← Chapters

အခန်း (၄၄၉)

Vol. 31 Ch. 449

အခန်း (၄၄၉)

Vol. 31 Ch. 449

သံချပ်ကာဝံပုလွေတပ်သား တစ်ထောင်ကျော်တို့သည် ပြိုင်ဘက်ကင်းလှသော ဓားသွားတစ်ခုလိုပင် အားလုံးသည် သံချပ်ကာမြင်းတပ် နှစ်သောင်းကျော်တို့အား ဖွပ်ဖွပ်ညက်ညက်ကျေအောင် သတ်ဖြတ် ကြတော့သည်။

ခြေလျင်တပ်သား တစ်သောင်းကျော်တို့သည်လည်း မည်သို့မျှမခုခံ။ တန်ပြန်တိုက်ခိုက်မှုကိုပင် မည်သို့မျှ မပြုလုပ်နိုင်ချေ။ အမှန်အကန်ပင် သတ်ဖြတ်ခံရခြင်းဖြစ်တော့သည်။

မြို့၏ ဂိတ်တံခါးထိပ်တွင် ထိုင်နေသော ကျင်းချောင်ရှောင်းသည် သူ၏ မျက်နှာကိုအသာအုပ်ကိုင်ကာ သီချင်းဆိုလျက်ရှိ၏။ “ပြိုင်ဘက်ကင်းရတာ ဘယ်လောက်အထီးကျန်လဲ၊ ပြိုင်ဘက်ကင်းရတာ ဘယ်လောက် ပျင်းရိဖို့ ကောင်းလိုက်လဲ။”

မြို့တော်ဝန်ရှဲ့၏ နှုတ်ခမ်းများသည် တုန်ရင်နေ၏။

မြို့၏အပြင်ဘက်တွင်တော့ သတ်ဖြတ်ခြင်းအသံများသည် အလွန်ကျယ်လောင်စွာနှင့် ထွက်ပေါ်လျက်ရှိ၏။ အလောင်းများမှာလည်းနေရာအနှံပင်ဖြစ်လို့နေ၏။ ဂိုဏ်းချုပ်ကျွင်းမှာတော့ ပျော်ပျော်ရွှင်ရွှင်နှင့် သီချင်းပင် ဆိုဖို့ စိတ်ရှိနေသေးသည်။

သို့ပေမဲ့ မြို့တော်ဝန်ရှဲ့သည် အလွန်အံ့အားသင့်မိသည်ဆိုသည်ကိုတော့ ဝန်ခံရမည်။ ဤသံမဏိရိုးဂိုဏ်းတပည့်များသည် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးအားအင်တွေကို ထုတ်ဖော်လျက် ရှိသည်။ တောက်ယွမ်၏ ကျားဆိုးတပ်ဖွဲ့ဝင်မဆိုနှင့် လက်ရွေးစင်တပ်သားများနှင့် ရင်ဆိုင်ရသည်ဆိုလျှင်ပင် ပြိုင်ဘက်ကင်းပေလိမ့်မည်။

အထူးသဖြင့် စစ်ဗျူဟာများကိုမည်သို့အသုံးပြုရမည်ကို ကောင်းကောင်း သိလို့နေ၏။ ပူးပေါင်းဆောင်ရွက်မှုနှင့် နည်းဗျူဟာအပေါ် နားလည်မှုမှာလည်း တစ်ညအတွင်း ဖြစ်တည်လာပုံမပေါ်ပေ။

ဤအရာကို တွေးကြည့်ပြီးသည့်နောက် မြို့တော်ဝန်ရှဲ့သည် ရွှဲရမ်ကွေ့အား လှမ်းကြည့်လိုက်မိ၏။

၎င်းသည် တိုက်ပွဲအလံကို ကိုင်ဆောင်ထားရင်း အောက်ရှိ သံချပ်ကာဝံပုလွေတပ်သားများကို ဦးဆောင်ကာ ဗျူဟာချမှတ်လျက်ရှိနေတော့သည်။ ဤလူသည် ကျိန်းသေပေါက် ပါရမီရှင်ဘဲ ဖြစ်ပေလိမ့်မည်။

“သတ် သတ်”

သံချပ်ကာဝံပုလွေတပ်သားများသည် လက်ထဲတွင် အအေးဓားကို ကိုင်ဆောင်ပြီး သတ်ဖြတ်ခြင်း နတ်ဘုရား များကဲ့သို့ အညှာအတာမဲ့စွာဖြင့် လှံများနှင့် တစ်ဖက်တပ်သားများကို ချိန်ရွယ်လျက်ရှိနေ၏။

မြို့တော်ဝန်ရှဲ့၏ ပူပန်နေသောစိတ်များသည် သက်သာသွားလေ၏။ အဘယ်ကြောင့်ဆိုသော် လက်ရှိ အခြေအနေတွင် ချင်းယန်မြို့သည် ခဏတာ လုံခြုံသည်ဖြစ်၏။

“တပ်မှူး”

ဒုခေါင်းဆောင်က မျက်နှာပျက်ယွင်းစွာနှင့် ပြောလိုက်၏။

“နောက်ဆုတ်”

ကျားဆိုးတပ်ဖွဲ့၏ တပ်သားသုံးသောင်းကျော်တွင် တစ်ဝက်တို့သည် သေဆုံးသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ၎င်းတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာသည် ဆိုးဆိုးရွားရွား ထိခိုက်နေသည်။ ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် တစ်နာရီမပြည့်ခင်မှာပင် အကုန်လုံးသေဆုံးကုန်မှာ သေချာ၏။

“တော်စမ်း”

တောက်ယွမ်သည် ဒေါသတကြီးဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူသေချာ ပျိုးထောင်လေ့ကျင့်ပေးခဲ့သော စစ်တပ်သည် လူတစ်ထောင်လောက်ကို ရှုံးနိမ့်ခဲ့၏။ ဤအရာသည် သူ့အား လက်သင့်မခံနိုင်သေးချေ။ သို့ပေမဲ့ လက်သင့်မခံချင်လည်း လက်ခံ ရပေလိမ့်မည်။ စစ်သားများထပ်မံ၍ မသေစေဖို့ သူအနေနှင့် အမုန်းတရားအပြည့်နှင့် စကားတစ်လုံးသာ ပြောဆိုနိုင်၏။

“နောက်ဆုတ်မယ်”

ဤအရာသည် စစ်တပ်ကို ဝင်ရောက်ပြီးကတည်းက ပထမဦးဆုံးအကြိမ် တိုက်ပွဲ ရှုံးနိမ့်ခြင်းဖြစ်သည်။ ထို့အပြင် လူအင်အားကလည်း အဆမတန်သာလွန်နေရဲ့သားနှင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

ဝှစ်

ဒုခေါင်းဆောင်သည် တိုက်ပွဲအလံကို ဝှေ့ယမ်း၍ နောက်ပြန်ဆုတ်ရန် အမိန့်ပေးလိုက်တော့သည်။ ကြောက်လန့်နေကြပြီဖြစ်သော ကျားဆိုးတပ်မှ စစ်သားများအားလုံးသည် ချက်ချင်းဆိုသလိုဘဲ နောက်သို့ ဆုတ်ခွာလိုက်ကြ၏။ ဤကဲ့သို့ ပြိုင်ဘက်ကင်းလှသော ရန်သူမျိုးနှင့် ရင်ဆိုင်တွေ့ချိန်မှာတော့ သူတို့၏ ကျောရိုးမကြီး တစ်ခုလုံးသည် ချမ်းစိမ့်ပြီး ဒူးများပင်ပျော့ခွေလုမတတ်ဖြစ်နေကြသည်။ သူတို့သည် ထွက်ပြေးရာတွင် နောက်ထပ်ခြေအပိုများတောင် ထပ်မံ၍ လိုချင်စိတ်ဖြစ်မိနေကြ၏။

“ဂိုဏ်းချုပ်”

ရွှဲရမ်ကွေ့ ပြောလိုက်သည်။ “သူတို့နောက်ဆုတ်သွားပြီ”

မြို့တော်ဝန်ရှဲ့သည် အပျော်လွန်သွား၏။

မြို့ှနှင့် အတူ သေမည်။ မြို့နှင့်အတူ ရှင်မည်ဟု ပြင်ဆင်ထားခဲ့သောသူသည် ရန်သူများအား အနိုင်ယူခဲ့သည့် နောက်ဆုံး ရလဒ်ကို မယုံကြည်နိုင်သလိုပင် ဖြစ်မိနေ၏။

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ “သူတို့က လာပြီးတော့ စိတ်တိုင်းကျပြန်သွားလို့ရမယ်လို့ ထင်နေတာလား။ ချင်းယန်နိုင်ငံက ဈေးတစ်ခု မဟုတ်ဘူးလေ”

သူခဏလောက် ရပ်တန့်ကာပြောလိုက်၏။

“အားလုံးကို သတ်လိုက်၊ အထူးသဖြင့် တောက်ယွမ်လို ခေါ်တဲ့လူကို အရှင်ဖမ်းခဲ့”

“ကောင်းပါပြီ”

ရွှဲရမ်ကွေ့သည် တိုက်ပွဲအလံအား ထပ်မံ၍ ဝှေ့ယမ်းလိုက်တော့သည်။ အမိန့်ကို ရရှိပြီးသည့်နောက်မှာတော့ ကျုံးရီသည် သူ၏အဖွဲ့ကိုဦးဆောင်၍ ရှေ့သို့လှမ်းတက်လိုက်၏။

ဟာရီကိန်းဝံပုလွေများ၏ အမြန်နှုန်းကို ထုတ်ဖော်အသုံးပြုပြီး လှံကိုအသုံးပြုပြီးသည့်နောက်မှာတော့ သူတို့သည် ထွက်ပြေးရန်ကြိုးစားနေသော ရန်သူစစ်သားများအား တစ်ယောက်ပြီးတစ်ယောက် သုတ်သင် ရှင်းလင်းပစ်ကုန်သည်။

“တပ်မှူး”

ဒုခေါင်းဆောင်၏ အမူအရာ သည် ပိုမို၍ ပျက်ယွင်းလာသည်။ “သူတို့က မြန်လွန်းတယ်၊ နောက်ဆုတ်ဖို့အချိန်မရှိတော့ဘူး”

တောက်ယွမ်သည် ဒေါသတကြီး အော်လိုက်၏။ “နတ်ဆိုးဒူးလေးတပ်သားတွေ သူတို့ကို တားလိုက်ကြ”

ကျားဆိုးတပ်မှ တပ်သားငါးရာကျော်တို့သည် ၎င်းတို့၏ နတ်ဆိုးဒူးလေးများကို ထုတ်ယူ၍ နတ်ဆိုး မြားများကို တပ်ဆင်လိုက်တော့သည်။

“မကောင်းတော့ဘူး”

မြို့တော်ဝန်ရှဲ့ ပြောလိုက်၏။ “နတ်ဆိုးမြားတွေကို ထုတ် …. နတ်ဆိုးဒူးလေးတွေကို ထုတ်ကုန်ပြီ”

ကျွင်းချောင်ရှောင်းသည် အေးစက်စက်နှင့်ပြုံးကာပြောလိုက်၏။ “သူတို့ ဒါကိုအသုံးမပြုရဲဘူးလို့ထင်နေတာ”

တောက်ယွမ်သည် သလင်းအမြူတေစက်ကိရိယာ၏ ဖျက်ဆီးခံလိုက်ရပြီးနောက်မှာတော့ နတ်ဆိုး ဒူးလေးမြားအား အသုံးမပြုရဲချေ။ အဘယ့်ကြောင့် ဆိုသော် ဤနတ်ဆိုးဒူးလေးမြား၏ သလင်းအမြူတေကိုထိမိပြီဆိုပါက အလွန်တရာ များပြားလှသော ပေါက်ကွဲမှုများ ဖြစ်ပေါ်ကုန်မှာသေချာ၏။

ထို့ကြောင့် သူသည် ရန်သူနှင့်တော်တော်ဝေးဝေးနေရာတွေသို့ ရောက်ရှိမှသာလျှင် ဤလက်နက်ကို ထုတ်ဖော်ကိုင်ခြင်းဖြစ်သည်။ လက်နက်သည် မည်မျှအားကောင်းသည်ဖြစ်စေ၊ အကွာအဝေးဆိုသည်လည်း ရှိနှင့်နေသည်မဟုတ်လား။ ဤထူးဆန်းသော အလင်းတန်းသည် မြို့နှင့် ဆယ်မိုင်လောက်အဝေးဆီသို့ ပျံသန်းပြီး ရောက်ရှိလာမည်ဟု မယုံကြည်နိုင်ပေ။

ဝှစ်

တောက်ယွမ် တွေးနေတုန်းမှာ အလင်းတန်းတစ်ခုသည် လေဟာနယ်ထဲတွင် ဖြတ်သန်းလာပြီး တပ်သား တစ်ယောက်ကိုင်ဆောင်ထားသော နတ်ဆိုးမြားအား ထိမှန်ပြီး ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ကုန်တော့သည်။

ဘုန်း ဘုန်း ဘုန်း

ပေါက်ကွဲမှုအသံများသည် အဆုံးမဲ့လှ၏။ မြို့၏စစ်မြေပြင် နေရာမှ ကြည့်မည်ဆိုလျှင် တစ်စုံတစ်ယောက်သည် မီးတောက်များကိုသာ ရှင်းရှင်း လင်းလင်းမြင်နေရမှာ ဖြစ်၏။

စစ်မြင်းများသည် ပေါက်ကွဲသံကြီးများတောက်လျှောက်ဖြစ်ပေါ်လာနေချိန်မှာတော့ မတ်တပ်ရပ်ကာ ဟီလိုက်ကြတော့၏။ သူတို့၏မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေ၏။

တောက်ယွမ်သည် ပေါက်ကွဲမှုနှင့်အနည်းငယ် ဝေးကွာနေသည် ဆိုသော်လည်း ၎င်း၏ စစ်မြင်းမှာ လန့်ပြီး ထကာရပ်လိုက်သည်မို့ ပြုတ်ကျလုမတတ် ဖြစ်သွားတော့သည်။

“ဒါက”

သူသည် အကောင်းဆုံးကြိုးစား၍ ကိုယ့်မြင်းကို ဟန်ချက်ညီအောင် ထိန်းချုပ်လိုက်ပြီး သူ၏ မျက်နှာပေါ်မှာတော့ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နှက်လျက်ရှိသည်။

“တပ်မှူး သတိထားအုံး”

ထိုအချိန်မှာတော့ ခေါင်းဆောင်ငယ်တစ်ယောက်သည် သူ၏အနားသို့ ရောက်ရှိလာပြီး သတိပေး လိုက်၏။

တောက်ယွမ်သည် မြန်မြန်ဆန်ဆန်ဘဲ ဘေးတစ်ဘက်ဆီသို့ ကြည့်လိုက်ချိန်မှာတော့ ဟာရီကိန်း ဝံပုလွေကြီးကို စီးနင်းကာ သူ့ဆီသို့ အလျင်အမြန်ရောက်ရှိလာပြီဖြစ်သော ကျုံးရီကို မြင်လိုက်ရ၏။

“အိုး မဟုတ်ဘူး”

သူသည် မြန်မြန်ဆန်ဆန်နှင့် မြင်းကိုစီးနင်းကာ ထွက်ပြေးချင်သည်ဆိုသော်လည်း နောက်ကျသွားခဲ့ ပြီဖြစ်သည်။ ကျုံးရီသည် အအေးဓားအား ပြန်လည်သိမ်းဆည်းပြီး တောက်ယွမ်အနားဆီသို့ ချဉ်းကပ် လာခဲ့၏။ သူ၏ ကြီးမားသော လက်ကြီးသည် ရုတ်တရက်ဆိုသလိုဘဲ ဆန့်ထုတ်လာပြီး စစ်မြင်းပေါ်တွင် ရှိနေ သော တောက်ယွမ်အား ကြက်ကလေးတစ်ကောင်ကို ဖမ်းဆုတ်ခေါ်သလို အသာဆွဲယူ၍ ထွက်ခွာ သွားတော့သည်။

“တပ်မှူး”

ဒုခေါင်းဆောင်နှင့် တပ်သားများအားလုံးသည် ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ ဟာရီကိန်းဝံပုလွေအား အရှိန်နှေးပေးရန် ခိုင်းစေလိုက်ပြီးသည့်နောက် ကျုံးရီသည် တောက်ယွမ်အား အသာကောက်မကာ အော်လိုက်တော့၏။

“မင်းရဲ့လက်နက်တွေကို မြန်မြန်သိမ်းပြီးတော့ အညံ့ခံလိုက်”

ချီးတဲ့မှ

တောက်ယွမ်သည် ခုခံဖို့ပြင်ဆင်လိုက်သည်။ သို့ပေမယ့် အဖမ်းခံရပြီဖြစ်သောကြောင့် သူ၏ မရီဒန် များသည် ရန်သူ၏ စည်းခတ်ခြင်းကို ခံလိုက်ရ၏။ ထို့ကြောင့် သူ့အနေနှင့် အားလျော့စွာဘဲ တစ်ဖက်လူ၏ ဆွဲမခြင်းကို ခံလိုက်ရတော့သည်။

တပ်မှူးသည် အဖမ်းခံလိုက်ရပြီး သံချပ်ကာဝံပုလွေတပ်သားများ၏ နောက်ဆီသို့ ပါသွားတော့၏။ ကျားဆိုးတပ်ဖွဲ့၏ ဒုခေါင်းဆောင်သည် စိတ်ပျက်သွားခဲ့၏။

အချိန်တိုအတွင်းတွင် ဤအဖြစ်အပျက်များသည် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သူသည် လက်ထဲရှိ လက်နက်အား လွတ်ချလိုက်တော့သည်။ ဤအချိန်မှာတော့ ရွေးချယ်စရာမရှိဘဲ အညံ့ခံရန်သာ ရှိတော့၏။

ဝှစ် ဝှစ်

ကျားဆိုးတပ်ဖွဲ့မှ တပ်သားများအားလုံးသည် လက်နက်များကို တစ်ယောက်ပြီးတစ်ယောက် အောက်သို့ ပစ်ချလိုက်၏။ သံချပ်ကာမြင်းတပ်မှ လူများသည်လည်း သူတို့၏ မြင်းများကို ရပ်တန့်ကာ မြင်းပေါ်က ခုန်ချလိုက် ကြ၏။

သူတို့သည် အညံ့ခံခဲ့ပြီဖြစ်သောကြောင့် သံချပ်ကာဝံပုလွေအဖွဲ့သားများသည် သူတို့ကို သတ်ဖြတ် တော့မည် မဟုတ်ချေ။ ထို့ကြောင့် ခုခံထားသည့် ဗျူဟာပုံစံကိုဖျက်၍ ပုံမှန်အတိုင်းပင် နေထိုင်လိုက်ကြ၏။

ဒင်

“ကျန်းယန်နိုင်ငံမှ ကျားဆိုးတပ်ဖွဲ့အား အနိုင်ယူခြင်း”

“ဖုံးကွယ်ထားသည့် တာဝန်ပြည့်စုံသည်။ အထူးတာဝန်ပြည့်စုံမှုနှုန်းသည် သုံးဆယ် ရာခိုင်နှုန်း ရောက်ရှိ သွားပြီဖြစ်သည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ ကို ထပ်မံရရှိသည်”

ဒင်

“ရန်သူ၏ တပ်မမှူးကို ဖမ်းဆီးခြင်း”

“ဖုံးကွယ်ထားသည့် တာဝန်ပြည့်စုံသည်။ အထူးတာဝန်ပြည့်စုံမှုနှုန်းသည် ငါးဆယ် ရာခိုင်နှုန်းဖြစ်သည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အား ရရှိသည်”

ဒင်

“လက်ခံသူသည် ချင်းယန်နိုင်ငံအား အောင်မြင်စွာ ခုခံနိုင်ခဲ့ပြီ။ ဖုံးကွယ်ထားသည့် တာဝန်နှင့်ကိုက်ညီ သောကြောင့် အထူးတာဝန်ပြည့်စုံသည်။ တာဝန်ပြည့်စုံမှုနှုန်းမှာ တစ်ရာနှစ်ဆယ် ရာခိုင်နှုန်းဖြစ်သည်။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၄၀၀၀ အား ရရှိသည်”

ဒင်

“ဂိုဏ်းစုဆောင်းမှတ် - ၉၈၉၂ / ၅၀၀၀”

ဒင်

“ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့် …”

ဒင်

“လက်ခံသူသည် အထူးတာဝန်များကို ဆက်တိုက်အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် စည်းဖွင့်ခြင်း အဆောင်တစ်ခု၊ သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်နှင့် အတွေ့အကြုံအမှတ်တစ်ချို့ကို ရရှိသည်”

စနစ်၏ သတိပေးသံ အဆုံးသတ်သွားချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ စိတ်ဝိဉာဉ်စွမ်းရည်များသည် အရေအတွက်အရ ပိုမိုကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲသွားတော့သည်။ တစ်ချိန်တည်းမှာဘဲ စိတ်ဝိညာဉ် အမြူတေ၏ ဘေးတွင်ရှိသော ချီလေပွေသည်လည်း စိတ်ဝိညာဉ် အမြူတေ အဖြစ်သို့ ပြောင်းလဲသွား တော့သည်။

ဝှစ်

အပြင်ဘက်တွင်ရှိသော ဆန်းကြယ်သည့် ဓာတ်သဘာဝအားလုံးသည် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာ တော့၏။

“ဟမ်”

အားလုံးသည် တစ်စုံတစ်ခုကို အာရုံခံမိသောကြောင့် အသာလှည့်ကြည့်လိုက်၏။

ဂိုဏ်းချုပ်ကျွင်းအား အော်ရာများ လွှမ်းမိုးနေသည်ကို မြင်ရသည့်နောက် အားလုံးသည် အံ့အား တသင့်ဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ် အဆင့်တက်တော့မှာလား။ ထူးဆန်းလိုက်တာ”

ကျန့်ရာ ဇဝေဇဝါဖြစ်သွား၏။

“ဘာလို့ဒီလိုအခြေအနေကြီးမှာ အဆင့်တက်ရတာလဲ”

သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီး သည့်နောက်မှာတော့ အဆင့်တတ်သည့် လက္ခဏာများ ပြသလျက် ရှိသည်။ သို့ပေမယ့် သူ သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့စဉ်ကလည်း ထိုကဲ့သို့ အဆင့်တတ်သည့် လက္ခဏာများ ပေါ်ပေါက်ခဲ့သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ အော်ရာများနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း ကွာခြားနေ၏။

“ဘယ်လောက်အားကောင်းလိုက်တဲ့ ဓားအော်ရာလဲ” ကျိုးဟုန်သည် လေးလေးနက်နက် လှမ်းကြည့်လိုက်၏။

ဝှစ် ဝှစ်

လက်ရှိအခြေအနေမှာတော့ မတူညီသည့် အလင်းတန်း နှစ်ခုသည် ကျွင်းချောင်ရှောင်းအား လှည့်ပတ်လျက်ရှိပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။

၎င်းအလင်းတန်းများ တိမ်တွေဆီသို့ ပျံသန်းသွားသည့်ပုံကို မြင်တော့ ကျွင်းချောင်ရှောင်းသည် အံ့အားသင့် သွား၏။ သိုင်းဘုရင်အဆင့်ကို ချိုးဖြတ် ရောက်ရှိပြီးသည့်နောက် ထိုကဲ့သို့သော သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုမျိုး ပေါ်ခဲ့၏။

ရီရှင်းချန်သည် လေးလေးနက်နက်ကြည့်ကာ ပြောလိုက်သည်။ “ဓားနဲ့သိုင်းဘုရင် နှစ်ခုလုံးမှာ ဘုရင်ဖြစ်လာတာဘဲ၊ ဒါကြောင့် တိမ်တွေဆီကို ပျံသန်းပြီး လောကကြီးရဲ့ အစစ်အမှန်ဘုရင်တစ်ယောက် ပေါ်လာခဲ့ပြီဖြစ်ကြောင်း ကြေညာတဲ့သဘောပါလား”

ကျန့်ရာသည် ကြောင်သွား၏။ သူ၏ မျက်နှာအမူအရာများအားလုံးသည်လည်း တုန်ယင်သွားတော့သည်။

“ဓားနဲ့သိုင်းဘုရင်နှစ်ခုလုံးလား၊ ဖြစ်နိုင်တာက …..”

သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထအော်လိုက်မိသည်။ “ဂိုဏ်းချုပ်က ဓားနဲ့သိုင်းဘုရင်ဖြစ်လာတော့မယ်ထင်တယ်”

All Chapters