အခန်း (၄၄၀)
Vol. 30 Ch. 440
ကျွင်းချောင်ရှောင်းသည် လက်ရှိအချိန်တွင် ကျန့်ယန်နိုင်ငံ၏ စစ်တပ်များရောက်ရှိလာမည်ကို စောင့်စားနေသည်။
သူသည် ဟီယန် နိုင်ငံနှင့် ဟွာယန် နိုင်ငံတို့မှ သူ့အတွက် အချိန်ရရှိအောင် တိုက်ပွဲအား တိုက်ခိုက်ပေးရန် မျှော်လင့်နေမိ၏။
သို့ပေမဲ့ အရာဝတ္ထုများသည် သူ ထင်မှတ်ထားခဲ့သလို မဖြစ်လာပေ။ ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ မြို့တော်ဝင်ရှဲ့ ပြောခဲ့သော တစ်လဆိုသည့် အချိန်ကို ရောက်ရှိလာခဲ့တော့သည်။
မိုးဆွေ ဟောခန်းမှ တပည့်များသည် ဟွာယန်နိုင်ငံ၏ ခေါင်းဆောင်မှာ လက်နက်ချ အညံ့ခံခဲ့ကြောင်း သတင်းပေးလာခဲ့၏။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီကောင်တွေ ငကြောက်တွေပဲ"
လီလိုရှုသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။
"နိုင်ငံရဲ့ ခေါင်းဆောင်တွေက လက်နက်ချ အလျော့ပေးလိုက်ပြီဆိုတာတောင်မှ တရားဝင် ရာထူးနဲ့ နေနိုင်သေးတယ်။ဒါပေမဲ့ နိုင်ငံတွင်းမှာရှိတဲ့ လူတွေကတော့ သနားစရာပဲ အားလုံးက ကျန့်ယန်နိုင်ငံရဲ့ ကျေးကျွန်တွေ ဖြစ်ကုန်ကြမှာ။"
သူတို့သည် လက်နက်ချ အလျော့ပေးတာပဲဖြစ်ဖြစ် ၊ စစ်ရှုံးတာပဲ ဖြစ်ဖြစ် ၎င်းတို့၏ အိမ်များကို ၎င်းတို့ ပိုင်ဆိုင်တော့မည်မဟုတ်။ လူတစ်ယောက်တွင် ရှိသော ဂုဏ်သိက္ခာတရားများကို ဆုံးရှုံးသွားပြီး ကျေးကျွန်များ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် မြို့တော်ဝန်ရှဲ့ သည် ချင်းယန်နိုင်ငံကို ကာကွယ်ဖို့ မည်သို့သော အချိန်အခါမှ လက်နက်ချရန် မစဉ်းစားခဲ့ခြင်းဖြစ်သည်။
"သတင်းကောင်းက"
လီလိုရှု ထပ်ပြောလိုက်၏။ "ဟီယန်နိုင်ငံရဲ့ ခေါင်းဆောင်ကတော့ သေတဲ့ အထိ တိုက်ခိုက်ဖို့ ရွေးချယ်ထားတယ်။ဒါကြောင့် အချိန်အနည်းငယ်တော့ ရမယ်ထင်တယ်"
"နောက်ဆုံးမှာတော့ လောကကြီးမှာ တကယ့်ကို သံမဏိလို မာကျောတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေ ရှိနေသေးတာပဲ။" ကျွင်းချောင်ရှောင်း ပြုံးလိုက်မိ၏။
လက်မြောက် အရှုံးပေးခဲ့သည် ဟွာယန်နိုင်ငံနှင့် မတူဘဲ အဆင့်ရှစ် နိုင်ငံတစ်ခုဖြစ်သည့် ဟီယန်နိုင်ငံသည် အလုံးစုံခုခံ ကာကွယ်ရန် ဆုံးဖြတ်ချက် ချခဲ့သည်။
လက်ရှိအခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ကျန်းယန်နိုင်ငံ အနေနှင့် ချင်းယန်နိုင်ငံတို့သို့ ရောက်ရှိရန် အချိန်အနည်းငယ် ကြာမြင့်ပေဦးမည်။
ဤအရာသည်မှာလည်း ကျွင်းချောင်ရှောင်း မြင်ချင်သော အရာပင် ဖြစ်၏။
သူ့အား ပိုမို ပျော်ရွင်စေသော အရာသည်မှာ သံချပ်ကာ ဝံပုလွေတပ်များ ပိုမိုအားကောင်းလာမည်ဆိုပါက ခုခံမည့် နေရာတွင်မဟုတ်ဘဲ စတင်တိုက်ခိုက်မည့် အခြေအနေအဖြစ်သို့ ပြောင်းလဲသွားနိုင်၏။
"အကြီးအကဲဝေ"
ကျွင်းချောင်ရှောင်းသည် ဆေးဥယျာဉ်သို့ သွားကာ ပြောလိုက်၏။ "ဆေးပင်တွေ ကြီးထွားလာဖို့ ဘယ်လောက် အချိန်ယူရအုံးမလဲ။"
ချီစုစည်းခြင်းဆေးလုံးများ သန့်စင်နိုင်သော ဆေးပင်များသည် ရင့်မှည့်ခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း အလွန်အားကောင်းနေ၏။
ထိုဆေးပင်များမှ ဖော်ထုတ်လိုက်သော ဆေးလုံးများသည်လည်း အဆနှစ်ဆယ်ပိုမိုအားကောင်းလာခဲ့သည်။ သို့ပေမဲ့ သိုင်းဆရာ ဆေးလုံးအတွက် ဆေးပင်များမှာတော့ အခုချိန်ထိ မကြီးထွားသေးပေ။
အခုအခြေအနေမှာတော့ အနည်းဆုံး သိုင်းတပည့် ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေသော သံမဏိအရိုးဂိုဏ်းတပည့်များသည် ၁၅၀၀ခန့် ရှိနေသည်။
၎င်းတို့သည် အဆင့်ကျော်ဖြတ်ရာတွင် ပြသနာမရှိကြချေ။ ၎င်းတို့လိုအပ်နေသည်မှာ သိုင်းနည်းစနစ်များအပေါ် နားလည်မှုပင် ဖြစ်၏။
သိုင်းဆရာဆေးလုံးသည် များများစားစား ထုတ်နိုင်ပါက ဂိုဏ်းထဲတွင် မိနစ်ပိုင်းအတွင်း သိုင်းဆရာများ ဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိလာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် စိတ်လောနေခြင်းပင် ဖြစ်သည်။
အကြီးအကဲဝေက ပြောလိုက်သည်။ "လဝက်လောက်တော့ အချိန်ကြာဦးမယ်"
"လဝက်ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိသည်။ "ဒီအတိုင်းဆိုရင်တော့ တပည့်တွေအားလုံး သိုင်းတပည့် ထိပ်ဆုံးအဆင့် ရောက်အောင် ကြိုးစားခိုင်းထားရမယ်။ အချိန်ရောက်လာရင် အားလုံးကို သိုင်းဆရာအဆင့်ထိ အဆင့်ချိုးဖြတ်နိုင်အောင် လုပ်ပေးရမယ်..."
အိမ်နီးချင်းနိုင်ငံများကြောင့် စစ်ပွဲနှင့် ပတ်သက်လာသော ချင်းယန် နိုင်ငံသည်လည်း ကျီးလန့်ဆန်စား ဖြစ်နေတော့၏။
လွတ်လွတ်လပ်လပ်နှင့် နေထိုင်နေကြသော မြို့သူမြို့သားများ အားလုံးသည် စိတ်မသက်မသာ စတင်၍ ခံစားလာခဲ့ကြတော့သည်။ ချင်းယန်နိုင်ငံ ကျရှုံးသွားတော့မည်ဆိုလျှင် ရှိရှိသမျှသော အခွင့်အရေးတွေကို အားလုံးကို ဆုံးရှုံးသွားရတော့မှာ ဖြစ်ပြီး အဆင့်နိမ့် ကျေးကျွန်များအဖြစ် စေခိုင်းခြင်းကို ခံရပေလိမ့်မည်။
သို့ပေမဲ့ ကျေးဇူးတင်စရာ ကောင်းတာက ရှိနေသေး၏။
ချင်းယန်နိုင်ငံ၏ မြို့ရှစ်မြို့မှ မြို့တော်ဝန်များ အားလုံးသည် တူညီသည့် သဘောထားများတစ်ခုကို တည်ရှိကြ၏။ စစ်ပွဲသာ ရောက်ရှိလာပြီဆိုပါက မြို့တော်အသက်ရှင်မည်ဆိုလျှင် လူသားများ အသက်ရှင်မည် ။ မြို့တော် အသက်သေလျှင် လူသားများ သေဆုံးမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ချင်းယန်နိုင်ငံရဲ့ အုပ်ချုပ်သူက လတ်လွတ်စပယ်နိုင်ပြီး ခေါင်းရှောင်တတ်တဲ့ လူတစ်ယောက်ဆိုပေမဲ့ သူ ရွေးချယ်ခန့်ထားခဲ့တဲ့ မြို့တော်ဝန်တွေကတော့ ပေါ့သေးသေးလေးတွေ မဟုတ်ဘူး။တကယ့်ကို သွေးရဲတဲ့ လူတွေ ချည်းပဲ"
"ဂိုဏ်းချုပ်"
လီလိုရှုသည် သတင်းလာပို့၏။
"ဟီယန်နိုင်ငံရဲ့ ချင်းလင်မြို့က ကျသွားခဲ့ပြီ။မြို့တော်ဝန်တည်းခိုရာ နေရာထဲထိ ကျန်းယန်နိုင်ငံက ဝင်ရောက် သတ်ဖြတ်ခဲ့တယ်။မြို့သူမြိုသား တစ်သန်းလောက်ကိုလည်း သတ်ခဲ့သေးတယ်။"
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်မိလိုက်သည်။
ရွှဲ့ရမ်ကွေ့က ပြောလိုက်သည်။ "ချင်းလင်မြို့တိုက်ခိုက်မှု ကို ဦးဆောင်ခဲ့တဲ့ စစ်သူကြီးက မြောင်ဟွေ့လား"
"ဟုတ်ပါတယ်" လီလိုရှု ပြောလိုက်သည်။
ရွှဲ့ရမ်ကွေ့သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ "တကယ်ပဲ သူကိုး"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ခန်းမသခင်ရွဲ့ သူ့ကို သိလို့လား"
ရွဲ့ရမ်ကွေ့သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "မြောင်ဟွေ့ဆိုတာက ပိုင်ယွေ့ကွေရဲ့ လက်အောက်မှာ ရှိတဲ့ စစ်သူကြီးတွေ ထဲက တစ်ယောက်ပဲ။သူ့ရဲ့ နာမည်ပြောင်က သားသတ်သမားတဲ့။ သူက ကြမ်းတမ်းပြီးတော့ ရိုင်းစိုင်း ခက်ထန်လွန်းတယ်။ တစ်ခါတစ်လေမှာ အပျင်းပြေဆိုပြီးတော့ လူသားတွေကို သတ်ဖြတ်တတ်တဲ့ အကျင့်လည်း ရှိတယ်။ကျုပ်က ရန်ကျူးနယ်က မဟုတ်ပေမဲ့ သူရဲ့ မိစ္ဆာဆန်ဆန်နာမည် နဲ့ လုပ်ရပ်တွေကို ကြားဖူးပြီးသား။"
"သားသတ်သမား ဟုတ်လား"
"သူသာ ချင်းယန်နိုင်ငံကို လာမယ်ဆိုရင် ကျုပ်ရဲ့ ဓားသွားနဲ့ သူ့ရဲ့ ဝိညာဉ်ကို နှုတ်ယူပေးမယ်။"
ထိုအချိန်မှာတော့ လီလိုရှုသည် သူမ၏ နောက်လိုက်ဆီမှ သတင်းအချက်အလက်တစ်ခုကို ရရှိခဲ့သည်။ "နောက်ဆုံးရခဲ့တဲ့ သတင်းက ချင်လင်မြို့ကို တိုက်ခိုက်ခဲ့တဲ့ မြောင်ဟွေ့က သံချပ်ကာ မြင်းတပ်တစ်သောင်းကို ခေါ်ယူပြီးတော့ သေမင်းတောင်ကြားလမ်းကနေတစ်ဆင့် ချင်းယန်နိုင်ငံဆီကို လာနေတယ်တဲ့"
ဤအရာသည်မှာ သူ အမှန်တကယ် လိုချင်သော အရာပင် ဖြစ်နေသည်။
ရွဲ့ရမ်ကွေ့သည် အလောတကြီးဖြင့် မြေပုံတစ်ခုကို ယူကာ ရန်သူလာရာ လမ်းကြောင်းကို ပြလိုက်၏။
"ဂိုဏ်းချုပ် … မြောင်ဟွေ့က ဟီရန်မြိုကို ပထမဦးဆုံး တိုက်ခိုက်ဖို့ ကြံစည်နေတာပဲ။ကျုပ်တို့ သူတို့နဲ့ တိုက်ခိုက်လို့ ရနိုင်တယ်"
ရွဲ့ရမ်ကွေ့သည် ခဏလောက်စဉ်းစားကာ ပြောလိုက်၏။ “ကျုပ်တို့ရဲ့ သံချပ်ကာ ဝံပုလွေတပ်က သူတို့ကို လွယ်လွယ်ကူကူနဲ့ သတ်ဖြတ်ပစ်နိုင်တယ်။”
သူတို့အနေနှင့် ကြောက်ရွံ့နေလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သံချပ်ကာ မြင်းတပ်တစ်သောင်းဆိုသည်မှာ အလွန်တရာ ရင်ဆိုင်ရ လွယ်ကူနေ၏။
ကျွင်းချောင်ရှောင်းသည် သူ၏ နှာခေါင်းကို ပွတ်သပ်ကာ အေးစက်စက် ပြောလိုက်သည်။
"အကောင်းဆုံး ခုခံမှုက အကောင်းဆုံး တိုက်စစ်ပဲတဲ့။ ဒီတော့ ကျန်ယန်နိုင်ငံက ချင်းယန်နိုင်ငံကို လာပြီး ကျူးကျော်ရဲတယ်ဆိုရင် သူတို့ ပြန်မသွားနိုင်အောင် ကျုပ်တို့ သေချာပြုလုပ်ရမယ်..."
ဒေါက် ဒေါက် ဒေါက်။
သေမင်းတောင်ကြား၏ သစ်တောထဲမှာတော့ ကျန်းယန် နိုင်ငံမှ သံချပ်ကာ မြင်းတပ် တစ်သောင်းကျော်တို့သည် အသော့နှင်လာလျက်ရှိသည်။
ထိုအဖွဲ့ကို ဦးဆောင်လာသူမှာတော့ ပိုင်ယွေ့ကွေ့၏ စစ်သူကြီးများထဲမှ တစ်ဦးဖြစ်သော မြောင်ဟွေ့ပင် ဖြစ်တော့သည်။
"စစ်သူကြီး"
လမ်းတစ်လျှောက်မှာတော့ ခေါင်းဆောင်ငယ် တစ်ယောက်သည် ပြုံးကာ ပြောလိုက်၏။ "အခုလို ရုတ်တရက် လမ်းချိန်းပြီးတော့ ချင်းယန်နိုင်ငံကို လာတိုက်ခိုက်တာ မြို့ကို ကျုပ်တို့ လွယ်လွယ်ကူကူနဲ့ ရမှာ သေချာတယ်။"
"စစ်သူကြီး ဒါက အရမ်းကောင်းတဲ့ နည်းဗျူဟာ တစ်ခုပဲ" နောက်ထပ်ခေါင်းဆောင်တစ်ယောက်မှ မြှောက်ပင့်ကာ ပြောဆိုလိုက်တော့သည်။
ဟမ့်။
ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနှင့် ကြမ်းတမ်းလွန်းသည် ပုံပန်းသွင်ပြင် ရှိနေသော မြောင်ဟွေ့သည် နှာခေါင်းရှုံ့လိုက်၏။ "ပွင့်ပွင့်လင်းလင်း တိုက်ခိုက်မယ်ဆိုရင် ချင်းယန်နိုင်ငံက ဟွာယန်နိုင်ငံထက်တောင် အားနည်းတယ်။ဘယ်လိုလုပ် ခုခံနိုင်မှာလဲ"
သူ၏စကားအရ တွက်ချက်ရမည်ဆိုလျှင် သူသည် ချင်းယန်နိုင်ငံအား မျက်လုံးထဲတွင် နည်းနည်းလေးမှ ထည့်မထားချေ။
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အနည်းဆုံးအဆင့်မှာ အဆင့်ကိုး ဖြစ်သည်။ ချင်းယန်နိုင်ငံသည် အဆင့်ကိုးနိုင်ငံများထဲတွင်မှ အားအနည်းဆုံး နိုင်ငံလည်း ဖြစ်နေ၏။ ကြီးမားသည့် နိုင်ငံတစ်ခုမှ စစ်သူကြီးတစ်ဦး ဖြစ်သည်မို့ ချင်းယန်နိုင်ငံကို မျက်လုံးထဲ မထားသည်မှာ သာမန်ပင် ဖြစ်တော့သည်။
"စစ်သူကြီး"
ခေါင်းဆောင်ငယ်က ပြုံးကာ ပြောလိုက်၏။ "တကယ်တော့ ကျုပ်တို့ ချင်းလင်မြို့ကို အပိုင်သိမ်းပြီးသွားပြီ။ မနားဘဲ ဆက်ပြီး တိုက်မယ်ဆိုရင် ချင်းယန်မြို့ကိုလည်း ထပ်ပြီးတော့ ရလိမ့်မယ်။ဒါဆိုရင် ကျုပ်တို့ ညီအစ်ကိုတွေကို ပျော်ခွင့် ပေးမှာလား။"
မြောင်ဟွေ့က ပြောလိုက်သည်။ "ဒီတိုက်ပွဲကို နိုင်တယ်ဆိုရင် မြို့ထဲမှာရှိတဲ့ ဘယ်မိန်းကလေးကို မဆို မင်းတို့ ရွေးယူလို့ ရတယ်။"
"ကောင်းပါပြီ" အားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင်တော့ တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နက်လာကြသည်။
ဟီ …. ဟီ။
ရုတ်တရက် စစ်မြင်းများသည် ကြောက်လန့်တကြားနှင့် ထရပ်လိုက်ကြသည်။ ဤကဲ့သို့ ရုတ်တရက်ပြောင်းလဲမှုသည် စစ်သားများအား အလစ်ငိုက်ဖြစ်သွားစေပြီး မြင်းပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားတော့သည်။
"ဘာတွေဖြစ်သွားတာလဲ" မြောင်ဟွေ့က အော်ဟစ်လိုက်၏။
"စစ်သူကြီး"
ခေါင်းဆောင်ငယ်တစ်ယောက်သည် အဝေးတစ်နေရာရှိ တောတန်းတစ်ခုကို လက်ညိုးညွှန်ပြကာ ပြောလိုက်သည်။ "အဲမှာ ဝံပုလွေ"
"ဝံပုလွေဟုတ်လား"
မြောင်ဟွေ့နှင့် သူ၏ လူများသည် လက်ညိုးညွှန်ရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်၏။
သူတို့နှင့် မီတာ ရာဂဏာန်းအဝေးမှာတော့ ခြေထောက်အောက်တွင် အပြာရောင်လေလှိုင်းများ တည်ရှိနေသော ဝံပုလွေကြီးတစ်ကောင်သည် ဆောင့်ကြောင့်ထိုင်နေ၏။
"ဒါက"
မြောင်ဟွေ့သည် အလွန်ပျော်သွား၏။ "ဟာရီကိန်းဝံပုလွေပဲ"
“ဟား ဟား ဟား ဟား”
ခေါင်းဆောင်ငယ်က ပြောလိုက်၏။
"ဒီလို ရှားပါးလွန်းတဲ့ လေဓာတ်အမျိုးအစား သားရဲမျိုးကို တောနက်ထဲမှာ လာပြီးတွေ့တယ်ဆိုတော့ စစ်သူကြီးတကယ် ကံကောင်းပြီပဲ။"
ဤနေရာတွင် သာမန်လွတ်လပ်သော ကျင့်ကြံသူတစ်ယောက်ယောက်သာ ဖြစ်ပါက ဟာရီကိန်းဝံပုလွေအား မြင်ချိန်တွင် သေးထွက်သွားသည် အထိ ကြောက်လန့်သွားပေလိမ့်မည်။ သို့ပေမဲ့ မြောင်ဟွေ့မှာတော့ အလွန်တရာ ပျော်ရွှင်သွား၏။
ထို့အပြင် သူနှင့်အတူ သံချပ်ကာ မြင်းတပ်တစ်ခုလုံး ပါဝင်နေသည် မဟုတ်လား။ အဘယ့်ကြောင့် ဝံပုလွေတစ်ကောင်ကို ကြောက်ရွံ့နေရမည်နည်း။
"မြန်မြန်
သူသည် အလောတကြီးဖြင့် အမိန့်ပေးလိုက်သည်။
ဝှစ်။
သူ ပြောပြောပြီးချင်းမှာပဲ လေခွင်းသံတစ်ခု ပေါ်လာသည်။
ဘန်း
သူ၏ ဘေးတွင် ရှိသော ခေါင်းဆောင်ငယ်၏ ဦးခေါင်းတွင် အပေါက်တစ်ခုဖြစ်သွားပြီး မြင်းပေါ်မှ ဘုတ်ကနဲ ကျသွား၏။
"ရန်သူ တိုက်ခိုက်ပြီ … ရန်သူတိုက်ခိုက်ပြီ"
ဝှစ် ဝှစ်။
ထိုအခိုက်တန့်မှာပဲ လေခွင်းသံ နှစ်ခု ထပ်မံ ထွက်ပေါ်လာသည်။
မြောင်ဟွေ့၏ ဘေးတွင်ရှိသော ခေါင်းဆောင်ငယ်များ၏ ဦးခေါင်းများသည် ထွင်းဖောက်ခံလိုက်ရပြီး မြေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားတော့၏။
မိုးဆွေဟောခန်း၏ အဖွဲ့ဝင်နှစ်ယောက်တို့သည် ၎င်းတို့နှင့် မီတာ နှစ်ထောင်အကွာတွင် ပုန်းအောင်းလျက်ရှိပြီး သေနတ်များကို ကျည်ပြန်ဖြည့်လိုက်သည်။
ပြီးနောက် သူတို့သည် အသံပို့လွှတ်ကာ ဆက်သွယ် ပြောဆိုလိုက်သည်။ "ဟောခန်းသခင် ပစ်မှတ် ၁ ၊ ၂၊ ၃ ကို သတ်ဖြတ်ပြီးသွားပါပြီ။"
ရွှဲ့ရမ်ကွေ့၏ မျက်ခုံးများသည် တဆတ်ဆတ် တုန်ရင်သွား၏။
ဤပစ်ခတ်မှု အကွာအဝေးသည် ပထမတစ်ကြိမ် သူ့အား စမ်းသပ်ပစ်ခတ်ပြခဲ့သည့် အကွာအဝေးထက်ပင် ပိုမို၍ ဝေးကွာနေသေးသည်။
သို့ပေမဲ့ မိုးဆွေဟောခန်းမှ တပည့်များသည် တစ်ချက်တည်းနှင့် ထိမှန်အောင် ပစ်ခတ်နိုင်စွမ်းရှိနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်လေသည်တကား။
ဝူး ဝူး။
အရိုးချမ်းလောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းသော ဝံပုလွေများ၏ အူသံသည် သေမင်းတောင်ကြားတစ်ခုလုံးဆီသို့ ပျံ့နှံ့လာတော့သည်။
ဆွစ် ဆွစ်။
ချက်ချင်းဆိုသလိုပဲ ဝံပုလွေများကို စီးနင်းထားသော သူများသည် တောင်ပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီး ညီညာစွာဖြင့် အစီအရီ ရပ်လျက်ရှိနေသည်။
ဆွစ်။
ကျုံးရီသည် ရှေ့ဆုံးဆီသို့ လှမ်းတက်လာပြီးသည့် နောက်မှာတော့ သူ၏ မဟူရာရောင် နက်နေသည့် လှံကို ထုတ်ကိုင်ကာ ရှေ့သို့ ညွှန်ကာ အော်လိုက်တော့၏။ "ဒီလူတွေအတွက် ဖြေရှင်းစရာက တစ်ခုပဲ ရှိတယ်။ဒါက သတ်ဖြတ်ခြင်းပဲ"
"သတ်"