အခန်း (၄၃၉)
Vol. 30 Ch. 439
ကျွင်းချောင်ရှောင်းသည် အကျင့်အတိုင်း စနစ်ကို ဖွင့်၍ အထူးတာဝန်အား နှိပ်ကြည့်လိုက်သည်။
အကြောင်းအရာ မှာ ….။
အထူးတာဝန် (၄)
တာဝန် အသေးစိတ် - ကျန်းယန်နိုင်ငံ၏ တိုက်ခိုက်မှုကြောင့် ချင်းယန်နိုင်ငံသည် အန္တရာယ်ကျရောက်နေသည်။ လက်ခံသူသည် တပည့်များအား ဦးဆောင်၍ ချင်းယန်မြို့အား အောင်မြင်စွာ ကာကွယ်ပေးရန်။
တာဝန်ကျရှုံးလျှင် - ချင်းယန်မြို့ ပျက်ဆီးမည်။
တာဝန်ဆုလာဘ် - ???။
အထူးတာဝန်၏ အဓိက ရည်ရွယ်ချက်သည် ချင်းယန်မြို့အား ကာကွယ်ရန် ဖြစ်သည်။
“ဒါက ရိုးရှင်းလွန်းတယ်”
ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။ တာဝန်သည် ရိုးရှင်းလှသည် ဆိုသော်လည်း အောင်မြင်အောင်တော့ ခက်ခဲလွန်းလှ၏။
ယခုသူသည် ရှိသမျှအားကုန် ထုတ်သုံးပြီး ချင်းယန်မြို့အား ကာကွယ်ရန်သာ ကျန်တော့သည်။
“မဟုတ်ဘူး …”
အရင်အတွေ့အကြုံများအား ပြန်လည် စဉ်းစားကြည့်လိုက်တော့ ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်သည် “တာဝန်ထဲမှာ ဖုံးကွယ်ထားတဲ့ အချက်အလက်တွေ ရှိရမယ်”
ဖုံးကွယ်ထားသည် ဆိုမှတော့ သူ သိစရာမရှိချေ။
စနစ်ကို မေးရမည်လား။ ပြောပြလျှင်ပင် ထူးဆန်းနေပေလိမ့်မည်။
အမ် …။
စနစ် သည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏ “လက်ခံသူတောင် င့ါအကြောင်း သိနေပြီပဲ”
“တော်စမ်း…”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “အထူးတာဝန် ပြည့်စုံအောင် ငါကိုယ်တိုင် ဝင်ပါရမယ်”
ဂိုဏ်းတစ်ခု အနေနှင့် သူသည် စစ်ပွဲတွင် မပါဝင်ဘဲ တံခါးပိတ်၍ နေထိုင်သည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည်။
သို့ပေမဲ့ သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်သို့ ရောက်ရှိပြီးသည့်နောက် အထူးတာဝန်သည် ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် အထူးတာဝန် ပြည့်စုံအောင် ပြုလုပ်တာပဲဖြစ်ဖြစ်၊ သူနေထိုင်ရာ နိုင်ငံကို ကာကွယ်တာပဲဖြစ်ဖြစ် တာဝန်ကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရပေမည်။
“ကံကောင်းလို့ ခုခံဖို့ပဲ တာဝန်ကျတာ။ တိုက်ခိုက်ရမည် ဆိုရင် မလွယ်ဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်မိသည်။
နေအုံး …။
နောက်ထပ် ပြဿနာတစ်ခု ရှိနေသေး၏။
“အထူးတာဝန် နံပါတ်လေး က ဘာလို့ အချိန်ကာလ မပါတာလဲ”
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်လိုက်သည် “ကျန်းယန်နိုင်ငံ ရဲ့ စစ်တပ် လာပြီး တိုက်ခိုက်တာကို ငါ စောင့်နေရမှာပေါ့။”
“အမှန်ပဲ” စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ကုတ်လိုက်မိ၏ “ဟွာယန်နိုင်ငံ နဲ့ ဟီယန်နိုင်ငံတို့သာ တစ်နှစ်၊ နှစ်နှစ်လောက် ကြာတဲ့အထိ ခုခံနေမယ်ဆိုရင် ငါလည်း တစ်နှစ်၊ နှစ်နှစ်လောက် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် မှာ ပိတ်မိနေမှာပေါ့”
စနစ်က ပြောလိုက်သည် “ဒါကြောင့် တစ်ဖက်စစ်တပ်က လာပြီး တိုက်ခိုက်ဖို့ ဆုတောင်းရမှာပေါ့။ ဒါမှမဟုတ် တခြားနိုင်ငံတွေ မြန်မြန် လက်နက်ချ ၊ အရှုံးပေးမှ ဖြစ်မယ်”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားသည် “ငါ မစောင့်ချင်ဘူး။ ဒါပေမဲ့ အချိန်စောင့်ရတာနဲ့အမျှ တပည့်တွေက ပိုပြီး တိုးတက်လာနိုင်တယ်”
………
“သတ် …”
“သတ်…”
သံမဏိအရိုးဂိုဏ်း၏ ကြီးမားလှသော မြက်ခင်းပြင်ကြီးပေါ်မှာတော့ သံချပ်ကာဝံပုလွေ တပ်သား တစ်ထောင် ကျော်တို့သည် ညာလက်တွင် လှံကို ကိုင်ဆောင်ကာ ရှေ့သို့ ပြေးဝင်လိုက်ကြသည်။
ကျုံးရီ သည် ရှေ့ဆုံးနေရာတွင် ရှိလို့နေသည်။
၎င်းသည် ဖြောင့်မတ်တည်ကြည်ပြီး သမာသမတ်ရှိသူ ဖြစ်သည်မို့ တပ်သားများ၏ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရ၏။ ရွှဲ့ရမ်ကွေ့ ကလည်း သူ့အား သဘောကျလျက်ရှိ၏။
သံမဏိအရိုးဂိုဏ်းထဲ ဝင်ရောက်သည်မှာ မကြာမြင့်လှသေးသော်လည်း ကျုံးရီသည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူ ဖြစ်သောကြောင့် အဆင့်ကိုး သိုင်းဆရာ ဖြစ်လာခဲ့သည်။
အတိတ်တုန်းက ဆိုလျှင် သူသည် အသက်ကို စတေးပြီး ကျင့်ကြံခြင်းအရင်းအမြစ် များအား ရှာဖွေခဲ့ရ၏။
လက်ရှိမှာမူ သံမဏိအရိုးဂိုဏ်းမှ အရင်းအမြစ်များအား ရယူပြီး သက်တောင့်သက်သာ ဖြင့် ကျင့်ကြံရန် ကြိုးစား၍ ရနေလေသည်။
ကျုံးရီသည် သံမဏိအရိုးဂိုဏ်းနှင့် တသားတည်းဖြစ်နေပြီး တိုက်ပွဲသို့ စေလွှတ်မည် ဆိုပါက အသက်သေဆုံးရမည် ဆိုလျှင်တောင်မှ ရွတ်ရွတ်ချွန်ချွန် တိုက်ပွဲ္စဝင်တော့မှာ သေချာ၏။
ရွှီး …။
တောင်ထိပ်ပေါ်တွင် ရှိနေသော ရွှဲ့ရမ်ကွေ့သည် သူ၏ တိုက်ပွဲအလံအား ယမ်းခါလိုက်သည်။
“ဗျူဟာပြောင်းမယ်”
ကျုံးရီသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ နောက်တွင် ရှိနေသော သံချပ်ကာဝံပုလွေ တပ်သားများသည် လှံတစ်စင်း၏ ပုံစံသို့ ပြောင်းလဲ နေရာယူလိုက်ကြတော့၏။
“ဂိုဏ်းချုပ် …”
ရွှဲ့ရမ်ကွေ့ က ပြောလိုက်သည် “ဒါက ကျုပ် သုတေသန လုပ်ထားတဲ့ လှံဗျူဟာပဲ။ ပြိုင်ဘက်ရဲ့ ခံစစ်ကြောင်းကို ဖျက်ဆီးပစ်နိုင်တယ်”
ကျွင်းချောင်ရှောင်း ခေါင်းညိတ်ကာ ပြောလိုက်၏ “အရမ်းကျွမ်းတယ်”
ရွှဲ့ရမ်ကွေ့ ပြောလိုက်သည် “တိုက်ပွဲ စစ်မျက်နှာပြင်မှာဆိုရင် ဘယိလို ခံစစ်ကြောင်းကိုပဲ ဖြစ်ဖြစ် ဖျက်ဆီးပစ်နိုင်ဖို့ ကျုပ် ယုံကြည်ချက်ရှိတယ်”
သူ၏ ယုံကြည်ချက်သည် အလွန်တရာ အားကောင်းလှသော သံမဏိအရိုးဂိုဏ်း၏ သံချပ်ကာ ဝံပုလွေတပ် စွမ်းဆောာင်ရည်မှ မြစ်ဖျားခံသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ကျန်းယန်နိုင်ငံ ရဲ့ တိုက်ခိုက်မှု လာပြီဆိုလျှင် ကျုပ်တို့ရဲ့ သံချပ်ကာဝံပုလွေ တပ် အစွမ်းကို ပြရတာပေါ့”
“ဒါပေမဲ့ …”
ရွှဲ့ရမ်ကွေ့ သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “ပိုင်ယွေ့ကွေ ရဲ့ စစ်တပ်က နတ်ဆိုးဒူးလေးတွေ တပ်ဆင်ပေးထားတာတဲ့။ ဖျက်ဆီးနိုင်စွမ်းက အရမ်းကြမ်းတယ်”
ကျွင်းချောင်ရှောင်းသည် လက်ကို အသာယမ်းခါ၍ နတ်ဆိုးလမ်းသွယ်ဂိုဏ်းဆီမှ ရယူထားသော နတ်ဆိုးဒူုးလေးကို ထုတ်ယူလိုက်သည်။ ပြီးနောက် ပြောလိုက်၏ “ဒါလား”
ရွှဲ့ရမ်ကွေ့ ပြောလိုက်သည် “အမှန်ပဲ”
ဤကဲ့သို့သောအရာကို ဂိုဏ်းချုပ်ဘယ်လို ရထားသနည်း။
“ရှောင်ကျီ”
ကျွင်းချောင်ရှောင်း အော်လိုက်သည် “မင်းရဲ့ သံမဏိဒိုင်းကာကို မြှောက်လိုက်။ ငါ မြှားနဲ့ ပစ်လိုက်မယ်”
ရှောင်ကျီသည် သံမဏိဒိုင်းကာ အား ဆင့်ခေါ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ် .. စည်းအစီအရင်ကို အသက်သွင်းရမှာလား။”
“မလိုဘူး”
ပြောပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လက်ထဲရှိ နတ်ဆိုးဒူးလေးမြှားနဲ့ ပစ်လိုက်တော့သည်။
ရွှဲ့ရမ်ကွေ့၏ အမူအရာသည် ပြောင်းလဲသွားသည်။ “ဂိုဏ်းချုပ် ဒီမြှားရဲ့ အားအင်က သာမာန်သိုင်းဆရာ ထိပ်ဆုံးတစ်ယောက်ရဲ့ တိုက်ခိုက်ချက် နဲ့ ညီမျှတယ်နော်။ ဒိုင်းကာလေး က တားဆီးနိုင်မှာ မဟုတ်ဘူး”
ဝှစ် …။
ဂိုဏ်းချုပ်ကျွင်းသည် မောင်းခလုတ်အား ဆွဲချလိုက်သည်။ မြှားသည် တိုက်ရိုက်ပင် ထိမှန်သွား၏။
ဘုန်း ….
ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
မီးခိုးငွေ့များ လွင့်ပျယ်သွားချိန်မှာတော့ ရှောင်ကျီသည် မူလနေရာမှာပင် မတ်မတ်ရပ်လျက် ရှိနေသေးသည်။ သံမဏိဒိုင်းကာ၏ မျက်နှာပြင်မှာတော့ မဲနက်လျက်ရှိနေ၏။
“ဒါက ….”
ရွှဲ့ရမ်ကွေ့ ၏ အမူအရာသည် အေးခဲသွားသည်။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်လာ၏။
ဂိုဏ်းချုပ်ကျွင်းသည် တပည့်များအား အကောင်းဆုံး လက်နက်များ တပ်ဆင်ပေးထားကြောင်း သူ သေချာသိသည်။ သို့ပေမဲ့ ဤသာမာန်ကျသော ဒိုင်းလေးသည် နတ်ဆိုးဒူးလေး၏ ပစ်ချက်ကို ကာကွယ်နိုင်မည် ဟု သူ မထင်မှတ်ခဲ့ချေ။
ရှောင်ကျီ ပြောလိုက်သည် “ဂိုဏ်းချုပ် .. ဒီဒိုင်းနဲ့ကာရင် မြှားလေးငါးခုလောက်ကို ကာကွယ်ရမယ် ဆိုရင်တောင် ဘာမှမဖြစ်ဘူး”
“ဟောခန်းသခင်ရွှဲ့ …”
ကျွင်းချောင်ရှောင်း ပြုံးလိုက်သည် “ကျုပ်မမှားဘူးဆိုရင် ဒီမြှားတွေ ထုတ်လုပ်တာ ကုန်ကျစားရိတ်က ပိုပြီး ကြီးမားတယ် မဟုတ်လား။”
ရွှဲ့ရမ်ကွေ့ က ပြောလိုက်သည် “မြှားတစ်ချောင်းကို ငွေတစ်သောင်းလောက် ကျမယ်”
“ပြောရမယ်ဆိုရင် မြှားတစ်ချောင်းပစ်လိုက်ခြင်းက လူလုပ် စိတ်ဝိညာဉ်ကျောက်တုံးတွေ ပစ်ခတ်လိုက်တာနဲ့ တူတူပဲပေါ့။ ကျန်းယန်နိုင်ငံ က ဒီမြှားတွေကို လိုသလောက် ထုတ်ပစ်နိုင်မယ်လို့ ကျုပ်မထင်မိဘူး”
“ဟုတ်တယ်။”
ရွဲ့ရမ်ကွေ့ ပြောလိုက်၏ “အဆင့်မြင့် နိုင်ငံတစ်ခု ဆိုရင်တောင်မှ ဒီလို မြှားတွေကို ကြုံသလို မပစ်နိုင်ဘူး။ ကုန်ကျစားရိတ်က အရမ်းကြီးမားတယ်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သံချပ်ကာဝံပုလွေတပ်သားတွေမှာ ဒီသံမဏိဒိုင်းကာတွေ ရှိမယ် ဆိုရင် ရန်သူတွေက ဒုက္ခပေးနိုင်လိမ့်မယ် ထင်လား”
“မထင်ဘူး” ရွှဲ့ရမ်ကွေ့ စိတ်သက်သာ ရာရသွားမိသည်။
ဤအဆင့်မြင့် အကာအကွယ် နှင့် ဆိုလျှင် သံချပ်ကာဝံပုလွေတပ်သားများ၏ လှုပ်ရှားနိုင်စွမ်းသည် ပိုမို မြင့်မားသွားပြီး တိုက်ခိုက်ရေး စွမ်းအင်သည်လည်း ပိုမိုကာ တိုးတက်လာပေတော့မည်။
“ပြီးတော့ ..”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သူတို့ နတ်ဆိုးဒူးလေးကို ထုတ်မယ်ဆိုရင် အကုန်လုံးပေါက်ကွဲ ကုန်လိမ့်မယ်”
“ပေါက်ကွဲကုန်လိမ့်မယ် ဟုတ်လား” ရွှဲ့ရမ်ကွေ့ ကြောင်သွာသည်။
“ဟောခန်းသခင်လီ …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မိုးဆွေဟောခန်းရဲ့ လက်ရှိ လေ့ကျင့်မှုရလာဒ်ကို ပြ”
“ကောင်းပါပြီ”
လီလိုရှု လက်ဖျောက်တီးလိုက်၏။
အဝေးတစ်နေရာရှိ ကြိုတင်ပြင်ဆင်ပြီးဖြစ်သော အဖွဲ့သား နှစ်ယောက်တို့သည် အချက်ပေးမှုကို လက်ခံရရှိလိုက်သည်။ ၎င်းတို့၏ ရှေ့တွင်တော့ AWM စနိုက်ပါများ ထောင်ထားသည်။
အဖွဲ့သားနှစ်ယောက်တို့သည် သေနတ်မောင်းခလုတ်အား ဆွဲချလိုက်၏။
ဝှစ် …. ။
အလင်းတန်းနှစ်ခုသည် အလွန်တရာ မြန်ဆန်လွန်းသောနှုုန်းဖြင့် ရောက်ရှိလာပြီး အဝေးတစ်နေရာရှိ လက်သီးဆုပ် အရွယ် ကျောက်ခဲလေးတစ်တုံးအား တစစီဖြစ်စေခဲ့သည်။
ရွှဲ့ရမ်ကွေ့သည် ဤအချင်းအရာကို မြင်တော့ မျက်လုံးပြူးသွားမိ၏။
တပည့်နှစ်ယောက်တို့နှင့် ကျောက်ခဲကြားအကွာအဝေးသည် မီတာ ၁၅၀၀ နီးပါးရှိသည်။ ထိုသို့ဆိုလျှင်တောင်မှ ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့သေးသည်။
အဖွဲ့သားနှစ်ယောက်တို့သည် ထပ်မံ၍ ကျည်ဖြည့်လိုက်၏။
လီထျန်းထျန်းသည် ရှေ့သို့ လျှောက်လာပြီး လေထဲသို့ ခဲနှစ်လုံး ပစ်လ့ွှတ်လိုက်သည်။
ဝှစ်. .. ဝှစ် …။
လေထဲရှိ ခဲလုံးများသည် တစစီဖြစ်ကုန်တော့၏။
“……..” ရွှဲ့ရမ်ကွေ့၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။
လေထဲတွင် ရှိနေသော ကျောက်ခဲအား ထိမှန်အောင်ပစ်ခတ်ခြင်း ဆိုသည်မှာ အလွန်ပင် တိကျလွန်းနေ၏။
“ဟောခန်းသခင်ရွှဲ့ ….”
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏ “ဒီလူတွေကို နတ်ဆိုးဒူးလေးမြှားကိုသာ ထိအောင် ပစ်ခိုင်းမယ် ဆိုရင် ဘာတွေ ဖြစ်ကုန်မလဲ”
ရွှဲ့ရမ်ကွေ့သည် တစ်အုပ်တစ်မကြီး ပေါက်ကွဲကာသေဆုံးမည့် အခြေအနေကို မျက်လုံးထဲ မြင်ယောင်လာမိသည်။ တကယ့်ကို ပေါက်ကွဲမှုကြီးဖြစ်လာမှာ သေချာသည်။
“ဂိုဏ်းချုပ် ….”
ရွှဲ့ရမ်ကွေ့ က လေးလေးနက်နက် ပြောလိုက်သည် “ဒါကို သူတို့ သုံးရဲတယ်ဆိုရင် ကိုယ်သေတွင်း ကိုယ်တူးတာနဲ့ တူနေလိမ့်မယ်။”
ကျွင်းချောင်ရှောင်း ဆက်ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းရဲ့ သံချပ်ကာဝံပုလွေတပ်သားတွေသာ နည်းနည်း ပိုပြီး အားကောင်းလာရင် … ဥပမာ .. အားလုံး သိုင်းဆရာ အဆင့်ကို ရောက်သွားရင် ချင်းယန်မြို့ကို ကာကွယ် ပေးနိုင်မယ်လို ထင်လား”
အားလုံး သိုင်းဆရာအဆင့်သို့ ရောက်ရှိသွားရန်လား။
ဂိုဏ်းထဲတွင် တပည့် ၂၅၀၀ရှိသည်။ အားလုံး သိုင်းဆရာအဆင့်သို့ ရောက်ရှိသွားလျှင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် တိုက်ခိုက်ရေး စွမ်းအားတစ်ခု ဖြစ်လာမှာ သေချာ၏။
သူသည် စစ်သူကြီးတစ်ဦး၏ အတွေ့အကြုံကို အခြေခံ၍ ပြောလိုက်သည် “တစ်ရာ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်”
ကျွင်းချောင်ရှောင်းတွေးလိုက်သည်။ ဆေးဆရာဆေးလုံး ဖန်တီးဖို့ ဆေးပင်တွေ ရင့်မှည့်တဲ့အထိ ဟီယန်နိုင်ငံ နဲ့ ဟွာယန်နိုင်ငံတို့ တောင့်ခံထားနိုင်ရင် ကောင်းမယ်။
ရက်နှစ်ဆယ်လောက် အချိန်ရလျှင် သူ့အတွက် လုံလောက်ပြီ ဖြစ်သည်။