အခန်း (၄၅၃)
Vol. 31 Ch. 453
ကျွင်းချောင်ရှောင်းသည် သူ၏ အထူးတာဝန်ကို ပြည့်စုံစေခဲ့သည်ဆိုသော်လည်း ချင်းယန်နိုင်ငံနှင့် ချင်းယန်မြို့၏ ကပ်ဘေးကြီးအား ဖြေရှင်းနိုင်ခဲ့ခြင်းမဟုတ်ပေ။ အဓိကကျူးကျော်သူများဖြစ်သည့် ကျန်းယန်နိုင်ငံ၏ အန္တရာယ်မှာတော့ တည်ရှိနေသေးသည်။
မြောင်ဟွေ့၏ သံချပ်ကာမြင်းတပ်နှင့် တောက်ယွမ်၏ ကျားဆိုးတပ်ကြီးနှစ်ခုအား ခုခံတိုက်ခိုက်နိုင် ခဲ့သည်သာ ရှိသေး၏။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် သူ၏တပည့်များအား သံမဏိအရိုးဂိုဏ်းသို့ တိုက်ရိုက်မခေါ်ဆောင်ဘဲနှင့် ချင်းယန်နိုင်ငံမှာသာ ဆက်လက်နေထိုင်စေကာ သုံးဒဿမခြောက်သန်းသော လူတို့အား ကူညီပေးရန် ဆုံးဖြတ်လိုက်၏။
ဓားနှင့်သိုင်းဘုရင်ဖြစ်ပြီးသည့်နောက်မှာတော့ သူသည် အဆင့်ခြောက် နိုင်ငံတစ်ခုဖြစ်သည့် ကျန်းယန်နိုင်ငံကို ရင်ဆိုင်ရန် ယုံကြည်ချက်ပိုမို၍ မြင့်မားလာခဲ့ပြီ ဖြစ်သည်။ သံမဏိအရိုးဂိုဏ်းသည် ချင်းယန်မြို့တွင် ဆက်လက်နေထိုင်မည်ဖြစ်သောကြောင့် မြို့တော်ဝန်ရှဲ့ သည် မျက်ရည်ကျလုမတတ် စိတ်လှုပ်ရှားနေမိ၏။
ညရောက်ချိန်မှာတော့ မြို့၏ မြို့တော်ခန်းမတွင် စားပွဲတစ်ခုကျင်းပခဲ့၏။ ဝိုင်သုံးခွက်လောက် သောက်ပြီးသည့်နောက်မှာတော့ သူသည် ကျွင်းချောင်ရှောင်းအား မျက်ရည်လည်ရွှဲဖြင့် ကျေးဇူးတင် စကားဆိုတော့သည်။ ခံစားချက်ပြင်းထန်လွန်းသောကြောင့် ဒူးထောက်၍ပင် ကျေးဇူးတင်နေသေးသည်။
“ကျေးဇူးတင်ပါတယ် မြို့တော်ဝန်”
ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်အား အသာဖက်ကာ ပြောလိုက်၏။ “ဒီချင်းယန်နိုင်ငံ၊ ချင်းယန်မြို့က ကိုယ့်ရဲ့အိမ်လို့သတ်မှတ်ထားတယ်လို့ ပြောပြီးသားလေ။ ဒီတော့ ပြင်ပက လူတွေလာပြီး အနိုင်ကျင့်ဗိုလ်ကျတာကို သည်းခံနေမှာမဟုတ်ဘူး … လာ”
သူသည် ဝိုင်ခွက်ကို မြှောက်ကာပြောလိုက်၏။ “ဘာမှဆက်ပြောမနေနဲ့တော့၊ ဒီဝိုင်ခွက်ထဲမှာ စကားလုံးတွေရှိတယ်၊ သောက်ကြရအောင်”
မြို့တော်ဝန်ရှဲ့သည် တစ်ညလုံးအားရပါးရ သောက်တော့သည်။ သူသည်အမူးလွန်ပြီးသည့်နောက်မှာ တော့ ဝိုင်ခွက်လွတ်ကြီးတစ်ခုကို ကိုင်ဆောင်ကာ လှည့်ပတ်ကခုန်လျက်ရှိနေ၏။
ကျွင်းချောင်ရှောင်းမှာ အရက်မူးပြီး ချစ်စဖွယ်ကခုန်လျက်ရှိသော မြို့တော်ဝန်ရှဲ့အား ငြိမ်ငြိမ်သက်သက်ဖြင့် ကြည့်ရှုနေသည်။ ပြီးတော့သူသည် သူတော်စင်အဆင့်စိတ်ဝိညာဉ် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်အား သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။
သူသည် အထူးတာဝန်ကို ပြည့်စုံစေရုံသာမက ဓားနှင့် သိုင်းဘုရင်တစ်ယောက်လည်းဖြစ်လာခဲ့၏။ ထို့အပြင် စည်းဖွင့်ခြင်းအဆောင်တစ်ခု၊ သူတော်စင်အဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးပုလင်း တစ်ပုလင်းတို့အား ရရှိခဲ့သည်။ ဤအရာမှာ အလွန်တရာစိတ်ကျေနပ်ဖွယ်ရာကောင်းသော ရလဒ်ပင် ဖြစ်တော့၏။ သူသည်ပုလင်းကိုဖွင့်ပြီးနောက် တစ်ခါတည်းမော့သောက်လိုက်သည်။
ဒင်
“ဂုဏ်ယူပါသည် …. လက်ခံသူသည် ပင်ကိုယ်စွမ်းရည်စိတ်ဝိညာဉ်အမြစ်သည် အထူးအဆင့်မှသည် သူတော်စင်အဆင့်ဆီသို့ တိုးတက်ရောက်ရှိသွား၏”
စိတ်ဝိညာဉ်အမြစ် တိုးတက်ရောက်ရှိခြင်းသည် ပြန်လည်မွေးဖွားလိုက်သလို အလွန်တရာကောင်းမွန် သည့်ခံစားချက်မျိုးကို ရရှိနေ၏။ သို့ပေမဲ့ ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းအကူအညီနှင့် သူသည် မယုံနိုင်စရာကောင်းသော အနာဂတ်ကို ပိုင်ဆိုင်တော့မည်ဖြစ်သည်။
“ထူးဆန်းလိုက်တာ”
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။ “ငါ့ရဲ့ စိတ်ဝိညာဉ်အမြစ်က တိုးတက်သွားခဲ့ပြီ၊ ဒါပေမယ့် ဘာလို့ပြောင်းလဲမှုကို မခံစားရတာလဲ”
စနစ်မှပြောလိုက်သည်။ ပြောင်းလဲမှုဆိုတာ အားအင် တစ်သန်း လောက် တိုးတက်လာတာမျိုးကို ဆိုလိုချင်တာလား”
“အမှန်ဘဲ”
“ထပြီးသွားအိပ်လိုက်တော့၊ အိမ်မက်ထဲမှာဘဲဖြစ်လိမ့်မယ်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ကျိန်ဆဲလိုက်၏။
ပြီးနောက် သူ၏ လက်များကို ပွတ်သပ်ကာ စနစ်၏ စတိုးဆီသို့ သွားလိုက်တော့သည်။ ဤအတော အတွင်းတွင် အရာကိစ္စများ ပြုလုပ်စရာအများအပြား ရှိနေခဲ့၏။ ထို့ကြောင့်သူသည် လက်ရှိအားနေချိန် မှာတော့ ပိုလျှံနေသော ဂိုဏ်းစုဆောင်းအမှတ် ၄၈၉၂ မှတ်ကို အသုံးပြုရပေမည်။
စဉ်းစားနေစရာလည်းမလိုပေ။ အလယ်အလတ်စတိုးဆီသို့ သူစတင်ကာဝင်ရောက်လိုက်တော့သည်။ အရင်တုန်းက ၅မှတ်တိုးလာခဲ့သော သူ၏ ကံတရားအမှတ်များကို စမ်းသပ်ချင်နေချင်ခြင်းဖြင့် သူသည် အစဦး အဆင့်စတိုးတွင် စမ်းသပ်ခဲ့ပြီး လက်ရှိအခြေအနေမှာတော့ များပြားလှသည့် ဂိုဏ်းစုဆောင်းမှတ် များရှိနေပြီဆိုသောကြောင့် အလယ်အလတ်စတိုးတွင် စမ်းသပ်ရန်ယုံကြည်မှုရှိနေ၏။
သူသည်အလယ်အလတ်စတိုးအား refresh လုပ်လိုက်တော့သည်။
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၉၇၉၂/၅၀၀၀”
အသစ်ပေါ်လာခဲ့သော ပစ္စည်းများမှာ များပြားလွန်းလှ၏။ ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် သေချာကြည့်ရှုနေသည်။ ပထမဦးဆုံး သူ၏မျက်စိထဲသို့ ဝင်လာသည့်အရာမှာ ဂိုဏ်းအရာဝတ္ထုပစ္စည်းဆိုသည့် အရာပင် ဖြစ်တော့သည်။ အသေးစိတ်အချက်အလက်များအရ ဤစက်သည် အချက်ငါးချက်ပါ၏။
လက်နက်စက်၊ အရာဝတ္ထုစက်၊ သိုင်းစွမ်းရည်စက်၊ ဆေးလုံးစက်နှင့် ရတနာစက်တို့ပင်ဖြစ်သည်။ လုပ်ဆောင်နိုင်မှုသည် လက်ခံသူ၏ သိုလှောင်လက်စွပ်နှင့်ချိတ်ဆက်ထားပြီဖြစ်ပြီး အတွေး တစ်ချက်နှင့်ပင် များပြားလှသောပစ္စည်းများကို တပည့်များ ရယူနိုင်ရန် စီစဉ်ပေးထားနိုင်၏။ ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “လက်နက်တွေ၊ ပစ္စည်းပစ္စယတွေ၊ ဆေးလုံးတွေ အားလုံးကို လူကိုယ်တိုင်ပေးတာနဲ့စာရင် ဒီကနေ တဆင့်ပေးတာ ပိုပြီးအဆင်ပြေတာဘဲ”
“ဝယ်မယ်”
ဒင်
“လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အား အသုံးပြု၍ ဂိုဏ်းအရာဝတ္ထုစက်ပစ္စည်းတစ်ခုကို ဝယ်ယူခဲ့၏၊ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပေးပါမည်”
ဒင်
“ဂိုဏ်းစုဆောင်းမှတ် - ၈၇၉၂/၅၀၀၀”
ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ ကြည့်ရှုလိုက်တော့၏။ မကြာခင်မှာဘဲ သူသည် အကာအကွယ် သိုင်းနည်းစနစ်တစ်ခုဖြစ်သော စိတ်ဝိညာဉ်ချပ်ဝတ်ဆိုသည့် အရာဝတ္ထုကို သူမြင်လိုက်ရ၏။ အရည်အသွေးမှာ မြင့်မားလှသည်မဟုတ်သော်လည်း အဆင့်မြင့် အလယ်အလတ်အဆင့် နီးပါးရှိ၏။
သို့ပေမယ့် အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဆိုလျှင် စိတ်ဝိညာဉ် စွမ်းအင်များကို ချပ်ဝတ်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး ခန္ဓာကိုယ်အပေါ်တွင် ဝတ်ဆင်နိုင်၏။ အလွန်တရာ အားကောင်းလှသော ခုခံကာကွယ်နည်း စနစ်တစ်ခုဘဲဖြစ်သည်။
“ဒါပစ္စည်းကောင်းတစ်ခုဘဲ”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချက်ချင်းဘဲလင်းလက်သွား၏။ စည်းအကာအကွယ်သည်လည်း အကာအကွယ်သိုင်းနည်းစနစ်တစ်ခုဖြစ်၏။ သို့ပေမယ့် လုပ်ဆောင်နိုင်မှုဆိုသည်မှာ ခန္ဓာကိုယ်၏ရှေ့တွင် ကာကွယ်ရုံသာရှိသည်။ တန်ပြန်တိုက်ခိုက်မှုကို မပြုလုပ်နိုင်ပေ။ တန်ပြန်တိုက်ခိုက်မှုပြုလုပ်သည်ဆိုပါက စည်းအကာအကွယ်သည် ပျောက်ကွယ်သွားပေလိမ့်မည်။
ထို့ကြောင့် သံချပ်ကာဝံပုလွေတပ်သားများသည် ကျားဆိုးတပ်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့စဉ်က မည်သူမျှ ထိုနည်းစနစ်ကို ထုတ်ဖော်အသုံးမပြုခဲ့ခြင်းပင် ဖြစ်တော့သည်။ စိတ်ဝိညာဉ်ချပ်ဝတ်ဆိုသည်မှာတော့ ခြားနားလွန်း၏။ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ခန္ဓာကိုယ်၏ရှေ့တွင် ချပ်ဝတ်တစ်ခုကဲ့သို့ ဖန်တီး ရခြင်းဖြစ်ပြီး တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်မည် ဆိုလျှင်တောင်မှ ချပ်ဝတ်သည် ပျောက်ကွယ်သွားမည် မဟုတ်ချေ။
“ဝယ်မယ်၊ ဝယ်မယ်”
သူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အားအသုံးပြု၍ စိတ်ဝိညာဉ်ချပ်ဝတ်ဆိုသည့် ပစ္စည်းအား ဝယ်ယူ လိုက်တော့သည်။ စနစ်သည် ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်နှင့် အလိုအလျောက် လိုက်ဖက်ညီသွားကြောင်း သတိပေးလာခဲ့သည်။ ထို့ကြောင့်သူသည် နည်းစနစ်အား မိတ္တူ ငါးထောင် တစ်ခါတည်း ဆွဲယူလိုက်တော့၏။
ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ ဖတ်ရှုလိုက်တော့သည်။
မကြာခင်မှာဘဲ သူ၏အကြည့်များသည် စဦးအဆင့် စိတ်ဝိညာဉ်ဆေးလုံးဆိုသည့်အရာဆီသို့ ရောက်ရှိ သွားခဲ့သည်။ အလယ်အလတ်စတိုးတွင် အလယ်အလတ်အဆင့်ပစ္စည်းများသာရှိ၏။ စဦးအဆင့်ဆိုသည့် ပစ္စည်းအား ပထမဦးဆုံးအကြိမ် သူမြင်ဖူးခဲ့ခြင်းဖြစ်တော့၏။ အသေးစိတ် အား သူနှိပ်ကြည့်လိုက်၏။
“ပစ္စည်းအမျိုးအစား - စဦးအဆင့်စိတ်ဝိညာဉ်ဆေးလုံး”
“မိတ်ဆက် - ထိုက်ရှန်လောင်ကျွမ်းသည် ယင်ရှောင်ကွန်းနတ်ဘုရားနည်းကို အသုံးပြခဲ့ပြီး သန့်စင်ခဲ့သော ဆေးတစ်ခုဖြစ်သည်၊ သို့ပေမဲ့ မအောင်မြင်သောပစ္စည်းသာဖြစ်သည်”
“အစွမ်းသက်ရောက်မှု - ကုရခက်ခဲလှသော ရောဂါများအားလုံးကို ကုသနိုင်စွမ်းရှိသည်”
“အစွမ်းမသက်ရောက်မှု - ဤအရာသည် မအောင်မြင်သည့် စမ်းသပ်ထုတ်ကုန်တစ်ခုသာဖြစ်သောကြောင့် သိုင်းဘုရင်အဆင့်နှင့်အောက် ကျင့်ကြံသူများသာလျှင် အသုံးပြု၍ ရနိုင်၏”
“ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ မှတ်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်၏ “စမ်းသပ်ထုတ်ကုန်တစ်ခု ထိုက်ရှန်လောင်ကျွမ်း သန့်စင်ထားတဲ့ စမ်းသပ်ထုတ်ကုန်တစ်ခုဘဲ”
စနစ်မှ ပြောလိုက်သည်။ “စိတ်ဝင်စားနေပြီလား”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။
“ကံဆိုးတာက သိုင်းဘုရင်အဆင့်နဲ့အောက် ကျင့်ကြံသူတွေဘဲ အသုံးပြုလို့ရတာ၊ မဟုတ်ရင် အကြီးအကဲဝေရဲ့ ရောဂါကိုကုသဖို့ ငါကျိန်းသေပေါက်ဝယ်မှာ”
“ဒါဆိုရင်အသုံးမဝင်ဘူးပေါ့”
စနစ်ကပြောလိုက်၏။ “လက်ခံသူ ဒါဆိုလည်းမဝယ်နဲ့လေ”
ကျွင်းချောင်ရှောင်းသည် ခနလောက်တွေးလိုက်၏။ ပြီးနောက်ဆက်ဖတ်လိုက်သည်။ ထိုအချိန်မှာဘဲ ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရသွား၏။ “ဒါက ခန်းမသခင်ရှစ်ရဲ့ မျက်လုံးရောဂါကို ကုသနိုင်မယ်ထင်တယ်”
စနစ်မှ ပြောလိုက်၏။ “မြောင်ဟွာခန်းမသခင်ရဲ့အဆင့်က သိုင်းစစ်သူကြီးအဆင့်ကိုးလေ၊ ဒါကြောင့်သူမက ကုသနိုင်မှု လိုအပ်ချက်နှင့် ကိုက်ညီတယ်”
ရှစ်ကျန်းရွမ်၏ ကျင့်ကြံခြင်းအဆင့်ကို ကျွင်းချောင်ရှောင်းသည် ပထမဦးအကြိမ် ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “သူမက အသက် နှစ်ဆယ် မပြည့်ခင်မှာဘဲ သိုင်းစစ်သူကြီး အဆင့်ကိုးကို ရောက်နေတာ၊ အရမ်းအားကောင်း လွန်းတယ်၊ ဒါပေမယ့်ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ဖြစ်နေတာမို့ သူရဲကောင်းစာရင်းမှာ မပါဝင်နိုင် လောက်ဘူး”
အသက် နှစ်ဆယ် မပြည့်ခင်မှာဘဲ သိုင်းစစ်သူကြီးအဆင့်ကိုးကို ရောက်ရှိနေခြင်းဆိုသည်မှာ သူရဲကောင်းစာရင်း၌ ကောင်းကင်အဆင့်ထဲသို့ပင် ဝင်ရောက်နိုင်သည့် အစွမ်းအစမျိုးဖြစ်သည်။
“သူမအတွက် တစ်ခုလောက်ဝယ်လိုက်ရမလား”
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။ သူ၏ စိတ်ထဲတွင် ဇဝေဇဝါဖြစ်လို့နေသည်။ ဤအရာသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ အသုံးပြုလောက်သည်အထိ ထိုက်တန်မှုရှိသလား ဆိုသည်ကို သူစဉ်းစားနေမိ၏။
“ထားလိုက်တော့ ခနသိမ်းထားလိုက်မယ်”
ကျွင်းချောင်ရှောင်းသည် ဆက်လက်ပြီးပစ္စည်းများကို ကြည့်ရှုနေတော့သည်။ မကြာခင်မှာဘဲ သိုင်းနည်းစနစ် နှစ်ခုကို ထပ်မံတွေ့ရှိလိုက်သည်။ တစ်ခုသည် လက်ဝါးနည်းစနစ်တစ်ခုဖြစ်ပြီး အမျိုးသမီးများ ကျင့်ကြံရန်သင့်တော်သော နည်းစနစ်လည်းဖြစ်၏။ နောက်တစ်ခုမှာတော့ ပို၍ ထူးခြားလှသည်။
စိတ်နှလုံးအေးချမ်းခြင်းနည်းစနစ်ဟု ခေါ်ဆိုသည်။ ဤအရာသည် စိတ်ပိုင်းဆိုင်ရာကျင့်ကြံခြင်း နည်းစနစ် တစ်ခုဖြစ်ပြီး တစ်စုံတစ်ယောက်၏ စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်သည့်နေရာတွင် ကျင့်ကြံရသည့် အရာမျိုးလည်းဖြစ်သည်။ ကျင့်ကြံနေစဉ်အတွင်း တစ်စုံတစ်ခုတည်းပေါ်တွင် အာရုံစူးစိုက်ထားပြီး အခြားသော အတွေးများကို ဖယ်ရှားပေးနိုင်မည့် နည်းစနစ်တစ်ခုလည်းဖြစ်တော့သည်။
သံမဏိအရိုးဂိုဏ်း လိုအပ်နေသည်မှာ သိုင်းနည်းစနစ်များဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းစုဆောင်းမှတ်များ ပိုလျှံနေသည့်အချိန်နှင့် ကိုက်ညီနေသောကြောင့် တစ်ခါတည်း သိုင်းနည်းစနစ် နှစ်ခုစလုံးကို ဝယ်ယူလိုက်ပြီး မိတ္တူအစောင် ငါးဆယ်စီ ဆွဲလိုက်တော့၏။
ဂိုဏ်းစုဆောင်းမှတ်များကို အသုံးပြုပြီးသည့်နောက်မှာတော့ သူတွင် ဂိုဏ်းစုဆောင်းမှတ် ၅၆၄၂ မှတ်သာ ကျန်ရှိတော့သည်။ တခြားနည်းလမ်းလည်းမရှိတော့ပေ။ ဂိုဏ်းစုဆောင်းမှတ်များနှင့်ဆိုလျှင် သူသည် လိုချင်တာကို ရယူနိုင်စွမ်းရှိ၏။ ကျွင်းချောင်ရှောင်းသည် စတိုးဆီမှ ပြန်ထွက်လိုက်ပြီး စဦးစတိုးဆီသို့ သွားကာ ပင်ကိုယ် စွမ်းရည်ပြောင်းလဲခြင်းဆေးပုလင်း နှစ်ဆယ် အား ဝယ်ယူလိုက်၏။
ဤအရာသည် အရင်တိုက်ပွဲတုန်းက အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသခဲ့သော သံချပ်ကာ ဝံပုလွေတပ်မှ တပ်သားများအတွက် ဆုလာဘ်ပင်ဖြစ်တော့၏။
“ကျုံးရီ က စွမ်းဆောင်ရည် အရမ်းကောင်းတာဘဲ။ ပြီးတော့ တစ်ဖက်က တပ်မှူးကို အရှင်ဖမ်းလာ နိုင်သေးတယ်၊ သူ့ကို ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးပုလင်း တစ်ပုလင်းနဲ့ ဆုချရမယ်” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။
သူ့တွင် အလယ်အလတ်အဆင့် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးပုလင်း ခြောက်ပုလင်းရှိနေ၏။
ထို့ကြောင့် မည်သူ့ကို ပေးရမလဲဆိုသည်ကို တပည့်များ၏ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး စဉ်းစားလျက် ရှိနေ၏။ ထို့ပြင် အပြစ်ပေးမှုစနစ်ကလည်း ရှိနေသေး၏။ ကျုံးရီအား အမှတ်မထင်သေနတ်နှင့် ပစ်ခတ်မိခဲ့သော လီထျန်းထျန်သည် ကျိန်းသေပေါက် အပြစ်ပေးခံရပေလိမ့်မည်။
နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ချင်းယန်မြို့ထဲတွင်ရှိသော တပည့်များအားလုံးကို စုစည်း၍ စိတ်ဝိညာဉ်ချပ်ဝတ်ဟု ဆိုသော အကာအကွယ် နည်းစနစ်တစ်ခုကို သင်ပြပေးလိုက် တော့သည်။
ထို့အပြင် တိုက်ပွဲတွင် အကောင်းဆုံးစွမ်းဆောင်ရည်များကို ပြသခဲ့သော သံချပ်ကာဝံပုလွေ အဖွဲ့သားများ အားလုံးသည်လည်း ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်းဆေးပုလင်းများကို ရရှိခဲ့ကြသည်။ သောက်သုံးပြီးသည့် နောက်မှတော့ သူတို့သည် သာမန်အဆင့်မှ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်များကို ပိုင်ဆိုင် ရရှိသွားကြ၏။
ထင်မှတ်ထားသည့်အတိုင်းပင် အားလုံးသည် ဆွံ့အလျက်ရှိ၏။ အဆင့်မြင့်စိတ်ဝိညာဉ်အမြစ်မှသည် အထူးစိတ်ဝိညာဉ်အမြစ်ဆီသို့ ရောက်ရှိသွားသော ကျုံးရီသည် ဆွံ့အလျက်ရှိသည်။
စုရှောင်မို အသာလျှောက်လှမ်းလာပြီး ၎င်း၏ပခုံးကို အသာဖက်ကာပြောလိုက်သည်။ “ဂျူနီယာ ညီလေး ကျုံ အရမ်းကြီးအပျော်လွန်မနေနဲ့။ ဒါကလောကကြီးရဲ့ ပုံမှန်ပြဇာတ်တွေပါပဲ”