← Chapters

အခန်း (၄၃၆)

Vol. 30 Ch. 436

အခန်း (၄၃၆)

Vol. 30 Ch. 436

စစ်သူကြီးတစ်ယောက်ဖြစ်သည့် ရွှဲရမ်ကွေ့သည် လီလိုရှုထက်စာလျှင် သံချပ်ကာဝံပုလွေတပ်၏ ခေါင်းဆောင် တစ်ယောက်အဖြစ် ပိုမို၍ သင့်လျော်သည်။ ထို့အပြင် လီလိုရှုသည် လုပ်ကြံသတ်ဖြတ်သူများကို လေ့ကျင့်ပေးရန် ပိုမိုကျွမ်းကျင်ပေတော့သည်။ သံချပ်ကာဝံပုလွေတပ်များကို လေ့ကျင့်ပေးရာတွင် သိပ်အကျိုးသက်ရောက်မှု မရှိ လှချေ။

ဟုတ်ပေသည်။ မိုးဆွေ ဟောခန်း သည် ပိုမိုဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည်။ မိုးဆွေဟောခန်း၏ အဓိက ရည်ရွယ်ချက်မှာတော့ လက်ရှိအချိန်တွင် လုပ်ကြံသတ်ဖြတ်ခြင်းမဟုတ်တော့ပဲ သတင်းထောက်လှမ်း ပေးပို့မှုလုပ်ငန်းပင်ဖြစ်တော့သည်။ ထို့ကြောင့် ဤအချက်များကို ပိုမို၍ ကောင်းမွန်အောင် လေ့ကျင့်ရန် လိုအပ် နေ၏။

"ဟောခန်းသခင်လီ"

မိုးဆွေဟောခန်း၏ ဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် လက်ဖက်ရည်တစ်ငုံကို ကောက်သောက်ကာ ပြောလိုက်သည်။ "ချင်းယန်နိုင်ငံရဲ့ မြို့ရှစ်မြို့မှာ သတင်းပေးတွေ အားလုံး ရှိနှင့်နေပြီ၊ ပြီးတော့ ကျုပ်က ဆက်ပြီးချဲ့ထွင်ချင်နေ သေးတယ်၊ ဒီတော့ ပတ်ဝန်းကျင်နိုင်ငံတွေအကုန်လုံးမှာ ထားနိုင်ရင်တော့ အကောင်းဆုံးပဲ"

လီလိုရှုသည် AK-47 သေနတ်အတွင်းသို့ ကျည်ကတ်တစ်ခု ကောက်ထည့်ကာ လှမ်းကြည့်လိုက်၏။

"ဂိုဏ်းချုပ်... လူနည်းနည်းလောက် ထပ်ပေးအုံး"

AK-47 ကိုင်ဆောင်ထားသော အမျိုးသမီးမှာ အလွန်တရာလှပပြီး စွဲမက်ဖွယ်ရာကောင်း၏။ ဤမြင်ကွင်းသည် ကြည့်ရှု၍ အလွန်လှပသည့် မြင်ကွင်းမျိုးပင်ဖြစ်လို့နေ၏။ အရိုးသားဆုံးပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် နေ့စဉ် နေ့တိုင်း အလွန်လှပပြီး ဆွဲဆောင်မှုကောင်းသည့် မိန်းကလေးများနှင့် နေထိုင်နေရသော်လည်း တည်တည်ငြိမ်ငြိမ် နေနိုင်တုန်း ဖြစ်သည်။

သူသည် လူကြီးလူကောင်း ဆန်နေသည်လား သို့မဟုတ် ခြောက်များခြောက်နေသည်လားပင် ဝေခွဲမရ တော့ချေ။

"တစ်ရာဆို လုံလောက်ပြီလား"

"မနည်းမများပေါ့" လီလိုရှုသည် AWM စနိုက်ပါများကို ကောက်ယူ၍ ဆော့ကစားလိုက်၏။

"ခင်ဗျားကိုယ်တိုင်ရွေးလိုက်"

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ဖြစ်နိုင်သမျှ အမြန်ဆုံး လေ့ကျင့်ပေးလိုက်၊ ပြီးတော့ ပတ်ဝန်းကျင်နိုင်ငံတွေဆီပို့ထား"

"ကောင်းပါပြီ"

အလုပ်ကိစ္စများ ပြောပြီးသည့်နောက်မှာတော့ လီလိုရှုသည် ပြုံးကာပြောလိုက်၏။ "ဂိုဏ်းချုပ်... သေနတ်ပစ်လေ့ကျင့်ပေးဖို့အတွက် လိုက်ကြည့်ပေးနိုင်မလား"

"ရတာပေါ့"

ကျွင်းချောင်ရှောင်းသည် ချက်ချင်းပင် ပြန်ပြောလိုက်၏။

ဒိုင်း … ဒိုင်း …. ဒိုင်း

တောင်၏နောက်ဘက်ရှိ တည်နေရာလေးထဲမှာတော့ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လီလိုရှုသည် အလွန် လှပသော ကိုယ်နေဟန်ထားနှင့် AK-47 လက်နက်ကို ပစ်လွှတ်လျက်ရှိ၏။ ပြန်ကန်အား ကြောင့် သူမ၏ရင်ဘတ်များသည် တုန်ခါလျက်ရှိ၏။ ဤအရာသည် ကြည့်ရှုသူတစ်ယောက်အတွက် အဓိက ထားကြည့်ရမည့်နေရာဖြစ်နေသည်။

"ဂိုဏ်းချုပ်"

ကျည်အတွဲလိုက်ကြီးကို ပစ်လွှတ်ပြီးသည့်နောက်မှာတော့ ဟောခန်းသခင်လီသည် သေနတ်ကို သိမ်းဆည်းကာ ပြောလိုက်၏။ "ဒီသေနတ်က အရမ်းအားကောင်ရုံမကဘူး ဆက်တိုက်လည်း ပစ်လွှတ်လို့ရတယ်၊ တော်တော် ကောင်းတာပဲ"

"ဟမ် ….ဂိုဏ်းချုပ်... ဘာလို့နှာခေါင်းထဲက သွေးတွေကျနေတာလဲ"

"ငါ …. ငါအဆင်ပြေပါတယ်"

……...

လီလိုရှု သေနတ်ပစ်ခတ်တာကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏နှာခေါင်းထဲမှ ထွက်ကျလာသော သွေးများကို အသာသုတ်လိုက်၏။ ပြီးနောက် စာကြည့်ခန်းဆီသို့ ပြန်လာခဲ့လိုက်တော့သည်။

သူသည် ကျွမ်းကျင်စွာဖြင့် စဦးစတိုးအား ဖွင့်လိုက်သည်။ နောက်ဆုံးအကြိမ် AK-47 လက်နက်ကို ဝယ်ယူပြီးသည့်နောက်မှာတော့ သူသည် တခြားပစ္စည်းများကို ထပ်မကြည့်တော့ချေ။ ထို့ကြောင့် အခုမှ လာရောက်ကြည်ရှုခြင်းဖြစ်၏။

“ဟမ်”

လေးခုမြောက်အတန်းမှာတော့ အရာဝတ္ထုတစ်ခုသည် ကျွင်းချောင်ရှောင်း၏ အာရုံအား ဆွဲဆောင်သွား၏။ ဤအရာသည် မျိုးစေ့ကန်ဟု ခေါ်သည်။

မိတ်ဆက်ကို ကြည့်ရှုလိုက်၏။

“ပစ္စည်း - မျိုးစေ့ကန်”

“မိတ်ဆက် - အဆင့်မြင့်မျိုးစေ့များဖြင့် မျိုးစေ့အား သန့်စင်ခြင်း”

“အစွမ်းသက်ရောက်မှု - မည်သည့်မျိုးစေ့ကိုမဆို ဤကန်ထဲမှာ နှစ်နာရီကြာစိမ်ထားဖို့လိုအပ်၏။ စိုက်ပျိုးရာတွင် ကြီးထွားမှုနှုန်း အမြန်နှုန်းသည် နှစ်ဆပိုမို သက်ရောက်လိမ့်မည်ဖြစ်သည်”

“မှတ်ချက် - ထိုမျိုးစေ့များသည် ထုတ်လုပ်မှုတွင်လည်း ပိုမိုတိုးပွားလာစေနိုင်၏”

“ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၂၀၀”

“ဝယ်မယ်”

ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့်ပြောလိုက်၏။

“ဒါက ပစ္စည်းကောင်းတစ်ခုပဲ”

သိုင်းဆရာဆေးလုံး သန့်စင်နိုင်ရန်အတွက် ဆေးပင်များကြီးထွားစေဖို့ သုံးလတိတိ လိုအပ်နေသေး၏။ ဤဆေးပင် အတွက် မျိုးစေ့များကိုသာ မျိုးစေ့ကန်ထဲတွင် လေးနာရီလောက်စိမ်လိုက်မည်ဆိုလျှင် လဝက်လောက်နှင့် အပင်များ ပေါက်လာနိုင်သည်မဟုတ်လား။ ထို့အပြင် ချီစုစည်းခြင်းဆေးလုံး ပါဝင်ပစ္စည်းများထဲတွင် ပါဝင်သော ဆေးပင်များ၏ မျိုးစေ့များကိုလည်း ဤနေရာတွင် အသုံးပြုနိုင်၏။

ဒင်

“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀ ကို အသုံးပြု၍ မျိုးစေ့ကန်အား ဝယ်ယူရရှိခဲ့သည်။ သိုလှောင်လက်စွပ် ထဲသို့ ပစ္စည်းအား ပို့ဆောင်ပြီးသွားပြီ”

ဒင်

“ဂိုဏ်းစုဆောင်းမှတ် -၄၇၁၂/၅၀၀၀”

မျိုးစေ့ကန်သည် ရေချိုးကန်နှင့်ပင်ဆင်တူ၏။ အထဲတွင် ထူးဆန်းလှသော အစိမ်းရောင်အရည်များ ရှိနေသည်။ ကျွင်းချောင်ရှောင်းသည် ချီစုစည်းခြင်းဆေးလုံးသန့်စင်ရန်အတွက် လိုအပ်သည့်ဆေးပင်မျိုးစေ့များ အား ထိုအထဲသို့ပစ်ထည့်လိုက်၏။ နှစ်နာရီလောက် ကြာပြီးသည့်နောက်မှာတော့ သူသည် ထိုမျိုးစေ့များကို ပြန်ယူ၍ ဆေးဥယျာဉ်ဆီသို့ လာလိုက်တော့သည်။

“အကြီးအကဲဝေ၊ ဒီမှာ အထူးမျိုးစေ့တွေရှိတယ်၊ ဒါကို အရင်စိုက်ကြည့်ပါအုံး”

“အထူးမျိုးစေ့ ဟုတ်လား”

အကြီးအကဲဝေ လှမ်းယူလိုက်၏။ သူက မျိုးစေ့ထဲတွင်ရှိသော အော်ရာကို အာရုံခံကြည့်လိုက်တော့၏။ သူ၏ မျက်နှာသည် ပြောင်းလဲသွား၏။ “ဂိုဏ်းချုပ်... ဒီမျိုးစေ့တွေက အရမ်းအရည်အသွေးမြင့်တဲ့ မျိုးစေ့တွေပဲ”

ဤအရာသည် အလွန့် အလွန် အရည်အသွေးကောင်းလှသော မျိုးစေ့များဖြစ်သည်။ အကြီးအကဲဝေသည် နှစ်ပေါင်း များစွာ ဆေးပင်များကို စိုက်ပျိုးခဲ့ဖူးသူဖြစ်သည်။ သို့ပေမဲ့ သူသည် ဤမျှအားကောင်းလှသော အော်ရာများ ထွက်ပေါ်နေသည့် ဆေးပင်မျိုးစေ့ကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

အကြီးအကဲဝေသည် အမြန်အဆန်ဆိုသလိုပဲ အလွန်ကောင်းမွန်လှသော ဆေးဥယျာဉ်တည်နေရာကို ရွေးချယ်၍ မျိုးစေ့ပေါင်း တစ်ရာကျော်ကို တစ်ခုချင်းစီ စိုက်ပျိုးတော့သည်။

နောက်တစ်ရက်မှာတော့ အစေ့များသည် အပင်ပေါက်၍ လာခဲ့ပြီဖြစ်သည်။ အကြီးအကဲဝေသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်၏။ “ဒီဟာရဲ့ကြီးထွားမှုနှုန်းက တစ်ရက်အတွင်းကို မြန်မြန်ဆန်ဆန်နဲ့ ကြီးထွားလာတာပဲ”

ဤအပင်များရဲ့ လက်ရှိအခြေအနေကိုကြည့်ပြီး သုံးသပ်ရမည်ဆိုလျှင် ကြီးထွားနိုင်သည့် အမြန်နှုန်းသည် နှစ်ဆ ပို၍ တိုးတက်နေသည်ကို အကြီးအကဲဝေ သတိပြုလိုက်မိ၏။

အကြီးအကဲဝေသည်လည်း ဆေးပင်များအား မြန်မြန် ဆန်ဆန် ပေါက်ရောက်နိုင်ရန် ကြိုးစားခဲ့ဖူး၏။ သို့ပေမဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ အပင်များသည် အာဟာရဓာတ်ကို ကောင်းစွာမစုပ်ယူနိုင်ခဲ့သောကြောင့် စိတ်ဝိညာဉ်စွမ်းအင်များ အားနည်းပြီး ဆေးပင်၏ အာနိသင်ကိုလျော့ကျစေခဲ့၏။ သို့ပေမဲ့ လက်ရှိအခြေအနေ မှာတော့ ဤမျိုးစေ့များနှင့်ဆို အဆင်ပြေနိုင်ပြီဖြစ်သည်။

“မယုံနိုင်စရာပဲ၊ မယုံနိုင်စရာပဲ”

ဆေးပင်များအား ကိုယ်တိုင်ကိုယ်ကျ သိရှိနားလည်ပြီးသည်နောက်မှာတော့ အကြီးအကဲဝေသည် အလွန်တရာ ထိတ်လန့်သွားမိ၏။

“ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ”

နေ့လည်ခင်းသို့ ရောက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လာ၍ မေးမြန်းတော့သည်။ အကြီးအကဲဝေသည် တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်... ကြီးထွားနိုင်မှု အများဆုံး ခုနှစ်ရက်ကနေ ရှစ်ရက်လောက်ထိပဲ ကြာတယ်၊ ကြီးထွားလာပြီဆိုရင် အထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကလည်း အရမ်းအားကောင်းလိမ့်မယ်”

“အဲလိုလား”

ကျွင်းရှောင်ချောင်း ရယ်မောလိုက်၏။ မျိုးစေ့များသည် ဆေးပင်အဖြစ်သို့ မြန်မြန်ဆန်ဆန် ကြီးထွားနိုင်၏။ အထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များမှာလည်း အလွန်တရာအားကောင်းနိုင်သည်။ ဤအရာသည် သံသယ ဖြစ်စရာမလိုပေ။ တပည့်များ၏ ကျင့်ကြံအဆင့်အား မြန်မြန်ဆန်ဆန်ပင် ချိုးဖြတ်ပေးနိုင်သည့်အရာဖြစ်ပေ လိမ့်မည်။

ကျွင်းချောင်ရှောင်းသည် မျိုးစေ့များအား ဆေးခန်းမဆောင်တွင် ထားခဲ့၏။ ထို့အပြင် မျိုးစေ့ကန်အားလည်း ဤနေရာတွင် ထားခဲ့သည်။ အကြီးအကဲဝေသည် မျိုးစေ့များကို မျိုးစေ့ကန်တွင် နှစ်မြှုပ်ရမည့်တာဝန်ကို လက်ခံ ရယူထားသည်။

အားလုံးပြီးသည့်နောက်မှာတော့ လီလိုရှုသည် သူနှင့်လာရောက်တွေ့ဆုံတော့သည်။ ပြီးနောက် မိုးဆွေဟောခန်း အတွက် ရွေးချယ်ထားသော တပည့်များကို လာရောက်ပြောဆိုခြင်းဖြစ်သည်။ တချို့သောသူများသည် မြင့်မား လှသည့် ကျင့်ကြံခြင်းအဆင့် မရှိသော်လည်း အလွန်တရာ ဉာဏ်ကောင်းလှပြီး အထူအပါးနားလည်သူများ ဖြစ်သောကြောင့် သတင်းထောက်လှမ်းသည့် လုပ်ငန်းစဉ်တွင် အသုံးတည့်မည့်သူများဖြစ်လို့နေသည်။

……....

စိတ်ဝိညာဉ်စုစည်းခြင်အစီအရင်သည် ပိုမို အဆင့်မြှင့်သွားခဲ့သည်။ မျိုးစေ့များသည်လည်း တိုးတက်လာခဲ့သည်။ နောက်ထပ် တပည့်များအနေဖြင့် ကျင့်ကြံခြင်းအခြေအနေကို ချိုးဖြတ်နိုင်ရန် စောင့်ရပေတော့မည်။

ကျွင်းချောင်ရှောင်းမှာတော့ လေ့ကျင့်ရန် အချိန်မရှိနေသေးပေ။ သူ့တွင် လုပ်စရာအများကြီး ရှိနေသေးသည် မဟုတ်လား။ ထို့ကြောင့်သူသည် မနားဘဲ ဟူရန်မြို့ဆီ ထွက်ခွာသွားခဲ့သည်။ သိုင်းဆရာဆေးလုံးအတွက် သန့်စင် နိုင်မည့် မျိုးစေ့များ လိုအပ်နေသေးသည်။

ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် အသိအမြင်အဆောင်နှင့် အခြားဖြည့်စွက်ပစ္စည်းများ၏ အစွမ်းကြောင့် ကျင့်ကြံခြင်းအဆင့် တိုးမြင့်လာခဲ့သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ရင် တစ်နေကုန် ဂိုဏ်းကိစ္စများ ပြုလုပ်နေရင်းဖြင့် အလွန်တရာအလုပ်များနေသည်မို့ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကျင့်ကြံရမည့်အချိန်ကို ရှိလိမ့် မည်မဟုတ်ချေ။

“ဂိုဏ်းချုပ်ကျွင်း”

အိုက်မိသားစုရဲ့ အဓိကဟောခန်းထဲမှာတော့ အိုက်ရှန်းရီသည် သိုလှောင်လက်စွပ်တစ်ခုကို ကမ်းပေးကာ ပြောလိုက်၏။ “ဒီထဲမှာရှိတဲ့ဆေးပင်တွေက ရှာရအရမ်းခက်တယ်၊ ဒါပေမဲ့ ဒီထဲမှာ မျိုးစေ့တော်တော်များများရှိနေတယ်”

“ဘယ်လောက်ကျလဲ”

ကျွင်းချောင်ရှောင်းမေးလိုက်သည်။

“ဒါက သိပ်ပြီးမတန်ပါဘူး၊ ဂိုဏ်းချုပ်ကျွင်းအတွက် လက်ဆောင်ယူထားလိုက်ပါ” အိုက်ရှန်းရီ ပြုံးလိုက်၏။

“ဘယ်လိုလုပ် လက်ခံလို့ရမှာလဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်ဆိုသော်လည်း မဖြစ်မနေ လက်ခံလိုက်ရသည်။ ထို့နောက် သူသည် ထွက်ခွာ ခါနီးမှာတော့ စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ငါးဆယ်နှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး နှစ်ဆယ် အား အိုက်ရှန်းရီထံ ပေးအပ်ခဲ့၏။

အိုက်မိသားစုဆီမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်း တိရစ္ဆာန်အစားအစာ အရောင်းဆိုင် ဆီသို့ သွားခဲ့၏။ သူသည် စီးပွားရေးကိစ္စအခြေအနေများကို မေးမြန်းပြီးသည့်နောက်မှာတော့ ပြန်လာခဲ့တော့သည်။

သိုင်းဆရာဆေးလုံးသန့်စင်ရန်အတွက် မျိုးစေ့များရှိနေပြီဖြစ်သောကြောင့် မျိုးစေ့ကန်ထဲတွင် နှစ်မြှုပ်ပြီး များများ စားစား စတင်စိုက်ပျိုးတော့မည်။ ဆေးဥယျာဉ်တည်နေရာမှာလည်း မူတစ်ရာမှသည် မူငါးရာအဖြစ်သို့ တိုးချဲ့ပြီး ဖြစ်သည်။

အု အု

တောဝက်ရိုင်းလေးသည် သူ၏ မြေဓာတ်သဘာဝကို အချိန်တိုင်းထုတ်လွှတ်လျက် မြေဆီလွှာများကို ပိုမို အားကောင်းအောင် ပြုလုပ်ပေးလျက်ရှိနေသည်။ ဤအတောအတွင်းတွင် သူ၏ ခန္ဓာကိုယ်မှာ ပို၍ ပိန်လာသည်။ သို့ပေမဲ့ ပိုမို၍ အားကောင်းလှ၏။ အနည်းဆုံးတော့ ကြည့်လိုက်သည်နှင့် ဝက်ငပျင်းတစ်ကောင်လို့ ထင်မှတ်စရာ မရှိတော့ချေ။

…….....

သုံးရက်ကြာမြင့်ပြီးသည့်နောက်မှာတော့ လီချင်းယန်သည် ထုံးစံအတိုင်း သတင်းလာပို့တော့သည်။ “ဂိုဏ်းချုပ်... ဂျူနီယာညီလေးတွေ၊ ညီမလေးတွေ အကုန်လုံးက သိုင်းတပည့်အဆင့်ကို ချိုးဖြတ်ရောက်ရှိသွား ကြပြီ”

ဤတပည့်များသည် များပြားလှသော အရင်းအမြစ်များကို ရရှိခံစားနေရသောကြောင့် သိုင်းတပည့်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ သံမဏိအရိုးဂိုဏ်းတစ်ခုလုံးတွင် သိုင်းပညာကို လေ့ကျင့်ခြင်းမပြုနိုင် သေးသည့် ရောင်မုန့်ယဉ်မှလွဲ၍ အားလုံးသည် သိုင်းတပည့်ကျင့်ကြံသူများ ဖြစ်လို့နေ၏။

ထို့အပြင် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးအဆင့် တိုးတက်သွားပြီးသည့်နောက်မှာတော့ ကြွက်သား တည်ဆောက်ခြင်းအခန်း၊ စမ်းသပ်မှုမျှော်စင်တို့ကြောင့် သာမန်သိုင်းတပည့်ဟူ၍ တစ်ယောက်မှ မရှိချေ။

ကျွင်းရှောင်ချောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာပြောလိုက်သည်။ "အင်း၊ ဂိုဏ်းသားသစ်ခေါ်ဆောင်မှုကို လုပ်ရမယ့်အချိန် ရောက်နေပြီပဲ"

All Chapters