← Chapters

အခန်း (၄၅၁)

Vol. 31 Ch. 451

အခန်း (၄၅၁)

Vol. 31 Ch. 451

ကျွင်းချောင်ရှောင်းသည် ဓားနှင့်သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ များပြားလှသော နယ်မြေနှင့်နိုင်ငံများ အသီးသီးရှိ ကျင့်ကြံသူများ၏ ဆွေးနွေးမှုများသည် မရပ်တန့်ခဲ့ချေ။

များပြားလှသော ဂိုဏ်း ဌာနများအားလုံးသည် ဓားနှင့်သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့သည်မှာ မည်သူနည်းဟု စတင်၍ စုံစမ်းကြ တော့သည်။

အဆင့်ချိုးဖြတ်ပြီးနောက် အလွန်တရာပျော်ရွှင်မိနေသော ဂိုဏ်းချုပ်ကျွင်းသည် မြို့၏ အပြင်ဘက် သစ်တောဆီသို့ လှမ်း၍ ကြည့်လိုက်ချိန်မှာတော့ ကြောင်အအဖြစ်လျက်ရှိနေသော ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်အား တွေ့လိုက် ရတော့သည်။ ပထမ၌ ဤလူသည် ကျန့်ရာနှင့် လက်ရည်ညီစွာ တိုက်ခိုက်နေသူဖြစ်သည်။

သို့ပေမဲ့ အဆင့် ချိုးဖြတ်နိုင်ခြင်း၏ ပတ်ဝန်းကျင်ပြောင်းလဲမှုများဖြစ်တည်လာသည့်ချိန်မှာတော့ သူ့အနေနှင့် အလုံးစုံ တုန်လှုပ်မိ သွား၏။ ဆက်လက်တိုက်ခိုက်ရန် စိတ်မဝင်စားတော့ချေ။

အကြီးအကဲကျန့်မှာတော့ တိမ်ခြေလှမ်းကို အသုံးပြု၍ မြို့၏မျှော်စင်ဆီသို့ အလောတကြီး ပြန်လာခဲ့လိုက် တော့သည်။ သူသည်ကောင်းကင်ပေါ်သို့ ပျံတက်နေသော အလင်းတန်းနှစ်ခု၏ အခြေအနေအား မျက်မြင်တွေ့ခဲ့ ရသည်။

“အဘိုးကြီး”

ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။ “ခင်ဗျားတို့နှစ်ယောက် တိုက်ခိုက်တာ ဘယ်လိုလဲ”

သူ့အနေနှင့် ဓားနှင့်သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သောကြောင့် သူ၏ အသံများသည် ဘုရင် တစ်ယောက်၏အော်ရာများအဖြစ် တိုးတက်လာတော့သည်။

သိုင်းတပည့်၊ သိုင်းဆရာ၊ သိုင်းစစ်သူကြီးအဆင့်များ အားလုံးသည် အဆင့်နိမ့်မှ အလယ်အလတ်အဆင့်များဖြစ်၏။ သိုင်းဘုရင်အဆင့်မှာတော့ ကြီးမားစွာ ခွဲခြားထားသော ကျင့်ကြံခြင်းအဆင့်ဟုပင် ဆိုရမည်။ အရာအားလုံးပြောင်းလဲသွား၏။ အသံ၊ အော်ရာကအစ အရာအားလုံး ပြောင်းလဲသွားသည်ဟု ဆိုရမည်။

ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်သည် မျက်မှောင်ကုတ်လိုက်မိ၏။ သူသည် ယခုမှ အဆင့်ချိုးဖြတ်ထားသော သိုင်းဘုရင်အား ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ယခုမှ အဆင့်ချိုးဖြတ်နိုင်ခဲ့သော ဓားနှင့်သိုင်းဘုရင် ကိုတော့ သူ စိုးရွံ့မိနေသည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ဓားနှင့်သိုင်းဘုရင်၏ တိုက်ခိုက်ရေး စွမ်းရည်အကြောင်းကို ကောင်းကောင်းသိရှိသူဟု မရှိပေ။

ဝှစ်

ကျွင်းချောင်ရှောင်းသည် မြို့ရိုးနံရံဆီမှ ခုန်ချလိုက်တော့သည်။ သူ၏အားအင်အဆင့်သည် တိုးတက်လာသည် နှင့်အမျှ လှုပ်ရှားမှုနည်းစနစ်များကို ထုတ်သုံးရာတွင်လည်း အလွန်အမင်း ပိုမိုအားကောင်းလာခဲ့၏။ တစ်ချက်ခုန်လိုက်သည်နှင့် အားလုံးသည် ပျံသန်းနေသကဲ့သို့ပင် ထင်မှတ်နေကြ၏။ သူသည် ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်ရှေ့သို့ ရောက်ရှိသွား၏။ ပြီးနောက်ပြောလိုက်သည်။ “လက်သီးကို သုံးမှာလား၊ ဓားကိုသုံးမှာလား”

“...” ကျန်းယန်နိုင်ငံ သိုင်းဘုရင်၏နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွား၏။

ငါက လက်သီးကို သုံးမယ်ဆိုလဲ သိုင်းဘုရင်ပဲ၊ ဓားကိုသုံးမယ်ဆိုရင်လည်း ဓားဘုရင်ဖြစ်နေပြီ၊ ချီးတဲ့မှ ငါဘာကို သွားရွေးရမှာလဲ။

ဓားနှင့်သိုင်းဘုရင်တစ်ယောက်၏ အကျိုးထူးပုံကား တစ်ဖက်မှ တိုက်ခိုက်ချင်သည့်အရာကို သူ့အနေဖြင့် လိုက်ပါ၍ တိုက်ခိုက်နိုင်စွမ်းရှိခြင်းဖြစ်သည်။

“ဂိုဏ်းချုပ်ကျွင်း”

သိုင်းဘုရင်သည် အေးစက်စက်ပြောလိုက်၏။ “ကျန်းယန်နိုင်ငံက တိုက်ပွဲမှာရှုံးသွားတယ်၊ ဒီတော့ ကျုပ်အရင် ထွက်သွားပါတော့မယ်”

ဓားနှင့်သိုင်းဘုရင်ကို ရင်ဆိုင်ရချိန်မှာတော့ သူသည် အနည်းငယ် စိတ်မသက်မသာ ခံစားနေရ၏။

“မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ခင်ဗျား ကျုပ်နဲ့ တိုက်ခိုက်မှဖြစ်မယ်၊ နိုင်ရင် တပ်မှူးတောက်ကို ခေါ်သွားနိုင်တယ်”

မတိုက်ခိုက်ဘူးလား၊ တိုက်ခိုက်အောင် ပြုလုပ်ရပေမည်။

ပြောနေစရာမလိုပင် ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်ဝူ သည် ထိုစကားကို ကြားချိန်မှာတော့ ချက်ချင်းပဲ လက်ခံလိုက်၏။

ထိုသူ၏တာဝန်သည် ချင်းယန်နိုင်ငံအား တိုက်ခိုက်လျက်ရှိသည့် တောက်ယွမ်အား ကာကွယ်ပေးရန်ပင်ဖြစ်၏။ ယခု တစ်ဖက်သူသည် ရန်သူများ၏ ဖမ်းဆီးခြင်းကို ခံနေရ၏။ ထို့ကြောင့် သူ့အနေနှင့် ပြန်လည်ခေါ်ဆောင်သွား နိုင်ရန် အလုံးစုံတာဝန်ရှိသည်။

“ဒီလိုဆိုမှတော့”

သူသည် စိတ်ကိုပြင်ဆင်ကာပြောလိုက်၏။ “ဓားနှင့်သိုင်းဘုရင်ရဲ့အစွမ်းကို ဒီနေ့ ကြည့်ကြည့်တာပေါ့”

“ဒီတော့ လက်သီးနဲ့လား၊ ဓားနဲ့လား”

“လက်သီးနဲ့ …”

............

ချင်းယန်မြို့၏ အပြင်ဘက်ရှိ သေးငယ်လှသော တောအုပ်ထဲမှာတော့ ကျွင်းချောင်ရှောင်းနှင့် ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်ဝူတို့သည် မီတာနှစ်ဆယ် အကွာအဝေးတွင် မတ်မတ်ရပ်လျက်ရှိသည်။

ကျန့်ရာသည် အနီးကပ်ဆုံး နေရာတွင် ကြည့်ရှုနေသည့် တစ်ဦးတည်းသောသူဖြစ်သည်။ သံမဏိအရိုးဂိုဏ်းတပည့်များ အားလုံးသည်မှာတော့ မြို့၏ မြို့ရိုးနံရံပေါ်တွင် မတ်မတ်ရပ်လျက် အဝေးမှ ကြည့်ရှုနေကြသည်။

“ဂိုဏ်းချုပ်ကျွင်း... အခုမှ အဆင့်ချိုးဖြတ်ပြီးပြီးခြင်း သိုင်းဘုရင်တစ်ယောက်ကို စိန်ခေါ်ပြီး တိုက်ခိုက်မယ် ဆိုတာတော့ တကယ့်ကို ရဲရင့်လွန်းလှတယ်” မြို့တော်ဝန်ရှဲ့သည် ချီးကျုးလိုက်မိ၏။

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ကျုပ်တို့အခု စကြမလား”

ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်ဝူသည် တိုက်ကွက်ကို စတင်ခင်းကျင်းရင်း တွေးလိုက်မိ၏။

ဒီကောင်လေးက ဓားနှင့်သိုင်းဘုရင်ဆိုပေမဲ့ အခုမှ အဆင့်ချိုးဖြတ်ထားတာ၊ ငါက သိုင်းဘုရင်အဆင့်လေးလေ၊ အနိုင်ရလောက်ပါတယ်။

သူ၏စကားတွင် ပါဝင်သော လောက်ပါတယ်ဆိုသည့်စကားသည် သူ့တွင် အလုံးစုံ ယုံကြည်ချက် မရှိခြင်းကို ညွှန်ပြနေသည်။ သူလုပ်နိုင်သည့်အရာလည်း မရှိပေ။ ဓားနှင့်သိုင်းဘုရင်ဆိုသည်မှာ အလွန်တရာကျော်ကြားလှ သော တည်ရှိမှုပင်ဖြစ်၏။ မြင့်မားသည့် သိုင်းဘုရင်အဆင့်မရှိဘဲနှင့် လက်တွေ့ရင်ဆိုင်တိုက်ခိုက်ရန် ခက်ခဲလှ၏။

ဝှစ် ဝှစ်

ကျွင်းချောင်ရှောင်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်အား အလုံးစုံထုတ်ဖော်လိုက်သည့် အချိန်မှာတော့ အလွန်တရာ အားကောင်းလှသော အော်ရာများသည် ပျံ့နှံ့သွား၏။

ကျန်းယန်နိုင်ငံမှ သိုင်းဘုရင်ဝူသည် အလောတကြီးဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း... လက်သီးကို အသုံးပြုဖို့ပြောထားတယ်၊ ဓားကို အသုံးမပြုရဘူး”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မပူနဲ့၊ ခင်ဗျားလို သိုင်းဘုရင်တစ်ယောက်ကို ရင်ဆိုင်ဖို့ ကျုပ်အနေနဲ့ ဓားကို ထုတ်ပြီး သုံးဖို့မလိုဘူး”

ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်သည် ဒေါသထွက်သွား၏။ “မင်းက ဓားနှင့်သိုင်းဘုရင်တစ်ယောက်ဖြစ်တယ်ဆိုပြီး တစ်ဖက်လူကို အထင်အမြင်သေးလို့ မဖြစ်ဘူး”

ဝှစ် ဝှစ်

ဒေါသထွက်ပြီးသည့်နောက်မှာတော့ သူသည်လည်း ကျင့်ကြံခြင်းအားအင် အားလုံးကို ထုတ်ပြလိုက်တော့၏။ သူ၏ အော်ရာများသည် အလွန်အားကောင်းလှသည်ဆိုသော်လည်း ဂိုဏ်းချုပ်ကျွင်းနှင့် ယှဉ်လျှင်တော့ အနည်းငယ် ကွာခြားလျက်ရှိနေသေး၏။

ကျန့်ရာသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်က အခုမှ အဆင့်ချိုးဖြတ်ထားတာ၊ ဘာလို့သူ့ရဲ့အော်ရာတွေက ဒီလောက်အားကောင်းနေရတာလဲ”

အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း၏ ဒန်တျန်ထဲတွင် စိတ်ဝိညာဉ်အမြူတေ နှစ်ခုရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အော်ရာများကို ထုတ်လွှတ်လိုက်ချိန်မှတော့ ပုံမှန်စိတ်ဝိညာဉ်အမြူတေ တစ်ခုတည်းသာရှိသော သူများထက် ပိုမိုအားကောင်းသည်မှာ အံ့အားသင့်စရာမဟုတ်တော့ချေ။

စိတ်ဝိညာဉ်အမြူတေနှစ်ခုနှင့် ကျွင်းချောင်ရှောင်း၏ အော်ရာများသည် အလွန်တရာအားကောင်း လှသည်သာမက စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်ဖော်နိုင်မှုတွင်လည်း ပိုမို၍ များပြားနေသည်။

သူ့အနေနှင့် ယခုမှ အဆင့်ချိုးဖြတ်နိုင်ခဲ့သည်ဆိုသော်လည်း သူ၏ရှေ့တွင်ရှိနေသော သိုင်းဘုရင်အဆင့်လေး ကျင့်ကြံသူတစ်ယောက်အား လက်ရည်ညီစွာ တိုက်ခိုက်နိုင်၏။ ထို့အပြင် တကယ်တမ်း ရေရှည်တိုက်ခိုက် သွားမည်ဆိုလျှင် တစ်ဖက်၏ စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးသွားမည် ဆိုလျှင်တောင်မှ သူ့အနေနှင့် စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးလိမ့်မည်မဟုတ်ချေ။

ပြောရမည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်းသည် ဓားနှင့်သိုင်းဘုရင်ဆိုသည့် ဘွဲ့ထူးနှင့်လိုက်ဖက်အောင် အစွမ်းထက်လှ သည့်အပြင် စိတ်ဝိညာဉ်အမြူတေနှစ်ခုရှိခြင်းကြောင့်လည်း တခြားသူများထက် ပိုမိုအားကောင်းနေ၏။ မွန်းစတား ဟုခေါ်ဆိုသတ်မှတ်ရသည်မှာ ထိုက်တန်လှသူပင်ဖြစ်ပေတော့သည်။

“အဘိုးကြီး”

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်တိုက်တော့မယ်”

သူထိုသို့ပြောလိုက်ချိန်မှာတော့ ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်ဝူသည် စိတ်လှုပ်ရှားလာ၏။

ဝှစ် ..။

ရုတ်တရက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းအားအသုံးပြု၍ ရှေ့သို့လှမ်းတက်လာတော့သည်။ အလွန်တရာ မြန်ဆန်လွန်းသောကြောင့် အမြန်နှုန်းအဆောင်ကို ချိုးဖြတ်ထားသကဲ့သို့ ထင်မှတ်မိရသည်။

“မကောင်းတော့ဘူး”

ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်ဝူ အမူအရာသည် ပြောင်းလဲသွား၏။

နောက်တစ်စက္ကန့်အတွင်းမှာပဲ သူသည် သူ၏လက်ကို ခန္ဓာကိုယ်ရှေ့သို့ထားတာ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ခုခံလိုက်တော့သည်။ ထို့သို့ ခုခံမှုတွင်တော့ အလွန်တရာအားကောင်းလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်နံရံတစ်ခု သူ၏ရှေ့တွင် ဖြစ်ပေါ်လာတော့သည်။

ဘုန်း

အလွန်တရာကျယ်လောင်လှသော အသံကြီးဖြစ်ပေါ်လာပြီး စွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့၏။ ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့ဘက်တွင်ပေါ်လာပြီး ညာဘက်လက်သီးအား ထုတ်လွှတ် လိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်နံရံကြီးတစ်ခုလုံးကို ချိုးဖြတ်နိုင်ရုံမျှမက သိုင်းဘုရင်ဝူ၏ လက်မောင်းပေါ်သို့ လက်သီးချက်သည် ကျဆင်းသွားတော့၏။

ဘုန်း

ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်ဝူသည် နောက်ဘက်သို့ လှိမ့်ဆင်းသွားတော့သည်။ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ် အောင် ခက်ခက်ခဲခဲ ကြိုးစားလိုက်ပြီးသည့်နောက်မှာတော့ သူ၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်သွားတော့သည်။ ဤလက်သီးချက်၏ အားအင်သည် အနည်းဆုံး ဂျင်နှစ်သန်းခွဲခန့် အားအင်ရှိနေသည်။

ယခုမှအဆင့်ချိုးဖြတ်ထားသော သိုင်းဘုရင်တစ်ယောက်သည် အဘယ်ကြောင့် ဤမျှကြောက်မက်ဖွယ်ကောင်း သော အားအင်ကို ပိုင်ဆိုင်နေရသနည်း။ ဤအရာသည် အထူးအဆင့်သိုင်းဘုရင်တစ်ယောက်မဟုတ်ပေ။ အထူး အဆင့် ဓားနှင့်သိုင်းဘုရင်တစ်ယောက်၏ စွမ်းအင်မျိုးပင်ဖြစ်တော့သည်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် သိုင်းဘုရင်ဝူ၏ရှေ့တွင် ထပ်မံပေါ်လာပြီး သူ၏ ကြီးမားလှသော ညာဘက်လက်သီးဖြင့် ထိုးချလိုက်တော့သည်။ ဤတိုက်ခိုက်ချက်သည် နှေးကွေးလှသည်ဟု ထင်ရသော်လည်း အလွန်အမင်း အားကောင်းလှသည့် စွမ်းအင်များ ပါဝင်နေသည်။

သိုင်းဘုရင်ဝူ၏ ညာဘက်ပခုံးကို ရိုက်ချက်က ထိမှန်သွားချိန် မှာတော့ ဂျင်သုံးသန်းခန့်အားအင်များသည် အဆင့်လေးသိုင်းဘုရင်ဝူအား သွေးပင် အန်ထွက်သွားစေတော့၏။

ဝေါ့

“...”

မြို့ရိုးပေါ်တွင် မတ်တပ်ရပ်လျက်ရှိသော မြို့တော်ဝန်ရှဲ့သည် တိုက်ကွက်ကို မြင်သည့်အချိန်တွင်တော့ နှုတ်ခမ်းများ တစ်ဆတ်ဆတ် တုန်ရင်နေ၏။

သိုင်းဘုရင်ဆိုသည်မှာ ပါရမီရှင်များဟု သတ်မှတ်ကြသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် ထိုသိုင်းဘုရင်ဆိုသူအား အဆင့်ချိုးဖြတ်ပြီးကာစမှာပင် ရိုက်နှက်နေပြီ ဖြစ်သည်။

ချီးတဲ့မှပဲ …

ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်ဝူသည် အကောင်းဆုံးကြိုးစား၍ မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် သူ၏နှုတ်ခမ်း ထောင့်တွင်ရှိသော သွေးများကို သုတ်လိုက်ပြီး အလွန်တရာ လျှင်မြန်စွာဖြင့် လက်သင်္ကေတတစ်ခုကို ပြုလုပ် လိုက်တော့သည်။ ကောင်းကင်နှင့်မြေကြီးအတွင်းမှာရှိသော ဓာတ်သဘာဝများသည် မြန်မြန်ဆန်ဆန်ပင် စုစည်းလာတော့သည်။

ဟမ့်

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ “ခင်ဗျားက ဝှက်ဖဲကို ထုတ်သုံးတော့မှာလား”

ဝှစ်

မကြာခင်မှာပဲ ကောင်းကင်နှင့်မြေကြီးထဲမှာရှိသော ဓာတ်သဘာဝများသည် နေရာအနှံ့ဆီမှ သိုင်းဘုရင်ဝူ၏ လက်ထဲတွင် လာရောက်စုစည်းတော့သည်။ ပြီးနောက် အလွန်တရာ တောက်ပလွန်းသော အလင်းလုံးတစ်ခု ဖြစ်တည်လာပြီး မတူညီသည့် ဓာတ်သဘာဝသုံးခုသည် အထဲတွင် လှည့်ပတ်လျက်ရှိနေတော့သည်။

“ဒါ … ဒါက”

ကျန့်ရာ မျက်မှောင်ကုတ်ကာပြောလိုက်သည်။ “ဒါက မူလသုံးဖြာစွမ်းအင်စုစည်းခြင်းနည်းစနစ်ပဲ”

ဝှစ်

ထိုအလင်းဘောလုံးများသည် သိုင်းဘုရင်ဝူ၏ လက်ထဲတွင် စုစည်းပြီးသည့်နောက်တွင် ပိုပို၍ အားကောင်းလာ တော့သည်။

ကျွင်းချောင်ရှောင်းသည် တည်နေရာတွင် မတ်မတ်ရပ်ပြီး မလှုပ်ရှားချေ။ သူ၏မျက်လုံးထဲမှာတော့ အထင်အမြင်သေးသည့် အရိပ်အယောင်များ တည်ရှိနေသည်။

အတိတ်တုန်းကဆိုလျှင် တခြားသောသူများသည် သူ့အား အထင်အမြင်သေးစွာ ကြည့်ရှုခဲ့ကြ၏။ လက်ရှိအချိန်မှာတော့ သူသည် ဓားနှင့်သိုင်းဘုရင်တစ်ယောက်ဖြစ်ခဲ့ပြီဖြစ်၏။ ထို့ကြောင့် အဆင့်လေး သိုင်းဘုရင် တစ်ယောက်ကိုပင် အထင်အမြင်သေးစွာဖြင့် ပြန်လည်ငုံ့ကြည့်နိုင်ခဲ့ပြီ။

ကျန်းယန်နိုင်ငံ၏ သိုင်းဘုရင်ဝူသည် အရှေ့သို့လှမ်းတက်လိုက်ပြီး မျက်လုံးအပြူးသားဖြင့် အော်ဟစ်လိုက်တော့သည်။ “မူလသုံးဖြာစွမ်းအင်စုစည်းခြင်း”

ဝှစ်

စွမ်းအင်များနှင့်ဖြစ်တည်လာသော အလင်းလုံးသုံးလုံးတို့သည် ကြီးမားသည်အရှိန်အဟုန်နှင့်အတူ ရှေ့သို့ တိုးဝင် လာတော့သည်။ ပြီးနောက်မှာတော့ အလွန်တရာပြင်းထန်လှသော လေလှိုင်းအဟုန်များကြောင့် သစ်ပင်များ၊ မြက်ပင်များအားလုံးတို့သည် လေနှင့်အတူ လွှင့်စင်သွားတော့သည်။

အဝေးတစ်နေရာတွင်ရှိနေသော မြို့တော်ဝန်ရှဲ့သည် ထိတ်လန့်တုန်လှုပ်သွားမိ၏။ သူတွေးလိုက်မိသည်။ ဒီနေရာမှာ ငါသာဆိုရင် အသက်ဆယ်သက်ရှိတယ်ဆိုရင်တောင် အသက်ရှင်မှာ မဟုတ်ဘူး။

သူသည် ကျွင်းချောင်ရှောင်းကို ထပ်မံကြည့်လိုက်ချိန်မှာတော့ နေရာမှာပင် မတ်မတ်ရပ်လျက်ရှိနေသည်ကို မြင်လိုက်ရ၏။

ဤတိုက်ခိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်မှာလား။

All Chapters