အရိပ် နှင့် အမှောင်ထု
Vol. 19 Ch. 272
အရိပ်ရဲ့ အားဖြည့်မူ နဲ့ ဆန်နီစုဆောင်းထားတဲ့ အရိပ်အပိုင်းအစ ၉၀၀ ကျော် တို့ကြောင့် သူတော်စင်က အခုချိန်မှာ မယုံနိုင်လောက်အောင် သန်မာနေခဲ့ပါတယ်..။ထည်ဝါတဲ့ ကျောက်တုံးခန္တာကိုယ်က မယုံနိုင်လောက်တဲ့ ခွန်အားတွေကို တိုမြှင့်ပေးခြင်း ခံထားရတယ်..။
အရိပ်ဟာ ဒိုင်းကာ ကို သူမရဲ့ လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားရင်း..အနက်ရောင် ဓားကြီးရဲ့ အားနည်းချက်နေရာကို ပြင်းထန်စွာ ရိုက်ချလိုက်တယ်.။သူမရဲ့ ချပ်ဝတ် နဲ့ မာဗယ်ကြမ်းပြင် ကြားထဲမှာ ညှပ်နေတဲ့ ဓားကြီးဟာ နားစည်ကွဲလောက်တဲ့ အသံနဲ့ အတူပဲ ကွဲကြေသွားခဲ့ပါတယ်..။
အနက်ရောင် စစ်သည်အပေါ်မှာ ရှိနေဆဲ ဖြစ်တဲ့ ဆန်နနီဟာ ဝမ်းသာအားရ ပြုံးလိုက်တယ်..။
ယင်းနောက် သူက နတ်ဆိုးရဲ့ ခေါင်းစွပ်ကို လွှတ်ကာ အောက်ကို ခုန်ဆင်းလိုက်ပြီး..မီတာအနည်းငယ် အကွာကို ဆုတ်ခွာသွားခဲ့ပါတယ်..။
နစ်ဖီလည်း ချက်ချင်း ဆုတ်သွားခဲ့တယ်..။
သေခါနီး ဖြစ်နေတဲ့ ရန်သူထက် ပိုပြီး ကြောက်ဖို့ကောင်းတဲ့ အရာက မရှိဘူးဆိုတာကို သူတို့နှစ်ယောက်လုံး သိထားကြပြီသားပါ..။ဘာမှ ဆုံးရှုံးစရာ မရှိတော့တဲ့ လူသားတွေဆိုရငိ..ကိုယ့်ကိုကို တန်ဖိုးထားမူ တွေကို စွန့်လွှတ်ကာ သူတို့ရဲ့ ရန်သူကိုပါ တမလွန်ကို အပါခေါ်သွားတတ်ကြပါတယ်..။
အိပ်််မက်ဆိုးသားရဲ တွေလည်း ဒီအတိုင်းပါပဲ..။ပ်ိုပြီး ဆိုးဝါးဖို့ပဲ ရှိပါလိမ့်မယ်..။
နတ်ဆိုးရဲ့ အားနည်းချက်က သူ့ရဲ့ ဓားဆိုတာကို ဆန်နီ သိပေမယ့်လည်း..ဓားကျိုးသွားတဲ့ အချိန်မှာ ဘာဆက်ဖြစ်မလဲ ဆ်ိုတာကိုတော့ သူ မသိထားပေ..။အနက်ရောင် စစ်သည်က စတီးပုံကြီး အဖြစ်ပြောင်းလဲသွားဖို့ကိုပဲ မျှော်လင့်ရမှာပါ..။
မဟုတ်ရင်တော့..သေချာသိရတဲ့ အချိန်အထိ အဝေးမှာ နေတာ အကောင်းဆုံးပါပဲ..။
အနက်ရောင်ဓားကြီး အပိုင်းပိုင်းအစစ ဖြစ်သွားပြီး ကျောက်တုံးသူတော်စင်က မြေကြီးပေါ် ဒူးတစ်ဖက်ကျဆင်းသွားတဲ့ အချိန်မှာတော့ နတ်ဆိုးရဲ့ ခန္တာကိုယ်က တုန်လှုပ်သွားခဲ့တယ်..။ဘုရားကျောင်းရဲ့ ထောင့်ထဲမှာ ပုန်းအောင်းနေတဲ့ အမှောင်ထု တွေက ရုတ်တရက် ဆူပွက်လာကာ ရှေ့ကို တိုးလာခဲ့ကြတယ်..။
သို့ပေမယ့် သူတို့တွေက အနက်ရောင်စစ်သည်အနားကို မရောက်နိုင်ခဲ့ကြပါဘူး..။ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အဖြူရောင် အကာအကွယ်ကနေ ထွက်ပေါ်နေတဲ့ အလင်းတန်းတွေက သူတို့ကို အမြစ်ဖြတ်ရှင်းလင်းသွားခဲ့ပါတယ်..။
နတ်ဆိုးက အေးခဲနေခဲ့ပြီး ၊ သူ့ရဲ့လက်တွေက ခွန်အားမဲ့စွာ တွဲကျနေကာ..၊ သူ့ရဲ့ ခါးက ကိုင်းနေခဲ့ပါတယ်..။သူ့ရဲ့ အနက်ရောင် စတီး အကာအကွယ်တွေက ဆွေးမြည့်လာနေခဲ့တယ်..။ဒါက အညိုရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး တောက်ပမူတွေ မရှိတော့ပါဘူး..။အရင်က မထိုးဖောက်နိုင်လောက်တဲ့ သူ့ရဲ့ မျက်နှာပြင်က..ဆွေးမြေ့ပြီး ကြွပ်ဆတ်နေခဲ့ပါပြီ..။
ယင်းနောက် သူက ခေါင်းကို ဖြည်းညှင်းစွာ မော့လာခဲ့ပြီး ဘေးဘက်ကို ကြည့်လိုက်တယ်..။ဒါက ပျက်ဆီးနေတဲ့ ဘုရားကျောင်းထဲက အမှောင်ထုထဲမှာ နှစိထောင်ပေါင်းများစွာကြာအောင် ရှိနေတဲ့ အမည်မသိ နတ်သမီး ရုပ်ထုကြီးရဲ့ မျက်နှာကိုကြည့်နေသလိုပါပဲ..။
နတ်ဆိုးက နတ်သမီးရုပ်ထုကို ကြည့်နေတုန်းမှာပဲ သူ့အမျက်လုံးထဲက ကြက်သွေးရောင် အလင်းတန်းတွေက ဖြည်းဖြင်းချင်း အားနည်းကာ မှိန်လာခဲ့တယ်..။
...ယင်းနောက် ရုတ်တရက် ဒေါသ မီးတောက်တွေ တောက်လောင်လာခဲ့ပါတယ်..။
ဆွေးမြည့်နေတဲ့ အကာအကွယ်တွေက ကွဲထွက်လာပြီး အတွင်းထဲမှာ ပုန်းအောင်းနေတဲ့ အမှောင်ထုကိုသာ မြင်နေခဲ့ရပါတယ်..။အမှောင်ထုက သူ့ရဲ့ လက်တွေကို ဆန့်တန်းလိုက်ပြီး ဒူးထောက်နေတဲ့ သူတော်စင် အပေါ်ကို ရောက်လာခဲ့တယ်..။
ဒါက သူ့ရဲ့ အစစ်အမှန်ပုံစံကို ဖော်ထုတ်ပြသလိုက်သလိုပါပဲ..။
အမှောင်ထု နဲ့ ဆွေးမြည့်နေတဲ့ စတီးတွေ ပေါင်းစပ်ထားတဲ့ နတ်ဆိုးဟာ..သူတော်စင်ရဲ့ အပေါ်မှာ သေဆုံးခြင်း နိမိတ်တွေကို ဖော်ဆောင်လျက်ရှိမေခဲ့ပါတယ်..။သူ့ရဲ့ နက်ရှိုင်းတဲ့ အပိုင်းမှာတော့ ကြက်သွေးရောင် မီးတောက် နှစ်ခုက ဒေါသတကြီးတောက်လောင်နေခဲ့တယ်..။နောက်ထပ် မီးတောက်တစ်ခု က ဒီနှစိခုရဲ့ အောက်မှာပေါ်ထွက်လာခဲ့ပြီး ငရဲမီးနဲ့ပြုလုပ်ထားတဲ့ ပါးစပ်တစ်ခုလိုရှိနေခဲ့ပါတယ်..။
ယင်းနောက် ..ရှေးဟောင်းဘုရားကျောင်းထဲမှာ ကြောက်မက်ဖွယ်အော်ဟစ်သံကြီးထွက်ပေါ်လာခဲ့ပါတယ်..။
ဆန်နီ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ့ရဲ့ စိတ်ဝိဥာဥ် ထဲမှာ ကြောက်စိတ်မြင့်တက်လာတာကို ခံစားနေမိခဲ့တယ်..။သူ့မျက်လုံးတွေက နက်ဖီကို ကြည့်လိုက်တဲ့ အချိန်မှာတော့ ကျောက်တုံးသူတော်စင်ရဲ့ နောက်ဘက်မီတာ အနည်းငယ် အကွာမှာရပ်နေတာကို တွေ့လိုက်ရပါတယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်ကတော့ တွေဝေပြီး မသေချာတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်..။
သူမက သူ့အကြည့်ကို သတိထားမိသွားခဲ့ပြီး..ခနလောက်တွေဝေနေပြီးကာမှ ခေါင်းညိမ့်ပြလိုက်ပါတယ်..။သူမက ဆန်နီပြောချင်တာကို စကားလုံးတွေမလိုပဲ သိနေခံ့တယ်..။ယင်းနောက် နစ်ဖီဟာ..နတ်ဆိုးကို မြင်ကွင်းကနေ မလွတ်စေပဲ နောက်ကို ဆုတ်လိုက်တယ်..။
နောက်ထပ်ဖြစ်ပေါ်လာမယ့် အရာတွေက လူသားတစ်ယောက် ရှင်သန်နိုင်မယ့်အရာမျိုး မဟုတ်ပါဘူး..။အနည်းဆုံးတော့ အိပ်စက်သူတစ်ယောက်ပါ..။
ကြောက်မက်ဖွယ်ရာ ဒေါသနဲ့အတူပဲ အမှောင်သားရဲဟာ အရိပ်ပေါ်ကို ဆင်းသက်လာခဲ့တယ်..။သူ့ရဲ့ လက်တွေက လေထဲကို ထိုးဖောက်ပြီး မွန်းစတားရဲ့လည်ပင်းကို ရစ်ပတ်ကာ..သူမရဲ့ ကျောက်တုံးခန္တာကိုယ်ကို အလေးချိန်မရှိသလို လေထဲကို ဆွဲပြီး မတင်လိုက်ပါတယ်..။
နတ်ဆိုးက..သူတောင်စင်ကို မာဗယ်ကြမ်းပြင်းရဲ့ ပထက်မှာ မြှောက်ရင်း လည်ပင်းကို ညှစ်ထားခဲ့တယ်..။အရိပ်ရဲ့ အကာအကွယ်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ကျောက်တုံးတစ်ချို့ အောက်ကို ပြုတ်ကျသွားခဲ့ပါတယ်..။
..ဒီတစ်လျောက်လုံးမှာတော့ သူတော်စင်ရဲ့ ခံစားချက်မဲ့နေတဲ့ လူသားပုံစံ မျက်နှာက ပြောင်းလဲသွားခြင်း မရှိခဲ့ပေ..။
သို့ပေမယ့် သူမရဲ့ ပတ္တမြားရောင် မျက်လုံးတွေထဲမှာတော့ ခါတိုင်းထက် ပိုသန်မာတဲ့ အရိပ်အယောင်တွေ ပေါ်ထွက်လာခဲ့တယ်..။
အထင်သေးမူ..
သူမက ဒိုင်းကာကို လွှတ်ချလိုက်ပြီး လက်တွေကို မြှောက်ကာ..ဆွေးမြေ့နေတဲ့ အကာအကွယ်ရဲ့အောက်က လက်ကို အလွယ်တကူပဲ..တစ်စစီ ဖျက်ဆီးပစ်လိုက်ပါတယ်..။
အမှောင်ထုထဲမှာ နောက်ထပ် အော်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူတော်စင်ကတော့ အောက်ကို ပြုတ်ကျသွားခဲ့တယ်..။အောက်ကို ရောက်သွားတာနဲ့ သူမဆီကို နောက်တစ်ကြိမ် ထပ်ပြီးရောက်လာတဲ့ လက်သည်းတွေကို ထပ်မံပြီး ရှောင်ရှားလိုက်ရပါတယ်..။ယင်းနောက် သူမက ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်တယ်..။
ကျောက်တုံးသူတော်စင်က အခုဆိုရင် ခါးကိုင်းနေတဲ့နတ်ဆိုးရဲ့ အောက်ဘက်နားကို ရောက်နေခဲ့ပါပြီ..။
သူမရဲ့ ပတ္တမြားရောင် မျက်လုံးတွေက ရက်စက်မူ နဲ့ အရောင်လက်လာခဲ့ပြီး..ရှေ့ကို ကိုင်းကာ..နတ်ဆိုးရဲ့ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်ပါတယ်..။သူမရဲ့ လက်သီးက ဆွေးမြေ့နေတဲ့ အနက်ရောင် ရင်အုတ်ချပ်ဝတ် ထဲကို ထိုးဖောက်သွားပြီး သက်ရှိအမှောင်ထု ထဲကို နစ်ဝင်သွားခဲ့တယ်..။အဲတာကတော့ လူသားတစ်ယောက်ရဲ့ နှလုံးသားရှိနေတဲ့ နေရာပါ..။
..ဒါမှမဟုတ် ဝိဥာဥ် အမြုတေပါ..။
ခနအကြာမှာတော့..အနက်ရောက် သတ္တဝါကြီးရဲ့အတွင်းထဲမှာ ကြက်သွေးရောင် မီးတောက်တွေ လောင်ကျွမ်းလာခဲ့ပြီး မျက်စိကျိန်းလောက်တဲ့ အနီရောင် အလင်းတန်းတွေ ထွက်ပေါ်လာခဲ့တယ်..။
ပြီးတော့ ပျောက်ကွယ်သွားခဲ့ပါတယ်..။
နတ်ဆိုး အနက်ရောင် အဆီအနှစ်တွေက မြူခိုးလို ပျောက်ကွယ်သွားပြီး ..အကြွင်းအကျန်တွေကတော့ ပြောင်းလဲနေတဲ့ကြယ်ပွင့်ရဲ့ အလင်းရောင်ရဲ့ ရှင်းလင်းခြင်းကို ခံလိုက်ရတယ်..။အကာအကွယ် အပိုင်းအစတွေကတော့ ကြမ်းပြင်ပေါ်ကို စတီးပုံကြီးတစ်ခုလို ကျဆင်းသွားခဲ့တယ်..။
ဘုရားကျောင်းရဲ့ ကြောက်စရာ နတ်ဆိုး ၊အနက်ရောင် စစ်သည်ကတော့ သေဆုံးသွားခဲ့ပါပြီ..။
ဆန်နီဟာ ခေါင်းကို မော့ထားခဲ့ပြီး..ပျော်ရွှင်မူ ၊ အငြိုးကြီးမူ တွေနဲ့အတူ ရယ်မောလိုက်တယ်..။
'သေစမ်း ၊ သေစမ်း..ခွေးသားလေး..။သေလိုက်..ပြီးရင် ငရဲမှာ ထာဝရ သွားနေလိုက်တော့.."
အိုး..လက်စားချေရတာက တကယ် အရသာရှိတာပဲ ။
ခနအကြာမှာတော့ အခိုက်အတန့်ရဲ့အသံက သူ့နားထဲကို ဝင်လာခဲ့တယ်..။
[ သင်က ကျရှုံးမူအဆင့် နတ်ဆိုး ၊ စွန့်ပစ်ခံ စစ်သည်ကို သတ်လိုက်ပါပြီ ]
[ သင့်အရိပ်က ပိုသန်မာလာခဲ့သည် ]
ဆန်နီ ပြုံးလိုက်တယ်..။
'တစ်ခုခု ထပ်ထည့်ချင်သေးလား။မှတ်သားမူ တစ်ခု ဒါမှမဟုတ် ထပ်တူညီမူ တစ်ခုခုပေါ့..'
သို့ပေမယ့် ခနအကြာမှာတော့ သူ အခိုက်အတန့်အကြောင်းကို မေ့သွားခဲ့တယ်..။သူ့ရဲ့ ကျောရိုးတစ်လျောက်လုံး ကြက်သီး ထသွားခဲ့ပါတယ်..။
ဘာလို့လဲဆ်ိုတော့ သူ့ရဲ့ ရှေ့မှာရှိတဲ့ ကျောက်တုံးသူတော်စင်က အရမ်းကို ထူးခြားတဲ့အရာတစ်ခု ဖြစ်နေလို့ပါ..။
သူမရဲ့ လက်တစ်ဖက်က မြှောက်ထားပြီး..နတ်ဆိုးရဲ့ ရင်ဘတ်ကို ထိုးဖောက်လိုက်တဲ့ ပုံစံအတိုင်းပဲ ရှိနေခဲ့ပါတယ်..။
သူမရဲ့ လက်ထဲမှာတော့..
' သောက်ကျိုးနဲ ..အဲတာက ဘာကြီးလဲ...'