အခန်း (၄၆၁)
Vol. 31 Ch. 461
သက်တန့်ရောင်စဉ်ကျမ်းဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။
ဤလူသည် အလွန်တရာ ကြီးမားလှသော ဂြိုလ်ကြီးတစ်ခုဆီမှ များပြားလှသော လူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသော ဟယ်ဝူတီ ပဲ ဖြစ်ပေလိမ့်မည်။
ကျိန်းသေပေါက် ဟယ်ဝူတီ ဖြစ်တော့၏။
ဤကဲ့သို့ ကံဆိုးလှသော လူသည် ကြယ်ကြွယ်ကုန်းမြေတိုက်ကြီးတွင် ပေါ်လာမည်ဟု မထင်ထားချေ။
အချက်အလက်အားဖြင့် ဟယ်ဝူတီ သည်လည်း ဤကဲ့သို့သော ကြယ်ကြွေကုန်းမြေတိုက်ကြီးသို့ မလာချင်ပေ။
သို့ပေမဲ့ သူ့အနေနှင့် သက်တန့်ရောင်စဉ်ကျမ်းအား မထုတ်ပေးနိုင်တော့ချေ။ ထို့ကြောင့် တစ်ခြားသောသူများအားလုံးသည် ကမ္ဘာအဆုံးထိ သူ၏ အနောက်သို့ လိုက်လံ သတ်ဖြတ်တော့သည်။
သူ့အနေနှင့် မသေဆုံးချင်ပေ။ အသက်ရှင်ကျန်ရစ်ချင်၏။
ထို့ကြောင့် ရွေးချယ်စရာ မရှိဘဲ အထူးစွမ်းအင်ကို ထုတ်ဖော်အသုံးပြု၍ တည်နေရာကို ခွဲခြားကာ နေရာအနှံ့သို့ ဖြန့်ကျက်၍ အဆင့်နိမ့်ဂြိုလ်တစ်ခု ဆီသို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။
သူ့အနေနှင့် ထွက်ပြေးလာစဉ်က အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသည့် ကျင့်ကြံသူတစ်ယောက် အဖြစ် တည်ရှိခဲ့ဖူး၏။
သို့ပေမဲ့ ဤနေရာသို့ ရောက်ရှိလာချိန်မှာတော့ ဘေးထွက် ဆိုးကျိုးကို ခံစားရပြီး သူ၏ ခန္ဓာကိုယ်ရှိ စွမ်းအင်နှင့် ကျင့်ကြံခြင်းများအားလုံးသည် အားနည်းသွားခဲ့သည်။ ဝိညာဉ်စွမ်းအင်များသည်လည်း လေဟာနယ်ကို ဖြတ်သန်းပြီးသည့်နောက်မှာတော့ ကြီးမားသည့် ထိခိုက်မှုကို ခံစားခဲ့ရသည်။
လက်ရှိအချိန်တွင် ဟာဝူတီ သည် လူငယ်လေးတစ်ယောက်အရွယ် ဖြစ်လို့နေ၏။
သူ၏ ကျင့်ကြံခြင်းများအားလုံးသည်လည်း ပျက်စီးသွားခဲ့ပြီဖြစ်ပြီး အသက်ရှင်နေသည်ကပင် ကံကောင်းသည်ဟု ဆိုရမည်။
ဤအရာသည် ရီရှင်းချန်နှင့် တူညီလှသည်။
သို့ပေမဲ့ သူသည် ကပ်ဘေးကြီးကို ကြုံတွေ့ခဲ့ရသည့် ဇာတ်ကောင်တစ်ကောင်ဖြစ်ပြီး ညအင်ပါယာမှာတော့ ပြန်လည်မွေးဖွားလာသည့် ဇာတ်ကောင်တစ်ကောင်ဖြစ်သည်။
ဟူး။
ဟယ်ဝူတီ သည် မြေပေါ်မှာ လဲလှောင်းနေရာမှ မတ်တပ်ထရပ်လိုက်သည်။ ပြီးနောက် ပြောလိုက်၏။ "ဒီဂြိုလ်မှာ ရှိတဲ့ ဓာတ်သဘာဝတွေ အားလုံးက အရင်ဂြိုလ်မှာ ရှိတဲ့ ဓာတ်သဘာဝတွေနဲ့ ခြားနားတယ်။ပြီးတော့ အရမ်းအားနည်းလွန်းတယ်။ငါ့အနေနဲ့ သိုင့်ကျင့်ကြံခြင်း နည်းစနစ်တွေ အားလုံး သိတယ်ဆိုရင်တောင်မှ ဒီမှာ အသုံးဝင်မှာ မဟုတ်ဘူး။"
ဤအရာမှာ အလွန် ဆိုးဝါးလှသည့် ကိစ္စပင် ဖြစ်တော့သည်။
သူ၏ ကျင့်ကြံခြင်းများသည် ဆုံးရှုံးသွားသည်ဆိုလျှင်တောင်မှ ဆက်လက်ကျင့်ကြံနိုင်မည်ဆိုပါက အြသော အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်၏။
သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတော့ သူ ကျင့်ကြံခဲ့ရာ ပတ်ဝန်းကျင်နှင့် ကွဲပြားခြားနားနေ၏။ ထို့ကြောင့် သူ့အနေနှင့် သုံညမှစ၍ ပြန်လည်ပြီးကျင့်ကြံရမည် ဖြစ်ကြောင်း နားလည်လိုက်မိသည်။
ဟယ်ဝူတီ အား ဆက်လက်၍ စိတ်ဓာတ်ကျမိစေသည်မှာ သူ့အနေနှင့်ထွက်ပြေးလွတ်မြောက်ရန် နတ်ဘုရားစွမ်းအင်ကို အသုံးပြုလိုက်သည့် အချိန်မှာတော့ သူ၏ သိုင်းကျင့်ကြံခြင်း နည်းစနစ်များနှင့် သင့်တော်နိုင်သော အဆင့်နိမ့် တည်နေရာတစ်ခုကို ပစ်မှတ်ထားကာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ သို့ပေမဲ့ အဘယ့်ကြောင့် တည်နေရာကို ဖြတ်သန်းပြီးချိန်တွင် ကျင့်ကြံခြင်းပုံစံ အလုံးစုံ ကွာခြားလွန်းသော ဂြိုလ်တစ်ခုပေါ်သို့ ရောက်ရှိလာရသနည်း။
"ငါ့ဒဏ်ရာတွေက အရမ်းများလွန်းတော့ စိတ်က မတည်ငြိမ်ဖြစ်နေတာလား။ ဒါကြောင့် လမ်းလွဲသွားတာ ဖြစ်နိုင်တယ်"
သူ စိတ်ပျက်နေသည်ဆိုသော်လည်း ကျွမ်းကျင်သူများ၏ လိုက်လံသတ်ဖြတ်ခြင်းကို ရှောင်ရှားလိုက်နိုင်သောကြောင့် အလွန်တရာ စိတ်ကျေနပ်မိနေသည်။
သူ၏ ခန္ဓာကိုယ် ကျင့်ကြံခြင်းနှင့်စွမ်းအင်များ မရှိတော့ခြင်းက ကိစ္စတစ်ခုတော့ မဟုတ်ပေ။ သူ့အနေနှင့် အသက်ရှင်သန်သေးသည်ဆိုလျှင် ပိုမိုအားကောင်းလာစေဖို့ အခွင့် အလမ်း ရှိနေ၏။
သူ့အနေနှင့် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိအောင် ကြိုးစားပြီး လက်စားချေမှုကို ပြုလုပ်ရပေလိမ့်မည်။ ပို၍ အရေးကြီးသည်မှာ သူ့တွင် ပြိုင်ဘက်ကင်း ပါရမီ ရှိနေသေးသည်။
ငါ့ရဲ့ ပင်ကိုယ်စွမ်းရည် အရည်အချင်းနဲ့ဆိုရင် သူရဲကောင်းတွေ အားလုံးကို နင်းလျှောက်မယ်။ ပါရမီရှင်တွေ အားလုံးကို ရိုက်နှက်မယ်။ငါက အချိန်တိုအတွင်းမှာ ဒီလောကကြီးရဲ့ အားအကောင်းဆုံး လူတစ်ယောက် ဖြစ်လာလိမ့်မယ်။
ဟယ်ဝူတီ သည် သူ၏ အားနည်းလှသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲယူကာ ထွက်ခွာလိုက်သည်။ သူ့အနေနှင့် ပြန်လည်အားဖြည့်နိုင်ရန်အတွက် တည်နေရာကောင်းတစ်ခုကို ရှာဖွေရန် လိုအပ်နေသေး၏။
………
ဝိညာဉ်ချောင်းဂိုဏ်းမှ သိုင်းအုပ်စိုးသူမှာတော့ အလွန်တရာ နက်နဲလှသော တွင်းကြီးထဲတွင် သတိလစ် မေ့မျောနေတုန်းပင် ဖြစ်၏။
သူနိုးထလာချိန်တော့မှာတော့ အဘယ့်ကြောင့် ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသည်ကို မသိရှိစွာဖြင့် ဇဝေဇဝါဖြစ်မိနေသည်။
………
ဘုတ်
ဂိုဏ်းချုပ်ကျွင်း အဆောင်ချိုးဖြတ်သွားသည့် အချိန်တွင်တော့ သူ၏ ခန္ဓာကိုယ်အားလုံးသည် ကြီးမားလှသော လက်ဝါးကြီးနှင့် မိုင်တစ်ထောင် အကွာအဝေးကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူသည် မြေပေါ်တွင် ထိုင်ချလိုက်၏။
ဟူး။
အသက်ကို ပြင်းပြင်းရှူလိုက်၏။ "ငါ ထွက်ပြေးလာနိုင်ပြီ။ လွတ်မြောက်နိုင်ပြီ။"
"ချီးတဲ့မှ .. ကံကောင်းလို့ပါလား။" စနစ်သည် ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ လှဲချပြီး ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။ "ဒါက အရမ်း အန္တရာယ်များတာပဲ။"
ထွက်ပြေးလွတ်မြောက်ခြင်း အဆောင်ကြောင့်သာ သူသည် လွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ သူ့အတွက် ကြီးမားလှသည့် ဘေးထွက်ဆိုးကျိုးကြီးကလည်း ရှိနေသေးသည်။
သူ့တွင် စွမ်းအင်ဟူသည် မြူမှုတစ်မှုမှ မရှိတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ဟင်းလင်းကြီး ဖြစ်နေခြင်းပင်။
သို့ပေမဲ့ စောနက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်စဉ်းစား မိချိန်မှာတော့ သူ တီးတိုး ရေရွတ်လိုက်မိသည်။ "ငါ မထွက်သွားခင်မှာ မိုးခြိမ်းသံကြီးတစ်ခု ကြားခဲ့ရတယ်။ဘာဖြစ်တာလဲ"
စနစ်မှ ပြောလိုက်သည်။ "ထွက်ပြေး လွတ်မြောက်ခြင်း အဆောင်က တည်နေရာကနေ ထွက်ပြေးရတာလေ။ ဒါကြောင့် ဒီလိုမျိုး ပတ်ဝန်းကျင်ပြောင်းလဲမှု ဖြစ်တယ်ဆိုတာက သာမန်ပါပဲ"
"ငါသိပြီ"
ကျွင်းချောင်ရှောင်း နားလည်လိုက်မိ၏။
သူတို့၏ ပြောစကားများကို ကြည့်မည်ဆိုလျှင် သူတို့သည် ဟယ်ဝူတီပေါ်လာသည်ကို အလုံးစုံ မသိရှိခဲ့ကြပေ။
သို့ပေမဲ့ စနစ်၏ ပြောစကားအရဆိုလျှင် ကျွင်းချောင်ရှောင်းသည် တည်နေရာ ဖြတ်သန်း၍ တည်နေရာ အက်ကွဲကြောင်းမှတစ်ဆင့် ထွက်ပြေးချိန်မှာတော့ ထိုအက်ကွဲကြောင်းကို အသုံးပြု၍ အလွန်တရာ ကံဆိုးလှသော ဆရာကြီးသည် သူတို့၏ ကုန်းမြေတိုက်ကြီး ဖြစ်သော သေမျိုးကမ္ဘာဆီသို့ ဒီအက်ကွဲကြောင်းကြီးမှ တစ်ဆင့် ရောက်ရှိလာခဲ့ခြင်းသာ ဖြစ်ပေတော့သည်။
ဖြစ်ပျက်ခဲ့သမျှမှာ ထူးဆန်းလွန်းလှပြီး အလွန်တရာ တိုက်ဆိုင်လွန်းနေ၏။
"ထူးဆန်းလိုက်တာ"
ကျွင်းချောင်ရှောင်းသည် ခဏလောက် နေပြီးသည့်နောက် ပြောလိုက်၏။ "အဆင့်လေး ဂိုဏ်းတစ်ခုမှာ ဘာ့ကြောင့် သိုင်းအုပ်စိုးသူတစ်ယောက် ရှိနေရတာလဲ"
စနစ်မှ ပြောလိုက်သည်။ "ဒီလူရဲ့ အော်ရာတွေက မငြိမ်သက်ဘူး။ဒါကြောင့် အဆင့်တက်ထားတာ မကြာသေးခင်ကမှ ဖြစ်မယ်။"
ဪ။
ကျွင်းချောင်ရှောင်းသည် တွေးတောခြင်းကို ရပ်တန့်လိုက်၏။
သို့ပေမဲ့ သူ၏ အားနည်းလှသော ခန္ဓာကိုယ်ကြောင့် သူသည် မြက်ခင်းပြင်ပေါ်တွင် ငြိမ်ငြိမ်သက်သက် လှဲခြင်းကို သာ ပြုလုပ်နိုင်သည်။ "ဒီအချိန်မှာ သာမန်သားရဲရိုင်းတစ်ကောင်က ရောက်လာရင်တောင် င့ါကို စားသွားလို့ရတယ်။"
"အဲတော့ တစ်ကောင်ကောင်ရောက်လာဖို့မျှော်နေတာလား"
တစ်နာရီလောက်ကြာပြီးသည့်နောက် ဟာရီကိန်းဝံပုလွေသည် နဂါးလေးအား ကျောပေါ်တင်၍ တောအုပ်ထဲမှ ထွက်ပေါ်လာသည်။
ဆူညံ့သည့် အသံများကို ကြားနေချိန်တွင် အလွန်တရာ စိုးရိမ်လျက်ရှိသောဂိုဏ်းချုပ်ကျွင်းမှာ သူ၏ ပဋိညာဉ် သားရဲများ ထွက်ပေါ်လာသည်ကို မြင်တော့ စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။
မဟုတ်သေးပေ။ ဟာရီကိန်းဝံပုလွေဘုရင်သည် အဘယ့်ကြောင့် ရောက်ရှိလာရသနည်း။
"ငါ သိုင်းအုပ်စိုးသူရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရချိန်မှာ သူ လမ်းလွဲသွားတာလား"
ဟရီကိန်းဝံပုလွေဘုရင်သည် လက်ရှိအချိန်မှာတော့ လုံလုံခြုံခြုံနှင့် သူ့ဆီသို့ ရောက်ရှိလာ၏။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်ချောင်ဂိုဏ်းမှ ကျွမ်းကျင်သူသည် သတိလစ် မေ့မျောနေသောကြောင့် ဖြစ်သည်။
ဟယ်ဝူတီ သည်သာ ကောင်းကင်ပေါ်မှ ပြုတ်ကျမလာဘူးဆိုလျှင် ကျွင်းချောင်ရှောင်းသည် ထွက်ပြေးလွတ်မြောက်ခြင်း အဆောင်ကို အသုံးပြု၍ မိုင်တစ်ထောင် အဝေးဆီသို့ ထွက်ပြေးခဲ့သည် ဆိုလျှင်တောင်မှ သိုင်းအုပ်စိုးသူတစ်ယောက်ဆီမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။
…....
ဘေးထွက်ဆိုးကျိုးမှာ အချိန် လေးနာရီခန့် ကြာမြင့်လှ၏။
ထိုဘေးထွက် ဆိုးကျိုး ပျောက်ကွယ်သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အားအင်များကို ပြန်လည် စုစည်းကြည့်လိုက်သည်။
ပြီးနောက် သူသည် ဟာရီကိန်း ဝံပုလွေကို စီးနင်း၍ တောင်ပြာဂိုဏ်းဆီသို့ ဦးတည်လိုက်တော့၏။
ဟမ်။
တောနက်တည်နေရာထဲသို့ ရောက်ချိန်မှာတော့ ကြမ်းတမ်းလှသော သားရဲများ၏ အော်သံကို သူ ခပ်ရေးရေး ကြားလိုက်ရ၏။
စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်နှံ့၍ ကြည့်ရှုလိုက်သည်။
မိုင်နှစ်ဆယ်ရှိတည်နေရာမှာတော့ သာမန်သားရဲရိုင်းတစ်ဒါဇင်ကျော်တို့သည် အလွန်ရှုပ်ပွပြီး ဒဏ်ရာတွေ ပရပွနှင့် ဖြစ်နေသော လူငယ်လေးတစ်ယောက်အား ဝိုင်းပတ်ထားလျက်ရှိနေသည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ "သနားစရာပဲ"
ထိုလူငယ်လေး၏ ဒဏ်ရာများမှာ အလွန်တရာ ပြင်းထန်လှ၏။ ထို့အပြင် ကျင့်ကြံသူတစ်ယောက်၏ အော်ရာမျိုးလည်း မရှိပေ။ သာမန်လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
အဘယ့်ကြောင့် တောနက်ထဲသို့ ရောက်လာရသနည်း။ ကိုယ့်ကိုကိုယ် သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
ယခုလေးတင် သေခြင်းတရားဆီမှ လွတ်မြောက်လာခဲ့သည်ကို ပြန်စဉ်စား ကြည့်လိုက်လျှင်တော့ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ကိုယ်ချင်းစာသွားမိ၏။
ထို့ကြောင့် ကူညီရန် ဆုံးဖြတ်လိုက်သည်။
သို့ပေမဲ့ သူ လာရောက်ကူညီရန် စဉ်းစားနေတုန်းမှာပဲ လူငယ်လေးသည် ဒဏ်ရာ ပြင်းထန်လှပြီး မည်သည့် ကျင့်ကြံခြင်းကို မှ ပိုင်ဆိုင်ထားခြင်း မရှိဘူးဆိုသော်လည်း သားရဲရိုင်းများကို လက်သီးနှင့် ထိုးလွှတ်နေသည်ကို အံ့အားသင့်ဖွယ် မြင်လိုက်ရ၏။
"ဒါက"
ကျွင်းချောင်ရှောင်း အနည်းငယ် ကြောင်သွား၏။
ဤလူငယ်လေးသည် မည်သည့် သိုင်းနည်းစနစ်များကိုမှ မတတ်မြောက်ဘဲ၊ မရီဒန်တစ်ခုတောင်မှ ဖွင့်လစ်ထားခြင်း မရှိသည်ကို သူ သေချာသိသည်။
သို့ပေမဲ့ လက်သီးကို အသုံးပြုကာ သားရဲရိုင်း ဝံပုလွေများအား လွင့်စင်အောင် ထိုးလွှတ်နိုင်၏။ မယုံကြည်နိုင်ဖွယ်ရာပင်။
စနစ်မှ ပြောလိုက်သည်။ "နတ်ဘုရားအားအင်နဲ့ မွေးဖွားလာတဲ့ လူတစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မယ်"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချက်ချင်းဆိုသလိုပဲ လင်းလက်သွားသည်။
ထိုသူသည် ဒဏ်ရာ ရနေသေး၏။ သို့ပေမဲ့ လက်ဗလာနှင့် သားရဲရိုင်းဝံပုလွေများအား တိုက်ခိုက်နိုင်နေသေးသည်။ ကျင့်ကြံခြင်းတွင် ပြုစုပျိုးထောင်ပေးသင့်သော လူတစ်ယောက်ဖြစ်ပေလိမ့်မည်။
ထိုသို့သော လူများကိုသာ ဂိုဏ်းထဲသို့ ခေါ်ဆောင်နိုင်မည်ဆိုလျှင် ဂိုဏ်း၏ အနာဂတ်သည် ပိုမို၍ ကြီးထွားပေလိမ့်မည်။
"သွားရအောင် သူ့ကို ကယ်မယ်"
ရွှီ။
ဟာရီကိန်းဝံပုလွေသည် အသော့နှင်သွား၏။
တောင်ခြေမှာတော့ ဟယ်ဝူတီ သည် သူ၏ လက်သီးကို မြှောက်၍ သူ့အား တိုက်ခိုက်လာသည့် သားရဲရိုင်းများအား လက်သီးနှင့် ထိုးကာ လွှတ်နေသည်။
သူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့မဲ့လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိသော ဒဏ်ရာများမှာ နာကျင်နေသောကြောင့်ပင်။
သားရဲရိုင်းများကို ကြည့်ရှုနေသည့် သူ၏ မျက်လုံးထဲမှာတော့ အထင်အမြင်သေးသည် အရိပ်အယောင်များ တည်ရှိလို့နေ၏။
ဂုဏ်သိက္ခာကြီးမားလှတဲ့ သူတော်စင်တစ်ယောက် က ခွေအုပ်ထဲ ရောက်နေရင်တောင် ကျားက ကျားပဲ။ ငါ့ကို အနိုင်ယူလို့ မရဘူး။
သားရဲရိုင်း နှစ်ဆယ်ကျော်တို့သည် သူတို့ရှေ့မှလူသည် မရိုးရှင်းကြောင်း နားလည်လိုက်မိ၏။
သူတို့၏ တိုက်ခိုက်မှုများ မအောင်မြင်ပြီးသည့်နောက်မှာတော့ သူတို့၏ အလွန်တရာ ထက်ရှလှသော သွားများကို အသုံးပြု၍ တိုက်ခိုက်ရန် စဉ်းစားလိုက်ကြတော့သည်။
အာဝူး
ထိုအခိုက်မှာပဲ ဝံပုလွေအော်သံကြီးတစ်ခုသည် တောထဲမှ ထွက်ပေါ်လာပြီး အလွန်တရာ ကြီးမားလှသော ဝံပုလွေဘုရင်ကြီးသည် လေလှိုင်းအဟုန်များကို နင်းလျှောက်ကာ ရောက်ရှိလာခဲ့သည်။
"ဒုက္ခပဲ" ဟယ်ဝူတီ သည် မျက်မှောင်ကုတ်သွားမိ၏။