အခန်း (၄၄၈)
Vol. 31 Ch. 448
ကျားဆိုးတပ်သည် တောက်ယွမ်၏ လေ့ကျင့်ပေးမှုအောက်တွင် တိုက်ပွဲပေါင်းရာချီကို ကျော်ဖြတ်တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ ၎င်းတို့သည် အရှေ့တောင်ရန်ကျူး၏ ထိပ်တန်းတပ်တော်များထဲမှ တစ်ခုလည်းဖြစ်သည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်း၏ သံချပ်ကာဝံပုလွေတပ်သားများ၏ အရှေ့မှာတော့ သုံးစားမရသည့်လူများအဖြစ်သို့ ပြောင်းလဲ သွားခဲ့ကြသည်။ ဤအရာမှာ သာမန်ပင်ဖြစ်သည်။
ကျားဆိုးတပ်သည် လက်နက်များကို ကောင်းကောင်းမွန်မွန် တပ်ဆင်ထားကြသည် ဆိုသော်လည်း အများဆုံး အဆင့်ခြောက်၊ အဆင့်ခုနှစ် သိုင်းတပည့်အဆင့်များသည်ဖြစ်ကြသည်။ သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတပည့်များ မှာတော့ အားလုံး သိုင်းဆရာများဖြစ်၏။ ထို့အပြင် ၎င်းတို့၏ အားအင်စမ်းသပ်ချက်များအရ မည်သည့် သိုင်းနည်းစနစ်ကိုမှ ထုတ်ဖော်အသုံးမပြုဖြစ်ခဲ့လျှင် အားအင်အဆင့်သည် ဂျင်လေးသောင်းခွဲနီးပါးခန့် ရှိနေကြသူ များဖြစ်သည်။
ဟာရီကိန်းဝံပုလွေများနှင့် အလွန်တရာထက်ရှလှသော လှံများ၏အကူအညီဖြင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် သံချပ်ကာဝံပုလွေ တပ်သားများအနေဖြင့် ကျားဆိုးတပ်မှ စစ်သည်သောင်းကျော်အား ရင်ဆိုင်နိုင်မည်ဆိုသည်မှာ ပြောနေစရာပင် မလိုအပ်တော့ချေ။
ကျွင်းချောင်ရှောင်းသည် လူသောင်းကျော်ရှိသော ရန်သူစစ်သားများထဲသို့ သူ့ဂိုဏ်းသားတစ်ထောင်ကျော်အား ပို့လွှတ်လိုက်ရခြင်းဆိုသည်မှာ သူ့လူများ၏ အားအင်အဆင့်နှင့် ကိုင်စွဲထားသော လက်နက်များ၏ အရည်အသွေး ကို ယုံကြည်၍သာဖြစ်သည်။
ဘုတ် ဘုတ် ဘုတ်
ဘုတ် ဘုတ် ဘုတ်
ကျားဆိုးတပ်သည် သူတို့၏ ခုခံမှု ပျက်စီးသွားသည်ဆိုသော်လည်း တစ်ချက်ကလေးမျှ မကြောက်ရွံ့သွားကြချေ။ များပြားလှသော စစ်သည်များသည် အနီးကပ်တိုက်ခိုက်မှုကို ထပ်မံထုတ်ဖော်လျက်ရှိနေကြသည်။ ထိုအရာကို မြင်တော့ တောက်ယွမ်သည် စိတ်သက်သာရာ ရမိသွား၏။
“လူတစ်ထောင်လောက်က ဘယ်လိုလုပ်ပြီးတော့ ကျုပ်ဖန်တီးထားတဲ့ ဗျူဟာထဲကနေ လွတ်မြောက်နိုင်မှာလဲ”
သံချပ်ကာဝံပုလွေတပ်သားများ၏ စွမ်းအင်အဆင့်သည် သူ့အား အလွန်တရာ အံ့အားသင့်မိစေ၏။ သို့ပေမဲ့ တပ်သားများမှာ အလွန်တရာ လူဦးရေ နည်းပါးလှ၏။ ထို့ကြောင့် သူတို့အနေနှင့် ဝိုင်းပတ်မိသွားပြီဆိုလျှင် ကိုယ့်ခြံထဲမှာ ရှိသောကြက်ကဲ့သို့ပင် အချိန်မရွေး ရိုက်သတ် စားနိုင်စွမ်းရှိနေပြီဖြစ်တော့သည်။
“သတ်၊ သတ်ကြ”
ကျုံးရီသည် ရှေ့မှဦးဆောင်ပြီး သံချပ်ကာမြင်းတပ်သားများ စုဝေးနေသည့် တည်နေရာသို့ ထပ်မံတိုးဝင်သွား တော့သည်။ သူတို့သည် အလွန်တရာအားကောင်းလှသည်သာမက ထိပ်တန်းအဆင့် လက်နက်များကိုလည်း တပ်ဆင်ပေးခံထားရ၏။ ထို့ကြောင့် ရိုက်သတ်၍ မရနိုင်ပေ။
ရွှီး …. ရွှီး
ကျားဆိုးတပ်သား တော်တော်များများတို့သည် ၎င်းတို့၏ မြင်းပေါ်မှ ပြုတ်ကျသွားတော့သည်။ မကြာခင်မှာပဲ သံချပ်ကာဝံပုလွေတပ်မှ အဖွဲ့ဝင်များအားလုံးသည် စက်ဝိုင်းပုံသဏ္ဍာန်ဝိုင်းပတ်ခံထားရသည်မှ ဖောက်ထွက် နိုင်ဖို့ အတင်းကာရော တိုက်ခိုက်ကြတော့သည်။
ဤအတောအတွင်း ရန်သူများသည် တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်လာကြ၏။ သို့ပေမဲ့ တစ်ဖက်သူများ၏ လှံများသည် သံမဏိဒိုင်းကာများ၏ တားဆီးခြင်းကို ခံနေရ၏။
ဆွစ် … ဆွစ်
ကျားဆိုးတပ်မှ စစ်သားဆယ်ယောက်ကျော်တို့သည် သူတို့၏ ဓားမော့ဆီသို့ စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းပြီး ခုတ်ပိုင်းလိုက်ကြ၏။
ဒင် … ဒင်
ရုတ်တရက် ဝိုင်းပတ်ခံထားရသော သံမဏိအရိုးဂိုဏ်းတပည့်သည် သူ၏ လက်ထဲရှိလှံနှင့် ရှေ့မှ တိုက်ခိုက် လာသော ဓားမော့များအား တားဆီးလိုက်၏။ သို့ပေမဲ့ သူသည် နောက်ကျောဘက်ကိုတော့ မကာကွယ်နိုင်ခဲ့ချေ။
တောက်ယွမ်သည် နှာခေါင်းရှုံလိုက်၏။
“ဒီလောက်စွမ်းအင်နဲ့များ အထဲကို ဝင်လာရတယ်လို့”
ဒင် .. ဒင် …. ဒင်
ဓားမော့ ခြောက်ခု၊ ခုနှစ်ခုတို့သည် သံမဏိအရိုးဂိုဏ်းတပည့်၏ နောက်ကျောကို ထိမှန်သွားတော့သည်။ သို့ပေမဲ့ ကျယ်လောင်သော အသံများသာ ထွက်ပေါ်လာခဲ့သည်။ ဘာမှ ဖြစ်မလာခဲ့ချေ။
တောက်ယွမ်၏ အပြုံးသည် အေးခဲသွား၏။
ကျားဆိုးတပ်မှ တပ်သားများသည်လည်း အံ့အားသင့်မိသွားသည်။
“သေစမ်း”
ဝှစ်
သံမဏိအရိုးဂိုဏ်းတပည့်သည် တိုက်ခိုက်ချက်များကို တားဆီးသွားပြီးသည့်နောက်မှာတော့ အသာလှည့်၍ တွေဝေ နေသော စစ်သားများအား အနောက်သို့ လွှင့်စင်သွားအောင် ကန်ထုတ်လိုက်တော့၏။ ဘေးတစ်ဖက်တွင်ရှိသော သူ၏ ဂိုဏ်းသူ၊ ဂိုဏ်းသားများ အားလုံးသည်လည်း ရန်သူများကို ပြင်းပြင်းထန်ထန်နှင့် တိုက်ခိုက်လျက် ရှိနေကြသည်။
သို့ပေမဲ့ သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် ဓား၊ ဓားမော့၊ ပုဆိန်၊ ရဲဒင်း၊ ချိတ်၊ တူရွင်း၊ ခက်ရင်း မည်သည့် လက်နက်ဖြစ်စေ သူတို့၏ ခန္ဓာကိုယ်ကို ထိမှန်ချိန်မှာတော့ မည်သို့မျှ ဒဏ်ရာ ရရှိခြင်း မရှိကြချေ။
အဘယ် ကြောင့်နည်း။
အဘယ်ကြောင့်ဆိုသော် သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် ပိုးချည်ချပ်ဝတ်ကို ဝတ်ဆင် ထားခဲ့ကြ၍ ဖြစ်သည်။ ထို့ကြောင့် ဓား၊ လှံများသည် ထိုးဖောက်၍ မရနိုင်ချေ။
သံချပ်ကာဝံပုလွေတပ် အဖွဲ့ဝင်များအားလုံးတို့သည် ကျားဆိုးတပ်နှင့် ရင်ဆိုင်ရချိန်မှာတော့ သူတို့၏ စည်းအစီ အရင်ကို အသက်မသွင်းခဲ့ချေ။ မဟုတ်ပါက ၎င်းတို့အနေနှင့် အနီးသို့ပင်ကပ်ခွင့်ရလိမ့်မည် မဟုတ်ချေ။
“သတ်ကြ”
ကျုံးရီသည် ဒေါသတကြီးအော်ဟစ်ပြီး ဟာရီကိန်းဝံပုလွေ၏ အရှိန်ကို မြှင့်တင်လိုက်တော့သည်။ သူ၏ လက်ထဲတွင် ရှိသောလှံသည် လေဟာနယ်ထဲတွင် ယိမ်းနွဲ့ကာ ကခုန်လျက်ရှိပြီး သူဖြတ်သွားရာ တည်နေရာတိုင်းရှိ ရန်သူစစ်သားများသည် မြေအောက်သို့ လွှင့်စင်၍ သေဆုံးသွားကြတော့သည်။
ဘုန်း … ဘုန်း
သံချပ်ကာဝံပုလွေတပ်မှ အဖွဲ့သားအားလုံးတို့သည် သူတို့၏ အမိန့်ပေးသူနောက်မှ နီးနီးကပ်ကပ် လိုက်ပါ လာကြ၏။ သူတို့သည် လှံပုံစံ ဗျူဟာအတိုင်း ထိန်းသိမ်းထားသည်ဖြစ်သောကြောင့် ဝိုင်းပတ်ခံထားရသည် ဆိုလျှင်တောင် သတ်ဖြတ်ခြင်း မခံရချေ။
တောက်ယွမ်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် အေးခဲလျက်ရှိနေသည်။ သူတို့သည် သံမဏိအရိုးဂိုဏ်းတပည့် များအား ဝိုင်းပတ်ပိတ်မိသည်ဆိုသော်လည်း တစ်ယောက်တစ်လေကိုမှ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်သေးချေ။
သို့ပေမဲ့ ဤအရာသည် အစသာရှိသေး၏။ ရွှဲရမ်ကွေ့၏ တိုက်ပွဲအလံ ဝှေ့ယမ်းမှုအောက်မှာတော့ ကျုံးရီသည် လှံဗျူဟာဆီမှ ချက်ချင်း ပြောင်းလဲလိုက်သည်။
အာ …. ဝူး…..။
ဘုန်း ဘုန်း ဘုန်း
ဟာရီကိန်းဝံပုလွေများသည် အားရပါးရ ပြေးလွှားလာကြပြီး ၎င်းတို့၏ အားကောင်းလွန်းသော ခန္ဓာကိုယ်ကို အသုံးပြု၍ စစ်မြင်းများအား ဝင်တိုက်ကြတော့သည်။ သံချပ်ကာဝံပုလွေတပ်မှာ အဖွဲ့သားများ အားလုံးမှာတော့ ၎င်းတို့၏ လက်ထဲရှိ လှံများကို အသုံးပြု၍ ရန်သူများအား လိုက်လံထိုးနှက်လျက် ရှိနေတော့၏။
လက်နက်များ၏ အလင်းတန်းများသည် လေထဲတွင် တဖျပ်ဖျပ်နှင့် လင်းထိန်လျက်ရှိသည်။ သူတို့အား ဝိုင်းပတ်ထားသော ရန်သူစစ်သားများအားလုံးတို့သည် တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ရောက်ရှိနေ တော့သည်။
ကျုံးရီသည် အလွန်တရာ ရှုပ်ထွေးလှသော တိုက်ပွဲအခြေအနေမှ သူ၏ လူများကို ခေါ်ထုတ်လာချိန်မှာတော့ သံမဏိအရိုးဂိုဏ်းသည် တစ်ဖက် သံချပ်ကာမြင်းတပ်မှ လူ လေးထောင်မှ ငါးထောင်အကြား သတ်ဖြတ်ခဲ့ပြီး ဖြစ်နေတော့သည်။
တောက်ယွမ်သည် အလုံးစုံဆွံ့အလျက် ရှိနေသည်။ သူသည် ဤတပ်တော်အား သေချာဂရုတစိုက်ဖြင့် လေ့ကျင့် ပေးခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲမှာ တတိယနေရာပင် ရရှိခဲ့၏။ ချင်းယန်နိုင်ငံရှိ တခြားမြို့များသို့ သူတို့သွားရောက် တိုက်ခိုက်မည်ဆိုပါက ကျားဆိုးတပ်သည် တစ်ဖက်လူများအား ကျိန်းသေပေါက် ဖိနှိပ်သတ်ဖြတ်နိုင်မှာ သေချာ၏။
သို့ပေမဲ့ သံချပ်ကာဝံပုလွေတပ်သားများ၏ ရှေ့မှာတော့ ၎င်းတို့အားလုံးသည် မွေးကာစကလေးများကဲ့သို့ပင် ဘာတစ်ခုမှ ပြုလုပ်နိုင်စွမ်း မရှိကြချေ။ ဤအရာသည် ကောင်းမွန်လှသည့် လက်နက်များကို တပ်ဆင်ထားပြီး ကျင့်ကြံခြင်းအဆင့်လည်း ကောင်းမွန်လှသော သိုင်းဆရာများအား သိုင်းတပည့်တစ်ယောက်အနေဖြင့် လက်ဗလာ တိုက်ခိုက်နေခြင်းနှင့်ပင် ဆင်တူ၏။
သိုင်းဆရာအား ဒဏ်ရာရရှိအောင် ပြုလုပ်နိုင်ဖို့မဆိုနှင့် သိုင်းဆရာ၏ အဝတ်စကိုပင် ထိအောင်ပြုလုပ်နိုင်လျှင်ပင် အလွန်တရာတော်သောသူဟု ဆုတံဆိပ်များ ချီးမြှင့်ရမည်မှာသေချာ၏။
စာဖတ်သူများအနေဖြင့် အလွန်တရာ များပြားလှသော လူဦးရေ၏ စစ်တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရသူ တစ်ဦးတစ်လေမှ မရှိဟု တွေးတောနေတာ ဖြစ်နိုင်သည်။
သို့ပေမဲ့ ဤအရာနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် အမှန်တကယ်လည်း ဒဏ်ရာ ရရှိသူ မရှိချေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကျွင်းသည် ဤအတောအတွင်း သူ၏ဂိုဏ်းသားများအားလုံးအား အလွန်တရာပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် ကျွင်းချောင်ရှောင်း၏ အမူအကျင့်အရ သူသည် ယုံကြည်ချက် မရှိသော ပွဲတစ်ခုကို မည်သို့သောအခါမှ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။
သူသည် လူသုံးသောင်းလောက်ရှိသော စစ်တပ်ကြီးအား လူတစ်ထောင်လောက်နှင့်တိုက်ခိုက်စေခြင်းဆိုသည်မှာ အလွန်တရာ ယုံကြည်မှုရှိခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
“သတ်၊ သတ်ကြ”
ကျုံးရီသည် သူ၏ လူများကို ဦးဆောင်၍ ရှေ့သို့လှမ်းတက်လာတော့သည်။ ထိုအချိန်မှာတော့ သူသည် တြိဂံပုံစံ ဗျူဟာအစီအရင်တစ်ခု ဖန်တီးလိုက်တော့၏။ ၎င်း၏အဖွဲ့သားများ အားလုံးသည်လည်း လှံများကို ကိုင်ဆောင် ထားသည့်အပြင် တခြားသောလက်တစ်ဖက်စီမှ အအေးဓားများကို ထုတ်ယူလိုက်ပြန်တော့သည်။
ဝှစ် ဝှစ်
ဟာရီကိန်းဝံပုလွေများသည် လေကဲ့သို့မြန်ဆန်သည့်နှုန်းထားဖြင့် ပြေးလွှားလျက်ရှိနေသည်။ စိတ်ဝိညာဉ်စွမ်းအင် များ၏ တိုးတက်မှုကို ခံစားပြီးသည့်နောက်မှာတော့ သံမဏိအရိုးဂိုဏ်းတပည့်များ၏ အားအင်အဆင့်သည် ပိုမို တိုးတက်လာခဲ့သည့်အပြင် တိုက်ခိုက်ရေးစွမ်းအားမှာလည်း နှစ်ဆပို၍ တိုးတက်လာသည်ဟုပင် ဆိုရပေမည်။
ဤတိုက်ပွဲသာ ပြီးဆုံးပြီးသွားလျှင် တစ်ဖက်ရန်သူများအနေနှင့် လူနှစ်သောင်းလောက် ဆုံးရှုံးရတော့မှာဖြစ်သည်။ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နှင့် အကြိမ်အနည်းငယ်လောက် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ကျားဆိုးတပ် ရင်ဆိုင်နေရသော ဘေးအန္တရာယ်သည် ပိုမို၍ ကြီးထွားလာတော့သည်။
ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းကာ အသာထိုင်လိုက်၏။
တစ်ဖက် သံချပ်ကာမြင်းတပ်မှ တပ်သားများမှာတော့ အလွန်တရာထူးဆန်းလှသော ရှည်မျောမျောလက်နက်တစ်ခုကို ထုတ်ကိုင်လာခဲ့ကြသည်။ ထိုရှည်မျောမျောအရာတွင် ချိတ်များလည်း ပါဝင်နေ၏။ ခြေလျင်တပ်သား တစ်သောင်းကျော်တို့သည် သူတို့၏ ဦးခေါင်းများကိုမော့၍ လှံထိပ်အား သေချာစူးစိုက်ကြည့် လိုက်ကြ၏။
“အရူးတွေ”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။
အာ ဝူး … အာဝူး
တပည့်များကို ဦးဆောင်၍ ရှေ့မှထွက်ခွာ တိုက်ခိုက်လျက်ရှိသော ကျုံးရီသည် အလွန်တရာ ထူးဆန်းလှသော လက်နက်များကို မြင်ချိန်မှာတော့ ဝံပုလွေများ၏ ခြေထောက်ကို ချုပ်နှောင်ထားရန် တစ်ဖက်မှ ပြင်ဆင်နေပြီ ဖြစ်ကြောင်းကို သူ နားလည်လိုက်မိ၏။ သို့ပေမဲ့ သူသည် နှာခေါင်းရှုံ့ကာ အော်လိုက်၏။ “သွား”
ဝှစ် ဝှစ် ဝှစ်
ဟာရီကိန်းဝံပုလွေများသည် အရှိန်ကို မြှင့်တင်လိုက်တော့၏။ ထိုအချင်းအရာကိုမြင်တော့ ခြေလျင်တပ်သားများ သည် ရုတ်တရက် နားလည်သွားကြသည်။ အလွန်တရာ ကြမ်းတမ်းလှသော ဝံပုလွေများအား ထိန်းချုပ်နိုင်ဖို့ ဆိုသည်မှာ ခက်ခဲလှသလို အကျိုးသက်ရောက်မှုကလည်း အလွန်တရာ ကြီးမားလွန်းလှ၏။
ထိုအရာကို ကောင်းကောင်းနားလည်သော တောက်ယွမ်သည် မြန်မြန်ပဲ လှမ်းအော်လိုက်တော့သည်။ “မင်းတို့လက်နက်တွေကို သိမ်းလိုက်ကြ”
ဒါပေမဲ့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ အလွန်တရာမြန်ဆန်လွန်းလှသော ဟာရီကိန်းဝံပုလွေများ အုပ်လိုက်ကြီး သည် မျက်စိတမှိတ်အတွင်း သူ၏ရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ ရှေ့ဆုံးမှရှိနေသောလူများအားလုံးသည် ဝံပုလွေများ၏ အလွန်တရာချွန်ထက်လှသော လက်သည်းများနှင့် ထိုးခွဲခြင်းကို ခံလိုက်ကြရပြီး တည်နေရာ တစ်ခုလုံးသည် ရှုပ်ရှက်ခတ်ကုန်တော့သည်။
တချို့သော အတွေ့အကြုံရှိပြီးသား ကျားဆိုးစစ်သားများ အားလုံးသည်လည်း ဟာရီကိန်းဝံပုလွေများ၏ နင်းချေ သတ်ဖြတ်ခြင်းကို ခံနေရတော့၏။ တူညီသည့်အဆင့်နှင့် သိုင်းဆရာတစ်ယောက်ဆိုလျှင် ဤကဲ့သို့သော လုပ်ရပ် မျိုးကို လုပ်ကိုင်နိုင်လိမ့်မည် မဟုတ်ချေ။
“သတ်၊ သတ်၊ သတ်ကြ”
သတ်ဆိုသော အသံကြီးသည် ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေ၏။ တိုက်ပွဲတည်နေရာထဲမှာတော့ သံချပ်ကာဝံပုလွေ တပ်သားများ အားလုံးသည် ကောင်းမွန်သော စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသလိုက်သည် သာမဟုတ်ဘဲ မြို့၏ မျှော်စင်ထိပ်ထဲတွင် ရှိသော ရှောင်ကျီသည်လည်း မရပ်မနား ပစ်ခတ်လျက်ရှိနေသည်။ သူသည် တစ်ချက်ပစ်လိုက်တိုင်း ရန်သူ တစ်ယောက်ကျဆုံးသွားခဲ့ကြ၏။
ဝှစ်
ကျည်ဆန်ထွက်ခွာသွားပြီးသည့်နောက်မှာတော့ တပ်သားတစ်ဦး၏ ရင်ဘတ်မှ ထွင်းဖောက်သွားတော့သည်။
ဟား ဟား ဟား ဟား
လီထျန်းထျန်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “အစ်ကိုမြွေ... ကျုပ်ထိအောင်ပစ်နိုင်ပြီ၊ ကျုပ်ထိအောင်ပစ်နိုင်ပြီ”
မြွေဟောက်၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
“မင်းမှ ပစ်မှတ်ကို မထိရင်လည်း ထူးဆန်းနေတော့မယ်၊ လူတစ်ယောက်ကို ထိဖို့အတွက် ဘယ်လောက်များတဲ့ ကျည်ဆံတွေ သုံးပြီးပြီလဲဆိုတာရော မင်း မှတ်မိရဲ့လား”
“ထပ်စမ်းကြည့်ရအောင်”
လီချန်းထျန်သည် သူ၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ လက်ထဲရှိ စနိုက်ပါ 88 ကို အသာမြှောက်ကိုင်ပြီး ခြေလျင် တပ်သားတစ်ယောက်ဆီသို့ ချိန်တွယ်လိုက်တော့သည်။ သေချာစစ်ဆေးပြီးသည့်နောက်မှာတော့ သူသည် သေနတ် မောင်းခလုတ်အား ဆွဲချလိုက်တော့သည်။
ဝှစ်
အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် ဖြစ်တည်လာတော့သည်။ သို့ပေမဲ့ သူချိန်တွယ် ထားသော မူရင်းပစ်မှတ်ကို မထိမှန်ခဲ့ချေ။ အဲအစား တည်နေရာထဲတွင် တိုက်ခိုက်လျက်ရှိနေသော ကျုံးရီ၏ နောက်ကျောဘက်ဆီသို့ ထိမှန်သွားတော့သည်။
လီထျန်းထျန် “...”
မြွေဟောက် “...”
တပ်သားတစ်ယောက်ကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ ကျုံးရီသည် အသာလှည့်ကြည်ပြီး အံကြိတ်ကာ အော်လိုက်၏။ “ကိုယ်လူ့ကိုယ် မပစ်နဲ့လေ”
ဝှစ်
ထိုအခိုက်မှာတော့ နောက်ထပ်အလင်းတန်းတစ်ခုသည် သူ၏မျက်နှာနားမှ ဖြတ်သန်းသွားပြီး သူ့အား နောက်ဘက် ဆီမှ တိုက်ခိုက်ရန်ပြင်နေသော တစ်ဖက်ရန်သူ၏ ဦးခေါင်းအား ထွင်းဖောက်သွားတော့၏။