← Chapters

အခန်း (၄၅၉)

Vol. 31 Ch. 459

အခန်း (၄၅၉)

Vol. 31 Ch. 459

ရွှေတင်းဖန်သည် သူ၏ အကာအကွယ် ရတနာ နှင့် စိတ်ဝိညာဉ်စွမ်းအင် နံရံကြီး ဖျက်ဆီးခံရပြီးသည့်နောက်မှာတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့သည်။

သူသည် ထွက်ပြေးလွတ်မြောက်နိုင်ရန် အားအင် နှင့် အရည်အချင်း လုံးဝ မရှိတော့ချေ။

ဟီယန်နိုင်ငံနှင့် ဟွာယန်နိုင်ငံမှ ဂိုဏ်းများကို သူ စီမံကွက်ချ၍ သူ ပြသနာရှာခဲ့သည်။

သို့ပေမဲ့ သူ လုံးဝ ဂရုမစိုက်ခဲ့သည့် ချင်းယန်နိုင်ငံသို့ ရောက်ချိန်မှာတော့ သူ၏ ရည်ရွယ်ချက် ကျဆုံးရုံသာမက သူ၏ အသက်သည်ပင် တစ်ဖက်လူ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ရသည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သာမန်လူတစ်ယောက်မဟုတ်သည်ကို သူ သိရှိပြီးသည့်နောက်မှာတော့ စဉ်းစားလိုက်မိ၏။ "ဒီလူက ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်များလား"

အထူးသဖြင့် မာယွင်တန်သည် သတိလစ် မမေ့မျောခင်၌ ဂိုဏ်းချုပ်ကျွင်းဟု ခေါ်ဆိုခဲ့သည်ကို သူ ပြန်လည်သတိရလိုက်၏။ "မင်းက သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းလား"

"အမှန်ပါပဲ" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

သူသည် အစကတည်းက သူ မည်သူဖြစ်သည်ကို ဖုံးကွယ်ထားဖို့ အစီအစဉ် မရှိပေ။

သူ့တွင် တစ်ခုတည်းသော ရည်ရွယ်ချက်သာ ရှိသည်။ အကြီးအကဲမာအတွက် လက်စားချေခြင်းသာ ဖြစ်တော့သည်။

ရွှေတင်းဖန်၏ မျက်လုံးများသည်လည်း မယုံနိုင်မှု များနှင့် ပြည့်နက်သွား၏။

သံမဏိအရိုးဂိုဏ်းချုပ်သည် မရိုးရှင်းလှကြောင်းကို သူသိရှိသော်လည်း ကျင့်ကြံခြင်း အဆင့်သည် သိုင်းစစ်သူကြီးအဆင့်တွင်သာ ရှိကြောင်း သူ ကြားခဲ့ရသည်။

“ဂိုဏ်း … ဂိုဏ်းချုပ်ကျွင်း”

ရွှေတင်းဖန်သည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည်။ "ကျုပ်တို့အားလုံးက ကျင့်ကြံခြင်း လောကက လူတွေပဲလေ။ ဘာကြောင့် သတ်ချင်ရတာလဲ"

သူ အလွန်တရာ ကြောက်လန့်နေမိသည်။

တောင်ပြာဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့တုန်းက ဖော်ပြခဲ့သော မောက်မာမှုများသည် သူ့တွင် မရှိတော့ချေ။ ဤအရာသည် ရက်စက်လှသော အမှန်တရားပင် ဖြစ်၏။

သင့်အနေနှင့် အလွန်တရာ အားနည်းနေသည်ဆိုလျှင် တစ်ဖက်လူသည် သင့် အနိုင်ကျင့်ပေလိမ့်မည်။ သို့သော်ငြား ကြောက်မက်ဖွယ်ရာ အားကောင်းနေမည်ဆိုလျှင် တစ်ဖက်လူသည် သင့်အား ထိတ်လန့် ကြောက်ရွံ့နေပေလိမ့်မည်။

ဝှစ်။

ကျွင်းချောင်ရှောင်းသည် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ထိုလူ၏ အင်္ကျီကော်လံအား ဆွဲယူကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "ခင်ဗျားက အကြီးအကဲမာကို ရိုက်နှက်ခဲ့သေးတယ်။ ဒါကိုတောင်မှ ကိုယ့်ကိုကိုယ် ကျင့်ကြံသူလောကလူအချင်းချင်းပဲလို့ ပြောချင်သေးတာလား"

ထိုသူ့အနေနှင့် မာယွင်တန်အား ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိအောင် မလုပ်ခဲ့ဘူးဆိုလျှင် သူသည်လည်း ဤမျှအထိ လိုက်လံ၍ သတ်ဖြတ်နေမည် မဟုတ်ချေ။

ရွှေတင်းဖန်သည် နာကျင်နေသော မျက်နှာဖြင့် ပြောလိုက်၏။ "ယှဉ်ပြိုင်တိုက်ခိုက်မှုတွေမှာ မတော်တဆ ဒဏ်ရာ ရရှိမှုတွေက ရှောင်လွှဲလို့ မရဘူးလေ။"

ဖြောင်း။

ပြောပြောပြီးချင်းမှာပဲ ဂိုဏ်းချုပ်ကျွင်းသည် ထိုသူ၏ မျက်နှာအား ပိတ်ရိုက်ပစ်လိုက်တော့သည်။ ပြီးနောက် ပြောလိုက်သည်။ "ဒါကလည်း မတော်တဆထိခိုက်မှုပဲလို့ ထည့်တွက်လို့ ရလား"

လက်ဝါးရာကြီးသည် ရွှေတင်းဖန်၏ ညာဘက်ပါးပေါ်တွင် ထင်ပေါ်လာ၏။

သူသည် အလွန်တရာ နာကျင်သည့် ခံစားချက်ကြီးကို အံကြိတ်၍ ပြောလိုက်သည်။ "တွက်လို့ ရပါတယ်"

ပါးရိုက်ခံလိုက်ရခြင်းသည် တစ်ဖက်လူ၏ သတ်ဖြတ်ချင်စိတ်များကို အားပျော့သွားစေမည်ဆိုလျှင် သူသည် အကြိမ်အနည်းငယ် ထပ်၍ ရိုက်ခံရမည်ဆိုလျှင်တောင် မှုမည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "သိုင်းဘုရင်တစ်ယောက်အနေနဲ့ ခင်ဗျားဆီမှာ အရှက်တရားဆိုတာ မရှိတော့ဘူးလား..."

ရွှေတင်းဖန်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "တောင်ပြာဂိုဏ်းနဲ့ သံမဏိအရိုးဂိုဏ်းဆိုတာက မဟာမိတ်တွေပဲ။ တောင်ပြာဂိုဏ်းကို အနိုင်ကျင့်တယ်ဆိုတာက ကျုပ်ကျွင်းချောင်ရှောင်းကို လာအနိုင်ကျင့်တာနဲ့ အတူတူပဲ"

ချလွမ်။

ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး ရွှေတင်းဖန်၏ အမူအရာတစ်ခုလုံးသည် ပြောင်းလဲသွားသည် သို့မဟုတ် သူသည် သေဆုံးတော့မည်ကို နားလည်လိုက်သည်။

ထို့ကြောင့် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ကျွင်းချောင်ရှောင်း မင်းငါ့ကို သတ်မယ်ဆိုရင် ကျန်းယန်နိုင်ငံတစ်ခုလုံးကို ရန်ပြုတာနဲ့ အတူတူပဲနော်။အချိန်ရောက်လာရင် ကျန်းယန်နိုင်ငံရဲ့ အုပ်ချုပ်သူတွေက တစ်သန်းလောက်ရှိတဲ့ စစ်တပ်တွေကို ပို့လွှတ်မှာပဲ။ဒါဆိုရင် မင်းတစ်ယောက်တည်းသာမဟုတ်ဘူး ချင်းယန်နိုင်ငံမှာရှိတဲ့ လူတွေအားလုံး သေသွားကြလိမ့်မယ်။"

ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်သွားဟန်ဖြင့် ဟန်ဆောင်၍ ပြောလိုက်၏။ "ခင်ဗျားကို လွှတ်ပေးလိုက်မယ်ဆိုရင် ချင်းယန်နိုင်ငံကို လာပြီး မီးရှို့အုံးမှာ မို့လား။ဒါပေမဲ့ သတ်ပစ်လိုက်မယ်ဆိုရင်လည်း ချင်းယန်နိုင်ငံက ကျုပ်တို့ကို လာပြီး သတ်ပစ်အုံးမယ်။ ဘာကို ရွေးရမှန်းတောင် မသိဘူး။ခက်ခက်ခဲခဲတော့ ဖြစ်နေပြီ။"

ရွှေတင်းဖန်သည် ဆွံ့အသွား၏။

အစောတုန်းက တောင်ပြာဂိုဏ်း နှင့် ချင်းယန်နိုင်ငံတစ်ခုလုံးကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ပြောဆိုခဲ့သော စကားလုံးများအား တစ်ဖက်လူသိရှိလို့ နေ၏။

"ဂိုဏ်း … ဂိုဏ်းချုပ်ကျွင်း"

ရွှေတင်းဖန်သည် အလောတကြီး ပြောဆိုလိုက်၏။ “ကျုပ် ဒေါသထွက်လို ပြောခဲ့တာပါ။”

“အဲလို မထင်ဘူး … အဲလို မထင်ဘူး"

ရွှီ

ဓားအလင်းသည် ဖြတ်ပြေးသွား၏။

စကားပြောနေတုန်းပဲ ရွှေတင်းဖန်၏ ခေါင်းနှင့် လည်ပင်းသည် ပိုင်းပြတ်သွားတော့သည်။

ဦးခေါင်းကြီးသည် မြက်ခင်းပြင်ပေါ်သို့ ကျဆင်းလာပြီး ထိုဦးခေါင်းပြတ်ကြီးဆီမှ မျက်လုံးများမှာ တော့ အသိအာရုံများ ပျောက်ကွယ်သွားခဲ့သည်။

"ကျုပ် တောင်းပန်ပါတယ်"

ကျွင်းချောင်ရှောင်းသည် ဓားကို ပြန်ရုတ်သိမ်းကာ ပြောလိုက်၏။ "ကျုပ်ကတော့ လေးလေးနက်နက် သတ်မှတ်မိတယ်"

လွှတ်ပေးလိုက်မည်ဆိုလျှင်လည်း ပြန်လာသတ်ဦးမည်။သတ်ပစ်လိုက်ပြီဆိုလျှင်လည်း ပြန်လာသတ်မှာပင်။ ထိုသို့ တူညီသည့် ရလာဒ်ဖြစ်နေသည်ဆိုမှတော့ သတ်ပစ်လိုက်ရုံသာ ရှိတော့၏။

ဘုတ်

ဦးခေါင်း‌မဲ့နေသော အလောင်းကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး သွေးတေ‌ွ ပန်းထွက်လျက်ရှိသည်။

ဒင်။

“အညှာတာမဲ့စွာ သတ်ဖြတ်ခြင်း။ ဖုံးကွယ်ထားသည့် တာဝန်အားပြည့်စုံစေသည့်အတွက် လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀ မှတ်အား ရရှိသည်။”

ဒင်

“ဂိုဏ်းစုဆောင်းမှတ် ၅၅၄၆/၅၀၀၀”

ဒင်

“ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်...|

တောင်ပြာဂိုဏ်းဆီသို့ လာရောက်၍ ပြသနာရှာခဲ့သော ဂိုဏ်းနှစ်ခု၏ ကျွမ်းကျင်သူများကို သတ်ဖြတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဖုံးကွယ်ထားသော တာဝန်အား ပြည့်စုံစေခဲ့၏။

ဤအရာသည် သူမျှော်လင့်ထားသည့် ကိစ္စမဟုတ်ပေ။

ထုံးစံအတိုင်းပင် ကျွင်းချောင်ရှောင်းသည် ရွှေတင်းဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရှာဖွေပြီး‌သည့်နောက်မှာတော့ သိုလှောင်လက်စွပ်နှစ်ခုအား ရှာဖွေတွေ့ရှိခဲ့၏။

ပြီးနောက် သူသည် သပ်ရပ်မီးကို အသုံးပြု၍ ပြာကျအောင် အလောင်းအား မီးရှို့လိုက်တော့သည်။

စနစ်မှပြောလိုက်သည်။ "သူပြောခဲ့တာကိုသာ မကြားဘူးဆိုရင် လက်ခံသူ သူ့ကို သတ်ဦးမှာလား"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါက အရေးမကြီးတော့ဘူး"

စနစ်က ပြောလိုက်သည်။ "လက်ခံသူရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက သာမန်သိုင်းဘုရင်တစ်ယောက်ထက် နှစ်ဆပိုပြီး အားကောင်းတယ်။ဒါကြောင့် သူပြောတဲ့ စကားတွေကို မိုင်တစ်ရာ အဝေးမှာရှိတဲ့ လူက ကြားလိမ့်မယ်လို့ ထင်မိမှာ မဟုတ်ဘူး"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ငါ့ရဲ့ စိတ်ဝိညာဉ်အားအင် ဖြန့်ကျက်နိုင်မှုက တစ်ခြားလူတွေ ထက်ပိုပြီး အားကောင်းတယ်။ဘာလို့လဲ ဆိုတော့ ငါဆီမှာ စွမ်းအင်အမြုတေ နှစ်ခု ရှိနေလို့ပဲ"

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်သည်။ “ကြည့်ရတာ မင်းရဲ့ အကူအညီမပါရင်တောင် ငါ ဒီလောကကြီးထဲမှာ နေနိုင်ပြီလို့ ထင်တယ်။”

စနစ်က ပြောလိုက်သည်။ “လက်ခံသူက ဓားနဲ့ သိုင်းဘုရင် ဖြစ်ရုံသာမက စွမ်းအင်အမြုတေနှစ်ခုကလည်း ရှိနေသေးတယ်။ ငါ့ရဲ့ အကူအညီမပါဘဲနဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ကောင်းကောင်း ရပ်တည်နေနိုင်တယ်။ ဒီတော့ …"

စနစ်က ဆက်ပြောလိုက်သည်။ “စနစ်နဲ့ ချိတ်ဆက်ထားတာကို ခဏရပ်ပြီးတော့ ကိုယ့်ဘာသာကိုယ် လောကကြီးမှာ ဆက်ပြီးတော့ ရပ်တည်ကြည့်ပါ့လား။ဒါပေမဲ့ ချိန်ကိုက်ဗုံးကတော့ ရပ်သွားမှာ မဟုတ်ဘူး။"

"တော်စမ်း"

ကျွင်းချောင်ရှောင်းသည် စနစ်အား အော်လိုက်၏။

ချိန်ကိုက်ဗုံး မရပ်တန့်ဘူးဆိုလျှင် သူ့အနေနှင့် စနစ်အား အားကိုးမှ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက အချိန်တန်လျှင် ချိန်‌ကိုက်ဗုံးပေါက်ကွဲ၍ သေဆုံးရမှာ ဖြစ်၏။

စနစ်မှပြောလိုက်သည်။ "လက်ခံသူက နွားကို အသုံးပြုပြီး နွားတစ်ကောင် အသုံးမဝင်တော့မှ သတ်ဖြတ်ပစ်ဖို့ လုပ်နေတဲ့ လူတစ်ယောက်ရဲ့ အကျင့်လိုမျိုးပဲ"

ကျွင်းချောင်ရှောင်းသည် သဘောတူညီစွာ ပြောလိုက်၏။ "မင်းက နွားလေ..."

………..

တောင်ပြာဂိုဏ်းဆီသို့ ပြန်လာပြီးသည့် နောက်မှာ‌တော့ ဂိုဏ်းချုပ်ကျွင်းသည် ရွှေတင်းဖန်၏ သိုလှောင်လက်စွပ်ထဲတွင် ရှိသော ပစ္စည်းများကို စတင်၍ ရေတွက်ကြည့်လိုက်သည်။

အဆုံးသတ်မှာတော့ သူ၏ ပါးစပ်မပိတ်နိုင်လောက်အောင် အံ့အားသင့်မိနေ၏။

စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း သလင်းအမြုတေများနှင့် ကျောက်ရိုင်းများ ၊ ဆေးပင်များ ထို့အပြင် ဆယ်သန်းခန့်ရှိသော ငွေလွှဲလက်မှတ်များ ပါဝင်နေသေးသည်။

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်း အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည်။ "ဒီလူက‌ တော်တော်ချမ်းသာတာပဲ"

အဆင့်လေးဂိုဏ်းတစ်ခု၏ အကြီးအကဲသည် အဘယ်မျှ မချမ်းသာဘဲ နေမည်နည်း။

စနစ်သည် ပြောလိုက်သည် "လက်ခံသူ အခု ဂရုစိုက်ရမှာက ဒီရတနာပစ္စည်းတွေ မဟုတ်ဘူး။အဆင့်ခြောက် ကျန်းယန်နိုင်ငံနဲ့ အဆင့်လေးဂိုဏ်းနှစ်ခုတို့ကို ရင်ဆိုင်ရမယ် ဆိုတာပဲ"

"ဒါတော့ ဟုတ်တယ်"

ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်မိလိုက်သည်။

သူသည် တစ်ဖက်လူများကို သတ်ဖြတ်ခဲ့၏။ ထို့ကြောင့် ပြသနာသည် မနှေးမမြန်ဆိုသလိုပဲ ရောက်ရှိလာမှာ သေချာသည်။ သို့ပေမဲ့ သေချာစဉ်းစားကြည့်ပြီးသည့်နောက်မှာတော့ မည်သို့ ရင်ဆိုင်ရမည်ကို သူ အဖြေရှာမတွေ့ချေ။

စနစ်မှ ပြောလိုက်၏။ "ဂိုဏ်းနှစ်ဂိုဏ်းက သူတို့ရဲ့ သိုင်းဘုရင်တွေ သတ်ဖြတ်ခံလိုက်ရတယ်ဆိုတာကို သိရှိပြီးသားနဲ့ လက်ခံသူကို လက်လွှတ်ပေးမှာ မဟုတ်တော့ဘူး။ပြီးတော့ ကျန့်ယန်နိုင်ငံကလည်း တောက်ယွမ် တစ်ယောက် အဖမ်းခံထားရတယ်ဆိုတာကို သိရင် ကျိန်းသေပေါက် လက်ခံသူကို လက်လွှတ်ပေးမှာ မဟုတ်‌ပြန်ဘူး"

"ဒါတော့ နည်းနည်း ပြသနာရှိတယ်။"

ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို အား ပွတ်သပ်လိုက်၏။

အခြေအနေမှာ ဘေးကြပ်နံကြပ်အခြေအနေမျိုးသို့ ရောက်ရှိနေ၏။ သူသည် အဆင့်သုံး မိစ္ဆာဂိုဏ်းများကို ရန်ပြုခဲ့သည်ဆိုလျှင်တောင်မှ ဂိုဏ်း၏ အကာအကွယ် အစီအရင်ထဲတွင် ပုန်းအောင်း၍ နေထိုင်နိုင်သေးသည်။။

သို့ပေမဲ့ အဆင့်ခြောက်နိုင်ငံတစ်ခုကို ရန်ပြုခဲ့သည်ဆိုသည်မှာ ပုန်းအောင်း၍ပင် မရအောင် ပြုလုပ်သကဲ့သို့ ဖြစ်နေသည်။

"ဟုတ်ပြီ"

သူ၏ မျက်လုံးများ လင်းလက်သွားသည်။ ပြီးနောက် ပြောလိုက်၏။ "ငါ့‌ဆီမှာ တိုက်ပွဲရှောင်တဲ့ ကတ်ပြားရှိတယ်လေ။ ဒီအပေါ်မှာ ကျန်းယန်နိုင်ငံလို့ ရေးလိုက်မယ်ဆိုရင် သုံးလတိတိ ရှောင်ရှားနိုင်တယ် မဟုတ်လား"

စနစ် က ပြောလိုက်သည်။ “ဒီပစ္စည်းက နိုင်ငံတွေ အပေါ်မှာ အကျိုးသက်ရောက်မှု ရှိလား မရှိလား မသိနိုင်ဘူး။ဒါပေမဲ့ သုံးလတိုက်ပွဲရှောင်ပြီးပြီး ဆိုရင်တောင်မှ လက်ခံသူက ဘယ်လိုလုပ်ပြီး ဆက်တိုက်မလဲ။ တပည့်တစ်ထောင်ကျော်လောက်ကို ခေါ်ပြီးတော့ သန်းနဲ့ချီတဲ့ စစ်တပ်ကြီးကို ပြန်ပြီး အနိုင်ယူတိုက်နိုင်မယ်လို့ ထင်နေတာလား မဖြစ်နိုင်ဘူး"

ကျွင်းချောင်ရှောင်းသည် သူ၏ ကိုယ်ပိုင်အကန့်အသတ်ကို သိရှိ၏။

သံချပ်ကာ ဝံပုလွေတပ်များသည် စစ်သည်များ နှစ်သောင်းသုံးသောင်းကို ယှဉ်ပြိုင်တိုက်ခိုက်သည်ဆိုသော်လည်း သန်းနှင့်ချီသော စစ်သည်များနှင့် တိုက်ခိုက်လျှင် ကျိန်းသေပေါက် ဆိုးရွားသည့် အခြေအနေမျိုးသို့ ရောက်ရှိသွားမှာ သေချာသည်။

"တစ်ခြားနည်းလမ်းမရှိဘူးဆိုရင်တောင် တိုက်ပွဲရှောင်တဲ့ ကတ်ပြားကတော့ အသုံးပြုရမှာပဲ။ပြီးတော့ သုံးလကလည်း သုံးလပဲလေ"

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ကို ပြင်ဆင်နေချိန်မှာပဲ စိတ်ဝိညာဉ်များကို ဖြန့်ကျက်ကြည့်လိုက်တော့ မိုင်‌တစ်ရာအဝေးဆီမှ အလင်းတန်းတစ်ခု လက်ကနဲ ပေါ်လာတော့သည်ကို မြင်လိုက်ရသည်။ ဤအရာသည် သူ့ဆီသို့ မြန်မြန်ဆန်ဆန်ပဲ ချဉ်းကပ်လာနေသည်။

"သိုင်းအုပ်စိုးသူ"

ကျွင်းချောင်ရှောင်း တုန်လှုပ်သွားမိ၏။

သူ့ဆီသို့ အရှိန်နှင့် ပျံသန်းရောက်ရှိလာသော သူသည်မှာ သိုင်းအုပ်စိုးသူ တစ်ယောက်ဖြစ်မှန်းတော့ သူသိလိုက်ရသည်။

စနစ် က ပြောလိုက်သည်။ "အခု လာနေတဲ့လူရဲ့ အော်ရာတွေက စောနက လက်ခံသူ သတ်လိုက်တဲ့ လူရဲ့ အော်ရာတွေနဲ့ ဆင်တူနေတယ်။သူတို့က တူညီတဲ့ ဂို‌ဏ်းက ဖြစ်လိမ့်မယ်။"

ချီးတဲ့မှ။

ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “ငါ သူ့လူ ကို အခုလေးတင်ပဲ သတ်ခဲ့တာ။ ချက်ချင်းပဲ ငါ့ရှေ့ကို ရောက်လာပြီ။မြန်လိုက်တာ။”

ပြောနေတုန်းမှာပဲ သူသည် တိမ်ခြေလှမ်းကို အသုံးပြု၍ တောနက်ထဲသို့ လှမ်းဝင်လာတော့သည်။

သူသည် သိုင်းဘုရင် ထိပ်ဆုံးအဆင့် နှင့် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိ၏။ သို့ပေမဲ့ သိုင်းအုပ်စိုးသူနှင့်သာ တိုက်ခိုက်ရမည်ဆိုလျှင် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရပေလိမ့်မည်။

သို့ပေမဲ့ သူ ပြေးပြီး မကြာသေးခင်မှာပဲ အေးစက်စက် အော်သံတစ်ခုသည် တစ်စုံတစ်ယောက်ဆီမှ ပေါ်လာ၏။

"မင်းက င့ါရဲ့ ဝိညာဉ်ချောင်းဂိုဏ်းက လူကို သတ်ဖြတ်ပစ်ခဲ့တယ်။ ဒီနေ့မှာတော့ မင်း သေရမယ့်နေ့ ရောက်ပြီ"

ဝှစ် … ဆွစ်။

ထိုအသံတွင် အလွန်တရာ အားကောင်းလှသော အော်ရာများ ပါဝင်နေပြီး တည်နေရာတစ်ခုလုံးပင် တုန်ခါသွား၏။

တောနက်ထဲတွင် ရူးရူးမူးမူး ပြေးနေသော ကျွင်းချောင်ရှောင်းသည် မမြင်ရသည့် အားအင်တစ်ခု၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်သည် တစ်ဖြည်းဖြည်းနှင့် နှေးကွေးလား၏။

ဤအရာသည် သိုင်းအုပ်စိုးများ၏ သတ္တိစွမ်းအင်ဖြစ်သော ဖိနှိပ်ခြင်းပင် ဖြစ်တော့သည်။

ချီးတဲ့မှ။

ကျွင်းချောင်ရှောင်းသည် ဇောချွေးများပျံလာသည်။ သူ၏ စိတ်ထဲမှာတော့ အကြိမ်ကြိမ် အော်ဟစ်လျက်ရှိသည်။ "ငါ နောက်ထပ် နှစ် ငါးရာလောက် အသက်ဆက်ရှင်ချင်သေးတယ်။"

All Chapters