← Chapters

အခန်း (၄၆၀)

Vol. 31 Ch. 460

အခန်း (၄၆၀)

Vol. 31 Ch. 460

ကျန်းယန်နိုင်ငံ၏ ဂိုဏ်းနှစ်ခုဆီမှ သိုင်းဘုရင်သုံးယောက်ကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ ၎င်းနိုင်ငံ၏ ဂိုဏ်းများသည် ကျိန်းသေပေါက် စုံစမ်းလိမ့်မည်ဆိုသည်ကို ကျွင်းချောင်ရှောင်း သိရှိပြီဖြစ်၏။

မနှေးမမြန်ဆိုသလိုပဲ ၎င်းတို့သည် အကြောင်းအရင်းအား ရှာဖွေသွားပေလိမ့်မည်။ သို့ပေမဲ့ ရွှေတင်းဖန်အား သတ်ဖြတ်ပြီးပြီးချင်း တစ်ဖက်လူသည် ချက်ချင်း လိုက်လာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။

ထို့အပြင် ပျံသန်းနိုင်စွမ်းရှိသည့် သိုင်းအုပ်စိုးသူ အဆင့်ကိုပင် လွှတ်လိုက်ခဲ့၏။ သူ့အပေါ် အလွန်အမင်း အထင်ကြီးနေခြင်းပင် ဖြစ်ပေလိမ့်မည်။

တကယ်တမ်းမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် ကျွမ့်ယုံအား သတ်ဖြတ်ပြီးသည့် နောက်မှာတော့ ဝိညာဉ်ချောင်းဂိုဏ်း သည် မိုင်ပေါင်းတစ်ထောင် အဝေးမှ နေ၍ ထိုအရာကို သိရှိပြီးဖြစ်၏။

ရွှေတင်းဖန်သည် ပြေးလွှားနေရင်းမှာပဲ ဖြစ်ပျက်ခဲ့သမျှကို သတင်းပို့ခဲ့သည်။

ထိုအရာကြောင့် ဂိုဏ်းသည် အားအကောင်းဆုံးသောလူကို စေလွှတ်လိုက်ခြင်းပင် ဖြစ်၏။

စနစ်မှ ပြောလိုက်သည်။ “လက်ခံသူ မင်း သိုင်းဘုရင်သုံးယောက်ကို သတ်ဖြတ်ခဲ့တယ်။သူတို့က အားကောင်းပါတယ်ဆိုတဲ့လူမှ မလွှတ်ဘူးဆိုရင် သိုင်းတပည့်အဆင့်ကို လွှတ်ရမှာလား"

"ပေါက်ကရတွေမပြောဘဲနဲ့ မြန်မြန် အန္တရာယ်ကနေ လွတ်မယ့် နည်းလမ်းလေးတွေ ရှာဖွေပေးအုံး"

"လက်ခံသူ ဒါက သိုင်းစစ်သူကြီးတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ဖိအားကို ထုတ်သုံးထားတာ။အခုချိန်မှာ လုပ်လို့ရနိုင်တဲ့အရာ တစ်ခုတည်းရှိတော့တယ်။အဲတာက ဆုတောင်းတာပဲ။"

"ချီးတဲ့မှ"

မကြောက်နဲ့ မကြောက်နဲ့ ငါ့ဆီမှာ စည်းဓားမော့ ရှိသေးတယ်။

စနစ်သည် သူ့အား ရင်နာအောင် ပြုလုပ်လိုက်တော့သည်။

"လက်ခံသူရဲ့ လက်ရှိအဆင့်အရ စည်းဓားမော့ရှိတယ်ဆိုရင်တောင်မှ စိတ်ဝိညာဉ်ဖိအားတွေကို ထုတ်သုံးနိုင်တဲ့ သိုင်းအုပ်စိုးသူတစ်ယောက်ကို ရင်ဆိုင်နိုင်ဖို့ဆိုတာ မလွယ်ဘူး...."

ကျွင်းချောင်ရှောင်းသည် ပြိုလဲတော့ မလို ခံစားလိုက်မိ၏။

ထိုအချိန်မှာပဲ သူ၏ အနောက်ဘက်ဆီမှ ပြင်းထန်လှသော အားအင်ဖိအားများသည် ကျဆင်းလာသည်။

သူ၏ ကျောခုံးပေါ်တွင် တောင်ကြီးတစ်လုံးကို ထမ်းထားရသလို ခံစားနေမိ၏။

ဤအားအင်သည် စမ်းသပ်မှုမျှော်စင်၏ အားအင်ထက် ပိုမို အားကောင်းလှသည် ဆိုသော်လည်း သူ အနည်းငယ်တော့ ခုခံနိုင်သေး၏။ သို့ပေမဲ့ စိတ်ဝိညာဉ်ဖိအားများသည် သူ အမြန်နှုန်းအား ထိန်းချုပ်ထားသောကြောင့် သူ့အနေနှင့် နေရာမှ အမြန်ဆန်ဆုံး ထွက်ခွာ၍ မရ ဖြစ်နေသည်။

"သွားပြီ .. သွားပြီ ငါ ဒီနေ့တော့ သေတော့မှာပဲ"

စိတ်ပျက်မှုတွေ ကြားထဲမှာပဲ ကျွင်းချောင်ရှောင်းသည် ထွက်ပြေးလွတ်မြောက်ခြင်း အဆောင် ကို ရုတ်တရက် သတိရလိုက်သည်။ ဤအရာသည် စဦးလက်ဆောင်ထုတ်မှ ရရှိခဲ့သည့် နောက်ဆုံး အဆောင်ပင် ဖြစ်၏။

အတိတ်တုန်းကဆိုလျှင် ဂိုဏ်းချုပ်ကျွင်းသည် သံမဏိအရိုးဂိုဏ်း ဂိုဏ်းချုပ်တစ်ယောက် အနေနှင့် အရိုက်နက်ခံနိုင်၏။ အဆဲဆိုခံနိုင်၏။ အထင်သေးခံနိုင်၏။ သို့ပေမဲ့ သူသည် ငကြောက်လို ထွက်ပြေးခြင်း အလုပ်ကို ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်ဘု တွေးထားမိသည်။

ယောကျာ်းတစ်ယောက်သည် သံမဏိကဲ့သို့ ခိုင်မာသည့် စိတ်ဓာတ်လည်း ရှိရမည်။ ယောကျာ်းတစ်ယောက်သည် အလျော့ပေး ထွက်ပြေးသည့် အလုပ်ကို မလုပ်သင့်ပေ။

ရွှီ

သူ၏ စိတ်သည် လက်စွပ်ထဲသို့ ရောက်ရှိပြီးသည့် နောက် ထွက်ပြေး လွတ်မြောက်ခြင်း အဆောင်အား ကိုင်ထားလိုက်၏။

ဝှစ်။

ထိုအချိန်မှာပဲ သိုင်းအုပ်စိုးသူသည် ဆယ် ကီလိုမီတာ အကွာအဝေးဆီမှ သူ့ဆီသို့ ပျံသန်းလာခဲ့သည်။ အရှိန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းလှသည်။

"ခွေးကောင်လေး …. သေစမ်း"

သူသည် ဒေါသတကြီး‌ အော်ဟစ်လိုက်ပြီး လက်ကို မြှောက်လိုက်၏။

ကျွင်းချောင်ရှောင်း၏ အထက်မှာတော့ ကောင်းကင်နှင့် မြေကြီးကြားရှိ မမြင်ရသည့် ဓာတ်သဘာဝသည် ပေါ်ပေါက်လာ၏။

ပြီးနောက် စွမ်းအင်များကို စုပ်ယူလိုက်ပြီး ကြီးမားလှသော လက်ဝါးကြီးသည် အောက်သို့ ဆင်းသက်လာတော့သည်။

ဝှစ် … ရွှစ်။

လေလှိုင်းအဟုန်များ ဖြစ်တည်လာပြီးနောက် အားအင်အဆင့်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ဓားနှင့် သိုင်းဘုရင်အဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသွားသည့် နောက် ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ အလွန်အားအင်ကောင်းလှသည်ဟု ခံစားနေမိ၏။ သူ၏ လှုပ်ရှားမှုအားလုံးသည် အလွန်မြန်ဆန်ကာ အားပါလွန်း၏။

သို့ပေမဲ့ သိုင်းအုပ်စိုးသူတစ်ယောက်နှင့် နှိုင်းယှဉ်ကြည့်လိုက်သည့် အခါမှာတော့ မိုးနှင့် မြေလို ကွာခြားနေကြောင်းကို လက်ရှိ နားလည်လိုက်ရပြီဖြစ်သည်။

ထို့ကြောင့် လက်ရှိ အချိန်၌ တွေးမိသည်မှာ ဘဝတွင် ပျော်ရွှင်စွာ နေထိုင်ရန်ပင် ဖြစ်တော့သည်။

ဝူး

ကြီးမားလှသော လက်ဝါးကြီးသည် မြေပြင်ပေါ်သို့ ဆင်းသက်လာ၏။

မမြင်ရသည့် လေလှိုင်းများသည် အောက်သို့ ဖိနှိပ်လာပြီး တောင်ကြီးတစ်ခုလုံး ပြိုကျသွားသလို ဖုန်တွေ တစ်ထောင်းထောင်း ထလာသည်။ ဤဖြစ်ရပ်များအားလုံးသည် အလွန်လျင်မြန်စွာဖြင့် ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် လက်ထဲတွင် အဆောင်ကို ကိုင်ထားရုံသာဖြစ်၏။မချိုးဖြတ်ရသေးပေ။

ထိုအခိုက်မှာတော့ သူ့အနေနှင့် ထွက်မပြေးနိုင်သော အခြေအနေသို့ ရောက်ရှိနေသောကြောင့် အင်မော်တယ်တစ်ယောက် လာကယ်လျှင်တောင် လွတ်မြောက်နိုင်မည် မဟုတ်ချေ။

ကျွင်းချောင်ရှောင်း၏ နှလုံးသားများသည် အပြင်းအထန် ခုန်လျက်ရှိ၏။

သူ၏နောက်ဘက်ဆီမှ ဇောချွေးများ ကျဆင်းလျက်ရှိပြီး မျက်နှာတစ်ခုလုံးသည်မှာလည်း ရှုံ့မဲ့လျက်ရှိ၏။ ထိုအချင်းအရာများသည် စိတ်ဝိညာဉ်ဖိအားများ၏ ထိန်းချုပ်မှုကို ခံနေရသောကြောင့် ဖြစ်သည်။

သူ့အနေနှင့် သေဆုံးခြင်းကိုသာ စောင့်မျှော်ရမလို ဖြစ်နေသည်။

သေဆုံးခြင်း။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို အစကတည်းက တွေ့ကြုံခံစားခဲ့ဖူး၏။

ထို့ကြောင့် တစ်ခြားသူတွေထက် ပိုမို ရှည်ကြာစွာ အသက်ရှင်နေထိုင်ရခြင်းသည် မည်မျှပို၍ အားကောင်းကြောင်းကို သူ နားလည်ပြီးဖြစ်သည်။

ငါပြိုင်စံရှား ဂိုဏ်းတစ်ခုကို မတည်ထောင်ရသေးဘူး။ပြီးတော့ ငါ တစ်ယောက်တစ်လေကိုမှ မနှုတ်ဆက်ရသေးဘူး။ဘယ်လိုလုပ် သေလို့ ရမှာလဲ။

ဘန်း။

ထွက်ပြေးလွတ်မြောက်ခြင်းအဆောင် သည် ကျိုးကြေသွား၏။

ဘုန်း။

ရုတ်တရက်ဆိုသလိုပဲ ရှင်းလင်းလှသည့် ကောင်းကင်ယံထက်မှာတော့ အလွန်တရာ ကျယ်လောင်လှသော မိုးကြိုးပစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပဲ စွမ်းအင်တစ်မျိုးကြောင့် တည်နေရာကြီးတစ်ခုလုံးသည် ပိုင်းပြတ်သွားပြီး အလွန်တရာ ကြီးမားလှသော အက်ကွဲကြောင်းကြီး ပေါ်လာ၏။

ထိုအက်ကွဲ‌ကြောင်းများဆီမှ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ဥက္ကာခဲကြီးတစ်ခု ကျဆင်းလာခဲ့တော့သည်။

လောကထဲရှိ ကောင်းကင်နှင့် မြေကြီး ဓာတ်သဘာဝများကို စုစည်းပြီး ကျွင်းချောင်ရှောင်းအား တိုက်ခိုက်ရန် ပြင်လိုက်သော သိုင်းအုပ်စိုးသူသည် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်းကို နားလည်လိုက်မိသည်။ သူ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ "အိုး …. မဟုတ်ဘူး"

ဘုန်း။

တောနက်ထဲမှာတော့ အလွန်တရာ ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မြေပြင်တစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွား၏။

တောထဲတွင် ရှိသော မိုင်တစ်ရာ ပတ်လည်အတွင်းရှိ သားရဲများ အားလုံးသည် ကြောက်လန့်တကြားနှင့် ခြေဦးတည့်ရာနေရာဆီသို့ ပြေးကုန်ကြသည်။

"ဘာတွေ ဖြစ်ကုန်ပြီလဲ ။ငလျင်လှုပ်တာလား"

အနီးစပ်ဆုံး နေရာအတွင်းတွင်ရှိသော နေထိုင်သူများနှင့် သိုင်းကျင့်ကြံသူများအားလုံးသည် အသံထွက်ပေါ်လာရာ နေရာဆီသို့ ခေါင်းလှည့်ကာ ကြည့်မိလိုက်ကြသည်။ သို့ပေမဲ့ သူတို့သည် မည်သည့် ထူးခြားသည့် အရာကိုမှ မတွေ့ရှိရတော့ချေ။

ကောင်းကင်တွင်ရှိနေသော တည်နေရာအက်ကွဲကြောင်းကြီးတစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

အရာအားလုံးသည် သာမန်အတိုင်းပင် ပြန်ဖြစ်သွားခဲ့ပြီး ဘာတစ်ခုမှ မဖြစ်ခဲ့သလိုပင်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း တည်ရှိခဲ့သော နေရာမှာတော့ အကြီးမားကြီး ပြောင်းလဲနေ၏။

မူလမြက်ခင်းပြင်ကြီး ရှိနေသော တည်နေရာတွင် ကြီးမားလှသော တွင်းကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ဤအရာသည် ဥက္ကာခဲကြီးကျဆင်းလာသောကြောင့် ဖြစ်ပျက်နေသော အရာပင်ဖြစ်တော့သည်။

"ချီး … ချီးတဲ့မှ"

တွင်း၏ အောက်ခြေမှာတော့ အလွန်တရာ အားနည်းလှသည့် အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ပြီးနောက် လက်တစ်ဖက်သည် တွင်းအစပ်ဆီသို့ ရောက်ရှိလာပြီး ထိုလူသည် ဖြေးညှင်းစွာဖြင့် အပေါ်သို့ တက်လာ၏။

ဤလူ၏ အဝတ်အစားများအားလုံးသည် စုတ်ပြတ်လျက်ရှိပြီး အဝတ်အစားများသည် ပွစာကြဲလျက်ရှိသည်။

ခန္ဓာကိုယ်ပေါ်တွင်လည်း အလွန်များပြားသော ဒဏ်ရာ ဒဏ်ချက်များနှင့် ဖြစ်ပြီး ပြင်းပြင်းထန်ထန် အရိုက်နှက်ခံထားရသလို ပုံပန်းသွင်ပြင် ရှိနေ၏။

ကျွင်းချောင်ရှောင်းသည် လက်ဝါးရိုက်ချက် ကျဆင်းလာရာ နေရာဆီမှီ ပျောက်ကွယ်သွားခဲ့၏။

သူ့အား တိုက်ခိုက်ခဲ့သော ဝိညာဉ်ချောင်းဂိုဏ်းမှ သိုင်းအုပ်စိုးသူမှာလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ကျွင်းချောင်ရှောင်း ပျောက်ကွယ်သွားခဲ့သည် ဆိုသည်မှာ ထွက်ပြေးလွတ်မြောက်ခြင်းအဆောင်ကို ချိုးဖြတ်ခဲ့သောကြောင့် ဖြစ်၏။

သိုင်းအုပ်စိုးသူမှာတော့ ပိုမို၍ အခြေအနေ ဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိနေသည်။ လက်ရှိအခြေအနေမှာတော့ ၎င်းသည် တွင်း၏ အောက်ခြေတွင် ရှိပြီး အလုံးစုံ သတိလစ် မေ့မျောလျက်ရှိသည်။

ဘာတွေဖြစ်သွားသနည်း။

အလွန်တရာ ရိုးရှင်းလှပေသည်။ တည်နေရာကြီးတစ်ခုလုံးသည် ကွဲထွက်သွားပြီး အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်တည်လာကာ အလွန်တရာ လျင်မြန်လှသော အလင်းတန်းကြီးတစ်ခုသည် သူ့အား ထိမှန်သွားခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးသည် အလွန်လျင်မြန်လှသောကြောင့် သူသည် သိုင်းအုပ်စိုးသူ တစ်ယောက် ဖြစ်သည်ဆိုလျှင်တောင် ကာကွယ်ရန် အချိန်မရခဲ့ပေ။

ဟူး … ဟူး။

တွင်းထဲမှ ထွက်လာသော ဆံပင်တွေ ရှုပ်ပွလျက်ရှိနေသည့် သူသည် မြက်ခင်းပြင်ပေါ်တွင် ပက်လက်လှဲချလိုက်သည်။

သူသည် ကောင်းကင်ကြီးကို မော့ကြည့်ကာ အသက်ကို မနည်းရှူနေရ၏။ ပြီးနောက် ပြောလိုက်သည်။ "ငါ သူ့အပေါ်ကို ကျသွားတာပဲ။ တကယ့်ကို ကံမကောင်းတဲ့လူပဲ"

ဤစကားအခြေအနေကို ကြည့်လိုက်သည်နှင့် စောနက သိုင်းအုပ်စိုးသူတစ်ယောက်အား သတိလစ်မေ့မျောအောင် ထိမှန်ခဲ့သည့် အလင်းတန်းဆိုသည်မှာ ဤလူပင် ဖြစ်သည်ဆိုကြောင်း အားလုံး ခန့်မှန်းမိပေလိမ့်မည်။

သို့ပေမဲ့ ထပ်မံ၍ စဉ်းစားရမည်ဆိုလျင် ထိုသူသည် အဘယ့်ကြောင့် တည်နေရာအက်ကွဲကြောင်းထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး ဝိညာဉ်ချောင်းဂိုဏ်းမှ ကျင့်ကြံသူအား အလွန်တရာ တိကျစွာဖြင့် တိုက်ရိုက်ထိမှန်သွားရသနည်း။

ထိုအရာသည် ကျွင်းချောင်ရှောင်း ထိုးမြင်ခဲ့သော ထွက်ပြေးလွတ်မြောက်ခြင်း အဆောင်ကြောင့်ပင် ဖြစ်မည်လား။

၎င်းအဆောင်သည် သိုင်းအုပ်စိုးသူတစ်ယောက်ကို သတ်ပစ်ရန်အတွက် ကျွမ်းကျင်သူတစ်ယောက်ကို ဆင့်ခေါ်နိုင်သည့် အဆင့်ရှိနေသည်လား။

မသိနိုင်ပေ

ခရက်။

ဆံပင်တွေ ရှုပ်ပွလျက်ရှိနေသော လူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ လက်သီးဆီမှ အားအင်များ ထွက်ပေါ်နေသည်။ ပြီးနောက် သူသည် ဒေါသတကြီး ပြောလိုက်၏။ "ငါ့ရဲ့ ကျင့်ကြံခြင်းတစ်ခုလုံးကို နိမ့်ကျအောင် လုပ်ပြီးတော့ သေမျိုးတွေဆီကို ထွက်ပြေးလာရအောင် လုပ်ခဲ့တဲ့လူတွေ … မကြာခင်မှာ ငါ မင်းတို့ကို လက်စားချေမယ်။"

ပြောပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်ရှိ အရှိန်အဝါများသည် ပြောင်းလဲသွားသည်။ ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ဆယ်ကျော်သက်တစ်ယောက်၏ အရွယ်အစား ပုံပန်းသွင်ပြင်မျိုးဖြင့် ပြောင်းလဲသွားတော့သည်။

"ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးက ခန္ဓာကိုယ်ကို ပိုပြီးတော့ အားနည်းသွားစေတယ်။ ပြီးတော့ ငါက ပြန်ပြီး ငယ်ရွယ်သွားတာပဲ။ငါ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ ကြွက်သားတွေ ၊ ခန္ဓာကိုယ်တွေ အကုန်လုံးက မရှိတော့ဘူး" ထိုသူသည် တီးတိုးရေရွတ်လိုက်၏။

သူ၏ မျက်လုံးများတွင်တော့ ဒေါသတရားများဖြင့် ပိုမို၍ တောက်လောင်လာလျက်ရှိသည်။

"ဒါတွေ အားလုံး ဖြစ်ရတာ"

သူသည် သူ၏ ခန္ဓာကိုယ်ကို အားကုန်အသုံးပြုကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဘယ်ကောင်က သက်တန့်ရောင်စဉ်ကျမ်းကို ငါ့လက်ထဲကနေ ခိုးသွားတာလဲ"

တကယ်တော့ ငါက ဟိုမှာ လဲနေတဲ့သူထက်တောင် ပိုပြီးတော့ ကံဆိုးသေးတယ်။

All Chapters