အခန်း (၄၅၀)
Vol. 31 Ch. 450
"ဓားနဲ့ သိုင်းဘုရင် ဟုတ်လား"
ဘေးတစ်ဖက်တွင် မတ်မတ်ရပ်လျက်ရှိသော မြို့တော်ဝန်ရှဲ့သည် ကျန့်ရာ၏ စကားကို ကြားလိုက်ချိန်မှာတော့ မြေပေါ်သို့ လဲကျလုမတတ်ဖြစ်သွား၏။
သူ၏ နှလုံးသားထဲတွင်တော့ အကြိတ်အခဲတစ်ခု ဖြစ်လို့နေသည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဓားနှင့် သိုင်းတာအိုကို ရယူပြီး ဘုရင်အဆင့်သို့ တက်လှမ်းနိုင်သော ကျင့်ကြံသူများ ရှိခဲ့ဖူး၏။ သို့ပေမဲ့ မှတ်တမ်းထဲတွင်သာ ရှိခဲ့သည်ဖြစ်ပြီး မြို့တော်ဝန်ရှဲ့အနေနှင့် တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဂိုဏ်းချုပ်ကျွင်းသည် ယနေ့တွင် အဆင့်ကျော်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အကန့်အသတ်ကို ကျော်လွန်၍ လူအားလုံး မမေ့လျောနေသည့် မှတ်တမ်းတစ်ခုကို ရေးထိုးနေ၏။
လုချင်းချင်း၏ လှပသော မျက်လုံးများသည်လည်း အံ့အားသင့်မှုများနှင့် ပြည့်နက်သွားသည်။
ဂိုဏ်းချုပ်ကျွင်းသည် သိုင်းတာအိုကိုသာ ကျင့်ကြံခဲ့သည်။ မည်သည့် အချိန်က ဓားတာအိုကို ကျင့်ကြံလိုက်သနည်း။
ယခု ဂိုဏ်းချုပ်ကျွင်းသည် မြို့ရိုးပေါ်တွင် ရုတ်တရက် ထရပ်လိုက်ပြီး ဓားသိုင်းဘုရင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဤအရာသည် သူမအား ဇဝေဇဝါဖြစ်စေသလို အံ့အားသင့်မှုများလည်း ဖြစ်ပေါ်စေသည်။
ဝှစ်။
အလင်းတန်းနှစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။
ချင်းယန်နိုင်ငံ၏ မည်သူမဆို ခေါင်းမော့၍ ကြည့်လိုက်ချိန်မှာတော့ ကောင်းကင်ပေါ်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို မြင်လိုက်ကြရ၏။
"ဒါ ဘာလဲ"
"ကောင်းကင်ဘုံကို တစ်စုံတစ်ခု တက်သွားတာနဲ့တူတယ်။"
"ဒါ ရတနာပေါ်လာတာလား"
များပြားလှသော ကျင့်ကြံသူများသည် ဇဝေဇဝါဖြစ်မိနေကြသည် ဆိုသော်လည်း ကောင်းကင်ပေါ်သို့ ထိုးတက်လျက်ရှိသော အလင်းတန်းတစ်ခုကို ကြည့်လိုက်ချိန်မှာတော့ သူတို့၏ စိတ်ထဲတွင် လေးစားမှုများ ဖြစ်ပေါ်လာကြ၏။
သာမန်ကျင့်ကြံသူများ၏ စိတ်ထဲတွင် ယုံကြည်အားကိုး၍ ကိုးကွယ်လုမတတ်ပင် ဖြစ်ပေါ်လာကြတော့သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် များပြားလှသော သိုင်းဘုရင်နှင့် ဓားဘုရင်များ တည်ရှိကြ၏။ သို့ပေမဲ့ ဓားနှင့် သိုင်းဘုရင်ဆိုသည်မှာတော့ အလွန်တရာ ရှားပါးလှသည်။
ယနေ့တွင် ထိုကဲ့သို့သော လူမျိုး ပေါ်ပေါက်လာပြီဖြစ်သောကြောင့် အားလုံးသည် ချီးကျုးမိကြသည်မှာ သဘာဝကျလှ၏။
ထိုထက်ပို၍ ဆိုးရွားသည်မှာ ချင်းယန်နိုင်ငံတွင် ရှိနေကြသော ဓားကျင့်ကြံသူများ၏ ဓားများအားလုံးသည် ထိုအလင်းတန်းများ အားလုံး ထွက်ပေါ်လာချိန်မှာတော့ သူတို့၏ ဘုရင်ထွက်လာသည်ကို ချီးမြှောက်သည့် အနေဖြင့် တုန်ခါလျက်ရှိနေကြ၏။
"ဘာတွေ ဖြစ်ကုန်တာလဲ"
"ငါ့ဓားက ငါကိုယ်တိုင်တောင် ထိန်းချုပ်လို့တောင် မရတော့ဘူး။ဒါက ကောင်းကင်ပေါ်ကိုး ထိုးတက်နေတဲ့ အလင်းတန်းတွေကြောင့် ဖြစ်လိမ့်မယ်။"
များပြားလှသော ကျင့်ကြံသူများအားလုံးသည် တုန်လှုပ်မိသွားကြ၏။
တောင်ပြာဂိုဏ်း၏ တောင်အနောက်ဘက်ဆီမှာတော့ ပုံရိပ်တစ်ခုသည် ပျံသန်း၍ ရောက်ရှိလာသည်။ ထိုသူသည် အလွန်တကာ အားကောင်းလှသော အော်ရာများကို ထုတ်ဖော်နေသော ဆံပင် အဖြူရောင်နှင့် အဖိုးအိုတစ်ယောက်ပင် ဖြစ်တော့သည်။
သူသည် လေ့ကျင့်ရေး ကွင်းပြင်ပေါ်သို ဆင်းသက်လာပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ "ဒါက ဓားနဲ့ သိုင်းဘုရင် ပေါ်ထွက်လာတဲ့ သင်္ကေတပဲ"
တောင်ပြာဂိုဏ်း၏ အကြအကဲများအားလုံးသည် သတိအနေအထားနှင့် ဖြစ်သွားကြသည်။
အလျှင်ဆုံး မာယွင်တန်က အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဒါက ချင်းယန်မြို့ထဲက ဖြစ်ပုံပဲ"
ဝမ်တုန်လင်သည်လည်း ဆွံ့အသွား၏။ သူ မေးလိုက်သည်။ "ဘယ်တုန်းက ငါတို့ ချင်းယန်နိုင်ငံမှာ ဓားရော သိုင်းပညာရော လေ့လာတဲ့ မွန်းစတား ပေါ်လာတာလဲ။ပြီးတော့ ဘာလို့ နှစ်ခုလုံးမှာ ကျွမ်းကျင်တဲ့ အထိ ဖြစ်နေရတာလဲ"
ပြောနေရင်းမှာပဲ မာယွင်တန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။ "ဒါက ဂိုဏ်းချုပ်ကျွင်းတော့ မဟုတ်လောက်ပါဘူးနော်"
ဝမ်တုန်လင်သည်လည်း ဤသို့ တွေးလိုက်မိ၏။ "ဒါက ပြောဖို့ ခက်တော့ ခက်တယ်"
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကျွင်းချောင်ရှောင်းနှင့် ဂိုဏ်းသားများ အားလုံး တိုးတက်လာသည်ကို မြင်ပြီးနောက် သူတို့နှစ်ယောက်သည် မွန်းစတားဆိုသည့် စကားလုံးအကြောင်းကို စဉ်းစားနေမိခဲ့၏။
တောင်ပြာဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်သည်။ "ဓားနဲ့ သိုင်းဘုရင် ကျုပ်တို့ နိုင်ငံမှာ ပေါ်ထွန်းလာတယ်ဆိုတာ အမှန်ကို ပျော်ရွင်စရာကိစ္စပဲ..."
…………
ရှန်ကွမ်း မိသားစု။
ရှန်ကွမ်းဟုန်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "ဓားနဲ့ သိုင်းဘုရင် ဖြစ်တည်လာတာကို မြင်ရလိမ့်မယ်လို့ တစ်ခါမှ မထင်မိဘူး။ပြီးတော့ ဒါက ငါတို့ရဲ့ ချင်းယန်နိုင်ငံမှာ ပေါ်ထွန်းလာတာပဲ"
သူ၏နောက်တွင် မတ်တပ်ရပ်လျက်ရှိသော သူများသည် အံအားသင့်မိနေကြသည်။
၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်မားလှသည် မဟုတ်သော်လည်း သူတို့ အဖေပြောဆိုသည်နှင့် သိုင်းဘုရင်အဆင့်ကို သူတို့ ကောင်းကောင်းသိရှိကြ၏။
သံသယရှိစရာမလိုပေ။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ထိပ်တန်းပါရမီရှင်များ ဖြစ်ပေလိမ့်မည်။
ဆိုရလျှင် ပါရမီရှင်တောင်မှ ရိုးရိုးမဟုတ်ပင် လူများကြားထဲမှ နဂါးဟုပင် သတ်မှတ်နိုင်သည်။
ယနေ့မှာတော့ ကျွင်းချောင်ရှောင်းသည် တာအိုလမ်းသွယ်နှစ်ခုလုံးအား အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီး ကောင်းကင်ပေါ်တွင် ပြောင်းလဲမှု ပုံရိပ်များဖြစ်ပေါ်နေသည်။
ချင်းယန်နိုင်ငံတွင် ရှိသော များပြားလှသော စွမ်းအင်များသည် လှုပ်ရှားလာပြီး ရှိရှိသမျှသော သိုင်းကျင့်ကြံသူများကို တုန်လှုပ်စေ၏။
ထိုကဲ့သို့ ကောင်းကင်ပေါ်၌ ဖြစ်တည်ပြောင်းလဲနေပုံများကို မြင်ချိန်မှာတော့ ကျင့်ကြံသူများသည် အပြင်းအထန် ဆွေးနွေးလျက်ရှိနေကြသည်။
ထိုသို့ ဆွေးနွေးနေကြသောလူတော်တော်များများမှာ အိုမင်းနေကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။ ၎င်းတို့သည် အလင်းတန်းနှစ်ခုကို မြင်ရချိန်မှာတော့ လက်တွေပင် တုန်ရင်လျက်ရှိနေ၏။ "တစ်စုံတစ်ယောက်က ဓားနဲ့ သိုင်းဘုရင် အဆင့်ကို ချိုးဖြတ်ရောက်ရှိသွားတယ်"
“ဘာ …”
ထိုအချိန်မှတော့ နိုင်ငံထဲတွင်ရှိသော များပြားလှသောလူများသည် အုတ်အော်သောင်းနင်း ဖြစ်ကုန်လျက်ရှိသည်။
အားလုံး၏ မျက်လုံးများထဲမှာတော့ မယုံကြည်နိုင်မှုများနှင့် ပြည့်နက်လျက်ရှိသည်။
"သမိုင်းမှတ်တမ်းတွေအရဆိုလျှင် ဓားနဲ့ သိုင်းဘုရင်ဆိုတာ ပေါ်မလာတာ နှစ်ပေါင်း ၅၀၀၀လောက် ကြာနေပြီ မဟုတ်လား"
"ကောင်းကင်ဘုံ … ဒါက ရုတ်တရက်ဆန်လွန်းတယ် မဟုတ်လား။တည်နေရာကို ခန့်မှန်းရမယ်ဆိုရင် ဒါ အဆင့်ကိုး ချင်းယန်နိုင်ငံကပဲ ဖြစ်ရမယ်။ ချင်းယန်နိုင်ငံလို နိုင်ငံငယ်လေးထဲမှာ ဓားနဲ့ သိုင်းဘုရင် ပေါ်ထွက်လာခဲ့တယ်ဆိုတာ ဒီနိုင်ငံက ကျိန်းသေပေါက် ကျော်ကြားတော့မှာပဲ။"
ဓားနှင့် သိုင်းဘုရင် ပေါ်ထွန်းလာခဲ့သည်ဆိုသော သတင်းသည် များပြားလှသော နိုင်ငံများမှ သိရှိသွားရတော့သည်။
လူတစ်ချို့ဆိုလျှင် ဇဝေဇဝါဖြစ်မိနေကြသည်။ အဘယ့်ကြောင့် ရုတ်တရက်ကြီး ဓားနှင့် သိုင်းဘုရင် ပေါ်ထွက်လာရသနည်း။
တစ်ချို့သောလူများမှာ ဆွေးနွေးမိနေကြ၏။
ထိုသူသည် ချင်းယန်နိုင်ငံမှသာဆိုလျှင် အလွန်တရာ ကျော်ကြားသော လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ဟီယန်နိုင်ငံနှင့် ဟွာယန် နိုင်ငံတို့အား စစ်တိုက်လျက်ရှိသော ကျန့်ရာနိုင်ငံမှ စစ်တပ်များသည် တိုက်ခိုက်နေရင်းမှ ရပ်တန့်လိုက်ကြသည်။
တပ်သားများအားလုံးသည် စစ်ပွဲတွင် တိုက်နေရသည်ကို မေ့လျောကာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။
"တပ်မှူး။"
တပ်သားတစ်ယောက်သည် မျက်မှောင်ကုတ်ကာဖြင့် ပြောလိုက်သည်။ "ဒါက ဓားနှင့် သိုင်းဘုရင် ပေါ်ထွက်လာတဲ့ လက္ခဏာပဲ"
ကျားဖြူစစ်တပ်ကြီးတစ်ခုလုံးကို အုပ်ချုပ်လျက်ရှိသော ပိုင်ယွေ့ကွေသည် သူ၏ရွက်ဖျင်တဲဆီမှ ထွက်ပေါ်လာပြီး မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ကြည့်ရတာ ချင်းယန်နိုင်ငံကပဲ။”
“တပ်မှူးတောက် ရဲ့ တပ်က ချင်းယန်ုနိုင်ငံကို သွားတာပဲ။သူတို့က ဓားနဲ့ သိုင်းဘုရင်နဲ့ ထိပ်တိုက်တွေ့တော့မှာပဲ။ဆိုးရွားတာတွေ ဖြစ်လာမှာ စိုးရိမ်မိတယ်" အကြံပေးတစ်ယောက်က ပြောဆိုလိုက်သည်။
ခန့်မှန်းတာ မှားယွင်းခဲ့၏။
ဤကဲ့သို့သော ကောင်းကင် အခြေအနေ ပေါ်မလာခဲ့ခင်ကတည်းက တောက်ယွမ်နှင့် သူ၏ ကျားဆိုးတပ်သည် ဖမ်းဆီးခံခဲ့ရပြီဖြစ်သည်။
ချင်းယန်နိုင်ငံတွင် ဓားနှင့် သိုင်းဘုရင် ပေါ်ထွက်လာသည်ကို သိရှိပြီးနောက် ပိုင်ယွေ့ကွေသည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း နားလည်လိုက်၏။ “တပ်မှူးတောက် ဆက်သွယ်ပြီးတော့ ချက်ချင်းပြန်လှည့်လာဖို့ ပြောလိုက်"
"ကောင်းပါပြီ"
……...
ဝှစ် ဝှစ်။
အလင်းတန်းနှစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်လျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် မြို့တံခါးပေါ်တွင် မတ်မတ်ရပ်လျက်ရှိပြီး မျက်လုံးနှစ်လုံးကို မှိတ်ကာ ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှုများကို အာရုံခံလျက်ရှိသည်။
သူ၏ စိတ်ဝိညာဉ် အမြုတေထဲတွင် ရှိသော စိတ်ဝိညာဉ်စွမ်းအင်သည် အရင်ကထက် ပိုမိုသန့်စင်လာသည်။
ဒုတိယမြောက် စိတ်ဝိညာဉ်အမြူတေ သည် အကန့်အသတ်မဲ့သော စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နက်လာလျက်ရှိသည်။
စကားလုံးတစ်လုံးဖြင့် ညွှန်းဆိုရလျှင် အရမ်းကို ကောင်းသည် ခံစားချက်ဟု ညွှန်းဆိုနိုင်သည်။
စနစ်မှ တီးတိုးပြောလိုက်၏။ "ဒီတစ်ခါ အထူးတာဝန်က မလွယ်လွန်းဘူးလား"
သူ့ဘက်က ကြည့်မည်ဆိုလျှင် အနည်းဆုံးသော ကျန်းယန်နိုင်ငံ၏ ကျားဖြူတပ်တစ်ခုလုံးကို အနိုင်ယူရမည်ဟု ခန့်မှန်းခဲ့၏။ ထိုမှသာ ချင်းယန်နိုင်ငံအား ကာကွယ်သည်ဟု အဓိပ္ပာယ်သက်ရောက်မည် မဟုတ်လား"
သို့ပေမဲ့ တောက်ယွမ်သည် တစ်ခြားနိုင်ငံများအား တိုက်ခိုက်နေရာမှ ချင်းယန်နိုင်ငံဆီသို့ ရောက်ရှိလာပြီး တိုက်ခိုက်ဖို့ ကြံစည်ခဲ့သည်။ ထို့ကြောင့် ချင်းယန်နိုင်ငံအား ခုခံမှု ကာကွယ်ဖို့ဆိုသည့် တာဝန်သည် အသက်ဝင်သွားခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
သံချပ်ကာ ဝံပုလွေတပ်သားများသည် ကျာဆိုးတပ်အား အနိုင်ယူပြီးသည့် နောက်မှာတော့ ရန်သူ၏ တပ်မှူးကို ဖမ်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ဖုံးကွယ်ထားသော တာဝန် ပြည့်စုံခဲ့သည်။ ဤအရာမှာ ကံကောင်းခြင်းသာပင် ဖြစ်တော့သည်။
ကောင်းကင်ပေါ်တွင် ထိုးတက်လျက်ရှိသော အလင်းတန်းများသည် ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့၏။
ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်အမြုတေထဲရှိ စွမ်းအင်များသည် အလုံးစုံကောင်းမွန်ပြီးသည့် နောက်မှာတော့ အလင်းတန်းများသည် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ကလန် ကလန်။
အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့် နောက်မှာတော့ ချင်းယန်မြို့ထဲရှိ ရေတွက်၍မရအောင် များပြားလှသော ဓားများသည် ဓားအိမ်များမှ ထွက်ပေါ်လာပြီး ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိလာကြသည်။
အားလုံးသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဝိုင်းရံနေပြီး အပေါ်သို့ ထိုးတက်ကာ ၎င်းတို့၏ ဘုရင်အား ဂါဝရပြုသလို ပြုလုပ်နေကြသည်။
စုရှောင်မိုသည် မျက်လုံးပြူးသွားမိ၏။
သံမဏိအရိုးဂိုဏ်းသားများသည်လည်း သူတို့၏ ဂိုဏ်းချုပ်အား အားကျသလို ကြည့်လိုက်ကြ၏။
ဝှစ်။
ကျွင်းချောင်ရှောင်းသည် မျက်လုံးကို ဖွင့်၍ တီးတိုးရေရွတ်လိုက်၏။ "ဓားနဲ့ သိုင်းဘုရင် … ငါက ဘုရင်ပဲ"
ဝမ် … ဝမ်။
သူ့အနားပတ်လည်တွင် ရှိသော ဓားများသည် ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာ၏။ ၎င်းတို့၏ ဘုရင်အား ဂါဝရ ပြုကြသည်။
"ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်ကျွင်း … ဓားနဲ့ သိုင်းဘုရင်ဖြစ်လာခဲ့တဲ့အတွက်" မြို့တော်ဝန်ရှဲ့သည် လက်သီးဆုပ်ကာ ပြောလိုက်သည်။
သူ၏ နှလုံးသားထဲမှာတော့ မတည်ငြိမ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ပတ်ဝန်းကျင်တွင် ဖြစ်တည်ခဲ့သော ကောင်းကင်ပေါ်မှ ပြောင်းလဲမှုများသည် သူ့အား ထိတ်လန့်တုန်လှုပ်မိစေခဲ့သည်။
ထို့အပြင် လက်ရှိတွင်လည်း ဂိုဏ်းချုပ်ကျွင်း၏ ပတ်ပတ်လည်တွင်လည်း ဓားပေါင်းသောင်းချီ ပျံသန်းလျက်ရှိပြီး ဂိုဏ်းချုပ်ကျွင်းအား အရိုအသေပြုလျက်ရှိသည်။ ဤအရာသည် သူ့အား အလုံးစုံ ဆွံ့အစေ၏။
"ဂိုဏ်းချုပ်ကျွင်းက အရမ်းမိုက်တယ် … ငါတို့ ဂိုဏ်းချုပ်က အရမ်းကြမ်းတာပဲ"
သံမဏိအရိုးဂိုဏ်းတပည့်များအားလုံးသည် စိတ်ထဲ၌ ရေရွတ်နေမိကြသည်။
ယနေ့မှာတော့ အရှေ့တောင်ရန်ကျူး ၏ ချင်းယန်နိုင်ငံတွင် ဓားနှင့် သိုင်းဘုရင် ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ ဤအမှတ်တရသည် အနာဂတ်မျိုးဆက်သစ်များ မှတ်သားထားရမည့် ဖျောက်ဖျက်မပစ်နိုင်သော သမိုင်းတစ်ခု ဖြစ်လာခဲ့သည်။