အခန်း (၄၅၇)
Vol. 31 Ch. 457
သိုင်းဘုရင် အဆင့်လေး ကျင့်ကြံသူတစ်ယောက် နှင့် သိုင်းဘုရင်အဆင့်သုံးကျင့်ကြံသူတစ်ယောက်တို့၏ နှစ်ဦးပေါင်းတိုက်ခိုက်ချက်မှာ အလွန်တရာ ပြင်းထန်လွန်းလှသည်။
အပြင်ခြံဝန်းဘက်တွင် ရှိနေသော ကျောက်ပြားများအားလုံးသည် တစ်စစီဖြစ်ကုန်ကြသည်။
တစ်ချိန်တည်းမှာပဲ ထိုသို့သော တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော အားအင်တို့သည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုနေကြသောသူများမှာ နောက်သို့ ခြေလှမ်း ခုနစ်လမ်း ရှစ်လမ်းလောက်ပင် ဆုတ်သွားကြရ၏။
၎င်းတို့သည် ခန္ဓာကိုယ်ပေါ်အပေါ်သို့ အလွန်တရာ အားကောင်းလှသော ဖိအားကြီး ကျဆင်းလာသလို ခံစားလိုက်ရပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးများသည် ကြမ်းကြမ်းတမ်းတမ်းပင် ဆူပွက်၍ လာသည်။
"ကောင်းကင်ဘုံ ဒီတိုက်ခိုက်ချက်က ကြောက်စရာ ကောင်းလွန်းလိုက်တာ"
အကြီးအကဲယုနှင့် တောင်ပြာဂိုဏ်း၏ အကြီးအကဲများ အားလုံးသည် စိတ်ပူပန်မိသွားကြသည်။ သူတို့သည် ကျွင်းချောင်ရှောင်းတစ်ယောက် အပြင်းအထန် ဒဏ်ရာ ရရှိသွားမည်ကို စိုးရိမ်သွားကြ၏။
ကျန်းယန်နိုင်ငံ၏ ကျွမ်းကျင်သူများမှာတော့ နှာခေါင်းရှုံ့လိုက်ကြသည်။
ဤကဲ့သို့ သိုင်းဘုရင်နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုမှာ အလွန်တရာအားကောင်းလှသောကြောင့် ထိုမုန်းတီးစရာ လူသားသည် ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။
ဆွစ်
ဖြစ်ပေါ်နေသော လေလှိုင်းအဟုန်များ ကွယ်ပျောက်သွားပြီးနောက် ရှင်းလင်းစွာ မြင်လိုက်ရတော့၏။
တိုက်ခိုက်ရေးတည်နေရာ၌ ရွှေတင်းဖန်နှင့် ကျွမ့်ယုံတို့မှာတော့ တိုက်ခိုက်နေရင်းပုံစံဖြင့် ရှိနေကြပြီး အလွန်တရာပြင်းထန်လှသော စွမ်းအင်လှိုင်းများသည် ပတ်ဝန်းကျင်တွင် တစ်ရိပ်ရိပ်နှင့် ဖြစ်တည်လျက်ရှိနေသည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းမှာတော့ စောနက တည်နေရာမှာတင် ရှိနေတုန်းဖြစ်သည်။ သို့ပေမဲ့ သူ၏ အဖြူရောင် အဝတ်အစားများပေါ်တွင် အမဲရောင်ချပ်ဝတ်တစ်ခုက အစားထိုးရောက်ရှိလို့နေ၏။
ဝိညာဉ်ချောင်းဂိုဏ်းတို့မှ သိုင်းဘုရင်နှစ်ယောက်တို့သည် သူတို့၏ ရန်သူအား ထိမှန်အောင် ရိုက်နှက်နိုင်ခဲ့သည်။ သို့ပေမဲ့ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို မထိနိုင်ခဲ့ချေ။ ချပ်ဝတ်ကိုသာ ထိမှန်ခဲ့ခြင်းဖြစ်သည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ကျွမ့်ယုံသည် တုန်လှုပ်သွားမိ၏။ သူနှင့် အကြီးအကဲရေွှ၏ ပူးပေါင်းတိုက်ခိုက်မှုသည် အနည်းဆုံး ဂျင်လေးသန်းနည်းပါးခန့် အားအင်များ ပါဝင်နေ၏။
သိုင်းဘုရင် ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် ထိုသို့သော တိုက်ခိုက်ချက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
အဘယ့်ကြောင့် ဤနေရာတွင် မတ်မတ်ရပ်နေနိုင်သနည်း။
ရွှေတင်းဖန်၏ မျက်နှာသည် ပျက်ရွင်းသွား၏။
သို့ပေမဲ့ သူသည် ကျွမ့်ယုံထက်ပို၍ တုန့်ပြန်မှု မြန်လှသည်။ ချက်ချင်းဆိုသလိုပဲ ရန်သူ၏ အခြေအနေကို သုံးသပ်လိုက်မိသည်။
တစ်ဖက်လူသည် ချပ်ဝတ်တစ်ခုကို ဝတ်ဆင်ထားသည်ကို သူ သေချာမြင်လိုက်ရသည်။ ဤမျှပြင်းထန်လှသော တိုက်ခိုက်မှုကို ဘာမှမဖြစ်သကဲ့သို့ ခုခံနိုင်သည်ဆိုသည်မှာ အဆင့်မြင့် အရည်အသွေးနှင့် အကာအကွယ် ချပ်ဝတ်ရှိနေသောကြောင့် ဖြစ်ရမည်။
မှားပေသည်။ ဤအရာသည် အရာဝတ္ထုပစ္စည်းတစ်ခု မဟုတ်ပေ။
ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ် ချပ်ဝတ် နည်းစနစ် မှ ဖြစ်တည်လာသော ချပ်ဝတ်ပင် ဖြစ်သည်။
စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်လွန်းလှသောကြောင့် အစစ်အမှန်ချပ်ဝတ်တစ်ခုအဖြစ် ထင်မှတ်မိနေသည်သာမက ၎င်း၏ စိတ်ခံစားချက်အရ အမဲရောင် အဖြစ်သို့ပင် ပြောင်းလဲလျက်ရှိ၏။
အကြီးအကဲမာသည် ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့၏။ ထိုအရာသည် သူ့အား အလွန်အမင်း ဒေါသထွက်စေသည်။ ထို့ကြောင့်ပင် ချပ်ဝတ်သည် အမဲရောင်အဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
အမဲရောင်ဆိုသည်မှာ သေဆုံးခြင်းနှင့် သတ်ဖြတ်ခြင်းကို ကိုယ်စားပြုသည်။
ကျွင်းချောင်ရှောင်း တည်နေရာမှာတင် ရပ်တန့်နေသည်ကို မြင်ရချိန်မှာတော့ ဂိုဏ်းချုပ်ယုနှင့် တောင်ပြာဂိုဏ်း၏ အကြီးအကဲများ အားလုံးသည် ထိတ်လန့်တုန်လှုပ်သွားမိသည်သာမက ကြိတ်ကာ ဝမ်းသာမိကြ၏။
ကြည့်ရတာ ဂိုဏ်းချုပ်ကျွင်းသည် သူတို့ ထင်မှတ်ထားသည်ထက်ပင် ပိုမို၍ အားကောင်းနေပေလိမ့်မည်။
ဝှစ်။
ထိုအခိုက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရုတ်တရက်တစ်ဖက်သို့ လှည့်လိုက်၏။ အလယ်အလတ်အဆင့် အအေးဓားသည် ရုတ်တရက် သူ၏ လက်ထဲတွင် ပေါ်လာ၏။
အလွန်တရာ များပြားလှသော ဓားစွမ်းအင်များသည် တည်နေရာတစ်ခုတည်းတွင် ပေါ်လာသည်။
"နောက်ဆုတ်"
ရွှေတင်းဖန်နှင့် ကျွမ့်ယုံတို့သည် တစ်ပြိုင်နက်တည်းမှာပင် နောက်ဆုတ်လိုက်ကြသည်။
သူတို့သည် ဆန်းကြယ်လွန်းသော ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ အလွန်တရာ ထက်ရှလှသော ဓားချီများကို ရှောင်ရှားနိုင်သည် ဆိုပေမဲ့ ကျောဘက်၌ ချွေးစေးများ ပြန်လာကြ၏။
ဤလူ၏ လက်နက်သည် သွမ့်ရွှေဂိုဏ်းမှ သိုင်းဘုရင်ကိုပင် လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်သည်။ ထို့ကြောင့် ကျိန်းသေပေါက် သာမာန် လက်နက်တစ်ခု မဟုတ်နိုင်ပေ။ ဤလူသည် မည်ကဲ့သို့သော လူနည်း။
ရွှီ
ကျွင်းချောင်ရှောင်းသည် အရှေ့သို့ ကြည့်လိုက်၏။
သူ၏ မျက်လုံးမှာတော့ ကျွမ့်ယုံကို ပစ်မှတ်ထားနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် အေးစက်ပြီး ထက်ရှလှသော ဓားချီများ ပျံ့နှံ့လာသည်။
သူ မည်မျှ အားကောင်းလိုက်သနည်း။
တောင်ပြာဂိုဏ်း၏ အပြင်ခြံဝန်းတစ်ခုလုံး ထက်ရှလှသည့် အော်ရာများ ပေါ်ထွက်လာသည်။ အားလုံးသည် အလွန်တရာ ထိတ်လန့်သည့် ခံစားချက်မျိုးကို ခံစားလာရ၏။
ကျွမ့်ယုံဆီသို့ ပြေးဝင်သွားခဲ့သော ကျွင်းချောင်ရှောင်းသည် အလွန်တရာ ထက်ရှလှသော ဓားတစ်စင်း ကဲ့သို့ပင် ဖြစ်တည် သွားတော့သည်။
ဝမ် ဝမ် ဝမ်
အေးစက်ပြီး ထက်ရှလှသော ဓားအရှိန်များ၏ ဖုံးလွှမ်းမှုအောက်မှာတော့ များပြားလှသော ကျင့်ကြံသူများ ကိုင်ဆောင်ထားသော ဓားများသည် သူတို့၏ ဘုရင်ကို ဦးညွှတ်လိုက်သကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း တုန်ခါလာကြ၏။
ဤထူးဆန်းသော မြင်ကွင်းကို မြင်ရချိန်မှာတော့ ဂိုဏ်းချုပ်ယု၏ မျက်လုံးများသည် ပြူးထွက်သွားတော့သည်။ သူ ထအော်လိုက်မိသည်။ "ဓား … ဓားဘုရင်"
ရွှေတင်းဖန်သည် အလန့်တကြား ဖြစ်သွား၏။ "သူ …. သူက ဓားနဲ့ သိုင်းဘုရင်ပါ့လား"
"ဓားနဲ့ သိုင်းဘုရင် ဟုတ်လား"
အားလုံးသည် ပါးစပ်အဟောင်းသားဖြင့် ကျွင်းချောင်ရှောင်းအား ကြည့်မိလိုက်ကြသည်။
ဓားနှင့် သိုင်းဘုရင်ဆိုသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ပေါ်မလာသည်မှာ နှစ်ပေါင်း ၅၀၀၀ ထက်ကြာမြင့်ခဲ့ပြီ ဖြစ်၏။
မဟုတ်သေးပေ။
ချင်းယန်နိုင်ငံတွင် လွန်ခဲ့သည့် ရက်ကလေးကပင် မွေးဖွားခဲ့သည်။
"နေအုံး"
ကျန်းယန်နိုင်ငံ၏ ဂိုဏ်းနှစ်ခုမှ ကျွမ်းကျင်သူများသည် သူတို့ယခု ရောက်ရှိနေသည်မှာ ချင်းယန်နိုင်ငံမှ တောင်ပြာဂိုဏ်း ဖြစ်ကြောင်း ရုတ်တရက် သတိရမိလိုက်ကြ၏။
ကြည့်ရသည်မှာ ဤမျှ ငယ်ရွယ်လှသော ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်သည် သိုင်းဘုရင် တစ်ယောက်၏ အရှိန်အဝါမျိုးကို ထုတ်ဖော်နိုင်ရုံသာမက အခု ဓားဘုရင် တစ်ယောက်၏ အော်ရာများကို ထုတ်ဖော်နေသေးသည်။
ကြည့်ရသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက မွေးဖွားဖြစ်တည်ခဲ့သော ဓားနှင့် သိုင်းဘုရင် ဆိုသည်မှာ ဤလူငယ်သာ ဖြစ်ပေလိမ့်မည်။
"မယုံကြည်နိုင်စရာပဲ… မယုံကြည်နိုင်စရာပဲ"
ဒဏ်ရာရထားသော ဝမ်တုန်လင်သည် ဆွံ့အသွားမိ၏။
မကြာသေးခင်ကပင် ကောင်းကင်၌ ဖြစ်တည်ခဲ့သော အလင်းတန်းများ၏ ထူးခြားမှုကို မြင်ရချိန်၌ ဓားနှင့် သိုင်းဘုရင်တစ်ယောက် မွေးဖွားခဲ့သည်ဖြစ်ကြောင်း အားလုံးက နားလည်မိကြ၏။ ထိုအချိန်တုန်းက သူနှင့် မာယုံတန်သည် ဤမျှအားကောင်းလှသော ကျင့်ကြံသူတစ်ယောက်ပေါ်ထွန်းလာမည်ဆိုလျှင် ဂိုဏ်းချုပ်ကျွင်း သာဖြစ်မည်ဟု ပြောခဲ့ကြသေးသည်။
အဘယ့်ကြောင့်ဆိုသော် လောကကြီးတွင် မွန်းစတားဟူသော ဂုဏ်ပုဒ်နှင့် ကိုက်ညီသူမှာ ဂိုဏ်းချုပ်ကျွင်းသာ ရှိသည်မဟုတ်လား။
ယခု ဓားဘုရင်တစ်ယောက်၏ စွမ်းအားများကို ထုတ်ဖော်လိုက်ချိန်မှာတော့ ဝမ်တုန်လင်သည် သူခန့်မှန်းမိသည်မှာ မှန်ကန်သည်ဖြစ်ကြောင်း နားလည်လိုက်မိ၏။
ဂိုဏ်းချုပ်ကျွင်းသည် တကယ့်ကို မွန်းစတားတစ်ကောင်းကဲ့သို့ပင် ဖြစ်တော့သည်....။
……….
သိုင်းဘုရင်တစ်ယောက်၏ အော်ရာများကို ထုတ်လွှတ်လိုက်ချိန်၌ အားလုံးသည် ထိတ်လန့်တုန်လှုပ်မိကြသည်။ ယခု ဓားဘုရင်တစ်ယောက်၏ အရှိန်အဝါကို ဖွင့်ဟလိုက်ချိန်မှာတော့ အားလုံးသည် အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။
ရွှေတင်းဖန်နှင့် ကျွမ့်ယုံတို့မှာတော့ ဤလူငယ်သည် သိုင်းဘုရင်အဆင့်တစ် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သော်လည်းအဘယ့်ကြောင့် ဤမျှအားကောင်းနေရသနည်း ဆိုသည်ကို နားလည်သွားကြသည်။ ဤလူငယ်သည် ဓားနှင့် သိုင်းဘုရင် ဖြစ်လို့နေ၏။
ဝှစ်။
သူတို့နှစ်ယောက် ထိတ်လန့်နေချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် မြေပြင်ပေါ်သို့ တက်လိုက်၏။ ပြီးနောက် လေထဲသို့ လှမ်းခုန်လိုက်သည်။
လေထဲသို့ ရောက်ရှိသွားသော ဂိုဏ်းချုပ်ကျွင်းသည် နေတစ်စင်းနှင့် အပြိုင်ဆိုသလိုပင် ကြီးကျယ်လှသည် အရှိန်ကို ထုတ်လွှတ်လျက်ရှိနေ၏။
တည်နေရာထဲတွင် ငြိမ်သက်လျက်ရှိသော ကျွမ့်ယုံမှာ ကြောက်လန့်သွား၏။
သူ၏ အမူအရာသည်မှာ ချက်ချင်းဆိုသလိုပဲ ပျက်ရွင်းသွားပြီး အနောက်ဘက်သို့ ဆုတ်ခွာလိုက်တော့သည်။
သို့ပေမဲ့ သူ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ချိန်မှာပဲ ပတ်ဝန်းကျင်တစ်ခုလုံးရှိ ဓားဆန္ဒများသည် သူ့အား လှိုင်းတစ်ခုလုံးကဲ့သို့ ဖိနှိပ်ထားသလို သတိပြုမိလိုက်ရ၏။ ထိုဖိအား ကျရောက်ချိန်မှာတော့ သူ၏ ခြေထောက်များသည် လေးလံသွားရ၏။
"ဒါ"
ကျွမ့်ယုံသည် တုန်လှုပ်သွားမိ၏။
သူနားလည်သလောက်ဆိုလျှင် သိုင်းအုပ်စိုးသူများသာလျှင် ၎င်းတို့၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်၍ တစ်ဖက်လူအား ချုပ်နှောင်နိုင်စွမ်းရှိကြသည်။
သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ပြီးသည့် နောက်မှာတော့ တစ်စုံတစ်ယောက်သည် စိတ်ဝိညာဉ်စွမ်းအင်များကို နံရံတစ်ခုထဲသို့ ဖြစ်တည်အောင် ဖန်တီးလိုက်ပြီး တည်နေရာပတ်ဝန်းကျင်တစ်ခုလုံးကို စိတ်ဝိညာဉ်စွမ်းအင်များ ဖြန့်ကာ ကြည့်ရှုနိုင်ရုံသာ တတ်နိုင်ကြ၏။ သိုင်းအုပ်စိုးသူ အဆင့်ကို ရောက်ရှိမှသာလျှင် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ရန်သူအား ချုပ်နှောင်ခြင်းကို ပြုလုပ်နိုင်၏။
ကျွင်းချောင်ရှောင်းသည် လေထဲသို့ ခုန်တက်ပြီးသည့်နောက်မှာတော့ အလွန်တရာပြင်းထန်လှသော ဓားဆန္ဒများသည် သူ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာသည်။
ဤအရာသည် သိုင်းအုပ်စိုးသူတစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအင် ချုပ်နှောင်ခြင်း အခြေအနေနှင့် ဆင်တူလှသည် ဆိုသော်လည်း အစစ်အမှန်မှာတော့ လင်းကျန်ဓားသိုင်း၏ ဒုတိယတိုက်ကွက်ပင် ဖြစ်၏။
သူသည် အဆင့်ချိုးဖြတ်ပြီးသည့်နောက်မှာတော့ လင်းကျန့်ဓားကျမ်း၏ ဒုတိယတိုက်ကွက်ကို နားလည်သွားခဲ့ပြီဖြစ်သည်။
ဓားနှင့် သိုင်းဘုရင်အဆင့်ကို ရောက်ရှိပြီးသည့် နောက်မှာတော့ သူသည် လင်းကျန်ဓားသိုင်းအား နက်နက်နဲနဲ နားလည်နေခဲ့၏။
ပထမဦးဆုံး သူသည် သက်တန့်ရောင်စဉ် နည်းစနစ်ကို ထုတ်ဖော်ခဲ့သည်။ ပြီးနောက် စိတ်ဝိညာဉ်ချပ်ဝတ်နည်းစနစ်ကိုလည်း ထုတ်သုံးခဲ့၏။ ယခု လင်းကျန်ဓားသိုင်း၏ ဒုတိယသိုင်းကွက်ကိုပင် ထုတ်ဖော်နေသေးသည်။
ဂိုဏ်းချုပ်ကျွင်းသည် ယနေ့တွင် တိုက်ကွက်တော်တော်များများကို ထုတ်ဖော် အသုံးပြုသည်ဟု ဆိုရမည်။
ပြောရမည်ဆိုလျှင် သိုင်းစစ်သူကြီးအဆင့်တုန်းက သူ၏ တိုက်ခိုက်မှု အားအင်သည် အလွန်တရာ ကောင်းမွန်လှသော်လည်း တစ်စုံတစ်ခုလိုအပ်နေသလို ဖြစ်နေသေး၏။ လက်ရှိ ဓားနှင့် သိုင်းဘုရင် အဆင့်ကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူသည် မည်သည့် တိုက်ကွက်ကိုမဆို လွယ်လွယ်ကူကူ ထုတ်ဖော်အသုံးပြုနိုင်နေ၏။
ဝှစ်။
ကျွင်းချောင်ရှောင်းသည် လေထဲသို့ ခုန်တက်ပြီးသည့် နောက်မှာတော့ သူ၏ လက်ထဲမှ ဓားသည် ကျွမ့်ယုံအား ထိန်းချုပ်ထားတော့သည်။
သူ၏ မျက်လုံးများသည် အေးစက်နေ၏။
“ဒီနေ့မှာ နောက်ထပ် သိုင်းဘုရင်တစ်ယောက်ကို ကျုပ်သတ်မယ်။”
လှုပ်ရှားမှု ကန့်သတ်ခြင်း ခံလိုက်ရပြီး ကျွမ့်ယုံသည် တုန်လှုပ်သွား၏။ အလွန်တရာ အားကောင်းလှသည့် စိုးရွံ့မှုများသည် သူ၏ နှလုံးသားထဲသို့ ရောက်ရှိလာသည်။
“ငါ သေတော့မှာလား ….မဟုတ်ဘူး"
ကျွမ့်ယုံသည် ချက်ချင်းဆိုသလိုပဲ သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များကို အကုန် ထုတ်ဖော်ပြီး သူ၏ ရှေ့၌ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖြစ်တည်ထားသော နံရံကြီးတစ်ခုကို ဖန်တီးလိုက်တော့သည်။
ထိုအချိန်မှာတော့ နံရံ၏ အပြင်ဘက်တွင် လျှပ်စီးလှိုင်းများသည် ထပ်မံ ပေါ်ပေါက်လာ၏။
ခုခံကာကွယ်ခြင်း အလွှာနှစ်ခုကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ဝှစ် ဝှစ်။
ထိုအခိုက်မှာတော့ လေထဲတွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် လက်ထဲရှိ အအေးဓားနှင့် ခုတ်ပိုင်းလိုက်တော့၏။
ကောင်းကင်ပေါ်မှာတော့ အလွန်တရာ အားကောင်းလှသော ဓားချီများသည် ဓားမိုးများကဲ့သို့ ကျဆင်းလာသည်။
လင်းကျန်ဓားသိုင်း ..။
အသက်တစ်ရှိက်စာအတွင်းမှာပဲ ဓားချက် ၅၀၀ အား ထုတ်လွှတ်ခြင်း။