← Chapters

အခန်း (၄၅၈)

Vol. 31 Ch. 458

အခန်း (၄၅၈)

Vol. 31 Ch. 458

ကျွင်းချောင်ရှောင်းသည် အသက်တစ်ရှိုက်စာအတွင်း ဓားချက်ပေါင်း ၅၀၀ကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်တစ်ခုလုံးသည် ဓားစွမ်းအင်များနှင့်ပြည့်နက်လျက်ရှိပြီး အလွန်တရာ ကြည့်ကောင်းလွန်းလှ၏။

ဝှစ် ဝှစ်။

အလွန်တရာ သိပ်သည်းလွန်းသော ဓားစွမ်းအင်များသည် လေထုထဲမှာတော့ အေးစက်သည့် ဓားမိုးများအဖြစ် အကာအကွယ်အတားအဆီးကို ဖြတ်ကျော်ပြီး ကျွမ့်ယုံအပေါ်သို့ ကျဆင်းလာတော့သည်။

ဘန်း … ဘန်း … ဘန်း …။

စိတ်ဝိညာဉ်စွမ်းအင်တွေဖြင့် ဖြစ်တည်ထားခဲ့သော နံရံကြီးသည် ဓားချီပေါင်းများစွာ ကျဆင်းလာပြီး သည့်နောက်မှာတော့ ပျက်ဆီးသွားခဲ့တော့သည်။

ကျွမ့်ယုံ၏ လက်ထဲတွင် ရှိသော အထက်အဆင့် ရတနာသည် ချက်ချင်းဆိုသလိုပဲ ကွဲကြေသွားတော့သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးများသည် ပြောင်းပြန် စီးဆင်းလာ၏။

သူသည် အကောင်းဆုံး ထိန်းသိမ်း၍ စိတ်ဝိညာဉ်နံရံတစ်ခုကို ဖြစ်တည်ရန် ကြိုးစားနေရင်းမှာပဲ …..

ဘုန်း … ဘုန်း … ဘုန်း

ဓားချီများသည် အညှာအတာ ကင်းမဲ့စွာဖြင့် စိတ်ဝိညာဉ်စွမ်းအင်များကို ထပ်မံထိမှန်ခဲ့သည့် အချိန်တို အတွင်းမှာပဲ စိတ်ဝိညာဉ်စွမ်းအင်နံရံများသည် အက်ကွဲကြောင်းများ ဖြစ်တည်လာပြီး အလုံးစုံပြိုလဲ သွားခဲ့တော့သည်။

ဝေါ့။

ကျွမ့်ယုံသည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။

အစစ်အမှန် ရတနာနှင့် စိတ်ဝိညာဉ်စွမ်းအင်နံရံသည် အားလုံး ပြိုပျက်သွားခဲ့ပြီဖြစ်သည်။ အလွန်တရာ ပြင်းထန်လွန်းသော တိုက်ခိုက်ချက်ကို ခံယူလိုက်ရသည်မို့ သူကိုယ်တိုင်ပင်လျှင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားသည်။

သို့ပေမဲ့ ထိုမျှနှင့် မပြီးသေးချေ။

အလွန်တရာ အားအင်ကောင်းလွန်းလှသော ဓားစွမ်းအင်များသည် အေးစက်သည့် အလင်းတန်းများနှင့်အတူ ထပ်မံ၍ ရောက်ရှိလာခဲ့သည်။

"မဟုတ်ဘူး"

ကျွမ့်ယုံသည် မမျှော်လင့်စွာဖြင့် အော်ဟစ်လိုက်၏။

ဆွီ …. ဆွီ …။

ဓားချီ နှစ်ရာကျော်တို့သည် ချက်ချင်းပဲ သူ၏ ခန္ဓာကိုယ်အား ပိုင်းဖြတ်သွားတော့သည်။

ခန္ဓာကိုယ်၏ နေရာအနှံ့မှာတော့ အလွန်တရာ နက်လှသော ဓားဒဏ်ရာများ ပေါ်လာ၏။ သွေးများသည် အပြင်ဘက်သို့ ပန်းထွက်လာတော့သည်။

များပြားလှသော ကျင့်ကြံသူတို့၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။

ဤကဲ့သို့သော တိုက်ခိုက်ချက်သည် ခန္ဓာကိုယ်တစ်ခုလုံးအား အပိုင်းပိုင်း ပိုင်းဖြတ်သည်နှင့်ပင် ဆင်တူနေ တော့၏။

အချိန်ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ဓားစွမ်းအင်များသည် မည်သည့် အချိန်တုန်းကမှ မရှိခဲ့သလို ပျောက်ကွယ်သွားတော့သည်။

ကျွမ့်ယုံသည် တူညီသည့် တည်နေရာတွင် မတ်မတ်ရပ်နေရုံရှိသေးသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ ဓားရာများနှင့် ပြည့်နက်နေသည်။ သွေးများမှာလည်း ချင်းချင်းနီလျက်ရှိနေတော့၏။

အရေးကြီးသည့် အသက်ကို နှုတ်ယူသွားသော ဒဏ်ရာများမှာတော့ သူ၏ လည်ပင်းမှာ ရှိနေသည်။

လည်ပင်းတွင် အလွန်တရာ နက်နဲလှသော ဓားချက်ကြီးလေးခု တည်ရှိလို့နေ၏။

သူ၏ မျက်နှာ အမူအရာသည် ရှုတွလျက်ရှိပြီး မျက်လုံးများမှာတော့ အသိစိတ်ကင်းမဲ့သွားသည်။

"အကြီးအကဲကျွမ့်"

ဓားစွမ်းအင်များ၏ အပြင်ဘက်တွင် ရှိသော ရွှေတင်းဖန်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

သို့ပေမဲ့ သူ အော်ဟစ်လိုက်ချိန်မှာပဲ သူ့အား နောက်ကျောပေးထားသော ကျွမ့်ယုံသည် အရှေ့သို့ ငိုက်ကာ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။

ကျွင်းချောင်ရှောင်းသည် ယနေ့၌ သိုင်းဘုရင် နောက်တစ်ယောက်ကို ထပ်မံသတ်ဖြတ်ခဲ့ပြီဖြစ်သည်။

ဤသိုင်းဘုရင်သည် တတိယအဆင့် သိုင်းဘုရင်တစ်ယောက်လည်း ဖြစ်သည်။

အတွင်းမှာရှိသမျှ လူအားလုံးသည် ထိတ်လန့် တုန်လှုပ်သွားကြ၏။

ကျန်းယန်နိုင်ငံ၏ ဂိုဏ်းများမှကျွမ်းကျင်သူများသည်လည်း ထိတ်လန့်တုန်လှုပ်နေကြသည်။

အရှေ့တောင်ရန်ကျူး တစ်ခုလုံး၏ ထိပ်တန်း ကျွမ်းကျင်သူဟု သတ်မှတ်ရသည့် လူသည် ယနေ့တွင် သတ်ဖြတ်ခံလိုက်ရသည်။

ဤလူသည် မယုံနိုင်ဖွယ်ရာပင် ဖြစ်တော့၏။

သို့ပေမဲ့ ကျွမ့်ယုံကို သတ်ဖြတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ စူးရှသော မျက်လုံးများသည် ရွှေတင်းဖန်ဆီသို့ ကျရောက်သွားသည်။ ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ "နောက်ထပ် ခင်ဗျားအလှည့်"

သူ့အနေနှင့် ဆက်တိုက် ဆက်လက် သတ်ဖြတ်ချင်နေသေးသည်။

ကျန်းယန် နိုင်ငံ နှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးကို သူပြောပြချင်သည်မှာ သူ၏ သူငယ်ချင်းအား ထိခိုက်နာကျင်အောင် လုပ်သည့် လူများအားလုံး၏ အသက်ကို နှုတ်ယူမည်ဟု သိစေချင်ခြင်းပင်။

လုချင်းချင်းသည် မျက်မှောင်ကုတ်ကာဖြင့် တွေးလိုက်မိသည်။ "ဂိုဏ်းချုပ်ကျွင်းက ဆက်တိုက် သတ်ဖြတ်နေတာပဲ။ အဆင့်လေးဂိုဏ်းနှစ်ခုကို ပြသနာရှာသလိုဖြစ်မှာ သူ မစိုးရိမ်ဘူးလား မသိဘူး။"

သို့ပေမဲ့ သေချာစဉ်းစားကြည့်လိုက်ချိန်မှာတော့ ဂိုဏ်းချုပ်ကျွင်းသည် အဆင့်သုံး မိစ္ဆာဂိုဏ်းနှစ်ခုကိုပင် ပြသနာရှာခဲ့ပြီးပြီဖြစ်၏။

ထို့ကြောင့် အဆင့်လေး ဂိုဏ်းနှစ်ခုကို ပြသနာရှာသည်ဆိုသည်မှာ ဦးနှောက်ထဲပင် ထည့်၍ စဉ်းစားနေလိမ့်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် အမှန်တကယ်ပင် တစ်ချက်ကလေးမှ စိုးရွံမှု မရှိချေ။

အမှန်တကယ် ထိပ်လန့် ကြောက်ရွံ့နေသူမှာ ရွှေတင်းဖန်သာ ဖြစ်တော့၏။

ထိုအခိုက်မှာတော့ ရွှေတင်းဖန်၏ မျက်လုံးများသည် ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာများနှင့် ဖြစ်နေသည်။

သူ၏ စိတ်များမှာတော့ နောက်သို့ ဆုတ်ခွာသွားချင်နေ၏။

ဓားနှင့် သိုင်းဘုရင်ဆိုသည်မှာ သူ ယှဉ်ပြိုင်တိုက်ခိုက်၍ မရနိုင်သည့် အရာပင် ဖြစ်တော့သည်။

ထို့အပြင် လက်ရှိ ဓားနှင့် သိုင်းဘုရင်ဆိုသည်မှာ စိတ်ဝိညာဉ်များနှင့် ချုပ်နှောင်မှုများကို လုပ်နိုင်သော လူတစ်ယောက်လည်း ဖြစ်လို့ နေသေး၏။

သို့ပေမဲ့ သူ ဤကဲ့သို့သာ နောက်ဆုတ်၍ ထွက်ပြေးသွားမည်ဆိုလျှင် ဝိညာဉ်ချောင်း ဂိုဏ်းဆီသို့ သူ မည်သို့ မျက်နှာ ပြရမည်နည်း။

ရွှီ ….။

ရွှေတင်းဖန်သည် သူ၏ လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြုလိုက်ပြီး လေးညှို့မှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းကဲ့သို့ပင် ဝုန်းခနဲ ပြေးထွက်တော့သည်။

မျက်နှာပျက်တော့လည်း ဘာဖြစ်သနည်း။ လောကတွင် အရေးကြီးဆုံးမှာ အသက်ရှင် နေထိုင်ရခြင်းပင် ဖြစ်၏။

ထို့ကြောင့် တိုက်ခိုက်လိုခြင်း လုံးဝမရှိတော့သော သိုင်းဘုရင်တစ်ယောက်သည် ထွက်ပြေးလွတ်မြောက်ခြင်းကိုသာ အာရုံစိုက်လိုက်ချိန်မှာတော့ အလွန်တရာ ပြေးလွှား‌နိုင်လေ၏။

မျက်စိတမှိတ်အတွင်းမှာပဲ ရွှေတင်းဖန်သည် တောင်ပြာဂိုဏ်းဆီမှ ခုန်ထွက်နိုင်ခဲ့၏။ အကြိမ်အနည်းငယ် ခုန်ထွက်ပြီးသည့်နောက်မှာတော့ သူသည် တောင်ပြာဂိုဏ်း၏ တောင်ခြေရှိ တောထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ကျွင်းချောင်ရှောင်းသည် ထိုသူနောက်သို့ မလိုက်ပေ။

ထိုအစား ထိတ်လန့် ကြောက်ရွံ့နေသော ကျန်းယန် နိုင်ငံ၏ ကျွမ်းကျင်သူများဆီသို့ လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ "မှတ်ထားကြ။ ခင်ဗျားတို့ဆီမှာ အားအင်မရှိဘူးဆိုရင် ကျုပ်တို့ကို စိန်မခေါ်နဲ့"

"ကောင်းပါပြီ‌ ကောင်းပါပြီ"

အားလုံးက အလောတကြီးဖြင့် ပြောလိုက်ကြ၏။

ဝှစ် … ဝှစ်။

ဓားအလင်းများ ဖြတ်ပြေးသွားခဲ့သည်။

သူသည် ဓားအား ဓားအိမ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်တော့သည်။

ကျန်းယန်နိုင်ငံ၏ ကျွမ်းကျင်သူများနှင့် ကြည့်ရှုနေကြသော တောင်ပြာဂိုဏ်းမှ ကျင့်ကြံသူများအားလုံးသည် အံ့အားသင့်မိနေကြ၏။

အဘယ့်ကြောင့်ဆိုသော် ကျန်းယန်နိုင်ငံမှ ကျွမ်းကျင်သူများ၏ လည်ပင်းပေါ်တွင် ဓားရာများ ဖြစ်တည်နေသောကြောင့် ဖြစ်သည်။

သိုင်းဘုရင် သုံးယောက်နှင့် သိုင်းစစ်သူကြီး နှစ်ဆယ်တို့သည် တောင်ပြာဂိုဏ်းအား ဒုက္ခပေးရန် ရောက်ရှိလာကြခြင်းဖြစ်၏။

သို့ပေမဲ့ ထွက်ပြေးသွားခဲ့သော ရွှေတင်းဖန်မှလွဲ၍ အားလုံးသော လူအားလုံးသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။

"မဟုတ်ရင် …"

ကျွင်းချောင်ရှောင်းသည် သူ၏ စကားကို ဆက်ပြောလိုက်သည်။ "ခင်ဗျားတို့ အားလုံး ဒီမှာသေမယ်"

တောင်ပြာဂိုဏ်းတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။

အချိန်တိုအတွင်းမှာပဲ ဂိုဏ်းချုပ်ကျွင်းသည် သိုင်းဘုရင်နှစ်ယောက်နှင့် များပြားလှသော သိုင်းစစ်သူကြီးများအား သတ်ဖြတ်ပစ်ခဲ့သည်။

အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

“ကျွင် …”

ဂိုဏ်းချုပ်ယုသည် အလောင်းများအား အကြည့် လွှဲ၍ ကျွင်းချောင်ရှောင်းအား လှမ်းခေါ်ရန် ပြင်လိုက်ချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေဘုရင်ကို စီးနင်းကာ ပျောက်ကွယ်သွားတော့သည်။

ဝှစ် … ဝှစ်။

တောအုပ်ကြီးထဲမှာတော့ ရွှေတင်းဖန်သည် သူ၏ လှုပ်ရှားမှု နည်းစနစ်ကို အတင်းထုတ်ဖော် အသုံးပြု၍ ကျန်းယန်ုနိုင်ငံဆီသို့ ပြေးလျက်ရှိနေသည်။

သူသည် တောင်ပြာဂိုဏ်းရန် အမိန့်ကို လက်ခံရရှိခဲ့၏။

သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ယောက်နှင့် ဆုံတွေ့ခဲ့၏။ ဤအရာသည် သူ ဘယ်တုန်းကမှ မထင်မှတ်ထားသော ကိစ္စပင် ဖြစ်တော့သည်။

"ချီးတဲ့မှ"

ရွှေတင်းဖန်သည် အကြီးအကဲ ကျွမ့် သေဆုံးသွားသည်ကို တွေးလိုက်ချိန်မှာတော့ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းက ဝိညာဉ်ချောင်း ဂိုဏ်းက လူတွေကို သတ်ပစ်ခဲ့တယ်ဟုတ်လား။ ငါက တောင်ပြာဂိုဏ်းတစ်ခုလုံးကို မြေမြုပ်ပစ်မယ်။ ချင်းယန်နိုင်ငံတစ်ခုလုံးကို ဖျက်ဆီးပစ်မယ်။"

အစကနေ အဆုံးထိ ဤလူငယ် ဘယ်သူလဲ ဆိုသည်ကို သူ မသိရှိခဲ့ပေ။ သို့ပေမဲ့ တောင်ပြာဂိုဏ်းသို့ လာရောက်ကယ်တင်သည်ဆိုမှတော့ ထိုလူသည် ချင်းယန်နိုင်ငံမှပင် ဖြစ်ပေလိမ့်မည်။

ဤအကြွေးသည် တောင်ပြာဂိုဏ်းတွင်သာ မဟုတ် ချင်းယန်နိုင်ငံတစ်ခုလုံးပါ ပေးဆပ်ရမည့် အကြွေးပင်ဖြစ်တော့၏။

မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ လက်ညိုးတစ်ချောင်းအတွက် လက်ညိုးတစ်ချောင်းပင် ဖြစ်သည်။

အပြစ်ကင်းစင်သော လူများ ပါဝင်ပတ်သက်နေသည်ကို ဝိညာဉ်ချောင်းဂိုဏ်းမှ ပထမအကြီးအကဲသည် ထည့်သွင်းစဉ်းစားနေမည် မဟုတ်ချေ။

ဤလောကကြီးတွင် သိုင်းပညာရှင်များသာ လေးစားမှုကို ရရှိရန် ထိုက်တန်လှ၏။ ထို့ကြောင့် ကောင်းမွန်သည့် အရာကို လုပ်ခြင်း၊ မကောင်းသည့် အရာကို လုပ်ခြင်းဟူ၍ မရှိချေ။

တစ်ချို့သော အင်အားစုများဆိုလျှင် ၎င်းတို့၏ သိက္ခာမြင့်မားလာစေဖို့ အတွက် ပုံရိပ်ကောင်းကို တည်ဆောက်တတ်ကြသည်။ သို့ပေမဲ့ တကယ်တမ်း နောက်ကွယ်တွင် လုပ်ကိုင်နေသည့် အလုပ်များမှာ‌တော့ ညစ်ညမ်းပြီး မိစ္ဆာဂိုဏ်းများထက်ပင် ပိုမို၍ ဆိုးရွားနေတတ်သေး၏။

ဝှစ် .. ဝှစ် … ဝှစ်။

ရွှေတင်းဖန်သည် ရှေ့သို့အားစိုက်ကာ ပြေးပြီး တောင်ပြာဂိုဏ်း နှင့် မိုင်ငါးရာ၊ ခြောက်ရာလောက် အဝေးကို ရောက်ရှိချိန်မှာတော့ စိတ်သက်သာရာ ရရှိသွားသည်။

အာဝူး

ရုတ်တရက်ဆိုသလိုပဲ သူ၏ နောက်မှ ဝံပုလွေအူသံတစ်ခု ထွက်ပေါ်လာ၏။

ရွှေတင်းဖန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်၍ ကြည့်လိုက်ချိန်မှာတော့ သူ၏ နောက်တွင် ဟာရီကိန်းဝံပုလွေကို စီးကာ မြန်ဆန်လွန်းသော အရှိန်ဖြင့် လိုက်ပါလာသည့် လူငယ်အား မြင်လိုက်ရတော့သည်။

သူ၏ အမူအရာတစ်ခုလုံးသည် ပြောင်းလဲသွားသည်။ ချက်ချင်းဆိုသလိုပဲ မရပ်မနား အားကုန်သုံးကာ ပြေးတော့၏။

ကံဆိုးစွာဖြင့် ဝိညာဉ်ချောင်းမှ ပထမအကြီးအကဲ၏ စွမ်းအင်သည် ဟာရီကိန်းဝံပုလွေဘုရင်ထက် ပိုမိုမြင့်မားလွန်းသည်ဆိုသော်လည်း အမြန်နှုန်းမှာတော့ ပိုမိုနှေးကွေးလှသည်။

ထို့ကြောင့် နှစ်ယောက်ကြား အကွာအဝေးသည် တစ်ဖြည်းဖြည်းနှင့် နီးကပ်လာတော့၏။

ဝှစ်။

မီတာ တစ်ရာ အဝေးဆီသို့ ရောက်ရှိချိန်မှာ‌တော့ ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို စုစည်းလိုက်၏။ သူသည် သက်တန့်ရောင်စဉ်နည်းစနစ်ကို ထုတ်ဖော်အသုံးပြုတော့မှာဖြစ်သည်။

ဝှစ် ဝှစ်။

ပြေးနေရင်းမှာပဲ ကောင်းကင်နှင့် မြေကြီးအကြားမှာ ရှိသော ထူးခြားသည့် ဓာတ်သဘာဝများအားလုံးသည် ကျွင်းချောင်ရှောင်း၏ လက်ဝါးနှစ်ခုကြားမှာ စုစည်းလာတော့သည်။

ဂိုဏ်းချုပ်ကျွင်းသည် ဤနည်းစနစ်ကို တိုက်ရိုက် မထုတ်ဖော်ခဲ့ချေ။ ထိုအစား သူ စိတ်ကျေနပ်လောက်သည့် အခြေအနေရောက်သည်အထိ စွမ်းအားများကို စုစည်းလျက်ရှိသည်။ ပြီးနောက် လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်တန်းကာ အော်လိုက်၏။ “သက်တန့်ရောင်စဉ်”

ဝှစ် …။

အနီရောင် အလင်းတန်း …။

သက်တန့်တစ်ခု၏ အစပျိုးဖို့ဖြစ်သော အနီရောင် အလင်းတန်းများသည် အရှေ့ဘက်ဆီသို့ ပြင်းထန်သည့် လှိုင်းအဟုန်များဖြင့် ထွက်ခွာသွားတော့သည်။

အလွန်တရာ ပြင်းထန်လှသည့် ရွှေ့လျားမှု ဂုဏ်သတ္တိများကြောင့် အားရပါးရ ပြေးလွှားလျက်ရှိသော ဟာရီကိန်း ဝံပုလွေ ဘုရင်သည် တည်နေရာတွင် ရပ်တန့်ုသွားရုံသာမက အနောက်သို့ သုံးမီတာမှ ငါးမီတာအထိ လွင့်စင်ခဲ့၏။

"အိုး …. မဟုတ်ဘူး"

ထိုအရာကို မြင်တော့ ရွှေတင်းဖန်၏ အမူအရာသည် ပြောင်းလဲသွားတော့သည်။

အနောက်ဘက်ဆီမှ ရောက်ရှိလာသော အလင်းလုံး များသည် အားကောင်းသည် သာမက အလွန်တရာ မြန်ဆန်လွန်းလှသည်။ ထို့ကြောင့် သူသည် မရှောင်ရှားနိုင်ပေ။

ဒွီ။

ချက်ချင်းဆိုသလိုပဲ သူ၏ ရှေ့တွင် စိတ်ဝိညာဉ်နံရံတစ်ခု ဖြစ်တည်လာသည်။ ထိုမျှမကသေးပေ သေးငယ်သည့် စေတီ ပုံစံ ရတနာတစ်ခုကလည်း အပြင်ဘက်သို့ ထွက်ပေါ်လာ၏။

ချက်ချင်းဆိုသလိုပဲ သူ၏ အရှေ့မှာတော့ အကာအကွယ် သုံးထပ် ဖြစ်တည်ခဲ့သည်။

ဤသေးငယ်လှသော စေတီလေးသည် လောကအကာအကွယ်စေတီဟု ခေါ်ဆိုပြီး သုံးထပ်အဆင့် ရတနာတစ်ခုလည်း ဖြစ်၏။

ထိုရတနာသည် ကျွမ့်ယုံ အသက်သွင်း အသုံးပြုခဲ့သော ရတာနာထက် ပိုမို၍ အားကောင်းသည်။

သိုင်းဘုရင်အဆင့် ကျင့်ကြံသူတော်တော်များများတွင် ၎င်းတို့အား ကာကွယ်ရန်အတွက် ရတနာများ ရှိကြ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းမှာတော့ မရှိချေ။

အဘယ့်ကြောင့်ဆိုသော် သူသည် စတိုးဆီမှသိုင်းနည်းစနစ်နှင့် တခြားသော ပစ္စည်းပစ္စယများကိုသာ ဝယ်ယူလေ့ရှိသည်။

သို့ပေမဲ့ သူသည် မကြာခင် ရတော့မှာ ဖြစ်၏။ ရေွှ့တင်းဖန်မှာ မကြာခင် သေဆုံးတော့မည် မဟုတ်လား။

သက်တန့်ရောင် နည်းစနစ်ကို ထုတ်ဖော်ပြီးနောက်မှာတော့ ချက်ချင်းဆိုသလိုပဲ များပြားလှသည့် အကာအကွယ် အလွှာများအား ပျက်ဆီးသွားတော့သည်။

လေထဲတွင် ဖြစ်တည်လျက်ရှိသော လောက အကာအကွယ် အစီအရင်သည် ကြမ်းတမ်းစွာ တုန်ခါလာပြီး မြေပေါ်သို့ ကျသွား၏။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကောက်ယူကာ သိမ်းဆည်းလိုက်သည်။ သူ၏ လက်များသည် အနီရောင် အလင်းတန်းများကို ထောက်ပံ့ပေးထားပြီး ရွှေတင်းဖန်၏ နောက်ကျောဆီသို့ ဆက်လက်တိုက်ခိုက်တော့သည်။

ဘုန်း။

အလင်းတန်းများသည် ရှေ့သို့ ထိုးထက်သွားပြီး စိတ်ဝိညာဉ်နံရံကြီးအား ပြင်းထန်စွာ ရိုက်ချလိုက်မိ၏။ နံရံကြီးတစ်ခုလုံးသည်ကလည်း ပြိုကျပျက်ဆီးသွားတော့၏။

ဝိညာဉ်ချောင်းဂိုဏ်းမှ ပထမအကြီးအကဲသည် အကာအကွယ် လုံးဝမရှိတော့သောကြောင့် သူ၏ နောက်ကျောဘက်သို့ တိုက်ခိုက်ချက်သည် ကျဆင်းလာတော့သည်။

သူသည် ကျိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ နံရံတစ်‌ခုပေါ်သို့ လွင့်စင်သွားတော့သည်။

ဝေါ့

သူသည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။

သူ၏ ခန္ဓာကိုယ်အတွင်းတွင် ရှိသော မရီဒန်များသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့သည်။

ဟာရီကိန်းဝံပုလွေဘုရင်အား စီးနင်းထားသော ကျွင်းချောင်ရှောင်းသည် သူ၏ ရှေ့သို့ အသာဆင်းသက်လာ၏။ ပြီးနောက် လက်ထဲတွင် လောကအကာအကွယ် အစီအရင်အား ဆော့ကစားရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ဒီကို ရောက်လာပြီဆိုမှ ပြန်လို့ မရဘူးလို့ ကျုပ် ပြောခဲ့သားပဲ"

All Chapters