အခန်း (၄၃၃)
Vol. 30 Ch. 433
ကျွင်းချောင်ရှောင်းသည် စည်းဓားမော့အား တတိယအကြိမ် ထုတ်ဖော်လိုက်၏။ သူ၏အားအင် မြင့်တက်သွား မှုကြောင့် စည်းဓားမော့ဆီမှ ထွက်ပေါ်လာသော အားအင်များသည်လည်း သေမင်းတောင်ကြားမှာတုန်းကထက် ပိုမို၍ အားကောင်းလာခဲ့၏။
တလက်လက်တောက်ပနေသော ဓားအလင်းတန်းများသည် သူ၏နောက်တွင်ရှိသော တပည့်လေးယောက်အား မျက်လုံးဖွင့်ရန်ပင် ခက်ခဲစေသည်။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ အလင်းတန်းသည် အားလျော့ သွားပြီး ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်သွားသည်။
ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်လျက် ရှိနေ၏။ စည်းဓားမော့သည် မီတာလေးဆယ်ခန့်ရှည်လျားသည့် ဓားမော့ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အလွန်တရာဆန်းကြယ်လှသော အော်ရာများကို ထုတ်လွှင့်လျက်ရှိ၏။ စကားတစ်လုံးတည်းဖြင့် ဖော်ညွှန်းရမည်ဆိုလျှင် အလွန်တရာ ခန့်ညားလှ၏။
ဤမျှအားကောင်းလှသော အော်ရာများ၏ ဖိနှိပ်မှုအောက်မှာတော့ လေထုထဲတွင် မိုးရေစက်များ ကျဆင်းလာသကဲ့သို့ တိုက်ခိုက် လာခဲ့သော မျက်လုံးများမြွေများ၏ မျက်လုံးများသည် ထိတ်လန့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာတော့သည်။
ဝှစ် ….။
ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းလိုက်၏။ လေထုထဲတွင်တော့ သူ၏အမဲရောင်ဆံနွယ်များသည်လည်း လွင့်ခနဲဖြစ်သွားပြီး မီတာလေးဆယ်ရှည်လျားသော ဓားမော့ကြီးသည် အညှာအတာကင်းစွာဖြင့် ပိုင်းဖြတ်သွား တော့သည်။
ဆွစ် …. ဆွစ်။
တည်နေရာထဲတွင် အေးခဲလျက်ရှိသော မျက်လုံးများမြွေများသည် မြက်ပင်များကဲ့သို့ ခုတ်ပိုင်းခံရတော့သည်။
ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကို ထပ်မံလှုပ်ရှားလိုက်ပြီး အတူတကွ စုစည်းလျက်ရှိကြသော မြွေများအား ပိုင်းဖြတ်လိုက်တော့၏။
မြွေများအားလုံးသည် ကြိတ်စက်ထဲထည့်၍ အကြိတ်ခံလိုက်ရသလို တစ်စစီဖြစ်ကုန်ကြတော့သည်။ မျက်လုံးများ မြွေများသည် အလွန်တရာအားကောင်းလှသော အော်ရာ၏ ထိန်းချုပ်မှုကို ခံနေရကာ တစ်စက်ကလေးမှပင် မလှုပ်ရှားနိုင်ခဲ့ချေ။ အပိုင်းပိုင်းခုတ်ဖြတ်ခြင်း သို့မဟုတ် သေဆုံးခြင်းကိုသာ စောင့်စားနေရသည်။
ဝှစ် …. ဝှစ်။
ကျွင်းရှောင်ချောင်းသည် စည်းဓားမော့ကြီးကို အကြိမ်ကြိမ်ဝှေ့ယမ်းလျက်ရှိသည်။ တစ်သိန်းခန့်ရှိသော မျက်လုံး များမြွေများသည့် အသတ်ခံရရန် ငြိမ်ငြိမ်သက်သက်ပင် စောင့်ဆိုင်းနေကြသည်။
ရီချင်းရှန်သည် တုန်လှုပ်သွားမိ၏။ “ဒါကဘယ်လို နတ်ဘုရားလက်နက်မျိုးလဲ”
ကျွင်းချောင်ရှောင်း၏ ရူးရူးမူးမူး သတ်ဖြတ်မှုကို သူဂရုမစိုက်ချေ။ သူဂရုစိုက်သည်မှာ ပတ်ဝန်းကျင်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်သည့်အော်ရာများကို ထုတ်ဖော်နေသော နတ်ဘုရားလက်နက်၏ အစွမ်းကိုပင်ဖြစ်သည်။ မျက်လုံး များမြွေများသည် မလှုပ်ရှားနိုင်ခဲ့ချေ။ ကျိန်းသေပေါက် ဖိနှိပ်ခံထားရခြင်းသာ ဖြစ်ပေလိမ့်မည်။
သိုင်းဘုရင်များသည် စိတ်ဝိညာဉ်များကို စုစည်း၍ ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ်နံရံကို ဖန်တီးနိုင်၏။ သိုင်းအုပ်စိုးသူများမှာတော့ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ပြိုင်ဘက်များကို ထိန်းချုပ်ကာ လှုပ်ရှား၍ မရအောင် ဖိနှိပ်ထားနိုင်၏။ ဤဓားမော့သည် ထိုကဲ့သို့သော စွမ်းရည်မျိုးရှိနေ၏။ မယုံကြည်နိုင်စရာပင်။
ရီရှင်းချန်သည် အတိတ်တုန်းက ဖြစ်ရပ်များကို ပြန်လည်စဉ်းစားကြည့်မိလိုက်၏။ ကြယ်ကြွေကုန်းမြေ တိုက်ကြီးတွင် ထိုသို့သောလက်နက်မျိုး ရှိလိမ့်မည်ဟု သူမယုံကြည်ချေ။ ဤအရာသည် အထက်နယ်မြေဆီမှ ရောက်ရှိလာခြင်းသာ ဖြစ်ပေလိမ့်မည်။
……..
ဝှစ် ….. ဝှစ်။
ဓားမော့၏ အလင်းတန်းများသည် ဖြတ်ပြေးသွားတော့၏။ များပြားလှသည် မျက်လုံးများမြွေဘုရင်တို့သည် မြန်မြန်ဆန်ဆန်ပဲ သတ်ဖြတ်ခံနေရ၏။ သွေးနှင့်အသား အပိုင်းအစများသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့နေပြီး လေထုထဲ၌ သွေးညှီနံ့များမှာ ပိုမိုအားကောင်းစွာဖြင့် ပျံ့နှံ့လာလေတော့သည်။
သီးခြားတာဝန်၏ အချိန်အကန့်အသတ်မှာ ပြည့်တော့မည်ဖြစ်သည်။ နှစ်ဆယ်စက္ကန့် မပြည့်မီမှာပင် မြွေပေါင်း တစ်သိန်းတို့သည့် သတ်ဖြတ်ခံလိုက်ရပြီးဖြစ်၏။
ကျွင်းချောင်ရှောင်းသည် သူ၏ မီတာလေးဆယ်ဓားမော့ကြီးကို ဆွဲကိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံး၌ ထူထဲပြီး လေးလံလှသည့်အော်ရာများကို ထုတ်ဖော်နေသည်။
သူသည် ရီရှင်းချန် နှင့် တခြားသူများအား ပြိုင်ဘက်ကင်း လှသော စစ်နတ်ဘုရားတစ်ယောက်အဖြစ် ထင်မှတ်မှားစေ၏။
ဒင်
“သီးခြားတာဝန် ပြည့်စုံပြီ၊ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ အားရရှိသည်”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၆၉၁၁/၅၀၀၀”
ဒင်
“ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့် ...”
စနစ်မှပြောလိုက်၏။ “မဆိုးဘူး၊ မဆိုးဘူး၊ သီးခြားတာဝန်က ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ တောင်ပေးတယ်”
“မဆိုးဘူး ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။ “ငါ့ဆီမှာ စည်းဖွင့်ခြင်းအဆောင် နှစ်ခုပဲရှိတယ်၊ အခု တစ်ခုကို သုံးလိုက်ရပြီ၊ ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀ မရဘူးဆို ရင် ဒါကရှုံးတာပဲ”
အချိန်အကန့်အသတ် + အထူးတာဝန်။
ဤအရာနှစ်ခုကို ပြီးသည့်နောက်မှာတော့ ရလဒ်သည် ကျိန်းသေပေါက် ရက်ရောရပေလိမ့်မည်။ သာမန်အခြေ အနေဆိုလျှင် နှစ်မိနစ်အတွင်း ဤမျှများပြားသော မျက်လုံးများမြွေများကို ရင်ဆိုင်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကို အသုံးပြုပြီးဖြေရှင်းခဲ့ရသည်။ သို့ပေမဲ့ အောင်မြင်မှုအတွက် ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ သာ ရရှိခဲ့၏။ ကြီးမားလှသော ဆုံးရှုံးမှုမျိုးပင်ဖြစ်သည်။
“ဒီလိုဖြစ်မယ်လို့သာ ငါသိရင်”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျစွာ ပြောလိုက်၏။ “တာဝန်ကျရှုံးသွားတာမှာ ကောင်းလိမ့်အုံးမယ်”
ဒင်
“လက်ခံသူသည် အထူးတာဝန်ကို ပြည့်စုံစေသည့်အတွက် အသိအမြင်အဆောင်တစ်ခုကို ရရှိသည်။ အထူး ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးရည် တစ်ပုလင်းရရှိသည်”
ဒင်
“လက်ခံသူသည် အချိန်အကန့်အသတ်တာဝန်ကို ပြည့်စုံအောင်လုပ်နိုင်သည့်အတွက် ဂုဏ်ယူပါသည်၊ အလယ် အလတ်အဆင့်အစီအရင် ပင်ကိုယ်စွမ်းရည် တစ်ပုလင်း၊ အလယ်အလတ်အဆင့် ဓားတာအို ပင်ကိုယ်စွမ်းရည် တစ်ပုလင်းအား ရရှိသည်”
ပြီးနောက်မှာတော့ အသိပေးသံများသည် တတောင်တောင်ဖြင့် ပေါ်လာခဲ့၏။ စိတ်ဓာတ်ကျလျက်ရှိသော ကျွင်းရှောင်ချောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ရင်သွား၏။ တစ်ခါတစ်ရံတွင် စကားကို စောစောမပြောခြင်းက ပို၍ကောင်းပေလိမ့်မည်။
စနစ်မှပြောလိုက်သည်။ “အခုဆိုရင် ဆုံးရှုံးတယ်လို့ ခံစားရသေးလား”
ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ပြောလိုက်၏။ “ဆုံးရှုံးတာမဟုတ်ဘူး၊ တကယ့်ကို အမြတ်ထွက်တာပဲ”
စည်းဖွင့်ခြင်းအဆောင်တစ်ခုကို အသုံးပြုလိုက်သည့်အတွက် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းအား ကာကွယ်နိုင် ရုံမက ဂိုဏ်းစုဆောင်းမှတ် ၂၀၀၀ လည်းရရှိသေး၏။ ထို့ပြင် များပြားလှသော တခြားဆုလာဘ်များလည်း ရရှိ သေး၏။ အလွန်တရာ အမြတ်များလှသည်ဟု ဆိုရပေမည်။
တခြားသောအရာများကို မဆိုထားနှင့် အသိအမြင် အဆောင်တစ်ခုနှင့်ပင် ကျွင်းရှောင်ချောင်းအား အလွန်တရာ သဘောကျစေ၏။ ထို့ပြင် အလယ်အလတ်အဆင့် အစီအရင် ပင်ကိုယ်စွမ်းရည်နှင့် အလယ်အလတ်အဆင့် ဓားတာအိုပင်ကိုယ်စွမ်းရည်များလည်း ရရှိသေး၏။
“ဟား ဟား ဟား”
“ဟား ဟား ဟား”
ကျွင်းရှောင်ချောင်းသည် အားရပါးရ ထရယ်လိုက်၏။
လီချင်းယန်နှင့် တခြားသူများမှာ ဆွံ့အသွားကြ၏။ “ဘာလို့ ဂိုဏ်းချုပ် အကြောင်းအရာ မရှိဘဲနဲ့ ရုတ်တရက်ကြီး ထရယ်ရတာလဲ”
ရွီ
စည်းဓားမော့သည် ပြန်လည်ကျုံ့ဝင်သွားပြီး အိတ်ကပ်တစ်ခု၏ အရွယ်အစားသို့ ပြန်လည်ဖြစ်တည် သွားတော့သည်။
ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်တစ်ခုလုံး အားအင်မရှိတော့သလို ခံစားလိုက်ရပြီး ခြေထောက်များ ပျော့ခွေသွားတော့သည်။ စည်းဓားမော့သည် အလွန်တရာအားကောင်းလွန်းလှ၏။ ထိုအရာကို အသုံးပြုပြီးသည့်နောက်မှာတော့ မိနစ်သုံးဆယ်ကြာ အားပြတ်နေလိမ့်မည်။
“ဒီမှာ ရပ်မနေနဲ့”
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “မြန်မြန် သလင်းအမြူတေတွေကောက်”
ရီချင်းရှန်နှင့် တခြားသူများသည် အမိန့်ကို ရရှိလိုက်ကြ၏။ သူတို့သည် အဆိပ်သွေးများ ဖုံးလွှမ်းနေသော ကျောက်တုံးများကို ရှောင်ရှားပြီးနောက် သလင်းအမြူတေများကို သိမ်းဆည်းကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်ကြသည်။
မျက်လုံးများမြွေဘုရင်များ၏ အဆင့်မြင့်သလင်းအမြူတေများမှလွဲ၍ တခြားသော အမြူတေများမှာ အဆင့်နိမ့်များ ဖြစ်ပြီး အရွယ်အစားမှာလည်း သေးငယ်လွန်းလှ၏။ ထို့ကြောင့် အသုံးပြုရန် မဖြစ်နိုင်ပေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ စိတ်ထဲမထားချေ။ ထို့ပြင် သူ၏ဂိုဏ်းတွင် သားဖောက်စက် ရှိနေသည်။ သားရိုင်းများ၏ ဥများရရှိမည်ဆိုပါက အနာဂတ်၌ သူသည် သန္ဓေပြောင်းအောင် ကြိုးစားခွင့် ရှိနေမည်။
စနစ်မှပြောလိုက်သည်။ “လက်ခံသူက တော်တော် အတွေးလွန်နေတာပဲ”
…...
မိနစ်သုံးဆယ်ခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ အားနည်းမှုများသည် ပြန်လည် ပျောက်ကွယ်သွားတော့သည်။ သူသည် အသာထခုန်ရင်း အမိန့်ပေးလိုက်သည်။ “မင်းတို့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ထပ်ပြီးတော့ တူးထားကြ”
မျက်လုံးများမြွေဘုရင်များကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ လှိုက်ခေါင်းသည် ပိုမို၍ လုံခြုံလာခဲ့ပြီဖြစ်သည်။ လီချင်းယန်နှင့် တခြားသူများသည် မိုင်းတွင်းတူးသည့်အရာတွင် အာရုံစိုက်လျက်ရှိပြီး သဘာဝစိတ်ဝိညာဉ် ကျောက်တုံးများအား တစ်ခုပြီးတစ်ခု တူးထုတ်လျက်ရှိသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ အသိစိတ်အား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်ပြီး လက်ထဲတွင်ရှိသော အသိအမြင်အဆောင်အား တစ်ခါထဲ ချိုးချလိုက်တော့၏။
ဟူး ဟူး
ချက်ချင်းဆိုသလိုပဲ ဆန်းကြယ်လှသောအော်ရာများသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီး လှိုဏ်ဂူတစ်ခုလုံး ဆီသို့ ပျံ့နှံ့သွားတော့သည်။ မိုင်းတွင်းတူးလျက်ရှိသော လီချင်းယန်နှင့် တခြားသူများသည် ခေါင်းလှည့်ကြည့်ကာ အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ် အဆင့်တက်တော့မယ်နဲ့တူတယ်”
ဒင်
“လက်ခံသူသည် သိုင်းစစ်သူကြီးအဆင့်ရှစ်ကို ချိုးဖြတ်ရောက်ရှိခဲ့သည်”
ဒင်
“လက်ခံသူသည် သိုင်းစစ်သူကြီးအဆင့်ကိုးကို ချိုးဖြတ်ရောက်ရှိခဲ့သည်”
သတိပေးချက်များ နားထဲသို့ ဝင်ရောက်လာချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်အမြူတေနှင့် ချီလေပွေများသည် ကြီးကြီးမားမားပြောင်းလဲသွားကြောင်း ခံစားမိလိုက်၏။ ချီလေပွေများသည် အရင်ကထက် ပိုမို သန့်စင်၍ အားကောင်းလာသည်။
ဟူး ဟူး
ကျွင်းချောင်ရှောင်းသည် သက်မချလိုက်၏။ သူ၏အနားတွင်ရှိနေသော အော်ရာများသည် ပျောက်ကွယ်သွားသည်။
“လန်းဆန်းလိုက်တာ”
“...”
လီချင်းယန်နှင့် တခြားသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
သူတို့သည် လှိုဏ်ဂူထဲတွင် ရှိနေသော မျက်လုံးများမြွေ များအား သုတ်သင်ရှင်းလင်းခဲ့ခြင်းသာ ဖြစ်သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် အဘယ့်ကြောင့် ရုတ်တရက်ကြီးထ၍ အဆင့်တက်ရသနည်း။ ထွက်ပေါ်နေသည့် အော်ရာများကို ကြည့်လျှင် သိုင်းစစ်သူကြီးအဆင့်မြင့် အဆင့်သို့ ရောက်ရှိ သွားပုံပေါ်သည်။
ကျွင်းရှောင်ချောင်းသည် တကယ်တန်းမှာတော့ သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်တော့၏။
“အရင်တုန်းက ဖြစ်ခဲ့တဲ့ ပုံစံတွေအရဆိုရင် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့်ကို ရောက်ရှိတဲ့အချိန်မှာ အထူးတာဝန် တစ်ခုရလာလိမ့်မယ်” ကျွင်းချောင်ရှောင်း တွေးလိုက်မိ၏။
ရွီး
အတွေးတစ်ချက်နှင့်ပင် သူသည် အလယ်အလတ်အဆင့် အစီအရင်တာအို ပင်ကိုယ်စွမ်းရည်နှင့် ဓားတာအို ပင်ကိုယ်စွမ်းရည်ပုလင်းများကို ထုတ်ယူ၍ တစ်ခုပြီးတစ်ခု သောက်ချလိုက်တော့သည်။ ချက်ချင်းဆိုသလိုပဲ အစီအရင်တာအိုနှင့် ဓားတာအိုတို့၏ ရေတွက်၍ မရနိုင်သော အသိပညာများသည် သူ၏ အသိစိတ်ထဲသို့ ဝင်ရောက် လာတော့သည်။
အထူးသဖြင့် လင်းကျန့်ဓားသိုင်းကို စဉ်းစားလိုက်ချိန်မှာတော့ သူသည် ရုတ်တရက် ဉာဏ်အလင်းရရှိသွားတော့ သည်။
စနစ်မှပြောလိုက်သည်။ “လက်ခံသူရဲ့ လက်ရှိ ဓားတာအိုနှင့်ပတ်သက်ပြီး နားလည်မှုအရဆိုရင် သိုင်းစစ်သူကြီးထိပ်ဆုံးအဆင့် ရောက်ပြီး အဆင့်ချိုးဖြတ်နိုင်ပြီဆိုတာနဲ့ ဓားတာအိုဘုရင်နဲ့ သိုင်းဘုရင်ဆိုပြီး ဘွဲ့ထူးနှစ်ခုကို ရရှိလိမ့်မယ်”
“ဒီလိုလား” ကျွင်းချောင်ရှောင်းသည် ပြန်ပြောလိုက်သည်။
တစ်စုံတစ်ယောက်သည် ဓားနှင့်သိုင်းပညာကို အတူတူ ပူးပေါင်း ကျင့်ကြံမည်ဆိုပါက ဤကဲ့သို့အဆင့်မျိုးရောက်ရှိရန် အလွန်တရာ ခက်ခဲပေလိမ့်မည်။ တစ်ခုချင်းကျင့်ကြံသည် ဆိုလျှင်တောင်မှ အဆင့်တက်ဖို့ လွယ်ကူလှသည် မဟုတ်ပေ။
ဓားတာအိုနှင့် သိုင်းတာအိုဘုရင်ဖြစ်လာဖို့ဆိုလျှင် တစ်စုံတစ်ယောက်သည် များပြားလှသော စမ်းသပ်မှုများနှင့် ကျင့်ကြံမှုများကို တဆင့်ချင်းလျှောက်လှမ်း၍ ဖြတ်ကျော်လာရမည်။ ထို့ကြောင့် ဤကဲ့သို့အဆင့်သို့ရောက်ရှိရန် မည်မျှအရေးကြီးပြီး တန်ဖိုးထားသင့်ကြောင်း သိရှိနိုင်ပေသည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ ဓားဘုရင်နှင့် သိုင်းဘုရင်ဖြစ်လာမည်ဟု ဆိုလျှင်တောင်မှ အံ့အားသင့်မှုမျိုး မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ ကျင့်ကြံခြင်းကို တိုးတက်လာဖို့ ဆေးရည်များကို မှီခိုခဲ့ရခြင်းကြောင့်ဖြစ်သည်။ သူ့အနေနှင့် ခက်ခဲမှုများကို မတွေ့ကြုံခဲ့ရပေ။ ထို့ကြောင့် မည်မျှကြီးမားသည့် တောင်ကြီးကို ကျော်ဖြတ်မှ ရမည့်အရာဖြစ်ကြောင်း သူမသိချေ။
ဟင်း
“ဂိမ်းဆာဗာခိုးထားတဲ့ ကစားသမားတွေကိုကြည့်ရတာ စိတ်ပျက်ဖို့အလွန်ကောင်းတာပဲ”