အခန်း (၄၃၇)
Vol. 30 Ch. 437
စိတ်ဝိညာဉ်စုစည်းမှုအစီအရင် အဆင့်မြှင့်တင်ပြီးဖြစ်သောကြောင့် တပည့်များသည် မြန်မြန်ဆန်ဆန်ဖြင့် အဆင့် ချိုးဖြတ်လျက်ရှိနေသည်။ သူလုပ်ရန် လိုသည့်အရာမှာ ဂိုဏ်းသားသစ်များကို ထပ်မံခေါ်ယူ၍ ဂိုဏ်းသားအရေ အတွက် ပြည့်စုံအောင်လုပ်ပြီး အစစ်အမှန်ဂိုဏ်းတာဝန်များကို ဖော်ထုတ်ရန်ပင် ဖြစ်တော့သည်။
“ဒါပေမဲ့”
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။ “လက်ရှိ လူသစ်ခေါ်ဆိုမှု အခြေအနေအရဆိုရင် ချင်းယန်နိုင်ငံထဲမှာရှိတဲ့ ပင်ကိုယ်စွမ်းရည်ကောင်းမွန်တဲ့ လူတွေ ခေါ်ဆောင်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းသွားပြီ”
စနစ်က ပြောလိုက်သည်။ “လက်ခံသူက စိန်ခေါ်မှုကို ကြိုက်တာမဟုတ်ဘူးလား၊ အဆင့်အနိမ့်ဆုံး ပင်ကိုယ်စွမ်းရည်ရှိတဲ့လူတွေကို ခေါ်ပြီး တော့ အတော်ဆုံးဖြစ်အောင် ပြုလုပ်ပေးရတာ ပိုကောင်းမယ်ထင်တယ်”
“တော်စမ်း” ကျွင်းချောင်ရှောင်း ပြောလိုက်၏။
အတိတ်တုန်းကဆိုလျှင် သူသည် ဤကဲ့သို့သော စိန်ခေါ်မှုမျိုးကို ကြိုက်၏။ ပင်ကိုယ်စွမ်းရည်နိမ့်ပါးသော လူငယ်များကို ပြုစုပျိုးထောင်ပေးရခြင်းသည် သူ့အတွက် ထူးခြားသည့် စိန်ခေါ်မှုပင် ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင်တော့ သူသည် ဤကဲ့သို့သော အဆင့်နိမ့် ပင်ကိုယ်စွမ်းရည် ကျင့်ကြံသူများ အား တပည့်အဖြစ် ခေါ်ဆောင်၍ မဖြစ်တော့ချေ။
လက်ရှိ သံမဏိအရိုးဂိုဏ်းသည် ခြားနားနေခဲ့ပြီဖြစ်သည်။ ဂိုဏ်းသည် ဂုဏ်သိက္ခာအရလည်း ကြီးမားလာခဲ့ သလို ထင်ပေါ်ကျော်ကြားမှုမှာလည်း အလွန်တရာကြီးမြင့်လာခဲ့၏။ ထို့ပြင် ဂိုဏ်း၏အဆင့်မှာလည်း အဆင့်ခုနှစ် မှသည် အဆင့်ခြောက်ဂိုဏ်းတစ်ခုပင် ဖြစ်လာခဲ့ပြီ။
နိမ့်ကျလှသည့် ပင်ကိုယ်စွမ်းရည်ရှိသောသူများအား အဆင့်မြင့်သော လူတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင် ရသည်မှာ လီဖေးနှင့် ထျန်းချီကဲ့သို့ လူများကို ပြုစု ပျိုးထောင်ရင်း သက်သေပြခဲ့ပြီးပြီ မဟုတ်လား။ ထို့ကြောင့် အနာဂတ်တွင် ကောင်းမွန်သည့် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သည့် တပည့်များကိုသာ သူလိုအပ်တော့သည်။
ဂိုဏ်းတစ်ခု တည်ထောင်ရခြင်းသည် လူမှုကယ်ဆယ်ရေးအဖွဲ့ ဖွဲ့ထားရခြင်းနှင့် မတူပေ။ အဆင့်မြင့်မားသော ပင်ကိုယ်စွမ်းရည်ရှိသည့် ကျင့်ကြံသူများသည် ပိုမိုမြန်ဆန်စွာဖြင့် ပြုစုပျိုးထောင်နိုင်သည်မှာ သေချာ၏။
စနစ်က ပြောလိုက်၏။ “လက်ခံသူက အခုတော့ မောက်မာသွားခဲ့ပြီ”
“မင်းကြီးတော်ကြီးကို မောက်မာပါလား” ကျွင်းချောင်ရှောင်း ထဆဲလိုက်မိတော့၏။ ပြီးနောက်သူသည် မေးစေ့ကို ပွတ်သပ်ကာပြောလိုက်၏။ “တခြားနိုင်ငံကလူတွေ လူသစ်ခေါ်မှပဲဖြစ်လိမ့်မယ်”
စနစ်မှပြောလိုက်၏။ “တခြားနိုင်ငံမှ ကျင့်ကြံသူတွေ သံမဏိအရိုးဂိုဏ်းကို ဝင်ရောက်မယ်ဆိုရင် အကောင်းဆုံးပေါ့၊ ဒါပေမဲ့ လက်ခံသူ အနေနဲ့ တခြားနိုင်ငံက လူတွေကို လူသစ်ခေါ်ဆောင်မယ်ဆိုရင် ကျိန်းသေပေါက် ပြဿနာတွေ တက်မှာပဲ”
ကျွင်းချောင်ရှောင်း ငြိမ်သက်သွားမိ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် များပြားလှသော လူများရှိ၏။ သို့ပေမဲ့ ပါရမီရှိသောသူမှာ အနည်းငယ်သာလျှင် ရှိပေ၏။ တစ်ဖက်လူ၏ တည်နေရာထဲသို့သွား၍ ပါရမီထူးလှသော သူများကို တပည့်အဖြစ် ခေါ်ဆောင်လိုက်ခြင်းသည် ပြဿနာသွားရှာလိုက်ခြင်းနှင့်ပင် ဆင်တူနေသည်။
ချီးတဲ့မှ …
ကျွင်းချောင်ရှောင်းသည် ပြိုလဲတော့မလို ဖြစ်နေ၏။ “ငါတို့ တကယ်ပဲ အဆင့်နိမ့်ပင်ကိုယ်စွမ်းရည်နဲ့လူတွေကိုခေါ်ပြီး များပြားလှတဲ့ အရင်းအမြစ်တွေပေး၊ သူတို့ကို ဖြည်းဖြည်းချင်း တိုးတက်စေ၊ အဲလိုမျိုးလုပ်ရတော့မှာလား”
“ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ လီလိုရှုသည် အဓိကဟောခန်းထဲသို့ လျှောက်ဝင်လာပြီး ပြောလိုက်၏။ “မြို့တော်ဝန် လာလည်ပါတယ်”
“ခေါ်လိုက်ပါအုံး” ကျွင်းချောင်ရှောင်းပြောလိုက်သည်။
……....
အဓိကဟောခန်းထဲမှာတော့ မြို့တော်ဝန်ရှဲ့သည် အလွန်တရာ စိတ်ဓာတ်ကျနေသော အမူအရာဖြင့် ရောက်ရှိ လာပြီး ထိုင်ကာပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်စိတ်ပူတဲ့အရာကတော့ နောက်ဆုံးမှာ တကယ်ရောက်လာခဲ့ပြီ”
“ဘာကြီးလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
မြို့တော်ဝန်ရှဲ့သည် စာတစ်စောင်ကို ထုတ်ယူကာပြောလိုက်၏။ “ဒါက ကျန်းယန်နိုင်ငံရဲ့ခေါင်းဆောင်က မနက်ကပို့လိုက်တဲ့စာပဲ”
အမ်
ကျွင်းချောင်ရှောင်းယူကာ ဖွင့်ကြည့်လိုက်၏။ ကျန်းယန်နိုင်ငံ၏စာသည် ချင်းယန်နိုင်ငံအနေဖြင့် အရှုံးပေးရန်ဟု ပြောဆိုထားသောစာဖြစ်သည်။ မဟုတ်ပါက မြို့တစ်ခုလုံးကို သိမ်းပိုက်စီးနင်းခြင်းခံရမည်ဟု ခြိမ်းခြောက်ထား သေး၏။
“ဟား ဟား ဟား”
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ဒီလောက် ပွင့်ပွင့်လင်းလင်းကြီးလား။ ရဲရင့်လိုက်တဲ့ ခြိမ်းခြောက်ထားတဲ့စာကြီးပါလား”
မြို့တော်ဝန်ရှဲ့သည် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။ “ကျုပ်ရထားတဲ့ သတင်းအရဆိုရင် ကျန်းယန်နိုင်ငံမှာ အရမ်းအားကောင်းလှတဲ့ တပ်သားနှစ်သိန်းကျော်ရှိတယ်၊ သူတို့က အဖွဲ့နှစ်ဖွဲ့ပေါင်းပြီးတော့ ဟွာယန်နိုင်ငံနှင့် ဟီယန်နိုင်ငံကို ဦးတည်နေကြတယ်၊ အဲနိုင်ငံနှစ်ခုလုံး တိုက်ခိုက်ခံလိုက်ရပြီဆိုရင် ကျုပ်တို့ ချင်းယန်နိုင်ငံက ကြားထဲမှာ ညှပ်နေတဲ့ နိုင်ငံတစ်ခုလို ဖြစ်သွားလိမ့်မယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ဒါအမှန်ပဲ”
မြို့တော်ဝန်ရှဲ့က ဆက်ပြောလိုက်၏။ “ကျန်းယန်နိုင်ငံက ဒီကျားဖြူစစ်တပ်ကြီးတစ်ခုလုံးကို ဦးဆောင်လာတဲ့သူက စစ်သူကြီးချုပ် ပိုင်ယွေ့ကွေပဲ၊ ဒီစစ်တပ်က မြင့်မားလှတဲ့ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ရုံမကဘဲ လက်နက်ပစ္စည်းတွေလည်း တပ်ဆင်ထားတယ်၊ အားလုံးက တကယ့်လက်ရွေးစင်တွေကြီးပဲ၊ သူတို့သာလာရင်တော့ ကျုပ်တို့ချင်းယန်နိုင်ငံကြီးက တကယ့်ကို အန္တရာယ်ပဲ”
“သူတို့ဒီနေရာကိုရောက်ဖို့ ဘယ်လောက်ကြာနိုင်သေးလဲ” ကျွင်းချောင်ရှောင်းမေးလိုက်၏။
မြို့တော်ဝန်ရှဲ့က ပြောလိုက်သည်။ “ဟွာယန်နိုင်ငံနဲ့ ဟီယန်နိုင်ငံတို့က ခုခံဖို့ စဉ်းစားလိုက်မယ်ဆိုရင်တော့ ဒီကို တစ်နှစ်ခွဲလောက်မှ ရောက်လာလိမ့်မယ်၊ ဒါပေမဲ့ အရှုံးပေးလိုက်မယ်ဆိုရင်တော့ ချင်းယန်နိုင်ငံဆီ တစ်လအတွင်း ရောက်လာလိမ့်မယ်”
“တစ်လ ဟုတ်လား”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မြို့တော်ဝန်ရှဲ့... ချင်းယန်နိုင်ငံမှာ စစ်သည်ဘယ်လောက်ရှိလဲ”
“ငါးသောင်းလောက်ရှိတယ်” မြို့တော်ဝင်ရှဲ့ပြောလိုက်၏။
ချင်းယန်နိုင်ငံသည် သုံးဒဿမခြောက်သန်းသော လူဦးရေကို ပိုင်ဆိုင်သည်ဆိုသော် လည်း တိုက်ပွဲဝင်ရန် လိုအပ်သော အနိမ့်ဆုံးအဆင့်ဖြစ်သည့် သိုင်းတပည့်အဆင့်သို့ ရောက်ရှိနေသော လူဦးရေ သည် ငါးသောင်းလောက်သာရှိ၏။
ထို့ပြင် ကျန်းယန်နိုင်ငံသည် သူတို့၏ လက်ရွေးစင်စစ်သားများကို စေလွှတ် လိုက်ခြင်းဖြစ်၏။ သာမန်၊ ဒုတိယနှင့် ပထမအဆင့် သိုင်းတပည့်များသည် တိုက်ပွဲတွင်သာ ရောက်ရှိနေမည်ဆိုပါက သွားသေဖို့ လွှတ်လိုက်သည်နှင့်ပင် ဆင်တူနေလိမ့်မည်။
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်ကာပြောလိုက်၏။ “ဒါက နည်းနည်းတော့ ကွာခြားလွန်းတယ်”
သူသည် စစ်တပ်နှင့်ပတ်သက်သော ကိစ္စရပ်များကို ကျွမ်းကျင်သူမဟုတ်ပေ။ ထို့ကြောင့် ရွှဲရမ်ကွေ့အား လှမ်းခေါ်ကာ အခြေအနေတစ်ခုလုံးကို ပြောပြပေးလိုက်သည်။ “ဟောခန်းသခင်ရွှဲ့ ဘယ်လိုထင်လဲ”
ရွှဲရမ်ကွေ့သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ကျန်းယန်နိုင်ငံရဲ့ ပိုင်ယွေကွေ့ဟာ ရန်ကျူးတစ်ခုလုံးရဲ့ ထိပ်သီးစစ်သူကြီးချုပ် ဆယ်ယောက်ထဲက တစ်ယောက်ပဲ”
“ဒါအမှန်ပဲ” မြို့တော်ဝန်ရှဲ့ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း ဆွံ့အသွား၏။ လက်ရွေးစင်စစ်တပ်ကို ပိုင်ဆိုင်ထားရုံမကဘဲ စစ်သူကြီးမှာလည်း ထိပ်တန်း အဆင့် စစ်သူကြီးဆယ်ယောက်ထဲက ဖြစ်လို့နေ၏။ ကျန်းယန်နိုင်ငံ၏ ကျူးကျော်မှုသည် ကျိန်းသေပေါက် အနိုင်ရ ရှိနိုင်မည့်အခြေအနေကို ကျော်လွန်နေ၏။
ရွှဲ့ရမ်ကွေ့က ပြောလိုက်သည်။ “လက်ရှိအခြေအနေကို သုံးသပ်ရမယ်ဆိုရင် ကျုပ်တို့က သေတဲ့အထိ ခုခံဖို့ပဲ ရွေးရမှာ၊ ဘယ်လောက်ထိ ခုခံနိုင် မလဲဆိုတာ တစ်ဖက်သားက ဘယ်လိုတိုက်ခိုက်မလဲဆိုတဲ့အပေါ်ပဲ မူတည်နေလိမ့်မယ်”
ဤအရာသည် မှန်ကန်လွန်းနေ၏။ သူတို့တွင် တခြားရွေးချယ်စရာလမ်းလည်း မရှိပေ။ စစ်တပ်အင်အားခြင်း ကွာခြားမှုမှာ အလွန်တရာကြီးမားနေ၏။ ထို့ကြောင့် ကျန်းယန်နိုင်ငံမှ တော်ဝင်လက်ရွေးစင်စစ်တပ်အား ခုခံဖို့ ဆိုသည်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။
“ဟင်း”
မြို့တော်ဝန်ရှဲ့သည် သက်ပြင်းရှည်ကြီး ချလိုက်၏။ သူ၏ မျက်လုံးများတွင်တော့ စိတ်ဆုံးဖြတ်ထားသည့် အရိပ် အယောင်များနှင့် ပြည့်နှက်နေသည်။ “စစ်သည်တစ်ယောက်ချင်း သေဆုံးသွားမည်ဆိုလျှင်တောင်မှပဲ ချင်းယန်နိုင်ငံက သေတဲ့အထိ ခုခံမယ်”
သူ၏အိမ်သည် ကျူးကျော်၍ရသည့်နေရာမဟုတ်ပေ။ လက်နက်ချအရှုံးပေးရမည့်လား၊ ဤကဲ့သို့သော ကိစ္စမျိုး လူကြောက်များသာလျှင် လုပ်ပေလိမ့်မည်။
……....
မြို့တော်ဝန်ရှဲ့ သည် ထွက်ခွာသွားပြီးသည့်နောက် လာရောက်တော့မည့် စစ်ပွဲအတွက် ပြင်ဆင်ရပေတော့မည်။ ထို့ကြောင့် သူသည် ချင်းယန်မြို့တွင် နေထိုင်ပြီး ချင်းယန်မြို့တွင်သေဆုံးသွားရန် စိတ်ကို ပြင်ဆင်ထားပြီးဖြစ်၏။
“ဟောခန်းသခင်ရွှဲ့”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “ဒီထက်ကောင်းတဲ့နည်းလမ်း မရှိတော့ဘူးလား”
ရွှဲရမ်ကွေ့သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်... ချင်းယန်နိုင်ငံက အဆင့်ကိုးနိုင်ငံလေးတစ်ခုပါ၊ ကြီးမားတဲ့နိုင်ငံကြီးတွေရဲ့ ပစ်မှတ်ထားခံရရင် ကျိန်းသေပေါက် သုတ်သင်ရှင်းလင်းခံရမှာပဲ”
ငါးကြီးများသည် ငါးလေးများကိုစား၏။ ဤအရာသည် လောက၏ သဘာဝပင်ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်း သည် ထိုင်ခုံပေါ်တွင်ထိုင်၍ မေးထောက်ကာ ပြောလိုက်သည်။ “ကျုပ်တို့ သံမဏိအရိုးဂိုဏ်းက ချင်းယန်မြို့မှာ ရှိတာလေ၊ ဒီတော့ ရပ်ကြည့်နေလို့တော့ မဖြစ်ဘူး”
ရွှဲ့ရမ်ကွေ့က ပြေလိုက်သည်။ “ဂိုဏ်းချုပ်... ကျုပ်တို့က အားကောင်းလှတဲ့ ဂိုဏ်းတစ်ခုပဲလေ၊ ဒါပေမဲ့ စစ်ပွဲထဲမှာတော့ဝင်ပါလို့ မဖြစ်ဘူး”
“ကျုပ်တို့ သံမဏိအရိုးဂိုဏ်းတပည့်တွေက ချင်းယန်နိုင်ငံမှာနေတာလေ၊ ဒါကကျုပ်တို့ရဲ့အိမ်၊ ကျုပ်တို့ချစ်မြတ်နိုး လှတဲ့မြေလည်းဖြစ်တယ်၊ တခြားတိုင်းတစ်ပါးက လာရောက်ကျူးကျော်တာကို ရပ်ကြည့်နေလို့ ဘယ်ဖြစ်မလဲ”
“နားလည်ပါပြီ”
ရွှဲ့ရမ်ကွေ့သည် တည်ငြိမ်စွာပြောလိုက်၏။ “ဂိုဏ်းချုပ်က ချင်းယန်မြို့အတွက် ခုခံချင်တယ်ဆိုရင် သံချပ်ကာဝံပုလွေတပ်ရဲ့ အဖွဲ့ဝင်တွေကို ထပ်ပြီး တိုးချဲ့ရမယ်လို့ ကျုပ်ထင်တယ်၊ ဒါဆိုရင် အလစ်အငိုက်ဖမ်းပြီး၊ တိုက်ခိုက်ခြင်းတွေ၊ ခုခံခြင်းတွေကို ပြုလုပ် နိုင်လိမ့်မယ်”
ကျန်းယန်နိုင်ငံ၏ စစ်တပ်ကို တိုက်ခိုက်သွားရောက်တိုက်ခိုက်မည်ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် သူတို့၏ အားအင်အဆင့်ကို အသုံးပြု၍ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရုတ်တရက်သတ်ဖြတ်ခြင်းတို့ အသုံးပြု၍ ပြုလုပ် ရပေလိမ့်မည်။
ဟာရီကိန်းဝံပုလွေများကို စီးနင်းထားသော သံချပ်ကာဝံပုလွေများ၏ အားအင်အဆင့်သည် သံသယ ရှိစရာမလို ကောင်းမွန်လှသည်မှာ သေချာပြီဖြစ်၏။ ထို့ကြောင့် တိုက်ပွဲစစ်မျက်နှာတွင် ရန်သူများကို သတ်ဖြတ်ရန် အသင့် လျော်ဆုံးဖြစ်၏။ လုံလောက်သည့် အခြေအနေများတည်ရှိမည်ဆိုပါက သူတို့ ဆယ်ယောက်နှင့် ရန်သူတစ်ရာအား ပြဿနာမရှိ တိုက်ခိုက်နိုင်ပေလိမ့်မည်။
ဤခေတ်ကြီးတွင် အလွန်တရာအားကောင်းလှသော တပ်ဆိုသည်မှာ သံချပ်ကာတပ်ဟုပင် ဆိုရပေမည်။ အားကောင်းလှသော သံချပ်ကာတပ်သားများကို ပိုင်ဆိုင်မည်ဆိုလျှင် အောင်မြင်မှုကို လှမ်းယူနိုင်မှာ သေချာတော့ သည်။ အတိတ်တုန်းက မွန်ဂိုအင်ပါယာသည် ၎င်း၏သံချပ်ကာတပ်ကိုအသုံးပြု၍ ဥရောပသို့ပင် နယ်ချဲ့လုနီးပါး ပြုလုပ်နိုင်ခဲ့၏။
စုန့်မင်းဆက်ခေတ်တွင်လည်း အလွန်တရာအားကောင်းလှသော စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်သော်လည်း သင့်တော်သည့်သံချပ်ကာမြင်းတပ် ဖန်တီးနိုင်သည့် မြင်းများ မရှိသောကြောင့် နယ်မြေ ဆယ့်သုံးနယ်မြေအား တခြားသူများလက်သို့ ပေးအပ်ခဲ့ရသည်။ ထို့ကြောင့် သံချပ်ကာမြင်းတပ်ဆိုသည်မှာ အဓိက အားဖြင့် မြင်းကိုအားကိုး ရသည်။
ကျွင်းချောင်ရှောင်း၏ သံချပ်ကာ ဝံပုလွေတပ်မှာတော့ ဟာရီကိန်းဝံပုလွေများကို အားကိုးထား၏။ ဤအရာသည် တူညီသလိုလိုနှင့် မတူညီချေ။ ထို့ကြောင့် လုံလောက်သည့် အရေအတွက်သာရှိမည်ဆိုပါက တစ်ဖက်လူများကို သတ်ဖြတ်နိုင်လိမ့်မည်ဟု ရွှဲရမ်ကွေ့ ယုံကြည်နေမိသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ဒီမှာ ဟာရီကိန်းဝံပုလွေ တစ်ထောင်လောက်နီးပါးပဲရှိတယ်၊ ဒီတော့ သံချပ်ကာဝံပုလွေတပ်သားတွေကို နောက်ထပ် ငါးရာထပ်တိုးပြီးထည့်ပေးရမယ်”
သူ့အနေနှင့် သားရဲတစ်ထောင် တောင်တန်းဆီမှ ဟာရီကိန်းဝံပုလွေများကို ပြန်လည်ခေါ်ယူလာခဲ့ခြင်းသည် ယနေ့ စစ်ပွဲအတွက် အလွန်သင့်တော်သည့် လုပ်ရပ်တစ်ခုဖြစ်ခဲ့ပြီဖြစ်ကြောင်း ထင်ပေါ်နေပြီဖြစ်သည်။
ရွှဲရမ်ကွေ့သည် ခဏလောက်တွေးပြီးပြောလိုက်၏။ “သံချပ်ကာဝံပုလွေတပ်ကို လူတစ်ထောင်လောက်နဲ့ဖွဲ့ပြီး သူတို့ကိုကောင်းကောင်းလေ့ကျင့်ပေးမယ်ဆိုရင် ရန်သူ တစ်သောင်းလောက်နဲ့ တိုက်ခိုက်ဖို့ ပြဿနာမရှိနိုင်ဘူး”
“အဲလိုလူတွေကို အရမ်းကောင်းတဲ့ လက်နက်တွေ တပ်ဆင်ပေးလိုက်မယ်ဆိုရင်ကော” ကျွင်းချောင်ရှောင်း မေးလိုက်၏။
ရွှဲရမ်ကွေ့က ပြောလိုက်၏။
“ဒါဆိုရင်တော့ ကျားကို အတောင်ပံတပ်ပေးသလို ဖြစ်သွားမှာတော့”
“ကျုပ်တပည့်တွေကို စုစည်းထားလိုက်မယ်၊ ခင်ဗျားက ကြိုက်တဲ့တပည့်ငါးရာကိုရွေးလိုက်” ကျွင်းချောင်ရှောင်း ထပ်ပြောလိုက်သည်။
“ဒါပေမဲ့ အချိန်က အကန့်အသတ်ရှိတယ်၊ တစ်လအတွင်း သူတို့ကို လေ့ကျင့်ပေးမှ ဖြစ်လိမ့်မယ်”
ရွှဲ့ရမ်ကွေ့သည် ယုံကြည်ချက်ရှိရှိပင်ပြောလိုက်၏။ “တိုက်ရိုက်တပည့်တွေက အလွန်အားကောင်းတဲ့ ခန္ဓာကိုယ်တွေနဲ့ ကောင်းမွန်တဲ့အခြေခံတွေကို ပိုင်ဆိုင်ပြီးသား လေ၊ သူတို့ကာ သာမန်လူတွေထက် ပိုပြီးတော့ မြန်မြန်ဆန်ဆန် လေ့ကျင့်ပေးလို့ရမယ့်လူတွေကြီးပဲ၊ တစ်လ မပြောနဲ့၊ လဝက်ဆိုရင်ကို လုံလောက်ပြီ”