← Chapters

အခန်း (၄၄၇)

Vol. 30 Ch. 447

အခန်း (၄၄၇)

Vol. 30 Ch. 447

ကျိုးဟုန်၏ အထူးသော ကျင့်ကြံခြင်းနည်းစနစ်ကြောင့် သံမဏိအရိုးဂိုဏ်းတွင် သူ၏ အသွင်သဏ္ဍာန် ပေါ်လာသည့် အကြိမ် အရေအတွက် သည် စီမာကျုံးတ နှင့် စွေ့ပုကျန့်တို့ကဲ့သို့ပင် တူညီလာ၏။ သို့ပေမဲ့ ထိုကဲ့သို့ မပေါ်ထွက်လာသည်မှာ ဓားသမားတစ်ယောက်အနေဖြင့် မတိုးတက်လာ၍ မဟုတ်ပေ။

မြို့၏ဂိတ်မျှော်စင် ရှေ့တည့်တည့်တွင် မတ်တပ်ရပ်ရင်း သူသည် လင်းကျန်ဓားကျမ်းအား ထုတ်ဖော်လိုက်ချိန် မှာတော့ ဓားချက် ရှစ်ဆယ် ထွက်ပေါ်လာတော့သည်။ ဤအရာသည် သူ၏အားအင်အဆင့် တိုးတက်လာခြင်း၏ သက်သေပြချက်ပင်ဖြစ်တော့၏။

“ဒီကောင်က အများကြီး ပိုပြီး အားကောင်းလာတာပဲ” ရီရှင်းချန် တွေးလိုက်မိ၏။

သူ့အနေနှင့် သိုင်းစစ်သူကြီးအဆင့်သို့ ရောက်ရှိခဲ့သည်ဆိုသော်လည်း ကျိုးဟုန်အား အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိချေ။ ကျိုးဟုန်သည် ဂိုဏ်းသို့ မဝင်ရောက်ခင်ကတည်းက သိုင်းဆရာ အဆင့်သို့ ရောက်ရှိနှင့်ပြီးသားဖြစ်သည်။

သူ့အနေနှင့် သိုင်းပညာအရင်းအလြင်းကျန့်ဓားကျမ်းကို ကြပ်ကြပ်မတ်မတ် လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ ကျွမ်းကျင်လှသော ဓားသမားတစ်ယောက်ဖြစ်သည်မို့ အနိုင်ယူချင်ပါက ကြီးမားလှသော အားအင်ကို ပိုင်ဆိုင်နိုင်မှသာလျှင် ဖိနှိပ်အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။

မြို့တော်ဝန်ရှဲ့၏ မျက်လုံးများသည်လည်း ပြူးထွက်သွားသည်။ သူသည် ကျိုးဟုန်၏ လက်ကောက်ဝတ်ကို သေသေချာချာ ကြည့်မိလိုက်၏။ ဤမျှ များပြားလှသော ဓားချီများသည် မည်ကဲ့သို့ ထွက်ပေါ်လာသနည်း။

“ကျွမ်းကျင်သူ၊ ဒါက ကျိန်းသေပေါက် ကျွမ်းကျင်သူပဲ”

ဝှစ် … ဝှစ်

ထိုအခိုက်မှာတော့ အရှိန်ဖြင့် ဝင်ရောက်လာသော သံလုံးကြီးလေးလုံးတို့သည် ဓားချီများ၏ နှောက်ယှက်ခြင်းကို ခံလိုက်ရတော့၏။ ပြီးနောက် ထိုသံလုံးကြီးလေးလုံးသည် တို့ဖူးကဲ့သို့ အပိုင်းပိုင်းပြတ်တောက်သွားတော့သည်။ ရောက်ရှိလာသောအားအင်တို့သည် အလွန်တရာ လျော့ကျသွားတော့သည်။

ဒင် ဒင်

သံမဏိအရိုးဂိုဏ်းတပည့်များသည် ၎င်းတို့၏ သံမဏိဒိုင်းကာများကို မြှောက်ကိုင်၍ သံအပိုင်းအစများအား အားအင် စိုက်ထုတ်မှုမရှိဘဲ ဖယ်ရှားလိုက်ကြ၏။

တောက်ယွမ်နှင့် ရန်သူ၏ ဒုတပ်မမှူးတို့ အားလုံးသည် ထိုအချင်းအရာကို မြင်ချိန်မှာတော့ မျက်လုံးပြုးသွားကြသည်။

“ဓားဆန္ဒ၊ လူနှင့်ဓား တသားတည်း အဆင့်”

ဤမျှ အရှိန်အဟုန်ပြင်းထန်လှသော သံလုံးကြီးလေးလုံးကို ဓားခုတ်ပိုင်းချက်တစ်ချက် ထုတ်ဖော်ပြီး ဓားချက် ရှစ်ဆယ်တိတိဖြင့် ဖျက်ဆီးနိုင်ခဲ့သည်ဆိုသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။

ဘန်း

ဂိုဏ်းချုပ်ကျွင်းသည် သူ့ဆီသို့ ပျံသန်းလာသော သံအပိုင်းအစများကို လှမ်းဖမ်းကာ ပြောလိုက်၏။ “ကျုပ်တပည့်ရဲ့ အားအင်အဆင့်က သိုင်းစစ်သူကြီး ဒုတိယနှင့် တတိယအဆင့်တွေထက် အားမနည်းဘူး”

စနစ်ကပြောလိုက်၏။ “ဒီကောင်လေးရဲ့ အနာဂတ်က ကျိန်းသေပေါက် အကန့်အသတ်မဲ့လိမ့်မယ်၊ သူရောက်နိုင်တဲ့အဆင့်က ဓားဘုရင် အဆင့်လောက်နဲ့ အကန့်အသတ်မဟုတ်ဘူး၊ ဓားအင်ပါယာ ဒါမှမဟုတ် ဓားသူတော်စင် တစ်ယောက်တောင် ဖြစ်လာနိုင်တယ်”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဒါက အရမ်းအဆင့်မြင့်မားတဲ့ သုံးသပ်ချက်တစ်ခုပဲ”

“ရှောင်ကျီ”

သူသည် ကျောက်ခဲထည့်၍ ပစ်ရသော ကိရိယာစက်ကြီးလေးခုဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။ “ဒါတွေအကုန်လုံးကို ဖျက်ဆီးပစ်လိုက်တော့”

ဘန်း ဘန်း ဘန်း ဘန်း …။

ရှောင်ကျီသည် ကျည်ဆန်လေးချက်တိတိကို ပစ်လွှတ်လိုက်တော့၏။ ဤအချင်းအရာက အလွန်တရာ မြန်ဆန် လွန်းလှသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

ကျည်ဆံလေးခုသည် ကိရိယာကြီး၏ သလင်းအမြူတေ ထားသိုရာတည်နေရာသို့ တိုက်ရိုက်ထိမှန်ပြီး ကြီးမားသည့် ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်စေပြီး အနီးအနားရှိ ရန်သူများ၏ ခန္ဓာကိုယ်သည်လည်း ပေါက်ကွဲသွားတော့၏။

တောက်ယွမ်နှင့် သူ၏ ဒုတပ်မမှူးတို့သည် ဆွံ့အလျက်ရှိနေကြသည်။

ကျွင်းချောင်ရှောင်းသည် ပြန်ထိုင်ကာ ပြောလိုက်၏။ “တပ်မမှူးတောက် စိတ်ကျေနပ်သွားအောင် နှုတ်ဆက်လက်ဆောင် လှမ်းပို့လိုက်တာလေ၊ အဆင်ပြေရဲ့လား”

သူကတော့ အလွန်တရာ အဆင်ပြေလျက် ရှိနေသည်။

တောက်ယွမ်၏ အမူအရာသည် ပိုမို၍ ဆိုးရွားလာ၏။ “ဒါ ဘယ်လိုလက်နက်ပုန်းမျိုးကို အသုံးပြုလိုက်တာလဲ၊ ဒီလောက်အဝေးကြီးမှာရှိနေတဲ့ ငါတို့ရဲ့လက်နက်ကို ဖျက်ဆီးပစ်နိုင်တယ်ဆိုတော့”

ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဘယ်တုန်းကမှ မရှိခဲ့ဘူးသော လက်နက်နှင့် နည်းပညာပင် ဖြစ်တော့သည်။

“တပ်မမှူးတောက်”

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “ဒီကိစ္စနှင့်ပတ်သက်ပြီး ခင်ဗျားကို ကျုပ်ရှင်းအောင် ပြောချင်တယ်၊ ခင်ဗျားအနေနဲ့ ကျုပ်တို့ ချင်းယန်မြို့ကို တိုက်ခိုက်မယ်ဆိုရင် ခင်ဗျားတို့ စစ်သားတွေအားလုံး ဒီနေရာမှာ သေဆုံးသွားလိမ့်မယ်”

“ဟမ့်”

ဒုတပ်မမှူးသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“လေကြီးလေကျယ်နဲ့”

“ခင်ဗျားမယုံဘူးလား”

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်၏။ “ကောင်လေးတို့ ရောက်လာတဲ့ဧည့်သည်တွေကို ထွက်ပြီး ကြိုဆိုလိုက်ပါအုံး”

ကျွီ ….

အောက်ဘက်မှာတော့ မြို့၏ ဂိတ်တံခါးသည် ပွင့်သွားတော့သည်။

“အာ ဝူး ……. အာဝူး”

သံချပ်ကာဝံပုလွေတပ်သားများ အားလုံးသည် အစောကြီးကတည်းက ပြင်ဆင်ပြီးဖြစ်သောကြောင့် ချက်ချင်း သလိုပဲ စီတန်းကာဖြင့် ချင်းယန်မြို့၏ အပြင်ဘက်ဆီသို့ ထွက်လာကြတော့သည်။

ဟူး

ဟာရီကိန်းဝံပုလွေများကို မြင်ရချိန်မှာတော့ စစ်မြင်းနှစ်သောင်းကျော်တို့သည် ကြောက်လန့်တကြားဖြင့် ထ၍ ဟီလိုက်ကြတော့၏။

ဟီ…

သို့ပေမဲ့ သူတို့သည် စစ်သားများ၏ ထိန်းချုပ်မှုအောက်တွင် မြန်မြန်ပဲ ပြန်လည်ကာ တည်ငြိမ်သွားတော့၏။ ဤစစ်မြင်းများသည် မြောင်ဟွေ့၏ စစ်မြင်းများထက် ပိုမို၍ အတွေ့အကြုံ ရင့်ကျက်ကာ အထူးလေ့ကျင့်ခြင်းကို ခံထားရသည့် မြင်းများလည်းဖြစ်ကြ၏။

“တပ်မမှူး”

ဒုတပ်မမှူးက ပြောလိုက်၏။ “ဒါက ဟာရီကိန်းဝံပုလွေတွေပဲ”

တောက်ယွမ်၏ အမူအရာသည် ပျက်ယွင်းသွားတော့၏။ ဟာရီကိန်းဝံပုလွေများသည် အနည်းဆုံး သိုင်းဆရာ အဆင့်လေးမှ အဆင့်ငါးကြား အားကောင်းလှသည်ကို သူသိရှိပြီးဖြစ်သည်။ ထိုသို့သော သတ္တဝါ များကို စီးနင်း၍ တိုက်ပွဲဝင်နိုင်သည်ဆိုခြင်းမှာ သူ၏ စစ်မြင်းများ လိုက်ယှဉ်နိုင်သည့် အရာမျိုး မဟုတ်ပေ။

“တပ်မမှူးတောက်”

ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ကျုပ်တို့ သံချပ်ကာဝံပုလွေတပ်ကို ရင်ဆိုင်ဖို့အတွက်ဆိုရင် ခင်ဗျားရဲ့ သံချပ်ကာမြင်းတပ်သားနှစ်သောင်းက အနိုင်ရနိုင်တဲ့ ယုံကြည်ချက်ရှိရဲ့လား”

တောက်ယွမ်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျား ပါးစပ်ကပဲ အားကောင်းတာ၊ တိုက်ပွဲမှာ ဒီလေနဲ့ လုပ်စားလို့ မရဘူး၊ တကယ်တမ်း တိုက်ခိုက်ကြည့်မှ သိရမှာ”

ဆိုလိုသည် အဓိပ္ပာယ်မှာ သူသည် သံချပ်ကာဝံပုလွေတပ်အား မည်သို့မှ မကြောက်ဟု ဆိုခြင်းပင်။

ကျွင်းချောင်ရှောင်းသည် ရယ်လိုက်၏။

ဝှစ်

မြို့၏ ဂိတ်တံခါးမျှော်စင်တွင်ရှိသော ရွှဲ့ရမ်ကွေ့သည့် လက်ထဲတွင်ရှိသော တိုက်ပွဲအလံကို ဝှေ့ယမ်းကာ ပြောလိုက်၏။ “ကောင်လေးတို့၊ ဒီနေ့မှာ ငါမင်းတို့ကို သင်ပေးထားတဲ့ သင်ခန်းစာတွေကို ထုတ်‌ဖော်၍ သုံးရတော့မယ်၊ တိုက်ပွဲ စစ်မြေပြင်ဆိုတာ ဘာလဲဆိုတာ အတွေ့အကြုံယူကြ”

“သတ် သတ်”

အမိန့်ကို လက်ခံရရှိပြီးသည့်နောက်မှာ ကျုံးရီသည် ကျယ်လောင်စွာဖြင့် အော်လိုက်တော့သည်။

ဆွစ် … ဆွစ်

သံချပ်ကာဝံပုလွေတပ် အဖွဲ့သားများအားလုံးသည် ဟာရီကိန်းဝံပုလွေများကို စီးနင်းရင်း လက်ထဲတွင် လှံကို ကိုင်ဆောင်ကာ ရှေ့သို့ တိုးလာကြတော့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှာထွက်သော ပြင်းထန်လှသည့် အရှိန် အဟုန်များသည် ပတ်ဝန်းကျင်လေထုတစ်ခုလုံးကိုပင် တန့်ခနဲ ဖြစ်သွားစေ၏။

“တိုက်ခိုက်ကြ”

တောက်ယွမ်သည် အမိန့်ပေးလိုက်၏။ သံချပ်ကာမြင်းတပ်သားနှစ်သောင်းကျော်တို့သည် ရှေ့ကို တန်းတက်လာပြီး တိုက်ပွဲဗျူဟာတစ်ခုကို စတင်ခင်းကျင်းတော့သည်။ ကောင်းကင်ပေါ်မှ ကြည့်လိုက်မည်ဆိုလျှင် ဤတိုက်ပွဲ ပုံသဏ္ဍာန်သည် လခြမ်းတစ်ခုကဲ့သို မြင်ရမည်ဖြစ်သည်။

တောက်ယွမ်သည် လူဦးရေ အရေအတွက်များသည်ကို အခွင့်ကောင်းယူ၍ ကြီးမားလှသည့် ပိုက်ကွန်ကြီး တစ်ခုကဲ့သို့ ဗျူဟာခင်းကာ သံချပ်ကာဝံပုလွေတပ်သားများ အားလုံးကို ဝိုင်းပိတ်၍ ချောင်ပိတ်မိအောင် ပြုလုပ်ပြီးမှ သတ်ဖြတ်မည်ကို ရွှဲရမ်ကွေ့ ကောင်းကောင်းသိ၏။

အလွန်ကောင်းလွန်းသော နည်းဗျူဟာပင်ဖြစ်တော့သည်။ ကံဆိုးစွာဖြင့်သူသည် သံမဏိအရိုးဂိုဏ်း သံချပ်ကာဝံပုလွေ တပ်သားတွေကို အထင်သေးခဲ့သည်။

ဆွစ်

ရွှဲ့ရမ်ကွေ့သည် ချက်ချင်းဆိုသလိုပဲ လက်ထဲရှိ အလံအား ဝှေ့ယမ်းလိုက်တော့၏။

ကျုံးရီသည် အော်ဟစ် လိုက်တော့၏။ “ရန်သူတွေကို ချိုးဖြတ်ပစ်ဖို့ နည်းလမ်းက တစ်ခုပဲရှိတယ်၊ သတ်ဖြတ်ခြင်းပဲ”

ဆွစ်… ဆွစ်

သံချပ်ကာဝံပုလွေတပ်မှ အဖွဲ့သားများအားလုံးသည် ကျုံးရီ၏ အနောက်မှ လိုက်ပါလာတော့သည်။ ၎င်းတို့၏ ဗျူဟာသည် လှံတစ်စင်း၏ ပုံပန်းသွင်ပြင်သို့ ပြောင်းလဲဖြစ်တည်သွားတော့သည်။ ပြီးနောက် ပိုက်ကွန်ကဲ့သို့ သူတို့အား ထိန်းချုပ်ရန် ပြင်ဆင်နေသော အဖွဲ့၏ ဗျူဟာအား လှံတစ်စင်းကဲ့သို့ ထိုးခွဲရန် ကြံစည်တော့သည်။

ဝံပုလွေသားရဲများသည် ခင်းကျင်းထားသည့် ဗျူဟာအား မြန်မြန်ဆန်ဆန်ပင် ပြောင်းလဲနိုင်စွမ်းရှိသည်။ ဤအရာသည် တောက်ယွမ်အား အနည်းငယ် အံ့အားသင့်စေ၏။

“သတ်ကြ”

သံချပ်ကာမြင်းတပ်၏ အမိန့်ပေးသူသည် ဓားကိုဆွဲမြှောက်ကာ ရှေ့သို့လှမ်းတတ်လာတော့သည်။

“မြှားတွေပစ်ကြ”

ကျားဆိုးတပ်မှ အမိန့်ပေးသူတစ်ယောက်ကလည်း အော်ဟစ်လိုက်တော့သည်။ ရှေ့သို့ပြေးလွှားလာခဲ့သော သံချပ်ကာမြင်းတပ်မှ သူများအားလုံးတို့သည် လက်ကိုမြှောက်၍ မြားနှင့်လေးကိုယူကာ မြင်း၏ ခန္ဓာကိုယ်ပေါ်မှနေ လှမ်း၍ ပစ်ခတ်ကြတော့သည်။ ထိုသူများအားလုံးသည် သံချပ်ကာမြင်းတပ်မှ လူများဖြစ်ရုံတင်မကဘဲ မြားသမားများလည်း ဖြစ်လို့နေ၏။

ဆွစ် … ဆွစ်

သံချပ်ကာမြင်းတပ်သားနှစ်သောင်းကျော်တို့သည် တစ်ချိန်တည်းမှာပင် မြားကို ပစ်ခတ်လိုက်ကြ၏။ မြှားများသည် အလုံးအရင်းနှင့်ရောက်ရှိလာတော့သည်။

“ခုခံကြ”

ကျုံးရီအော်လိုက်တော့သည်။

ဆွစ် ဆွစ်

သံချပ်ကာမြင်းတပ်သည် အရှေ့သို့တိုးလာချိန်မှာတော့ သူတို့သည် သိုလှောင်လက်စွပ်ထဲတွင်ရှိသော သံမဏိ ဒိုင်းကာများကို မြှောက်ကိုင်လိုက်ကြတော့သည်။ ရှေ့တွင်ရှိသော တပည့်များအားလုံးသည် ၎င်းတို့၏ အကာအကွယ် အတားအစီး အစီအရင်များအား အသက်သွင်းလိုက်ပြီး ဟာကွက်တစ်ခုမှ မရှိအောင် ပိတ်ဆို့ပြီး ကာကွယ်လိုက်တော့သည်။

ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်

မြှားဦးများ ကျဆင်းလာပြီးသည့်နောက်မှာတော့ သံမဏိဒိုင်းကာသည် အရာအားလုံး၏ တိုက်ခိုက်ချက်များအား ကာကွယ်ထားနိုင်၏။

“တိုက်ခိုက်ကြ”

ဆွစ် …။

ဘန်း

ဒုတိယတပ်မမှူးသည် သံချပ်ကာမြင်းတပ်အား ရှေ့သို့ ထပ်မံတိုး၍ တိုက်ခိုက်ရန် အမိန့်ပေးလိုက်စဉ်မှာပဲ အလင်းတန်းတစ်ခုသည် သူ့ဆီသို့ရောက်ရှိလာပြီး သူ၏ ကုပ်ပိုး အား ဖောက်ထွင်းသွားတော့သည်။

ဘုတ် ….။

ထိုသူသည်မြေပေါ်သို့ ပြုတ်ကျသွားပြီးသည့်နောက်မှာတော့ အသက်ဟူ၍ မရှိတော့ချေ။

ရှောင်ကျီသည် သူ၏ AWM စနိုက်ပါအား ဘေးတစ်ဖက်သို့ ချထား၍ စနိုက်ပါ 88 လက်နက်အား ပြန်ကိုင်လိုက်တော့၏။ သူသည် ဖြစ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းဖြင့် တစ်ဖက်ရန်သူ နှစ်ဆယ်ကျော်တို့ကို ပစ်ခတ်ခဲ့၏။

ဘုတ် ဘုတ် ဘုတ်

စစ်သားနှစ်ဆယ်လုံးသည် ၎င်းတို့၏ မြင်းပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာတော့သည်။ ၎င်းတို့၏ မျက်ခုံးနှစ်ခုကြား တည်နေရာမှာတော့ အပေါက်ငယ်လေးတစ်ခု တည်ရှိနေတော့သည်။ အရှေ့သို့တိုးကာ ချီတက် လာကြသော သံချပ်ကာမြင်းတပ်မှ တပ်သားတို့သည် ၎င်းတို့၏ ဦးဆောင်သူ ဒုတပ်မမှူး မရှိတော့သောကြောင့် ဘာလုပ်ရမှန်း မသိတော့ချေ။

သို့ပေမဲ့ သူတို့အနေနှင့် ဤမျှလောက်စဉ်းစားရန် အချိန်မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်း တပည့်အားလုံးတို့သည် ဟာရီကိန်းဝံပုလွေများနှင့် အကူအညီဖြင့် သူတို့ဆီသို့ ပြေးဝင်လာလျက်ရှိနေတော့သည်။

ရွှီး ရွှီး

အလွန်တရာတောက်ပလှသော လှံဦးထိပ်မှသည် သွေးများ တစ်စက်စက် ကျလျက်ရှိတော့သည်။ ထိုလှံသည် ရန်သူ စစ်သားများ၏ ရင်ဘတ်များအား ထိုးဖောက်ခဲ့ပြီးဖြစ်သည်။

သတ် … သတ်

နောက်မှလိုက်ပါလာသော တပည့်များအားလုံးသည်လည်း လက်ထဲတွင် လှံကိုကိုင်၍ ရှေ့သို့ ပြေးလွှားလာကြ တော့သည်။ သူတို့သည် တစ်ဖက်မှ ဖန်တီးထားသော ပိုက်ကွန်ဗျူဟာအား အပေါက်ကြီးတစ်ပေါက်ဖြစ်အောင် ဖျက်ဆီး လိုက်တော့သည်။

ဤမျှရဲရင့်ပြီး အားကောင်းလှသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်သောသူများနှင့်တွေ့ကြုံရ သည့်အတွက် တောက်ယွမ်မှာ အလွန်တရာ အံ့အားသင့်မိနေတော့၏။

All Chapters