← Chapters

ပဟေဠိ ရဲ့ နောက်ဆုံး အပိုင်းအစ

Vol. 19 Ch. 283

ပဟေဠိ ရဲ့ နောက်ဆုံး အပိုင်းအစ

Vol. 19 Ch. 283

'ဒီတော့ ဒါက ဒီီလိုပေါ့..'

ဆန်နီဟာ..ပန်းချီလက်ရာရဲ့ နောက်ဆုံးပုံရိပ်ကို နက်မှောင်တဲ့ မျက်နှာအမူအရာနဲ့ ကြည့်နေခဲ့တယ်..။

ပန်းချီလက်ရာရဲ့ အလယ်မှာ ထွင်းထုထားတာကတော့..နေလုံးကြီးကို..တောင်လိုပုံနေတဲ့ သေဆုံးနေတဲ့ အလောင်းတွေကနေ ထွက်ပေါ်လာတဲ့ သွေးတွေကနေ လောင်စာအဖြစ် အားဖြည့်ပေးထားခဲ့ပါတယ်..။ဒီဟာကို ဖန်တီးဖို့ အတွက် လူသောင်းပေါင်းများစွာက အသတ်ခံခဲ့ရတယ်..။ဒီအရာကို ကောင်းကင်ပေါ်မှာ ဆက်ပြီး လောင်ကျွမ်းစေဖို့ အတွက်..နောက်ထပ် လူပေါင်းထောင်ချီ စတေးခဲ့ရပါတယ်..။

ပထမဆုံး စတေးခဲ့ကြတဲ့ လူတွေကတော့..သူတို့ရဲ့ ဆန္ဒအလျောက် ၊ သူတို့ရဲ့ ခေါင်းဆောင်တွေရဲ့ ဆွဲဆောင်မူ​ အရ..လုပ်ဆောင်ခဲ့ကြတာပါ..။ဒါဆို နောက်ဆက်တွဲ စတေးမူ တွေကရော..။ဒါကိုတော့ ဆန်နီ သံသယ ဖြစ်မိပါတယ်..။

ပြီးတော့ ဘာအတွက်လဲ..။ဒါတွေ အကုန်ဘယ်လို အဆုံးသတ်သွားတာလဲ..။

တံဆိပ်တော် ခုနှစ်ခုက ပျက်ဆီးသွားခဲ့ပြီး..ရှေးဟောင်း နေထိုင်သူတွေကတော့..ပျက်သုဥ်းသွားခဲ့ကြပါတယ်..။

သို့ပေမယ့် နေကို ဖန်တီးနိုင်ခဲ့ပြီး..သူ့ရဲ့ အလင်းပေးနိုင်တဲ့ စွမ်းအားတွေကတော့..မပျက်ဆီးသွားခဲ့ပေ..။ဒီအရာက မနက်ခင်မှာဆိုရင်..ကောင်းကင်ပေါ်ကို တက်လာပြီး..ဆည်းဆာချိန်ရောက်ပြီ ဆိုရင်တော့..မိုးကုတ်စက်ဝိုင်းထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့ပါတယ်..။

သူ့ရဲ့ သွေးကြောဖြစ်တဲ့ ကြက်သွေးရောင် ထိပ်ဖျားရဲ့ တယ်ရာ က ဝင်္ကပါရဲ့ အလယ်ဗဟိုမှာ တည်ရှိနေသ၍ ဒီဟာက အညိုရောင် ကောင်းကင်ပေါ်မှာ ဆက်ပြီး တောက်ပနေဦးမှာပါ..။နေလုံးကြီး ကောင်းကင်ပေါ်မှ ရှိနေသေးသ၍ ..အမှောင်ထုကနေ ပြောင်းလဲသွားခဲ့တဲ့ ကျိန်စာသင့်ပင်လယ်ကြီးက..ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်ဖြစ်နေဦးမှာပါပဲ..။

'ကောင်းတယ်..ဒီနှစ်ခုက ထိုက်တန်မူရှိတယ်..'

ပိတ်လှောင်ခံထားရဲ့ အမှောင်ထုတွေက ဘာလို့ အနက်ရောင် ပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲသွားတာလဲ ဆိုတာကို သူ မသိပေမယ့်..ခန့်မှန်းချက် နှစ်ခုတော့ ရှိပါတယ်..။တစ်ခုက တံဆိပ်တော့ ခုနှစ်ခု ရဲ့ နှစ်ပေါင်းရာနဲ့ချီအောင် ပိတ်လှောင်ခံထားရမူကြောင့် ပြောင်းလဲသွားခဲ့တာ ဖြစ်ပြီး..နောကိတစ်ခုကတော့ ဖန်တီးထားတဲ့ နေလုံးကြီးကြောင့်ပါ..။

ကျိန်စာ ကြောင့် တယ်ရာ အဖြစ် ပြောင်းလဲသွားနိုင်တယ် ဆိုရင်..တယ်ရာ ကြောင့်ရော ဘာလို့ ကျိန်စာက မပြောင်းလဲ နိုင်ရမှာလဲ..။

'နေ ကရော ဘာဘို့ မပျောက်ကွယ်သွားသေးတာလဲ '

မေ့ပျောက်ကုန်းမြေမှာ ဘယ်သူမှ အသက်မရှင်တော့ သလို..ထိပ်ဖျားကိုလည်း စတေးမူတွေ မလုပ်ပေးနိုင်တော့ပါဘူး..။ကြက်သွေးရောင် သန္တာကျောက်တွေ ဖြစ်ပေါ်လာတာနဲ့ ပတ်သက်ပြီး သူ သံသယ ဖြစ်နေတဲ့ အရာတော့ ရှိပါတယ်..။တကယ်လို့ သူသာ မှန်ကန်မယ်ဆိုရင်..ဝင်္ကပါ ကြီးတစ်ခုလုံးက..ကြီးမားတဲ့ ပါးစပ်ကြီး ဖြစ်ပြီး..တယ်ရာက သူ မသေဆုံးခင် အချိန်မှာ..သန္တာကျောက်တန်းတွေပေါ်မှာ သေဆုံးတဲ့ သက်ရှိတိုင်းရဲ့ ဝိဥာဥ် အဆီအနှစ်တွေကို စုပ်ယူခဲ့ပါတယ်..။

ဒီဟာကြီး အကုန်လုံးက သူ့ ခန္တာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုပါ..။

ဝင်္ကပါ ရော ၊ အနက်ရောင် ပင်လယ်ကြီး ရောက..တကယ်တော့ ကြီးမားတဲ့ သတ္တဝါကြီးတွေ ဆိုတာကို နားလည်သွားတဲ့ အချိန်မှာ ဆန်နီ ကြက်သီးထသွားခဲ့တယ်..။သူတို့ရဲ့ ကြေးခွံ တွေက အရမ်းကို ကြီးမားကျယ်ပြန့်လွန်းတာကြောင့် သူတို့က သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ အရာတွေလို့ ထင်ထားခဲ့တာပါ။

အရမ်းကြီးမားတဲ့ သတ္တဝါကြီး နှစ်ကောင်ရဲ့ အဆုံး

မရှိတဲ့ ရုန်းကန်နေရမူ တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင်..သူတို့လို သေးငယ်တဲ့ လက်တစ်ဆုပ်စာ လူသားလေးတွေရဲ့ ရုန်းကန်မူ တွေက ဘာမှ မဟုတ်တော့ပါဘူး..။

ရုတ်တရက် သူ မျက်မှောင်ကျုတ်လိုက်တယ်..။

နစ်ဖီ နဲ့ သူမရဲ့ အစီအစဥ်ကရော ဘာဖြစ်မလဲ..။အမြုတေ တွေကရော ဒီအခြေအနေတွေနဲ့ ဘယ်လိုသက်ဆိုင်နေတာလဲ..။

အစပိုင်းမှာတော့..မကောင်းတဲ့ အတွေးတွေက သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က..ကြက်သွေးရောင် တယ်ရာကို နှစ်သိမ့်ဖို့ လူတွေ အများကြီးကို စတေး မယ်လို့ သူ့ စိတ်က ထင်မှတ်လိုက်တာပါ..။တိုက်ဆိုင်စွာပဲ မေ့ပျောက်ကုန်းမြေကို ပို့လိုက်တဲ့ အိပ်စက်သူတွေရဲ့ အရေအတွက်က ကြက်သွေးရောင် ထိပ်ဖျား ကို ဖန်တီးဖို့ အတွက် ရှေးခေတ် နေထိုင်သူတွေ စတေးခဲ့တဲ့ အရေအတွက်နဲ့ တူညီနေခဲ့တယ်..။

သို့ပေမယ့် သူ ဒီအတွေးကို အလျင်အမြန် ပယ်ဖျက်လိုက်ပါတယ်..။ဘာပဲဖြစ်ဖြစ်..စတေးမူတွေက သွေးနေလုံး ကြီးကို ပြန်လည် ရှင်သန်လာအောင် ဖန်တီးမူပါ..။ဒါက နစ်ဖီရဲ့ ပန်းတိုင်မဟုတ်ပါဘူး..။နစ်ဖီ က ထွက်ဖောက်ကို ရှာတွေ့ဖို့ဆိုရင် ဒီအရာတွေအားလုံးကိုတောင် ဖျက်ဆီးပစ်ပါလိမ့်မယ်..။

ဒီတော့ ဒါတွေက ဘာကိုဆိုလိုတာလဲ..။

ဆန်နီဟာ..သူရဲကောင်း ခုနှစ်ယောက် နဲ့ ကျိန်စာသင့်နယ်မြေ အကြောင်း သူသိသမျှ တစ်ခုချင်းစီတိုင်းကို ပြန်ပြီး စဥ်းစားနေခဲ့တယ်..။ပြီးတော့ အဓိက အနေနဲ့ အခိုက်အတန့် ဆီကနေ တည့်တည့်ရောက်လာခဲ့တဲ့ အချက်အလက်တွေကိုပါ..။

အဲ့အချိန်မှာပဲ သူ ရေရွတ်လိုက်တယ်..။

"...သူတို့ရဲ့ နာမည်တွေ နဲ့ မျက်နှာတွေကို အချိန်က တိုက်စားသွားခဲ့ပေမယ့်..ပြင်းထန်တဲ့ ကျိန်စာရဲ့ အမှတ်တရ တွေကတော့..ကျန်ရှိနေတုန်းပဲ..."

ဒါက ကြယ်အလင်း အကာအကွယ် နဲ့ ပတ်သက်ပြီး အခိုက်အတန့် ပေးထားခဲ့တဲ့ ဒုတိယ ဖော်ပြချက်ပါ..။

သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

အဲ့ချိန်တုန်းကတော့..ဒီစာသားက..သူရဲကောင်းခုနှစ်ယောက်ရဲ့ အမွေအနှစ်တွေက သူတို့သေပြီးတာတောင် ကျန်ရှိနေတုန်းပဲလို့ သူက ထင်ထားမိခဲ့တာပါ။သို့ပေမယ့် အခုတော့ အမှန်တရားက ဒီထက်ပိုပြီး ရိုးရှင်းတယ် ဆိုတာကို သူ နားလည်လိုက်တယ်..။

အမြုတေ မှတ်သားမူတွေနဲ့ ပတ်သက်တဲ့ လျိုဝှက်ချက်ကို နားလည်နိုင်ဖို့ သော့ချက်က တစ်ချိန်လုံး သူ့ရဲ့ ရှေ့မှာ ရောက်နေခဲ့ပါတယ်..။တကယ်တော့ ဒါက သူ မေ့ပျောက်ကုန်းမြေမှာ ပထမဆုံးရခဲ့တဲ့ မှတ်သားမူ မှာ ပါဝင်ထားခဲ့ပါတယ်..။

အဇူရာ ဓား..။

"ဒီမေ့ပျောက်ကုန်းမြေမှာ..လက်နက်တွေကပဲ..မှတ်မိနိုင်ကြတယ်.."

သူ တီးတိုး ရေရွတ်လိုကိတယ်..။ရုတ်တရက် နားလည်သဘောပေါက်မူက သူ့အတွကိ အဖြေတစ်ခု ဖြစ်လာခဲ့ပါတယ်..။

ပြင်းထန်တဲ့ ကျိန်စာရဲ့ အမှတ်တရတွေက ရှိနေသေးတယ်..။ပြီးတော့ လက်နက်တွေကပဲ မှတ်မိနိုင်တယ်..။ဆန်နီ သူ့ မျက်နှာကို ပွတ်လိုက်တယ်..။

"ငါက တကယ် အရူးတစ်ယောက်ပဲ.."

သူ သိဖို့လိုအပ်နေတဲ့ အမှန်တရားက အစကတည်းက သူ့လက်ထဲကို ထည့်ပေးထားခဲ့ပြီးသားပါ..။သူရဲကောင်းတွေက သေဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် သူတို့ရဲ့ ပြင်းထန်တဲ့ ကျိန်စာကတော့..ဒီနေရာမှာ

အေးစက်တဲ့ စတီး တွေ အဖြစ် ကျန်ရှိနေတုန်းပါပဲ..။

ဒီဟာက ကျန်ရှိနေတဲ့ မှတ်သားမူ တွေတင် မဟုတ်ပဲ အမှတ်တရ တွေပါ..။

အမြုတေ တွေက အဲဒီ အမှတ်တရ တွေပါပဲ..။

"ဒါပေါ့..အခုတော့ အရာအားလုံး အဓိပ္ပါယ်ရှိသွားပြီ"

ဒါဆိုရင် သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ..။ဘာလို့ နစ်ဖီက ဒီဟာတစ်ခုချငိးစီတိုငိးကိုအရမ်း ရှာဖွေချင်နေရတာလဲ..။

"...အဆုံးမှာတော့..ငါက ကြီးမားပြီး ကြောက်ဖို့ကောင်းတဲ့ ကြက်သွေးရောင် ထိပ်ဖျားကို တွေ့ခဲ့ရတယ်..။သူ့ရဲ့ အောက်မှာတော့..ဦးခေါင်း ခုနှစ်လုံးကတံဆိပ်တော် ခုနှစ်ခုကို စောင့်ကြပ်နေခဲ့တယ်.."

ဒေါသကြီးနေတဲ့ ကြက်သွေးရောင်ထိပ်ဖျား ရဲ့

တယ်ရာ က..ရုပ်ထုကြီးတွေရဲ့ ဦးခေါင်းတွေကို ဖြတ်ပြီး ..ဝင်ပေါက် လှေကားမှာ စောင့်ကြပ်ခိုင်းဖို့ ယူဆောင်သွားခဲ့တယ်..။ကတ်စီ မြင်တဲ့ အချိန်မှာတော့..ထူးဆန်းတဲ့ သော့ခ်လောက် ခုနှစ်ခုပါ ရှိနေပါသေးတယ်..။

သော့ခ်လောက် တွေက ဘာလုပ်ဖို့ အတွက်လည်း..။

သော့ တစ်ချောင်း။သော့ခ်လောက် တွေအကုန်လုံးကို ဖွင့်ဖို့ ၊ ပိတ်ဖို့ ဆိုရင် သော့ ချောင်း တွေရှိနေဖို့ လိုအပ်ပါတယ်..။

ဆန်နီ ဖြည်းဖြည်းချင်း အသက်ကိုရူလိုက်တယ်..။

အမှောင်ထု ကို မြေအောက်မှာ ပိတ်လှောင်ထားခဲ့တဲ့ တံဆိပ်တော် ခုနှစ်ခုက ပျက်ပြယ် သွားခဲ့ပေမယ့် သူတို့က ဖျက်ဆီးခံလိုက်ရတာ မဟုတ်ပေ..။တကယ်လို့ တစ်စုံတစ်ယောက်မှာ သော့ တွေ ရှိနေမယ်ဆိုရင် ကျိန်စာသင့် ပင်လယ်ကြီးကို နောက်တစ်ကြိမ် ပိတ်လှောင်ထားဖို့ ဆိုတာက ဖြစ်နိုင်ချေရှိပါတယ်..။ဒါက သူရဲကောင်း ခုနှစ်ယောက် ချန်ထားရစ်ခဲ့တဲ့ အရာပါပဲ..။

...ကျိန်စာသင့် အမှောင်ထုကြီးသာ ပိတ်လှောင်ခံလိုက်ရမယ် ဆိုရင်..ထိပ်ဖျားကြီးကလည်း သူ့ရဲ့ ခုခံကာကွယ်မူ လျော့ကျသွားပါလိမ့်မယ်..။

နောက်ဆုံးတော့ အရာအားလုံးက ရှင်းလင်းသွားခဲ့ပါပြီ..။

ဆန်နီဟာ သူ့ ခြေထောက်အောက်က ပုံရိပ်တွေကို ကြည့်ပြီး အတော်ကြာအောင် ခံစားချက်မဲ့စွာ ရှိနေခဲ့တယ်..။အတော်ကြာပြီးနောက်မှာတော့ သူ သက်ပြင်းချပြီး တစ်ဖက်ကို လှည့်လိုက်ပါတယ်..။

သူ့ ပါးစပ်ထဲမှာတော့ ခါးသက်မူတွေသာ ရှိနေခဲ့တယ်..။

"..စိတ်ပျက်စရာပဲ..။ငါ ဒီနေရာကြီးကို စိတ်ပျက်နေပြီ..။ဒီဟာတွေ အကုန်လုံးကို စိတ်ပျက်နေပြီ..."

ကတ်စီ ရဲ့ အမြင်အာရုံ မှာ မီးတွေ ၊ သွေးမြစ်တွေကို တွေ့ခဲ့ရတာလား..။

ကောင်းတယ်..။

အကုန်လုံး မြေကြီးထဲကို လောင်းကျွမ်းသွားလိုက်တော့..။

သူ ထပ်ပြီး ဂရုမစိုက်တော့..။

All Chapters