို့တဲ့သော တစ်ခုတည်းသော အရာမှာ ဉာဏ်ရည် အချက်အလက်ပင် ဖြစ်သည်။

‘အကြီးအကဲရန်က ဘာလို့ ဒီလောက် ဆိုးရွားတဲ့ အချက်အလက်တွေ ရှိနေခဲ့လဲဆိုတာကို နားလည်ဖို့ဆိုရင် သူ့ရဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ပြန်လည်ရယူဖို့ကို တကယ်လိုအပ်တယ်’

“သူတို့က သေခြင်းမှော်အတတ်တွေအသုံးပြုတဲ့အတွက် ရူးသွပ်တယ်လို့ပြောချင်တာ မဟုတ်ဘူး ဒါပေမယ့် သူတို့ကဒီအတိုင်း ရူးသွပ်ချင်လို့ကို ရူးသွပ်ကြတာ ကျွန်မဆိုလိုတာကို ရှင်နားလည်ဖို့ဆိုရင် သူတို့ထဲက တစ်ယောက်ယောက်ကို ရှင်အပြင်မှာတွေ့ဖို့ လိုအပ်လိမ့်မယ်”

သူမပင်လျှင် နစ်ခရိုမန်ဆာ မျှော်စင်၏ လူများကိုများစွာ မဖော်ပြတတ်ခဲ့ပါ။

သူမတွင် ၎င်းတို့အတွက် စကားလုံး တစ်လုံးသာ ရှိနေခဲ့လေသည်... ရူးသွပ်ခြင်း။

“မင်းက နစ်ခရိုမန်ဆာ မျှော်စင်ကို အထင်မကြီးတဲ့ ပုံပဲ”

“ဖြစ်နိုင်ရင် ငါက အဲ့ဒီနစ်ခရိုမန်ဆာမျှော်စင်က တစ်စုံတစ်ယောက်ကို တွေ့ရမဲ့အစား သူရဲကောင်း အကယ်ဒမီက မိုက်မဲတဲ့လူတွေကိုသာ ပိုပြီးတွေ့လိုက်ချင်သေးတယ်”

သူမ၏ တုံ့ပြန်မှုကို ကြားသောအခါ အာရန်သည် အလွန် အံ့အားသင့်သွားခဲ့လေသည်။

အရှေ့ပိုင်းတိုက်ကြီးရှိ လူတိုင်းသည် သူရဲကောင်း အကယ်ဒမီကို မုန်းတီးနေခဲ့ကြလေသည်။

သူမက ၎င်းတို့ထက်ပင် နစ်ခရိုမန်ဆာမျှော်စင်မှ မှော်ဆရာများကို တွေ့ချင်စိတ်မရှိဟု ပြောနေခြင်းအားဖြင့် ၎င်းက တစ်ခုခုကို ညွှန်ပြနေခဲ့သည် မဟုတ်ပါလား။

သူမက ၎င်းတို့အကြောင်းကို ပြောသောအခါ ၎င်းတို့ကို မုန်းတီးနေသည့်ပုံ မပေါ်ခဲ့ပါ။

ယင်းအစား သူမက ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရမည့်အရေးကို မလိုလားသည့်ပုံကိုသာ ပြခဲ့လေသည်။

“ဒါဆို သူတို့ရဲ့ မျှော်စင်သခင်အကြောင်းကိုကာ မင်းဘယ်လောက်သိထားလဲ” အာရန်သည် အကြောင်းအရာကို ပြောင်းလဲ၍ မေးခဲ့သည်။

“သူ့ရဲ့ အမွေဆက်ခံသူအကြောင်းကိုကော ကြားဖူးလား”

“နစ်ခရိုမန်ဆာ မျှော်စင်ရဲ့ မျှော်စင်သခင်လား သူ့မှာ အမွေဆက်ခံသူရှိတယ်လို့ ကျွန်မ မထင်ဘူး သူက လက်ထပ်ထားတယ်ဆိုတာကိုတောင် ကျွန်မတစ်ခါမှ မကြားဖူးခဲ့ဘူး”

“ကိုယ် သိပြီ”

အာရန်သည် နောက်ထပ် မေးခွန်းများ ထပ်မမေးခဲ့ပါ။

ဤအချက်တွင် ရှုယင်တွင် သူလိုချင်သော အဖြေ ရှိမနေကြောင်း သူ့အတွက် ရှင်းလင်းသွားပြီ ဖြစ်သည်။

ဤအဖြေများ၏ အများစုကို အကြီးအကဲရန်၏ မှတ်ဉာဏ်အပိုင်းအစအတွင်းတွင်သာ ဝှက်ထားခဲ့ပုံရလေသည်။

‘ငါကဒီ ရန်နစ်ခရိုလိုင်းဆိုတဲ့င့ါရဲ့ခန္ဓာကိုယ်မူလပိုင်ရှင်ရဲ့ သမိုင်းကြောင်းကို မကြာခင်မှာ သိခွင့်ရတော့မယ်လို့ ထင်နေတယ်... ပထမတော့ ဒီလောက် အရေးမပါဘူးလို့ထင်ရတဲ့ ဇာတ်ကောင်က သူ့ကို ပိုပြီးစူးစမ်းမိလေလေ သူက ပိုပိုပြီးနက်နဲလာပုံရလေလေပဲ ဖြစ်နေတယ်’

“မင်းလည်း စောစောကပင်ပမ်းသွားခဲ့ရပြီဆိုတော့ အနားယူသင့်တယ်ထင်တယ် မကြာခင်မှာ ကိုယ်တို့လဲ တောင်ပိုင်းတိုက်ကြီးကို ရောက်သွားတော့မယ်”

အာရန်သည် ဖီးနစ်ငှက်၏ နောက်ကျောတွင် သက်တောင့်သက်သာ လှဲလျောင်းလိုက်သည်။

သို့သော် သူ၏ မျက်လုံးများကို မှိတ်တော့မည့်အချိန်တွင် ရှုယင်၏ ရနံ့လေးမှာ ပိုမို၍ နီးကပ်လာခဲ့လေသည်။

သူမ၏ မျက်နှာလှလှလေးမှာ သူ၏မျက်နှာ အပေါ်တည့်တည့်တွင် အုပ်မိုးလျက် ရှိနေသည်ကို မြင်လိုက်ရလေသည်။

“ရှင် တစ်ခုခုကို မေ့နေတယ်လို့မထင်ဘူးလား”

အာရန်အား ထိုသို့ မေးလိုက်စဉ်တွင် ရှုယင်၏ မျက်နှာအတွင် အနည်းငယ် ရှက်ရွံ့လျက်ရှိပုံရနေသည်။

“ဘာကိုလဲ”

အာရန်သည် သူမက ဘာအကြောင်းကို ပြောနေတာလဲဆိုတာကို ရုတ်တရက် မမှတ်မိလိုက်ပါ။

သို့သော် သူသည် ဤကိစ္စဆီမှ မူမမှန်သောခံစားချက်တစ်ခုကို စတင်ခံစားမိနေလေသည်။

ရှုယင်သည် အာရန်ဆီသို့ ပိုမိုနီးကပ်လာခဲ့ပြီး သူမ၏ နှုတ်ခမ်းများမှာ သူ၏နားရွက်များ အနီးသို့ ချဉ်းကပ်သွားလိုက်သည်။

ထို့နောက်သူမသည် ညင်သာစွာဖြင့် တိုးတိုးလေးပြောလိုက်သည်။

“ရှင်က ရှင့်ရဲ့ ဒုတိယမြောက် တပည့်ကို ရနိုင်ဖို့ ကျွန်မကကူညီပေးခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့ ဆုလာဘ်တစ်ခုလက်ဆောင်ပြန်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ”

အာရန်သည် သူ၏ နားနားသို့ တီးတိုးဝင်ရောက်လာသော ထိုစကားသံ တိုးတိုးလေးတစ်ခွန်းကို ကြားလိုက်ရသောအခါ သူ၏ခန္ဓာကိုယ်အောက်ပိုင်းတွင် ထူးဆန်းသော ခံစားမှုတစ်ခုဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။

“ကျွန်မရဲ့ ဆုလာဘ်ကို ရှင် အခုပေးဖို့ အချိန်တန်ပြီလို့ မထင်ဘူးလား”

ရှုယင်သည် သူမ၏ နှုတ်ခမ်းများကို အာရန်၏ နားရွက်လေးများနှင့် ပို၍ နီးကပ်စွာကပ်လိုက်ပြီး ညင်သာစွာ ကိုက်ခဲလိုက်လေသည်။

ထိုစဉ် အာရန်သည် သူ၏လက်ကို ဆန့်ထုတ်ကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ရင်း သူမ၏ ခါးလေးကို ပြန်လည်ဖက်ထားလိုက်လေသည်။

“ပြီးတော့ မင်းက ဘယ်လို ဆုလာဘ်ကို လိုချင်နေတာလဲ”

အာရန်သည် သူမ၏ ပိုမိုပြင်းထန်လာသောဆွဲဆောင်မှုများကို တွန်းလှန်ရန် ကြိုးစားနေခဲ့မိလေသည်။ သို့သော် ယင်းလုပ်ရပ်မှာ အဓိပ္ပာယ်မရှိကြောင်းကိုလည်း ရုတ်တရက်တွေးမိလိုက်သည်။

သူသည် ဆီလက်စ်ကို အချက်ပြကာ သူမကို ပတ်ဝန်းကျင်တွင် လှည့်လည်၍ အခြားနေရာသစ်များအကြောင်းကို စူးစမ်းကြည့်နေစေရန်စေလွှတ်လိုက်သည်။

အာရန်သည် ဤကဲ့သို့ နေ့မျိုးရောက်လာမည်မှာ အချိန်တစ်ခုသာ လိုအပ်ကြောင်း သိနေခဲ့ပြီဖြစ်သဖြင့် သူသည် ဆီလက်စ်ကလေးအား ဤအချိန်တွင် ဤကဲ့သို့ရှောင်ထွက်သွားစေရန် ကြိုတင်သင်ကြားပေးထားခဲ့ပြီးဖြစ်လေသည်။

ရှုယင်သည် သူ့ကို ရူးသွပ်စွာ ချစ်မြတ်နိုးနေကြောင်းကို သူ သိနေလေသည်။

သူသာ သူမ၏ နှလုံးသားအလိုဆန္ဒများကို ဆက်လက်၍ လျစ်လျူရှုနေခဲ့ပါက ဤချစ်မြတ်နိုးမှု သည် အချိန်တစ်ခုရောက်သောအခါ သူ့အတွက် ပြဿနာများစွာအဖြစ် ပြောင်းလဲသွားနိုင်လေသည်။

တစ်စုံတစ်ယောက်သည် အခြားလူတစ်ယောက်ကို ပိုမိုချစ်မြတ်နိုးလေလေ အချိန်တစ်ခုကျရောက်လာသောအခါ ၎င်းမှာ ပိုမို၍မုန်းတီးသွားနိုင် လေလေဖြစ်လေသည်။

သူသည် အထူးသဖြင့် သူမကဲ့သို့ အလွန်လှပသော မိန်းကလေးတစ်ဦးမှ ထိုသို့ရန်သူကဲ့သို့ပြောင်းလဲသွားမှုမျိုးကို ရင်မဆိုင်လိုခဲ့ပါ။

ထို့အပြင် သူသည်လည်း သူမကို မုန်းတီးမနေခဲ့ပေ။

၎င်းတို့သည် ဤတိုတောင်းသော ခရီးစဉ်အတွင်း အတူတကွ ရှိနေခဲ့ကြ သောကြောင့် သူမသည် အမှန်တကယ် ဆိုးသွမ်းသောသူတစ်ဦး မဟုတ်ကြောင်းကို သူ ခံစားမိခဲ့လေသည်။

သူမသည် အလွန်လှပလွန်းသူတစ်ဦးဖြစ်သည့်အပြင် သူမသည် သူ့အပေါ် ၌လည်း အလွန်ကောင်းမွန်စွာဆက်ဆံပေးခဲ့လေသည်။

သူမနှင့်အတူရှိနေရခြင်းသည် အလွန်လှပသော အိပ်မက်လေးတစ်ခုမက်နေရသကဲ့သို့ပင် ဖြစ်နေခဲ့လေသည်။

အာရန်သည် ဤအိပ်မက်လှလှလေးကို တွန်းလှန်ပစ်ရန် ပိုကြိုးစားလေလေ သူသည် ဤအိပ်မက်လှလှလေးကို ပိုမိုပွေ့ဖက်ထားချင်လေလေ ဖြစ်ခဲ့ရလေသည်။

သူသည် သူမအပေါ်တွင် မည်သည့်ခံစားချက်မျှ ရှိမနေဘူးဟုပြောလျှင် အမှန်တကယ် ဂေးနေမှသာ ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့ မိန်းမလှလေးတစ်ဦး အတွက် ဘယ်ယောင်္ကျားကများ ဒူးထောင်အရှုံးမပေးချင်ပဲနေမည်နည်း။

သူမက အလွန်စွမ်းအားကြီးသည့်အပြင်

အလွန်တရာမှ ဆွဲဆောင်မှုရှိကာလှပလွန်းနေခဲ့‌လေသည်။

ထို့ပြင်သူမသည် သူ့အား အလွန်ကောင်းမွန်စွာဆက်ဆံပေးခဲ့သည့်အပြင် သူ၏ မည်သည့် အမိန့်ပေးမှုကိုမဆို နာခံစွာလိုက်နာပေးခဲ့လေသည်။

“ကျွန်မလိုချင်တဲ့ ဆုလာဘ်က ကျွန်မမျက်စိရှေ့ တည့်တည့်မှာ ရှိနေတယ်ထင်တယ်”

ရှုယင်သည် သူမ၏ မိန့်မောနေသော မျက်လုံးများဖြင့် အာရန်၏ မျက်လုံးများအတွင်းသို့ နက်ရှိုင်းစွာစိုက်ကြည့်နေခဲ့လေသည်။

“မင်းက အတော်လေး အစားကြူးတဲ့ မိန်းကလေးပဲ”

အာရန်သည် သူမ၏ နောက်ကျောကို သူ၏လက်ဖြင့် ပွတ်ပေးလိုက်ရင်း ပြောလိုက်သည်။

“ကျွန်မခင်ပွန်းက ဒီလောက် အံ့သြစရာကောင်းနေတာ ကျွန်မက ဘာလို့ အစားမကြူးပဲနေနိုင်မှာလဲ”

“မင်းက…....”

အာရန်သည်ထပ်မံစကားဆက်ရန် ကြိုးစားလိုက်သော်လည်း ရှုယင်သည် ရှေ့သို့ တိုးလာကာ သူမ၏ နှုတ်ခမ်းများဖြင့် သူ၏ရှေ့ဆက်ပြောမည့် စကားလုံးများကို ပိတ်ပစ်လိုက်လေသည်။

ယခင်အချိန်များနှင့် မတူဘဲ အာရန်သည် သူမကို ပြန်လည်တွန်းထုတ်ခြင်းမျိုး ထပ်မံမပြုလုပ်တော့ပါ။

ထို့အစား သူသည်လည်း ရှုယင်၏ ဦးဆောင်ရာနောက်သို့ အလိုက်တသင့်ပင်စီး‌မျောရင်းဖြင့်

အချစ်၏ နယ်မြေသစ်တစ်ခုအတွင်းသို့ လိုက်ပါဝင်ရောက် သွားလေတော့သည်။

[အချစ်ရဲ့လမ်းကြောင်း တိုးတက်မှု: ၁.၂]

#Catfoot

All Chapters