ကမ်းရိုးတန်းမြို့လေး
Vol. 6 Ch. 75
သမုဒ္ဒရာပေါ်ရှိ တောက်ပသော လရောင်သည် တောင်ပိုင်းတိုက်ကြီး၏ ကမ်းရိုးတန်းမြို့လေးကို လှပစွာရောင်ပြန်ဟပ်လျက်ရှိနေသည်။
လရောင်ထိန်ထိန်သာနေသော ကောင်းကင်ကြီး၏ အောက်တွင် မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦးနှင့်အတူ လူငယ်လေးတစ်ဦးတို့သည် ထိုကမ်းရိုးတန်းမြို့လေးအတွင်းသို့ ယှဉ်တွဲ၍ ဝင်ရောက်လာခဲ့လေသည်။
အာရန်သည် ပတ်ဝန်းကျင်ကို အာရုံမစိုက်နိုင်ဘဲ မြေပုံထဲတွင်သာ နစ်မျောလျက် ရှိနေခဲ့သည်။
ကံကောင်းစွာပင် ဤအချိန်၌ မြို့၏လမ်းမများမှာ လုံးဝနီးပါးပင် ချောက်ကပ်တိတ်ဆိပ်လျက်ရှိလေသည်။
“ကိုယ်တို့ နောက်ဆုံးတော့ ဒီကို ရောက်လာနိုင်ခဲ့ပြီ”
သူ့ကိုသည် ရက်သတ္တပတ်အနည်းငယ်ကြာအောင်လျှောက်လှမ်းခဲ့ရသော်လည်း နောက်ဆုံးတွင်သူသည် သူ၏ ပန်းတိုင်ဖြစ်သော ဤကမ်းရိုးတန်းမြို့လေးသို့ ရောက်ရှိလာနိုင်ခဲ့ပြီဖြစ်သည်။
ဤခရီးစဉ်သည် မူလက သူမျှော်လင့်ထားခဲ့သည်ထက် ပို၍ ဒုက္ခများခဲ့လေသည်။
လမ်းတစ်လျှောက်တွင် သူသည် မည်သည့်အာရုံကိုမဆို ဖမ်းစားခြင်းမှ ရှောင်ရှားရန် အထူးပင်ဂရုတစိုက်သွားလာခဲ့ခြင်းဖြစ်လေသည်။
သူသည် အနည်းဆုံး ပင်လယ်နဂါးတစ်ကောင်ကို သတ်ကာ သူ၏ မှတ်ဉာဏ်အစိတ်အပိုင် အချို့ကို ပြန်လည်ရယူနိုင်သည်အထိ သူ၏ တည်ရှိမှုကို လူသိရှင်ကြား မဖော်ထုပ်လိုနေခဲပါ။
ဤနေရာသည် ဒဏ္ဍာရီလာ သူရဲကောင်း အကယ်ဒမီ ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော သူရဲကောင်းတိုက်ကြီးတွင် ရောက်နေခြင်းဖြစ်လေသည်။
သူသည် ၎င်းတို့၏ အာရုံကို ဆွဲဆောင်ရန် မည်သည့်အရာကိုမျှ မပြုလုပ်မိလိုပါ။
ဤတိုက်ကြီးနှင့်ပတ်သတ်၍ သူသိထားသော အရာအားလုံးမှာ သူသည် သူရဲကောင်း အကယ်ဒမီမှ သူလျှိုတစ်ဦး ဖြစ်သော အချက်ပင် ဖြစ်သည်။
သူသည် သူလျှိုတစ်ဦးအနေနှင့် သူ၏ အချက်အလက်များကို လူမည်မျှ သိထားသည်ကို ပင်မသိနိုင်ပါ။
သူသည် သူ၏ လျှို့ဝှက်ချက်များကိုသိထားသောလူတစ်ဦးနှင့်သာဆုံခဲ့ပါက ရှုယင်အကြောင်းကို မည်သို့ ရှင်းပြရမည်ကို မသိသဖြင့် လျှို့ဝှက်ချက်ကို တတ်နိုင်သမျှဖုံးကွယ်ထားခြင်းသည်အကောင်းဆုံးဖြစ်လေသည်။
ထို့ကြောင့် သူသည် ပို၍ လူသိများသော လမ်းကြောင်းများကို ရှောင်ရှားခဲ့လေသည်။
သူသည် ပိုရှည်သော လမ်းကို ရွေးရမည် ဆိုလျှင်ပင် အလွန်ရေပန်းစားသော မြို့များကို ရှောင်ရှား၍သာ သွားလာခဲ့လေသည်။
ကံမကောင်းစွာဖြင့် ဤတိုက်ကြီးသည် အလွန် ကျယ်ပြန့်လွန်းနေခဲ့သည်။
ဖီးနစ်ငှက်မရှိဘဲဖြင့် အာရန်သည် ဤတိုက်ကြီး၏ သမုဒ္ဒရာဘက်ချမ်းသို့ ရောက်ရှိရန် မည်မျှအခက်အခဲများကြောင်းကို မကြာမီပင် သဘောပေါက် ခဲ့ရလေသည်။
သူသည် ဤတိုက်ကြီးထဲသို့ ဝင်ရောက်ပြီးနောက် ရက်အနည်းငယ်အကြာတွင်ပင် ဖီးနစ်ငှက်ကို မသုံးဟုဆုံးဖြတ်ထားသော အတွေးကို ပြန်လည်ပြင်ဆင်ခဲ့ရသည်။
ရှုယင်တွင် အားကောင်းသော အဝေးသို့အာရုံခံနိုင်သည့် နတ်ဘုရား အာရုံတစ်ခု ရှိနေခဲ့လေသည်။ ထိုအစွမ်းဖြင့် သူသည် ဖီးနစ်ငှက်ကို ရံဖန်ရံခါ အသုံးပြုနိုင်ခဲ့ လေသည်။
အာရန်သည် မြို့များနှင့်ဝေးနေသောအခါများတွင် သူသည် ဖီးနစ်ငှက်ကို စီးနင်းရန် အသုံးပြုနိုင်ခဲ့လေသည်။
အချိန်အများစုတွင် ၎င်းတို့သည် မည်သူ့ကိုမဆို ထိပ်တိုက်တွေ့ဆုံခြင်းမပြုမီ ရှုယင်က သူ့ကို ကြိုတင်သတိပေးနိုင်ခဲ့လေသည်။
ထို့ကြောင့် လမ်းခရီးသည် ပိုမို၍ ချောမွေ့လာခဲ့လေသည်။
ထို့နောက် ရက်သတ္တပတ် သုံးပတ်ကြာပြီးနောက်တွင် သူတို့သည် နောက်ဆုံး ၌ ဤကမ်းရိုးတန်းမြို့လေးသို့ ရောက်ရှိလာနိုင်ခဲ့လေသည်။
“မြေပုံအရဆိုရင် ကိုယ်တို့ ပင်လယ်နဂါးတွေရဲ့ ကျက်စားရာဒေသကို မကြာခင် ရောက်တော့မယ်”
အာရန်သည် ရှင်းပြရင်းဖြင့် မြေပုံကို ခေါက်ထားလိုက်လေသည်။
“ကိုယ်တို့တွေ ဒီမြို့မှာ တစ်ညလောက် အနားယူကြမယ်”
“ အနီးနားက တည်းခိုခန်းတွေမှာ အခန်းရနိုင်သေးရဲ့လားဆိုတာကို ကျွန်မ လိုက်စစ်ဆေးကြည့်ဦးမယ်”
ရှုယင်သည် အခန်းရနိုင်ရန် တည်းခိုခန်းများကို ရှာဖွေရန် ထွက်သွားခဲ့လေသည်။
“ငါ့ရဲ့ ရှုယင်လေးက ငါ့အပေါ် အတော်လေး ငဲ့ညှာပေးတတ်တာပဲ”
အာရန်သည် ပျောက်ကွယ်သွားသော ရှုယင်ကို ကြည့်ခဲ့သည်။ သူသည် သူမ၏ ရည်ရွယ်ချက်များကို လှမ်း၍ ကြိုမြင်ပြီးဖြစ်လေသည်။
သူမသည် သူ့အား အခန်းများရှာဖွေရန်အတွက် တစ်နေရာပြီးတစ်နေရာ လျောက်သွားစေရန် မလိုလားခဲ့ပါ။
ယင်းသည် သူမအတွက်လည်း ပထမဆုံး အကြိမ်ရောက်ဘူးခြင်း ဖြစ်သော်လည်း သူမသည် သူ့ကို အကောင်းဆုံး အတွေ့အကြုံများကို ရစေချင်ခဲ့လေသည်။
“အဲဒါ မဟုတ်ဘူးလား ဆီလက်စ်”
သူသည် သူ့ပခုံးပေါ်ရှိ သေးငယ်သော နတ်သူငယ်မလေး ၏ ခေါင်းကို ပုတ်လိုက်လေသည်။
“မင်းအတွက်လည်း ကိတ်မုန့်အချို့ရအောင် ငါတို့ သွားရှာကြရင်ကောင်းမလား”
သူသည် သူမကို အရသာရှိသော အရာတစ်ခုခုကို ရယူပေးမည်ဟု ဆီလက်စ်လေးအား ကတိပေးထားမိခဲ့ခြင်းကို မမေ့နိုင်သေးပါ။
ယခုသည် ညသန်းခေါင်ယံအချိန် ဖြစ်နေသော်လည်း ဤကဲ့သို့ စီးပွားရေးအချက်အခြာကျသော မြို့တစ်မြို့တွင်မူ ဆိုင်အချို့မှာ ဖွင့်ထားသင့်ကြောင်းကို သူ တွေးမိလိုက်သည်။
သူသည် မကြာမီပင် ဖွင့်ထားသော ဆိုင်တစ်ဆိုင်ကို တွေ့ရှိခဲ့သည်။
ထို့နောက် အာရန် သည် ဆီလက်စ်ကလေးနှင့်အတူ ထိုဆိုင်သို့ လျောက်သွားလိုက်လေသည်။
သူသည် ဆိုင်အတွင်းမှ ကိတ်မုန့်တစ်လုံးကို ဝယ်ယူကာ ဆီလက်စ်ကလေး စားရန် သီးခြားနေရာတစ်ခုကို ရှာဖွေရန် ဆိုင်အတွင်းမှပြန်လည်ထွက်လာခဲ့လေသည်။
ဆီလက်စ်သည် ထိုကိတ်မုန့်ကိုစားရန် အလွန်စိတ်အားထက်သန်စွာဖြင့် လောဘကြီးနေသော မျက်လုံးများဖြင့် ထိုကိတ်မုန့်အား တစ်လမ်းလုံး စိုက်ကြည့်နေခဲ့လေသည်။
သူမသည် စိတ်သိပ်မရှည်တော့ပုံရလေသည်။
“စိတ်မပူပါနဲ့ကွာ ငါက မင်းဆီကနေ ခိုးမစာပါဘူး”
အာရန်သည် ဆီလက်စ်ကလေးစားသောက်ရန် သင့်လျော်သောနေရာတစ်ခုကို ရှာဖွေရင်း လမ်းပေါ်တွင် လျှောက်သွားနေခဲ့လေသည်။
ထို့နောက်သူသည်အဆင်ပြေမည်ထင်သည့်နေရာတစ်ခုကိုတွေ့ရှိလိုက်လေသည်။
ထိုစဉ် ရုတ်တရက် သူ၏ နောက်မှ အလျင်အမြန်ပြေးလာသော ခြေသံများကို ကြားလိုက်ရလေသည်။
ဒုန်း…………
“ဟင်”
အာရန်သည် အသံလာရာဆီသို့ လှည့်ကြည့်နိုင်ခြင်းမရှိမီ သူ၏ ပခုံးအား တစ်စုံတစ်ယောက်၏ တွန်းထုတ်ခြင်းကို ခံလိုက်ရလေသည်။
ထိုတစ်စုံတစ်ယောက်မှာ သူ၏ပခုံးနှင့် တိုက်မိကာ သူ ၏ လက်ထဲရှိ ကိတ်မုန့်ကို လွင့်စင်သွားစေခဲ့သည်။
အာရန်သည်လည်း ဟန်ချက်ပျက်ကာ လဲကျလုနီးပါးပင် ဖြစ်သွားခဲ့ရသည်။
သူသည် ကိတ်မုန့်ကို ဖမ်းရန် ကြိုးစားခဲ့သော်လည်း အချိန်မီ မဖမ်းမိလိုက်ပါ။
သူ၏ မျက်လုံးရှေ့တွင် ကိတ်မုန့်လေးသည် လမ်းပေါ်သို့ ပြုပ်ကျကာ ပြားချပ်သွားလေတော့သည်။
“မင်း”
သူသည် ဒေါသတကြီးဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
သူလှည့်ကြည့်လိုက်သောအခါ သူ့ဘေးတွင် မည်သူမျှ ရှိမနေတော့ကြောင်းကို သတိပြုမိလိုက်သည်။
သူ့ကို တိုက်မိသော ထိုလူသည် သူ့ကို တောင်းပန်ရန်ပင် စောင့်မနေခဲ့ပါ။ ယင်းအစား ထိုသူမှာ ဆက်လက်၍ ပြေးထွက်သွားခဲ့လေသည်။
ကိုယ်လုံးကိုယ်ပေါက်နှင့် အဝတ်အစားများကို ခန့်မှန်းကြည့်ရလျှင် ထိုပြေးသွားသည့်သူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းကို ခန့်မှန်းနိုင်လေသည်။
သူမသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ပဲ အသဲအသန် ပြေးလွှားနေခဲ့ခြင်းဖြစ်လေသည်။
သူမနောက်တွင် မည်သူမျှရှိမနေသည်ကို သူသေချာမတွေ့ခဲ့ပါက သူမကို တစ်စုံတစ်ယောက်မှ လိုက်လံဖမ်းဆီးနေသည်ဟုပင် ထင်ကောင်းထင်လိမ့်မည်ဖြစ်သည်။
သို့သော် သူ့အတွက်မူ ထိုအမျိုးသမီးသည် မည်သည့်အရာမျှ အလေးအနက် မထားတတ်သော ရှပ်ပြာမလေးတစ်ဦးနှင့်တူနေလေသည်။
“မိုက်မဲလိုက်တာ မင်းဘာလုပ်သွားမိလဲဆိုတာ ဒီမှာပြန်ကြည့်စမ်း!”
အာရန်သည် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်ပြောလိုက်သည်။
သူသည် ထိုပြေးသွားသောအမျိုးသမီးကို လှမ်း၍ အော်ဟစ်ကြိမ်းမောင်းပြီးနောက် ပျက်စီးသွားသော ကိတ်မုန့်လေ၏ ဘေးတွင် ငုတ်တုပ်ထိုင်ကြည့်နေသော ဆီလက်စ်ကလေးကို သတိပြုမိလိုက်သည်။
သူမ၏ မျက်လုံးများက ငိုတော့မည့်ဟန်ဖြင့် စိုစွတ်နေခဲ့သည်။
“ကလေး စိတ်မပူနဲ့နော် ငါက မင်းကို နောက်ထပ်တစ်ခု အသစ်ပြန်ဝယ်ပေးမယ် ငါ့မှာ ငွေလုံလုံလောက်လောက် ရှိပါသေးတယ်”
အာရန်သည် ဆီလက်စ်ကလေးကို ဖြည်းညှင်းစွာကောက်ယူလိုက်ကာ မုန့်ဆိုင်သို့ ပြန်လှည့်သွားလိုက်လေသည်။
သူက ဤနေရာသို့ ရောက်လာသောအခါ ဤဒေသရှိ အသုံးပြုနေသောငွေကြေး များ သူ့တွင်ရှိမနေခဲ့ပါ။
သို့သော် လမ်းတစ်လျှောက်တွင် သူသည် ငွေကြေး အချို့ရအောင် စုဆောင်းနိုင်ခဲ့လေသည်။
“တစ်ခုအစား ငါက မင်းကို နှစ်ခု ပြန်ဝယ်ပေးမယ် ကျေနပ်တယ်မလား”
အာရန်သည် ဆီလက်စ်ကလေးအား သူ၏ပခုံးပေါ်တွင် တင်လိုက်လေသည်။
သို့သော် သူသည် ယခင်မုန့်ဆိုင်သို့ ပြန်လျှောက်သွားတော့မည် ပြုလိုက်စဉ် သူ့ရှေ့တွင် စနစ်၏ မျက်နှာပြင်တစ်ခု ပေါ်ပေါက်လာလေတော့သည်။
“ ဒီအရာက ဒီလောက်ကြာအောင် ဘာလို့ ပေါ်မလာခဲ့တာလဲလို့ တွေးနေခဲ့တာ”
အာရန်သည် ရွေးချယ်စရာ လေးခုရှိသော ရင်းနှီးသည့် မျက်နှာပြင်ကို ကြည့်နေခဲ့သည်။
......
[ရွေးချယ်မှု တစ် : အမျိုးသမီးနောက်သို့ လိုက်သွားပါ။
ဆုလာဘ်: ကျင့်ကြံခြင်းအဆင့် +၁]
[ရွေးချယ်မှု နှစ်: မုန့်ဆိုင်သို့သာ ပြန်သွားပါ။
ဆုလာဘ်: လွတ်မြောက်ခြင်းအဆောင်]
[ရွေးချယ်မှု သုံး : ရှုယင်ကို ဤနေရာတွင်ပင် ထပ်မံစောင့်နေလိုက်ပါ။
ဆုလာဘ်များ: မေးခွန်းဘောက်ချာ]
[ရွေးချယ်မှု လေး : မြို့မှ ထွက်သွားလိုက်ပါ။
ဆုလာဘ်: ကံကောင်းခြင်း +၁]
.....................
“ဒီတစ်ခါမှာ အကြောင်းတစ်ခုခုကြောင့် ရွေးချယ်မှုတွေက အတော်လေး မသဲမကွဲဖြစ်နေသလိုပဲ….. အဲဒီအမျိုးသမီးနောက်ကို လိုက်သွားပါတဲ့ ကိတ်မုန့်အတွက် ငါ့ကို လက်စားချေခိုင်းနေတာလား ဒီတစ်ခုက အတော်လေး လွန်လွန်းပုံရတယ်”
သူသည် ပထမရွေးချယ်မှုကို အလျင်အမြန် ငြင်းပယ်လိုက်သည်။
သူသည် ဆီလက်စ်ကို ကတိပေးထားသောကြောင့် ဒုတိယရွေးချယ်မှုကိုသာ ရွေးချယ်ချင်နေခဲ့သော်လည်း တတိယရွေးချယ်မှုအတွက် ဆုလာဘ်ကို မြင်လိုက်ရသောအခါ တံတွေးပင် သီးလုနီးပါး ဖြစ်သွားလေသည်။
မေးခွန်း ဘောက်ချာ …………
ဤပစ္စည်း သည် သူရခဲ့ဘူးသောဆုလာဘ်များအနက် အသုံးဝင်ဆုံး ဆုလာဘ် ဖြစ်ခဲ့သည်မဟုတ်ပါလော။
ယင်းဆုလာဘ်ဖြင့်ပင် သူသည် စာရေးဆရာဟုထင်ခဲ့သူနှင့် တွေ့ဆုံနိုင်ခဲ့လေသည်။
သူသည် ထိုပုဂ္ဂိုလ်နှင့် ထပ်မံတွေ့ဆုံနိုင်ပါ့မလားဆိုသည်ကို မသေခြာနေခဲ့သော်လည်း ဤကမ္ဘာတွင် မေးခွန်း ဘောက်ချာတစ်ခုမှာ အလွန်တန်ဖိုးကြီးမားကြောင်းကိုမူ သိနေခဲ့လေသည်။
#Catfoot
Book 6 end