← Chapters

မျှော်လင့်ချက်

Vol. 013 Ch. 1284

မျှော်လင့်ချက်

Vol. 013 Ch. 1284

ရီဝူချင်းသည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေပြီး သူသည် ဖေမင်၏ အံ့သြဖွယ်ကောင်းလှသည့် အရှိန်အဝါကို ခံစားမိသည်။

သူက ဤတိုက်ပွဲတွင် ဖေမင်နှင့် တိုက်ခိုက်ချင်ခဲ့၏။ သူသည် အနိုင်အရှုံး အကြောင်းကို မစဉ်းစားပေ။ သူက ဒေသဘုရင် အဆင့်သတ်မှတ်ချက် ရှိသူတစ်ဦး၏ မဟာလမ်းစဉ် ဓားစွမ်းရည်ကို စမ်းသပ်လိုခြင်း ဖြစ်ပြီး ဤနည်းဖြင့် သူ၏ ဓားစွမ်းရည်ကို တိုးတက်စေနိုင်သည်။

သူသည် ရှန့်ထိုအဆင့်သို့ ရောက်နေသော်လည်း သူသည် သူ့လမ်းစဉ်၏ အဆုံးသတ်ကို ရောက်ရှိနေပြီဟု ဆိုလိုခြင်းမဟုတ်ပေ။

အကောင်းဆုံး ဓားသမားဖြစ်လာရန်မှာ အဆုံးသတ်မရှိပေ။

ယခု သူ၏ရှေ့တွင် ဒေသဘုရင် အဆင့်သတ်မှတ်ချက်မှ ကျော်ကြားသည့် ဓားသမားတစ်ယောက်က ရပ်နေပြီဖြစ်ရာ သူ့အနေဖြင့် နောက်ထပ် သင်ယူလေ့လာနိုင်မည့် အခွင့်အလမ်းကို လက်လွှတ်မခံနိုင်ပေ။

“ကျေးဇူးပြုပြီး သင်ပြပေးပါ”

ရီဝူချင်းက သူ၏ ဓားနှင့်အတူ အရိုအသေပြုသည်။

“ကောင်းပြီ”

ဖေမင်က ပြန်ဖြေသည်။ သူ ပြောပြီးသည့် ခဏမှာပင် ရီဝူချင်းက ထိုနေရာတစ်ခုလုံးတွင် ဓားများဖြင့် ပြည့်နှက်နေသည်ဟု ခံစားလိုက်ရ၏။

နေရာတစ်ခုလုံးကို ဖြတ်သန်း စီးဆင်းလာသည့် အရှိန်အဝါသည် ဖေမင်၏ ဓားများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ထင်မှတ်ရသည်။  သူ့စွမ်းအားများက မည်သည့် နေရာသို့ ရွေ့လျားသွားပါစေ၊ ထိုနေရာ၌ ဓားအဖြစ် ပြောင်းလဲသွားလိမ့်မည်။

သူသည် ဓားတောင်တစ်လုံးကဲ့သို့ ထင်မှတ်ရပြီး ထောင်ချီသော ဓားများစွာ၏ အရင်းအမြစ်ဖြစ်သည်။

ရီဝူချင်း ဓားစွမ်းအားများသည် အော်မြည်လာပြီး ဓားချိပ်တံဆိပ်များအဖြစ် သူ့ရှေ့တွင် ပေါ်ပေါက်လာသည်။

ဓားချိပ်တံဆိပ် တစ်ခုချင်းစီသည် သူ၏ စွမ်းအားအသိများမှ ထွက်ပေါ်လာခြင်း ဖြစ်ပုံရသည်။ ပြိုင်ဘက်ကင်း အစွမ်းထက်သည့် ဓားစွမ်းအား စီးကြောင်းက သူ့ထံမှ စီးထွက်လာသည်။ အဆုံးမဲ့ ဓားစွမ်းရည်များသည် ကျယ်ပြောလှသည့် နေရာတစ်ခွင်ကို ဖြတ်သန်းသွားသည်။ ၎င်းသည် ရီဝူချင်းအနီးတွင် စီးဆင်းနေပြီး သူ့ကို ဗဟိုပြုထားသည်။ အခြားသော ဓားစွမ်းအား စီးကြောင်းသည် သူ့ကိုယ်ပေါ်တွင် ပေါ်ပေါက်လာသည်။

ဓားချိပ်တံဆိပ်များသည် ဆက်လက်၍ တိုးပွားလာနေပြီး ရီဝူချင်း၏ အနီးမှ ဓားစွမ်းအားများကို ပို၍ ကြောက်မက်ဖွယ် ကောင်းလာအောင် ဖန်တီးနေသည်။ သူသည် မဟာလမ်းစဉ်ကိုပင် ပျက်ယွင်းစေသည့် စွမ်းအားရှိသည်ဟု ထင်မြင်ရပေသည်။

ဖေမင်က ရီဝူချင်း၏ ဓားသဏ္ဌာန် ချိပ်တံဆိပ်များကို မြင်လျှင်ပင် ဂရုစိုက်ပုံမပေါ်ပေ။  သူ၏ အတွေးတစ်ချက်နှင့် မရေတွက်နိုင်သည့် ဓားတံဆိပ်များကလည်း သူ့အနီးတွင် ပေါ်ပေါက်လာသည်။

သို့သော်လည်း ၎င်းတို့သည် ဓားချိပ်တံဆိပ်များတွင် အရိုးရှင်းဆုံးများ ဖြစ်သည့်ပုံပေါ်သည်။ ယင်းတို့သည် ဓားအသိများကဲ့သို့သာ ပုံပေါ်ပေသည်။

၎င်းတို့သည် ရီဝူချင်း ဖန်တီးထားသည့် ဓားစွမ်းအားကဲ့သို့ အားအင်ကြီးမား မနေခဲ့ပေ။ မဟုတ်လျှင် သူသည် အချိန်တိုအတွင်း ထိုမျှ များပြားသော သဏ္ဌာန်များကို ဖွဲ့စည်းနိုင်လိမ့်မည် မဟုတ်ပေ။

“ကျုပ်က ထောင်ချီစာလုံး သင်္ကေတတွေကနေ မတူညီတဲ့ နားလည်သဘောပေါက်မှု နှစ်ခုကို ရရှိခဲ့တယ်။ တစ်ခုက မင်းတို့အားလုံးနဲ့ အတူတူဖြစ်ပြီးတော့ နောက်တစ်ခုက မင်းအခု တွေ့တဲ့ဓားပဲ။ ကျုပ်က အဲဒါကို ကိုယ်ပိုင်ကျင့်စဉ်နဲ့ ပေါင်းစပ်ထားတယ်”

ဖေမင်က ရီဝူချင်းကို ကြည့်ကာ ပြောသည်။

“မင်းရဲ့ ဓားက ကျုပ်ဓားတွေကို ဖျက်ဆီးနိုင်မယ်ဆိုရင် မင်း အနိုင်ရတယ်လို့ သတ်မှတ်ပေးမယ်”

ရီဝူချင်းက ဘာမှ မပြောပေ။ သူသည် ရုတ်ခြည်း ရှေ့သို့ လှမ်းလာပြီး လျှပ်တစ်ပြက်အတွင်း ဓားတစ်လက်ပုံရိပ် သဏ္ဌာန်ပေါ်လာသည်။ သူက ရှေ့သို့ ညွှန်လိုက်သည်တွင် အားလုံးသော ဓားချိပ်တံဆိပ်များသည် သူ့ လက်ချောင်းအတွင်း ပျော်ဝင်သွားကြသည်။

ရုတ်တရက် ဓားစွမ်းအားများသည် လေတိုးသံများပေးကာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားကြ၏။

ကောင်းကင်နှင့် မြေကြီးသည် ဓားစွမ်းအားများဖြင့် အစိတ်စိတ် ပိုင်းဖြတ်ခံရတော့မလို ထင်မှတ်ရသည်။ ကြောက်မက်ဖွယ် ဓားများကို ဖန်ဆင်းပြီးသည်နှင့် ရီဝူချင်းက ဖေမင်ထံသို့ တည့်တည့် တိုးဝင်သွားသည်။ ဓားစွမ်းအားများသည် လေထဲတွင် ကြမ်းတမ်းရိုင်းစိုင်းစွာ စီးဆင်းနေသည်။ ၎င်းတို့ အားလုံးသည် သူ၏ ခန္ဓာကိုယ်နှင့် ရောယှက်နေပြီး မြောက်မြားစွာသော ဓားများအသွင်အဖြစ် ပြောင်းလဲသွား၏။

ဤဓား၏ ဖန်တီးမှုသည် မဟာလမ်းစဉ်ကိုပင် ချိုးဖြတ်နိုင်လိမ့်မည်။

နတ်တောင်ပေါ်ရှိ လူတိုင်းသည် ထိုမြင်ကွင်းကို အာရုံစူးစိုက်ကာ ကြည့်နေကြသည်။ ကြည့်ရသည်မှာ ရီဝူချင်းသည် တစ်ကွက်တည်းဖြင့် အနိုင်ရတော့မည့်ပုံပါပေ။

ဓားတစ်ချက်တည်းက အနိုင်အရှုံးကို အဆုံးအဖြတ် ပေးပါမည်လော။

သူက ဖေမင်၏ ဓားစွမ်းရည်ကို မြင်တွေ့လိုသည်။

ဖေမင်သည် ထိုနေရာတွင် ရပ်နေဆဲ ဖြစ်ကာ သူ၏ ဝတ်ရုံရှည်က လေထဲတွင် မျောလွင့်နေသည်။ နားကို ထွင်းဖောက်တော့မည် ဆူညံသံတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ မျက်လုံးများထဲမှ ဓားစွမ်းအားများ ထွက်ပေါ်လာသည်။ သူ၏ စွမ်းအားသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးကွယ်ထားနိုင်သည်။

သူက မလှုပ်ရှားသော်လည်း သူ၏ ဓားကတော့ ရောက်ရှိလာခဲ့သည်။

တစ်စုံတစ်ယောက်သည် ရှန့်ထိုအဆင့်သို့ ရောက်သည့်အခါ သူတို့၏ စွမ်းအားအသိများသည် မဟာလမ်းစဉ်နှင့် တသားတည်း ဖြစ်သွားသည်။

သူတို့၏ အတွေးအားလုံးသည် တာအိုကို မွေးဖွားနိုင်သည်။

သူသည် သူ၏ ကိုယ်ပိုင်စွမ်းအားမှ ဓားကို ဖန်တီးနိုင်သည်။

ဖေမင်က ရှေ့သို့ လှမ်းလိုက်သည်တွင် ထောင်ချီသည့် ဓားတံဆိပ်များက ကြောက်မက်ဖွယ် ဓားမုန်တိုင်းအသွင် ပြောင်းလဲသွားကာ ရီဝူချင်းထံသို့ တောက်ပသော ဓားအလင်းလှိုင်းများအဖြစ် လွှမ်းခြုံသွားသည်။

ယင်းကို ကြည့်ရသည်မှာ ထောင်ချီစာလုံး သင်္ကေတများမှ စွမ်းအားများကို အသုံးပြုတိုက်ခိုက်သည်နှင့် အနည်းငယ် တူပေသည်။

သို့သော်လည်း ထိုတိုက်ခိုက်မှုတွင် ကွဲပြားမှုများ ရှိနေသည်။ ဖေမင်သည် အချိန်တိုအတွင်း၌ ထောင်ချီစာလုံး သင်္ကေတများဆီမှ ထူးခြားဆန်းကြယ်မှုများ အားလုံးကို မဖော်ထုတ်နိုင်ခဲ့ပေ။

သို့သော်လည်း ကြည့်ရသည်မှာ ထိုစွမ်းအားများကို အသုံးချနေသည်နှင့် တူနေဆဲ ဖြစ်သည်။

သူ၏ ဓားများသည် ဦးတည်ရာသို့ ရောက်ရှိသွားပြီး ၎င်းတို့သည် ရီဝူချင်း၏ ဓားများနှင့် ထိပ်တိုက်တွေ့မိသွားသည်။

ရီဝူချင်းသည် သူ၏ ဓားများကို တဟုန်ထိုး ရှေ့သို့ တိုးလာပြီး လေကို ခုတ်ဖြတ်သည်။ ပြေးဝင်လာနေသည့် ဓားများသည် ပျက်စီးသွားပြီး ရီဝူချင်း၏ ဓားများကို မတားဆီးနိုင်ခဲ့ပေ။

သို့သော်လည်း ဓားများက ပို၍ ပို၍ သူ့ထံသို့ စီးဆင်းလာနေသည်။ ယင်းတို့သည် အဆုံးရှိတော့မည့်ပုံ မပေါ်ပေ။

နားကွဲလုမတတ် အသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အရာအားလုံးက တစ်ခဏအတွင်း ထွက်ပေါ်ခဲ့သည်။

ခွဲထွက်လာသည့် ဓားက တိုးဝင်လာနေသည့် ဓားများကို တို့ဟူးအား ဓားနှင့် လှီးသကဲ့သို့ ခုတ်ဖြတ်သည်။ ထိုသည်က ဓားများ၏ စီးဆင်းမှုကို ချက်ချင်းပင် ထိုးဖောက်လိမ့်မည်ဟု ထင်မှတ်ရပေသည်။

သို့သော်လည်း ဓားအားလှိုင်းများသည် ရီဝူချင်း ဓားများ၏ အရှိန်အဟုန်ကို သက်ရောက်စေခဲ့သည်။ စီးဆင်းနေသည့် ဓားများသည် အားနည်းမသွားသည့်အပြင် သူတို့၏ အရှိန်အဟုန်သည်လည်း တိုးပွားလာခဲ့သည်။

ဖေမင်၏ မျက်လုံးများမှ ထိုးဖောက်နိုင်သည့် ဓားအလင်းများ ထွက်ပေါ်လာသည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားများသည် နေရာတစ်ခုကို ပြည့်နှက်သွားပြီး ဓားတစ်ခုချင်းစီသည် ကိုယ်ပိုင်အသိများ ရှိပြီး သူတို့သည် ရီဝူချင်း၏ ဓားများကို အဆက်မပြတ် ထိုးနှက်နေသည်။ ယင်းတို့သည် သူ၏ စိတ်ထဲတွင် ရှင်းလင်းသော ထင်မြင်ချက်ကို ချန်ရစ်ခဲ့သည်။

ဘန်း… ဘန်း … ဘန်း…

ဓားများသည် တစ်ခုပြီးတစ်ခု ကွဲထွက်သွားသော်လည်း သူတို့၏ အရှိန်အဟုန်မှာ ဆက်လက် ကြီးထွားနေဆဲ ဖြစ်သည်။ ရီဝူချင်းက သူ၏ ဓားများ နှေးကွေးလာကြောင်းကို ခံစားမိသည်။

ထိုက အလွန်သိမ်မွေ့သော ခံစားမှုကို ဖြစ်စေသည်။ သူ၏ ဓားများသည် အလွန် လျင်မြန်စွာ ရွေ့လျားနေပြီး မည်သည့်အရာမှ မကျန်ရှိတော့သည်အထိ ထိုးဖောက်သွား သင့်ပေသည်။

သို့သော်လည်း ထိုအချိန်တွင် ရီဝူချင်းသည် သူက ဓားပင်လယ်ကြီးထဲ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဓားတစ်ချောင်းချင်းစီသည် အလွန် ရှင်းလင်းလာပြီး သူ၏ ဓားများကို တစ်ခုချင်း တစ်ခုချင်းကို ပိတ်ဆို့တားဆီးနေသည်။

သူသည် ရှေ့သို့ ဆက်တိုးလာသော်လည်း ခက်ခဲသထက် ခက်ခဲလာသည်။

ဖေမင်က နောက်တစ်လှမ်း ထပ်လှမ်းလာသည်။ သူက ထိုသို့လုပ်လိုက်လျှင် သူ၏ ဓားအားစီးဆင်းမှုသည် ပို၍ သန်မာလာသည်။ ဓားတ်လက်ချင်းစီသည် သူ့ရှေ့မှ ဓားများထက် ပို၍ ကြောက်မက်ဖွယ် ကောင်းလာပြီး ယင်းတို့သည် ရီဝူချင်းဆီသို့ တိုးဝင်လာနေသည်။

ရီဝူချင်း၏ ရှေ့သို့ ဆက်လက် တိုးဝင်နေသည့် အရှိန်အဟုန်သည် ရပ်တန့်သွားသည်။ သူ၏ ဓားများသည် ပိတ်ဆို့တားဆီး ခံလိုက်ရသလို ထင်မှတ်ရ၏။

သူက သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ရှေ့သို့ ညွှန်သည်။ အဆုံးမဲ့ ဓားစွမ်းအားများသည် ရှေ့သို့ ကြမ်းတမ်းစွာဖြင့် သူ၏ ရှေ့မှ ဓားများဆီ စီးဆင်းနေသည်။ လောကကြီး၏ မဟာလမ်းစဉ်က သူ့ဓားများဆီသို့ ပြန်လည်ရောက်ရှိ လာသကဲ့သို့ ဖြစ်သည်။

ဘုန်း…

လေထုသည် နှစ်ပိုင်း ကွဲသွားတော့မတတ်ပင် ထင်မှတ်ရသည်။

သို့သော် ပို၍ အစွမ်းထက်သည့် ဓားစွမ်းအား စီးကြောင်းက သူ့ထံသို့ ရောက်ရှိလာပြီး ဖြစ်သည်။

ဘန်း…

ဓားသည် ကွဲထွက်လာသည့် ဓားများထံသို့ ထိုးနှက်သည်။

ထို့နောက် ဒုတိယတစ်ခု ... နောက် တတိယတစ်ခု .... ၎င်းတို့ကို ကြည့်ရသည်မှာ အဆုံးမဲ့ပင် ဖြစ်၏။

ရီဝူချင်းကား လက်လျှော့မည့်ပုံ မပေါ်။ သူ၏ခြေလှမ်းက အနည်းငယ် ယိုင်နေသည်။ ထိုစဉ် ဖေမင်က ခြေလှမ်း နောက်တစ်လှမ်း ထပ်လှမ်းလိုက်ကာ သူ၏ မျက်လုံးများမှ စူးရှသည့် အလင်းများ ထွက်ပေါ်လာသည်။

ဝှစ် …

ဓားတစ်လက်သည် သူ့ခေါင်းအထက်မှ ကျဆင်းလာပြီး ရီဝူချင်းဆီသို့ ပြေးဝင်သွားသည်။

ဝုန်း …

နားကွဲမတတ် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ ရီဝူချင်းသည် နောက်ဆုံး၌ ဖေမင်ထံမှ တစ်လှမ်း ဆုတ်လိုက်ရ ပြန်သော်လည်း ဖေမင်၏ ရှေ့ လေထုထဲတွင် ဓားများနှင့် ပြည့်နှက်နေသည်။ ခွဲဖြာထွက်နေသည့် ဓားများသည် နောက်ဆုံး၌ ပြိုကွဲသွားပြီး ရီဝူချင်း ဖန်တီးထားသည့် ဓားချိပ်တံဆိပ် များသည်လည်း ပျောက်ကွယ်သွားခဲ့၏။

ဝှစ် …

ဖေမင်က ရီဝူချင်း၏ ရှေ့သို့ လှမ်းလာကာ ပြင်းထန်သည့် ဓားစွမ်းအား စီးကြောင်းနှင့်အတူ ရီဝူချင်းဆီသို့ ရောက်ရှိလာသည်။ ရီဝူချင်းက တစ်ချက် ညည်းညူ လိုက်သော်လည်း သူက တောင့်ခံနေဆဲဖြစ်ကာ နောက်ဆုတ်မည့်ပုံ မပေါ်သေး။ သူက ဓားများကို မော့ကြည့်လိုက်ရင်း သူ၏ ရှေ့မှ ပုံရိပ်သည် မကျော်လွှားနိုင်သော အရာအဖြစ် ခံစားလာရသည်။

ဤတိုက်ပွဲတွင် သူက ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ရီဝူချင်း သိသည်။

ဖေမင်က သူ၏ အကောင်းဆုံး တိုက်ကွက်များကိုပင် မထုတ်ခဲ့ပေ။ သူက ရီဝူချင်းအတွက် ရိုးရှင်းသော ဓားများဖြင့်သာ အသုံးပြုခဲ့၏။

သို့သော်လည်း ထိုဓားများသည် လမ်းစဉ်မှ မွေးဖွားလာခြင်းဖြစ်၏။

“ဒီဓားပညာမှာ ဘာပညာသားမှ မပါခဲ့ဘူး”

ရီဝူချင်းက ဖေမင်ကို ကြည့်ကာ ရေရွတ်သည်။

“ဒီမှာ ဘာပညာသားမှ မလိုဘူး။ ဓားနန်းတော်ရဲ့ အသန်မာဆုံး ဓားစွမ်းရည်က ဓားတစ်ချောင်းထက် နောက်တစ်ချောင်းက သန်မာပြီး ပြိုင်ဘက်ကို ဖျက်ဆီး အလဲထိုးနိုင်ရမယ်။ မဟုတ်ရင် သူတို့က မင်းကို ဖျက်ဆီးလိမ့်မယ်”

ဖေမင်က ရီဝူချင်းကို ပြောသည်။

“ဓားစွမ်းရည်မှာ ဓားတစ်လက်က နောက်တစ်လက်ထက် သန်မာတယ်လို့ ဘယ်လို ဆုံးဖြတ်နိုင်လဲ”

ရီဝူချင်းက နားမလည်ပေ။

“မင်းရဲ့ စွမ်းအားကြောင့် မင်းရဲ့ ခံယူချက် ဖြစ်ပေါ်တယ်။ မင်း ဓားကို ဆွဲထုတ်တဲ့ အချိန်တိုင်း မင်းရဲ့ စွမ်းအားနဲ့ ခံယူချက်က အရင်တစ်ခေါက်ကထက် ပိုပြီး သန်မာလာရမယ်။ အဲဒါဆို မင်းရဲ့ ဓားစွမ်းအားကလည်း ပိုပြီး သန်မာလာလိမ့်မယ်”

ဖေမင်က ပြောသည်။

ရီဝူချင်းသည် ဖေမင်ထံမှ ထွက်ပေါ်လာသည် နောက်ဆုံးဓားကို ပြန်တွေးနေသည်။ အမှန်တကယ်ပင် ဓားတစ်လက်ထက် အခြားတစ်လက်က သန်မာကာ အစွမ်းထက်ပေသည်။

ဤကပင် အဘယ်ကြောင့် သူ၏ ဓားစွမ်းအားက သန်မာသထက် သန်မာလာရသလဲ ဆိုသော အဖြေ ဖြစ်၏။

“သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ရီဝူချင်းက သူ၏ လေးစားမှုကို ပြသသည့်အနေဖြင့် ဦးညွှတ်ကာ အရိုအသေပြုသည်။

တိုက်ပွဲသည် ရိုးရှင်းလှသည်။ နှစ်ယောက်လုံးသည် စွမ်းအားပြည့်ဝလှသည့် တိုက်ခိုက်မှု တစ်ခုသာ ထုတ်ဖော်ခဲ့သည်။

သို့သော်လည်း သူသည် များစွာ သင်ယူခဲ့ရ၏။

သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အဝေးသို့ လျှောက်သွားခဲ့သည်။ နတ်တောင်ပေါ်မှ လူအများသည် ဖေမင်ကို စောင့်ကြည့်နေကြသည်။ သူသည် အမှန်တကယ်ပင် ဒေသဘုရင် အဆင့်သတ်မှတ်ချက်တွင် ပါဝင်ရန် ထိုက်တန်လေသည်။ သူ၏ စွမ်းအားနှင့် သတ္တိသည် ထူးကဲသာလွန်ပေသည်။

သူသည် ရီဝူချင်းက သူနှင့် မနှိုင်းယှဉ်သာသည်ကို သိနေသော်လည်း သူသည် အလေးအနက် မှတ်ယူကာ ဓားစွမ်းရည် အကြောင်းပင် သင်ကြားပေခဲ့သေးသည်။

သူသည် ရီဝူချင်း၏ ဓားစွမ်းရည်အကြောင်း သင်ကြားပေးရန် တောင်းဆိုချက်ကို အပြည့်အဝ လိုက်လျောပေးခဲ့သည်။

ချန်ယဲ့မြို့မှ လူများသည် အကြိမ်ရေများစွာ တိုက်ခိုက် အောင်မြင်ခဲ့ပြီး နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ထိုသည်မှာ ပုံမှန်သာ ဖြစ်သည်။ အကယ်၍ ရီဝူချင်းကပါ ဖေမင်ကို ရှုံးနိမ့်စေခဲ့လျှင် ဒေသဘုရင် အဆင့်သတ်မှတ်ချက်သည် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်၏။

နောက်ဆုံးတွင်တော့ ရီဝူချင်းသည် သွေးနဂါးမြစ်ပြိုင်ပွဲတွင် ထိပ်တန်းပုဂ္ဂိုလ် မဖြစ်ခဲ့ပေ။ သူက မည်သည့် နည်းလမ်းမျိုးဖြင့် ခုန်ပေါက်တိုးတက် လာသည်ဖြစ်စေ ဖေမင်လောက်တော့ မသန်မာနိုင်ပေ။

ရီဝူချင်းသည်လည်း ထိုသည်ကို သိသည်။ ထို့ကြောင့် သူ၏ ရှုံးနိမ့်မှုအပေါ်တွင် စိတ်ပျက်နေခြင်း မရှိပေ။

သူသည် သူ၏ မူလနေရာသို့ ပြန်လျှောက်လာခဲ့သည်။ သူသည် ရှုံးနိမ့်မှုကို တွေးတောမနေပေ။ သူသည် ဖေမင်၏ ဓားစွမ်းရည်ကိုသာ တွေးတောနေသည်။

ကံမကောင်းစွာနဲ့ပဲ သူသည် ဖေမင်ကို အစွမ်းကုန် ထုတ်သုံး တိုက်ခိုက်လာစေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။ သူတို့သည် ယခုထက် ပိုပြင်းထန်သည့် တိုက်ပွဲမျိုး ဖြစ်ပွားခဲ့လျှင် သူသည် အနည်းငယ် ပို၍ သင်ယူနိုင်လိမ့်မည် ဖြစ်သည်။

ထိုအခိုက်တွင် ခြေသံများကို ကြားလိုက်ရသည်။

ရီဝူချင်းနှင့် ဖေမင် အဝေးသို့ လျှောက်သွားပြီး မကြာခင်မှာပင် တစ်စုံတစ်ယောက်သည် ပွဲတော်ခန်းမ အလယ်သို့ လျှောက်လှမ်းလာသည်။ မွစာကြဲနေသည့် မြေပြင်က နေရာအနှံ့တွင် တိုက်ပွဲဖြစ်ပွားထားသည့် လက္ခဏာများကို ပြသနေသည်။

ထိုသူသည် တစ်ဖက်သို့ လှည့်ကာ တစ်နေရာသို့ ကြည့်၏။

သူ၏အကြည့်မှာလည်း ချန်ယဲ့မြို့မှ လူများ ရှိနေရာသို့ပင် ဖြစ်၏။

သို့သော်လည်း ဤသို့ဖြစ်မည်ကို ခန့်မှန်းထား ပြီးသည့်အလျှောက် လူအများကတော့ သိပ်အံ့ဩကြတော့ပေ။

ထို့ပြင် ဤသူသည် ချန်ယဲ့မြို့နှင့် အာဃာတများ ရှိနေသူ ဖြစ်သည်။ သူသည် သွေးနဂါးမြစ်တိုပ်ပွဲမှ စတင်၍ ချန်ယဲ့မြို့ကို ဆန့်ကျင်ခဲ့ပြီး ယနေ့တွင်လည်း ချန်ယဲ့မြို့ကို ရန်စရန် အထူးတလည် လာရောက်ခဲ့သူ ဖြစ်သည်။

သူသည် အင်ပါယာရှန်းဘုံမှ မင်းသား ရှန်းကျယ် ဖြစ်သည်။

သူ မလာခင်တွင် ရှန်းနန်သည် ပြန်လည်မွေးခြင်း အဆင့်တစ်ယောက်နှင့်အတူ ဤနေရာ၌ အခြေချနေခဲ့သည်။

ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်သည် ချန်ယဲ့မြို့ တိုက်ပွဲတွင် သေဆုံးခဲ့သည်။ ရီဖူရှင်းက သူ့ကို သတ်ခဲ့ခြင်း ဖြစ်၏။

ရှန်းကျယ်သည် သွေးနဂါးဘုံတွင် မနေထိုင်သည့်အတွက် မက်မွန်ဖိတ်ကြားလွှာ မရရှိခဲ့ပေ။ သို့သော်လည်း သူသည် တိုက်ခိုက်ခြင်းကို ရွေးချယ်ခဲ့ပြီး တက်ရောက်လာခဲ့သည်။

“လူအများကြီးက မြို့စားရီရဲ့ စွမ်းအားကို စမ်းသပ်ချင်နေကြတယ်။ ဒါပေမဲ့ သူတို့အားလုံးက ငြင်းဆန်ခံရတယ်။ အခုရော ထွက်လာဖို့ ဆန္ဒရှိမလား”

ရှန်းကျယ်က မေးသည်။

ယူချင်း၊ ရှားရှင်းယွန်နှင့် အခြားလူများ အားလုံးသည် သူ့ကို စူးစိုက်ကြည့် နေကြသည်။ ဤတစ်ကြိမ်တွင် ရီဖူရှင်းက သူ့အတွက် သူတို့ကို မတိုက်ခိုက်စေလိုပေ။ သူက ကိုယ်တိုင် ထွက်သွားခဲ့သည်။

ချောမောလှသည့် ငွေဖြူရောင်ဆံပင် ပိုင်ရှင်သည် ခန်းမအလယ်သို့ လျှောက်လာခဲ့သည်။ လူတိုင်း၏ မျက်နှာထက်တွင် ကြီးမားသည့် မျှော်လင့်ချက်များ ထွက်ပေါ်လာသည်။

သူတို့သည် နောက်ဆုံး၌ သွေးနဂါးဘုံတစ်ခွင်တွင် ကျော်ကြားနေသည့် ဤလူငယ်၏ စွမ်းအားအစစ်အမှန်ကို တွေ့မြင်ခွင့် ရတော့မည်လား။

ရီဖူရှင်းသည် သူ့လက်ဖြင့် ပြန်လည်မွေးဖွားခြင်း အဆင့်များကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ကာ သွေးမြေခစေဖူးသော်လည်း သူအသုံးပြုခဲ့သည်မှာ သူ၏ ကိုယ်ပိုင်စွမ်းအား အစစ်အမှန်တော့ မဟုတ်ပေ။

အင်ပါယာခွာ အပျက်အစီးနယ်မြေမှ လမ်းစဉ်မီးတောက် စွမ်းအားများကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

ယခုတွင် သူသည် ထောင်ချီစာလုံး သင်္ကေတများမှ လေ့လာဆန်းစစ်ထားသော တိုက်ခိုက်မှု စွမ်းအားများကို အသုံးပြုလျှင်ပင် သူ၏ ပြိုင်ဘက်မှာ အလွန် စွမ်းအားကြီးသည့်အတွက် ရီဖူရှင်းသည် သူ၏စွမ်းအားကုန်ကို ထုတ်သုံးရရန် ရှိနေသည်။ ရှန်းကျယ်သည် ရီဖူရှင်းအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေမည်။

***

All Chapters