အခန်း (၄၄၃)
Vol. 30 Ch. 443
ဒင် … ဒင် …. ဒင်/
ဆေးလုံးဖော်စပ်နေသည့်အသံသည် နေ့မှည … ညမှနေ့အထိ သူ၏ နားထဲတွင် နှင့် အသံများ ဖြစ်ပေါ်လျက်ရှိသည်။ အလွန်တရာ ဆူညံလွန်းလှသည်။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ထိုအသံများ ကြားနေရချိန်၌ အလွန်တရာ ပျော်ရွှင်မိနေ၏။
သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့ရုံသာမက မနက်ခင်းလေ့ကျင့်ခန်းပြုလုပ်သည့် အချိန်မျိုးမှာပင် အားတက်သတရာ ကခုန်ခဲ့သေးသည်။
နေ့လည်သို့ ရောက်ချိန်မှာတော့ သိုင်းဆရာ ဆေးလုံး လေးထောင်ကျော်တို့သည် သန့်စင်ပြီးဖြစ်နေ၏။
ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးအား ထုတ်ယူကာ ပြောလိုက်၏။ "ဒါကို သောက်ပြီးရင် တစ်စုံတစ်ယောက်က သိုင်းဆရာ အဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်တယ်။ဒီသတင်းသာ အပြင်လောကကလူတွေ သိသွားပြီဆိုရင် ငါ့ဆီမှာ တန်းစီပြီးတောင် ဝယ်နိုင်လောက်တယ်။"
ခဏလောက်တွန့်ဆုတ်ပြီးသည့် နောက်မှာတော့ သူသည် သိုင်းတပည့် ထပ်ဆုံးအဆင့် ကျင့်ကြံသူများအားလုံးကို စုစည်းလိုက်ပြီး တစ်ယောက်လျှင် ဆေးတစ်လုံး ပေးအပ်လိုက်၏။
ကျန်သော သိုင်းဆရာ ဆေးလုံးများအားလုံးဟာ ဆေးခန်းမဆောင်အတွင်းသို့ သိမ်းဆည်းထားလိုက်သည်။
သိုင်းတပည့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိပြီးမှသာလျှင် ထိုဆေးလုံးကို ရယူရန် စည်းကမ်းချက် ချမှတ်ထားလိုက်၏။
"ဆေးလုံးကိုစားပြီးတဲ့ အချိန်မှာ သိုင်းဆရာအဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်တယ်ဆိုတာ တကယ်လား။"
"ဂိုဏ်းချုပ်ကပြောမှတော့ ဒါ အမှန်ပဲပေါ့"
"ငါက သိုင်းဆရာအဆင့်ကို ချိုးဖြတ်ရောက်ရှိဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားမိတယ်"
သိုင်းတပည့် ထိပ်ဆုံးအဆင့်သို့ရောက်ရှိနေကြသော ဂိုဏ်းသားများအားလုံးသည် သိုင်းဆရာဆေးလုံးအား လက်ခံရရှိကြသည်။
သူတို့အားလုံးသည် အခန်းထဲကို သွားကာ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရင်း ဆေးလုံးကို သောက်လိုက်ကြသည်။
အရသာမှာ ကောင်းမွန်လှ၏။ အနည်းငယ် ချိုပြီး မွှေးပျံ့သည်။
ဝှစ် ဝှစ်။
ခဏလောက်ကြာပြီးသည့် နောက်မှာတော့ အတွင်းခြံဝန်းရှိ တပည့်များ၏ ဆီမှ အလွန်တရာ ပြင်းထန်လှသော အော်ရာများ ထွက်ပေါ်လျက်ရှိသည်။
အဆင့်ချိုးဖျက်မှုကြောင့် ဖြစ်တည်လာသော စွမ်းအင်လှုပ်ရှားမှုများသည် အဆင့်ချိုးဖျက်သူ များပြားလွန်းသောကြောင့် သံမဏိအရိုးဂိုဏ်း၏ လေထုထဲတွင် စုဝေးလျက်ရှိနေတော့၏။
ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းတွင် မတ်တပ်ရပ်လျက်ရှိပြီး တပည့်များ အဆင့်ချိုးဖြတ်သည်ကို ကြည့်ရှုလျက်ရှိနေသည်။ သူ၏ မျက်နှာပေါ်တွင်တော့ တောက်ပသော အပြုံးတစ်ခု တည်ရှိနေ၏။ ကြီးမားလှသော သူ၏ တပည့်များ အဆင့်ချိုးဖြတ်နိုင်သည်ကို မြင်ရသည့် ခံစားချက်မှာ အလွန်တရာ ကောင်းမွန်လှသည်။
"ဒါက မယုံကြည်နိုင်စရာပဲ"
အတွင်းခြံဝန်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ဓားနည်းစနစ်အား နားလည်အောင် ပြုမူလျက်ရှိသော ရီရှင်းချန်သည် ဂိုဏ်းသားများ အဆင့်တက်သွားသည့် အော်ရာများကို ခံစားလိုက် ရချိန်မှာတော့ မယုံကြည်နိုင်သလို ဖြစ်မိနေကြသည်။
သိုင်းအင်ပါယာတစ်ယောက်အနေနှင့် သူသည် တစ်ချိန်တည်းမှာပဲ များပြားလှသော သူများ အဆင့်တက်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဟုတ်ပေသည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင်လည်း ဤကဲ့သို့ စုပေါင်း၍ အဆင့်တက်ခြင်းမျိုးသည် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးချေ။
ဥပမာအားဖြင့် ကောင်းကင်ဘုံရတနာတစ်ခု ထွက်ပေါ်လာသည့် အချိန် သို့မဟုတ် နတ်ဘုရားရတနာ၊ သဘာဝ ရတနာတစ်ခုခုသည် ခေတ်တစ်ခုတွင် ပေါ်ပေါက်လာသည့် အချိန်မျိုး၌သာ သိုင်းကျင့်ကြံသူများသည် အကျိုးကျေးဇူးကိုသာ ရရှိနိုင်သည်။
သို့ပေမဲ့ ဆေးလုံးများကို အသုံးပြု၍ တစ်ချိန်တည်းမှာ အဆင့်တက်သည်ဆိုသည်မှာ မဖြစ်နိုင်လောက်သောကိစ္စပင် ဖြစ်၏။
ဂိုဏ်းသားများ အဆင့်တက်မှုသည် နှစ်ရာရီခန့်ကြာမြင့်ပြီး တစ်ဖြည်းဖြည်းနှင့် အော်ရာများ လျော့ကျလာကြသည်။
သိုင်းဆရာ ဆေးလုံးကို သောက်သုံးခဲ့ကြသော တပည့်များအားလုံးသည် သိုင်းဆရာများ ဖြစ်ကုန်ကျတော့သည်။
…......
ဘုန်း … ဘုန်း
လေ့ကျင့်ရေး ခန်းမထဲမှာတော့ သိုင်းဆရာအဆင့်သို့ ချိုးဖြတ်ရောက်ရှိခဲ့ကြသော တပည့်များ အားလုံးသည် အားအင်စမ်းသပ်ခြင်းစက်ကို တစ်ယောက်ပြီးတစ်ယောက် စမ်းသပ်လျက်ရှိသည်။
လီချင်းယန်သည် ဘေးတစ်ဖက်မှကြည့်၍ အဆင့်များကို မှတ်သားပေးနေ၏။
"ဂိုဏ်းချုပ်"
စမ်းသပ်မှုများ ပြုလုပ်ပြီးသည့်နောက် လီချင်းယန်က ပြောလိုက်သည်။ "သိုင်းဆရာအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားတဲ့ တပည့်တွေရဲ့ အားအင် က ဂျင်လေးသောင်းပဲ"
ကျန့်ရာသည် အံ့အားတသင့် ဖြစ်သွားသည်။ "အားလုံးက အဆင့်မြင့်အားအင်နဲ့ သိုင်းဆရာတွေပဲ"
အဆင့်တစ် သိုင်းဆရာတစ်ယောက်၏ အားအင်သည် ဂျင်သုံးသောင်းခန့်ရှိ၏။ သို့ပေမဲ့ ဂျင်လေးသောင်းဟု ဆိုလျှင်တော့ အဆင့်မြင့်ဟု သတ်မှတ်ရမည် ဖြစ်သည်။
ဂျင်ငါးသောင်းဆိုလျှင် အထူးအဆင့်ဟု သတ်မှတ်ရမည်။ ဂျင်ခြောက်သောင်းဆိုလျှင် အထူးအထူးသော အဆင့်ဟု သတ်မှတ်နိုင်၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သိုင်းဆရာအဆင့်သို့ မြန်မြန်ဆန်ဆန်နှင့် အဆင့်တက်ကြသည့် လူများမှာအထူး အထူးသော စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူများသာ ရှိသည်။
အခြားတစ်ဖက်မှ ကြည့်လျှင်တော့ သံမဏိအရိုးဂိုဏ်းတပည့်များသည် အဆင့်တက်ချိုးဖြတ်နိုင်ခဲ့သည်ဖြစ်သော်လည်း အချို့သောသူများသည် သာမန်စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်ကြသည်။ သို့ပေမဲ့ ၎င်းတို့သည် အလွန်တရာ အားကောင်းလွန်းလှ၏။
ထို့ကြောင့် အကြီးအကဲကျန့်ရာသည် အံ့အားသင့်နေခြင်းပင် ဖြစ်တော့သည်။
"နေလို့ ထိုင်လို့ ကောင်းလိုက်တာ"
ကျွင်းချောင်ရှောင်းသည် သူ၏ ထိုင်ခုံတွင် အသာထိုင်ပြီး ပြုံးလျက်ရှိနေ၏။
အဆင့်မြင့် စိတ်ဝိညာဉ် အမြစ်နှင့် တပည့် များအား သိုင်းဆရာအဆင့်သို့ ရောက်ရှိအောင် လေ့ကျင့်ပေးနိုင်ခဲ့ခြင်းက သူ့အတွက် ဂုဏ်ယူစရာပင် ဖြစ်တော့သည်။
စနစ်က သူ့အား ရင်နာအောင် ပြုလုပ်လိုက်သည်။ "လက်ခံသူက သံမဏိအရိုးဂိုဏ်းကို ပြိုင်စံရှားဂိုဏ်းတစ်ခု ဖြစ်လာအောင်လုပ်ဖို့ ကိုးဆယ့်ကိုးနှစ် ကျန်သေးတယ်နော်"
"မင်းသာ ယောကျာ်းတစ်ယောက်ဖြစ်ပြီး ငါ့ရှေ့မှာ ရပ်နေမယ် ဆိုရင်"
ကျွင်းချောင်ရှောင်းသည် ခက်ထန်စွာဖြင့် ပြောလိုက်သည်။ "ငါ မင်းကို မင်း မမှတ်မိအောင် ထိုးမယ်"
"ဆိုးတာပဲ"
စနစ်က ပြောလိုက်သည်။ "လက်ခံသူက ငါ့ရှေ့မှာရှိရင် ငါလည်း ကောင်းကောင်းတီးလွှတ်လိုက်မယ်"
ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျုရှုထားလိုက်သည်။ ပြီးနောက် တီးတိုး ရေရွတ်လိုက်မိသည်။
အဆင့်တက်လာတာနဲ့ အမျှ စွမ်းဆောင်ရည်ပိုင်း ကလည်း တိုးတက်သွားတယ်။ ကျန်းယန်နိုင်ငံရဲ့ စစ်တပ်က ရောက်လာနိုင်ဖို့ပဲ လိုတော့တယ်...
ရှောင်မုန့်ယဉ် လွဲ၍ အခြား ဂိုဏ်းသား၂၂၄၅ယောက်တို့သည် သိုင်းဆရာနှင့် အထက် ကျင့်ကြံသူများ ဖြစ်နေကြတော့သည်။
အဆင့်ငါး ဂိုဏ်းတစ်ခုတွင် ဤမျှများပြားလှသော သိုင်းဆရာများ မရှိပေ။
ဟုတ်ပေသည်။ဤအရာသည် သံမဏိအရိုးဂိုဏ်းအား အလွန်အမင်း အားကောင်းသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် တပည့်များသည် အလွန်အားကောင်းသော အခြေခံများကို ပိုင်ဆိုင်ကြသည် ဆိုသော်လည်း ထိပ်ဆုံးအဆင့် အားအင်များကိုတော့ ပိုင်ဆိုင်ကြသူများ မဟုတ်ပေ။
သိုင်းဘုရင်များကို မဆိုနှင့် သိုင်းစစ်သူကြီးဆိုလျှင် ဂိုဏ်းထဲ၌ နှစ်ယောက်သာ ရှိသည်။ ထိုနှစ်ယောက်မှာ ကျွင်းချောင်ရှောင်း နှင့် ရွှဲ့ရမ်ကွေ့တို့သာ ဖြစ်သည်။
သိုင်းဆရာထိပ်ဆုံးအဆင့် တပည့် ဂိုဏ်းသားများ တော်တော်များများတွင် လီချင်းယန်နှင့် တစ်ခြားသော အတွင်းတပည့်များဖြစ်သည့် ကျိုးဟုန်တို့သည်သာ ထိုအဆင့်သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။
ဆိုးဝါးသည်မှာ သူ့တွင် သိုင်းစစ်သူကြီးဆေးလုံး ဟူ၍ မရှိပေ။ ထို့ကြောင့် သိုင်းစစ်သူကြီးအဆင့်သို့ ချိုးဖြတ်ရောက်ရှိရန်ဆိုလျှင် ၎င်းတို့အနေနှင့် သိုင်းနည်းစနစ်များကို နားလည်ရန် လိုအပ်နေ၏။
သို့ပေမဲ့ အချိန်တော့ သိပ်ကြာလိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ စိတ်ဝိညာဉ်အမြစ်များသည် အားကောင်းလွန်းသောကြောင့်ပင်။
သို့ပေမဲ့ ရက်အနည်းငယ်ကြာမြင့်ပြီးသည့် နောက်မှာတော့ သိုင်းဆရာ ထိပ်ဆုံးအဆင့်တွင် ပိတ်မိနေသော ရီရှင်းချန်သည် ပထမဦးဆုံး ချီလေပွေကို ဖန်တီးနိုင်ခဲ့ပြီးဖြစ်ပြီး ချီလေပွေမှတစ်ဆင့် စိတ်ဝိညာဉ်အမြူတေ အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပြီးဖြစ်၏။ သူသည် တရားဝင်သိုင်းစစ်သူကြီးတစ်ယောက် ဖြစ်လာခဲ့သည်။
ဘုန်း
လေ့ကျင့်ရေးခန်းမထဲမှာတော့ သူသည် လက်သီးကို ထိုးလွှတ်လိုက်၏။
အားအင်စမ်းသပ်မှုစက်ပေါ်မှာတော့ ဂျင် နှစ်သိန်းရှစ်သောင်းဆိုသည့် အားအင်ကို ပြသနေသည်။
"မဆိုးဘူး မဆိုးဘူး" ရီရှင်းချန်သည် အလွန်တရာ သဘောကျနေမိသည်။
သူ၏ အရင်ဘဝတုန်းကဆိုလျှင် သိုင်းစစ်သူကြီး ပထမအဆင့်သို့ ရောက်ရှိရန် ငါးနှစ်တိတိ ကြာမြင့်ခဲ့သည်ဖြစ်သည်။
သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူသည် သိုင်းစစ်သူကြီးအဆင့်ကို တစ်နှစ်အတွင်း ရောက်ရှိခဲ့သည်။
ထို့အပြင် အရင်ဘဝတုန်းက မည်သည့် သိုင်းနည်းစနစ်ကိုမှ ထုတ်မသုံးဘဲ သူ၏ အားအင်အဆင့်သည် နှစ်သိန်းရှစ်သောင်းသာ ရှိခဲ့သည်ဆိုသော်လည်း လက်ရှိအချိန်တွင် ဂျင်ရှစ်သောင်းပိုမိုများပြားနေပြီဖြစ်၏။
သူသည် မြန်မြန်ဆန်ဆန်ပဲ ပိုမိုတိုးတက်လာပြီး မြန်မြန်ဆန်ဆန်ပဲ ပို၍ အားကောင်းလာခဲ့သည်။ ပြောရမည်ဆိုလျှင် သူသည် သံမဏိအရိုးဂုဏ်းတွင် ကျင့်ကြံခဲ့သောကြောင့်ဖြစ်သည်။
သူ့အား သံမဏိအရိုးဂိုဏ်းထဲသို့ သယ်ဆောင်လာပြီး ဂိုဏ်းထဲသို့ ခြိမ်းခြောက်ဝင်ရောက်ခိုင်းခဲ့သည့် အခြေအနေကို ရီရှင်းချန် မစဉ်းစားဘဲ မနေနိုင်ပေ။
ငါသာ ဂိုဏ်းထဲက ထွက်သွားဖို စဉ်းစားမယ်ဆိုရင် ဒီလို တစ်နှစ်အတွင်း သိုင်းစစ်သူကြီးအဆင့်ကို ရောက်ဖို့ တော်တော်ခက်မယ်နဲ့တူတယ်။
သူ့အတွက် အဆင့်ချိုးဖျက်နိုင်ခဲ့ခြင်း တစ်ခုသာ မဟုတ်ပေ။ ဒုတိယအားဖြင့် သူသည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်နှင့် တစ်ခြားသော နည်းစနစ်များကို လေ့ကျင့်ခဲ့ရသည်။ ထိုအကျိုးကျေးဇူးမှာ အလွန်တရာ ကြီးမား လွန်းလှသည်။
လက်ရှိအခြေအနေ၌ ရီရှင်းချန်အား ဂိုဏ်းထဲမှ ထွက်ခွာသွားခိုင်းမည်ဆိုလျှင် သူသည် ဂိုဏ်း၏ ဟောခန်းရှိ အဓိက ထောက်တိုင်ကြီးအား ဖက်၍ ထွက်မသွားဘူး ထွက်မသွားဘူးဆိုကာ အော်နေမိမှာ သေချာ၏။
ဘုန်း။
ရုတ်တရက်ဆိုသလိုပဲ လက်သီးထိုးသံတစ်ခု ကြားလိုက်ရ၏။
ရီရှင်းချန်သည် အသိဝင်သွားပြီး လှမ်းကြည့်လိုက်ချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် အားအင်စမ်းသပ်မှုစက်အား လက်သီးဖြင့် ထိုးနေသည်ကို မြင်လိုက်ရ၏။ အားအင်အဆင့်မှာ ဂျင်ခြောက်သိန်းဖြစ်သည်။
သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်တစ်ယောက်အနေနှင့် ဤကဲ့သို့သော အားအင်ကို ထုတ်ဖော်နေသည်မှာ အထူးအဆင့်သိုင်းပညာရှင်များသာ ပြုလုပ်နိုင်သောအရာဖြစ်၏။
ရီရှင်းချန်သည် အံ့အားသင့်မိသည်ဆိုသော်လည်း မနာလိုတော့ မဖြစ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည်လည်း သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့်သို့သာ ရောက်ရှိမည်ဆိုလျှင် ထိုကဲ့သို့သော ဂျင်ခြောက်သိန်းသောအားအင်မျိုးကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
………......
ရှည်လျားလှသော တောင်တန်းကြီး၏ အပေါ်မှာတော့ လုချင်းချင်းသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကာ မတ်မတ်ရပ်လျက်ရှိသည် ။ သူမသည် နတ်သမီးတစ်ပါးကဲ့သို့ အလွန်တရာ လှပလွန်း၏။
"ချင်းချင်း … မင်း သိုင်းစစ်သူကြီးအဆင့်ကို ဝင်ပြီဆိုရင် အရှေ့မြောက်ပိုင်းမှာရှိတဲ့ လုကျိုးကိုသွား။အဲ့မှာ အထူးဆန်းကျယ် ရေခဲကန်ဆိုတာရှိတယ်။မင်း က ပါရမီ ပါတဲ့အပြင် ထူးခြားတဲ့ ခန္ဓာကိုယ်အချိုးအစား လည်းရှိတယ်။ ဒါအပြင် ထိုက်ရွှန် နှလုံးသား အအေးနည်းစနစ်ကို ကျင့်ကြံတာကြောင့် အဲကို ရောက်ပြီဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းက ကျိန်းသေပေါက် တိုးတက်သွားလိမ့်မယ်။ဒါပေမဲ့ မင်း မှတ်ထားဖို့ လိုတာတာ မင်းရဲ့ နှလုံးသားက ရေလိုပဲ တည်ငြိမ်ဖို့ လိုတယ်။မဟုတ်ရင် မင်းရဲ့ စိတ်တစ်ခုလုံးက ရှုပ်ယှက်ခတ်ကုန်မယ်။ အထူးဆန်းကြယ် ရေကန်ထဲကို ဝင်လိုက်တာနှင့် နှစ်တစ်သောင်း အအေးချီတွေက မင်းကို နာကျင်စေလိမ့်မယ်"
လုချင်းချင်း၏ နားထဲတွင် အသံအိုကြီးတစ်ခု ပေါ်လာသည်။
သူမသည် မျက်မှောင်ကုတ်မိသွားသည်။ "အကြီးအကဲကြီး …. ကျွန်မက အခု သိုင်းစစ်သူကြီး အဆင့်ကို ရောက်ရှိသွားပြီ။ ဒါပေမဲ့ စိတ်နှလုံးသားကတော့ ရေလို မတည်ငြိမ်သေးဘူး။"
သူမအနေနှင့် ထိုက်ရွှန်နှလုံးသားနည်းစနစ်၏ ရေလို တည်ငြိမ်ရမည်ဆိုသော ရလာဒ်အား မည်သို့မှ နားမလည်နိုင်သေးချေ။
"မင်း ဘာတွေးနေတာလဲ" အသံတစ်ခုသည် အောက်ဘက်ဆီမှ ပေါ်လာသည်။
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်လျက်ရှိနေသည်။ သူ၏ မျက်နှာပေါ်မှာတော့ အလွန်တရာ ချောမောလှသော အပြုံးတစ်ခု တည်ရှိနေ၏။
"သူပါလား"
လုချင်းချင်း၏ လှပသော မျက်နှာလေးသည် တည်ငြိမ်နေတုန်းပင်။ သူမပြောလိုက်သည်။ "ဂိုဏ်းချုပ် ကျွန်မအပြင်ကို ထွက်ပြီးတော့ အတွေ့အကြုံ ရှာချင်တယ်။"
"ဘယ်လောက်ကြာမှာလဲ"
ကျွင်းချောင်ရှောင်း မေးလိုက်၏။
အရှေ့မြောက်ဘက်ဆီသို့ လှမ်းမျှော်ကြည့်ရင်း လုချင်းချင်းသည် မသေချာ မရေရာသလို ပြောလိုက်၏။ "ဆယ်နှစ်လည်း ဖြစ်နိုင်တယ်။ဒါမှမဟုတ် နှစ်တစ်ရာလည်း ဖြစ်နိုင်တယ်"
"ဆယ်နှစ် … နှစ်တစ်ရာ ဟုတ်လား"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ "ဒါ ဂိုဏ်းကထွက်သွားတာနဲ့ ဘာကွာတော့မှာလဲ"
"ဂိုဏ်းချုပ် … ကျွန်မက သံမဏိအရိုးဂိုဏ်းရဲ့ အကြီးဆုံးတပည့်လို့ ဂိုဏ်းချုပ် ပြောခဲ့ဖူးတယ် မဟုတ်လား"
လုချင်းချင်း ပြောလိုက်သည်။ "ဒါကြောင့် ဘယ်လိုဖြစ်ပြီးတော့ ထွက်သွားထွက်သွား… ကျွန်မက သံမဏိအရိုးဂိုဏ်းရဲ့ အကြီးဆုံးတပည့်ပဲ"
"မင်း အပြင်ကို သွားပြီးတော့ တကယ်ပဲ အတွေ့အကြုံ ရှာချင်တာလား"
"ဟုတ်ပါတယ်"
ကျွင်းချောင်ရှောင်းသည် ပုခုံးတွန့်ကာ ပြောလိုက်သည်။ "မင်းရဲ့ ရွေးချယ်မှုကို လေးစားပါတယ်"