← Chapters

ကျော်လွှား၍ မရနိုင်သော

Vol. 19 Ch. 271

ကျော်လွှား၍ မရနိုင်သော

Vol. 19 Ch. 271

ကြီးမားတဲ့ တိုင်ကြီးက..အနက်ရောင် စစ်သည်တော်ရဲ့ အပေါ်ကို ကျရောက်လာခဲ့တယ်..။နောက်ဆုံးအခိုက်အတန့် အရောက််မှာတော့ နတ်ဆိုးဟာ..ခန္တာကိုယ်ကို အနည်းငယ်လှည့်ပြီး..သူ့ရဲ့ ဓားကို မြေကြီးပေါ်ကို ထောက်လိုက်ပါတယ်..။သူ့ရဲ့ ကြက်သွေးရောင် မျက်လုံးတွေ မှာ ခြိမ်းခြောက်ခံရမူတစ်ချို့ အရောင်လက်သွားခဲ့တယ်..။

ကျယ်လောင်တဲ့ အသံကြီးက..ပျက်ဆီးနေတဲ့ ဘုရားကျောင်းကြီးထဲမှာ ကျယ်လောင်စွာ မြည်လာခဲ့တယ်..။ကျောက်တုံးအပိုင်းအစ တွေ ၊ ဖုန်မှုန့်တွေ အများကြီးက လေထဲကို ပျံ့လွင့်လာခဲ့ပါတယ်..။

' မိပြီ...'

ပျော်ရွှင်မူတွေက ဆန်နီရဲ့ ရင်ထဲမှာ ဖြစ်ပေါ်လာပြီး အနည်းငယ်တောင် တုန့်ဆိုင်းနေခြင်းမရှိပဲ သူက ဖုန်မှုန့်တွေကြားထဲကို ပြေးဝင်သွားခဲ့တယ်..။

ဒါပေါ့..ဒီ သတ္တဝါကြီးကို သူ့ရဲ့ ထောင်ခြောက်လောက်နဲ့ ဖျက်ဆီးပစ်နိုင်လိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး..။သို့ပေမယ့်..အနည်းဆုံးတော့ ပြိုင်ဘက်ကင်းတဲ့ အနက်ရောင် အကာအကွယ်မှာဟထိခိုက်မူတွေဖြစ်စေပါလိမ့်မယ်..။

သူ အစောက သတ္တဝါကြီးကို မြင်ခဲ့တဲ့ နေရာရဲ့ အနားမှာတောါ..ဆန်နီဟာ မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို မြင်နေခဲ့ရတယ်..။တိုင်ကြီးကတော့..မြေပြင်ရဲ့ အထက်မှာ..ရှိနေပြီး..သူ့ရဲ့ အလေးချိန်က စတီး သတ္တဝါကြီးရဲ့ ပုခုံးပေါ်ကို ကျရောက်နေခဲ့ပါတယ်..။သူ့ရဲ့ သက်ရောက်မူကြောင့်..သတ္တဝါကြီးရဲ့ မျက်နှာပြင်က..ကွဲအက်ပြီး..တစ်စစီ ဖြစ်နေခဲ့တယ်..။

သို့ပေမယ့် အနက်ရောင် စစ်သည်ကလည်း ဒဏ်ရာဒဏ်ချက် တွေကနေ မလွတ်မြောက်နိုင်ခဲ့ပါဘူး..။

သူ့ရဲ့ လေးလံတဲ့ ရင်ဘတ်ချပ်ဝတ်အပြားက အက်ကွဲနေခဲ့ပြီး..အထဲမှာတော့ မမှောင်ထုကိုသာ မြင်နေခဲ့ရတယ်..။သူ့ရဲ့ ပုခုံးပေါ်ကျရောက်လာတဲ့ တိုင်ကြီးရဲ့ ဖိအားကြောင့်..လက်မောင်းတစ်ခုလုံးက..အဆစ်လွဲသွားသလိုမျိုး တွဲကျနေခဲ့ပါတယ်..။

နတ်ဆိုးရဲ့ ဦးထုတ်က ချိုင့်ဝင်နေပြီး အက်ကွဲကြောင်းတွေ အများကြီးဖြစ်ပေါ်နေခဲ့တယ်..။တစ်ခုချင်းစီတိုင်းက..ကြက်သွေးရောင် အလင်းတွေ ဖြာထွက်နေခဲ့ပါတယ်..။

အနက်ရောင် စစ်သည်က သိပ်ပြီး အခြေအနေ မကောင်းလှပေ..။သူ့ပုံစံက တကယ်ကို ကြောက်စရာ ကောင်းနေခဲ့တာပါ..။

ပိုပြီးကောင်းမွန်တာက..အခုချိန်မှာ သူ့ကို တိုင်ကြီးက ဖိထားတာကြောင့် လှုပ်ရှားလို့ မရဖြစ်နေခဲ့ပါတယ်..။

ဆန်နီ က အခြေအနေကို အသုံးချဖို့လိုအပ်နေခဲ့တယ်..။

သို့ပေမယ့်..သူ ဒီလိုမလုပ်နိုင်ခင်မှာပဲ..နတ်ဆိုးဟာ သူ့ရဲ့ ကျိုးနေတဲ့ လက်ကို မြှောက်လိုက်ပြီး..ကျောကိတိုင်ကြီးရဲ့ အပေါ်ကို တင်လိုက်တယ်..။ယင်းနောက် သူက ခေါင်းကို ငုံ့ထားပြီး..အားအင်တွေကို စုစည်းနေခဲ့ပါတယ်..။ယင်းနောက် ကျောက်တိုင်ကြီးကို အရှိန်ပြင်းစွာ လေပေါ်ကို မြှောက်ပြီး ပစ်လိုက်တယ်..။

ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့ပါပြီ..။

အောက်ကို ဒိုင်ဗင် ထိုးလိုက်ပြီး..ပျံသန်းလာတဲ့ ကျောက်တိုင်ကြီးကို မနည်းရှောင်လိုက်ရတယ်..။ကျောက်တိုင်ကြီးက သူ့ရဲ့ ခေါင်းပေါ်ကနေ ပျံသန်းပြီး..မာဗယ် ကြမ်းပြင်ပေါ်ကို ကျကာ အကြိမ်အနည်းငယ်လောက် လိမ့်ပြီးကာမှ ရပ်တန့်သွားခဲ့ပါတယ်..။သူ့ရဲ့ အရှည်က ခန်းမကြီးကို ကန့်လန့်ဖြတ် ကာထားပြီး..အဖွဲ့သားတွေ ရှေ့ကို တက်လာမယ့် လမ်းကို ပိတ်ဆို့ထားခဲ့တယ်..။

ပြီးတော့..ဆန်နီ ရဲ့ နောက်ပြန်ဆုတ်မယ့် လမ်းကိုပါ ပိတ်ထားခဲ့ပါတယ်..။

..အခုတော့ သူက နောက်ကို ပြန်ဆုတ်နိုင်တော့မှာ မဟုတ်ပေ..။

ဟန်ချက်ကို ပြန်ထိန်းလိုက်ရင်း ဆန်နီဟာ သန်းခေါငိးယံ အမြုတေကို ထုတ်ယူလိုက်ကာ..ဒဏ်ရာပြင်းထန်စွာ ရနေတဲ့ အနက်ရောင် စစ်သည်ဆီကို ပြေးဝင်သွားခဲ့တယ်..။

သူနဲ့ ကျောကိတုံးသူတော်စင် တို့က တစ်ချိန်တည်း ရောက်လာခဲ့ကြပါတယ်..။

သို့ပေမယ့် ကျရှုံးမူအဆင့် နတ်ဆိုးမှာ ပြန်လည်ခုခံဖို့ ခွန်အားတွေ ရှိနေတုန်းပါပဲ..။သူ့ရဲ့ အကာအကွယ်အင်္ကျီက အက်ကွဲနေပြီး..သူ့ရဲ့ အမြန်နှုန်းက လျော့ကျသွားတယ် ဆိုပေမယ့်..သူတို့ အကုန်လုံးကို ဖိနိပ်ထားဖို့ သူ့မှာ ခွန်အားတွေ ရှိနေပါသေးတယ်..။

ကြီးမြတ်တဲ့ ဓားကြီးကို လက်တစ်ဖက်နဲ့ ကိုင်ထားပြီး သူက ရုတ်တရက် ခုတ်ပိုင်းလိုက်တယ်..။အနက်ရောင် ဓားကြီးက လေထဲမှာ အသံတွေမြည်လာပြီး..ဆင်းသက်လာခဲ့ပါတယ်..။

ဆန်နီက နောက်ကို ပြန်ဆုတ်လိုက်ရပေမယ့်..အရိပ်ကတော့..ဓားချက်ကို သူမရဲ့ ဒိုင်းကာနဲ့ ရင်ဆိုင်နိုင်ခဲ့ပြီး..လမ်းကြောင်းလွှဲကာ အရှိန်ကို နှေးကွေးစေခဲ့ပါတယ်..။

နောက်ထပ် တစ်ခနမှာတော့ သူမက အနက်ရောင် စစ်သည် အနားကို ကပ်လိုက်ပြီး..အနက်ရောင် ဓားကြီးရဲ့ အရင်းနားကို ချိန်ရွယ်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တယ်..။

နတ်ဆိုးက..ဓားကို ရိုးရှင်းစွာ ရှောင်တိမ်းလိုက်ပြီး ဓားနှီး နဲ့..သူမရဲ့ ဦးခေါင်းကို ရိုက်ချလိုကိပါတယ်..။ဒါက သူမရဲ့ ကျောက်တုံး ကဲ့သို ..သတ္တုတွေကို လေထဲမှာ လွင့်ပျံသွားစေခဲ့တယ်..။

သူတော်စင်က နောက်ကို ယိုင်ထွက်သွားပြီး..သူမရဲ့ခေါင်းစွပ်က တစ်စစီ ဖြစ်သွားခဲ့ပါတယ်..။

နတ်ဆိုး ရဲ့ စတီးအကာအကွယ် အောက်မှာ အမှောငိထု တွေပဲ ရှိနေတာနဲ့ မတူပဲ..သူမရဲ့ ခေါင်းစွပ်အောက်မှာတော့ အမှန်တကယ်ပဲ..မျက်နှာ ရှိနေခဲ့တာပါ..။

ဆန်နီ စက္ကန့်အပိုင်းအခြားလောက် သူမကို စိုက်ကြည့်နေမ်ိခဲ့တယ်..။ဘာပဲဖြစ်ဖြစ် အရိပ် ရဲ့ မျကိနှာကို မြင်ခွင့်ရတာက သူ့အတွက် ဒါ ပထမဆုံးအကြိမ်ပါပဲ..။

ကျောက်တုံးသူတော်စင်က သူထင်ထားတဲ့ အတိုင်းပဲ ရှိနေခဲ့တယ်..။သူမရဲ့ အရည်ပြားတွေက အညိုရောင် ကျောက်တုံးတွေလိုဖြစ်နေပြီး..သူမရဲ့ မျက်နှာက လူသားတစ်ယောက်နဲ့ တူနေခဲ့ပါတယ်..။ဒါက လုံးဝကို အပြစ်ကင်းစင်မူ တစ်ခုပါပဲ..။သူမက မွေးဖွားလာခဲ့တဲ့ လူမဟုတ်ပဲ..ကျွမ်းကျင်တဲ့ ပညာရှငိတစ်ယောက်က..အကြွင်းမဲ့ ပြီးပြည့်စုံမူတွေနဲ့အတူ ကျောက်တုံးကနေ ထူလုပ်ထားတယ်လို့ ထင်ရပါတယ်..။

ရလာဒ်အနေနဲ့ ဆိုးဝါးပြီး ကြောက်စရာ ကောင်းရမယ့် အစား အရမ်းကို လှပနေခဲ့တယ်..။တကယ်တော့ လူသားမဟုတ်တဲ့ လူသားပုံစံ ပြီးပြည့်စုံတဲ့ မျက်နှာကို မြင်ရတာက..ဆန်နီကို ကျောချမ်းလာသလို ခံစားရစေပါတယ်..။

..​ကြောက်ရွံ့ မိစေတယ်..။

The fact that her haunting face was utterly devoid of any hint of human emotion only made it even more disturbing.

သူမရဲ့ လှပတဲ့ မျကိနှာမှာ လူသားတွေလိုမျိုး ခံစားချက်တွေ ရှိမနေတာက ပိုပြီးတောင် စိတ်အနှောက်အယှက်ဖြစ်စရာပါပဲ..။

အရိပ်ဟာ သူမကို သူမ လဲကျမယ့်အရေးကနေ ရှောင်ရှားလိုက်ပြီး ဘေးကို ရွေ့ကာ..နောက်ထပ် ပြင်းထန်တဲ့ ဓားချက်ကို ရှောင်လိုက်ပါတယ်..။ကြီးမြတ်တဲ့ ဓားကြီးက အစောက သူမရှိနေတဲ့ နေရာက မာဗယ်ကြမ်းပြင်ပေါ်ကို ကျဆင်းသွားပြီး..နစ်ဝင်သွားခဲ့တယ်..။

အဲ့အချိိန်မှာပဲ နစ်ဖီက ပြန်လည်ပူးပေါင်းလာခဲ့ပါတယ်..။

သူတို့ သုံးယောက်က အနက်ရောင် စစ်သည်ကို ပြီးပြည့်စုံစွာ ပူးပေါင်းပြီး တိုကိခိုက်နေခဲ့တယ်..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်က သူမရဲ့ ဓားရှည်နဲ့ နတိဆိုးရဲ့ ကျိုးပဲ့ နေတဲ့လက်ကို ဦးတည်ပြီး တိုက်ခိုက်နေခဲ့တာပါ..။

ကျောက်တုသူတော်စင်က ကြီးမြတ်တဲ့ ဓားကြီးကို နောက်တစ်ကြိမ် ရှောင်ရှားလိုက်တယ်..။

ယင်းနောက် ဆန်နီက ရူးသွပ်စရာကောင်းတဲ့ အရာတစ်ခုကို လုပ်လာခဲ့ပါတယ်..။

သူက ကြီးမားတဲ့ အနက်ရောင်ဓားကြီး ပေါ်ကို မျက်နှာပြင်ကနေ တဆင့် လှေကားတစ်ခုလို တက်သွားခဲ့တာပါ..။နတ်ဆိုးက ဒီဓားကြီးကို မြှောက်ပြီး နောက်တစ်ကြိမ် မတိုက်ခိုက်ခင်အထိ သူ့မှာ စက္ကန့်အနည်းငယ် အချိန်ရနေပါသေးတယ်..။သူ့ခြေထောက် အောက်က ဓား မြောက်တက်လာတာကို ခံစားမိတဲ့ အချိန်မှာတော့ ဆန်နီဟာ ဒီအရှိန်ကို အသုံးချကာ ခုန်လိုက်ပြီး..နတ်ဆိုးရဲ့ ခေါင်းစွပ် ကို လှမ်းဆွဲလိုက်ပါတယ်..။

သူက အနက်ရောင် စစ်သည်ရဲ့ လည်ပင်းအနားမှာ ကျဆင်းသွားခဲ့ပြီး..သူ့ရဲ့ ပုခုံးကို ပြင်းထန်စွာ ထိုးနှက်လိုက်တယ်..။သူက ပုခုံးကို ကာရံထားတဲ့ ချပ်ဝတ်ရဲ့ အစွန်းကနေ တစ်စင်တီမီတာ အကွာလောက်ကို ချိန်ရွယ်ထားခဲ့တာပါ.။

စပြီး ထိုးစိုက်တုန်းက ဆန်နီ ရဲ့လက်ထဲမှာ ဘာမှ ရှိမနေခဲ့ပေမယ့်..ချိန်သားကိုက်ဆိုသလိုပဲ..လအမြုတေက သူ့ရဲ့ လက်ထဲကို ရောက်လာခဲ့ပါတယ်..။

အနက်ရောင်မြို့တော်ကို ပြန်လာတဲ့ လမ်းတစ်လျောက်အတွင်းမှာ တက်ရောက်မူအဆင့် မှတ်သားမူတွေက အရုဏ်ဦး အမြုတေရဲ့ မြှင့်တင်ပေးမူကို သိပ်ပြီး မရကြဘူးဆိုတာကို ဆန်နီ သတိထားမိပါတယ်..။နိုးထမူအဆင့် လက်နက်တွေလို မဟုတ်ပဲ..သူတို့ရဲ့ စွမ်းအားက နောက်ထပ် အဆင့်တစ်ခု အထိကို မတက်ရောက်နိုင်ခဲ့ပေ..။သို့ပေမယ့် တိုးမြှင့်ပေးထားမူကတော့ သိသာနေတုန်းပါပဲ..။

အနည်းဆုံးတော့..ဓားမြောင် နဲ့ ကျရှုံးမူအဆင့် နတ်ဆိုးရဲ့ အကာအကွယ်ကြားထဲက ကွာဟမူကို ဖြည့်ဆည်းပေးဖို့အတွက်တော့ လုံလောက်ပါတယ်..။

လအမြုတေ ရဲ့ ဓားသွားက စတီးအကာအကွယိကို ထိုးဖောက်သွားခဲ့ပြီး..ပုခုံးအဆစ်ရဲ့ အထဲအထိကိုပါ ဖောက်ဝင်သွားခဲ့ပါတယ်..။

သိသာစွာပဲ..ဒီ ဓားချက်က နတ်ဆိုးကို အများကြီး ထိခိုက်စေမှာ မဟုတ်ဘူးဆိုတာကို ဆန်နီ သိထားပြီးသားပါ..။သို့ပေမယ့်..ဒဏ်ရာရစေဖို့က သူ့ရဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး..။

နတ်ဆိုး ပဲဖြစ်ဖြစ် ၊ ကျရှုံးမူအဆင့် ပဲဖြစ်ဖြစ် ၊ အနက်ရောင် စစ်သည်ပဲဖြစ်ဖြစ်..ရူပဗေဒရဲ့ သဘောတရားတွေကိုတော့ လိုက်နာ ရပါလိမ့်မယ်..။အထူးသဖြငိ့..သူ့ရဲ့ သံချပ်ကာ..အဆစ်နားမှာ ဓားတစ်ချောင်း စိူက်ဝင်နေတာက..သူ့ရဲ့ လှုပ်ရှားမူကို လျော့ကျသွားစေမှာတော့ အမှန်ပါပဲ..။

အမှန်ပဲ..သူ့ရဲ့ လက်မောင်းနှစ်ဖက်လုံး ဒဏ်ရာရရှိသွားတာကြောင့်..နတ်ဆိုးရဲ့ ကြီးမြတ်တဲ့ ဓားကြီးကို အသုံးပြုနိုင်တဲ့ အရှိန်နှုန်းက ကျဆင်းသွားခဲ့ပါတယ်။ဒါတောင်မှ..ပြောစရာမလိုအောင် ကြောက်ဖို့ကောင်းနေတုန်းပါပဲ..။

သို့ပေမယ့်..အရင်လို မကျော်လွှားနိုင်လောက်တဲ့ အရာတော့ မဟုတ်တော့ပေ..။

အနက်ရောင် စစ်သည် တုန့်ဆိုင်းနေတုန်းမှာပဲ..ကျောက်တုံးသူတော်စင်က..မြေကြီးမှာစိူက်နေတဲ့ အနက်ရောင် ဓားကြီးပေါ်ကို တက်ကာ..ကြမ်းပြင်နဲ့ သူမရဲ့ ခြေထောက်ချပ်ဝတ် ကြားထဲမှာ ညှပ်ထားလိုက်ပါတယ်..။သူမရဲ့ ခန္တာကိုယ် အလေးချိန်တစ်ခုလုံးနဲ့ ဖိထားရင်း..သူမရဲ့ ဓားကိုဘေးဘက်ဆီ ပစ်ထုတ်လိုက်တယ်..။ပြီးတာနဲ့ ဒိုင်းကာကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး ခေါင်းပေါ်ထိ ရောက်အောင် မြှောက်လိုက်ပါတယ်..။

အဲ့အချိန်ခနလေးမှာ အချိန်တွေက နှေး သွားသလိုပါပဲ..။

ယင်းနောက် အရိပ်ဟာ..ဒိုင်းကာ ကြီးနဲ့ ကြီးမြတ်တဲ့ ဓားရဲ့ အားနည်းချက် နေရာကို အပေါ်ကနေ ပြင်းထန်စွာ ရိုက်ချလိုက်ပါတယ်..။

ကျောက်တုံးဒိုင်းကာရဲ့ အစွန်းဟာ အနက်ရောင် စတီးဓားကြီးကို ထိမှန်သွားခဲ့တယ်..။

ယင်းနောက် နားစည်ကွဲလောက်တဲ့ အသံကြီး ထွက်ပေါ်လာပြီး ကြီးမြတ်တဲ့ ဓားကြီးက ကွဲကြေသွားခဲ့ပါပြီ..။

All Chapters