← Chapters

အခန်း (၄၄၂)

Vol. 30 Ch. 442

အခန်း (၄၄၂)

Vol. 30 Ch. 442

“ကြယ်ငါးပွင့် စစ်သူကြီးလား။”

ကျွှုင်းချောင်ရှောင်းသည် ရွဲ့ရမ်ကွေ့ အား အံ့အားတသင့်ဖြင့် ကြည့်လိုက်မိသည်။

ဤလောကကြီး၏ စစ်တပ်အပေါ်အသုံးအနှုန်းနှင့် ပတ်သက်၍ သူ သေချာနားမလည်သော်လည်း အလွန် ကောင်းမွန်သည့် အဆင့်သတ်မှတ်ချက် တစ်ခု ဖြစ်မည်မှန်း သူ ကောင်းကောင်း နားလည်၏။

“သူက ပိုင်ယွေ့ကွေ လို အားကောင်းတာလား။” ကျွင်းချောင်ရှောင်း မေးမြန်းလိုက်သည်။

စနစ်မှ ပြောလိုက်၏ “ငါ ရထားတဲ့ သတင်းအချက်အလက် အရဆိုရင် ပိုင်ယွေ့ကွေ က အရှောင်တောင် ရန်ကျုး မှာ ထိပ်တန်း စစ်သူကြီး ဆယ်ယောက် စာရင်းထဲ ပါတယ်။ သူ့ရဲ့ စစ်တပ်ဆိုင်ရာ သတ်မှတ်ချက်အရ ဆိုရင် ကြယ်သုံး့ပွင့် စစ်သူကြီး တစ်ယောက်ပဲ”

“ချီးတဲ့မှ”

ကျွင်းချောင်ရှောင်း အံ့အားတသင့်ဖြင့် ပြောလိုက်မိသည် “ဒါဆိုရင် ဟောခန်းသခင်ရွှွဲ့ က ငကြမ်းကြီးပေါ့”

ငကြမ်းကြီးမဟုတ်ပေ။ အလွန်တရာ ကြမ်းတမ်းလွန်းသောသူ ဟုပင် ဆိုနိုင်သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ကြယ်ငါးပွင့် အဆင့် စစ်သူကြီး ဆိုသည်မှာ အယောက် နှစ်ဆယ်ပင် မပြည့်ချေ။ ဤအရာသည် ဂုဏ်သိက္ခာတရား ဖြစ်သလို အားအင်အဆင့်၏ သတ်မှတ်ချက်တစ်ခုလည်း ဖြစ်၏။

“မင်း င့ါကို သိတယ်လား” ရွှဲ့ရမ်ကွေ့ အံ့အားသင့်မိသွားသည်။

မြောင်ဟွေ့ က ပြောလိုက်၏ “အရင်တုန်းက စစ်သူကြီးပိုင်အနောက်ကို လိုက်ရင်း ကျုံးကျောင်းကို ရောက်ခဲ့ဖူးတ်။ အဲတုန်းက စစ်ရေးပြကွင်းမှာ တပ်နီတော်ကို စစ်သူကြီးရ့ွှဲ့ လေ့ကျင့်ပေးနေတာ မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့ဖူးပါတယ်”

သူသည် မြန်မြန်ဆန်ဆန်ပဲ ပြောလိုက်သည်။ သိကျွမ်းသည်ဆိုသော အကြောင်းပြချက်ကလေးဖြင့် သူ၏ အသက်ကို ညှာတာပေးမလားဆိုသည့် မျှော်လင့်ချက်နှင့် ဖြစ်သည်။

“သိပြီ”

ရွှဲ့ရမ်ကွေ့ သည် ထိုစကားမှ လွဲလျှင် မည်သည့် စကားမှ ဆက်မဆိုချေ။

“သူ့ကို သတ်လိုက်” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

“စစ်သူကြီးရွှဲ့….” မြောင်ဟွေ့၏ အမူအရာသည် ချက်ချင်းပဲ ထိတ်လန့်သွားတော့သည် “ကျေးဇူးပြုပြီး စစ်သားချင်းဆိုတဲ့ မျက်နှာနဲ့ ကျုပ်ရဲ့ အသက်ကို ချမ်းသာပေးပါ”

ရွှဲရမ်ကွေ့သည် တစ်ဖက်သို့ လှည့်ကာ ပြောလိုက်သည် “စစ်သားတစ်ယောက်ရဲ့ တာဝန် က နိုင်ငံကို ကာကွယ်ဖို့လေ။ အပြစ်ကင်းစင်တဲ့သူတွေကို သတ်ဖြတ်ဖို့ မဟုတ်ဘူး။”

“ဒီကိစ္စကို ပြောရအောင်”

သူ သည် ခဏရပ်တန့်ကာ ဆက်ပြောလိုက်၏ “ပြီးတော့ ကျုပ် က စစ်သားလည်း မဟုတ်တော့ဘူး။ စစ်သားဖြစ်ဖို့လည်း မထိုက်တန်ပါဘူး”

“စစ်သူကြီးရွှဲ့ …”

ဇွိ …။

ဓားအလင်းတစ်ခု ဖြတ်ပြေးသွားပြီး မြောင်ဟွေ့၏ ဦးခေါင်းသည် မြေပေါ်သို့ ကျဆင်းသွားတော့သည်.။ ၎င်း၏ မျက်လုံးများသည် ပြူးကျယ်လျက်ရှိပြီး ဤကဲ့သို့ သေဆုံးရမည်ဟု ထင်မှတ်ထားပုံမပေါ်ချေ။

အပြစ်ကင်းစင်သော လူသားများအား အပျင်းပြေ သတ်ဖြတ်တတ်သည့် သားသတ်သမားဘွဲရ မြောင်ဟွာသည် ခေါင်းဖြတ်၍ အသတ်ခံလိုက်ရပြီဖြစ်သည်။

“ဒင် … ကျားဖြူတပ်၏ခေါင်းဆောင် မြောင်ဟွာအား သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံစေခဲ့သည်။အထူးတာဝန် ပြည့်စုံမှုနှုန်းသည် ၁၀ ရာခိုင်နှုန်း တိုးမြင့်လာပြီး လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၅၀၀ အား ရရှိသည်။”

“ဒင် …. ဂိုဏ်းစုဆောင်းမှတ် ၃၈၉၂ / ၅၀၀၀”

သတိပေးချက်ကို ကြားတော့ ကျွင်းချောင်ရှောင်း တွေးလိုက်သည် “သေချာပြီ။ ချင်းယန်မြို့ကို ကာကွယ်ရမယ့် တာဝန်ထဲမှာ ဖုံးကွယ်ထားတဲ့ အချက်အလက်တွေ ရှိနေတာပဲ။”

၁၀ ရာခိုင်နှုန်း အတွက် ဂိုဏ်းစုဆောင်းမှတ် ၅၀၀ ရရှိခြင်းဖြစ်သည်။ တစ်ရာ ရာခိုင်နှုန်းသာ ြ့ပည့်စုံသွားမည် ဆိုပါက ဂိုဏ်းစုဆောင်းမှတ် ၅၀၀၀ ရရှိနိုင်လောက်၏။

သူသာ နည်းနည်းပို၍ အားစိုက်ထုတ်ကာ ပြုလုပ်မည် ဆိုလျှင် နောက်ဆုံးရလဒ်သည် ပိုမိုကောင်းမွန်လာမည် မှာ သေချာသည်။

“လာခဲ့ကြစမ်း”

ကျွင်းချောင်ရှောင်းသည် မျက်လုံးထဲတွင် တောက်ပသည့် မျှော်လင့်ခြင်း အလင်းများဖြင့် လင်းလက်လာသည် “ကျန်းယန် နိုင်ငံ ရဲ့ စစ်တပ်ကို ငါ မျှော်နေပြီ”

……

သံချပ်ကာ ဝံပုလွေတပ်သည် သံချပ်ကာ မြင်းတပ်သား တစ်သောင်းကျော်တို့အား သတ်ဖြတ်ခဲ့သည်။ ယှဉ်ပြိုင် တိုက်ခိုက်ရာတွင် အားအင်အဆင့်၊ လက်နက် နှင့် တိုက်ခိုက်ရေး ဗျုဟာများကလည်း ကွာခြားလွန်းနေ၏။

ပို၍ အားရစရာကောင်းသည်မှာ တစ်ဖက်မှ သံချပ်ကာ မြင်းတပ်တစ်ခုလုံး ဖျက်ဆီးခံရပြီး တစ်ယောက် မကျန် ကို သတ်ဖြတ်နိုင်ခဲ့ပေမဲ့ သူတို့လူများသည် တစ်ဦးတလေတောင်မှ ဒဏ်ရာ မရခဲ့ချေ။

မြောင်ဟွေ့၏ စစ်တပ်သည် အလွန်ကြောက်လန့်နေသော စစ်မြင်းများအား ထိန်းချုပ်နေရသည်မို့ ပြန်လည် တိုက်ခိုက်ရန် ပင် အခွင့်အရေး မရခဲ့ကြချေ။

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းပြီး ပြောလိုက်သည် “ဒါက စိန်ခေါ်မှု တစ်ခုလို့တောင် မဆိုနီုင်ဘူး။”

“ဂိုဏ်းချုပ် …”

ရွှဲ့ရမ်ကွေ့ သည် ပြောလိုက်၏ “မြောင်ဟွေ့ ဦးစီးတဲ့ စစ်တပ် က ကျားဖြူတပ်ရဲ့ လက်ရွေးစင်တပ် လို့ သတ်မှတ်မရဘူး။ ဒီတော့ သတိထားမှ ဖြစ်မယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်း ခေါင်းညိတ်လိုက်သည်။

သို့ပေမဲ့ တစ်ပွဲတည်းသာ တိုက်ခိုက်ရသေးသောကြောင့် သူ့အနေဖြင့် အဆုံးစွန်ထိ တွက်ချက်၍ မဖြစ်နိုင်သေးချေ။

သံချပ်ကာ မြင်းတပ်ကို ရှင်းလင်းပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းသားများသည် ထုံးစံအတိုင်း အလောင်းများဆီမှ ပစ္စည်းများအား ရှာဖွေကြတော့သည်။

သိုပေမဲ့ စစ်သားများ၏ သိုလှောင်လက်စွပ်ထဲမှာတော့ သိုင်းအရင်းအမြစ်များ သို့မဟုတ် ငွေသားများ ရှိမနေပေ။ နတ်ဆိုးဒူးလေး နှင့် မြှား နှစ်ချောင်းစီသာ ရှိကြ၏။

စစ်မြင်းများအား ထိန်းချုပ်နိုင်လျှင်ပင် သူတို့အနေဖြင့် ထိုလက်နက်များအား ထုတ်သုံးခွင့် ရလိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့် ဆိုသော် ရှောင်ကျီ နှင့် မိုးဆွေဟောခန်းမှ လူများသည် တစ်ချိန်လုံး စနှိုက်ပါ ဖြင့် စောင့်ကြည့်နေကြသည် မဟုတ်လား။

“နိုင်ငံကြီး တစ်ခုကသာ လာတယ်။ ဘာတန်ဖိုးကြီး ပစ္စည်းမှလည်း မပါဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ရွှဲ့ရမ်ကွေ့ ပြောလိုက်သည် “တိုက်ပွဲထဲမှာဆိုတော့ စစ်သားတွေက များများစားစား သယ်ဆောင်လာကြမှာ မဟုတ်ဘူးလေ။”

“ဒါတော့ အမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် သပ်ရပ်မီးအား အသုံးပြု၍ စစ်သားအလောင်းများအား မီးရှို့လိုက်တော့သည်။ ပြီးနောက် တပည့်များအား အမိန့့်ပေးကာ တိုက်ပွဲ တည်နေရာအား ရှင်းလင်းခိုင်းလိုက်တော့၏။

တောင်ကြောတလျောက် လေအေးများ တိုက်ခတ်သွားသည်။

မူလ က သွေးတွေအပြည့်ဖြစ်နေသော တိုက်ပွဲ တည်နေရာကြီးတစ်ခုလုံးသည် ဘာတစ်ခုမှ မဖြစ်ပွားခဲ့သလို သန့်ရှင်းသွား၏။

…….

ရှို့ယန်မြို့ ….။

မြို့တော်ဝန်ဟန်သည် ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်ဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျက်ရှိသည်။ သူ၏ မျက်လုံးထဲတွင်တော့ ဝမ်းနည်းမှုများက ထင်ပေါ်နေသည်။

ကျန်းယန်မြို့၏ သံချပ်ကာ မြင်းတပ်သည် ဟွာယန်နိုင်ငံ၏ ချင်းလင်မြို့ကို သိမ်းပိုက်ပြီးနောက် သူတို့ဆီသို့ ဦးတည်လာနေပြီ ဖြစ်ကြောင်း သတင်းစကားကို ရရှိခဲ့၏။

“မြို့တော်ဝန် ….”

ချပ်ဝတ်အပြည့်နှင့် စစ်သူကြီးတစ်ဦးက ပြောလိုက်သည် “ကျုပ်တို့ ရှို့ယန်မြို့မှာ စစ်သား ငါးသောင်းလောက် ရှိတယ်။ သူတို့ကို ရင်ဆိုင်နိုင်လောက်ပါတယ်”

မြို့တော်ဝန်ဟန်သည် ဦးခေါင်းကို ခါယမ်းလိုက်၏ “ဒီတစ်ခေါက် ဦးစီးလာတဲ့ စစ်သူကြီး က မြောင်ဟွေ့လေ။ သားသတ်သမားလို့ ဘွဲ့ရထားတာ။ သူ့တပ်သားတွေက နတ်ဆိုးဒူးလေးတွေကို ကိုင်ဆောင်ထားသေးတယ်။ ကျုပ်တို့ဆီမှာ စစ်သားတွေ ရှိတယ်ဆိုရင်တောင်မှ ခုခံနိုင်မှာ မဟုတ်ဘူး”

“……..” စစ်သူကြီးက ငြိမ်သက်သွား၏။

စစ်သားတစ်ယောက် အနေနှင့် သူသည် နတ်ဆိုးဒူးလေးအကြောင်း သေချာကြားခဲဖူးစည်။ မြှားတစ်စင်း ပစ်လွှတ်လိုက်လျှင် မြို့၏ ဂိတ်တံခါးသည်ပင် ပျက်ဆီးသွားနိုင်သည်။

ရန်သူသည်စသာ ထိုလက်နက်ကို ထုတ်သုံးပါက သူတို့အနေဖြင့် အနိုင်ရစရာလမ်းမမြင်ချေ ။

“ဟင်း ….”

မြို့တော်ဝန်ဟန်သည် သက်ပြင်းချလိုက်သည် “ကောင်းကင်အလိုတော်အတိုင်းပေါ့ကွာ”

သူသည် တစ်ဖက်လူများ လာရောက်တိုက်ခိုက်မည်ကို သိရှိသည် ဆိုသော်လည်း အရှုံးပေးရန်တော့ အစီအစဉ် မရှိချေ။ မြို့တွင်းရှိ မြို့သားများအား ကျေးကျွန်တော့ သူ မဖြစ်စေချင်ပေ။ ထို့ကြောင့် သေကာမှ သေရာ ခုခံရပေလိမ့်မည်။

သို့သော်ငြား ….။

သုံးရက်တိတိ စောင့်ပြီးသည့်အချိန်ထိ သံချပ်ကာမြင်းတပ်သည် သူတို့ဆီသို့ ရောက်ရှိမလာသေးပေ။ ထိုအရာသည် မြို့တော်ဝန်အား ဇဝေဇဝါ ဖြစ်စေသည်။

စစ်သူကြီးသည်လည်း ပဟေဋ္ဌိြုဖစ်မိနေ၏ “မြို့တော်ဝန် …. ဒီသံချပ်ကာမြင်းတပ်ရဲ့ အမြန်နှုန်းနဲ့ဆိုရင် ကြာသင့်တာကြာနေပြီ။ ဘာလို့ ပေါ်မလာသေးရတာလဲ”

“ရန်သူတွေက ငါတို့ မစောင့်ကြပ်တော့တဲ့အချိန်မှ အလစ်ငိုက် တိုက်ခိုက်ချင်တာများလား” မြို့တော်ဝန်ဟန် သုံးသပ်လိုက်မိသည်။

စစ်သူကြီးက ပြောလိုက်၏ “ရထားတဲ့ သတင်းတွေအရဆိုရင် မြောင်ဟွေ့ရဲ့ တပ် က ချင်းယန်နိုင်ငံထဲကို ဝင်လာပြီးမှ ပျောက်သွားတာပဲ”

“ဒါက တစ်ခုခုတော့ တစ်ခုခုပဲ”

မြို့တော်ဝန်ဟန်သည် မြန်မြန်ပဲ ပြောလိုက်သည် “တပ်သားတွေကို သတိအပြည့်ထားဖို့ အမိန့်ထုတ်လိုက်။ တစ်ချက်ကလေးမှ မပေါ့လျော့စေနဲ့”

“ကောင်းပါပြီ”

ရှို့ရန်မြို့ မှ လူအားလုံးတို့သည် နေ့နေ့ ညည စောင့်ကြပ်လျက်ရှိနေကြသည်။ ၎င်းတို့သည် ရန်သူ ရုတ်တရက် ရောက်ရှိလာပြီး တိုက်ခိုက်မည်ကို စိုးရိမ်လျက် ရှိနေကြ၏။

ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးနောက် ကျွင်းချောင်ရှောင်းသည် ထိုသတင်းကို ရရှိခဲ့သည်။ မြို့တော်ဝန်ဟန် စိုးရိမ်နေသည်ကို မြင်တော့သည် အမည်မထည့်ဘဲ ပစ်စာ တစ်စောင် ပို့လိုက်သည်။

လာရောက် ကျူးကျော်တိုက်ခိုက်သူများ သေဆုံးသွားပြီ ဖြစ်သောကြောင့် စိတ်အေးလက်အေး နေထိုင်ရန် ရေးသား ထားခြင်းဖြစ်၏။

သို့ပေမဲ့ ပစ်စာကို လက်ခံပြီးသည့်နောက် မြို့တော်ဝန်ဟန် သည် ပိုမို၍ ဆိုးရွားစွာ စိတ်ပူလာမိသည်။ သူ နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “ဒါက ရန်သူရဲ့ လှည့်ကွက်ပဲဖြစ်ရမယ်။ ငါတို့ ယုံလို့မဖြစ်ဘူး”

ထို့ကြောင့်ပဲ ရှို့ရန်မြို့၏ အစောင့်အကြပ်များသည် ယခင်ကထက်ပင် ပိုမို၍ အားကောင်းလာခဲ့တော့၏။

“ကောင်းပြီ”

အဓိက ဟောခန်းထဲမှာ ထိုင်နေရင်းမှ ကျွင်းချောင်ရှောင်းသည် နောက်ဆုံးသတင်းကို ရရှိခဲ့သည်။ ထို့ကြောင့် သူ ရယ်ကာ ပြောလိုက်မိသည် “မြို့တော်ဝန် ဒီလောက် တက်ကြွနေမှတော့ လွှတ်သာထားလိုက်တော့”

“ဂိုဏ်းချုပ် …”

လီလိုရှု ပြောလိုက်သည် “မြောင်ဟွေ့ ရဲ့ တပ်ကြီး ပျောက်သွားတော့ ချင်းလင်မြို့မှာ စခန်းချထားတဲ့ ကျန်းယန် တပ် က မလှုပ်ရှားတော့ဘူး”

“ဟီယန်နိုင်ငံရော” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

လီလိုရှု ပြောလိုက်၏ “မြို့နှစ်မြို့ပါသွားပြီ။ ဒီနှုန်းအတိုင်းဆိုရင် မြို့ဆယ်မြို့ကျော်ကုန်ဖို့ တစ်လကနေ နှစ်လပဲ ကြာမယ်”

“ဖြစ်နိုင်သမျှ အချိန်ကြာလေ ကောင်းလေပဲ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။

…….

ရက်အနည်းငယ်အတွင်း နိုင်ငံ နှစ်ခုဆီမှ နောက်ဆုံးသတင်းများသည် ကျွင်းချောင်ရှောင်း ဆီသို့ ရောက်ရှိလာသည်။ အသံပို့လွှတ်ခြင်း နည်းစနစ်မှတဆင့် ကျွင်းချောင်ရှောင်းသည် သတင်းအချက်အလက်များ အား တောက်လျောက် အာရုံစိုက်ထားခဲ့တာ ဖြစ်သည်။

“ဂိုဏ်းချုပ်”

လီချင်းယန် သတင်းပို့လာသည် “ဂျုနီယာညီလေး နဲ့ ညီမလေးတွေ သိုင်းတပည့် ထိပ်ဆုံး အဆင့်ကို ရောက်သွားကြပြီ”

ဖြစ်ပွားတော့မည့် စစ်ပွဲကို ရင်ဆိုင်ရန်အတွက် တပည့်များအနေဖြင့် ပိုမို၍ အဆင့်တိုးတက်လာရန် လိုအပ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် စိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်ကာ လေ့ကျင့်စေခဲ့သည်။ ထို့ကြောင့်သာ အားလုံး သိုင်းတပည့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားကြခြင်း ဖြစ်တော့၏။

“အခု …”

ကျွင်းချောင်ရှောင်းသည် မေးထောက်ကာ ပြောလိုက်သည် “ဆေးပင်တွေ ခူးလို့ရတဲ့ အချိန်ထိ စောင့်ဖို့ပဲ ကျန်တော့တာပေါ့”

ကျန်းယန်နိုင်ငံ၏ ကျူးကျော်စစ်သည် ဆယ်ရက်ကျော် ထပ်မံ ကြာမြင့်ခဲ့သည်။

တစ်ရက်မှာတော့ အကြီးအကဲေဝသည် သိုလှောင်လက်စွပ်ကို လာပေးကာ ပြော၏ “ဂိုဏ်းချုပ် … ဆေးပင်တွေပါ”

ကျွင်းချောင်ရှောင်းသည် မြန်မြန်ပဲ ယူလိုက်ပြီး ဆေးခန်းမဆောင်ဆီ ဝင်လိုက်သည်။ ကြည့်လိုက်ချိန်မှာတော့ သိုင်းဆရာဆေးလုံး လေးထောင်ကျော် သန့်စင်၍ ရနိုင်သော ပမာဏ ဖြစ်လို့နေ၏။

အရမ်းကောင်းတယ်။ သန့်စင်ရမယ်။

All Chapters